YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Midnight Mass.2021.zip

3.87 GB N/A application/zip 219 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
True and False Jigong
9

“မိစ္ဆာတွေကို နှိမ်နင်း / အားနည်းသူတွေကိုကူညီပေးပြီး ပြည်သူတွေရဲ့ အချစ်ကို ရရှိနေသူ ၊ မသေမျိုးကျင့်စဥ်ရရှိဖို့ ကျင့်ကြံနေသူ ၊ တောင်ပေါ်မှာပဲ သီတင်းသုံးနေထိုင်တတ်သူ ဘုန်းတော်ကြီး - ကျိကုန်း” “ရုပ်ဆိုးလွန်း၍ အားလုံးက မိစ္ဆာတစ်ကောင်လိုသတ်မှတ်ခြင်းခံနေရသူ ၊ ဆိုးဝါးလွန်းတဲ့ မျက်နှာကြောင့် အားလုံးရဲ့ အပယ်ခံဖြစ်ပြီး အ ထီးကျန်နေရသူ ၊ ပြည်သူတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ကြိုးစားနေသူ - ဟွမ်ယွမ်” လွန်ခဲ့တဲ့ အနှစ် ၂၀ က ဘုန်းတော်ကြီး ကျိကုန်းဟာ မြွေမိစ္ဆာမောင်နှမကိုနှိမ်နှင်းရင်း အစ်ကိုဖြစ်သူကို သတ်ပစ်ခဲ့မိပါတယ် ။ ကျန်တဲ့ မိစ္ဆာညီမလေးကိုတော့ အမှားတွေပြန်လည်ပြင်ဆင်ပေးဖို့ လွှတ်လိုက်ပေမဲ့ တကယ်တမ်းမှာတော့ အဲဒီမိစ္ဆာမဟာ အစ်ကိုဖြစ်သူအတွက် လက်စားပြန်ချေဖို့ ကြိူးပန်းနေခဲ့ပါတယ် ။ ဒီလိုနဲ့ နှစ် ၂၀ ကုန်ဆုံးလာခဲ့ပြီး ပိုင်ရွှိန်မြို့တော်မှာထူးဆန်းတဲ့ ကိစ္စတွေဖြစ်ပေါ်လာခဲ့ပါတော့တယ် ။ ဒါတွေကို ဖြေရှင်းဖို့ အတွက် ဘုန်းတော်ကြီး ကျိကုန်းဟာ ပိုင်ရွှိန်မြို့တော်ကိုရောက်လာခဲ့ပေမဲ့ ၎င်းမြို့တော်မှာ သူနဲ့ ချွတ်စွပ်တူတဲ့ နောက်တဲ့ ကျိကုန်းတစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ် ။ ❏ ဘုန်းတော်ကြီး ကျိကုန်းတစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ ? ❏ ကျိကုန်းတစ်ယောက် အညှိုးအတေးတွေ အာဃာတတွေကြားမှာ ပိတ်မိနေတဲ့ ပြည်သူတွေကိုဘယ်လို ကယ်တင်သွားမလဲဆိုတာ ? ကြည့်ရှုရလိုက်ရအောင်ပါနော် ။ ဒီဇာတ်ကားလေးကိုကြည့်ရှုပြီး လူတစ်ယောက်ကို အပေါ်ယံ ကြည့်ယုံနဲ့ မဆုံးဖြတ်သင့်တဲ့အကြောင်း နားလည်သဘောပေါက်သွားစေမှာ အသေချာပါပဲရှင် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Comedy Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
9 2023 80 mins
True and False Jigong
Love Affair
5.8

Seong-min ဟာ ကုမ္ပဏီကနေ အနားယူပြီး ဇနီးနဲ့အတူ စာအုပ်ဆိုင် ဖွင့်ထားတဲ့ အိမ်ထောင်ရှင် ဖခင်တစ်ဦးပါ သူ့ဆိုင်ကို အရမ်းလှတဲ့ ဘဲလေးအကဆရာမဖြစ်တဲ့ Ga-hee ရောက်လာပြီးတဲ့နောက် Seong-minက နေ့တိုင်း အကဆရာမလေးအကြောင်းပဲ တွေးမိနေတော့တယ် Ga-hee က သူ့အမေဆေးရုံစရိတ်တွေကြောင့်သာ လက်ရှိခင်ပွန်းနဲ့ ပေါင်းသင်းနေရတာဖြစ်ပြီး ယောက်ျားဖြစ်သူနဲ့ ဆက်ဆံရေးက အေးစက်ပြီး Seong-min နဲ့ ဆက်ဆံရေးကတော့ တစ်နေ့တခြား ပိုပိုနီးစပ်လာပါတယ် ဒီလိုနဲ့ နှစ်ယောက်လုံး အရူးအမူး ချစ်မိသွားကြပြီး ဆင်ခြင်တုံတရားမဲ့သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့.. ဇာတ်လမ်းလည်းကောင်းသလို မိသားစုနဲ့အတူမကြည့်သင့်တဲ့အခန်းများပါဝင်လို့ ကသတိချပ်စေချင်ပါတယ်.. File Size : (1GB) and (437MB) Quality :WEB-DL1080P, 720p Format…mp4 Duration…01:32:00 Genre : Adult, Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  DS Encoded by SD

