YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Men.Up.2023.720p.(CM).mp4

543.68 MB 720p video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Seducing Mr. Perfect
6

Seducing Mr. Perfect (2006) ============================ ဒီနေ့မှာတော့ ၂၀၀၆ ခုနှစ်အချိန် မမ Uhm Jung Hwa တို့ ငယ်ရွယ်ခဲ့စဥ် အခုလိုလန်းမြဲလန်းခဲ့စဥ်က ကိုကို Daniel Henney နဲ့ အတွဲညီညီသရုပ်ဆောင်ထားတဲ့ Romance, Drama ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အချစ်စစ်အချစ်မှန်ဆိုတာ တကယ်ရှိတယ်ဆိုပြီး တထစ်ချယုံကြည်တဲ့ မင်ဂျွန်းက တွဲသမျှရည်းစားတိုင်းရဲ့ထားခဲ့ခြင်းကိုခံရပြီး အချစ်ကံခေသူကောင်မလေးပေါ့။ လက်ရှိရည်းစားရဲ့သစ္စာဖောက်စွန့်ပစ်ခြင်းကို ခံလိုက်ရတဲ့ မင်ဂျွန်းတို့ကုမ္ပဏီကို တစ်နေ့ကျ သူဌေးအသစ်ဖြစ်တဲ့ ရော်ဘင် ရောက်လာပါတော့တယ်။ (မင်ဂျွန်းဘေးကို ရှင်ဘုရင်ရောက်လာဖို့ သူတောင်းစားကောင်က ဖယ်ပေးလိုက်ရတယ်ဆိုပါတော့:3) သိပ်ချစ်တတ်လွန်းတဲ့ မင်ဂျွန်းက သူချစ်ပြီဆိုရင် မိန်းကလေးမာနရယ်လို့ ဂုဏ်သိက္ခာရယ်လို့ ထည့်မတွက်ဘဲ သူကပဲ အရင်ဖုန်းခေါ်, သူကပဲ အရင်ပြေးတွေ့နဲ့ ရယူခြင်းထက် ပေးဆပ်ခြင်းကို ပိုခုံမင်တဲ့ကောင်မလေးပေါ့။ ဒီလိုမင်ဂျွန်းရဲ့ပုံစံကို ရော်ဘင်ကနည်းနည်းလေးမှ သဘောမတွေ့ပါဘူး။ ဒီလိုနဲ့ နှစ်ယောက်သားတွေ့လိုက်တာနဲ့ စကားနိုင်လုကြရာကနေ ရော်ဘင်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် အရှိုက်ထိသွားရတဲ့မင်ဂျွန်းက “Mr. Perfect ကြီးကို ဖမ်းစားပြမယ်” ဆိုပြီး စိန်ခေါ်ရာကနေ နှစ်ယောက်သားရဲ့ဖူးစာဇာတ်လမ်းလေး အစပြုလာပါတော့တယ်။ ကြည့်ဖူးပြီးသားသူတွေလည်း အလွမ်းပြေပြန်ကြည့်နိုင်သလို မကြည့်ဖူးသေးတဲ့သူတွေအနေနဲ့လည်း တစ်မျိုးလေးကြည့်ပျော်တဲ့ ရိုမန့်စ်ကားလေးပါ။ အထူးသဖြင့် ကိုကို Daniel Henney ရဲ့ Visual နဲ့ ဘိုသံ accent နဲ့တင် ကြည့်ရတော်တော်တန်နေပါပြီရှင် ? အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Action, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.68GB | 771MB | 446MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... Aaron

Drama • Mystery
6 2006 109 mins
Seducing Mr. Perfect
The Insider
7.5

MDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.. .ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့ Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် … အဲ့ဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်. .စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲ့ဒီဒေါက်တာက တင်ပြခဲ့တယ်... .အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်… ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်… .. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်... အဲ့ဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့ အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်... ….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်း လက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်…. ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့ အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်.. ..နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်… File Size : (3.7GB) (1.75GB) and (459MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:37:00 Genre : Adventure, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7.5 1999 158 mins
The Insider
Touching Gold Captain
10

အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့် စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။ မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့ အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။ သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက် အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကို တိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့ အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကိုလာရှာတာပါပဲ။ တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့.... စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလား ဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres: Action , Adventure , Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Hnin Wutt Hmone Encoded by LK

