YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Midnight.in.the.Garden.of.Good.and.Evil.1997.BLU-RAY.720P.PP(CM).mp4

1.44 GB N/A video/mp4 918 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lunana: A Yak in the Classroom
7.4

ဟိမ၀န္တာတောင်တန်းအရှေ့ဘက်က တရုတ်နဲ့ အိန္ဒိယကြားမှာရှိတဲ့ တနင်္သာရီတိုင်း ထက်၀က်လောက်ပဲကျယ်တဲ့ ဘူတန်နိုင်ငံလေးရဲ့ အော်စကာ International Feature ဆု ဆန်ခါတင်၀င်ထားတဲ့ ရုပ်ရှင်ပါ။ ၂၀၁၉ကားကို ၂၀၂၂ အော်စကာမှာ ဆန်ခါတင်၀င်သွားတာပါ။ ဘူတန်က ဒီကားကိုပဲ မနှစ်ကရော ဒီနှစ်ရော Entry အဖြစ်ရွေးခဲ့ပေမဲ့ မနှစ်ကတော့ ဆန်ခါတင်မှာကျသွားပြီး ဒီနှစ်ဆန်ခါတင်မှာမှ ပါလာတာပါ။ လူ 660 ကျော်လောက်ပဲ Vote ထားတဲ့ IMDb 7.5 ကိုတော့ အဖက်လုပ်စရာမလိုပေမဲ့ ဝေဖန်သမားတွေချည်းပေးတဲ့ Rotten Tomatoes မှာလည်း ၁၀၀အတိရထားပါတယ်။ သူနဲ့အပြိုင်တွေက Flee(99%), The Worst Person in the world (99%), Drive My Car(98%), The Hand Of God (83%) တို့ပါပဲ။ ဆုရနိုင်ချေအနည်းဆုံးကားပေမဲ့ ခရမ်းချဉ်သီးအမြင့်ဆုံး ကားလည်းဖြစ်နေပါတယ်။ ဇာတ်ကောင်က ကျွန်တော်တို့တွေလိုပဲ သာမန်လူငယ်တစ်ယောက်ပါပဲ။ သူက ဩဇီဗီဇာလျှောက်ပြီး ဩဇီမှာ အဆိုတော်ဖြစ်အောင်လုပ်ချင်နေတဲ့သူပေါ့။ သူ့မှာ ဖြစ်ချင်တဲ့ အိပ်မက်က သက်သက်ရှိပေမဲ့ မလွဲရှောင်သာ တခြားအလုပ် ခဏလုပ်နေရတယ်။ သူက ကျောင်းဆရာပေမဲ့ စာကို သေချာမသင်လို့ ခေါ်ကြိမ်းခံရတဲ့ သူမျိုးပါပဲ။ စာချုပ်အရ တစ်နှစ်ပဲကျန်တော့တဲ့ သူ့ကို ဘူတန်ရဲ့ အခေါင်ဆုံး ကမ္ဘာ့အခေါင်ဆုံးနေရာမှာရှိတဲ့ လူနားနားဆိုတဲ့အရပ်က ကျောင်းကို ပို့လိုက်တယ်။ ‌မသွားချင်ပေမဲ့ ဆောင်းဆို အရမ်းအေးတာကြောင့် ကျောင်းပိတ်ရတဲ့ နေရာဖြစ်တဲ့အတွက် ခဏပဲကြာမှာဆိုပြီး သွားလိုက်တယ်။ ပြန်လာရင် ဩဇီသွားလို့ရပြီ‌ပေါ့။ သူက ဒီနေ့ခေတ်သာမန်လူငယ်ပဲဆိုတော့ လူနားနားလိုနေရာမှာ သူ့အတွက် တော်တော်အသားမကျဘူး။ ရောက်ရောက်ချင်းပြန်ဖို့လုပ်ပေမဲ့ စာအရမ်းသင်ချင်နေတဲ့ ကလေးတွေကြောင့်ရော ဆရာဆိုတာ အနာဂတ်ကို ပုံသွင်းပေးတဲ့သူဆိုပြီး သူ့ကိုလေးစားကြတဲ့ ရွာသူရွာသားတွေကြောင့်ရော သူနေဖြစ်ခဲ့တယ်။ သိပ်မထူးခြားလှဘူးမလား။ ဒီလိုဇာတ်တွေ အာရှကားတွေမှာသာမက ဗမာစာအုပ်တွေမှာပါ ပါနေကျပါပဲ။ ဒါပေမဲ့ ဒါရိုက်တာက ဒီဇာတ်ကိုတော့ Realityကျကျပဲ ချည်းကပ်သွားခဲ့တာပါ။ ဇာတ်ကောင်ဟာ သာမန်စိတ်နဲ့ သာမန်လူပဲဖြစ်နေတာ ဘာညာပေါ့။ မထူးတဲ့ဇာတ်ကို နည်းနည်းလေးထပ်ဆန်းပေးလိုက်တာပါပဲ။ ရိုးရိုးလေးနဲ့ ဆန်းအောင် သာမန်ဒိုင်တွေသုံးပြီး ကစားသွားတာလေးတွေရဲ့ လှကွက်တွေလည်း ဆန်းပါတယ်။ ရွာသားတွေရဲ့ ဆရာအပေါ်လေးစားတဲ့စိတ်တွေ၊ အရိုးခံစိတ်တွေ၊ သူတို့ကလေးတွေအပေါ်ထားတဲ့ မေတ္တာတွေကို အပိုတွေအများကြီးမပြောဘဲ စကားတစ်လုံးလောက်နဲ့ အပြနဲ့ရောစပ် ဖော်ကျူးသွားတာတွေ၊ ရိုးရာသီချင်းကိုထည့်သုံးသွားတာတွေလည်း လှပါတယ်။ ဇာတ်လမ်းကတော့ မထူးခြားနား အာရှကားတွေမှာ မြင်နေကျဇာတ်ကိုပဲ မတူတဲ့ပုံစံလေးနဲ့ ခင်းကျင်းပြသထားတာပါပဲ။ ဒီနေ့ခေတ်ပုံစံနဲ့ Reality ကျကျ ပြသွားတာလေးတော့ သဘောကျစရာကောင်းပါတယ်။ စီနီမာကလည်း ဟိမ၀န္တာတောင်ပေါ် အလည်ရောက်သွားတဲ့ ခံစားမှုမျိုးပေးပါလိမ့်မယ်။ သူတို့ ဘူတန်တောင်ပေါ်သားတွေရဲ့ ရိုးရာတွေ ဓလေ့တွေကိုလည်း မြင်ရမှာဖြစ်သလို ဘူတန်ရဲ့တောင်ပေါ်နေဘ၀ကို ဒိုကူမန်ထရီ ကြည့်နေရသလိုလည်း ခံစားရပါစေလိမ့်မယ်။ သူတို့ရဲ့ ယုံကြည်မှုအငွေ့၊ သူတို့နွားတွေနဲ့ သူတို့ရဲ့ သံယောဇဉ်အငွေ့သန်းနေတာကိုလည်း ကောင်းကောင်းကြီး ခံစားရပါလိမ့်မယ်။ ဒီရုပ်ရှင်ဟာ လက်တွေ့ကျကျနဲ့ကို လောကကြီးဟာ ကျွန်တော်တို့ ထင်သလောက်လည်း အကျည်းတန်မနေတာကို ခံစားမိစေမယ့် လူသားဆန်တဲ့ ရုပ်ရှင်ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.12GB, 558MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 50Min Genre - Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.4 2019 109 mins
Lunana: A Yak in the Classroom
Bill & Ted Face the Music
5.9

