YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Midnight Horry Story 35.720p(CM).mp4

835.71 MB N/A video/mp4 226 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Can't Help Falling in Love
7.4

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... အေးအေးငြိမ့်ငြိမ့် romance တွေကို ကြည့်ရှုတာ သဘောကျနှစ်သက်တဲ့ ပရိသတ်တွေကို ဖိလစ်ပိုင်း romance ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Can't Help Falling in Love ဆိုတဲ့ ဇာတ်ကားလေးပါ။ မချစ်မိဘဲမနေနိုင်ဘူးဆိုတဲ့ ဇာတ်ကားနာမည်လေးအတိုင်းပဲ ဒို့စ်ဆိုတဲ့ကောင်လေးက ဂက်ဘ်ဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတဲ့ ဇာတ်လမ်းလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောပြရမယ်ဆိုရင် ဂက်ဘ်ဟာ ၆ နှစ်ကျော်တွဲလာတဲ့ ရည်းစားဖြစ်သူနဲ့ မကြာခင်မှာ လက်ထပ်တော့မယ့် မိန်းကလေးပါ။ သူဟာ သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲညမှာ အရက်မူးပြီးတော့ ဒို့စ်ဆိုတဲ့ တခြားကောင်လေးတစ်ယောက်နဲ့ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးမိသွားပါတယ်။ အဲဒီအဖြစ်အပျက်ကို မမှတ်မိကြသလို သူတို့မထင်ထားခဲ့တာက အဲဒီလက်ထပ်စာချုပ်က တရားဝင်ဖြစ်နေခဲ့မယ်ဆိုတာကိုပါပဲ။ ရည်းစားဖြစ်သူနဲ့ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ လက်ထပ်စာချုပ်က ဂက်ဘ်ဆီကို ရောက်လာခဲ့ပါတယ်။ ဂက်ဘ်ဟာ ဒို့စ်ကို လိုက်ရှာပြီးတော့ ကိစ္စအကြောင်းအစုံကို ပြောပြပြီး ကွာရှင်းဖို့ တောင်းဆိုတော့တာပေါ့။ ဖိလစ်ပိုင်နိုင်ငံမှာ လက်ထပ်ပြီးရင် ကွာရှင်းဖို့က မလွယ်ပါဘူး။ ဂက်ဘ်နဲ့ ဒို့စ်ဟာ ကွာရှင်းခွင့် တောင်းခံနိုင်ဖို့အတွက် သက်သေအဖြစ်တင်နိုင်မယ့် အကြောင်းပြချက်မျိုးစုံကို ဖန်တီးရင်း တဖြည်းဖြည်း နီးစပ်လာခဲ့တော့တာပါပဲ။ နီးစပ်လာရင်းနဲ့ ဘယ်သူက အရင်ချစ်မိသွားမလဲ၊ ဂက်ဘ်ကရော သူ့ရည်းစားကို စွန့်ပစ်နိုင်ပါ့မလား၊ ဂက်ဘ်ရဲ့ ရည်းစားကရော ဒီလက်ထပ်စာချုပ်ကိစ္စကို သိသွားမလား၊ လက်ထပ်ပွဲကရော ဖြစ်နိုင်ပါဦးမလား၊ ဘာတွေဘယ်လိုဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့ Can't Help Falling in Love ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာပဲ ဆက်ပြီးကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/83  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(999 MB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:59:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

Horror • Science Fiction • Thriller
7.4 2017 119 mins
Can't Help Falling in Love
The Empty Man
6.2

IMDb Rating - 6.2/10 အမန်ဒါလို့ခေါ်တဲ့ မိန်းမကလေးတစ်ယောက်ထူးဆန်းစွာပျောက်ဆုံးသွားပြီးနောက် ရဲအရာရှိဟောင်းတစ်ဦးဖြစ်သူ ဂျိမ်းစ် လဆွန်ဘရာဟာ အမှုကို စုံစမ်းဖို့ဖြစ်လာခဲ့ ပါတယ်။ သိုပေမယ့် ထိုပျောက်ဆုံးမှုဟာ သမားရိုးကျမဟုတ်ပဲ ထူးဆန်းတဲ့ ဘာသာ ရေးအုပ်စုတစ်စုက နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တာနဲ့ ဆက်စပ်နေခဲ့ပါတယ်။ ထိုသို့သော ပုံမှန်မဟုတ်တဲ့ အမှုကို ဖြေရှင်းပြီး အမန်ဒါကို တွေ့အောင်ရှာနိုင်ပါ့မလား။ လှည့်ကွက်တွေကြားကနေ ကလေးအတွေးလိုလို စိတ်ကူးယဉ်လိုလိုနဲ့ The Empty Man လို့ခေါ်တယ့် နတ္ထိလူကရော (မြန်မာအလိုဆိုရင်တော့ အုန်းမှုန့်ခွက်သရဲပေါ့) ကရော ဘယ်လိုအရာမျိုးလဲ....။ ပေါင်းကူးတံတားကနေ လူဖြစ်လာတယ်၊ လူကနေပြီးတော့ သူ့ရဲ့အတွေးတွေ ဖြစ်လာတယ်၊ သူ့ရဲ့အတွေးတွေကနေ အိပ်မက်ဖြစ်လာတယ်၊ အိပ်မက်တွေကနေ စွမ်းအားတွေဖြစ်လာတယ်၊ စွမ်းအားတွေကနေ ပေါင်းကူတံတားတွေဖြစ်လာတယ်၊ အသင်ထုတ်လွှင့်လိုက်တာကို ကျွန်ုပ်တို့လက်ခံရရှိတယ်....... ဒါဟာ The Empty Man နတ္ထိလူပါပဲ။ ဒီဇာတ်ကားရဲ့ ရိုက်ကွင်းရိုက်ကွက်တွေဟာ တစ်ခြား horror ကားတွေနဲ့မတူပဲ ထူးခြားပြီး ကြောက်စရာလည်းကောင်းပါတယ်။ Rated R သတ်မှတ်ခံထားရပြီး ဝတ်လစ်စလစ်အခန်း (18+}လည်း အနည်းငယ်ပါဝင်တာကြောင့် ကလေးငယ်တွေနဲ့ မိသားစုအတူ ကြည့်တာတွေ မလုပ်ပါနဲ့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size..........(2.15 GB) / (927 MB) / (620 MB) Quality............Web-DL 1080p / 720p / 480p Duration.........2Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator....... Zaw Myo Thu Encoder..........SWM

