YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Melody of Golden Age E03 1080p WEB-DL CM.mp4

772.48 MB N/A video/mp4 70 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Upstream Color
6.4

ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကို Shane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။ ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်း သရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့ ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင် သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့ ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီး ရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်က Kris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။ သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီး ပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့် အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့ သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။ နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကို ရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက သန်ကောင်ကို ထုတ်ပေးပြီး နောက်လက်ခံတစ်ခုဖြစ်တဲ့ ဝက်ဆီကလို လွှဲပေးလိုက်ပါတော့တယ်။ Jeff ကတော့ ကုမ္ပဏီက ပိုက်ဆံတွေကို လိမ်ထုတ်သွားလို့ ထောင်ကျ လုနီးပါးဖြစ်ခဲ့တဲ့ အကျိုးဆောင်တစ်ယောက်ပါ။ Kris နဲ့ Jeff ရထားပေါ်မှာ တွေ့မိကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိသွားကြပါတယ်။ Jeff ကလည်း Kris နဲ့ တစ်ပုံစံတည်း ကြုံတွေ့ခဲ့ရပြီး သန်ကောင်ရဲ့ ထိန်းချုပ်မှုကြောင့် သတိလွတ်ပြီး ကုမ္ပဏီငွေတွေကို လိမ်ထုတ်ခဲ့တာပါ။ လက်ရှိမှာတော့ သူတို့နှစ်ယောက်လုံးရဲ့ သန်ကောင်ကို ဝက်နှစ်ကောင်ဆီကို ပေးလိုက်ပြီး သူတို့ကလည်း ဝက်နှစ်ကောင်ရဲ့ ခံစားချက်တွေ အဖြစ်အပျက် တွေကို ခံစားနေရပါတယ်။ သန်ကောင်ထိန်းချုပ်တာ ခံနေရတဲ့ လူနှစ်ယောက် အချင်းချင်း ဆက်နွယ်မိကြပြီ း သူတို့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကို ဘယ်လိုချိတ်ဆက်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File size…1.42GB / 602MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 36m Genre ..... Drama , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

Adventure • Comedy • Family • Fantasy
6.4 2013 96 mins
Upstream Color
Thank You
5.8

Drama IMDb 6.4/10 ကဲ တေလဂူဘက်က မင်းသားချောလေး နာဂချီတန်ယားအခီနယ်နီရဲ့ ဇာတ်ကားသစ်လေး ထွက်လို့လာခဲ့ပါပြီ... ဒီမင်းသားရဲ့ထူးခြားချက်ကတော့ သူရိုက်တဲ့ကားတော်တော်များများက ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ အရည်အချင်းရှိတယ်.. ခုတစ်ခါထွက်ရှိလာတဲ့ကားလေးမှာလည်း လူတစ်ယောက်ရဲ့ဘဝ... အသေအချာပြောရရင် ယောက်ျားတစ်ယောက်ရဲ့ဘဝမှာ ကြုံရတတ်တဲ့ ဘဝရဲ့အချိုးအကွေ့ အနိမ့်အမြင့် အတက်အကျတွေကြားမှာ ကိုယ့်ကို ဘယ်သူဟာအမြင့်ကို ဆွဲခေါ်သွားလဲ ကိုယ့်ကို ဘယ်သူဟာ အနိမ့်ကို ဆွဲချသွားလဲဆိုတာကို ပိုင်းခြားသိမြင်တတ်အောင် သင်ပေးထားတဲ့ ဇာတ်ကားကောင်းလေးပါ.. ရည်မှန်းချက်တွေအပြည့်နဲ့ အမေရိကန်ကို ရောက်လာတဲ့ အဘီဟာ တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး သူ့အိပ်မက်တွေ အကောင်အထည်ပေါ်လာအောင် ကြိုးစားမယ့်လူတစ်ယောက်ပါ... ဒါပေမဲ့ အောင်မြင်လာတဲ့အခါမှာလည်း သူဟာ တစ်ကိုယ်ကောင်းဆန် မောက်မာလာပြီး သူ့ကျေးဇူးကို မေ့လာခဲ့ပါတယ်... ဘဝမေ့တော့မယ့်ဆဲဆဲ အမြင်မှန်ရလာတဲ့အခါမှာတော့ ဘဝကို လက်တွေ့ကျကျနဲ့ သူဘယ်လိုဖြတ်သန်းမလဲ သူ့ဘဝတက်လမ်းကို ဖေးမပေးခဲ့တဲ့သူတွေကို ပိုင်းခြားသိမြင်လာပြီးနောက် စိတ်ဝင်စားဖွယ် သူ့နောက်ကြောင်းတွေနဲ့အတူ ဘဝခရီးလမ်းကို အဓိပ္ပါယ်ရှိစွာနဲ့ ဘယ်လိုဖြတ်သန်းမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ကိုယ့်ဘဝရဲ့ကျေးဇူးရှင် ရန်သူနဲ့ ဘဝလက်တွဲဖေါ်တို့ကို အောင်မြင်စွာပိုင်းခြားသိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်... File size…10.57GB / 2.67GB / 1.2GB Quality…720p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Yunni ~ Khai