Drama • Horror
5.8 2014 91 mins
Love Affair
The Ghoul Mansion

သခင်မကြီးထောင်းရမ်ဖိုင် အဖြစ် Noi Nuttanee ကွိုင့် အဖြစ် Gwang Wanpiya ဂို အဖြစ် Kong Huayrai ကစ်ပ် အဖြစ် Fond Natticha ဇာတ်လမ်းအကျဉ်း ကွိုင့်က မိသားစုစားဝတ်နေရေးအတွက် သင်္ဘောသီးထောင်းရောင်းပြီး ရှာစားနေရသူတစ်ယောက်ဖြစ်ပါတယ် ကောင်းမွန်တဲ့နေရာလေးတစ်ခုက အိမ်သစ်မှာသွားနေချင်တာ ကွိုင့်အိပ်မက်ဖြစ်ပေမဲ့ အသုံးမကျတဲ့လင်ဖြစ်သူ ဂိုရဲ့လောင်းကစားစွဲနေမှုကြောင့် ကွိုင့်ရဲ့ကြိုးစားမှုတွေက အရာမထင်ဖြစ်ခဲ့ရတယ် တစ်ရက် ကွိုင့်ဆီ အဝေးတစ်နေရာက သူဌေးဆွေမျိုးဖြစ်သူ သခင်မကြီးထောင်းရမ်ဖိုင်နေမကောင်းဖြစ်နေခဲ့လို့ အမွေပေးချင်တဲ့စာတစ်စောင်နဲ့လာဖို့ရထားလက်မှတ်တွေရောက်လာခဲ့တယ် ကွိုင့်တစ်ယောက် တွေဝေနေဆဲမှာ လင်ဖြစ်သူဂိုရဲ့အကြွေးရှင်တွေလိုက်လာတာမို့ ရွေးချယ်စရာမရှိတဲ့သူတို့မိသားစုဟာ သခင်မကြီးထောင်းရမ်ဖိုင်ရဲ့စံအိမ်ဆီရောက်လာရပါတော့တယ် အမျိုးဖြစ်တဲ့ သခင်မကြီးထောင်းရမ်ဖိုင်ကို ကွိုင့်ကဘာလို့မသိနေရတာလဲ ဘာလို့ကွိုင့်ကိုမှ အမွေပေးချင်ရတာလဲ ထိတ်လန့်ဆန်းကြယ်နေတဲ့ဒီစံအိမ်ကြီးရဲ့လျှို့ဝှက်ချက်က ဘာလဲဆိုတာ ဒီဇာတ်ကားမှာ စိတ်ဝင်စားဖွယ်ဟာသနှောပြီးကြည့်ရှုရမှာဖြစ်ပါတယ် ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(1GB) Quality__720p IMDb Rating__6.0/10 Format__mp4 Duration__01:42:00 Type__Comedy, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt

Drama • Romance
0 2023 102 mins
The Ghoul Mansion
H.P. Lovecraft's Witch House
5.1

H.P. Lovecraft ဟာ အထူးခြားဆုံးဟော်ရာဇာတ်လမ်းတွေ ထူးဆန်းထွေလာတွေကို ကြိုက်တဲ့သူတွေထဲ မသိသူမရှိတဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ H.P. Lovecraft ရဲ့ The Dreams in the Witch House ဆိုတဲ့ ဝတ္ထုတိုလေးကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပေါ့။ ရိတ်တင်တော့ မများလှပေမဲ့ ဟော်ရာဖန်တွေ လျှို့ဝှက်ဆန်းကြယ်ဖန်တွေတော့ သဘောကျကြမှာပါ။ ဇာတ်လမ်းက တစ္ဆေ သရဲဇာတ်လမ်းလို့လည်း ဆိုလို့ရသလိုလိုရှိပေမဲ့ အဲဒီထက်အများကြီးဆန်းကြယ်ပါတယ်။ ပြောရရင် ကျွန်တော်တို့ဆီက အင်းတွေ ဘာတွေလိုပဲ ဂျီဩမေတြီပညာရပ်မှာ စွမ်းအားရှိတယ်လို့ ယုံကြည်ထားတဲ့ အယူအဆကို မီးမောင်းထိုးပြထားတာပါ။ ဂျီဩမေတြီပညာရပ်ကနေ မယုံနိုင်စရာကောင်းတဲ့ သဘာဝလွန်အရာတွေကို ယူဆောင်လာပေးနိုင်တယ်လို့ ဘွဲ့လွန်စာတမ်းပြုစုနေတဲ့ ကျောင်းသူစတစ်ယောက်ဟာ ထူးဆန်းတဲ့အိမ်ကြီးတစ်အိမ်ကို ပြောင်းနေရာက အိမ်ကြီးရဲ့ ဂျီဩမေတြီနည်းကျ ဗိသုကာမှာ စွမ်းအားတွေကိန်းအောင်းနေတဲ့အကြောင်းကို လေ့လာပြီး စာတမ်းပြုစုတဲ့အကြောင်း ရုပ်ရှင်ပေါ့။ ဇာတ်ဟာအလှည့်အပြောင်းတွေများသလို ကိုယ့်မျက်လုံးကိုယ်ခွာထုတ်တဲ့ ဇာတ်ဝင်ခန်းတွေရော Jump scare ဆန်ဆန်တွေရော အကုန်ရောသမမွှေထားပြီး ညဘက်မှာ မီးမှိတ်ပြီး တသိမ့်သိမ့်နဲ့ ကြောက်ဖို့ ကြည့်ရမယ့် ရုပ်ရှင်ကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.22GB, 532MB Quality - 1080p, 720p IMDb Rating - 4.1/10 Format - mp4 Duration - 1H 22Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Comedy
5.1 2022 82 mins
H.P. Lovecraft's Witch House
Unspoken Stories: The Legend of Herring
3

ဒီတစ်ခေါက်မှာတော့ VFX ကောင်းကောင်းနဲ့ မိန်းကလေးချောချောလေးတွေပါတဲ့ တရုတ်မှော်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် အရမ်းဆိုးသွမ်းလွန်းတဲ့ နဂါးနီကို ဖမ်းဖို့ ပု၀ူဂိုဏ်းရဲ့ဂိုဏ်းချုပ်ဆရာကြီးဟာ ကိုယ့်ကိုကိုယ် စတေးပြီး နှစ်တစ်ရာလောက် နဂါးနီကို လှောင်ထားခဲ့ပါတယ်။ နှစ်တစ်ရာလုံး အဲ့ဒီနေရာကို ဘယ်သူမှ ရှာလို့မတွေ့ပေမယ့် နှစ်တစ်ရာပြည့်တဲ့အချိန်မှာတော့ မိစ္ဆာအဖြစ်ကနေ နဂါးဖြစ်ချင်တဲ့ မချောလေးရယ် ပု၀ူဂိုဏ်းက မိစ္ဆာနှိမ်နင်းတဲ့ဆရာရယ် ပေါင်းပြီး နဂါးနီရှိတဲ့နေရာကို ရှာဖို့ အကြောင်းဖန်လာပါတော့တယ်... သူတို့နှစ်ဦး နဂါးနီဖမ်းထားတဲ့နေရာကိုရှာတွေ့မလား ဘယ်လိုအကြောင်းအရာတွေပေါ်ထွက်လာဦးမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာစီးမျောခံစားလိုက်ပါဦး Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Comedy • Horror
3 2022 77 mins
Unspoken Stories: The Legend of Herring
Wolf
5.4