Horror • Mystery • Thriller
10 2022 84 mins
Touching Gold Captain
Aloha Heart
6

“Island time” “ကျွန်းအချိန်” ဆိုတာက ဟာဝိုင်ယီကျွန်းသူကျွန်းသားတွေရဲ့ လက်သုံးစကားပါ။ အဓိပ္ပာယ်ကတော့ ကျန်တာတွေအကုန်မေ့ထားပြီး စိတ်အပန်းဖြေတဲ့အချိန်ဆိုတဲ့ သဘောမျိုးသုံးတာပါ။ ဒီကားလေးထဲ ဒီအသုံးအနှုန်းကို ထပ်ခါထပ်ခါမြင်ရပါမယ်နော်။ ဒီဇာတ်လမ်းလေးက ဟာဝိုင်ယီကျွန်းပေါ်မှာ ဇာတ်အိမ်တည်ထားတာပါ။ ဆယ်ရာဆိုတဲ့ ဂေဟဗေဒပညာရှင် အလုပ်ကြမ်းပိုးလေး ဆယ်ရာက အချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ ဟာဝိုင်ယီကျွန်းပေါ်က မင်္ဂလာပွဲအတွက် ခွင့်ရက်ယူပြီး ခရီးထွက်ခဲ့ရာက သူတို့တည်းတဲ့ အပန်းဖြေစခန်းက မန်နေဂျာဖြစ်ခါစ မာနူနဲ့ သွားတွေ့ပါတော့တယ်။ အပန်းဖြေစခန်းမှာ စီစဉ်ထားတဲ့ပုံတွေက ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမရောက်လို့ အလုပ်နဲ့ပတ်သက်နေရင် မနေနိုင်မထိုင်နိုင်ဖြစ်တဲ့ ဆယ်ရာက မာနူကို အမေးသွားထူပါတော့တယ်။ အဲကနေစပြီး သူတို့နှစ်ဦးရဲ့ ကြုံလာရတဲ့ပြဿနာတွေကို ဖြေရှင်းပုံတွေ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီရင်း သံယောဇဉ်တွယ်သွားပုံလေးတွေကို ဟာဝိုင်ယီကျွန်းရဲ့ ဓလေ့တွေ သဘာဝအလှတွေနဲ့ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်ရှင်။ File size…2.45GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 23m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

6 2023
Aloha Heart
Glisten and the Merry Mission

Glisten and the Merry Mission (2023) ============================ IMDb Rating – 6.5/10 CM ပရိသတ်ကြီးအတွက် Christmas ရာသီရဲ့ latest animation ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံယူချက်တွေ၊ ယုံကြည်သက်ဝင်မှုတွေကပဲ အဖြေရှာပေးသွားပြီး ဘဝအမောတွေကို ပြေစေမဲ့ ဇာတ်လမ်းကောင်းလေးပေါ့။ ကဲ ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ ခရစ်စမတ်နေ့မှာ ဆန်တာကြီးကနေ ကလေးတွေကို လက်ဆောင်ပေး နိုင်ဖို့အတွက် အရုပ်လေးတွေကို ဖန်တီးပေးရတဲ့ နတ်သူငယ်လေးတွေ နေထိုင်တဲ့ ရွာလေးတစ်ရွာရှိပါတယ်။ မာဇီပန်ကတော့ အဲဒီရွာမှာ နေထိုင် တဲ့ နတ်သူငယ်မလေးတစ်ယောက်ပါ။ မာဇီပန်ရဲ့ အမေဖြစ်သူကတော့ အရုပ်ထုပ်လုပ်ရေးအလုပ်ရုံရဲ့ လက်ထောက်မန်နေဂျာတစ်ယောက်ဖြစ်ပြီး သမားရိုးကျအတိုင်း သွားနေတဲ့ အလုပ်ရုံကြောင့် အရုပ်တွေ လုံ‌လုံလောက် လောက် မထုတ်နိုင်မှာကို အမြဲစိုးရိမ်နေတတ်ပါတယ်။ တစ်ရက်မှာတော့ စက်ချို့ယွင်းမှုကြောင့် အရုပ်စာရင်းတွေ အဆမတန် တက်လာခဲ့ပြီး မာဇီပန့်အမေပြောခဲ့တဲ့အတိုင်း နတ်သူငယ်တို့ ဒုက္ခလှလှနဲ့ တွေ့လာကြတာပေါ့။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် သူတို့တွေ စစ်ဆင်ရေးတစ်ခုကို ဆွဲလိုက်ကြပါတယ်။ အဲဒီစစ်ဆင်ရေးရဲ့ နာမည်ကတော့ “Merry Mission” ပါတဲ့။ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ပွဲထွက်လာတာမို့ ကလေးလူကြီးမရွေး နှစ်သက်ကြမဲ့ ဇာတ်လမ်းလေး ဖြစ်လာဦးမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.5 GB) / (500 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 20Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….May Thet Khine Soe Encoder……….SWM

