YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Meet Yourself E03 CM.mp4

286.09 MB N/A video/mp4 245 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Marvin's Room
6.7

အခုနောက်ပိုင်းမှာ Family dramaဆိုတဲ့Genreကိုမြင်တာနဲ့ အလွန်အကြူးဒရာမာချိုးနေတဲ့ emotionally အိုဗာတင်းနေတဲ့ ဇာတ်ကားတွေကိုပဲ မြင်နေမိမှာဆိုတော့ 90s က old but gold family dramaကားကောင်းလေးတစ်ကောင်းကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ Meryl Streep တို့ Leonardo တို့ Diane Keatonနဲ့ Robert De Niro တို့လိုcastတွေကို တစ်စုတစ်စည်းတည်းမြင်နေရတာနဲ့တင် ဒီရုပ်ရှင်ကိုကြည့်ရတာ အတော်တန်နေပြီဖြစ်တာမလို့ plotလေးက ဘယ်လိုလာမလဲဆိုတာ ဆက်လက်ရှုစားကြည့်ပါဦးစို့။ ဇာတ်လမ်းလေးစတင်လာရတာကို ပြောရမယ်ဆိုရင်တော့ Marvinဆိုတဲ့အဘိုးကြီး လေဖြတ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ လူမမာအဖေကြီးကို ပြုစုဖို့တာဝန်က Leeနဲ့Bessieတို့ပေါ် ကျရောက်လာတာပေါ့။ ခုမှစူးစမ်းတဲ့အရွယ် အိပ်မက်တွေနောက်လိုက်ချင်တဲ့အရွယ်လေးတွေဖြစ်တဲ့ Bessieနဲ့Leeတို့ညီအစ်မအတွက် လူမမာပြုစုရမယ်ဆိုတာ တစ်သက်တာအိပ်မက်ဆိုးပါပဲ။ ဒီကိစ္စနဲ့ပဲ ညီအစ်မ ၂ ယောက် စကားများကြပြီးတော့ မတူညီတဲ့ခံယူချက်နဲ့ရွေးချယ်မှုအောက်မှာ အစ်မဖြစ်တဲ့Bessieက လူမမာအဖေကြီးကို ပြုစုဖို့ကျန်နေခဲ့ပြီး ညီမဖြစ်သူLeeကတော့ ကိုယ့်အတွက်ကိုယ်ကြည့်လို့ ယောက်ျားနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတော့တယ်။ ဘာရယ်မဟုတ်တဲ့ အယူအဆနဲ့ဆုံးဖြတ်ချက်ကွဲပြားမှုကြောင့် နှစ် ၂၀ ဝေးကွာခဲ့တဲ့ ညီအစ်မနှစ်ယောက် ပြန်လည်ဆုံစည်းရဖို့ဖြစ်လာတဲ့အခိုက်အတန့်က အစ်မဖြစ်သူBessieရဲ့ သွေးကင်ဆာဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကြီးဖြစ်နေတဲ့အခါ ဆယ်စုနှစ် ၂ ခုကြာအောင် အိမ်ကိုလှည့်မကြည့်ခဲ့တဲ့Leeတစ်ယောက် အစ်မဖြစ်သူခြင်ဆီအစားထိုးဖို့ ဆေးစစ်ဖို့ တစ်ချိန်က သူခေါင်းရှောင်ခဲ့တဲ့ အဖေကြီးကိုပြုစုဖို့ သား ၂ ယောက်နဲ့အတူ အိမ်ပြန်လာဖို့ ဖြစ်လာတဲ့အခါ.... တစ်ဖက်မှာလည်း အမေနဲ့အဆင်မပြေလို့ အိမ်ပါမီးရှို့တဲ့Hankနဲ့ လူမမယ်လေးပဲရှိသေးတဲ့Charlieကတစ်ဖက် သွေးကင်ဆာရောဂါသည်အစ်မBessieနဲ့ အိပ်ရာထဲလဲနေတဲ့ ဖခင်ကြီးMarvinကတစ်ဖက် Leeတစ်‌ယောက် လူမမာပြုစုရတော့မဲ့သူ့ဘဝကို အလွယ်တကူလက်မခံဖြစ်နေတော့တာပေါ့။ အဲဒီနောက်မှာ ဘာတွေဆက်ဖြစ်ကြမလဲကိုတော့ ရုပ်ရှင်လေးမှာပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ရအောင်ပါ။ Realityဆန်တဲ့ family dramaကားကောင်းရဲ့ ဂုဏ်ပုဒ်‌နဲ့အညီ ပြဿနာတွေလည်းပါ၊ အချစ် အလွမ်းနဲ့ ကြည်နူးစရာ မျက်ရည်ဝဲစရာလေးတွေလည်းပါ၊ ဟာသနဲ့အလွဲလေးတွေ၊ အချင်းများတာလေးတွေပါ သမမျှတအောင် အပိုအလိုမရှိဖြည့်စွက်ထားတဲ့ ဟင်းကောင်းတစ်ခွက်လိုဇာတ်လမ်းလေးဖြစ်တာမလို့ Drama Fanတစ်ယောက်အနေနဲ့ လက်လွတ်မခံသင့်တဲ့Marvin's Roomဆိုတဲ့ ရုပ်ရှင်လေးကိုမြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ File Size :(2.02GB) and (770MB) Quality : Blu-Ray1080p 720p Format…mp4 Duration…01:38:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Jane Encoded by Phyo Pyae