ဒီဇာတ်လမ်းကို စကြည့်လိုက်တာနဲ့ ဂျေကော့ဆိုတဲ့ ကောင်လေးနဲ့အတူ ခင်ဗျားတို့ကို ထူးဆန်းတဲ့အရပ်ကို ခေါ်ဆောင်သွားလိမ့်မယ်။ သာယာခမ်းနား၊ လှပတင့်တယ်နေတဲ့ နေရာတော့ မဟုတ်လေဘူး။ ခင်ဗျားတို့ ရောက်သွားမှာ စိတ္တဇဆေးရုံပဲ။ (စိတ္တဇလို့ ရာနှုန်းပြည့်မခေါ်နိုင်ပေမဲ့ ဒီလိုပဲ ခေါ်လိုက်ရအောင်ဗျာ) စိတ္တဇဆေးရုံကိုမှ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်လို့ ထင်နေကြတဲ့ စိတ်ရောဂါရှင်ရှိရာ စိတ္တဇဆေးရုံပါ။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ကြက်တူးရွေးလို့ထင်ပြီး သူ့ကိုပြောသမျှ အကုန်လိုက်ပြောတယ်။ တစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ခွေးလို့ထင်ပြီး အချိန်ပြည့် တဝုတ်ဝုတ်၊ တစ်ယောက်က သူ့ကိုယ်သူ ရှဉ့်မဟုတ်လို့ ရှဉ့်ဖြစ်ခွင့်ပေးပါဆိုပြီး ထိုင်ငိုနေတယ်၊ တစ်ယောက်က ပန်ဒါ၀က်ဝံ၊ တစ်ယောက်က မြင်းနဲ့ တိရစ္ဆာန်တွေမှ စုံလို့ဗျာ။ ဒီတော့ ဒီနေရာကို ရောက်လာသူ ဂျေကော့ကလည်း ပုံမှန်မဟုတ်တာ ရိပ်မိလောက်ကြပြီထင်ပါရဲ့။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ထင်နေသူပေါ့။ ညဘက်တွေရောက်ရင် သူဖောက်ပြီး ထအူပါပြီ။ ဒီလူတွေကို ဒီနေရာပို့ရတဲ့ အကြောင်းရင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူဆိုတာ လက်ခံပြီး သာမန်ဘ၀နဲ့ နေနိုင်အောင်ပါ။ ဒီ တိရစ္ဆာန်ပေါင်းစုံကို အဓိက ထိန်းချုပ်ကုသပေးနေသူတွေက ဒေါက်တာမန်းနဲ့ သူ့အဖွဲ့သားတွေပေါ့။ ထိန်းချုပ်ရခက်တာတွေရှိသလို အခြေအနေတိုးတက်သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဝံပုလွေဂျေကော့ကတော့ အခြေအနေ ကောင်းပုံမရ။ ထိန်းမရတဲ့နောက် အကြမ်းနည်းတွေဘက် လှည့်လာတဲ့ ဒေါက်တာတွေကတစ်ဖက်၊ ဝံပုလွေလေးကိုမှ ချစ်လှပါချည်ရဲ့ဆိုပြီး ကြား၀င်၀င်ရှုပ်တဲ့ ကြောင်မလေးနဲ့ တွေ့တဲ့အခါ အခြေအနေက ဆိုးသည်ထက်ဆိုးပါတော့တယ် .... ဒီဇာတ်လမ်းမှာ မင်းသား George Mackay က ဂျေကော့အဖြစ် သရုပ်ဆောင်ထားပြီး Johnny Depp ရဲ့ သမီး Lily Rose Depp က စီစီလီ ကြောင်မလေးအဖြစ် စိတ်၀င်စားဖွယ် ပါ၀င် သရုပ်ဆောင်ထားကြပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Yoon Sandi Aung ဖြစ်ပါတယ်။) File Size - (960 MB) Quality – WEBDL- (1080p)/(720p)/(480p) Duration - 1hr 40min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Mystery, Thriller Translator – Yoon Sandi Aung Encoder – San Win Maung

Crime • Drama • Thriller
5.4 2021 100 mins
Wolf
Maamanithan
7.3

ဒီတစ်ခေါက်တော့ IMDB မှာ 7.7 ရရှိထားပြီး တောင်ပိုင်းနာမည်ကြီးမင်သား ဗီဂျေးစည်သူပသီ ပါဝင်သရုပ်ဆောင်ထားတဲ့ Maamanithan ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ကရစ်ရှနာဆိုတာ ရွာလေးတစ်ရွာမှာ သုံးဘီးလေးမောင်းရင်း အသက်မွေးဝမ်းကြောင်းတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူးအိမ်မက်လေးကတော့ သာယာတဲ့မိသားစုဘဝလေးကို တည်ထောင်ပြီး သူကိုယ်တိုင် စိတ်ကြိုက်ဆောက်လုပ်ထားတဲ့ စိတ်ကူးယဉ်အိမ်လေးထဲမှာ နေချင်သူဖြစ်ပါတယ်။ ဒီလိုနဲ့ သဘောကျတဲ့ အမျိုသမီးနဲ့လက်ထပ်ပြီး မိသားစုဘဝလေးကို တည်ထောင်တဲ့အခါမှာ သူအနေနဲ့ အလုပ်ကိုပိုကြိုးစားဖို့ဖြစ်လာပါတော့တယ်။ သုံးဘီးမောင်းရင် တစ်ဖက်တလမ်းကနေပြီး ပွဲစားအလုပ်ကို တွဲဖက်လုပ်ကိုင်တဲ့အခါမှာတော့ သူ့ရဲ့ဘဝမှာ ထင်မှတ်မထားတဲ့ အပြောင်းလဲနဲ့ကြုံရပါတော့တယ်။ ယုံကြည်လို့ရမယ်ထင်ထားသူရဲ့ သစ္စာဖောက်မှုကြောင့် သူရဲ့သာယာတဲ့မိသာစုလေးဟာ နေ့ချင်းညချင်းပဲ လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ခံရပါတော့တယ်။ ကရစ်ရှနာတစ်ယောက် လောကဒဏ်ရဲ့ ရိုက်ချက်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? သူ့ရဲ့မိသားစုကရော ပြသနာတွေကို ဖြေရှင်းရာမှာသူ့ဘက်က ရပ်တည်ပေးမှာလား? သစ္စာဖောက်တဲ့သူကရော ဘယ်သူလဲ? အစရှိတဲ့ မေးခွန်းတွေကို အဖြေရှာရင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

