YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Melody of Golden Age E06 720p WEB-DL CM.mp4

357.99 MB N/A video/mp4 126 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Philomena
7.4

IMDB – 7.6/10 နှစ် ၅၀ ကျော် ပျောက်ဆုံးနေတဲ့သားကို လိုက်ရှာရတဲ့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို ဖီလိုမီနာဆိုတဲ့ ကောင်မလေးဟာ ပွဲခင်းတစ်ခုမှာ ကောင်လေးရပြီး လူငယ် သဘာဝ ကျူးလွန်ပြီး ကိုယ်ဝန်ရခဲ့ပါတယ်။ သို့သော်လည်း ဒါကို လက်မခံနိုင်တဲ့ ဖခင်က သမီးဖြစ်သူကို သီလရှင်ကျောင်းမှာ စွန့်ပစ်ခဲ့ပါတော့တယ်။ သီလရှင်ကျောင်းမှာပဲ ဒီသားလေးကို မွေးခဲ့တဲ့ ဖီလိုမီနာဟာ အဝတ်လျှော်ဌာနမှာနေရင်း တစ်နေကုန် တစ်နာရီပဲ သားလေးနဲ့ တွေ့ခွင့်ရပါတယ်။ တစ်ရက်ကျ ကား အကောင်းစားကြီးရောက်လာပြီး သူတို့တောင်သိခွင့်မရှိပဲ သားဖြစ်သူကလေးလေးကို လူကုံထံတချို့က မွေးစားသွားကြပါရော….။ ဒီလိုနဲ့ နေထိုင်လာတာ အနှစ် ၅၀ ရှိလို့နေပါပြီ တစ်ရက်မှ သူ့သား လေးကို မမေ့ခဲ့ပါဘူး ဒါကြောင့် နောက်ပိုင်းမှ မွေးတဲ့သမီးဖြစ်သူကို ရင်ဖွင့်မိတော့ သမီးဖြစ်သူက လောကကြီးကိုစိတ်ကုန် ဘဝနာနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ ချိတ်ဆက်ပြီး အမေဖြစ်သူရဲ့ နှစ် ၅၀ ကြာ ပျောက်ဆုံးနေတဲ့သားဖြစ်သူကို လိုက်ရှာဖို့ အကြောင်းဖန် လာပါတော့တယ်။ အဲဒီမှာ သီလရှင်ကျောင်းထွက် အဘွားကြီး တစ်ယောက်နဲ့ ဘုရားသခင်ဆိုတာ မယုံကြည်ကြတဲ့ ဂျာနယ်လစ်တို့ နှစ်ယောက် သားဖြစ်သူရှာပုံတော်ခရီးရှည်ကြီး ထွက်ခဲ့ကြတဲ့အခါ…. ပြန်များတွေ့နိုင်မလား၊ နှစ်ယောက်သား ဘုနဲ့ဘောက်သွားကြရင်း အဆင်ပြေကြပါ့မလား၊ နောက်ကွယ်က မထင်မှတ်ထားတဲ့ လျှို့ဝှက် ချက်ကြီးတွေ သိရတဲ့အခါ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာ တကယ့်ဖြစ်ရပ်မှန်အပေါ် အခြေခံရိုက်ကူးထားတဲ့ မိခင်မေတ္တာဒရမ်မာ ကားကောင်းလေး ဖြစ်ပါတယ်။ ဒရမ်မာဆိုပေမဲ့ ဟာသလေးတွေလည်း မထင်မှတ်ထားသလို ထည့်ထည့်ပေးတာ မြင်ရမှာပါ။ မိခင်နေရာမှာ တော့ ကျွန်တော်တို့ဆရာ ဂျိန်းစ်ဘွန်းရဲ့ အထက်လူကြီးဖြစ်တဲ့ M က သရုပ်ဆောင်ပေးထားပြီး သားပျောက်ဇောနဲ့ စိုးရိမ်ပူပင်တဲ့ အပူသည် အမေကြီးနေရာ သရုပ်ဆောင်ထားတာများ တချို့အခန်းတောင် မျက်ရည်ဝဲချင်ချင်ပါ။ ဂျာနယ်လစ်နေရာက သရုပ်ဆောင်တဲ့ Steve Coogan ဆိုလည်း ဘုရားမယုံတဲ့ ဂွကျကျ ဇွဲမလျှော့တတ်တဲ့ ဂျာနယ်လစ်နေရာမှာ အစွမ်းပြထားပါတယ်။ တကယ့်ဖြစ်ရပ်မှန်ဆိုတော့ ပိုကြည့်ကောင်းပြီး နောက်ကွယ်က သမိုင်းဆိုးတစ်ခုကိုလည်း ဗဟုသုတအနေနဲ့ သိရှိရမှာ ဖြစ်ပါတယ်။ File size…2.06GB / 732MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 38m Genre ..... Biography , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Thriller
7.4 2013 98 mins
Philomena
I Don't Want to Sleep Alone
6.5

" Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် " ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော...။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား...။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား...။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး "Big Six" ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.1GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Crime • Mystery • Thriller
6.5 2006 118 mins
I Don't Want to Sleep Alone
Smile
6.8

IMDb Rating - 6.9/10 ဒီဇာတ်ကားကတော့ ဒီနှစ်ထဲမှာ အတော်နာမည်ကြီးတဲ့ ဟော်ရာကားထဲ ပါပါတယ်။ သရဲကားစစ်စစ်ကြီးပါ။ ဝုန်းခနဲခြောက်တဲ့အကွက်တွေကလည်း အတော်ကိုကြမ်းလို့ ရုံမှာကြည့်တဲ့သူတွေ အတော်ကိုကြောက်ကြတယ် ပြောပါတယ်။ ဇာတ်လမ်းကလည်း ပဟေဠိဆန်ဆန်ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဟော်ရာတို့ရဲ့ ကောင်းခြင်းနဲ့ပြည့်စုံတယ်ပြောရမှာပေါ့။ ဇာတ်လမ်းအကျဉ်း -------------------- ဒေါက်တာ ရို့စ် ကော်တာဟာ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်ပြီး အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျပါတယ်။ အရေးပေါ်ဆိုတဲ့ အတိုင်း အသည်းအသန်စိတ်ဖောက်နေတဲ့သူတွေပဲ ရောက်လာတာများပါတယ်။ ထူးဆန်းတာတွေလည်းအများကြီးပါပဲ။ တစ်နေ့မှာတော့ သူ့ဆီကို အရမ်းကြောက် လန့်ပြီး ရောက်လာတဲ့လူနာတစ်ယောက်က သူ့ရှေ့မှာတင်ပဲ ရက်ရက်စက်စက် ဆူဆိုက်လုပ်သွားပြီး သူ့ကို ပြုံးပြသွားပါတယ်။ အဲဒီနောက်မှာတော့ သူကိုယ် တိုင်လည်း ကြောက်စရာကောင်းတာတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲဒီလူနာသေဆုံး တာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဘူးဆိုပြီး လိုက်စုံစမ်းကြည့်လိုက်တဲ့အခါ ကြောက်စရာပေါ် ကြောက်စရာဆင့်စရာတွေ တွေ့လာရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.5 GB) / (500 MB) / (200 MB) Quality............Web-DL 1080p / 720p / 360p Duration.........1Hr 55mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......Mr.Anderson Encoder..........SWM

Action • Thriller
6.8 2022 115 mins
Smile
Downfall
5.2

~ IMDb - 6.5/10, MyDramaList - 6.7/10 ~ (ထုံးစံအတိုင်းပါပဲ။ ခေတ်ဟောင်းက ကိုရီးယားကားဆိုတော့ အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရပြေအောင် ချဲ့ကုတ်ပေးလိုက်ပါတယ်) Penthhouse ထဲက ဂျင်နီအမေရဲ့ ငယ်စဉ်ရွယ်စဉ်က ကားအလန်းတစ်ကားပါ။ တစ်ချိန်တစ်ခါဆီက ကိုရီးယားရဲ့ ပြည့်တန်လောကကို ပုံဖော်ထားတဲ့ကားပါပဲ။ ပြည့်တန်ဆာတစ်ယောက်ရဲ့ ဖြစ်တည်မှုအစကနေ ဖြစ်တည်မှုအဆုံးအထိ ပြသထားတဲ့ ရုပ်ရှင်ဆိုရင်လည်း မမှားပါဘူး။ လွတ်မြောက်ဖို့ကြိုးစားရခြင်းတွေ... ဒီဘဝကို ပျော်မွေ့သွားခြင်းတွေ... အဖြူတွေအမဲတွေ ဒွန်တွဲနေတဲ့အကြောင်းတွေကို မျက်ဝါးထင်ထင်မြင်ကြရပါလိမ့်မယ်။ ကိုရီးယားပြည့်တန်ဆာလောကအကြောင်း ဆရာကင်ကီဒွပ်ကြီး သရုပ်ဖော်တာကို ကျွန်တော်တို့ခဏခဏကြည့်ဖူးခဲ့ပြီးပြီမလား။ ဒါကတော့ အရသာအသစ်ပေါ့။ ဘာလို့ဆို ကင်ကီဒွပ်ကားတွေမှာ ဖြစ်သွားတဲ့ မိန်းကလေးတွေရဲ့ ပျော်မွေ့သွားခြင်းကို မတွေ့ရပေမဲ့ ဒီမှာတော့ တွေ့ရသလောက်ရှိတာကိုး။ မင်းသမီးဟောင်းကြီးရဲ့ မြင်ကွင်းအသစ်တွေကို ရှုစားရင်း လေ့လာကြသင့်တဲ့ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 740MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
5.2 1997 105 mins
Downfall
Crawl
6.3

ရုံမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ခဲ့ရတဲ့ ဟော်ရာ ကားကောင်းတစ်ခုကို တင်ပေးထားပါတယ်။ အရမ်းလန့်တတ်တဲ့ သူတွေတော့ သတိထားကြည့်သင့်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရေကူးအားကစားမယ် တစ်ယောက်ဖြစ်တဲ့ ဟေလီဟာ သူနဲ့ စိတ်ဆိုးပြီး စကားမပြောဖြစ်တဲ့ အဖေ့ဆီကို သွားဖို့ အကြောင်းဖန်လာပါတယ်။ အကြောင်းကတော့ အင်အားကြီး ဟာရီကိန်းမုန်တိုင်းတစ်ခု တိုက်မယ့်နယ်မြေထဲမှာ ဟေလီရဲ့ အဖေဟာ အဆက်အသွယ်ပြတ်ပြီး ပျောက်နေလိုူ့ပါပဲ။ သူ့အဖေဆီကို ရောက်သွားတဲ့အချိန်မှာ အဖေဖြစ်သူ ဘာလို့ ရောက်မလာနိုင်လဲ ဆိုတဲ့အကြောင်းရင်းကို သူကိုူယ်တိုင် တွေ့လိုူက်ရပါတော့တယ်။ ရေလျှံပြီး ရောက်နေတဲ့ မိကျောင်းတစ်ကောင် ကြောင့်ပါပဲ။ ရေထဲမှာ ပြိုင်ဘက်ကင်းသားရဲလိုူ့ ပြောလိုူ့ရတဲ့ မိကျောင်းနဲ့ ငါးတစ်ကောင်လို ရေကူး ကျွမ်းကျင်သူတို့ ရေထဲမှာ ရင်ဆိုင်ကြရတ့အခါ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါပဲ။

Crime • Horror • Science Fiction
6.3 2019 88 mins
Crawl
Mike and Dave Need Wedding Dates
6

REVIEW: Mike & Dave Need A Wedding Dates ဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။ အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ – ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။ ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက – Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။ Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza တို့က သရုပ်ဆောင်ထားပါတယ်။ ခပ်ချောချောTom Boy အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ Alice Wetterlund လည်းပါပါတယ်။ ဒါရိုက်တာကတော့ Jake Szymanski ပါတဲ့။ ဇာတ်ကားက R Rated ပါ – ဝိတွေဘာတွေနဲ့ တိမ်တွေပေါ်မှာလွင့်နေတယ်လေ င ါလေးတွေရော၊ ၁၈ယောက်စုစရာတွေရော၊ လူကြီးဟာသတွေရော ပါနေလို့ပါ။ IMDb – 6/10 နဲ့ Rotten Tomatoes မှာ Tomatometer 38/100 နဲ့ Audience Score 51/100 ရထားပါတယ်။ Google မှာ ကြည့်ပျော်လားဘာညာရှာကြည့်ရင်တော့ တကယ်ရယ်ရပါတယ်လို့ ဖြေမှာပါ။ ဆိုတော့ ကြည့်လိုက်ရင် တစ်နာရီခွဲလောက်တော့ အချိန်ကုန်သွားမှာပါ။ ? ရယ်ရင်းမောရင်း ၁၈ယောက်စုရင်းနဲ့ ပြောပါတယ်။ ဟုတ်မဟုတ် ကြည့်ကြည့်ပြီး တခြားလူတွေလည်း ဟုတ်မဟုတ် ကြည့်ဖို့ပြောလိုက်ပါဦး။ ? File size… 4.96 GB / 1.73 GB / 791 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

Horror • Fantasy • Action
6 2016
Mike and Dave Need Wedding Dates
Baltimore (aka) Rose’s War
5.7

