YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Merise Merise (2022) HQ HDRip.1080p(CM).mp4

1.44 GB N/A video/mp4 1442 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Passengers of the Night
7.1

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9Gb | 833MB | 405MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Action • Drama • Science Fiction • Thriller
7.1 2022 111 mins
The Passengers of the Night
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
Beyond the Edge
5.5

မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီး လိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမား အနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ် ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီး နောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေ အားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကို သိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကို တစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့ မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့် ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခု ဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Horror • Fantasy
5.5 2018
Beyond the Edge
Here Comes the Groom
5.1

Here.Comes.The.Groom(2023) ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်ဟာသရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာမာနီနက်ဇ်ကရိုက်ကူးတည်းဖြတ်ထားတာပါ။ Metro Manila Summer Film Festival မှာ ရုပ်ရှင်ဆု၃ဆုနဲ့ဇာတ်ဆောင်ဆု၉ဆုရရှိထားတဲ့ဇာတ်လမ်းလေးပါ။ ၂၀၁၀မှာဒါရိုက်တာမာတီနက်ဇ်ဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးထုတ်လုပ်တဲ့ Here Come The Bride အောင်မြင်မှုကြောင့် ၂၀၂၂နှစ်လယ်လောက်မှာအလားတူဇာတ်လမ်းရိုက်ကူးဖို့ထပ်ဆုံးဖြတ်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့မိသားစုတစ်စုဟာ မင်္ဂလာပွဲကျင်းပဖို့အပန်းဖြေစခန်းသို့အသွား လမ်းမှာမာမီရှိန်းတို့တစ်သိုက်ကားဘရိတ်ပေါက်ပြီးလာတဲ့ကားနဲ့‌ခေါင်းချင်းဆိုင်တိုက်မိပါလေရော။ ဖြစ်ချင်တော့ အချိန်ကနေကြတ်နေတဲ့အချိန် ရောက်နေတဲ့နေရာကသံလိုက်တောင်ကုန်း စတဲ့အကြောင်းတရားတွေကြောင့် လူတွေဝိညာဉ်ချိန်းကုန်တဲ့အခါ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုလို့ကောင်းတဲ့ဇာတ်လမ်းလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.6GB | 1.27GB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

5.1 2023 107 mins
Here Comes the Groom
A Really Haunted Loud House
6.4

A Really Haunted Loud House (2023) =========================== October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။ The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ အပြင် ဆယ်ယောက် ပေါင်းလောင်းကျော်တတ်တဲ့ ညီအစ်မတစ်သိုက်ကလည်း ပါဝင်အားဖြည့်ကူညီ ပေးထားပါသေးတယ်။ ပိတ်ရက်ကို အိမ်မှာ အေးဆေးအနားယူရင်း မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.51 GB) / (629 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 12Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Family Translator……May Thet Khine Soe Encoder……….SWM