Adventure • Comedy • Family • Fantasy
7.3 2022 122 mins
Maamanithan
Gomorrah
7

ဒီတစ်ခါမှာတော့ IMDb 7 နဲ့ Rotten tomatoes မှာ 91% ထိရရှိထားတဲ့ အီတလီ Crime ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားလေးဟာတော့ ဂိုဏ်းတစ်ခုနဲ့ တစ်ခုအကြား စစ်ပွဲဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် အပြိုင်အဆိုင် တိုက်ခိုက်ကြတာကို မတူညီတဲ့ ရှုထောင့်တစ်မျိုးကနေ ရိုက်ကူးထားတာဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်ပိုင်းတွေဟာ ဘယ်လိုတိုက်ခိုက်ကြတယ် သူတို့ရဲ့ ဂိုဏ်းတွေကို ဘယ်လိုထိန်းချုပ်တယ်ဆိုတာမျိုးကို ပြသတာမဟုတ်ဘဲ လက်အောက်ခံ အဖွဲ့ဝင်တွေရဲ့ ဘဝကို သီးသန့်ဖော်ပြသွားပြီး ဒုစရိုက်အဖွဲ့အစည်းကြားက စစ်ပွဲတွေမှာ ဘယ်လိုအသက်ရှင်အောင်ရုန်းကန်ကြလဲဆိုတာကို ပြသထားတာဖြစ်ပါတယ် တရားဥပဒေစိုးမိုးမှု အားနည်းနေတဲ့အချိန်မှာ ဖြစ်ပေါ်နေတဲ့ လမ်းမပေါ်က ဘဝတွေကို ရိုက်ပြထားတာဖြစ်ပြီး ဥရောပရုပ်ရှင် ဆုပေးပွဲမှာ2008 ခုနစ်ရဲ့ အကောင်းဆုံး ရုပ်ရှင်ဆု ရရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ် File size…(2.5GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:17:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Crime • Drama • Mystery
7 2008 136 mins
Gomorrah
To Have and Have Not

IMDbs 7.8/10 ; Rotten Tomatoes (94%) အဖြူအမဲခေတ်မှာ အတော်လေးပေါက်ခဲ့တဲ့မင်းသားကြီးဘိုဂတ်ရဲ့ ရိုမန့်စ် အက်ရှင်ကားကောင်းလေးပါ 1940နောက်ပိုင်း ပြင်သစ်ကျရှုံးပြီး ဗစ်ချီအစိုးရလက်အောက်ရောက်သွားချိန် နိုင်ငံရေးအရှုပ်အထွေးကာလကို ဇာတ်အိမ်တည်ထားတာပါ ပြင်သစ်ရောက် အမေရိကန်လူမျိုး ငါးဖမ်း​လှေပိုင်ရှင် ကပ္ပတိန်မော်ဂန်ဟာ တစ်နေ့မှာတော့ လူတစ်စုကနေသူ့လှေကိုငှားရမ်းပြီး အလုပ်တစ်ခုလက်ခံပေးဖို့ တောင်းဆိုဖို့ရောက်လာကြတယ် နိုင်ငံရေးအရှုပ်အထွေးထဲဝင်မပါချင်တဲ့မော်ဂန်ဟာ အစပိုင်းဟာငြင်းဆိုခဲ့ပေမဲ့ သူနဲ့ပတ်သက်တဲ့မိန်းကလေးကို အိမ်ပြန်ပို့ရဖို့ဖြစ်လာတဲ့အခါ ဒီအလုပ်ကိုလက်ခံဖို့ဖြစ်လာပါတော့တယ် အဲ့ဒီနောက်မှာတော့ မော်ဂန်ဟာအန္တရာယ်များတဲ့အလုပ်ကိုလုပ်မိတာကနေ ဘယ်လိုအရှုပ်အထွေးတွေထဲဝင်ပါမိမလဲဆိုတာ…. အဖြူအမဲခေတ်ကအရသာလေးနဲ့ ခံစားကြည့်လိုက်ကြပါအုံး Ratingတွေလဲကောင်းပြီး သရုပ်ဆောင်တွေကလဲအမိုက်စားနဲ့ မပျင်းရမဲ့ ဇာတ်ကားကောင်းလေးပါနော် File size…(2 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Film Noir, Adventure, Comedy, Romance, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shwe Eain Si

0 1944 100 mins
To Have and Have Not
4th Republic
6.5

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Nigeria နိုင်ငံရေး thriller ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာဆိုရင် Mabel King လို့ခေါ်တဲ့ အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်ဟာ အကြမ်းဖက်ခံ အခြိမ်းခြောက်ခံ အကျင့်ပျက်ချစားခံရပြီးတော့ ရွေးကောက်ပွဲကို ရှုံးသွားခဲ့ပါတယ်။ ဒီလို မတော်မတရား ရှုံးနိမ့်မှုကို လက်မခံနိုင်တဲ့ Mabel King ဟာ တရားခွင်ဝင်ပြီးတော့ ပြန်လည်တိုက်ခိုက်ပါတော့တယ်။ လာဘ်ပေး‌ လာဘ်ယူမှုတွေ သစ္စာဖောက်မှုတွေ ကို ကြံ့ကြံ့ခံပြီး တရားခွင်မှာ ကြာလာတာနဲ့ အမျှ လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတော့တယ်။ Mabel King ရဲ့တိုက်ပွဲဟာ အာဏာအတွက်တင်မကပဲ နိုင်ငံရဲ့ စစ်မှန်တဲ့ Democracy ရေးအတွက်ပါ ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးအမြင်အသစ်တွေ ပေးပြီးတော့ Nigeria ရဲ့ နိုင်ငံရေးတွေ၊ တရားမျှတမှု၊ ကျားမ ခွဲခြားမှုနှင့် ယိုယွင်းနေတဲ့ စနစ်ကြီးအကြောင်းကို တင်ဆက်ပြသပေးသွားမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Nigeria နိုင်ငံရဲ့ ခက်ခဲခဲ့တဲ့ Democracy လမ်းကြောင်းကို မီးမောင်းထိုးရိုက်ပြထားတာဖြစ်လို့ ကြည့်ရတန်စေမှာပါ ခင်ဗျာ။ File Size : 1.5 GB / 770 MB Quality : WEB_DL 1080p / 720p Running Time : 1hr 59min Format :Mp4 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Moe Zac Encode by : Thit San Khant