Baltimore ဟာ 1974 ခုနှစ် ဧပြီ 26 ရက်နေ့က အဖြစ်အပျက်ကို အခြေခံပြီး ချမ်းသာပြီး ငယ်ရွယ်တဲ့ မိန်းကလေး Rose Dugdale တစ်ယောက် IRA ကို ဝင်ပြီးနောက်ဆက်တွဲ အဖြစ်အပျက်တွေကို ရိုက်ကူးထားပါတယ် Rose Dugdale ဟာ IRA အဖွဲ့ဝင်ပြီးနောက် ရဲဘော် Eddie, Martin, Dominic တို့နဲ့အတူ Wicklow မြို့ Russborough အိမ်မှ ၁၉ရာစုရဲ့အနုပညာလက်ရာ ပန်းချီကားတွေကို ခိုးယူပြီး IRA အတွက် လက်နက်ထောက်ပံ့ပေးဖို့ ကြိုးပမ်းရာမှ သူတို့ရဲ့ကြိုးပမ်းမှုအောင်မြင်သွားမလား၊ အစိုးရဘက်က Rose တို့အဖွဲ့ကို လိုက်လံဖမ်းဆီးရာ သူတို့ကိုဖမ်းမိသွားမလားဆိုတာကိုတော့ Baltimore ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုပေးကြပါဦး File size…(1.1 GB)/(580 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:38:00 Genre… Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

5.7 2023
Baltimore (aka) Rose’s War
Raju Yadav
5.4

Raju Yadav 2024 (အပြုံးမင်းသားလေးရာဂျူး) ယခုတစ်ခါမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ တေလဂူဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ရာဂျူးဆိုတဲ့ကောင်လေးဟာ ခရစ်ကတ်ကစားရင်း ဘောလုံးမှန်သွားရာက မိဘတွေက ဆေးခန်းလိုက်ပြပေးရာမှာ ဆရာဝန်က ဆေးရုံကိုလွှတ်ပေမယ့် အကုန်အကျများမှာ စိုးရိမ်ပြီး ဆေးခန်းကဆရာဝန်ကိုပဲ ကုသပေးဖို့ တောင်းဆိုကြပါတယ်။ သွားနှစ်ချောင်းကျိုးသွားပြီး သွေးထွက်မတိတ်တဲ့အတွက် သွေးကြောကို ချုပ်ရတဲ့အခါမှာ ဆရာဝန်ရဲ့လက်စွမ်းပြမှုကြောင့် ရာဂျူးဟာ ပြုံးပြုံးကြီးဖြစ်သွားပါတော့တယ်။ သူဟာ စားလည်းပြုံးပြုံးကြီး၊ အိပ်လည်း ပြုံးပြုံးကြီး၊ ဝမ်းနည်းလည်းပြုံးပြုံးကြီး ၊ ပျော်လည်းပြုံးပြုံးကြီးဖြစ်နေတဲ့အတွက် တခြားဒေါက်တာနဲ့ သွားရောက်ပြသတဲ့အခါမှာ ခွဲစိတ်မှပဲ သက်သာမှာဖြစ်ပြီး ၃-၄သိန်းလောက်ကုန်ကျမယ်ဆိုတဲ့အခါမှာ ငွေကြေးခက်ခဲတဲ့ သူတို့မိသားစုအတွက် အခက်ကြုံရပါတော့တယ်။ ဒီလိုနဲ့ အမြဲပြုံးပြုံးကြီးနေရတဲ့ ရာဂျူးဟာ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ ……. အမြဲတမ်း ပြုံးပြုံးကြီးဖြစ်နေတဲ့ သူ့ဘဝမှာ သူချစ်တဲ့ကောင်မလေးဝင်ရောက်လာနိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုးစားသွားမလဲ ….. သူ့မျက်နှာအနေအထားကို ပြင်ဆင်နိုင်ဖို့အတွက်ရော လိုအပ်တဲ့ပိုက်ဆံကို ရှာဖွေနိုင်မှာလား …… အမြဲပြုံးပြုံးကြီးဖြစ်နေတဲ့ မျက်နှာကြီးနဲ့ သူ့ဘဝကို ဘယ်လိုတွေ ဖြတ်သန်းသွားမလဲ…… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