6.4 2023 72 mins
A Really Haunted Loud House
Kahi De Ne Prem Chhe
8.8

Kahi De Ne Prem Chhe (2023) “သာလိကာမလေးရဲ့ ချစ်ပုံပြင်” IMDb – 8.8/10 အိန္ဒိယရုပ်ရှင်ပရိသတ်တို့အတွက် အချစ်ဇာတ်လမ်းလေးတပုဒ် တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က မျက်နှာသစ်တွေဆိုပေမဲ့ သွက်လက်ထက်မြတ်တဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဇာတ်လမ်းမှာ မျောပါသွားစေမှာပါ။ အန်ဂျလီဆိုတဲ့ အမျိုးသမီးလေးက ရွာငယ်လေးကနေ မြို့ကြီးကိုတက်လို့ အလုပ်သွားလုပ်ဖို့ရာ စိတ်အားထက်သန်တဲ့သူလေး။ အဒေါ်ဖြစ်သူက DDLJထဲက ဆင်မရန်ဘ၀ထဲကို ရာ့ဂျ်ပါလာခဲ့သလို ပါလာပါလိမ့်မယ်တော်လို့ ပြောပေမဲ့ အဖေဖြစ်သူက သမီးဖြစ်သူဆန္ဒအတိုင်း မြို့ကြီးကို စေလွှတ်ခဲ့ပါတယ်။ အာဒီတယာဆိုတာ မြို့က ကုမ္ပဏီပိုင်ရှင်သူဌေးလေးတစ်ဦး။မိသားစုဆိုလို့ စိတ်သိပ်မပြည့်တဲ့ အစ်ကိုတစ်ယောက်ပဲရှိပြီး အစ်ကိုဖြစ်သူကိုပဲ ဂရုစိုက်ရင်း အချစ်တွေ အိမ်ထောင်ရေးတွေကို စိတ်မဝင်စားတဲ့သူ။ အာဒီတယာတို့ ညီအစ်ကိုနှစ်ယောက်တည်းရှိတဲ့ ဘ၀ထဲကို အန်ဂျလီလေး ဝင်လာတဲ့အခါမှာတော့။ အချစ်ကို အယုံအကြည်မရှိတဲ့ အာဒီတယာတစ်ယောက် ချစ်တတ်သွားမှာလား။ အန်ဂျလီကရော အာဒီတယာကို ချစ်တတ်အောင် သင်ပေးသွားမှာလားဆိုတာအပြင် ကြည်နူးစရာ ရင်နင့်စရာဇာတ်ကွက်များရယ်နဲ့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.8 2023
Kahi De Ne Prem Chhe
Johan Falk: Lockdown
7.2

ဆွီဒင် အက်​ရှင်​စုံထောက်ဇာတ်ကားတွေဖြစ်တဲ့ Johan Falk ရုပ်​ရှင်​တွေရဲ့ ၂၀၁၅ မှာထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားက Imdb rating မှာ ၇.၂ ထားပြီး​ ဆွီဒင်စကားပြောရုပ်ရှင်ဖြစ်ပါတယ်။ အဓိက​ဇာတ်လိုက်​ဖြစ်တဲ့ Johan Falk​ နဲ့ GSI အဖွဲ့​ကိုပဲ အခြေ​တည်​ထားတာ​ဖြစ်ပြီး​ တစ်နှစ်​ထဲထွက်ရှိခဲ့တဲ့ Johan Falk​ : Blood Diamonds နဲ့ အဓိက​ဆက်စပ်နေပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ဂိုသင်ဘတ်မြို့က ရဲစခန်း​တစ်​ခုမှာ လူသတ်​မှုဖြစ်သွားပြီး ရဲစခန်း​တစ်ခုလုံး​ကို လော့​ဒေါင်း​ချ​ပြီး တရားခံကိုပိတ်ဆို့ဖမ်းဆီးရပါတယ်။ သေဆုံး​သူက GSI ရဲ့ အဖွဲ့​အကြီးအကဲ​ဟောင်းဖြစ်သူ Patrik ဖြစ်ပြီး Johan Falk​ ရဲ့ မိတ်ဆွေ​လည်း​ဖြစ်ပါတယ်။ သတ်​သူကလည်း ရဲအရာရှိတစ်ဦးဖြစ်နေပြီး သူ့ကို​စေခိုင်း​သူ ဘယ်သူလဲဆိုတာနဲ့ နောက်​ကွယ်က ကြိုး​ကိုင်​သူကို Johan နဲ့ GSI အဖွဲ့​သားတို့ရှာဖွေဖော်ထုတ်ရပုံကို တင်​ဆက်​ထားပါတယ်။ များ​ပြားလှတဲ့ Johan Falk​ ဇာတ်ကား​တွေထဲက တစ်ခုဖြစ်ပြီး Action ဖက်ထက် စုံထောက် Mystery ဖက်ကို ကိုအသားပေးထားပါတယ်။ ကြည့်နေကျ အမေရိကန်​စုံထောက်​ဇာတ်လမ်း​တွေနဲ့မတူတဲ့ ဥရောပ​ဇာတ်​ကားလေးဖြစ်ပါတယ်။ ဇာတ်​အိမ်​က ရှုပ်​ထွေး​နေတာ​မျိုး​မရှိပေမဲ့ အရင် Johan Falk ဇာတ်ကား​တွေ​ကြည့်ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။ File size…(881 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:39:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