6.5 2019
4th Republic
Kudumbasthan
7

Kudumbasthan (2025)”အိမ်ထောင်ဦးစီး” \================================ အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မိသားစုဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဇာတ်မြင့်ကောင်လေး နာဗင်းန်နဲ့ ဇာတ်နိမ့်ကောင်မလေးဗန်နီလာကို ကောင်လေးရဲ့သူငယ်ချင်း ယစ်ထုပ်ကြီးတွေက မိဘသဘောမတူဘဲ လက်ထပ်ပေးလိုက်ရာကနေစပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါ နာဗင်းန်ရဲ့မိဘတွေအိမ်မှာနေကြပါတယ်။ ဒါပေမဲ့ နာဗင်းန်ရဲ့အမေက ယောက္ခမအများစုရဲ့ထုံးစံ ချွေးမဖြစ်တဲ့ ဗန်နီလာကို ကြည့်မရပါဘူး။ အဲဒီလို မိန်းမနဲ့ အမေကြား လိုက်ညှိပေးရင်းဗျာများနေတဲ့အပြင် အစ်မရဲ့ယောက်ျားဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့လည်း မတည့်တဲ့နာဗင်းန်ဟာ အလုပ်မှာပါပြဿနာတက်ပြီး အလုပ်ပြုတ်သွားတဲ့အချိန် ဖိအားပေါင်းစုံခံစားရပုံကို တမင်ရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

TV Movie • Drama • Romance
7 2025 153 mins
Kudumbasthan
Blue Spring Ride
6.1

Blue Spring Ride (2014) ************************ IMDb…..6.1 “ငါတို့အားလုံးအတူတူ ကြည့်ခဲ့ရတဲ့ ဒီနေထွက်ချိန်လေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” “အမှားလုပ်မိနေတာကိုက ဆယ်ကျော်သက်လူငယ်ဖြစ်နေလို့ပါပဲ” ဇာတ်လမ်းအကျဉ်း ယိုရှီအိုကာ ဖူတာဘာ အလယ်တန်းကျောင်းတက်နေစဉ်က ခို့တာနခ(ခို့မာဘူချီ) နဲ့ ကျောင်းမှာ ရင်းနှီးခဲ့ကြပါတယ်။ သာမန်ထက် ခံစားချက်ပိုလာသူ ခို့ဟာ ဖူတာဘာနဲ့ တွေ့ဖို့ ချိန်းထားခဲ့ပေမဲ့ မလာခဲ့ပါဘူး။ အဲဒီနေ့ကစပြီး ဖူတာဘာရဲ့ဘေးကနေ ခို့ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းမရှိဘဲ နေလာခဲ့တဲ့ ဖူတာဘာဟာ အထက်တန်းရောက်တဲ့အချိန်မှာ သူငယ်ချင်းရဖို့ ကြိုးစားလိုက်လျောပြီး နေခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအချိန်မှာပဲ ခို့က ဖူတာဘာတို့ကျောင်းကို ပြန်ပြောင်းလာတဲ့အတွက် ပြန်ဆုံခွင့်ရခဲ့ပါတယ်။ ၄ နှစ်ကြာပြီးမှ ပြန်တွေ့ခဲ့ရတဲ့ ခို့ကို မေးစရာအများကြီးရှိနေပေမဲ့ ခို့ရဲ့ အေးစက်တဲ့ပုံစံတွေကြောင့် ဖူတာဘာလည်း ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်။ ခို့က ဖူတာဘာကို သူငယ်ချင်းအယောင်ဆောင်များနဲ့ သူငယ်ချင်းအစစ်အကြောင်းသိအောင် လမ်းပြပေးခဲ့ပါတယ်။ အထက်တန်းပထမနှစ်တွေထဲမှ အတန်းခေါင်းဆောင်သင်တန်းတက်ရောက်ဖို့စာရင်းတောင်းချိန်မှာ သူငယ်ချင်းအရင်းတွေရဖို့ နည်းလမ်းရှာနေသူ ဖူတာဘာ က စာရင်းပေးလိုက်တဲ့အခါ… ဖူတာဘာ မျှော်လင့်သလို သူ့ရဲ့ဆယ်ကျော်သက်ကျောင်းသားဘဝမှာ သူငယ်ချင်းအရင်းအချာများရလာပြီး အမှတ်တရအချိန်တွေ ဖန်တီးနိုင်မလား… Blue Spring Ride သည် ဘဝရဲ့ ပထမဆုံးအချစ်၊ သူငယ်ချင်းအချစ်၊ မိသားစုပြဿနာများနဲ့ ဆယ်ကျော်သက် လူငယ် ကျောင်းသား၊ ကျောင်းသူများရဲ့ ခံစားချက်အပေါ် ဖြေရှင်းကြပုံများ၊ လူငယ်ဘဝတွေကို တစ်သက်တာ အဖိုးတန်အမှတ်တရအဖြစ် သိမ်းထားနိုင်ဖို့ ကြိုးစားကြပုံများနဲ့ ဖန်တီးထားသည့် လူငယ်ပညာပေးဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ “Ao Haru Ride” Manga ကို ရုပ်ရှင်အဖြစ် ဆန်းသစ်ဖန်တီးပေးထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုခံစားစီးမျောနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.83GB/ 840MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:34:00 Genre : Comedy, Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Tiff

Thriller • Drama • Crime • Action
6.1 2014 122 mins
Blue Spring Ride
Remember You
6.8