5.4 2024 119 mins
Raju Yadav
The Canterville Ghost
6.1

ကန်တာဗေးလ်ချေ့စ်ဆိုတဲ့ အင်္ဂလန်က အိမ်တော်ဟောင်းကြီးမှာ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ မကျွတ်မလွတ်နိုင်ဘဲ လာနေသမျှလူတိုင်းကို ခြောက်လှန့်နေတဲ့ ယခင်အိမ်ပိုင်ရှင်ရဲ့ ဝိညာဉ် ဆရာဆိုင်မွန် ဆိုတဲ့ သရဲတစ်ကောင်ရှိပါတယ်… နှစ်တွေတော်တော်ကြာသည့်တိုင်အောင် သူ့အစွမ်းအစနဲ့ ခြောက်လှန့်လို့ရနေပြီး ခေတ်အဆက်ဆက်က အိမ်ပိုင်ရှင်တွေ အကုန် အိမ်ပြောင်းပြေးရင်ပြေး မပြေးရင် ရူးသွားကြတဲ့အထိ ရာဇဝင်ရှိခဲ့ပါတယ်… ဒါပေမဲ့ တစ်နေ့ အိမ်ကြီးကိုဝယ်ယူပြီး ပြောင်းရွှေ့လာတဲ့ အမေရိကန်မိသားစုတစ်စုကို ခြောက်လှန့်ဖို့ကြိုးစားတဲ့ အခါမှာတော့ ဘယ်လိုမှအလုပ်မဖြစ်ဘဲ သရဲကိုမကြောက် ကြတဲ့အပြင် သရဲကပါ ပြန်ကြောက်နေရလို့ ဘယ်လိုခြောက်ရင် ကြောက်မလဲဆိုတာ သရဲခေါင်းခြောက်ရတဲ့ အထိပါပဲ… အမေရိကန်မိသားစုက ဘာကြောင့်ဒီသရဲကို မကြောက်ကြတာလဲ… ဒီသရဲကရော ဘာလို့ နှစ်ပေါင်း ၃၀၀ ကျော်ကြာတဲ့အထိ ဒီအိမ်ကြီးမှာ စွဲကပ်ပြီး လာနေသမျှသူတိုင်းကို ခြောက်လှန့် မောင်းထုတ်နေရတာလဲ… နောက်ဆုံးမှာ အမေရိကန်မိသားစုကပဲ အိမ်ပြောင်းပြေးရမလား… သရဲကပဲ လက်မှိုင်ချသွားရမလားဆိုတာကို ဇာတ်ကားလေးဆုံးတဲ့ အထိ ကြည့်ပြီး အဖြေရှာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်…. File size…1.95GB / 895MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre ….. Animation , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Drama • Thriller
6.1 2023
The Canterville Ghost
My New Partner
8

My New Partner (2008) ************************** ပြည်တွင်းရေးရာဌာနမှာ အလုပ်လုပ်နေတဲ့ ဂန်ယောင်းဂျွန်းဟာ အဖေဖြစ်သူရဲ့ ရဲဖြစ်ပြီး အကျင့်ပျက်ခြစားမှုတွေ၊ မိန်းမပွေရှုပ်ပြီး အမေဖြစ်သူကို သေအောင်လုပ်ခဲ့တာတွေကြောင့် အငြှိုးအကြီးကြီးထားပြီး သူ့အဖေလိုလူတွေကို ထောင်ထဲရအောင်ထည့်ဖို့အတွက် ရဲဖြစ်လာသူတစ်ယောက်ပါ။ ၈နှစ်ကြာ သားအဖသံယောဇဥ်ဖြတ်ပြီး နေနေရာမှ မူးယစ်ဆေးမှုတစ်မှုကြောင့် ဘူဆန်ဆင်းပြီး ဒေသခံစုံထောက်တွေနဲ့ အတူပူးပေါင်းဖို့ဖြစ်လာတဲ့အခါမှာတော့ မေ့မေ့ပျောက်ပျောက်နေနေခဲ့တဲ့ သားအဖနှစ်ယောက်ဟာ တစ်ဖွဲ့တည်းမှာ အတူတူဆုံစည်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ သားအဖနှစ်ယောက်ကြား ဘုနဲ့ဘောက် တစ်မျိုးစီ စုံစမ်းစစ်ဆေးကြရင်း မူးယစ်ဖောက်ကားနေတဲ့ အကောင်အကြီးကြီးနဲ့ သွားပတ်သတ်မိကြတဲ့အခါမှာတော့… သွေးဆိုတာရေထက်ပျစ်တယ်ဆိုတဲ့အတိုင်း အဲဒီအမှုနဲ့ဆက်စပ်ပြီး အရင်က သူ့အဖေအပေါ် အထင်လွဲခဲ့မိတာတွေ၊ သူ့အဖေရဲ့မေတ္တာတရားတွေကို နားလည်လာပြီး ပြန်ပေးဆွဲခံလိုက်ရတဲ့ အဖေကို ဒုစရိုက်ကောင်တွေဆီက ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ ဒီကားလေးထဲမှာတော့ သားအဖနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေတင်မကဘဲ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အလွမ်းအဆွေးဟာသတွေကပါ ပံ့ပိုးမှုအားမြိုင်ဆိုင်လွန်းတာမို့ သေချာပေါက်ကြည့်ပြီး နောင်တမရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်ရှင်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size…2.16GB / 910MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hsu Pyae

Action • Thriller • Comedy • Drama
8 2008 110 mins
My New Partner
In His Mother’s Eyes
7.1