Drama
6.7 1996 98 mins
Marvin's Room
Mismatched Couples
6.4

ဂျက်ကီချမ်းရဲ့ Drunken Master, Snake in the Eagle's Shadow တို့၊ ဂျက်လီရဲ့ Tai Chi Master တို့၊ မီရှဲယိုရဲ့ Wing Chun တို့၊ ဒွန်နီယန်ရဲ့ Master Z: The IP Man Legacy တို့၊ Iron Monkey တို့၊ အန်းလီရဲ့ အော်စကာရ Crouching Tiger, Hidden Dragon ရဲ့ အဆက် Sword of Destiny ကို ရိုက်ခဲ့တဲ့ Yuen Woo Ping ရဲ့ ဟိုးတုန်းကကားဟောင်းပါ။ Donnie Yen ကို မင်းသားတင်ရိုက်ထားပါတယ်။ ကားကတော့ ဖိုက်တင်နဲ့ ဘရိတ်ဒန့်အကကို ရောစပ်ပြသထားတဲ့ အချစ်ဟာသကားပါပဲ။ တစ်ခုရှိတာက တောင်းလွန်းမက တောင်းလွန်းလို့သာ တင်ရပေမဲ့ ဒီကားရဲ့ မူရင်းစာဖိုင်မှာကိုက " Since there is no decent English sub, I decided to translate other language subs and merge with the "google translated" english sub that's available. At some point, I had to re-write some lines to try and make sense of the scenes... hopefully, it won't take away from the movie" လို့ ရေးထားသလို သူ့အင်္ဂလိပ်စာဖိုင်ကိုက လွတ်နေတဲ့နေရာတွေများပါတယ်။ ဒါတွေကို ပြန်ဖြည့်ထားရတာပေမယ့် သူ့စကားအတိုင်း Hopefully, it won't take away from the movie ပါပဲ။ ဟောင်ကောင်မင်းသမီးချောချောလေးတွေနဲ့ ဒွန်နီယန်ကို ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 720MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Action, Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama • Romance
6.4 1985 88 mins
Mismatched Couples
The Bad Guys: Reign of Chaos
6.8