Remember You (2016) / Don’t Forget Me (2016) ********************************************** ဒီတစ်ခါမှာတော့ မင်းသားကြီး Jung Woosung နဲ့ မမလှလှ Kim Haneul တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားကို CM Team က ပြန်လည် တင်ဆက်ပေးလိုက်ရပါတယ် ။ ဇာတ်လမ်းကတော့ .. ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်တဲ့ ယွန်းဆော့ဝန်း ( Jung Woosung )နဲ့ စတင်ထားပါတယ် ။ ရဲစခန်းမှာ ကိုယ့်ကိုယ်ကိုယ် လူပျောက်လာတိုင်ရတဲ့အထိ ဖြစ်နေတဲ့ ယွန်းဆော့ဝန်းဟာ ကားမတော်တဆမှုကြောင့် ၁၀ နှစ်တာ မှတ်ဉာဏ် ပျောက်ဆုံးနေတဲ့သူတစ်ယောက်ပါ ။ သူ မသိလိုက်တဲ့ အဲဒီ ၁၀ နှစ်အတွင်းမှာပဲ သူဟာ ရှေ့နေတစ်ယောက် ဖြစ်နေခဲ့သလို ငယ်စဉ်တည်းက ကွဲကွာသွားတဲ့ မိခင်ဖြစ်သူနဲ့လည်း ပြန်ဆုံပြီးလျက်သား ဖြစ်နေခဲ့ပါတယ် ။ နေ့စဉ်ဘဝကို အဆင်ပြေပြေဖြတ်သန်းနေခဲ့ပေမဲ့ ယွန်းဆော့ဝန်းဟာ ဘာမှမသိတော့တဲ့ သူ့ဘဝကို သူ မပိုင်သလိုပါပဲ ။ ဒီလိုအချိန်မှာ အလုပ်ပြန်လုပ်နိုင်ဖို့အတွက် စိတ်ရောဂါကုဆရာဝန်ဆီကနေ ထောက်ခံစာယူဖို့ လာခဲ့တဲ့ ယွန်းဆော့ဝန်းဟာ ဂင်ဂျင်ယောင်း ( Kim Haneul ) လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ် ။ အတိတ်မေ့နေတဲ့ ယွန်းဆော့ဝန်း နဲ့ လျှို့ဝှက်ချက်တွေများလွန်းပုံရတဲ့ ဂင်ဂျင်ယောင်းတို့ ချစ်မိသွားတဲ့အခါမှာ တရိပ်ရိပ်နဲ့ ပြန်ပေါ်လာတဲ့ မှတ်ဉာဏ်တွေက သူတို့ အချစ်ရေးလမ်းခရီးမှာ ဘယ်လိုအနှောင့်အယှက်ဖြစ်လာမလဲ ။ ယွန်းဆော့ဝန်းရဲ့ ပျောက်နေတဲ့ ၁၀ နှစ်တာအတွင်းမှာ အီဘိုယောင်းလို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာတဲ့အခါ သူကရော ဘယ်လိုပတ်သက်မှုမျိုးတွေ ရှိခဲ့တာလဲဆိုတာကိုတော့ Remember You ဇာတ်ကားမှာ ယွန်းဆော့ဝန်းနဲ့အတူတူ မှတ်ဉာဏ်တွေကို အတူတူရှာဖွေလိုက်ရအောင်နော် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…1.04GB / 469MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 46 min. Genre ….. Mystery, Romance, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

Science Fiction • Action • Animation • Adventure • Comedy • Drama • Fantasy
6.8 2016 106 mins
Remember You
Floating Weeds Ukigusa
7.9