7.2 2015
Johan Falk: Lockdown
Love Lies Bleeding
7.3

Love Lies Bleeding (2024) [18+] ==================== IMDb Rating – 7.3/10 (မာတုဂါမအချင်းချင်း မေထုန်မှီဝဲတာတွေ၊ ပါဏာတိပါတာ ကျူးလွန်တာတွေ အရှင်းကြီးပြထားလို့ မိသားစုနဲ့ ကလေးတွေနဲ့ မကြည့်သင့်ပါဘူး။) မင်းသမီး Kristen Stewart ရဲ့ မှုခင်း အက်ရှင်အသစ်တစ်ကား ရပါပြီ။ Thelma & Louise 1991 တုန်းကလို ၉၀ အငွေ့အသက်တွေနဲ့ ပျော်စရာလေးကနေ တလွဲ တွေဖြစ်ကုန်ပြီး အကြမ်းပတမ်းတွေ ပါလာတဲ့ဇာတ်လမ်းမျိုးပါပဲ။ ဂျက်ကီဟာ ဗေးဂတ်စ်မှာ ကာယအလှမယ်သွားပြိုင်မဲ့သူပါ။ လူလူရဲ့မြို့လေးမှာ ခရီးတထောက်ဝင်နားရင်း လူလူနဲ့ ချစ်ကြိုက်မိသွားပါတယ်။ လူလူရဲ့အစ်မကို သူ့ယောက်ျားက ဆေးရုံရောက်တဲ့အထိ ရိုက်နှက်လိုက်လို့ စိတ်မထိန်းနိုင်တော့ဘဲ လူလူနဲ့ ပြဿနာဖြစ်ရာကနေ မီးခိုးကြွက်လျှောက် အမှုတွေ တသီတတန်းကြီး ဖြစ်လာပုံကို ပြထားတာပါ။ ၉၀ ကာလ မှုခင်းအက်ရှင်တွေရဲ့ Vibe မျိုးအပြည့် ရမှာမို့ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(4.1 GB)/ (1.41 GB) / (650 MB) Quality…………WEB-DL 4K HEVC/1080p / 720p Duration………1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Crime Translator…….Mr.Anderson Encoder……….SWM,Ka Naung

Adventure • Comedy • Drama
7.3 2024 104 mins
Love Lies Bleeding
Dazed and Confused
7.6