Crime • Drama • Thriller
5.8 2022 127 mins
Thank You
When Winter Comes
6

Little Forest လို အလောင်မပါတဲ့ Healing drama တွေကိုပဲသဘောကျတဲ့သူတွေအတွက် When Winter Comes (2022) ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဆောင်းရာသီအေးအေးလေးမှာ စောင်ထဲကွေးရင်း အေးအေးဆေးဆေးနဲ့ ကြည့်လို့ကောင်းမယ့်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လက်ရှိအချိန်မှာ ဘတ်စ်ကားဒရိုင်ဘာလုပ်နေတဲ့ ရုပ်ရှင်ဒါရိုက်တာဟောင်း ဂုံဆော့ဝူနဲ့ ဘတ်စ်ကားဂိတ်က စာရေးမလေး ယန်းယောင်းအယ်တို့ရဲ့ ကြည်နူးဖွယ်ဆက်ဆံရေးလေးကို ရိုက်ကူးပြသထားတာပါ။ ဒရိုင်ဘာဂုံဟာ ဘတ်စ်ကားဂိတ်ထိုင်ခုံပေါ်မှာ ကျန်နေခဲ့တဲ့ MP3 စက်လေးတစ်ခုကို တွေ့ရှိခဲ့ရာကနေ ယောင်းအယ်နဲ့ စတင်တွေ့ဆုံဖို့ဖြစ်လာခဲ့ပြီး သူ့ရဲ့အတိတ်နဲ့ပါ ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာခဲ့ပါတယ်။ ယောင်းအယ်ကတော့ အဲဒီ MP3 စက်လေးဟာ ပိုင်ရှင်ကလွှင့်ပစ်သွားခဲ့တာလို့ ယုံကြည်နေပြီး ဒရိုင်ဘာဂုံကတော့ ပိုင်ရှင်ကမေ့ကျန်နေခဲ့တာလို့ တစ်ထစ်ချပြောနေခဲ့တာပါ။ ဒီလိုမျိုးယုံကြည်ချက်ကိုယ်စီနဲ့ MP3 စက်လေးကိုအကြောင်းပြုပြီး စတင်သိကျွမ်းခဲ့ကြတဲ့ဆက်ဆံရေးဟာ အချိန်ကြာလာတဲ့အခါမှာ သံယောဇဉ်တွေပေါက်ဖွားလာကြမလား၊ အဲဒီ MP3 စက်လေးမှာရော ဘာလျှို့ဝှက်ချက်တွေများ ရှိနေမလဲ၊ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအဆုံးသတ်လေးကရော ဘယ်လိုများဖြစ်သွားမလဲဆိုတဲ့ စိတ်ဝင်စားစရာအချက်တွေကလည်း အပြည့်ပဲမို့ အခုပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြနကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.4GB | Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Drama
6 2022 105 mins
When Winter Comes
Diabolik - Ginko Attacks
5.9

Diabolik - Ginko Attacks (2022) ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။ Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 930MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 56Min Genre - Action, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Romance
5.9 2022 111 mins
Diabolik - Ginko Attacks
80 for Brady