Adventure • Animation • Comedy • Family • Fantasy
6.2 2020 137 mins
The Empty Man
Hostile Territory
7.4

အမေရိကန်ရဲ့ ပြင်းထန်တဲ့ ပြည်တွင်းစစ်ပွဲကြီးပြီးသွားတဲ့အချိန်က မိဘမဲ့တွေဖြစ်သွားခဲ့ရတဲ့ ကလေးတွေကို ဇာတ်အိမ်တည်ထားတဲ့ ကားကောင်းလေးတစ်ကားပါပဲ စစ်ပွဲတစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးတွေဟာ ဘယ်လောက်ဆိုးရွားလဲဆိုတာနဲ့ မိသားစုရဲ့ချစ်ခြင်းမေတ္တာတွေဟာ ဘယ်လောက်ကြီးမားလဲဆိုတာကို သေသေချာချာရိုက်ပြသွားတဲ့ကားကောင်းလေးတစ်ကားပါပဲ ဂျက်ဆိုတဲ့သူဟာ သူ့သားနဲ့အတူ ပြည်တွင်းစစ်ကြီးအတွက်စစ်တိုက်ထွက်သွားတဲ့ အချိန်မှာတော ကလေး၃ယောက်နဲ့ မိန်းမကကျန်ခဲ့ပါတော့တယ် အဲဒီလိုနဲ့ စစ်ပွဲမှာ ဂျက်က ဒဏ်ရာရပြီး အဖမ်းခံလိုက်ရတော့ သေပြီဆိုပြီး သူ့မိန်းမကလည်းဝမ်းနည်းကြေကွဲရာကနေတီဘီရောဂါနဲ့ဆုံးပြန်ပါရော အဲဒီအချိန်မှာ စစ်ပွဲကြောင့် မိဘမဲ့ဖြစ်ရတဲ့ကလေးအတွက် စီစဉ်ပေးထားတဲ့ လှုပ်ရှားမှုတစ်ခုမှာ ဂျက်ရဲ့ကလေးတွေ ပါသွားရင်း ဇာတ်လမ်းလေက စတာပါပဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကြည့်နူးမှု ဝမ်းနည်းမှုတွေနဲ့အတူ မိသားစုရဲ့ချစ်ခြင်းမေတ္တာတွေကို တဝကြီးခံစားရင်း ကြည့်ရှုခံစားလိုက်ပါဦး File size…(1.6GB)/(866.22MB)/(601.62MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:33:00 Genre...Drama /History/Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield

Action • Fantasy
7.4 2022 94 mins
Hostile Territory
Annihilation
6.4

လူတွေက ဆုံးဖြတ်ချက်တွေချတာလား၊ ကိုယ့်စိတ်ကတွန်းအားပေးတဲ့အတိုင်း လိုက်လုပ်နေကြတာလား? ကိုယ့်ကိုယ်ကိုသေကြောင်းကြံတာနဲ့ ကိုယ့်ကိုယ်ကိုဖျက်ဆီးတာ တူသလား? ပျက်သုန်းခြင်းဆိုတာ ဘာလဲ? လီနာ့ယောကျ်ား စစ်မစ်ရှင်ရှိတယ်ဆိုပြီး ထွက်သွားတာ တစ်နှစ်ရှိပါပြီ။ ဘာမစ်ရှင်လဲ၊ ဘယ်ကိုသွားရမှာလဲ၊ ဘယ်သူတွေနဲ့လဲဆိုတာ လီနာကိုယ်တိုင်တောင်မသိရပါဘူး။ လီနာကတော့ သူ့ယောကျ်ားသေသွားပြီလို့ပဲ မှတ်ယူထားခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့ယောကျ်ား အမှတ်မထင်ပြန်ရောက်လာခဲ့ပါတယ်။ ဘယ္ကိုသြားခဲ့တာလဲ၊ အိမ်ကိုဘယ်လိုပြန်ရောက်လာတာလဲဆိုတာ သူကိုယ်တိုင်တောင် မသိတဲ့အခြေအနေ၊ ရုတ်တရက်ကြီး သွေးတွေအန်ကျလာလို့ ဆေးရုံကိုအပြေး၊ လမ်းမှာ ရဲတပ်ဖွဲ့တစ်ဖွဲ့က လီနာနဲ့ သူ့ယောကျ်ားကို ဝင်ဖမ်းသွားပါတော့တယ်။ လီနာ ပြန်နိုးလာတဲ့အချိန်မှာ သူ့ရှေ့မှာ အမိုးခုံးကြီးတစ်ခု၊ သာမန်ထက်ပိုထူးခြားတဲ့ Dimension တစ်ခုကို တွေ့လိုက်တယ်။ အဲ့အမိုးခုံးထဲဝင်သွားသမျှ အရာအားလုံး ဘာမှပြန်ထွက်မလာနိုင်ခဲ့ဘူး။ လီနာရဲ့ယောကျ်ားကလဲ ဒီအမိုးခုံးထဲကိုဝင်သွားခဲ့ပြီး အသက်ငင်ငင်နဲ့ပြန်ထွက်လာနိုင်ခဲ့မှန်း သူသိလိုက်ပါတယ်။ အမိုးခုံးကြီး ပိုပိုကြီးမားလာတာနဲ့အမျှ လူသားတွေအတွက် အန္တရာယ်ပိုရှိလာမှန်း သိလာတဲ့အခါ လီနာနဲ့မိတ်ဆွေအမျိုးသမီးတစ်ချို့ဟာ ဒီအမိုးခုံးထဲကို ဝင်ပြီး အထဲကအဖြစ်အပျက်တွေကို သွားလေ့လာပါတော့တယ်။ ဒီဇာတ်ကားဟာ ဘဝအကြောင်းကိုရေးစပ်ပြထားတဲ့ကဗျာတစ်ပုဒ်နဲ့တူပါတယ်။ ဇာတ်လမ်းထဲမှာပါတဲ့ ဆဲလ်တွေ၊ အပင်တွေ၊ ထူးဆန်းဖြစ်ရပ်တွေနဲ့ ဒီ Dimension ကြီးဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ထင်ဟပ်ပြနေသလို အပေါ်ဆုံးက မေးခွန်းတွေအတိုင်းပဲ ဇာတ်လမ်းကိုတည်ဆောက်ပြသွားပါတယ်။ ဒီဇာတ်ကားမှာ ဗီလိန်လဲမပါသလို လူကောင်းလဲမပါပါဘူး။ သိပ္ပံအက်ရှင်ဇာတ်ကားနဲ့ဆင်ပေမယ့်လဲ တကယ်တော့ Symbollism တွေ သေချာသုံးပြထားတဲ့၊ဇာတ်လမ်းတစ်ကွက် လွတ်သွားရင် ဇာတ်ရည်လည်ဖို့ခက်သွားနိုင်တဲ့ Arthouse ဆန်ဆန်ရုပ်ရှင်ကားတစ်ကားလို့ပြောရင် မလွန်လောက်ပါဘူး။ လီနာရဲ့ Relationship အခြေအနေ၊ သူ့ရဲ့ ခံယူချက်တွေ၊ သူ့ရဲ့ဆုံးဖြတ်ချက်တွေကို စကားပြောထက် အမူအရာတွေနဲ့ပဲ ပုံဖော်သွားခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အကောင်းဆုံးအချက်ကတော့ ဇာတ်လမ်းကို အပေါ်ယံကြည့်ရုံနဲ့နားလည်နိုင်မှာမဟုတ်ပဲ ပြောသမျှစကား၊ လုပ်သမျှအပြုအမူတိုင်းကို သေချာအာရုံစိုက် ကြည့်မှသာ ဇာတ်လမ်းရဲ့အနှစ်ကို ရနိုင်တဲ့ကားမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကို နားလည်သွားတာဟာ ကဗျာတစ်ပုဒ်ဖတ်ပြီး ကဗျာဆရာရဲ့ပေးချင်တဲ့ Message ကို သိသွားတာနဲ့ တူပါတယ်။ ကျွန်တော်တို့ ဘဝမှာ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရတဲ့သူတိုင်း၊ ကိုယ့်ချစ်သူရည်းစားနဲ့ အဆင်မပြေတဲ့သူတိုင်း၊ စိတ်ညစ်နေတဲ့သူတိုင်း ဒီဇာတ်ကားကိုကြည့်ပြီးရင် အဆုံးသတ်မှာစိတ်ထဲ တစ်ခုခုတော့ ကျန်ရစ်နေမှာ အသေအချာပါပဲ။ Imdb 7.7 နဲ့ Rotten Tomatoes 87% ရရှိထားပြီး Star Wars fan တို့ရဲ့အချစ်တော် Natalie Portman, Thor: Ragnarok ကားထဲက Valkyrie အဖြစ်ပါဝင်ခဲ့တဲ့ Tessa Thompson နဲ့အတူ Oscar Issac တို့ပါဝင်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တဲ့အတွက် ပရိသတ်တွေအနေနဲ့ ဒီကားကြည့်ပြီး ဂိသထက် ဂိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကွီးအာကာပါ) File Size : (900 MB) Quality : WEBRip 720p Running Time : 1h 55min  Format : Mp4 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source :720p.NF.WEBRip.DD5.1.x264-NTG Translated by Arkar Phyo Encoded by Thanhtike Zaw