ဒီရုပ်ရှင်က ၁၉၇၆ ခုနှစ် မေလ ၂၈ ရက်မှာ အော်စတင်၊ တက္ကဆက်ဒေက အထက်တန်းကျောင်းတစ်ခုရဲ့ ကျောင်းစာသင်နှစ် နောက်ဆုံးရက်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ IMDb 7.6 , Rotten Tomatoes 93% အထိရထားပါတယ်။ ဒီရုပ်ရှင်မှာ ဇာတ်လိုက်အုပ်စုတစ်ခုတည်းနဲ့ ဇာတ်လမ်းသွားတစ်ခုတည်းနဲ့မဟုတ်ဘဲ ကွဲပြားတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ထားတဲ့ ဇာတ်လမ်းတွေကို အဓိကထားပြီး ရိုက်ကူးထားတာပါ။ ဥပမာအနေနဲ့၊ နိုင်ငံတကာတန်း လူမိုက် စီနီယာကျောင်းသားတွေရဲ့ အကြမ်းဖက် သောင်းကျန်းကြတာတွေ၊ အားကစားသမားဖြစ်ပေမဲ့ ဘီယာသောက် ဝိ‌သောက် ပျော်ပါးရတာနှစ်ခြိုက်တဲ့ ဘောလုံး (ဘေ့စ်ဘော) ကစားသမားကျောင်းသားတစ်ယောက်နဲ့ အသင်းအတွက် အပျော်အပါးကိစ္စတွေကိုစွန့်လွှတ်ဖို့ရာ စာချုပ်ရေးထိုးဖို့ တိုက်တွန်းနေတဲ့ သူ့နည်းပြအကြောင်း၊ အရင်က အပျော်အပါးကိစ္စတွေကို လုပ်လေ့မရှိ‌ခဲ့ပေမဲ့ ဒီညနေရောက်တော့မှ ပါတီတစ်ခုကိုတက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့ အထက်တန်းနှစ်က သိပ္ပံစာဂျပိုး ဂိသူငယ်ချင်းတစု၊ အထက်တန်းပထမနှစ်ကို စတက်ခါစမှာပဲ စီနီယာတစ်အုပ် ပစ်မှတ်ထားတာကိုခံရပြီး သူတို့လက်ကလွတ်အောင်ပြေးနေရတဲ့ ဂျူနီယာကျောင်းသားသူငယ်ချင်းတစ်စု စသဖြင့် မတူညီတဲ့ လူငယ်အုပ်စုတွေနဲ့ ဇာတ်ကောင်တွေရဲ့ အဖြစ်အပျက်တွေကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ကျောင်း‌နောက်ဆုံးနေ့မှာ Lee High အထက်တန်းကျောင်းက အထက်တန်းကျောင်းသား ကျောင်းသူတွေစုပြီး ထိုခေတ်အခါက လူငယ်တွေရဲ့သင်္ကေတတွေဖြစ်တဲ့ အောက်ကဘဲလ်ဘောင်းဘီနဲ့ အပေါ်က ရှပ်လက်တို၀တ်၊ Low rider ကားကြီးတွေနဲ့ သူငယ်ချင်းတွေအုပ်လိုက် မြို့ထဲပတ်တာတွေ၊ ဘီယာ ဆေးခြောက်စုသောက်ကြတာတွေ စသဖြင့် ကျောင်းသားလူငယ်တွေတစ်ညလုံးကဲကြတဲ့အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးပြထားတာပါ။ ဒီရုပ်ရှင်ဟာ အသက် ၁၃ ကနေ ၁၈ အတွင်းက အခက်အခဲဆုံးကာလတွေကို ပြန်အမှတ်ရစေပြီး၊ ဒီကာလတွေမှာရခဲ့တဲ့ နာကျင်မှု‌တွေ၊အမှတ်တရဖြစ်စေတဲ့ ဘ၀ရဲ့ပထဆုံးအတွေ့အကြုံတွေ၊ အရသာတွေကို ပြန်အမှတ်ရစေတယ်လို့ ပြောရပါမယ်။ ဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်ကောင်တွေဟာ အနာဂတ်မှာ ကြယ်ပွင့်ဖြစ်လာမယ့် သရုပ်ဆောင်တွေဖြစ်ပြီး Jason London, Ben Affleck, Milla Jovovich, Cole Hauser, Parker Posey, Adam Goldberg, Matthew McConaughey, Nicky Katt, Joey Lauren Adams, နဲ့ Rory Cochrane တို့လို သရုပ်ဆောင်တွေပါဝင်ထားပါတယ်။ ဒါရိုက်တာ Linklater ဟာ သူ့ရဲ့ လူငယ်ဘဝကို အခြေခံပြီး ဇာတ်ညွှန်းကို ရေးသားခဲ့ပြီး၊ သူ့ရဲ့ မွေးရပ်မြေက လူတွေရဲ့ နာမည်တွေကို ဇာတ်ကောင်တွေအတွက် အသုံးပြုခဲ့ပါတယ်။ အဲဒီတုန်းက ဒါရိုက်တာ Linklater ကရုပ်ရှင်အတွက် ရွေးချယ်ခံရတဲ့ သရုပ်ဆောင်တွေကို ကိုယ့်‌ဇာတ်ကောင်ကို ကိုယ်တိုင်တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့ပြီး အပိုဇာတ်၀င်ခန်းတွေအတွက်လည်း ဇာတ်ညွှန်းရေးပေးခိုင်းခဲ့တယ်လို့လည်းဆိုပါတယ်။ Linklater က ဒီရုပ်ရှင်နောက်ခံတေးအတွက် ၇၀ ခုနှစ်က ရော့ခ်သီချင်းတွေအများကြီးကို စုစည်းပြီး အလျှံပယ်ထည့်သွင်းခဲ့ပါတယ်။ Gramercy Pictures က ဒီရုပ်ရှင်ကို Stoner ရုပ်ရှင်ဆိုပြီး ကြော်ငြာခဲ့တာကြောင့် Linklater တစ်ယောက် လန့်ဖျပ်သွားခဲ့ရပါသေးတယ်တဲ့။ စက်တင်ဘာ ၂၄၊ ၁၉၉၃ မှာ ရုံတင်ပြသခဲ့တဲ့ ဒီရုပ်ရှင်ဟာ Box Office မှာ အရှုံးပေါ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာ ရုံတင်ဝင်ငွေဒေါ်လာ ၈ သန်းအောက်ပဲရရှိခဲ့ပါတယ်တဲ့။ ဒီရုပ်ရှင်ဟာ နောက်ပိုင်းမှာ Home video market လို့ခေါ်တဲ့ ဗီဒီယိုရုပ်ရှင်ကား အငှားဈေးကွက်မှာမှ စအောင်မြင်သွားခဲ့ပြီး ဂန္တ၀င်လူငယ်ရုပ်ရှင်တွေထဲကတစ်ကား ဖြစ်လာခဲ့တာပါ။ Entertainment Weekly မဂ္ဂဇင်းရဲ့ အကောင်းဆုံးအထက်တန်းကျောင်းရုပ်ရှင် ၅၀ စာရင်းမှာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး၊ “လွန်ခဲ့သော ၂၅ နှစ်အတွင်း ရယ်စရာအကောင်းဆုံးရုပ်ရှင်များ” စာရင်းမှာ ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ညွှန်းတာတွေလည်း များသွားပြီမလို့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7.6 1993 102 mins
Dazed and Confused
The Outsider
4.7