80 for Brady (2023) ဒီကားမှာတော့ 12 Angry Men ထဲက ဂန္ထဝင်မင်းသားကြီး ဟင်နရီဖွန်ဒါရဲ့သမီး ဂျိန်းဖွန်ဒါ၊ ရီတာမော်ရီနို၊ ဆယ်လီဖီးဒ်၊ လီလီတွမ်လင် စသဖြင့် ၇၀တန်းမင်းသမီးကြီးလေးယောက် အပြိုင်သရုပ်ဆောင်ထားပါတယ်။ ထူးတာက ဒီလေးယောက်လုံးက တကယ့် ဂန္ထဝင်တွေပါ။ ဂျိန်းဖွန်ဒါဆို အော်စကာ၂ဆု၊ BAFTA ၂ဆု၊ Golden Globe ၇ဆု၊ Emmy ဆု၊ ရွှေခြင်္သေ့ဆုအပြင် ကိန်းကပါ Honorary Award တွေရထားတာပါ။ မော်ရီနိုကတော့ ဟောလိဝုဒ်ရွှေခေတ်လက်ကျန်မင်းသမီးကြီးတစ်ယောက်ဖြစ်ပြီး Triple Crown of Acting လို့ ခေါ်တဲ့ ဂရမ်မီ၊ အော်စကာနဲ့ တိုနီဆု သုံးခုလုံးရထားတဲ့ မင်းသမီးအနည်းအကျဉ်းထဲက တစ်ယောက်ပါ။ တော်တော်နည်းပါတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်လုံးမှ ၁၀ယောက်မပြည့်ပါဘူး။ Sally Field ကတော့ ဖောရပ်ဂန့်ရဲ့အမေနေရာကသိကြမှာပါ။ သူလည်း အကယ်ဒမီ ၂ဆု၊ ရွှေကမ္ဘာလုံး ၂ဆုရထားတဲ့ မင်းသမီးကြီးပါပဲ။ လီလီကတော့ အော်စကာမရဖူးပေမဲ့ အမ်မီ၊ ဂရမ်မီနဲ့ တိုနီဆုတွေ ရထားတဲ့ မင်းသမီးပါပဲ။ ဒီလိုဒိတ်ဒိတ်ကြဲဖြစ်ခဲ့တဲ့ မင်းသမီးကြီးတွေရဲ့ ကြည့်လိုက်တာနဲ့ကို ရင်ထဲ​နွေးသွား​စေမယ့် သူငယ်ချင်း​တွေကြား ၅၂၈ ​လေးကို ပုံ​ဖော်ထားတဲ့ကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အသက် ၈၀ အရွယ်​တွေနဲ့ ဖွဲ့စည်းထားတဲ့ သူငယ်ချင်း​လေး​ယောက် သူတို့အား​ပေးလာခဲ့တဲ့ အ​မေရိကန်​ဘောလုံး အားကစားသမား တွမ်ဘရန်ဒီရဲ့ ဖိုင််နယ်ပွဲကို စူပါဘိုးမှာ သွားကြည့်ဖို့ ကြိုးစားရင်း သူငယ်ချင်း​တွေရဲ့ အလွဲ​လေး​တွေကို ရယ်ရယ်​မော​မော​ကြည့်ရမှာဖြစ်သလို သူငယ်ချင်း​တွေကြားက အချစ်​တွေ​မေတ္တာ​တွေကိုလည်း ​သေချာ​လေးရိုက်ပြထားတာဖြစ်လို့ ကြည့်​နေရင်း​နွေး​​ထွေး​စေမယ့်ကား​လေးတစ်ကားလည်းဖြစ်ပါတယ်။ ကြည့်ရှုသူ​တွေထဲမှာ​ရော အသက် ၈၀​ကျော်တဲ့အထိ ကိုယ်နဲ့အတူကဲမယ့် သူငယ်ချင်း​တွေရထားပြီလားပြန်လည်စဥ်းစားကြည့်ပါခင်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 700MB Quality – 1080p, 720p Format – mp4 Duration – 1H 38Min Genre – Comedy, Drama, Sport Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023 98 mins
80 for Brady
Fugly
4.7