Crime • Drama
6.4 2018 115 mins
Annihilation
Snowden
7.1

ဒီရုပ်ရှင်ကို ဖြစ်ရပ်မှန်အပေါ် အခြေခံပြီး ရိုက်ကူးခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်က လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားခဲ့တဲ့ စနိုးဒင် ဆိုတဲ့နာမည်ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ(NSA) ကနေ တကမ္ဘာလုံးက ဆဲဖုန်းလ်တွေကို ထောက်လှမ်းဖို့ကြိုးစားနေမှုတွေ၊ နိုင်ငံအတွင်းက မက်ဆေ့တွေ အီးမေးလ်တွေကို တရားမဝင်စောင့်ကြည့်နေမှုတွေကို ဖွင့်ချပြီး ထွက်ပြေးသွားခဲ့တဲ့ CIA ဝန်ထမ်းဟောင်းတစ်ယောက်ပါ။ ဒီဇာတ်ကားဟာ ၂ နာရီကျော်ကြာတာတောင်မှ ခိုင်ခန့်တဲ့ ဇာတ်အိမ်၊ စပိုင်အေဂျင်စီတွေရဲ့ သဘောတရားတွေ၊ ခံစားချက်ပါတဲ့ စကားလုံးတွေ နဲ့ အချိန်ကိုမေ့သွားအောင် ဆွဲဆောင်သွားပါလိမ့်မယ်။ မထွက်ခင်က စိတ်ပူခဲ့သလို romance တွေ action တွေ လိုအပ်တာထက် ပိုနေတာကိုလည်း မတွေ့ရပါဘူး။ လူတိုင်းကြည့်ဖို့ ထိုက်တန်တဲ့ကားထဲမှာ ပါမှာပါ။ ထူးခြားချက်အနေနဲ့ နောက်ဆုံးခန်းမှာ စနိုးဒင်ကိုယ်တိုင် ဧည်သည်သရုပ်ဆောင်အနေနဲ့ မော်စကိုကနေ အပိတ်စကားပြောကြားသွားတာကို ကြည့်ရပါလိမ့်မယ်ခင်ဗျာ။ နောက်ပြီးတော့ စာတန်းထိုးပြီးချိန်မှာ သမိုင်းအချက်အလက်တွေကို မြန်မာပြန်ပေးထားတာမို့ အဆုံးထိကြည့်ဖို့လည်း မမေ့ပါနဲ့လို့။ ဘာသာပြန်သူဟာ နိုင်ငံရေးနယ်ပယ်ကမဟုတ်လို့ official အသုံးအနှုန်းများနဲ့ ကွဲလွဲသည်များရှိသော် နားလည်ပေးကြဦး ခင်ဗျ။ File Size        :   960 Mb Duration      :   2 : 14: 06 Quality          :   Bluray 720p Format          :    MP4 Genre            :    biography,drama,thriller Translator   :    Littleneo Encoder       :   Littleneo

Drama
7.1 2016 134 mins
Snowden
[18+] A Good Lawyer’s Wife
6.2

A Good Lawyer’s Wife (2003) ~ IMDb rating – 6.2/10 ~ (ဒီလိုကားတွေထုံးစံအတိုင်း လုံးဝအကြည်မလွယ်လို့ 720p ကိုပဲ အတတ်နိုင်ဆုံး ဖန်တီးပေးလိုက်ပါတယ်) ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB Quality – 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 28Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Drama • Family • History
6.2 2003 106 mins
[18+] A Good Lawyer’s Wife
Harkara
9.3

Harkara (2023) IMDb-9.7/10 ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ် အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့….လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ်

9.3 2023 125 mins
Harkara
OMG 2
8

OMG 2 (Oh MyGod) အက်ရှေးကူးမားရ်ရဲ့ သောက်သောက်လဲ အောင်မြင်ခဲ့တဲ့ OMG အဆက် ဒုတိယကားထွက်ရှိလာပြီပဲဖြစ်ပါတယ် ကုဋေ ၅၀ ရင်းထားတဲ့ ဒီကားမှာ ရုံဝင်ငွေ ကုဋေ ၂၂၀ ထိပြန်လည်ရရှိခဲ့တာမို့ ခုနှစ်ပိုင်းအတွင်း အက်ရှေးတစ်ယောက် ပြန်လည်အောင်မြင်ခဲ့တဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ် အက်ရှေးကူးမားအပြင် ဝါရင့်မင်းသားကြီး ပန်ကတ်ချ် သရီပသီနဲ့ မင်းသမီးချောလေး ယမ်မီဂေါ်သမ်တို့က အဓိကဇာတ်ဆောင်တွေအဖြစ်နဲ့လည်း ပါဝင်ထားပါသေးတယ် OMG 1 မှာ ဘုရားကိုမယုံတဲ့သူက သူ့အိမ်ကိုပဲရွေးငလျင်လှုပ်လို့ ဘုရားကိုတရားစွဲခဲ့တာကနေ တစ်လောကလုံးနဲ့ တစ်ယောက်ရင်ဆိုင်ခဲ့ရပုံကို ဘာသာရေးအကြောင်းတွေနဲ့ ရောသမမွှေ တင်ဆက်ပေးခဲ့ပေမဲ့ ဒုတိယကားမှာတော့ ဇာတ်ကောင်စရိုက်တွေ ဇာတ်လမ်းသဘာဝတွေ ပြောင်းလဲပေးထားပါတယ် အဓိကဇာတ်ဆောင် ကန်တီဟာ ဘာသာရေးကိုင်းရှိုင်း လူအများချစ်ခင်ရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ သူ့ရဲ့ဆယ်ကျော်သက်အရွယ်သားလေး ဗီဗက်ဟာ လူငယ်တို့သဘာဝ လိင်ကိစ္စကို အရမ်းစိတ်ဝင်စား လက်တည့်စမ်းချင်ပြီး ဗိုင်ယာဂရာကို သုံးလုံးလောက်ပစ်သောက်ပြီး အာသာဖြေရင်းမေ့လဲလို့ အဖေကဆေးရုံလိုက်ခေါ်ရတဲ့ ကောင်ဆိုးလေးပါ အဲ့ဒါနဲ့တင်မရပ်ပဲ ကာမသျှတ္တရကျမ်းတွေဖတ်ပြီး ကျောင်းအိမ်သာထဲမှာပါ ထပ်ကမြင်းတာကို ကျောင်းကသူ့သူငယ်ချင်း bully ကောင်တွေက ဗီဒီယိုရိုက်ဖြန့်လိုက်တဲ့အခါ ဗီဗက်ကို ကျောင်းလဲထုတ် အကုန်လုံးက ဝိုင်းအပြစ်တင်ကြတဲ့အပြင် သူ့မိသားစုရော သူရော လုပုံအလယ်မှာ ခေါင်းမဖော်နိုင်အောင် ဖြစ်ပါတော့တယ် ဒါနဲ့ပဲသူ့အဖေကန်တီလည်း အာသာဖြေမိတာ အပြစ်မဟုတ် လိင်ပညာပေးသေချာမလုပ်ပဲ ကျောင်းသားကိုအပြစ်တင်တဲ့ ကျောင်းနဲ့တခြားလူတွေကသာ အပြစ်ရှိတယ်ဆိုပြီး တရားရုံးမှာ တရားထစွဲပါတော့တယ် ဇာတ်လမ်းပုံစံ ဦးတည်ချက်ကပြောင်းသွားပေမဲ့ ပထမကားလိုပဲ လူ့ဘောင်လောကစံနှုန်းတွေကို မေးခွန်းထုတ်တာတွေ တရားခွင်မှာ အပြိုင်လျှောက်လဲကြတာတွေ စသဖြင့် ပထမကားထက်မလျော့တဲ့ရသတွေ ခံစားရမှပါ ဒါ့အပြင် အရှင်သျှီဝတစ်ဖြစ်လဲ အက်ရှေးကူးမားက ဘယ်အခန်းမှာပေါ်လာပြီး ဘယ်လိုတရားပြမလဲဆိုတာ ကြည့်ရမဲ့အပြင် ဒီတစ်ခါ တရားရင်ဆိုင်ရတဲ့ အမှုပြိုင်ရှေ့နေ့မလေးက ကိုယ်ပါပြသနာရှာပြီး အမှုဖွင့်ချင်ရလောက်အောင် ချောတာမို့ CM ပရိသတ်ကြီးအတွက် လက်မနှေးစေဖို့ အပြေးလေးတင်ဆက်ပေးလိုက်ရပါတယ် CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