Bill and Ted: Face the Music (2020) IMDb 6.8/10 1989 တုန်းက Bill and Ted's Excellent Adventure အမည်နဲ့ ပထမဆုံး ထွက်ရှိခဲ့ပြီး 1991 မှာ Bill and Ted's Bogus Journey အမည်နဲ့ ဒုတိယအကြိမ် ထွက်ရှိခဲ့ပြီး အခု 2020 August 28 မှာ Bill and Ted: Face the Music ဆိုပြီး sequel ထပ်ပြီး ထွက်ရှိလာခဲ့ပါပြီ comedy science-fiction ဖြစ်ပြီး critics တွေရဲ့ positive review တွေလည်း ရရှိထားပါတယ်။ ဒီ sequel မှာတော့ Bill နဲ့ Ted တို့ဟာ ကမ္ဘာနဲ့ချီတဲ့ mission တစ်ခုကို ထမ်းဆောင်ရတော့မှာပါ။ အားလုံးရဲ့ အနာဂတ်ဟာ သူတို့နှစ်ယောက်အပေါ်မှာ မူတည်နေပါတယ်။ ဒီ mission ကို မအောင်မြင်ရင်တော့ သူတို့အပါအ၀င် အားလုံး အနာဂတ်ဆိုတာ မရေရာမသေချာတွေ ဖြစ်ကုန်တော့မယ့် အခြေအနေပါ။ ဘယ်လို mission တွေကို ထမ်းဆောင်ပြီး ကမ္ဘာကို ဘယ်လိုကယ်တင်မယ်ဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲ ဇာတ်ကားလေးကို ရှုစားလိုက်ကြပါတော့.. Chris Matheson နဲ့ Ed Solomon တို့က ရေးသားထားပြီး ဒါရိုက်တာ Dean Parisot က ရိုက်ကူးပုံဖော်ပေးထားပါတယ်။ Budget $ 25 million တောင် သုံးစွဲထားတဲ့ ဒီဇာတ်လမ်းမှာ John Wick မင်းသားကြီး Keanu Reeves နဲ့ မင်းသားကြီး Alex Winter တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပြီး တမူထူးခြားတဲ့ ဇာတ်ရုပ်အသွင်မျိုးတွေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File Size : 600mb and 300mb Quality : Webrip 720p/480p Format…mp4 Duration…1hr 28 min Genre :   Adventure, Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Yoon Sandi Aung Encoded by Littleneo

Action • Crime • Drama • Thriller
5.9 2020 91 mins
Bill & Ted Face the Music
mid90s
7.5

ဒါရိုက်တာ Jonah Hill ရိုက်ကူးတင်ဆက်ထားတဲ့ Mid90s ဆိုတဲ့ဇာတ်ကားလေးဟာ IMDb Rate 7.6ရရှိထားပါတယ် Rate R လို့တော့သတ်မှတ်ထားပါတယ်ဘာကြောင့်လဲဆိုရင် ဇာတ်လမ်းထဲက ပြောစကားအချို့တွေဟာ အတော်ညစ်တီး ညစ်ပတ်နိုင်လို့ပဲဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်းလေးကတော့ စကိတ်ကိုရူးသွပ်ပြီးလေလွင့်နေတဲ့လူငယ်လေးတွေရဲ့ အကြောင်းကိုအဓိကရိုက်ကူးတင်ဆက်ထားပါတယ် သူတို့တွေဟာပျက်ဆီးပြီးတော့ မဟုတ်တာမှန်သမျှအကုန် လုပ်ကြတဲ့ချာတိတ်လေးတွေ..သူတို့အားလုံးမှာတူညီ တဲ့အချက်တော့ အားလုံး စကိတ်ကိုရူးသွပ်ကျခြင်းပါပဲ ဒီလိုနဲ့ ဆိုးသွမ်းလူငယ်လေးတွေ ဘယ်လိုများသူတို့ဘဝ ကိုကောင်းမွန်လာစေမလဲ..သူငယ်ချင်းအစစ်အမှန်ရဲ့ ဖြစ်တည်ခြင်း..အဓိပါ္ပယ်ဆိုတာဘယ်လိုများလဲဆိုတာကိုတော့ ဆက်လက်ခံစားကြည့်ရှုကြပါ အညွှန်းနဲ့ဘာသာပြန် Ei Pyae ဖြစ်ပါတယ် Review & Translated By Ei Pyae Encoded By LK

Drama • Sci-Fi & Fantasy
7.5 2018 86 mins
mid90s
Rajamartanda
8.7

Rajamartanda (2023) “ရာဂျာ မန်တရာ” IMDb – 8.2/10 ရာဂျာဆိုတာ ကလေးဘ၀ကတည်းက ဗေဒင်ဆရာတစ်ယောက် အိမ်ရှေ့မှာလာရပ်ပြီး ဒီကလေးက သာမာန်မဟုတ်ဘူး ကံကောင်းခြင်းတွေယူဆောင်လာပေးမယ့် ဘုရင်လိုလူမျိုးဆိုပြီး နိမိတ်ဖတ်ခြင်းခံခဲ့ရသူ။ အရွယ်ရောက်လာတော့လည်း တရားမျှတမှုအတွက်ဆို လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ မင်္ဂလာပွဲမှာတောင် သတို့သမီးကို မြင်းဖြူကြီးစီးလို့ သွားခိုးပြီး ပြဿနာအတက်ခံရဲတဲ့သူ။ ဂီသာကတော့ မဟုတ်မခံသူပေါ့ လူဆိုတာမွေးတည်းကမျိုးရိုးဗီဇနဲ့ပါလာတာမို့ သေတဲ့အထိဖျောက်လို့မရဘူးလို့ ဆရာနဲ့ပြိုင်ငြင်းမိလေတော့ ဆရာဖြစ်သူက တစ်လအတွင်းသက်သေရှာလာပြီးမှ ငါ့အတန်းလာတက်ဆိုပြီးတော့ နှင်ထုတ်လိုက်ပါလေရော။ ဒီလိုနဲ့ ဒီဆတ်ဆတ်ထိမခံ ၂ယောက် ဆုံတွေ့ဖို့ဖြစ်လာတဲ့အခါ… ဒေါသဖြစ်ချိန်မှာ ရာဂျာတစ်ယောက် သူမဟုတ်တဲ့တခြားတစ်‌ယောက်လို သိသိသာသာကြီး ကွဲထွက်နေတဲ့ပုံစံကြောင့် multiple personality disorderရှိတယ်ထင်ပြီး ရာဂျာကိုလေ့လာပြီး ဆရာကိုသက်သေပြချင်တဲ့ဂီသာတစ်‌ယောက် ရာဂျာနဲ့ရင်းနှီးဖို့ကြိုးစားရင်းက ရာဂျာဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ မတရားသဖြင့် အသက်ဆုံးရှုံးလိုက်ရတဲ့ မာသန်ဒါတော်ဝင်မျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ဖြစ်‌နေတာကို သိလိုက်ရတဲ့အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါဦး။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Comedy • Romance
8.7 2023 135 mins
Rajamartanda
Ferrari
6.8