Fugly (2014) အမှန်တရားဘက်တော်သား IMDb 4.7/10 Thriller/ Comedy ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးအတွက် မင်းသမီးချောလေး ကီယာရာရဲ့ ပွဲဦးထွက်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ပွဲဦးထွက်ဆိုပေမယ့်လည်း ကီယာရာရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို မြင်တွေ့ရမှာပါ ကီယာရာဆိုတာနဲ့ ကြည့်ကြမယ်ဆိုတာကို သိပေမယ့် ဝတ္တရားအရ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါရစေ။ ဒေ့ဗ် ၊ ဒေဗီ ၊ ဂူရာ့ဗ်နဲ့ အာဒီတို့ဟာ ငယ်ငယ်ကတည်းက ပခုံးဖက်ပြီးပေါင်းလာကြတဲ့ သူငယ်ချင်းတွေပေါ့ သူတို့လေးယောက်ထဲမှာ ဂူရာ့ဗ်ကတော့ ဝန်ကြီးရဲ့သားတစ်ယောက်ဖြစ်ပြီး ကျန်တဲ့သုံးယောက်ကတော့ သာမန်လူတန်းစားတွေပါ ဂူရာ့ဗ်က အမြဲတမ်းပြဿနာ‌ရှာလေ့ရှိပေမယ့် အဖေဖြစ်သူရဲ့အရှိန်အဝါကြောင့် ဘယ်သူမှမထိရဲကြတဲ့လူတစ်‌ယောက် .. သူငယ်ချင်းလေးယောက်က အမြဲတမ်းတပူးပူးတတွဲတွဲနေတတ်ကြပြီး တစ်ယောက်ကို ထိပါးလာပြီဆိုရင် ကျန်တဲ့သူတွေကလည်း ငြိမ်ခံမနေကြဘူးပေါ့ ဒီလိုနဲ့တစ်ရက်မှာတော့ သူတို့ရဲ့သူငယ်ချင်းမလေးဒေဗီကို ကုန်စုံဆိုင်ပိုင်ရှင်တစ်ယောက်က ထိကပါးရိကပါးလုပ်လာတဲ့အတွက် ပညာပေးဖို့ဆုံးဖြတ်လိုက်ပါတယ် ဆိုင်ပိုင်ရှင်ကို ကားနောက်ဖုံးထဲပိတ်ထားလိုက်ပြီး ကားပတ်မောင်းနေတုန်းမှာပဲ ကင်းလှည့်နေတဲ့ရဲနဲ့ပက်ပင်းတိုးပါလေရော ဂူရာ့ဗ်က ခါတိုင်းလိုပဲ အဖေဖြစ်သူရဲ့အရှိန်အဝါနဲ့ ရှောင်ထွက်ဖို့ကြိုးစားပေမဲ့ ဒီရဲကိုတော့ ခါတိုင်းလို ခြိမ်းခြောက်လို့မရခဲ့ပါဘူး နောက်ပြီးရဲအရာရှိဖြစ်တဲ့သူက ကားနောက်ဖုံးထဲမှာပါလာတဲ့လူကို လက်လွန်ကြက်သွန်တွေဖြစ်ပြီး သတ်လိုက်မိတဲ့အခါမှာတော့ ဒီအရှုပ်တော်ပုံကြီး သူတို့ခေါင်းပေါ်ရောက်ဖို့ဖြစ်လာပါတော့တယ် သူတို့တွေ ဘယ်လိုပြဿနာတွေကြုံရမလဲ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamတို့ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

4.7 2014
Fugly
The Uninvited
5.8

ဂျောင်ဝန်းတစ်ယောက် ရထားစီးလာရင်း နဲ့ ကလေးမနှစ်ယောက်ကို ဒီတိုင်းတွေ့လိုက်တယ် အစကတော့ သတိအမှတ်မဲ့နေရင်း ဂိတ်ရောက်တော့ ပုံမှန်အတိုင်းပဲ ဆင်းတာပေါ့ နောက်နေ့သတင်းမှာ အဲ့ဒီကလေးမလေး နှစ်ယောက် ရထားပေါ်မှာအဆိပ်မိပြီးသေနေတယ်ဆိုတဲ့သတင်းပါလာခဲ့ပါလေရော အဲ့နေ့ကစပြီး ဂျောင်ဝန်းတစ်ယောက် စိတ်တွေခြောက်ခြားပြီး ကလေးမလေးတွေရဲ့ဝိဉာဉ်က သူ့နောက်ကိုလိုက်ပါလေတော့တယ် သူနဲ့ဘဝတူ ဝိဉာဉ်တွေကိုမြင်နိုင်တဲ့ ယွန်းလေးရဲ့အကူအညီနဲ့ ပြဿနာတွေကိုဖြေရှင်းဖို့ကြိုးစားရင်း သူ့အတိတ်နဲ့ပက်သက်တာတွေကိုပါ သိရှိလာတဲ့အခါမှာတော့…။ မင်းသမီး Jun Ji-Hyun ပါဝင်ထားတဲ့ကားလေးမို့ အားပေးကြပါဦးနော် ( အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ Shoon Thu Thu Chain ဖြစ်ပါတယ် ) File size_(2.5GB)/(1GB) Quality_WebDL 1080p / 720p Format_mp4 Duration_02:07:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Shoon Thu Thu Chain