8 2023
OMG 2
24 Weeks
7.2

24 Weeks (2016) လူ့ဘဝဆိုတာ နတ်ပြည်ကအပ်တစ်ချောင်နဲ့ငရဲပြည်ကအပ်တစ်ချေင်း ထိပ်ချင်းတိုက်ပြီးဆုံဖို့ကလွယ်လိမ့်မယ် လူ့ဘဝကရဖို့မလွယ်ဘူးဆိုပြီး ပြောကြဟောကြခဲ့တာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလူ့ဘဝဆိုတာလဲ သန္ဓေတည်တဲ့အချိန်ကစပြီး အချိန်တိုင်းဟာ သေခြင်းတရားကိုရင်ဆိုင်နေကြရတာပဲလေ။ အထူးသဖြင့် ခုခေတ်လို ကလေးတွေကိုလွယ်လွယ်မွေးပြီး လွယ်လွယ်စွန့်ပစ်တာတွေ ကိုယ်ဝန်ဖျက်ချတာတွေ ဒီလိုတွေများလာတော့ ဘဝတွေဟာ စတောင်မစရသေးဘူး အဆုံးသတ်သွားကြရတာများလာပါတယ်။ ဒါတွေက တာဝန်ယူလိုစိတ်နည်းပါးလာမှုတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ ဒါပေမဲ့လဲ ဒါတွေကိုအပြစ်တွေလိုက်ပြောနေမဲ့အစား ဒီလိုတွေမဖြစ်အောင် အသိပညာပေးမှ အလုပ်ဖြစ်မှာပါ။ လူတိုင်းဟာ ကိုယ်တိုင်မကြုံရသရွေ့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လိုမှ ပေါ်မလာနိုင်ပါဘူးတဲ့။ ကိုယ်ချင်းစာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်တာပါ။ တခြားနိုင်ငံတွေမှာတော့ မလိုချင်တဲ့ကိုယ်ဝန်ရသွားပြီဆိုရင် ဖျက်ချပိုင်ခွင့်ရှိပါတယ်။ ဒါကတော့ နောက်ဆုံးနည်းလမ်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လူ့ဘဝဟာရဖို့မလွယ်သလို လူစဉ်မှီအောင်မွေးလာဖို့ဆိုတာလဲ မလွယ်ပါဘူး။ လူစဉ်မှီဦးတော့ မွေးရာပါ ရောဂါတွေနဲ့ဆို မွေးပေးတဲ့ မိဘတွေကိုဒုက္ခပေးသလိုတောင်ဖြစ်နေပါသေးတယ်။ ဒီလို ပုံမှန်လူတစ်ယောက်အဖြစ်မွေးဖွားလာတဲ့အတွက်ကို ကံတော်တော်ကောင်းနေပါပြီ။ ဒီလိုဘဝမျိုးကို လိုချင်မဲ့သူတွေ သူများတွေလို လူတန်းစေ့နေနိုင်ချင်သူတွေ ဒုနဲ့ဒေးဆိုတာ သတိရပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ရမှာပါပဲ။ ခုတင်ဆက်ပေးတဲ့ ဂျာမနီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ လူ့ဘဝမှာ လူစဉ်မှီပြီး ခုချိန်ထိအသက်ရှင်ကာ လူ့ဘဝရဲ့ ဒုက္ခသုခတွေခံစားနေရတာကို ကျေးဇူးတင်မိကြမှာအမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း အက်စ်ထရစ်ဆိုတာ အောင်မြင်နေတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်မှာလဲ အောင်မြင်နေသလို လူချစ်လူခင်လဲများပါတယ်။ ကိုယ့်ကိုချစ်တဲ့ ယောကျာ်းနဲ့ ချစ်ရတဲ့သမီးလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားတဲ့သူပေါ့။ အေးချမ်းပျော်ရွှင်ရတဲ့ မိသားစုလေးပါ။ ဒုတိယကိုယ်ဝန်ကိုလဲ လွယ်ထားပြီး အမျိုးသမီးတိုင်းအားကျရတဲ့ စံပြအမျိုးသမီးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီး စစ်ကြည့်တဲ့အချိန်မှာ သန္ဓေသားရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါလာပါတယ်။ ဒီနှလုံးကို မွေးပြီးပြီးချင်းခွဲစိတ်မှသာ ကလေးဟာဆက်လက်အသက်ရှင်မှာပါ။ ဒါနဲ့တင်မပြီးသေးပါဘူး ကလေးကိုအမြဲစောင့်ကြည့်ပြီး ခွဲစိတ်မှုတွေက လိုအပ်တိုင်းလုပ်မှအသက်ရှင်မှာပါ။ ပြောရရင် မွေးကတည်းကဆေးရုံမှာပဲ အသက်ရှင်နိုင်မဲ့အခြေအနေပေါ့။ ဒါကိုက တော်တော်ကိုအခြေနေကောင်းမှ ခွဲနေတုန်းတင်လဲ သေသွားနိုင်တယ်။ ဒီလိုအဖြစ်ဆိုးကြီးကို ကြုံရမဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေးကို ဆေးရုံမှာပဲနေပြီး ဒုက္ခခံခိုင်းရမလား စောစောစီးစီးအဆုံးသတ်လိုက််ရမလား တော်တော်ကိုမှကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ ကိုယ့်ရဲ့ကလေးကို သေမလားရှင်မလားရွေးရမဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကို စာနာပြီးကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 677MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Romance • Comedy • Drama
7.2 2016
24 Weeks
The Color Purple
6.9