In His Mother’s Eyes (2024) IMDb Rating (7.1) အော်တစ်ဇင်ဖြစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ ကမ္ဘာကိုတင်ဆက်ပြသထားတဲ့ ဖိလစ်ပိုင်ကားလေးပါ။ ကမ္ဘာဆိုတဲ့‌နေရာမှာ အော်တစ်ဇင်တစ်ယောက်ရဲ့ အမြင်ကနေ မြင်ရမယ့် ကမ္ဘာကို ပြထားတာတော့မဟုတ်ပါဘူး။ ဒီလိုကမ္ဘာကိုတော့ The Reason I Jumpလို ရုပ်ရှင်မျိုးမှာ လက်တွေ့ကျကျပြထားတယ်။ ဝူယောင်းဝူလို ဇာတ်လမ်းတွဲမျိုးမှာလည်းပြထားပေမဲ့ ဒီမှာကတော့ သူ့ဘေးပတ်ဝန်းကျင်က ဆက်ဆံမှုတွေကြား သူနေရတဲ့ ကမ္ဘာကို ဦးတည်ပါတယ်။ အော်တစ်ဇင်ဆိုပြီး နှိမ်ချင် ကြဉ်ချင်ကြတဲ့လူတွေ သနားသလိုနဲ့ အမြတ်ထုတ်ချင်နေတဲ့လူတွေနဲ့ ဆက်ဆံနေရတဲ့ကမ္ဘာကြီမှာ သူ့ဘက်ကရပ်တည်ပေးတဲ့ လူနည်းစုက ရပ်ကြည့်နေရတဲ့ အကြောင်းတွေ။ နောက် ရပ်မကြည့်ခဲ့တဲ့ သူ့အမေရဲ့ သူ့တုံ့ပြန်မှုနဲ့ သူ့ကမ္ဘာကလူတွေရဲ့ တုံ့ပြန်မှုတွေကို ပြထားတယ်။ ကောင်းကွက်ကတော့ ဒီလိုဘီအဆင့်အာရှရုပ်ရှင်တွေမှာ ကျွန်တော်တို့ကို လက်တွေ့ကျတဲ့ ဇာတ်သိမ်းခန်းတွေ ပေးတာရှားပါတယ်။ ကမ္ဘာနဲ့ငါ ပြန်ပေါင်းထုပ်ကျလေသတည်းနဲ့ ပျော်ရွှင်စွာဇာတ်သိမ်းခန်းတွေကို မြင်ရတာများပေမဲ့ ဒီရုပ်ရှင်ကတော့ အသိမ်းကိုတော့ လက်တွေ့ကျကျ သိမ်းပေးထားတယ်။ အော်တစ်ဇင် အနည်းနဲ့အများဖြစ်နေကြတဲ့ ကလေးတွေ ပမာဏတစ်ခုအထိရှိတဲ့ကိစ္စကို အဲဒီဘက်လိုင်းကို အားစိုက်နေတဲ့ အသိတစ်ယောက်ပြောဖူးတယ်။ သူတို့မြင်တဲ့ကမ္ဘာနဲ့ ကျွန်တော်တို့မြင်တဲ့ကမ္ဘာတော့ မတူကြပေမဲ့ ကျွန်တော်တို့ကမ္ဘာကို သူတို့နားလည်ဖို့ခက်နေရင် ကျွန်တော်တို့က သူတို့ကမ္ဘာကို နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ သူတို့ခံစားချက်ကို ထုတ်ပြဖို့က သူတို့အတွက်ခက်ခဲနေရင် သူတို့ခံစားချက်ကို ကျွန်တော်တို့က နားလည်အောင်လုပ်ပေးဖို့လိုပါတယ်။ ဘာလို့ဆို မမြင်နိုင်တဲ့အကြောင်းတရားတွေနဲ့ ဂြိုဟ်တွေ ကမ္ဘာတွေက အမြဲ တစ်ခုအတွက်တစ်ခု အမှီသဟဲဖြစ်နေတာပဲ မဟုတ်လား။ ဇာတ်လမ်းဇာတ်အိမ်က ခြောက်ပြစ်ကင်းနေတာကြီးတော့ မဟုတ်ပေမဲ့ သူတို့ကမ္ဘာကို ပိုနားလည်လာအောင် ကြည့်သင့်တဲ့ ရုပ်ရှင်လို့ပဲမြင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(6 GB) / (1.9 GB) / (760 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:49:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.1 2024 115 mins
In His Mother’s Eyes
Tonight, At Romance Theater
7

Tonight, At Romance Theater (2018) ********************************** IMDb….7.0 ဒီကားလေးက တခြားကားတွေထက်စာရင် မြူးမြူးကြွကြွလေးနဲ့ စထားပြီးကြည့်ရှုသူကို မပျင်းမရိအောင် ဆွဲခေါ်နိုင်စွမ်းရှိတယ်…ဇာတ်လမ်းအမျိုးအစားကလည်း Fantasy, Romance ဖြစ်နေတာကလည်း တစ်ပိုင်းပေါ့လေ… ဇာတ်ကြောင်းကတော့ .. ကောင်လေးတစ်ယောက်ရှိတယ်…သူက လက်​​ထောက်​ဒါရိုက်​တာတစ်ယောက် …. လက်ထောက်ဒါရိုက်တာဆိုပေမယ့် သူလုပ်ရတာအများဆုံးက ..မီးထိုး..မှန်ထိုး .. ..ထိုင်ခုံခင်း ..လိုတဲ့ပစ္စည်းလေးတွေဝယ်ပေးရပေါ့… ဘယ်လောက်ပဲအလုပ်တွေများများ သူမပျက်မကွက်လုပ်တဲ့ ကိစ္စတစ်ခုရှိတယ်… အဲဒါကတော့ ရုပ်ရှင်ရုံမှာ တစ်ယောက်တည်း ဘယ်သူမှမကြည့်တော့တဲ့ အဖြူအမည်းခေတ်က ဇာတ်ကားတစ်ကားကို ကြည့်တာပါပဲ… သူ့ကြည့်ရတာ ဒီကားထဲက မင်းသမီးလေးကို အတော်သဘောကျပုံပဲ… သူ့ဘဝက ရိုးရှင်းပါတယ်.. ရိုက်ကူးရေးမှာအလုပ်လုပ်လိုက်…တစ်ယောက်တည်း ရုပ်ရှင်ရုံမှာ အဖြူအမည်း ခေတ်က မင်းသမီးလေးကို သွားငေးလိုက်ပေါ့… တစ်နေ့တော့ သူ့ဘဝပျက်မတတ်ခံစားလိုက်ရတဲ့ သတင်းတစ်ခုကြားလိုက်ရတယ်.. အဲဒါက သူကြိုက်တဲ့မင်းသမီးပါတဲ့ ရုပ်ရှင်ကားကို ရောင်းလိုက်တော့မယ်ဆိုတာပါပဲ ….နောက်ဆုံးအနေနဲ့ သူတစ်ယောက်တည်း မင်းသမီးလေးပါတဲ့ရုပ်ရှင်ကိုကြည့်နေတယ်.. ပါးစပ်ကလည်း ဒီညက မင်းသမီးလေးကိုကြည့်ရတာနောက်ဆုံးပါ့လားလို့ရေရွတ်နေတယ်..မျက်ရည်တွေလည်းကျလို့ပေါ့… အဲဒီအချိန်မှာပဲ မီးတွေပြတ်ပြီး ရုပ်ရှင်ရုံတစ်ခုလုံးအမှောင် အတိကျသွားတယ်… မီးပြန်လာတဲ့အချိန်မှာ ထူးဆန်းစွာပဲ မင်းသမီးလေးဟာ ကောင်လေးရှေ့ကိုရောက်လာတယ်…. ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦးဗျ… စကားမစပ် ဂျပန်မင်းသမီးလေး Ayase Haruka က နင်းကန် လှလွန်းတယ်…. မင်းသားကတော့ What Comes after Love (2024) စီးရီးက Sakaguchi Kentaro ဖြစ်ပါတယ် .. File size…1.69GB / 942MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 48 min. Genre ….. Romance, Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet

Crime • Thriller • Romance
7 2018 108 mins
Tonight, At Romance Theater
A Cruel Attendance
6.4