0 2023 78 mins
Glisten and the Merry Mission
Monica and Friends: Bonds
7.1

တစ်ခါတစ်လေမှာ ကလေးတွေဟာ လူကြီးတွေနဲ့ တွေးခေါ်ပုံချင်း အတော်လေးကွာခြားတတ်ပါတယ်။ လူကြီးတွေတန်ဖိုးထားတတ်တဲ့ ရွှေ၊ ငွေ၊ အသုံးအဆောင်ပစ္စည်း၊ တန်ဖိုးကြီးအရာတွေဟာ သူတို့အတွက် ဘာမှအသုံးမဝင်သလိုဖြစ်နေတတ်ပေမယ့် သာမန်စာရွက်လေးတစ်ရွက်၊ အရုပ်ကလေးတစ်ရုပ်၊ တိရစ္ဆာန်ကလေးတစ်ကောင်၊ အသေးအဖွဲလေးတစ်ခုဟာ သူတို့အတွက် အပျောက်ရှမခံနိုင်လောက်အောင် အဖိုးတန်နေ၊ အဓိပ္ပါယ်ရှိနေတတ်ပြန်ပါတယ်။ ဒါဟာ ကလေးအများစုမှာရှိတတ်တဲ့ ယေဘုယျစိတ်အလုပ်လုပ်ပုံ psychology ဖြစ်ပါတယ်။ အဲ့သဘောတရားနဲ့ ဆက်စပ်နေတဲ့ ၂၀၁၉ ခုနှစ်ထွက် ဘရာဇီး family adventure ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကို ၂၀၁၉ ခုနှစ် ဟောလိဝုဒ်ဘရာဇီးရုပ်ရှင်ပွဲတော်ကာလမှာ စတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါရိုက်တာ Daniel Rezende ကရိုက်ကူးထားပြီး ကလေးသရုပ်ဆောင် Giulia Benite၊ Kevin Vechaitto၊ Laura Rauseo၊ Gabriel Moreira တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး Mauricio de Sousa ရဲ့ Monica’s Gang ကိုအခြေခံရိုက်ကူးထားတဲ့ ပေါ်တူဂီစကားပြောဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘရာဇီးမြို့ငယ်လေးတစ်မြို့က လမ်းတစ်လမ်းမှာ ဂျင်မီဖိုက်၊ စမတ်၊ မိုနီကာနဲ့ မဂ္ဂီတို့ဟာ မတည့်အတူနေ သူငယ်ချင်းလေးယောက်ပါ။ မိုနီကာဟာ မိန်းကလေးဆိုပေမယ့် စွာတေးလန်လေးဖြစ်နေလို့ တစ်လမ်းလုံးရဲ့ လမ်းဗိုလ်လိုဖြစ်နေသူလေးပါ။ ဂျင်မီဖိုက်ကတော့ မိုနီကာ့နေရာကိုယူချင်နေတဲ့ အကြံဉာဏ်ထုတ်တတ်တဲ့ ကောင်လေးပါ။ အဲ့လိုတစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေကြရင်းနဲ့ တစ်နေ့မှာ ဂျင်မီဖိုက်မွေးထားတဲ့ ခွေးလေးဟာ ထူးဆန်းစွာနဲ့ ပျောက်ချင်းမလှပျောက်သွားပါတယ်။ အဲ့အခါမှာ ပိုင်ရှင်ဖြစ်သူဂျင်မီဖိုက်တစ်ယောက် မစားနိုင်၊ မအိပ်နိုင် ကြေကွဲနေချိန်မှာ မတည့်အတူနေ ကျန်သူငယ်ချင်းတွေက လာရောက်အားပေးစကားပြောပြီး ခွေးလေးကိုလိုက်ရှာကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မြို့အနီးအနားဝန်းကျင်မှာ သတင်းစုံစမ်းရင်း လူတစ်ယောက်က ခေါ်သွားကြောင်းစုံစမ်းမိတဲ့အခါမိမိတို့အိမ်က လူကြီးတွေမသိအောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီး လေးယောက်သား ခွေးရှာပုံတော်ဖွင့်ထွက်ခဲ့ကြပါတော့တယ်။ သူတို့ခွေးလေးကို လွယ်လွယ်ကူကူပဲ ပြန်တွေ့မလား၊ ဘယ်လိုအခက်အခဲတွေ ဖြတ်ကျော်ပြီးမှ ပြန်တွေ့မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ဒီဇာတ်ကားလေးဟာ ပေါ့ပေါ့ပါးပါးမိသားစုဇာတ်ကားလေးဆိုပေမယ့် ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ၊ အထူးသဖြင့် ကလေးသရုပ်ဆောင် လေးယောက်ရဲ့ သရုပ်ဆောင်ချက်ကို အတော်လေးသဘောကျမိပါတယ်။ ဇာတ်ကားတစ်ကားလုံးနီးပါးကို သူတို့လေးယောက်ရဲ့ ဟန်ချက်ညီညီ၊ အပေးအယူမျှမျှ ဟာကွက်မရှိသရုပ်ဆောင်သွားချက်ဟာ ဇာတ်ကားတစ်ကားလုံးကို ပျင်းမသွားရအောင် ထိန်းထားပေးသလို ဇာတ်ကားတစ်ကားလုံးရဲ့ အသက်လို့လည်း ပြောလို့ရပါတယ်။ တခြား အထူးပြုလုပ်ချက်တွေ၊ CGI၊ VFX effects တွေ မွှနေအောင်သုံးမထားပေမယ့် ကောင်းမွန်တဲ့ setting၊ ပါဝင်တဲ့ဇာတ်ဆောင်တွေရဲ့ အပေးအယူမျှတဲ့သရုပ်ဆောင်ချက်၊ ဇာတ်အိမ်ရဲ့ အချိတ်အဆက်မိ ထောင့်စေ့မှုတွေကိုကြည့်ယုံနဲ့ ဘရာဇီးဇာတ်ကားတွေဟာ ရုပ်ရှင်အဆင့်အတန်းတစ်ခုမှာရှိမှန်း တန်းသိနိုင်ပါတယ်။ လူနဲ့ တိရစ္ဆာန်ကြားက ချည်နှောင်မိတဲ့သံယောဇဥ်အကြောင်းကို adventure ရသလေးရောစွက်ရင်း အကောင်းဆုံးတင်ဆက်ပြထားပါတယ်။ ထူးခြားဆန်းပြားလွန်းတဲ့ ဇာတ်လမ်းမျိုးမဟုတ်ပေမယ့် IMDb rating 7.1 အထိ ရထားတာကိုကြည့်ခြင်းအားဖြင့် ဇာတ်ကားရဲ့အရည်အသွေးကို ခန့်မှန်းနိုင်မှာဖြစ်ပြီး ကြည့်ရှုဖို့ တင်ဆက်လိုက်ပေးရပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:37:00 Genre…Adventure, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