Floating Weeds (1959) IMDb Rating (7.9) / Rotten Tomatoes (96%) ဒါရိုက်တာတိုင်းမှာ သေချာတဲ့ဟန်တစ်ခု ရှိဖို့တော့ မလွယ်ပေမဲ့ ဖလင်မိတ်ကာတိုင်းမှာတော့ ဟန်တစ်ခုက သိသိသာသာကို ရှိတယ်။ အိုဇုတို့ ခေတ်နဲ့ မရှေးမနှောင်းထဲတော့ ဟန်တစ်ခုလည်းရှိသလို ဂျပန်ရုပ်ရှင်ဆန်တယ်ဆိုတဲ့ ခံစားချက်ပါ တွဲပေးနိုင်တာ အိုဇုပဲ ရှိတယ်လို့ ကျွန်တော်တော့ မြင်တယ်။ ကူရိုဆာဝါကျ အိုဇုလောက် ဂျပန်ဟန် သိပ်အားမကောင်းလှဘူး။ ဒါက ဆန်းတော့လည်း မဆန်းလှပါဘူး။ အိုဇုရုပ်ရှင်တွေဟာ ဂျပန်လူနေမှု ဂျပန်ဘဝမှာပဲ အခြေခံပြီး ဂျပန်ရိုးရာယဉ်ကျေးမှုနဲ့ ဂျပန်အတွေးအခေါ်အပြည့်နဲ့ ရုပ်ရှင်တွေကိုပဲကိုး။ ကင်မရာအယူအဆကအစ တတမိဗျူးနဲ့ရိုက်တဲ့ အထိ သူ့ယဉ်ကျေးမှုကို သူ့ရုပ်ရှင်ထဲ သွတ်သွင်းနိုင်စွမ်းက အားကောင်းခဲ့တယ်။ တင်ဆက်ပုံပိုင်းမှာလည်း အိုဇုက ထူးတာတစ်ခုတော့ရှိတယ်။ တစ်ခါတလေကျ သူက ဇာတ်ရဲ့အရေးအပါဆုံးလို့ ထင်ရတဲ့ ဇာတ်ဝင်ခန်းတစ်ခုကို မပြတော့ဘူး။ အဲဒီနောက်မှာပဲ အရှေ့က မပြထားတဲ့အခန်းကို စကားနည်းနည်းနဲ့ သရုပ်ပြန်ဖော်တတ်တယ်။ အိုဇုလွှမ်းမိုးမှုအားကောင်းခဲ့တဲ့ Koreedaရဲ့ Still Walkingတို့ ဘာတို့မှာလည်း ဒီဟန်ကို သုံးထားခဲ့ပါသေးတယ်။ ဒီဟန်ကို ကျွန်တော်က စစက ဟဲမင်းဝေးရဲ့ စာရေးဟန်လိုမျိုး ထင်ခဲ့ပေမဲ့ ဒီနောက်မှသိလိုက်ရတာက တကယ်တမ်း ဒါကိုကလည်း ဂျပန်ယဉ်ကျေးမှုထဲ ရှိနေတဲ့အရာပါပဲ။ ဂျပန်လိုဆို (မ)လို့ခေါ်တယ်။ ဗမာဆိုလို ကွက်လပ်ပေါ့။ ဗလာတစ်နေရာပေါ့။ ဒေါက်တာသန်းထွန်း ဘာသာပြန်ထားတဲ့ ဂျပန်မှုတစ်ရာထဲ မနဲ့ပတ်သက်ပြီး ဒီလိုရေးထားတယ်။ မ (MA) – နေရာကွက်လပ် , စပ်ကြား , ခေတ္တရပ်ဆိုင်းခြင်း ဂျပန်တွေဟာ မိတ်ဆွေတွေနဲ့ ဆူဆူညံညံ စကားပြောရင်း တွေ့ဆုံသလို ဆိတ်ဆိတ်ငြိမ်ငြိမ်ထိုင်ရင်းလည်း တွေ့ဆုံလေ့ရှိတယ်။ စကားမပြောဘဲနဲ့ ငုတ်တုတ်ထိုင်နေရင် ပိုပြီးပြည့်စုံအောင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်လို့လည်း ယုံကြည်တယ်။ ဒီလိုတွေ့ဆုံပြီး စကားမပြောဘဲ နေတဲ့သဘောကတော့ ဘေးလူကြားမှာ စိုးရတဲ့ လျှို့ဝှက်ကိစ္စကို အစပျိုးပြီး ကျန်တာ ဆက်စဉ်းစားပေတော့ဆိုတဲ့ သဘော။ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းဆိုတဲ့ သိပ်စိတ်လှုပ်ရှားစရာကိစ္စကို ဆက်ပြောရင် ပေါက်ကွဲသွားမှာစိုးလို့ဆိုတဲ့ သဘောတွေ ပါတယ်။ ဂျပန်လူမှုဆက်ဆံရေး ဒဿနိကမှာ ဒီလိုပြုမူပုံမျိုးကို “လှိုင်းမထစေနဲ့”လို့ တင်စားပြီး ပြောလေ့ရှိပါတယ်။ ဘာမှဝန်မခံဘဲ အဖြေကို သူ့ဘက်ကိုယ့်ဘက်မျှပြီး စဉ်းစားယူပါတော့လို့ ဆိုရာလည်းရောက်တယ်။ အပြတ်ငြင်းရတယ်ဆိုတာ သိပ်မဟန်ဘူး။ ရုပ်မပျက်ဘူး။ ကျွန်တော် တစ်ခါက ကြုံဖူးတာက အတိအကျ ရှင်းရှင်းငြင်းမိပြီးမှ တစ်ဖက်က ဆိုလိုတာကို သဘောမပေါက်ဘဲ ခါးခါးသီးသီး ငြင်းမိတာပဲ အဖတ်တင်ပြီး ခိုးလုခိုးလု ဖြစ်ကျန်ရစ်တယ်။ တိုကျိုမှာ ကျွန်တော် စာသင်တုန်းက နှစ်နှစ်ကြာတော့ ကျွန်တော် အလုပ်ထွက်ချင်တယ်။ ဘယ်လိုပြောလို့မှ သဘောမပေါက်တဲ့အပြင် လခဆက်ပေးနေတာနဲ့ လေးနှစ်ဖြစ်သွားတယ်။ ဘာမှမပြောဘဲ အတန်းလည်းမယူ, စာလည်း မစစ်ပေးတော့မှ တက္ကသိုလ်အာဏာပိုင်တွေက ထွက်စာ ပို့ပါတယ်။ အဲဒါက အထက်က ပြောပြီးတာတွေအတွက် ဥဒါဟရုဏ်ပါပဲ။ သူတို့ဘာသာစကားကို လေ့လာလေ, သူတို့နဲ့ အတူနေတာကြာလေ, သူတို့ဓလေ့ကို ကြုံတွေ့ပါများလေ , သူတို့စကားလည်လည်ပတ်ပတ် တတ်ရုံနဲ့ မပြီးဘူးဆိုတာ သိလာလေပါပဲ။ သူတို့ဓလေ့မှာ တုံဏှိဘာဝေနေဖို့ စည်းချက်ညှိတတ်ရမှာပါကလားလို့ သိလာတယ်။ ဒီစည်းချက်ကို သိဖို့ ကိုယ်လိုသလို အသုံးချတတ်ဖို့ဟာ မဆိုတဲ့ တုံဏှိဘာဝေမှာ အလိုလားအပ်ဆုံး အခြင်းအရာဖြစ်ပါတယ်။။ ဒေါန်ကေနန်နီ အိုဇု ဒီဟန်ကို ယူရာမှာတော့ ပြလိုက်ရင် ပေါ့သွားမှာစိုးလို့ဆိုတဲ့ သဘောလည်းပါမယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမဲ့ အဲဒီသဘောဆိုရင်တောင် အပေါ်က မရဲ့ လက္ခဏာတွေ အကျုံးဝင်နေသေးတာပါပဲ။ ဆိုတော့ အိုဇုရဲ့ ရုပ်ရှင်တွေမှာ ဟန်, ကင်မရာအယူအဆ, ဇာတ်အိမ်, ဇာတ်အဖြည့်ပစ္စည်း, သရုပ်ဆောင်တွေကအစ ဂျပန်ဆန်နေတယ်လို့ပြောရမယ်။ ဒီဓာတ်ကို ကားတိုင်းမှာရနေဖို့က ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေနဲ့ ရိုက်ပြနိုင်ဖို့ထက် ခက်လိမ့်မယ်။ ကျွန်တော့်အမြင်အရပေါ့။ အနုပညာဟာ ယဉ်ကျေးမှုကနေတစ်ဆင့်ပဲ နိုင်ငံတစ်ခုရဲ့ သီခြားဟန်ကို ပေါ်လွင်လာစေနိုင်တယ်။ လာခဲ့တဲ့လမ်းကို မမေ့ခြင်းပေါ့။ အိုဇုဟာ သူ့မြစ်ဖျားကို သူ သိပ်တွယ်တာတဲ့ ဖလင်မိတ်ကာတစ်ယောက်လို့ ပြောလို့ရတယ်။ ဒါကြောင့်လည်း သူ့ရုပ်ရှင်ဟူသမျှဟာ ရိုးရှင်းစွာနဲ့ အားကောင်းနေတာပါပဲ။ အိုဇုဟာ စစ်ကြိုခေတ်က ရိုက်ထားတဲ့ အသံတိတ်အဖြူအမဲကားတွေကို စစ်ပြီးခေတ်မှာ အသံတွေ အရောင်တွေနဲ့ ပြန်ရိုက်တာတွေ ပမာဏတစ်ခုအထိ လုပ်ခဲ့ပါတယ်။ Floating Weeds ( 1959 )ကလည်း အဲဒီလိုပြန်ရိုက်ခဲ့တဲ့ထဲက တစ်ကားပါပဲ။ ဒီဇာတ်လမ်းကိုပဲ နည်းနည်းကွဲလွဲပြီး ၁၉၃၄မှာ Story of Floating Weedsဆိုပြီး ရိုက်ခဲ့ဖူးတယ်။ ဒီမှာ တစ်ခုရှိတာက စုဗူးနဲ့ကလေး အခန်းကြည့်ချင်ရင်တော့ မူရင်း အသံတိတ်ကားကို ကြည့်ရမှာပါ။ ဒီကားကိုကြည့်ပြီး ၁၉၃၄ကားကို ကြည့်ရင်တော့ ဇာတ်လမ်းနားမလည်မှာ ပူစရာမလိုပါဘူး။ Youtubeနဲ့ တောရန့်ဆိုက်တွေမှာ အလွယ်တွေ့နိုင်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကိုက ရေယူရာမျောနေရတဲ့ပေါင်းမြက်ပင်တွေဆိုတဲ့ သဘောပါပဲ။ တင်ချင်လည်း တင်မယ်ပေါ့။ ဆိုတော့ နာမည်ကို ဘာသာပြန်ဖို့လိုလာရင်တော့ ဒီတိုင်းပြန်ဖို့ကလည်း မချောနေတော့ သူ့သဘောကလည်း ” ကမ်းကွေ့မှခွေ၊ ကမ်းပြေတော့စင်း” “လှိုင်းတက်ရာ ဗေဒါတက် ၊ လှိုင်းသက်ရာဆင်း” “ဘယ်ကမ်းခြေ ဘယ်ရေဆိပ်မှာမှ၊ နေအိပ်လိုပဲ” ” ဒီချောင်း‌ရေ ဗေဒါလမ်း၊ မယ့်လမ်းပါတဲ့” စသဖြင့် ဗေဒါလမ်းရဲ့ Conceptတွေနဲ့လည်း တော်တော်တူနေတော့ ဗေဒါလမ်းလို့ ချရင်ချလို့ရတယ်။ ဇာတ်ကြောင်းကတော့ ဒီဗေဒါတွေလိုဖြစ်နေတဲ့ ဇာတ်သမားတွေရဲ့ ဘဝဇာတ်ကြောင်း ဘဝဇာတ်နာပေါ့။ ပြောရရင် အဲဒီဇာတ်ကြောင်းကိုကလည်း ယဉ်ကျေးမှုပဲဆိုတော့ အိုဇုက သူ့ဖရိန်ထဲ အပြည့်အဝင်တယ်။ ဇာတ်သမားဆိုတာ နယ်လှည့်က, ပွဲသာရာရွေ့ ဗေဒါတွေလိုမျောရင်း , အခါမကောင်းလို့ ဇာတ်ခေါင်းကွဲရင် ဗေဒါတွေ ကမ်းဆိပ်မှနေအိပ်သလို အိပ်ရတဲ့လူတွေပေါ့။ ကျားမ အလီလီနဲ့ နယ်လှည့်နေတဲ့နောက် ဘယ်အဖွဲ့အစည်းမှာမဆို အကောင်းရော အဆိုးရောရှိနေမှာဖြစ်တဲ့နောက် မကောင်းတဲ့လူတွေလည်း ရှိကြတော့ ဒါကိုပဲ မြင်ပြီး ဇာတ်သမား ဇာတ်သမဆိုတာ မကောင်းဘူးလို့ ရှက်စရာလို့ သတ်မှတ်ကြတဲ့ စံနှုန်းတွေရဲ့ ဒဏ်ကိုပါ ခံနေရတဲ့လူတွေလို့ပြောလို့ရတယ်။ ဒါက ဒီဘက်မှာလည်း တင့်တယ်ရဲ့ ချစ်မိသည့်ဝန်တို့, မောင်ဝဏ္ဏရဲ့ ခြေဖဝါးတော်နုနုတို့ ဘုန်းနိုင်ရဲ့ မိုးညအိပ်မက်မြူတို့, နောက် တွတ်ပီစာအုပ်တွေမှာပါ ပုံဖော်တတ်ကြပါတယ်။ အာရှနိုင်ငံတွေရဲ့ တစ်ချို့ ယဉ်ကျေးမှုတွေက သိပ်မကွာလှဘူးဆိုတော့ အခြေအနေတွေက တစ်ပုံစံတည်းနီးပါးလို့တောင် ပြောလို့ရတယ်။ ပြတဲ့ ဇာတ်တွေတော့ ကွာတာပေါ့။ ဂျပန်တွေရဲ့ ပြဇာတ်တွေက ၄၇ရိုနင်ဇာတ် ဝါ ချူရှင်ဂူရပြဇာတ်လို ဇာတ်တွေလို အမြင့်တွေဆို စံတစ်မျိုး တခြားဆို စံတစ်မျိုး Nohတို့ Kabukiတို့ Bunrakuတို့ ခွဲထားတာတွေရှိတယ်။ ဒီထဲတော့ ခါဘုခိပဲ ပြသွားတယ်။ ဇာတ်ကတာတောင် သိပ်မပြပါဘူး။ ဇာတ်သမားတွေရဲ့ လူနေမှုနဲ့ လူမှုဒဏ်ကို အဓိကပြထားတယ်။ ဇာတ်သမားဘဝရဲ့ အဆိုးဆုံးအဖြစ်လို့ ပြောရမယ့် ဇာတ်ခေါင်းကွဲတဲ့ အဆင့်အထိ ပြထားတယ်။ အိုဇုရဲ့ ထုံးစံအတိုင်း အဖေနဲ့သားကြားက ပဋိပက္ခနဲ့ မိသားစုရဲ့ထရာဂျဒီတွေနဲ့တော့ ဇာကွပ်ထားတယ်။ ကွဲပြားအောင် ပြောရရင်တော့ ဒီဇာတ်လမ်းဟာ ရေယူရာမျောရင်း ပွဲရှိရာ ခြေဦးလှည့်ရတဲ့, ဇာတ်ခေါင်းကွဲတဲ့အခါ ရေမျောရာကမ်းတင်ရတဲ့ ဗေဒါတွေလို ဇာတ်သမားတွေရဲ့ ဘဝအကြောင်းပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.7 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:59:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Action • Drama • Thriller
7.9 1959 115 mins
Floating Weeds Ukigusa