Western Vibe အပြည့်ပါတဲ့ဇာတ်ကားတွေထဲကမှ The Outsider ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မီးရထားလမ်းဖောက်လုပ်ရေးက အလုပ်သမားတစ်ယောက်ဖြစ်တဲ့ ဂျင်းဖန်းဂ်တို့ ဇနီးမောင်နှံဘဝထဲကိုမမျှော်လင့်တဲ့ အဖြစ်ဆိုးကြီးတစ်ခု ဝင်ရောက်လာပုံနဲ့ စတင်ထားပါတယ်။ မပြောပလောက်တဲ့ အချင်းဖြစ်ပွားမှုလေးတစ်ခုကြောင့် ဂျင်းဖန်းဂ်ကို ဥပဒေဘက်တော်သားအမည်ခံအာဏာအလွဲသုံးစားသူ ဂျိမ်းစ်ဝေါ်ကာက မတရားဖမ်းဆီးပြီး ဇနီးဖြစ်သူကို ထိုညမှာပဲ မတော်တရားကြံဖို့ ကြိုးစားခဲ့ပါတယ်.။ ဂျင်း အနေနဲ့ ထောင်ထဲကနေ လွတ်မြောက်ခဲ့ပြီး ဇနီးဖြစ်သူဆီ လာခဲ့ပေမယ့်လီဖန်းဂ်ရဲ့ အလောင်းကသာ ကြိုဆိုနေခဲ့ပါတယ်။ အဆုံးစွန်အထိ ဖိနှိပ်မှုနဲ့တွန်းအားတွေကြောင့် ဂျင်းဖန်းဂ်လို သာမန်မီးရထားအလုပ်သမားလေးတစ်ယောက်ဟာလည်း မာရှယ်ဝေါ်ကာ နဲ့သား ဂျိမ်းစ်ဝေါ်ကာတို့အတွက် ခြိမ်းခြောက်မှု တစ်ခု ဖြစ်လာခဲ့ပါပြီ။ သားရဲ့အမှားတစ်ခုကို ဖုံးဖိဖို့ကြံစည်ကာ ဂျင်းရဲ့နောက်ကို ခြေရာခံအမဲလိုက်ဖို့ မာရှယ် စေလွှတ်သမျှလူတွေဟာလည်း “The Hunters become Hunted” ဆိုသလိုပဲ လက်တုံ့ပြန်ချင်စိတ်ကသာ ထိန်းချုပ်နေသူ၊ ဆုံးရှုံးစရာမရှိတော့သူဖြစ်တဲ့ “The Chinaman” ဂျင်းဖန်းဂ်ရဲ့ သားကောင်သာ ဖြစ်လာခဲ့ပါတယ်။ စကားတွေရှည်ရှည်ဝေးဝေးပြောမနေဘဲ သေနတ်နဲ့သာ ဖြေရှင်းကြတဲ့ Guns Blazing Action ဇာတ်ကားလေးတစ်ကားကို CM ပရိသတ်များ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size… 886 MB / 383 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Western Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Sai Sumali