7.1 2019
Monica and Friends: Bonds
Splinter

လူသွားလူလာနည်းပါးတဲ့ ဂတ်စ်ဆိုင်လေးတစ်ခုရဲ့ပန့်ကိုင်ကို အမျိုးအမည်မသိသတ္တဝါကောင်တစ်ကောင်က လာရောက်တိုက်ခိုက်ပုံနဲ့ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ ဆက်သ်နဲ့ပေါ်လီဆိုတဲ့ လူငယ်စုံတွဲတစ်တွဲဟာ အိုကလာဟားမားက တောအုပ်တွေထဲကို အပျော်စခန်းချခရီးလာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ကားကို ထောင်ပြေးတစ်ဦးနဲ့ ဆေးစွဲနေတဲ့သူ့ကောင်မလေးဖြစ်တဲ့ လေစီတို့က ကြားဖြတ်လုယူချိန်မှာတော့ အစီအစဉ်ပျက်သွားပြီး ဂတ်စ်ဆိုင်တစ်ခုမှာ ဝင်နားဖို့အခြေအနေဖြစ်လာပါတော့တယ်။ ဂတ်စ်ဆိုင်ကိုရောက်ကာစမှာပဲ လေစီကိုဆူးချွန်တွေတကိုယ်လုံးပေါက်နေတဲ့ဂတ်စ်ဆိုင်လုပ်သားရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပြီး သေဆုံးသွားခဲ့တဲ့အတွက် ဆက်သ်တို့စုံတွဲနဲ့ထောင်ပြေးတို့ဟာ ဂတ်စ်ဆိုင်ထဲကိုပြေးပုန်းလိုက်ရပါတယ်။ သူတို့သေပြီလို့ထင်ခဲ့တဲ့ လေစီကလည်း ဆူးချွန်တွေစိုက်ဝင်ခံထားရာက တွန့်လိမ်ကောက်ကွေးအသက်ပြန်ဝင်လာပြီး မှန်တံခါး၀ကိုလာတိုက်ခိုက်တဲ့အချိန်မှာတော့..။ သူတို့ကိုတကယ်တမ်းလိုက်တိုက်ခိုက်နေတာ ဂတ်စ်ဆိုင်လုပ်သားလည်းမဟုတ်သလို လေစီလည်းမဟုတ်ပါဘူး။ သူတို့ကိုယ်မှာစိုက်ဝင်နေတဲ့ အဲ့ဒီဆူးချွန်တွေပါပဲ။ ဆူးချွန်တွေဟာ စိုက်ဝင်သွားမိတဲ့သားကောင်ကိုမှီတွယ်ပြီး အဲ့ဒီသားကောင်ရဲ့သွေးသားကိုစားသုံးရွေ့လျားပြိး နောက်ထပ်သားကောင်ကိုဆက်ပြီးရှာပါတယ်။ သူတို့အနေနဲ့ ဒီဆူးချွန်တွေ ရဲ့ အားသာချက်အား နည်းချက်တွေ ကိုအဖြေရှာပြီး ရှင်သန်ဖို့ကြိုးစားရတော့မှာဖြစ်ပါတယ်။ Splinter ကစိတ်ကူးကောင်းသလို အဲ့ဒီစိတ်ကူးကိုထိထိရောက်ရောက်အကောင်အထည်ဖော်သွားနိုင်တဲ့ Horror ကားကောင်းတစ်ကားပါ။ ဇာတ်စကတည်းက သွက်သွက်လက်လက်နဲ့ဇာတ်ကိုသယ်သွားသလို အသည်းယားစရာ ရင်ဖိုစရာ နဲ့ jump scare တွေမျှတပြီး သရုပ်ဆောင်တွေကလည်း လိုရင်းရောက်အောင်ပို့ပေးနိုင်ပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာသက်ဆိုင်ရာဆုတွေအများကြီးရထားတဲ့ Hidden gem တစ်ခုပါပဲ။ File size…(1.5 GB)/(843 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Horror, Thriller, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2008
Splinter
[18+] Kalikot
5.9

အာနယ်က အားလပ်ချိန်မှာ သူ့ဦးလေးဝပ်ရှော့မှာ အလုပ်ဝင်နေတဲ့ ကောလိပ်ကျောင်းသားလေးပါ။ တစ်နေ့တော့ သူတို့ဝပ်ရှော့ရှေ့ကတိုက်ခန်းရှေ့ကို မမလှလှကြီးတစ်ယောက်ပြောင်းလာပြီး သူ့ဆီကားလာပြင်ရာကနေ အဲ့ဒီမမနဲ့ချစ်တင်းနှောဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း သူ့ဆီမှာ ငယ်သူငယ်ချင်းမကရည်းစားမကျ ခိုးစားနေကျ ကျောင်းနေဘက်ကောင်မလေး ဂျန်နာရှိပြီးသားပါ။ ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ အဲ့ဒီမမကြီးကို သူတို့မေဂျာဘာသာရပ် ဆရာမအဖြစ်တွေ့လိုက်ရတဲ့အချိန်မှာတော့ မလည်ရှုပ်အာနယ်တစ်ယောက် သုံးပွင့်ဆိုင်ဇာတ်မှာဗျာများဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း အသစ်လေးတွေကိုနေရာပေး မိတ်ဆက်ထားတဲ့ကားပါပဲ။ ခံစားကြည့်ကြပါဦး။ ( အညွှန်းရေးသားထားသူကတော့ ‌alias ပါ ) File size_( 930MB)/( 400MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Horror • Science Fiction • Action
5.9 2024 49 mins
[18+] Kalikot
Club Dread
5.7

ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ “သုခဘုံကျွန်း”ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် “Pete Coconut” က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲ တစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ် ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါ လိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