Crime • Drama
5.8 2003 125 mins
The Uninvited
Godsend

ပေါလ်နဲ့ ဂျက်စီတို့မှာ အဒမ်ဆိုတဲ့သားလေးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာကောင်းတဲ့မိသားစုတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာပဲ အဒမ်က အသက် ၈ နှစ်ပြည့်မွေးနေ့ကျင်းပကာ နောက်တစ်ရက်မှာ မတော်တဆတစ်ခုဖြစ်ပြီး ဆုံးပါးသွားပါတော့တယ်။ ယူကျုံးမရဖြစ်နေတဲ့ လင်မယားနှစ်ယောက်က သူတို့သားလေးရဲ့ ဆဲလ်ကိုပွားလိုက်ပြီး ချွတ်စွတ်တူတဲ့ ကလုန်းတစ်ယောက်ကို တရားမဝင် ထပ်မံမွေးဖွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ အဒမ် (ကလုန်း) အသက် ၈ နှစ်ပြည့်ပြီး ကျော်လွန်တဲ့ရက်ကစလို့ ကျောင်းမှာရော အိမ်မှာပါ အပြုအမူတွေက အရမ်းကို ဆိုးဝါးလာပါတော့တယ်။ သူတို့ သားလေးရဲ့ အမူအကျင့်တွေပြောင်းလဲလာပုံကို လင်မယားနှစ်ယောက် လိုက်လံစုံစမ်းရင်းနဲ့ ဘာတွေကို သိလာရမလဲဆိုတာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက Horror/ Sci-fi ဖြစ်ပြီးတော့ ကလုန်းဖန်တီးပေးတဲ့ ဆရာဝန်ကြီးအဖြစ် Robert De Niro က အဓိကဇာတ်ဆောင်တစ်ဦးနေရာက ပါဝင်ထားပါသေးတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(670 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre… Drama, Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway OO K Zaw

0 2004
Godsend
Memoir Seorang Guru
8.4

Memoir Seorang Guru (2024) IMDb Rating (8.4) ဇာတ်ကားကတော့ ပညာပေးဇာတ်လမ်းပါ။ မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။ ဒီရုပ်ရှင်ကားကို ဒါရိုက်တာ Kyoll Hamzah က စီစဥ်ရိုက်ကူးခဲ့ပြီး (IMDb rating 8.4) ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Biography Duration….01:44:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

8.4 2024
Memoir Seorang Guru
Action U.S.A.
6

Actionကြိုက် CMပရိတ်သတ်တွေအတွက် Action USAဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ 90s action ဇာတ်ကားတို့ရဲ့ ရသနဲ့ညီစွာ ရင်ထိတ်စရာ စတန့်ပြကွက်တွေ ပစ်ခတ်ခန်းတွေ ပေါက်ကွဲခန်းတွေကို အားရပါးရကြည့်ရှုကြမှာပဲဖြစ်ပါတယ်။ ကလေးတွန် အော့ဇ်ဘွန်းနဲ့ အဲလ် မက်ကင်နွန်တို့ဆိုတာကတော့ FBI အေးဂျင့်နှစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့လိုက်နေကြတဲ့ ဖရန့်ကီ နာဗာရိုရဲ့ စိန်သူခိုး ဘီလီ ရေးက အသတ်ခံလိုက်ရတဲ့အပြင် သူ့ရဲ့ ကောင်မလေး ကာမန်ကိုပါ အစိုးရမျက်မြင်သက်သေအနေနဲ့ ကြေးစားလူသတ်သမားတွေဆီကနေ ကာကွယ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ သူလုပ်ချင်ရာလုပ်ပြီး အမြဲပြဿနာအိုးထဲကျနေတဲ့ ကာမန်တစ်‌ယောက်ကို ကလေးနဲ့ အဲလ်တို့နှစ်ယောက် ဘယ်လိုမျိုး ကယ်တင် ကာကွယ်သွားကြမလဲ။ ဘုနဲ့ဘောက် အော့ဇ်ဘွန်းနဲ့ ကာမန်တို့ကြားမှာ‌ရော ဘယ်လိုဇာတ်လမ်းမျိုးလေးတွေ ဖြစ်လာကြမလဲ။ အဆုံးမှာ ကလေးတွန်နဲ့ အဲလ်တို့ သူတို့ရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်သွားနိုင်ကြမလားဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File Size : 2.6 GB, 1.6 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 37min Format : Mp4 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

Romance • Comedy
6 1989
Action U.S.A.