4.7 2019
The Outsider
Dirty Money
7

Dirty Money (2024) ********************* Reply 1994, Hospital Playlist, Kingdom စတဲ့ နာမည်ကြီးကားတွေထဲမှ သရုပ်​ဆောင် Jung Woo, Kim Dae-myung, Park Byeong-eunတို့ အဓိကပါဝင်သရုပ်​ဆောင်ထားတဲ့ Dirty Money ဆိုတဲ့ ပရိသတ်ကြီးတို့အကြိုက် Crime-action အမျိုးအစား ရုပ်ရှင်အသစ်စက်စက်လေး ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအညွှန်း- သမီးဖြစ်သူရဲ့ ခွဲစိတ်စရိတ်​ကြောင့် ပူပန်​နေရတဲ့ စုံ​ထောက်နဲ့ အ​ကြွေး​ကြောင့် သူငယ်ချင်းဆီမှာ ​ခြေချုပ်မိခံ​နေရပြီး သူလျှိုလုပ်​နေရတဲ့ တွဲဖက်စုံ​ထောက်တို့ အခင်းဖြစ်​နေရာက ရခဲ့တဲ့ သက်​သေပစ္စည်းကို ဖြတ်လုပြီး ပိုက်ဆံ​တွေကိုခိုးယူဖို့ ကြံစည်ကြတဲ့ စုံထောက်နှစ်ယောက် ပိုက်ဆံသယ်ဖို့ အကူတစ်​ယောက်ကို ခေါ် ပြီး ဓါးပြသွားတိုက်တဲ့အခါ ​နောက်ကွယ်ကနေ လုပ်ကြံ ပစ်ခတ်လိုက်တဲ့ကျည်ဆံ​ကြောင့် အကူ​ကောင်​လေးသေဆုံးသွားပြီး စုံ​ထောက်ဘဝက​နေ ရုတ်ချည်း တရားခံ​ဘဝကို​ ရောက်သွားပါတော့တယ်။ ဝရမ်းပြေးဖြစ်သွားတဲ့ စုံထောက်နှစ်ယောက် အကျပ်အတည်း​တွေက​နေ လွတ်​​မြောက်ဖို့ တရုတ်ဂိုဏ်းနဲ့ အကြမ်းဖက်မှုခင်းဌာနက​နေ ရုန်းထွက်နိုင်ဖို့ ဘယ်လို​တွေ ကြိုးစားသွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှု​ပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Stary မှ ရေးသားပေးထားပါတယ်။) File size… 1.39GB / 520MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Action, Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary & Hnin Wai Oo