History • Drama
5.7 2004
Club Dread
Dragon Stone Password
5.7

ဒီဇာတ်ကားလေးကတော့ ဖုန်းရွှေသဘာဝတွေကြိုက်တဲ့ ပရိသတ်ကြီးအကြိုက်တွေ့စေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ : ချန်ယုံလို့ခေါ်တဲ့လူငယ်လေးက မျိုးရိုးစဉ်ဆက် ဖုန်းရွှေပညာနဲ့ ရှေးဟောင်းယဉ်ကျေးမှုပညာတွေကို အမွေဆက်ခံလာခဲ့တဲ့သူပါ ။ သူငယ်စဉ်ကလည်း မိခင်နာမကျန်းဖြစ်နေတုန်း အဖေဖြစ်သူက ဝေ့ဖုန်းနဂါးကျောက်တုံးသွားရှာရင်း ပျောက်ဆုံးသွားခဲ့ပါတယ် ။ ဒီလိုနဲ့ တစ်နေ့မှာ သူချစ်ရတဲ့သူငယ်ချင်းကောင်မလေးက ပျောက်သွားတဲ့သတင်းကြားရပြီး ကောင်မလေးအိမ်ကနေ လာပြောတဲ့အခါ ချန်ယုံတစ်ယောက် မနေနိုင်ဘဲ လိုက်ရှာရင်း ဆန်းကြယ်မှုတွေနဲ့ ရှောင်ဖုန်းရွာကိုရောက်လာခဲ့ပါတော့တယ်။ ရှောင်ဖုန်းရွာကလည်း ဝေ့ဖုန်းတိုင်ပြည်ဟောင်းတည်ရှိတဲ့နေရာဖြစ်နေတော့ နဂါးကျောက်တုံးရှိတယ်ဆိုတဲ့ ဒဏ္ဍာရီတွေအရ ပျောက်သွားတဲ့ သူငယ်ချင်းကိုရှာရင်း မထင်မှတ်ထားဘဲ သင်္ချိုင်းဟောင်းကြီးကိုတွေ့သွားပြီး နဂါးကျောက်တုံးရှာ‌ပုံတော်ကြီး စတင်ခဲ့ပါတော့တယ် ။

Drama
5.7 2024
Dragon Stone Password
House of Flying Daggers
7.6

House of Flying Daggers (2004) IMDb Rating (7.5) / Rotten Tomatoes (87%) Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။ မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ ဇာတ်လမ်းကတော့ …… ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် နှိပ်စက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူပြည်သားတွေဟာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဧကရာဇ်နဲ့တကွ အစိုးရကို တော်လှန်ပုန်ကန်လာကြတဲ့ ခေတ်ပျက်ကာလကို အခြေတည်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဓားပျံအိမ်တော် ဆိုတဲ့ တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ သမိုင်းမှာ တကယ်ရှိခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကာလက ပေါ်ပေါက်ခဲ့တဲ့ မြေအောက်အဖွဲ့အစည်း အမျိုးမျိုးကို ကိုယ်စားပြုနေပါတယ်လေ။ စီရင်စုရဲမတ်အရာရှိမင်းနှစ်ယောက်ဖြစ်တဲ့ ချင် နဲ့ လျို တို့ဟာ ဓားပျံအိမ်တော် မြေအောက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အဲဒီအချိန် လုပ်ကြံခံခေါင်းဆောင်ရဲ့ မျက်မမြင်သမီးလေး ရှောင်မေ က ပန်းနီဆောင်ကြာမြိုင်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ ဒီတော့ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်အသစ်ကို လုပ်ကြံဖို့ အမိန့်ပေးခံရတဲ့ ရဲမတ်အရာရှိမင်းနှစ်ယောက်က အကွက်ချကြံစည်ပြီး ရှောင်မေ‌ ကိုအယုံသွင်းလို့ ဓားပျံအဖွဲ့ဆီ ဆက်သွယ်နိုင်အောင် ကူညီပေးနေကြတာပေါ့။ အကြံသမား ရဲမတ်အရာရှိမင်း လျို နဲ့ ချင် တို့ဟာ ကွက်ကျော်မြင်တတ်တဲ့ အရည်အချင်းရှိ အရာရှိတွေဖြစ်သလို ရှောင်မေ ဟာလည်း ဉာဏ်ထက်သ‌လောက် ဉာဏ်များလွန်းလှတဲ့ အလှပဂေးမလေးပါ။ ဒီလိုနဲ့ အသွင်ယူအရာရှိ ချင် နဲ့ ရှောင်မေ တို့က ဓားပျံဌာနချုပ်ရှိရာ မြောက်အရပ်ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ အရာရှိ လျို ကတော့ တိတ်တဆိတ် လိုက်ပါကူညီလျှက်ပေါ့။ ဒါပေမဲ့ ဂျင်ပေါ်က ထုံးတွေဖြစ်ကြသူတွေ ဖြစ်တာနဲ့အညီ အပြန်အလှန်လှည့်ကွက်တွေ၊ အသုံးချစတေးမှုတွေကြားမှာ လှပသလောက် နာကျင်ဖွယ် လွမ်းမောဖွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်တည်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.6 2004
House of Flying Daggers
Daddy’s back
6.3