မာဒုန်ဆော့ပရိတ်သတ်တွေအတွက် BLU-RAY1080P5.1Ch လေးနဲ့ တင်ဆက်ပေးထားပါတယ်... မျက်နှာပေါက်ဆိုးပေမယ့် သူ့ရဲ့ရိုးသားတဲ့ဟန်ပန်ဟာ မျက်နှာမှာ အတိုင်းသား ပေါ်လွင်နေတယ်….ဒီရုပ်ကြီးကို ကျွန်တော်တို့တွေ ဘာ့ကြောင့်မှန်းမသိ သဘောကျနေကြတယ်…..ဗလခပ်တောင့်တောင့်နဲ့ လက်သီးကြီးတစ်လုံး တစ်လုံးဟာ အပျိုပေါက် အုန်းပင်တစ်ပင်ရဲ့ အုန်းသီးလုံးကြီးလောက်ကြီးရှိတဲ့ဒီလူကြီးကို ကျွန်တော်တို့အလွယ်ပဲ ဖက်တီးမင်းသားလို့ ဂုဏ်ပုဒ်တပ်လိုက်ကြတယ်… ရိုးသားတဲ့သူ့အပေါ် အကျင့်ယုတ်တဲ့ သူတွေအားလုံးကို တစ်ချက်တစ်ချက်ထိုးချလိုက်တဲ့ဟန်ပန်ကို ကျွန်တော်တို့အားလုံးကျေနပ်အားရမိကြတယ်… ကိုယ့်ကိုကိုယ်အားမရမိတဲ့ကျွန်တော်တို့ ဝိညဉ်ကို ဒီဖက်တီးမင်းသားကြီးဆို ပူးလွှတ်ရင်း သူ့ဖိုက်တင်တွေကြည့်ရတာ တော်တော်ပျော်စရာကောင်းပါတယ်…. ဒါ့ကြောင့်ပဲသူ့ကားတွေကို မရိုးနိုင်အောင် ကျွန်တော်တို့ မျှော်လင့်နေကြတယ်…ဒီကားထဲမှာလည်း သူဟာ ရိုးသားပေမယ့် ပြသနာတစ်ခုကြောင့်ထောင်ကျနေတယ်….အဲ့ဒီအထဲမှာ ထောင်သားတွေနဲ့ ရဲတွေနဲ့ အမှုကြီးတစ်ခုနဲ့ လူဆိုးဂိုဏ်းတွေအကြား အရှုတ်အထွေးတွေကို လိုက်ရှင်းနေတဲ့အကြောင်းကိုရိုက်ထားတာ… ဇာတ်လမ်းက ဆွဲဆောင်မှုရှိသလို… ဖိုက်တင်ခန်းတွေမှာ ဆော်ချက်တွေလည်း တကယ့်ကိုအားရစရာပါပဲ…..တော်တော်ကြီးကို ပီပီပြင်ပြင်ဆော်ကြတာ…. အရိုးတွေချိုးတာတွေ ……ကားတိုက်ခန်းတွေ….မျက်နှာတွေမှ တေ့ထိုးချတာတွေ… သတ်ဖြတ်ခန်းတွေတကယ့်ကိုမိုက်ပါတယ်…. File Size : (1.36GB)  (734 MB) and (252MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…01:54:00 Genre : Action ,Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Min Wai