7 2024 120 mins
Dirty Money
Fog of War
5.3

ဂျာမန်နဲ့အမေရိကန်တို့ စစ်ဖြစ်နေစဉ်ကာလက ကြေကွဲစရာ အချစ်ဇာတ်လမ်းလေးတစ်ကို စိတ်ကူးယဉ်ပုံဖော်တင်ဆက် ထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေး လိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Fog Of War ဖြစ်ပြီး လက်ရှိ IMDb Rating 5.3 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ နာမည်ကြီး Supernatural Series ထဲမှာ Michael အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Jake Abel တို့ Deadpool ထဲကမီးကောင်မလို့လူသိများကြတဲ့ Brianna Hildebrand ကိုဒီဇာတ်ကားထဲမှာ ရှေးခေတ်ပုံစံလှလှပပ တွေ့ရမှာဖြစ်ပြီး တခြားသော နာမည်ကြီးသရုပ်ဆောင် များလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဇာတ်လမ်းအစကတော့ ဂျင်းဆိုတဲ့ အမေရိကန်တိုက်လေယာဉ်မှူး ဂျာမန်တွေလက်ချက်ကြောင့် လေယာဉ်ပျက်ကျပြီး ဒဏ်ရာ ရခဲ့ရာကနေစတာပါပဲ။ဂျင်းက ဂျာမန်တွေကိုတိုက်ထုတ်ရာမှာ ထူးချွန်ခဲ့တဲ့တပ်သားတစ်ယောက်ဖြစ်တဲ့အတွက် သူ့ကိုဆုချဖို့ အတွက် သူ့ရဲ့ဇနီးလောင်းဖြစ်သူ OSS အေးဂျင့် ပန်နီတို့ကို ခွင့်ပေးပြီး ပန်နီ့ဦးလေးနဲ့အဒေါ်တို့ဆီကိုသွားလည်ခွင့်ပေးခဲ့ ပါတော့တယ်။ဒါပေမယ့် ဒီခရီးစဉ်ရဲ့နောက်ကွယ်မှာတော့ ဂျင်းအတွက်စစ်ဆင်ရေးတစ်ခုရှိ‌နေခဲ့ပါတယ်။အဲ့ဒါကတော့ သူတို့ရဲ့ကျူးကျော်တိုက်ခိုက်မဲ့ အချက်အလက်တွေပေါက် ကြားခဲ့ပြီး ပေါက်ကြားခဲ့တဲ့နေရာက သူတို့သွားမဲ့နေရာအနီး အနားမှာဖြစ်နေတဲ့အတွက် ဂျင်းကိုစုံစမ်းစစ်ဆေးခိုင်းဖို့အကြံနဲ့ လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ ဂျင်းနဲ့ပန်နီတို့အဲ့ဒီကိုရောက်ခဲ့ကြပြီး ဒီပေါက်ကြားမှုကြီးရဲ့ နောက်ကွယ်က တရားခံအစစ်အမှန်ကို ဂျင်းတစ်ယောက် ရှာဖွေဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို စစ်ပွဲကာလဇာတ်ကား ဆိုပေမဲ့ ဒရာမာဆန်ဆန်စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… (1.25GB) / (759MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Crime • Action • Thriller
5.3 2025 103 mins
Fog of War
The Biggest Fan
4.3