Daddy’s back (2016) ******************* ငယ်စဥ်တည်းက ဖခင်ဖြစ်သူက နောက်မိန်းမနောက်ကို လိုက်သွားပြီး သူတို့သားအမိကို ပစ်သွားခဲ့တာကြောင့် ဖခင်မေတ္တာငတ်မွတ်ခဲ့ရရှာတဲ့ “ဂျိုဒုံးဂူ” .. ။ အဖမဲ့သားလေး ဒုံးဂူရဲ့ဘဝမှာ တစ်ဦးတည်းသောကျန်ရှိသူ မိခင်ဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားပြန်ပါတယ်။ ဒီလိုနဲ့ဘဝကို ကြုံရာကျပန်း လုပ်ကိုင်နေထိုင်ရင်း အရွယ်ရောက်လို့ ဖခင်ဖြစ်သူနဲ့ ပြန်ဆုံရပြန်တော့လည်း ဖခင်ဖြစ်သူရဲ့ ဈာပန အခမ်းအနားမှာ ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့အားကိုးရာမဲ့သွားရှာတဲ့ ဒုံးဂူတစ်ယောက် တစ်ကောင်ကြွက်ဘဝနဲ့ပဲ ငွေတိုးချေးစားတဲ့ အကြွေးရှင်တွေရဲ့ ခေါင်းပုံဖြတ် အမြတ်ကြီးစားမှုကိုခံရင်း ငွေပြန်မဆပ်နိုင်လို့ ရှောင်ပြေးရင်း ကံကြမ္မာက သူ့ဆီကို ငွေထုပ်ကြီးတစ်ထုပ် ပို့လိုက်ပါတော့တယ်။ ဖြစ်ချင်တော့လည်း ငွေ ၁ ဘီလီယံပါတဲ့ ဘဏ်စာအုပ်က လက်ထဲတော့ရောက်လာပေမဲ့ ငွေထုတ်ရမဲ့ လျှို့ဝှက်နံပါတ်ကို မသိတာကြောင့် လျှို့ဝှက်နံပါတ် ရှာပုံတော်ထွက်ရာကနေ သူနဲ့ဘဝတူ ဖခင်မေတ္တာ ငတ်နေရှာပြီး ဖခင်ရဲ့ပြန်အလာကိုမျှော်နေရှာတဲ့ “ဘို့ဂီ” ဆိုတဲ့ ချစ်စရာကလေးလေးနဲ့ ဆုံတွေ့လိုက်ရတဲ့အခါမှာ.. ဒုံးဂူတစ်ယောက် သူ့နဂိုရည်မှန်းချက်အတိုင်း ငွေထုပ်ပိုက်ပြီး သူဌေးဖြစ်ဖို့အရေးကိုပဲ ရှေ့ဆက်မလား… ဒါမှမဟုတ် ဖခင်မေတ္တာလိုအပ်နေရှာတဲ့ ဘို့ဂီလေးအတွက်ပဲ​ ဘဝကိုရှေ့ဆက်မလားဆိုတာကို ‌ကြည့်ရှုရမဲ့ ဒရာမာကားကောင်းလေးပဲဖြစ်ပြီး cast တွေအနေနဲ့ကလည်း The midnight studio, The goblin တို့မှာ ပါဝင်ထားတဲ့ မင်းသား Jo Dong Hyuk နဲ့ Hong Ah Reum, Jo Won Bin, Lee Yong Nyeo တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Lai Laii ပဲ ဖြစ်ပါတယ်။) File Size : 1.20GB/ 620MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:20 Genre : Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii Encoded by Tiff