Ferrari (2023) ============= IMDb Rating – 6.8/10 ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို အီတလီနိုင်ငံက Mille Miglia မိုင်တစ်ထောင် ကားပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့အတူ ထင်ဟပ် ပြထားတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Act Molemy, Leonard Lin တို့ဖြစ်ပါတယ်) File Size……….(5.5 GB) / (2.05 GB) / (800 MB) Quality…………WEB-DL 4K / 1080p / 720p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Act Molemy, Leonard Lin Encoder……….SWM, Y

Drama • Thriller
6.8 2023 131 mins
Ferrari
The Silence
7

၂၀၁၀ တုန်းကထွက်ရှိထားတဲ့ Das Letzte Schweigen (The Silence) ရုပ်ရှင်ဟာ IMDB 7.0 ရရှိထားတဲ့ ဂျာမန်စကားပြော Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျာမဏီရုပ်ရှင်ဒါရိုက်တာ ဆုတစ်ခု ဆွတ်ခူးထားပြီး အခြားရုပ်ရှင်ဆုလေးဆု ဆန်ခါတင်စာရင်းဝင်ထားပါတယ်။ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ ပီယာဟာ လယ်ကွင်းထဲမှာအသတ်ခံလိုက်ရပေမယ့် တရားခံလက်သည်မပေါ်ခဲ့ပါဘူး။ ပီယာအသတ်ခံရပြီး ၂၃ နှစ်တိတိကြာတဲ့အခါ အဲဒီရက်စွဲမှာပဲ နောက်ထပ် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး မူလအခင်းဖြစ်ပွားရာနေရာမှာပဲ တစ်ပုံစံတည်း ပျောက်ဆုံးသွားပါတော့တယ်။ အခင်းဖြစ်ပွားမှုတစ်ပုံစံတည်း တူနေပြီး ရက်စွဲကအစ ၂၃ နှစ်ခြားပြီးတစ်ရက်တည်းဖြစ်နေတာကြောင့် ရဲတပ်ဖွဲ့ဟာ တရားခံတစ်ဦးတည်းဖြစ်ရမယ်လို့ တထစ်ချမှတ်ယူပြီး ရေဆုံးမြေဆုံး လိုက်လံစစ်ဆေးပါတော့တယ်။ ပထမမှုခင်းတုန်းက မတွေ့ခဲ့တဲ့ သဲလွန်စတွေဟာ ဒုတိယမှုခင်းဖြစ်တဲ့အချိန်မှာ တဖြည်းဖြည်း ပေါ်လွင်လာပြီး ကျူးလွန်သူကိုမိလုမိခင် အနေအထားရောက်ရှိလာတဲ့အခါ ဇာတ်လမ်းဟာတစ်မျိုးတစ်ဖုံပြောင်းလဲသွားပါတော့တယ်။ ဆယ်ကျော်သက်လူသတ်မှုကျူးလွန်သူဟာ ဘာကြောင့် ၂၃ နှစ်ခြားပြီး တစ်ရက်တည်းမှာ လူသတ်မှုနှစ်ကြိမ်ကျူးလွန်ခဲ့ရသလဲ.. ဘာကြောင့် ဆယ်ကျော်သက်မိန်းကလေးတွေကိုမှ ရွေးပြီးသတ်ရတာလဲ မှုခင်းနှစ်ခုကို တစ်ပုံစံတည်း တစ်နေရာတည်းမှာ ကျူးလွန်ခြင်းအားဖြင့် တရားခံကိုဖမ်းမိနိုင်ချေပိုများလာတာ သိလျက်နဲ့ ဘာလို့ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာလဲဆိုတာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်။ File size…2.26 GB/ 1.02 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Thriller • Drama
7 2010
The Silence
Latency
5.5

အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာ အပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ ဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမ တစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက် ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက် လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကို ကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲက အိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လို ဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။ အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင် ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်း ထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင် မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက် ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင် ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေ အစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင် မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့ အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေ ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန် အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကို စိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာ ကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်း အလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လို ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ် ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…993MB / 370MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Latency
999-9999
5.7