A Cruel Attendance (2006) ************************* IMDb… 6.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါမှာတော့ The fortune tellers,Romantic heaven က မင်းသားကြီး Kim Soo Ro, Parasite, Land of happiness က မင်းသားကြီး Lee Sun Kyun တို့ အဓိကပါဝင်ထားတဲ့ ရာဇဝတ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။ ~ ဇာတ်လမ်းအညွှန်း ~ မိသားစုအပေါ် အင်မတန် ချစ်မြတ်နိုးပြီး ဂရုစိုက်တဲ့ ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်တဲ့ အိုဒုံးချောက ပုံမှန်လခစားရုံးဝန်ထမ်းဖြစ်ပေမဲ့ စတော့ရှယ်ယာ ကစားမိလို့ အကြွေးပုံထဲမှာနစ်ပြီး ဒုက္ခရောက်နေသူတစ်ဦးပေါ့။ တစ်လတစ်ခါ အတိုးပြန်ဆပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရင်းနဲ့ပဲ အရင်းကို ပြန်ဆပ်ရမဲ့နေ့ကလည်း မြန်မြန်ဆန်ဆန်ကို ရောက်လာပါတော့တယ်။ အဲဒီအချိန်မှာ သူနဲ့ ဘဝတူ အကြွေးနွံထဲနစ်ပြီး လတိုင်း အတိုးပြန်ဆပ်နေရတဲ့ မန်းဟိုနဲ့ တွေ့ဆုံခဲ့ပြီးနောက် ကလေးတစ်ယောက်ကို ပြန်ပေးဆွဲပြီး မိဘတွေကို ပိုက်ဆံနဲ့ လာပြန်ရွေးခိုင်းဖို့ ကြံစည်ခဲ့ပေမဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အစီအစဉ်ပျက်ခဲ့ရပါတော့တယ်။ အဲဒီနောက် ကြံရာမရတဲ့အဆုံး ပိုက်ဆံချမ်းသာတဲ့ သူဌေးသမီးဖြစ်တဲ့ အထက်တန်းကျောင်းသူလေး ထယ်ဟီးကို ပြန်ပေးဆွဲပြီး ငွေညှစ်ဖို့ နောက်တစ်ခါ ထပ်ကြိုးစားခဲ့ရာမှ ဒုံးချောဆီကို “မင်းရဲ့ သမီးကို ပြန်ပေးဆွဲထားတယ် ” ဆိုတဲ့ ဖုန်းတစ်ကောလ် ဝင်လာတဲ့အခါ… ဒီတစ်ခါမှာရော သူတို့နှစ်ယောက်ရဲ့ ပြန်ပေးဆွဲတဲ့အစီအစဉ်လေးက ထင်ထားသလို ချောချောမွေမွေ့နဲ့ဖြစ်သွားပါ့မလား… သူများသမီးကို ပြန်ပေးဆွဲရင်း ကိုယ့်သမီးလေးကလည်း ပြန်ပေးဆွဲခံထားရတယ်ဆိုတာကို ကြားပြီး ဒုံးချောတစ်ယောက် ဘယ်လိုဆက်လုပ်သွားမလဲဆိုတာကို ဒီကားလေးထဲမှာ အလွဲလေးတွေနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ May Thet ပဲ ဖြစ်ပါတယ်။) File Size : 2.38GB/ 1.11GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:48:13 Genre : Crime, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Encoded by Tiff

Science Fiction • Adventure • Action
6.4 2006 108 mins
A Cruel Attendance
Ghost Killer
6.7

ဂျပန် John Wick လို့တင်စားရမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး IMDb မှာလည်း 6.7 ရထားလို့ Action ကားတစ်ကားအတွက် မဆိုးဘူးလို့ပြောလို့ရပါတယ်။ Hitman တယောက်က ဘယ်လိုအနီးကပ်တိုက်ခိုက်လဲကြည့်ချင်တယ်ဆိုရင် ဒီကားကို ကြည့်ရှုဖို့အကြံပေးပါတယ်။ တိုက်ခိုက်တဲ့အခန်းတွေ တကယ်မြန်ဆန်ပြီး တကယ့်ချက်ကောင်းတွေကိုမှ ရွေးပြီးတိုက်ခိုက်တာပါ။ ဇာတ်လမ်းကလည်း ရိုးရိုးရှင်းရှင်းနဲ့ ကြည့်လို့ကောင်းပြီး ဂျပန်မင်းသမီးကလည်း ချောချောလေးနော်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဖူမီကာဟာ ဆင်းရဲနွမ်းပါးတဲ့တိုက်ခန်းလေးမှာ နေထိုင်ရင်း အလုပ်ရှာနေတဲ့ကောလိပ်ကျောင်းသားလေး.. တစ်ခါတစ်ရံ အလုပ်ရဖို့အတွက် ညစ်ပတ်တဲ့လူတွေကို ရင်ဆိုင်နေရတဲ့ ဘဝမှာ ရုန်းကန်နေရသူပါ။ ဒါပေမယ့် တစ်ရက် တညလုံးအရက်သောက်ပြီး မနက်အပြန်လမ်းမှာ ကျည်ဆံခွံတစ်ခုကိုတွေ့ပြီး အိမ်ကိုသယ်လာလိုက်ပါတယ်။ သူက အဲဒါကို ကျည်ဆံခွံမှန်းတောင် မသိရှာပါဘူး။ တကယ် အဲဒီကျည်ဆံခွံက လုပ်ကြံရေးသမား ဟီဒီယို ကူဒိုရဲ့သေဆုံးမှုကို ဖြစ်ပေါ်စေတဲ့ ကျည်ဆံက ထွက်လာတာပါ။ ဒါနဲ့ မတော်တဆ ထိတွေ့မိပြီး သူ့ရဲ့ လက်စားချေလိုတဲ့ ဝိညာဉ်က သူရဲ့န္ဓာကိုယ်ကို ဝင်ပူးလိုက်တဲ့အခါမှာတော့…. File Size… (1.12 GB) / (735 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 45m Genre …..Action , Crime ,Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Action • Drama
6.7 2025 104 mins
Ghost Killer