The Biggest Fan (2025) ဒီရုပ်ရှင်လေးကတော့ 2025 ထွက် မက္ကစီကိုဟာသကားလေးပဲဖြစ်ပါတယ်။ လာရာခရုဇ်ဟာ မက္ကဆီကန်လူမျိုး ဟောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး နာမည်ကြီး “Special Crimes” ဇာတ်လမ်းတွဲရဲ့ ပင်တိုင်စံမင်းသမီး တစ်ဦးဖြစ်ပါတယ် ။ တစ်ရက်သူဟာ ပွဲတစ်ခုကို တက်ရောက်ရင်း ပရိတ်သတ်တစ်ဦးကို မတော်တဆရိုက်မိလိုက်ရာကနေ အဆိုပါဗီဒီယိုဟာ အင်တာနက်မှာ Viral ဖြစ်သွားပြီး အားလုံးကမုန်းကာ ဘွိုင်းကော့ ဝိုင်းလုပ်ကြလို့ “Special Crimes” ကနေလည်း အထုတ်ခံလိုက်ရပြီး နာမည်ကြီး မင်းသမီးအဖြစ်ကနေ နေ့ခြင်းညခြင်း အလုပ်လက်မဲ့ ဘဝကို ရောက်သွားပါတော့တယ်။ ထို့သို့နေထိုင်ရင်း တစ်ရက်မှာတော့ သူမရဲ့မွေးရပ်မြေ မက္ကဆီကိုက ရုပ်ရှင်တစ်ကားမှာ ပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီလိုနဲ့ လာနာလည်း သူမရဲ့နာမည်ကို ပြန်အဖတ်ဆယ်နိုင်ဖို့ရည်ရွယ်ချက်နဲ့ မက္ကဆီကိုနိုင်ငံကို ခရီးထွက်လာပါတော့တယ်။ တည်းခိုရာ ဟိုတယ်ရောက်ရောက်ခြင်း ဟိုတယ်က ပိုလီဆိုတဲ့ ရေကန်သန့်ရှင်းရေးမိန်းကလေးက သူမရဲ့အမာခံပရိတ်သတ်ပါဆိုပြီး လာနာကိုနှုတ်ဆက်လာပါတယ်။ နောက်ရက်တွေမှာလည်း ပိုလီဟာ လာနာကို ဇွတ်ဝင်ရောပြီး သူမရဲ့ မိသားစုတစ်ခုလုံးကိုပါ ရိုက်ကွင်းကို‌ ခေါ်ချလာပါတယ်။ အဲ့လိုနဲ့ တစ်ရက်မှာတော့ လာနာဟာ အွန်လိုင်းဆယ်လီတစ်ဦးဖြစ်တဲ့ပိုလီကို သူမရဲ့နာမည်ကို ဆိုရှယ်မီဒီယာကို သုံးပြီး ပြန်မြင့်တင်ပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ လက်ထောက်ခန့်လိုက်ပါတော့တယ်။ သူမရဲ့နာမည်ကို အဖက်ပြန်ဆယ်မယ့် နာမည်ကြီးထမင်းငတ်လာနာနဲ့ ရေကူးကန်သန့်ရှင်းရေး ဘဝကနေ မင်းသမီးရဲ့လက်ထောက်ဖြစ်လာတဲ့ ပိုလီတို့ ဘယ်လို ဆက်စခန်းသွားကြမလဲ ဒီဟာသကားလေးမှာ ဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကို Swan Yee Myo Thant မှတင်ဆက်ထားပါတယ်။) File size… (1.7 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:33:44 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Swan Yee Myo Thant

4.3 2025 91 mins
The Biggest Fan
Final Destination 5
5.9

Final Destination 5 (2011) ************************** IMDb…..5.9 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ…. ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ……. Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး… မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယခုလည်း New Line Cinema က Final Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ War Dog/ Baby Chit ပဲဖြစ်ပါတယ်) File Size : 5.53GB / 1.61GB/ 740MB Quality : 4K/ Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:30:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by War Dog/ Baby Chit Encoded by Aaron, Tiff

History • Action • Drama
5.9 2011 91 mins
Final Destination 5