ချင်းမိုင်မြို့ နိုင်ငံတကာကျောင်းတစ်ခုရဲ့ ကျောင်းသူတစ်ဦး အလံတိုင်ပေါ်မှာ ခြောက်ခြားဖွယ်သေဆုံးနေမှုသတင်း တစ်နိုင်ငံလုံးမှာ ပျံ့ လွင့်နေပြီးနောက်ပိုင်း ဖူးခက်နိုင်ငံတကာကျောင်းမှ စိတ်လှုပ်ရှားစရာ စွန့်စားမှုအစီအစဉ်များကိုကျောင်းအတွင်း ရိုက်ကူးတင်ဆက်နေတဲ့ ရဲတင်းသောမိစ္ဆာများအဖွဲ့မှ လူသေမှုဖြစ်ပွားသော ချင်းမိုင်ကျောင်းမှ ကျောင်းသူတစ်ဦးပြောင်းလာကြောင်း သတင်းရရှိသွားပါတယ်။ အဖွဲ့သားများမှ ကျောင်းသူအသစ်ထံမှ သတင်းရယူဖို့ကြိုးပမ်းကြပါတယ် လူသေမှုဟာ 999-9999 ဆိုတဲ့ဖုန်းနံပါတ် တစ်ခုနဲ့ ပတ်သတ်တယ်လို့ ကျောင်းသူအသစ်က ပြောပြပြီး မဆက်ကြဖို့မှာပါတယ်။ 999-9999ဆီကနေလိုချင်တာမှန်သမျှတောင်းလို့ရတယ်ဆိုတဲ့ အကြောင်းသိသွားကြပြီးနောက်ပိုင်း အဖွဲ့ဝင်တစ်ဦးက အားလုံးရှေ့မှာပဲ စမ်းဆက်ကြည့်ပြီး ဖာရာရီပြိုင်ကားတစ်စီး တောင်းလိုက်ပါတယ်။ေ နာက်တစ်နေ့မှာ အဖွဲ့ခေါင်းဆောင်ဆန်းနဲ့ ပြိုင်ကားတောင်းထားတဲ့ချီတို့ ဖူးခက်ရှော့ပင်းမောရှေ့ ကိုအရောက် ၁သန်းမြောက် ဈေးဝယ် အနေနဲ့ ချီတစ်ယောက် ဖာရာရီတစ်စင်းမဲပေါက်သွားပါတယ် ဆန်းကတိုက်ဆိုင်မှုတစ်ခုလို့ သံသယဖြစ်နေတုန်းမှာပဲ ချီတစ်ယောက်အက်ဆီးဒင့်နှင့်သေသွားပါတယ်။ လောဘနှင့် စပ်စုစိတ်တွေကြောင့် အဖွဲ့ဝင်တွေတစ်ယောက်ပြီးတစ်ယောက် ကိုးသုံးလုံးကို ဖုန်းခေါ်ကြပြီး လူသေမှုတွေဖြစ်ပွားလာတဲ့အခါ အဖွဲ့ခေါင်းဆောင်ဂိမ်းခရေဇီ ဆန်းတစ်ယောက် အဖြစ်မှန်တွေကို ဘယ်လိုဖော်ထုတ်ပြီး အဖွဲ့ဝင်တွေကို ဘယ်လိုကာကွယ် မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ

5.7 2003
999-9999
The Little Comedian
6.8

The Little Comedian (2010) IMDb Rating (6.8) 2010 တုန်းက ထုတ်လွှင့်ခဲ့တဲ့ GDH Production ရဲ့ ဒီရုပ်ရှင်က Rating မြင့် Quality Product ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ *တော့*က သူတို့မျိုးရိုးစဉ်ဆက် လူရွှင်တော်လုပ်ကိုင်ခဲ့တဲ့ကြောင်းနဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြထားပါတယ်။ အသက် ၁၂နှစ်အရွယ် *တော့*ဟာ လူရွှင်တော်မျိုးရိုးကဖြစ်ပေမယ့် မည်သူ့ကိုမှ ရယ်အောင်မလုပ်နိုင်သူဖြစ်တဲ့အတွက်လည်း အားငယ်နေသူလည်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူကဲ့သို့ လူရွှင်တော်ဖြစ်ချင်ရှာသူ *တော့* တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဝက်ခြံပေါက်လာမှုအကြောင်းပြုပြီး အရေပြားအထူးကုဆရာဝန်လေးမချောချောလေးနဲ့ ဆုံတွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဆရာမချောချောလေးက သူပြောတဲ့ ဟာသအပေါ်မှာ သဘောကျပြီး ပြုံးရယ်ခဲ့တဲ့အတွက် ဟာသတွေ လုပ်နိုင်ဖို့ ပိုကြိုးစားပါတော့တယ်။ သူ့အပေါ် စာနာနားလည်ပေးတဲ့ အသက်အရွယ်ကွာခြားလွန်းတဲ့ ဆရာဝန်မလေးအပေါ် *တော့*တစ်ယောက် တွယ်တာမိသွားပါတယ်။ ဒီလိုနဲ့ ဆရာဝန်မလေးရဲ့စိတ်ဝင်စားမှုရအောင် သူ မတတ်စွမ်းတဲ့ ဟာသတွေနဲ့ကြိုးစားလုပ်ရင်း ချဉ်းကပ်ခဲ့ပါတယ်။ မနူးမနပ်အရွယ် အချစ်ကို မြည်းစမ်းချင်မိတဲ့သူ *တော့* ဖခင်ရဲ့ချစ်ခင်ဦးစားပေးမှုကို လိုချင်နေရှာတဲ့ *တော့* ချစ်ရသူတွေအတွက် မဆုတ်မနစ်ကြိုးစားတတ်တဲ့ *တော့* မိသားစု၊ သံယောဇဉ်၊ တွယ်တာမှုနဲ့ ဟာသသရုပ်ဖော်တင်ဆက်မှုတွေပါ ပေါင်းစုံပါဝင်နေပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးလူကြိုက်များတဲ့သရုပ်ဆောင်များအပြင် တက်သစ်စ ကလေးငယ်လေးများရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်မှုတွေပါ ကြည့်ရှုခံစားနိုင်မှာဖြစ်မှာတယ်.. (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Dao Phyo မှ တင်ဆက်ထားပါတယ်) File size…(1.4 GB) / (3.8 GB ) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:07:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dao Phyo