The Color Purple (2023) ~ IMDb – 6.9/10, RT – 82%, Meta – 72% ~ ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ဟိုးဟောလိဝုဒ်ရွှေခေတ်မကုန်ခင်ကတည်းက ဒါရိုက်တာကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ စပီးဘာ့ဂ်ရဲ့ဗားရှင်းနဲ့တော့ ယှဉ်ထိုးဖို့လည်း မအပ်စပ်ပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်ကိုအရင်ကြည့်ဖြစ်ဖို့ ကြိုက်ခဲ့ရင်တော့ စပီးဘာ့ဂ်ရဲ့ The Color Purple ကိုလည်း ကြည့်စေချင်တယ်။ ဇာတ်ကအတူတူချင်းဆိုပေမဲ့ မတူညီတဲ့အရသာတချို့ကျန်နေသေးလို့ပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက မူရင်းကတော့ အော်စကာတွေ ၁၀ခုတိတိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ ဒီဗားရှင်းကတော့ Best Supporting Actress နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့ပါတယ်။ မူရင်းမှာ‌တော့ အိုပရာဝင်းဖရေးလို လူမဲ Iconic Person ပါ ပါတယ်။ ဒီမှာတော့ Halle Bailey တို့ ဒီနှစ်မှာပဲ Rustin နဲ့ မင်းသားဆုဆန်ခါဝင်ဝင်ခဲ့တဲ့ Colman Domingo တို့ပါထားတယ်။ ဒီကားကိုလည်း မူရင်းကားထဲက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ စပီးဘာ့ဂ်နဲ့ အိုပရာဝင်းဖရေးတို့အပြင် မူရင်းပရိုဂျူဆာ Quincy Jones ကပါ ပရိုဂျူဆာလုပ်ပေးထားတယ်။ The Color Purple ဟာ ဖိနှိပ်ခံရမှုနဲ့ မျှော်လင့်ချက် ယုံကြည်ချက်တို့အကြောင်းဆိုပြီး ကျွန်တော်တို့ ရိုးရိုးလေး ပြောလို့လည်းရတယ်။ လူမဲသီးသန့်ကားပေမဲ့ လူမဲဖိနှိပ်ခံရမှုအကြောင်းကို သိပ်တော့မပြထားဘူး။ လူမဲအမျိုသမီးတွေကို လူမဲအမျိုးသားတွေက ပြန်ဖိနှိပ်တဲ့အကြောင်းဘက်ကိုပဲ ပိုသွားတယ်။ လူမဲဖိနှိပ်ခံရမှုနဲ့ပတ်သက်ရင်တော့ စပီးဘာ့ဂ်ဗားရှင်းက နည်းနည်းပိုတာသွားလိမ့်မယ်။ ဒီမှာတော့ ထပ်မလိုတော့ဘူးထင်လို့လားမသိ အဲဒီအကြောင်းအရာက တဖြတ်လောက်ပဲပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လည်း ထပ်မလိုလှတော့ဘူးလို့ ထင်ရတာပါပဲ။ လူမဲတွေကိုယ်တိုင်တောင် ထပ်မလိုတော့ကြောင်းကို ဒီနှစ် American Fiction ဆိုတဲ့ ရုပ်ရှင်မှာတင်ပြသွားပြီး ဇာတ်ညွှန်းဆုအော်စကာရသွားခဲ့ပြီးပါပြီ။ ဒီတော့ The Color Purple မှာ လူမဲအမျိုးသမီးတွေ ဖိနှိပ်ခံရမှုသက်သက်ကိုပဲ ပြန်တင်ပြထားတယ်လို့ ဆိုလို့ရပါတယ်။ ဘယ်လောက်ထိဆိုးလဲဆို ညီအစ်မနှစ်ယောက်ရှိတယ်။ သူတို့အဖေက အစ်မဖြစ်သူနဲ့ ကလေးနှစ်ယောက်မွေးပြီး ကလေးတွေကို ရောင်းစားပစ်တာလား သတ်ပစ်တာလားတစ်ခုခုလုပ်ပစ်တယ်။ သူတို့ကိုလည်း ကျွန်ဘဝနဲ့ မသေရုံတမယ်ထားထားတယ်။ တစ်နေ့ လူတစ်ယောက်က သူ့ညီမကို လက်ထပ်ခွင့်လာတောင်းတော့ သူတို့အဖေက သူ့အစ်မကို ပေးလိုက်တယ်။ ပေးလိုက်တယ်ဆိုတာ စကားလှအောင် သုံးနှုန်းလိုက်တာပါ။ တကယ်က ရောင်းစားပစ်တာပါပဲ။ သူ့ညီမကိုတော့ အဲဒီညမှာ သူကြံတယ်။ အထမမြောက်ဘဲ ထွက်ပြေးလာတဲ့ သူ့ညီမက သူ့အစ်မနေတဲ့ဆီရောက်လာတယ်။ နေခွင့်တောင်းတော့ ပေးနေပေမဲ့ အဲဒီညမှာ သူ့အစ်မယောက်ျားက သူ့ကို ကြံပြန်တော့ သူလည်းထပ်ထွက်ပြေးခဲ့ရတယ်။ ဒီတော့ သူတို့အတွက် သူတို့ပဲရှိတဲ့ သိပ်ချစ်ကြတဲ့ ညီအစ်မနှစ်ယောက် ဝေးသွားကြတယ်။ စာပို့လာရင်လည်း သူ့ယောက်ျားက ဖျက်ဆီးပစ်တော့ သူတို့ကြား လုံးဝအဆက်အသွယ်ပျက်သွားတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာအောင် နှိပ်စက်ခံရင်း မျှော်လင့်ချက်နဲ့ စောင့်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.05GB, 3.1GB, 1.65GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 21Min Genre – Drama, Musical Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2023 141 mins
The Color Purple
Easter Bloody Easter