Drama
6.8 2019 114 mins
The Bad Guys: Reign of Chaos
Eight Taels of Gold
7.1

Eight Taels of Gold (1989) ==================== IMDb Rating – 7.1/10 Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn’s Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။ အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ မိတ်အင် ချိုင်းနားပစ္စည်းတွေ ပြန်ရှာဝယ်တဲ့အခန်းပေါ့။ အမေရိကန်ပြန်ဆိုပြီး အထင်ကြီးမယ့် တရုတ်တွေကို သယ်လာတဲ့ မိတ်အင်ချိုင်းနားပစ္စည်းတွေနဲ့ ဂျင်းထည့်ဖို့ကြံနေတဲ့ တရုတ် ပေါ့။ နောက်ကျ မြို့ပေါ်က သူတို့အိမ်ကို ရောက်လာတယ် ဒါပေမဲ့ အဲဒီခေတ်က တရုတ် ပြည်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲမွေးရမယ့် ဥပဒေရှိခဲ့တယ်ထင်တယ်။ သူ့အစ်မရဲ့ ဒုတိယကလေးကို တိတ်တိတ်လေးမွေးဖို့ သူ့အဖေနဲ့အမေက သူ့အစ်မနဲ့အတူတူ ရွာဘက်ထွက်သွားတယ်တဲ့။ ဒီတော့ ရွာကအိမ်ကို လိုက်ဖို့ အကြောင်းဖန်လာတယ်။ ဒီမှာ တခြား အမေရိကန်ပြန်တစ်ယောက်နဲ့ လက်ထပ်ပွဲမတိုင်ခင် ရွာပြန်ပြီးသွားစောင့်ဖို့ လုပ်နေတဲ့ ဝမ်းကွဲညီမနဲ့တွေ့ကြတယ်။ သူတို့၂ယောက်ကာရိုက်တာက chemistryမိသလို ရိုမန့်တစ်ဖြစ်ရမယ့် ကာရိုက်တာအနေနဲ့ တည်ဆောက်ထားတာပေမဲ့ သူတို့၂ယောက်ရဲ့ကာ ရိုက်တာတွေကိုက American Dreamနဲ့ American Realityကို အပြိုင်ပြပေးနေတယ်။ အမေရိကန်ကို သိပ်အထင်ကြီးပြီး အမေရိကန်ရောက်ရင် ငါတော့ဘာလုပ်လိုက်မဟဲ့ဆိုတဲ့ တစ်ယောက်နဲ့ အမေရိကန်မှာ ခွေးလိုနွားလိုရုန်းကန်လာရတဲ့သူနဲ့ပေါ့။ သူတို့ကာရိုက်တာတွေ ကနေတစ်ဆင့်ပဲ လွတ်လပ်ခွင့်ပေးထာသလိုလိုနဲ့ ပြန်ချုပ်ထားတဲ့ တရုတ်ပြည်အခြေအနေ ကိုပါ နည်းနည်းပါးပါးကလိထားသေးတယ်။ ဒီလိုနဲ့ သူတို့အတူတူ ရွာပြန်ကြတယ်ပေါ့။ တလွဲတွေတော့ တော်တော်များပါတယ်။ ရွာပြန်ရောက်တဲ့အထိတော့ ဒီကားက လုံးဝဟာသ ကားပဲ။ ဒီလိုနဲ့ ရွာပြန်ရောက်သွားတယ်။ ရွာပြန်ရောက်တော့ အိမ်ထိပ်မှာ ထိုင်နေတဲ့ သူ့အဖေက သူ့ကိုမြင်တော့ ဝမ်းသာလုံးစို့ပြီး တက်သွားတယ်။ နောက် သူ့အမေ သူ့အစ်မ သူ့ခွေးလေး စသဖြင့် သူပစ်ထားခဲ့တဲ့လူတွေရဲ့ အပျော်တွေကို ပြတယ်။ ဒီအခန်းတွေက ဝမ်းနည်းစရာနဲ့ ကြည်နူးစရာ ရောနေတယ်။ ဒီကားရဲ့ အီမိုရှင်နယ်အဖြစ်ဆုံးအခန်းတွေပဲ။ ဒါတော့ဆက်ပြောရင်ပေါ့သွားမှာမို့ ကြည့်တော့ သိပါလိမ့်မယ်။ Mabel Cheungရိုက်ပြီး ချောင်ယွန်ဖတ် သရုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံးတရုတ်ရုပ်ရှင် ၁၀၀စာရင်းဝင် An Autumn’s Taleမှာ ချောင်ယွန်ဖတ်ဇာတ်ကောင်က သူပိုင်တဲ့တစ်ခုတည်း သော ပိုင်ဆိုင်မှုဖြစ်တဲ့ကားစုတ်ကြီးကိုရောင်းပြီး နာရီကြိုးဝယ်ပေးခဲ့တဲ့ အခန်းဟာ တော်တော် ထိသလို ဒီထဲလည်း ထိုနည်းလည်းကောင်း အခန်းပဲသုံးထားတယ်။ သူ့ Trilogyရဲ့ ပုံသေနည်း လိုလိုပါပဲ။ ဘာပြောပြော ထိတာတော့ထိပြန်တာပါပဲ။ Eight Taels of Goldဟာ သူ့Trilogy အငွေ့အသက်ထဲကပဲ သွားသလို သရော်တာတွေ ဟာသတွေလည်း တော်တော်ထည့်ထားတော့ အဖီးလ်သက်သက်မဟုတ်ဘဲ ဟာသကားအနေနဲ့လည်း တော်တော်ကြည့်ပျော်ပါတယ်။ artistic movieလည်း ဖြစ်သလို visualတွေ သီချင်းတွေလည်း တော်တော်လေးကောင်းပါတယ်။ သီချင်း တွေက Teresa Tengသီချင်းတွေလိုလိုပါပါပဲ။ ထုံးစံအတိုင်းပါပဲ ဟောင်ကောင်ရွှေခေတ်က ကားတွေဟာ ရိုးလောက်စရာ မရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.36 GB) / (1.0 GB) / (615 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….WiRa Aung Encoder……….SWM

TV Movie • Thriller • Crime • Drama
7.1 1989
Eight Taels of Gold
Falling for You
6.2