Comedy • Drama • Music
6.8 2010
The Little Comedian
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
Inside Out 2
7.8

2015 တုန်းက အကောင်းဆုံးကာတွန်းရုပ်ရှင် အော်စကာဆုရခဲ့တဲ့ နာမည်ကျော် ကာတွန်းကားရဲ့ နောက်ဆက်တွဲ ထွက်လာပါပြီ။ ၁၀ နှစ်နည်းပါး ကြာခဲ့ပေမဲ့ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက စောင့်ရတာ တန်တယ်လို့ ပြောနိုင်လောက်အောင် ကောင်းနေပါတယ်။ Rating လည်း 7.8 ထိ ရောက်နေတာမို့ ဘော်ချက်ရုံသက်သက် ကာတွန်းအဆက်တွေ စွတ်ထုတ်နေတာထက်တော့ သာပါတယ်။ Inside Out 2015 မှာ ပြခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ဦးနှောက်သဘောတရားတွေကို ပုံဖော်မှုက အတော်ပြောင်မြောက်ခဲ့သလို အခု ရုပ်ရှင်မှာလည်း ကလေးဘဝကနေ ရင့်ကျက်မလာခင် ခံစားချက်မျိုးစုံနဲ့ ဦးနှောက်ရဲ့သဘောကို ပီပီပြင်ပြင် ပြထားနိုင်လိုက်တာပါပဲ။ “သူ့ကို ငါ့အစား လဆီ ခေါ်သွားပေးပါ” ဆိုတဲ့ ဘင်းဘောင်ရဲ့ အခိုက်အတန့်မျိုးကိုတော့ ပြန်ဖန်တီးဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီရုပ်ရှင်ထဲမှာ Joy ရဲ့အိပ်ရာဘေးမှာ ဘင်းဘောင်အရုပ်လေးကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လိုက်မလေး ရိုင်လီဟာ ဆယ်ကျော်သက်ဖြစ်လာပြီး အလယ်တန်းကျောင်းရဲ့ ဟော်ကီအသင်းမှာ ကစားနေပါပြီ။ ဟော်ကီကစားတာ တော်တာကြောင့် အထက်တန်းကျောင်းနည်းပြက သူ့ရဲ့ ၃ ရက် စခန်းသွင်းလေ့ကျင့်ရေးကို ဖိတ်လိုက်ပါတယ်။ အဲဒီမှာသာ အရွေးခံရရင် အထက်တန်းဟော်ကီအသင်းမှာ ပါရမဲ့အပြင် ပညာသင်ဆုပါ ရနိုင်မှာမို့ ရိုင်လီ့အတွက် အခွင့်အရေးကောင်းကြီးပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အရွယ်ရောက် ခံစားချက်တွေဖြစ်တဲ့ စိတ်ပူတာ၊ စိတ်ကုန်တာ၊ အားကျတာ၊ ရှက်တာ စတဲ့ ခံစားချက်တွေက ဌာနချုပ်ကို အသစ်ရောက်လာပြီး အရင်တုန်းက ပျော်ရွှင်၊ ဝမ်းနည်း၊ ဒေါသ၊ ကြောက်ရွှံ့၊ ရွံရှာ တို့တွေနဲ့ ပြဿနာတွေဖြစ်ကြပါတယ်။ သူ့ရဲ့ခံစားချက်တွေကို နားမလည်နိုင်တော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်သိစိတ် ပျောက်လာတဲ့ ရိုင်လီတစ်ယောက် ဟော်ကီလေ့ကျင့်ရေးမှာ ဘာအမှားတွေလုပ်ပြီး Joy တို့ တစ်စု အတွင်းထဲကနေ ဘယ်လို ပြင်ဆင်ကြမလဲဆိုတာ ကြည့်ရပါလိမ့်မယ်။ File Size : 5.4 GB / 1.8 GB / 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 36min Format : Mkv and Mp4 Audio : AAC and AC-3 Genre : Animation/Drama / Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr.Anderson Encode by : Thit San Khant