Horror
6.3 2016
Daddy’s back
Li Nou’s Dream
5.6

ဒီတစ်ခေါက်မှာတော့… အိပ်မက်နောက်ကို လိုက်နေတဲ့ လူတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတဲ့ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးထဲမှာ ဆန်ကုန်မြေလေးဖြစ်နေတဲ့ သားနဲ့ တစ်ဗျစ်တောက်တောက်ပြောနေတဲ့ အဖေကြီးကြားက ပြဿနာကတော့ သူ့အမေဆုံးသွားတဲ့ကိစ္စနဲ့ သူ့သားအလုပ်အတည်တကျမလုပ်တဲ့ကိစ္စကြောင့်ပါပဲ… ဟုတ်ပါတယ်… သူ့သားကဘယ်လောက်တောင်လဲဆိုရင်တော့… ဒယ်လီသမားလုပ်ပါတယ်ဆိုမှ တစ်ခါမှလည်း အော်ဒါအချိန်မှန်မပို့နိုင်… လျှပ်စစ်ဘီးလေးလည်း ခဏခဏ ပြင်နေရတယ်.. နောက်ဆုံးတော့ အလုပ်ပြုတ်သွားတာပေါ့… သူက ဘာဝါသနာပါလဲဆိုတော့ လက်ဝှေ့ထိုးတာပေါ့… ဒါပေမယ့်လည်း တစ်ချိန်က လက်ဝှေ့သမားဖြစ်ခဲ့တဲ့ သူ့အဖေက ဆန့်ကျင်နေခဲ့တယ်… ဘာကြောင့် ဆန့်ကျင်ရတာလဲ…နောက်ပြီး တကယ်ပဲ လက်ဝှေ့သမားအဖြစ်ရော ရေရှည်လုပ်နိုင်ပါ့မလားဆိုတာကတော့ ဇာတ်ကားလေးကြည့်လိုက်တော့နော်…

Action • Crime
5.6 2024
Li Nou’s Dream
Hitler: The Last Ten Days
6.5

ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်း ဗားရှင်းအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ အထဲမှာ ဒီကားကတော့ အစောဆုံးတွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်း ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်ကို သိမ်းပိုက်ခဲ့တဲ့၊ဂျူးခြောက်သန်းကို သုတ်သင်ခဲ့တဲ့ ယနေ့တိုင် နာမည်ဆိုးနဲ့ကျော်ကြားဆဲ အဒေါ့ဟစ်တလာရဲ့ ဘဝနေဝင်ချိန်နောက်ဆုံး ၁၀ ရက်အတွင်းဖြစ်ပျက်ခဲ့သမျှကို တင်ဆက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေမှာ သူနဲ့အတူဘန်ကာထဲရှိနေခဲ့တဲ့ ဗိုလ်ကြီးဂါးဟတ်ဘိုတ့် ရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။ ၁၉၃၉ စပြီးဆင်နွှဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမနီဟာ ဆက်တိုက်အောင်ပွဲရခဲ့ပေမယ့် ၁၉၄၃က စလို့အရေးနိမ့်လာခဲ့ပြီး ၁၉၄၅ မှာတော့ ရုရှားနဲ့ အမေရိကန်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုနဲ့အတူ ဘာလင်မြို့ကွက်ကွက်လေးသာ ကျန်တော့တဲ့အထိ အခြေအနေဆိုးလာပါတယ်။ ဒီလို ရှုံးနိမ့်မှုတွေနဲ့ အတူ တစ်ချိန်က ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်အောင်နိုင်ခဲ့သူကြီး ဟစ်တလာလည်း ဘာလင်မြို့တစ်နေရာက ဘန်ကာထဲမှာ လက်တစ်ဆုပ်စာလူယုံတွေနဲ့အတူ ပုန်းအောင်းနေရပါတယ်။ ရန်သူဝိုင်းတာခံနေရတဲ့ ဘန်ကာအတွင်းနေ့ရက်တွေမှာ ဟစ်တလာတစ်ယောက် လက်လျော့အရှုံးပေးခဲ့လား၊အခြေအနေကို ပြောင်းနိုင်ဖို့ ဘယ်လို ဆုံးဖြတ်ချက်တွေ ချခဲ့လဲ၊ သူ့ရဲ့သစ္စာရှိ လူယုံတွေကကော နောက်ဆုံးအချိန်ထိ သစ္စာရှိခဲ့ကြလား၊ ဟစ်တလာအနေနဲ့ အရှုံးသမားတစ်ယောက်ရဲ့ခါးသီးမှုရင်ဆိုင်ရင်း သူရဲ့နောက်ဆုံးနေ့ရက်တွေ၊‌နောက်ဆုံးစကားတွေ ၊နောက်ဆုံးလုပ်ဆောင်မှုတွေ နောက်ဆုံးရွေးချယ်မှုတွေကိုခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Drama / History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Mystery • Thriller
6.5 1973 106 mins
Hitler: The Last Ten Days