ဒီဇာတ်ကားလေးကတော့ လူတွေဆီကို ပျော်စရာ၊ရယ်စရာတွေယူဆောင်ပေးတဲ့ လူပြက်တစ်ယောက်ရဲ့ နောက်ကွယ်မှာရင်ဆိုင်ရတဲ့ဘဝအခက်အခဲတွေကို ဟာသနှောပြီးတင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အတော်ရှားတဲ့ Coulrophobia လို့ခေါ်တဲ့ လူပြက်တွေကိုအလွန်အမင်းကြောက်တတ်တဲ့ရောဂါကိုလဲ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိုရမှာပါ။ ဒီဇာတ်ကားမှာ မိသားစုနဲ့အတူကြည့်ဖို့မသင့်တဲ့ ဇာတ်ဝင်ခန်းများနဲ့ စကားလုံးများပါဝင်ပါတယ်။ လူပြက်လောကမှာ အကျော်အမော်တစ်ယောက်ဖြစ်ဖို့အရေး အပတ်တကုတ်ကြိုးစားနေရင်း အချစ်ဦးကထားသွားတာခံခဲ့ရတဲ့ အော်စကာတစ်ယောက် သူ့ရဲ့အိပ်မက်တွေကိုတကယ်ပဲအကောင်အထည်ဖော်နိုင်မှာလား။ ဟေဇယ်ကတော့ အိမ်ကနေပဲအလုပ်လုပ်တဲ့ အိမ်တွင်းပုန်းမလေးပါ။ လူပြက်တွေကိုကြောက်တတ်တဲ့စိတ်ဝေဒနာကြောင့် ဆရာဝန်ပါပြနေရတဲ့ဟေဇယ်တစ်ယောက် သူ့ရဲ့အကြောက်တရားကို ကျော်လွှားနိုင်ပါ့မလား။ ဟာသတွေ၊ပျော်စရာတွေကို ဘဝလို့ခံယူထားသူ အော်စကာနဲ့ ဟာသဉာဏ်မရှိသူ ခပ်အေးအေး ဟေဇယ်တို့နှစ်ဦး တိုက်ဆိုင်မှုတစ်ခုကြောင့်တွေ့ဖို့အကြောင်းဖန်လာတဲ့အခါ သူတို့ဘယ်လိုရှေ့ဆက်ကြမှာလဲ။ အော်စကာကရော သူ့ရဲ့ဘဝအမှန်ကိုဘယ်လောက်ထိဖုံးကွယ်ထားနိုင်မှာလဲ။ Budget အများကြီးမသုံးထားပေမယ့် ဟာသ၊ ဒရာမာနဲ့ အချစ် စတဲ့ရသတွေကို တစ်လှည့်စီခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.35 GB)/(610 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

6.2 2022
Falling for You
Wake Wood

IMDb 5.5 နဲ့ Rotten Tomatoes 88%အထိရရှိခဲ့တဲ့ ၂၀၀၉ခုနှစ်ထွက် သဘာ၀လွန် horrorကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၉နှစ်အရွယ်သမီးဖြစ်သူ အဲလစ်ဟာ လည်ပင်းကိုခွေးကိုက်ခံရပြီး သေဆုံးသွားပြီးတဲ့နောက်မှာ ပက်ထရစ်နဲ့ လူဝိစ်တို့ ဇနီးမောင်နှံဟာ မြို့ပြနဲ့ဝေးလံတဲ့တစ်နေရာက Wake Woodလို့အမည်ရတဲ့ မြို့လေးတစ်မြို့မှာအခြေချဖို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ မြို့ငယ်လေးရဲ့ အကြီးအကဲဖြစ်သူ အာသာဟာ ပက်ထရစ်နဲ့လူဝိစ်တို့ရဲ့သမီးဖြစ်သူကို ထူးဆန်းတဲ့သဘာ၀လွန်ဓလေ့ထုံးတမ်းတွေကိုအသုံးပြုပြီး သေရွာကပြန်ခေါ်ကာ လူ့ဘ၀ကို ခေတ္တပြန်ရောက်လာအောင် ကူညီပေးနိုင်ကြောင်းကမ်းလှမ်းလာပါတယ်။ ဒီလိုနဲ့ ပက်ထရစ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာ အာသာနဲ့ တင်းကြပ်တဲ့စည်းကမ်းတွေ အပေးအယူတွေကို သဘောတူညီမှုရပြီးတဲ့နောက်မှာတော့ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေနဲ့ စတင်ကြုံတွေ့လာရ‌ပါတော့တယ်။ စပွိုင်လာကင်းအောင် အများကြီးမညွှန်းထားပါဘူး။ ဇာတ်အိမ်ကအတော်ကောင်းသလို ၉နှစ်သမီးအဲလစ်ရဲ့သရုပ်ဆောင်ချက်ကလည်း အတော်ပီပြင်တာမလို့ Horror ပရိတ်သတ်တွေအနေနဲ့ မြည်းစမ်းကြည့်ဖို့ မမှားတဲ့ဇာတ်ကားကောင်းတစ်ကောင်းဖြစ်ကြောင်း ညွှန်းဆိုပေးရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။ (သွေးသံတရဲရဲဇာတ်၀င်ခန်းတွေပါရှိတာကိုတော့ သတိပြုပေးစေလိုပါတယ်) File size…(1.5 GB)/(713 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven

Comedy
0 2009
Wake Wood
Dolphin
7

Dolphin(2024) ************* Girl’Generation အဖွဲ့ဝင် Kwon Yuri Main Lead အဖြစ် ပါဝင်ထားတဲ့ Dolphin ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ နာ‌ယောင်းက မွေးရပ်ဇာတိ နယ်မြို့လေးကို သံယောဇဉ်ကြီးတဲ့အပြင် မိသားစု အမှတ်တရတွေ ရှိတဲ့ သူတို့အိမ်လေးကို အင်မတန်မှ တန်ဖိုးထားပါတယ်။ ဒါပေမဲ့ နာယောင်းရဲ့ အမေက အမှတ်တရတွေရှိခဲ့တဲ့ သူတို့ အိမ်လေးကို ရောင်းချဖို့ စီစဉ်ခဲ့တယ်။ နာယောင်းရဲ့ မောင်လေး ဆောင်းအွန်းကလည်း မွေးရပ်မြေကို စွန့်ခွာပြီး ဆိုးလ်မြို့‌ပေါ်ကို သွားဖို့ စိတ်အားထက်သန်နေပါတယ်။ အားလုံးက နယ်မြို့ကို စွန့်ခွာပြီး ဆိုးလ်မြို့ပေါ် တက်ချင်နေကြတဲ့အချိန်မှာ ဟယ်ဆူဆိုတဲ့ ကောင်လေး တစ်ယောက်ကတော့ ဆိုးလ်ကနေ နယ်ဘက်ကို ဆင်းလာပြီး အလုပ်လုပ်ဖို့ ရောက်ရှိလာခဲ့ပါတယ်။ မိသားစုနဲ့ စိတ်သ‌ဘောထားချင်း မတိုက်ဆိုင်လို့ စိတ်ရှုပ်နေရတဲ့ နာယောင်းဟာ တစ်နေ့မှာတော့ စိတ်သက်သာရာရရှိစေမဲ့ အားကစားတစ်ခုကို မထင်မှတ်ဘဲ ထိတွေ့ခွင့်ရခဲ့ပါတယ်။ ဒီဇာတ်ကားလေးက နယ်မြို့လေးမှာ အခြေတည် ရိုက်ကူးထားတာ ဖြစ်ပြီး ပေါ့ပေါ့ပါးပါး ဇာတ်အိမ်တည်ထားတဲ့အတွက် ပိတ်ရက်မှာ မိသားစုနဲ့ အတူ ကြည့်ရှူဖို့ရာ ညွှန်းပေးလိုက်ချင်ပါတယ်။ File size…1.1GB / 463GB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 30min Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri ChitThe, Hnin Wai Oo,Treasure Htet & Stary

7 2024
Dolphin
The Execution
6.7

The Execution (2022) IMDb Rating (6.7) / Rotten Tomatoes (92%) ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Drama
6.7 2021 130 mins
The Execution
[18+] Daddysitter
5

မာယာနဲ့အီသန်တို့က မိဘမဲ့မောင်နှမဖြစ်ပြီး မာယာကပဲ အချိန်ပိုင်းသူနာပြုအလုပ်နဲ့ကျောင်းတက်နေဆဲ အီသန်ကိုရော စားဝတ်နေရေးအတွက်ပါ ငွေရှာနေရတာပါ။ဒီဘ၀ကနေရုန်းထွက်ဖို့အတွက် ကျောင်းပြီးအောင် ပညာဆက်သင်ပြီးနိုင်ငံခြားမှာအခြေချဖို့စိတ်ကူးတွေအတွက် သူ့မှာငွေလိုနေပါတယ်။ သူ့အခက်အခဲကိုသိတဲ့ သူငယ်ချင်းဖြစ်သူရဲ့လမ်းကြောင်းပေးမှုနဲ့ မာယာတစ်ယောက် ပုံမှန်မဟုတ်တဲ့အလုပ်တစ်ခုကိုလက်ခံလိုက်မိပါတယ်။ အဲ့ဒါကတော့ ဒက်ဒီအထိန်းတော်-ဆိုတဲ့အလုပ်ပါပဲ။ဖခင်အရွယ်ငွေလျှံပြီး ကျန်းမာရေးချို့တဲ့တဲ့ သူဌေးကြီးတွေကို အနီးကပ်ပြုစုစောင့်ရှောက်ရင်းလိုအပ်ရင် ခန္ဓာကိုယ်ပါ ပေးရတဲ့အလုပ်ပါ။ သူပထမဆုံးလက်ခံမိတဲ့ မာရီယန်နိုဆိုတဲ့ သူဌေးကြီးဟာ သူ့ကိုမြင်မြင်ချင်းစွဲလန်းမိသွားချိန်မှာတော့ မာယာတစ်ယောက် ရှေ့ဆက်ဆုံးဖြတ်ဖို့အခက်တွေ့လာပါတော့တယ်။ Pantaxa Laiya ပြိုင်ပွဲဝင်ဟောင်း Apple Dy နဲ့ တက်သစ်စမင်းသမီးလေး Mia Cruz တို့ခေါင်းဆောင်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(950MB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:00:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024
[18+] Daddysitter
Pariah Vol. 1
6.9

Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10 ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။ အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။ တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ.. ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် )

6.9 2024 135 mins
Pariah Vol. 1
Lord of Wolves
5

ကမ္ဘာပေါ်မှာမတရားဆုံးအရာကိုပြောပြပါဆိုရင်တော့ ကံကြမ္မာလို့ ပြောရမှာပါပဲ။ကိုယ်တိုင်ကကြိုးစားချင်စိတ်ရှိတဲ့ သဘောကောင်းတဲ့ နှလုံးသားလှတဲ့ လူကောင်းတစ်ယောက်ဖြစ်နေရင်တောင် လောကကြီးကလက်ခလယ်ထောင်ပြပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကို ခက်ခဲစေခဲ့တာတွေကို လူတော်တော်များများကြုံတွေ့ဖူးကြမှာပါ။ အခုတင်ဆက်ပေးမဲ့ Lord Of Wolves ဆိုတဲ့ဇာတ်ကားထဲမှာတော့ အဲ့လိုအဖြစ်အပျက်မျိုးတွေကြုံတွေ့နေရတဲ့သူတွေအတွက် မလွယ်ကူပေမဲ့ ကိုယ့်ဆန္ဒတွေကိုတကယ်ဖြစ်လာစေမဲ့အခွင့် အရေးတွေကိုကမ်းလှမ်းလာရင်ကိုယ်တိုင်ကရော သူတို့လို လက်ခံနိုင်ပါ့မလားဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဇာတ်ဆောင်တွေကတော့ နစ် ရှောင် ဘက်သ်ဆိုတဲ့လူ ၃ ယောက်ပဲဖြစ်ပါတယ်။နစ်ကဓာတ်ပုံဆရာ အရမ်းဖြစ်ချင်သူတစ်ယောက်ဖြစ်ပြီး သူ့ဆရာရဲ့အိမ်မှာကပ်နေနေ ရသူတစ်ယောက်ဖြစ်ပါတယ်။ကင်မရာလေးတစ်ကားကားနဲ့ သူ့ဘ၀ကိုသာသာယာယာဖြတ်သန်းနေပေမဲ့ တစ်ညမှာတော့ရှိသမျှ ပစ္စည်းတွေအကုန်အလုခံလိုက်ရပြီး သူ့ရဲ့တန်ဖိုးထားရတဲ့ ကင်မရာအကောင်းစားလေးပါပျက်စီးသွားခဲ့ပါတော့တယ်။ ရှောင်ကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဖြစ်တည်မှုကို မိဘတွေကစိတ်ပျက်နေတဲ့အတွက် တစ်နေ့တစ်ခြားပိုပိုဆိုးပြနေတဲ့ ကောင်လေးဖြစ်ပါတယ်။ဒါပေမယ့်အစ်မဖြစ်သူကတော့သူ့ကို ချစ်တဲ့အတွက် သူ့ဘ၀မှာသူ့ကိုဂရုစိုက်တဲ့သူတစ်ယောက်တော့ ရှိနေပါသေးတယ်။ဘက်သ်ကတော့ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ရုံးကသူဌေးချစ်တဲ့အားကိုးတာခံရတဲ့လူတစ်ယောက်ကသူ့ကိုအဓမ္မပြု ကျင့်ခဲ့တဲ့အတွက်အခုအချိန်မှာကိုယ်ဝန်ရနေပြီဖြစ်ပါတယ်။ သူ့ယောက်ျားရဲ့အခြေအနေကကိုယ်ဝန်မရနိုင်တာဖြစ်တဲ့အတွက် ယောက်ျားကိုလည်းမပြောပြရဲဘဲနဲ့ သူတစ်ယောက်တည်းဝေဒနာ ပေါင်းစုံကိုရူးမတတ်ခံစားနေခဲ့ရပါတယ်။ သိပ်မကြာခင်မှာဇာတ်ကားနာမည်ထဲက ဝံပုလွေတွေရဲ့သခင်ပေါ် ထွက်လာခဲ့ပြီး ဒီလူ ၃ ယောက်ကိုသူတို့ရဲ့နာကျင်ခံစားမှုတွေ ပျောက်ကွယ်သွားပြီး လိုချင်တာတွေရအောင်ကမ်းလှမ်းလာတဲ့ အခါမှာ လက်ခံလိုက်ကြမလား အဲ့ဒီဝံပုလွေသခင်ကြီးကရော ဘယ်ကနေပေါ်လာပြီး ဘယ်လိုတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.05GB / 611MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 92 mins
Lord of Wolves
Kaadhal Enbadhu Podhu Udamai
6.3