ဝေါဘတ်ဆိုတဲ့ မြို့လေးမှာ အီစတာနေ့မတိုင်ခင် ထူးဆန်းတာတွေ ဖြစ်ပွားပြီး လူတွေသေနေကြပါတယ်။ ဒီမြို့က ဂျင်းနီဆိုတဲ့ အမျိုးသမီးကတော့ ယောက်ျားဖြစ်သူ အိမ်ပေါ်ကဆင်းသွားလို့ လင်ပူမိပြီ အသေအလဲ လိုက်ရှာနေတာပါ။ အဲဒီမှာ ရှာနေရင်းနဲ့ ယောက်ျားတော့ပြန်မတွေ့ပဲ သူတို့မြို့ကို ဒုက္ခပေးနေတဲ့ ဂျက်ကလုဒ်လို့ခေါ်တဲ့ ဂျိုပါတဲ့သမန်းယုန်ကြီးတစ်ကောင်က သူ့ရဲ့ ယုန်ဇိုးလေးစစ်တပ်နဲ့အတူ တစ်မြို့လုံးကို အန္တရာယ်ပေးမယ်ဆိုတော့ သိလိုက်ရတော့ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ ကာကွယ်တိုက်ခိုက်ဖို့ ဖြစ်လာပါတော့တယ်။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thura Aung

Horror • Science Fiction
0 2024
Easter Bloody Easter
Sisterhood, Inc.

IMDB rating – 6.0% Cm ပရိတ်သတ်ကြီးကို 2025 ခုနှစ်ထွက် Sisterhood, Inc. ဆိုတဲ့ ညီအစ်မဘ၀ကို ဖော်ကျူးရိုက်ကူးထားတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအကျဉ်းလေးကတော့ အလုပ်ကို ဦးစားပေးလွန်းတတ်တဲ့ မီဂန်နဲ့ ဘ၀မှာ အေးအေး‌ဆေးဆေးဖြတ်သန်းပြီး မာမားဂဲလ်ဖြစ်တဲ့သူ့ညီမ အစ်ဇီတို့အကြောင်းကို အဓိကဖော်ပြထားပါတယ်။ မီဂန်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်တတ်ပြီး အမှီအခိုကင်းစွာနေတတ်ပေမယ့် အစ်ဇီကတော့ အဲ့လိုဟုတ်မနေပါဘူး။ အစ်ဇီ့အသက်ကလဲ 30 နီးပါးဖြစ်နေပြီးတော့ သူက သူ့အစ်မလိုမျိုးဖြစ်ချင်ပါတယ်ဆိုပြီး မီဂန့်ဆီမှာ အကူအညီသွားတောင်းပါတော့တယ်။ မီဂန်ကလဲ ကုမ္ပဏီကနေ လတ်တလောကမှ အထုတ်ခံထားရတာဆိုတော့ အစ်ဇီ့ကို ဘယ်လို‌တွေပြောင်းလဲပေးမှာလဲ၊ သူတို့ထင်ထားသလိုရော အရာရာက အဆင်ပြေချောမွေ့သွားမှာလားဆိုတာကို ကြည့်ရှု့ရမှာပါ။ ဒီဇာတ်ကားလေးဟာ အမေနဲ့ သားသမီး၊ ညီအစ်မ၊ အလုပ်အကိုင် စသဖြင့် ထောင့်ပေါင်းစုံ အဖက်ဖက်ကနေ ရိုက်ကူးထားတာမို့လို့ ကြည့်သင့်ကားလေးဖြစ်ပြီး၊ အကျိုးမယုတ်စေရပါဘူးလို့ အာမခံပါတယ်။ File size…(1.5 GB)/(786 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Tv Movie, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 2025
Sisterhood, Inc.
Sujo
7.1