Action • Crime
7.8 2024 97 mins
Inside Out 2
Rising Boas in a Girl’s School
6.3

ဒီတစ်ခါတော့ CMပရိသတ်ကြီးအတွက် Horror, Thrillerကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ မြို့အစွန်အဖျား တောင်ကုန်တွေကြားမှာ လျှို့ဝှက်မြွေမွေးမြူတဲ့စခန်းတစ်ခုရှိပြီး တရားမဝင်ဟော်မုန်းဆေးတွေ တိုက်ကျွေးမွေးမြူထားတာကြောင့် မြွေတွေဟာတစ်ဖြည်းဖြည်းဗီဇပြောင်းလာပါတယ်။ တစ်နေ့မှာတော့ မြွေတွေကလှောင်အိမ်ထဲကနေလွတ်မြောက်သွားပါတယ်။ အနီးနားမှာရှိတဲ့ လေကြောင်းတက္ကသိုလ်က လေယာဉ်မယ်ကောလိပ်ကျောင်းသူလေးတွေဟာ ကျောင်းဆင်းပွဲအခမ်းအနားအတွက်ပြင်ဆင်နေကြပါတယ်။ အဲဒီအချိန်မှာအလွန်ကြီးမားတဲ့မြွေကြီးတစ်ကောင်နဲ့ မြွေတွေရောက်လာပြီး လေယာဉ်မယ်လောင်းလေးတွေကိုအမဲဖျက်ပါတော့တယ်။ လေယာဉ်မယ်လောင်းအချောအလှလေးတွေရဲ့သည်းထိပ်ရင်ဖို ပြေးလွားစွန့်စားတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူတို့လေးတွေမြွေကြီးရန်ကနေလွတ်မြောက်နိုင်ပါ့မလား။ မိစ္ဆာမြွေကြီးနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတော့အဆုံးထိဆက်ကြည့်လိုက်ပါနော်။

6.3 2022
Rising Boas in a Girl’s School
Picture This
5.8

ဒီတစ်ခါမှာတော့ After ထဲက မင်းသားချော Hero Fiennes Tiffin ရဲ့ Romance Comedy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ ယောကျ်ားမယူဘဲ career woman လုပ်မယ်ရယ်လို ကြွေးကြော်နေတဲ့ ဓာတ်ပုံဆရာမလေး Pia ကို သူ့မိသားစုဝင်တွေက အိမ်ထောင်ဘက် ဝိုင်းရှာပေးကြတဲ့ ဇာတ်လမ်းပါပဲ ။ ညီမဖြစ်သူရဲ့ မင်္ဂလာဆောင်မှာ ရှေ့ဖြစ်ဟောဆရာတစ်ယောက်က Pia အတွက် ဟောလိုက်တဲ့ ဟောကိန်းကတော့ နောက်ထပ် တွေ့ရမယ့် ကြင်ဖက် ၅ ယောက်ထဲမှာ သူ့ရဲ့ ဖူးစာရှင် ရှိပါတယ်တဲ့ ။ ဒီစကားကို ကြားတဲ့ မိသားစုဝင်တွေက Pia အတွက် ကြင်ဖက် တစ်ယောက်စီ ရှာပေးဖို တာဝန်ယူလိုက်ကြပါတော့တယ် ။ ဖြစ်ချင်တော့ ညီမဖြစ်သူရဲ့ မင်္ဂလာပွဲမှာ Pia ရဲ့ အချစ်ဦး ဖြစ်သလို ရည်းစားဟောင်းလည်း ဖြစ်တဲ့ Charlie က သတိုသားအရံ ဖြစ်နေပါသေးတယ် ။ ဒါဆိုရင်တော့ Pia ရဲ့ ကြင်ဖက် ငါးယောက်ထဲမှာ ဘယ်တစ်ယောက် ကများ သူ့အိမ်ထောင်ဘက် ဖြစ်နိုင်မလဲ ။ ဒါမှမဟုတ် ရည်းစားဦး ဖြစ်တဲ့ Charlie နဲ့ပဲ ပြန်ပေါင်းထုပ် သွားမလားဆိုတာကိုတော့ Picture This ဆိုတဲ့ ရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော် ။ File size… (2.26 GB) / (1.23 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle & Muse