Sujo (2024) IMDb Rating (7.1) / Rotten Tomatoes (93%) ရုပ်ရှင်ရဲ့အဆုံးမှာတော့ ဒီရုပ်ရှင်ဟာ မီးဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံတော်ထဲက မိဘမဲ့ကလေးတွေအတွက်လို့ ရေးထားခဲ့တယ်။ အဖေက အဖေမရှိ သားက အဖေမရှိတဲ့ မျိုးအဆက်ဆက် မိဘမဲ့အထပ်ထပ်ပြန်ဖြစ်ခဲ့ရတဲ့ မရှင်သန်ချင်စရာ နိုင်ငံတော်ကြီးထဲက ဘဝတွေအကြောင်းပေါ့။ ကမ္ဘာစ-စ်ဦးတုန်းကတော့ လန်ဒန်မြို့ကြီးပေါ် ဗုံးတွေအလီလီကျလာတော့ မိဘတွေက သူတို့ကလေးတွေကို ဘေးကင်းရာ ကျေးလက်မြို့တွေဆီ ပို့ခဲ့ကြတယ်။ မီးဟုန်းဟုန်းတောက်နေတဲ့နိုင်ငံကြီးထဲ မိဘနဲ့ခွဲခဲ့ရတဲ့ ကလေးတွေက သနားစရာတော်တော်ကောင်းပါတယ်။ ဒီရုပ်ရှင်မှာတော့ စစ်ကြီးမပါဘူး။ စစ်ကြီးမပါတိုင်း စစ်ကြီးမဖြစ်နေတာတော့မဟုတ်ဘူးမလား။ စစ်ကြီးမဖြစ်ဘဲ စစ်ကြီးဖြစ်နေတာတွေလည်းရှိတယ်။ စစ်ကြီးမဖြစ်ဘဲ မီးဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံတော်တွေလည်းရှိတယ်။ အခုတော့ အဲဒီမီးတွေထဲ မိဘပါမရှိတဲ့ ကလေးတွေအကြောင်းပေါ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (940 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:07:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

7.1 2024 127 mins
Sujo
GATAO: Like Father Like Son
6.2

ကြမ်းမှရမ်းမှဆိုတဲ့ ဂိုဏ်းစတားပရိသတ်တွေအတွက် Golden Horse Film Festival မှ ာ Nomineeတစ်ခု နဲ့အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုတစ်ခုရခဲ့တဲ့ ထိုင်ဝမ်ကားကြမ်းကြမ်းတစ်ကားကိုCMမှတင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထိုင်ဝမ်မြောက်ပိုင်းမြို့တစ်မြို့မှာ လူမိုက်ဂိုဏ်း(၄)ဂိုဏ်းက ကိုယ့်ပိုင်နက်နဲ့ကိုယ်ကြီးစိုးပြီး သင့်သင့်မြတ်မြတ်နေကြတယ်။ မျိုးသစ်လူငယ်တစ်ယောက်ဖြစ်တဲ့မိုက်ကယ်က မူးယစ်ဆေးရောင်းတဲ့အပြင် သူ့အဖေရဲ့လုပ်ရပ်တွေကိုအားမရပဲ လောဘတက်ပြီးတစ်နယ်လုံးကို ကြီးစိုးနိုင်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး။ အဲဒီအချိန်မှာပဲ ပိုက်ဆံရှာဖို့ တစ်ခုထဲနဲ့မိုက်ကယ်ဆီရောက်လာတဲ့ ဂိုဏ်းမရှိ အဖွဲ့အစည်းမရှိတဲ့ လူငယ်လေး(၃)ယောက်က လူမိုက်ဂိုဏ်းပိုင်လောင်းကစားရုံမှာပိုက်ဆံလုပြီးပြန်လာနိုင်ခဲ့ကြတယ်။ သူအထင်မကြီးတဲ့ကောင်လေးတွေက ဘာမှမဖြစ်ပဲပြန်လာနိုင်တဲ့အတွက် မိုက်ကယ်ကအံ့ဩပြီး သဘောကျနေခဲ့တယ်။ ဒီလိုနဲ့ အရင်မျိုးဆက်ကိုကျော်ပြီး အာဏာလုချင်တဲ့မိုက်ကယ်တို့ရဲ့ဂိုဏ်းအရှုပ်အထွေးပဋိပက္ခတွေကြားမှာ လက်ရဲဇက်ရဲလူငယ်လေး(၃)ယောက်က ဘုမသိဘမသိရောက်သွားပါတော့တယ်။ ဉာဏ်များတဲ့အဖိုးကြီးတွေနဲ့ စိတ်အားထက်သန်ပြီးစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူငယ်မျိုးဆက်ကြားကတိုက်ပွဲဟာ ဘယ်လိုအဆုံးသတ်မလဲဆိုတာစိတ်ဝင်စားစရာပါပဲ……

6.2 2025
GATAO: Like Father Like Son