Comedy
5.8 2025 101 mins
Picture This
Bowfinger

1999 ထွက် Comedy ရုပ်ရှင်အသစ်တစ်ကား တင်ပေးထားပါတယ် ဇာတ်လမ်းအကျဉ်း ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးဟာ နာမည်ကြီး မင်းသားတစ်ဦးကို သူ့ရိုက်မယ့်နိမ့်ကြေးရုပ်ရှင်မှာ ပါဝင်ခိုင်းဖို့ မအောင်မြင်တော့ မင်းသား မသိအောင် လျှို့ဝှက်ကင်မရာတွေနဲ့ ခိုးရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမဲ့ အဲဒီအကြံက ထင်သလောက် မလွယ်ကူတဲ့ အရာမဟုတ်တော့ ဘယ်လိုခက်ခဲမျိုးတွေနဲ့ ကြုံရမလဲ ဒါတွေကို ဘယ်လို ကျော်ဖြတ်မလဲဆိုတာကို ဟာသအနှောလေးတွေနဲ့ ဖတ်ရမှာ ဖြစ်ပါတယ် နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Steve Martin နဲ့ Eddie Murphy တို့က အဓိက သရုပ်ဆောင်ဖြစ်ကြပြီး Robert Downey Jr. ကပါ အရံသရုပ်ဆောင်အဖြစ် ပါဝင်အားဖြည့်သရုပ်ဆောင်ထားသောကြောင့် တော်တော် ကြည့်ဖို့ထိုက်တန်တဲ့ကားလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Lin Thurein

Romance
0 1999
Bowfinger
Young Gun in The Time
7.3

Young Gun in The Time (2012) IMDb 7.3 ဇာတ်လမ်းအညွှန်း ဒီတစ်​ခေါက် တင်ဆက်​ပေးမယ့် ရုပ်ရှင်ကားက​တော့ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ Young Gun in the Time ဆိုတဲ့ သိပ္ပံအက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ ​ယောင်းဂွန်း​စုံ​ထောက်​အေဂျင်စီမှာ အလုပ်လုပ်​နေတဲ့ စုံ​ထောက်ဟုန်းဆီကို ချွဲဆုန်းဟျွန်းလို့ခေါ်တဲ့ မိန်းမလှ​လေးတစ်​ယောက် ​ရောက်လာပြီး အမှုတစ်ခုလာအပ်ခဲ့တယ်။ အဲဒါက​ လူတစ်​ယောက်ကို သတ်ခိုင်းတဲ့အမှုဖြစ်ပြီး အဲဒီလူကို မသတ်ရင် သူ​သေရပါမယ်ဆိုပြီး ​ပြော​နေ​ပေမဲ့ စုံ​ထောက်ဟုန်းက အမှုကိုလက်မခံနိုင်​ကြောင်း ငြင်းဆိုလိုက်တယ်။ မကြာခင်မှာပဲ အဲဒီမိန်းမလှ​လေး အသတ်ခံလိုက်ရပါ​တော့တယ်။ စုံ​ထောက်ဟုန်းတစ်​ယောက် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ခံစား​နေရချိန်မှာ ချွဲဆုန်းဟျွန်းကို အမှတ်မထင် ပြန်​တွေ့လိုက်ရပါ​တော့တယ်။ တကယ်​တော့ ​သေသွားတဲ့ ချွဲဆုန်းဟျွန်းဆိုတာက အချိန်ခရီးသွားစက်ကိုသုံးပြီး အနာဂတ်က​နေ ​ရောက်လာတဲ့သူဖြစ်​နေတာကို သိလိုက်ရတယ်။ ဒါ​ကြောင့် စုံ​ထောက်ဟုန်းတစ်​ယောက် ​ပျောက်​နေတဲ့ အချိန်ခရီးသွားစက်ကို လိုက်ရှာပြီး ချွဲဆုန်းဟျွန်းမ​သေခင် ၃ရက်အလိုကို ပြန်သွားဖို့ ကြိုးစားပါ​တော့တယ်။ တစ်ဖက်မှာလည်း ချွဲဆုန်းဟျွန်းကို​ သတ်ဖို့ကြံ​နေတဲ့လူဟာ အချိန်ခရီးသွားစက်ကို လိုက်ရှာ​နေတာမို့ ဒီအမှုထဲ ဝင်ရှုပ်တဲ့ စုံ​ထောက်ဟုန်းနဲ့ အ​ပေါင်းအပါကိုပါ လိုက်သတ်ပါ​တော့တယ်။ ဒီလို​ပွေလီတဲ့အမှုအခင်းထဲက စုံ​ထောက်ဟုန်းတစ်​ယောက် ဘယ်လို​အ​​ဖြေရှာပြီး ​ရုန်းထွက်မလဲ။ လူသတ်သမားကို ဘယ်လိုအနိုင်ယူမလဲ။ ချွဲဆုန်းဟျွန်းကို​ရော ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ရ​အောင်ပါ။ (အညွှန်းကိုတော့ Staryက ရေးသားထားပါတယ်) File Size ~~~ 1.49 GB/ 646 MB Quality ~~~WED-DL 1080p/ 720p Duration~~~ 1:36:16 Format~~~mp4 Genre ~~~ Action, Comedy, Crime Subtitle ~~~ Myanmar Subtitle (Hard Sub) Translated by ~~~ Stary Encoded by~~~ Treasure Htet

Comedy
7.3 2012
Young Gun in The Time