Kaadhal Enbadhu Podhu Udamai (2025) အများနှင့်သက်ဆိုင်သော အချစ်ရဲ့ အရိပ် IMDb 7.4/10 ကမ္ဘာပေါ်မှာ ချစ်ခြင်းမေတ္တာတွေက ပုံစံမျိုးစုံနဲ့ တည်ရှိနေကြပါတယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူတွေကြားကအချစ် စသည်ဖြင့်ပေါ့လေ။ ဒီဒရမ်မာလေးထဲမှာလည်း ချစ်ခြင်းမေတ္တာ ပုံစံမျိုးစုံ သရုပ်ဖော်ထားတာကို တွေ့မြင်ရမှာပါ။ လက်ရှ်မီးက motivational speaker တစ်ဦးဖြစ်တဲ့အပြင် documentary လေးတွေကိုလည်း ရိုက်ကူးသူတစ်ဦးပါ။ သူ့မှာ ဆမ်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိပြီး အချင်းချင်း ပံ့ပိုးကူညီရင်း ကောင်းမွန်တဲ့ သားအမိဆက်ဆံရေးလေးကို ပိုင်ဆိုင်ထားရပါတယ်။ တစ်နေ့တော့ဆမ်က သူ့မှာချစ်သူရှိနေပြီ ဖြစ်တဲ့အကြောင်း သူ့မိခင်လက်ရှ်မီးကို ဖွင့်ဟပြောကြားလာပါတယ်။ လက်ရှ်မီးကလည်း ဘာမှမေးမြန်းခြင်းမရှိဘဲ တက်ကြွပျော်ရွှင်စွာနဲ့ အိမ်ကိုနေ့လယ်စာစားဖို့ ဖိတ်ကြားစေပါတယ်။ သူ့သမီးကို သူက ရိုးရာဝတ်စုံလေး ဝတ်စေချင်တာတောင် ဆမ်က မဝတ်ချင်ပါဘူးဆိုရင် ဖိအားမပေးသူ၊ ဟင်းချက်‌စေချင်ပေမဲ့ သူ့သမီး မချက်ချင်ရင် အတင်းမ စေခိုင်းသူ၊ သူ့သမီးဘာပြောပြော သဘောတူနားလည် လက်ခံပေးခဲ့သူက ဆမ်ရဲ့ချစ်သူက ယောက်ျားလေးမဟုတ်ဘဲ မိန်းက‌လေးတစ်ယောက်ပါဆိုတာ သိရှိသွားတဲ့အခါမှာတော့……………….. ဘယ်လိုပဲ ခေတ်မီတိုးတက်လာပါပြီပြောပြော တကယ်တမ်းကြုံတွေ့လာတဲ့အခါ ရင်ဆိုင် ဖြေရှင်းရခက်ခဲနေဆဲဖြစ်တာကို သူတို့ ကိုင်တွယ်ဖြေရှင်းပုံ၊ အိန္ဒိယရိုးရာထုံးတမ်းရဲ့ စိန်ခေါ်မှုတစ်ရပ်ပါဆိုတာကို ရင်ဆိုင်ပုံ၊ သားအမိချစ်ခြင်းမေတ္တာ၊ ကာယကံရှင်နှစ်ဦးရဲ့ အချစ် စတာတွေကို ရင်သပ်ရှုမော ကြည့်ရှုခံစား ကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V~Cym~Julien~STAR တို့ပဲဖြစ်ပါတယ်။

Fantasy • Thriller
6.3 2025 108 mins
Kaadhal Enbadhu Podhu Udamai
Unnatural
5.5

Cm ပရိသတ်ကြီးကို အနောက်ပိုင်း ကောင်းဘွိုင် အငွေ့အသက် လွှမ်းခြုံထားတဲ့ Horror ဇာတ်ကားလေး တစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။ ဘုရားသခင်က‌ ပေးအပ်ထားတဲ့ မစ်ရှင်ကို လုပ်ဆောင်ရင်းနဲ့ လူသားတွေကို ဒုက္ခပေးနေတဲ့ သမန်း ဝံပုလွေတွေ… ဗမ့်ပိုင်းယားတွေကို နှိမ်နင်းဖို့အတွက် ဒန် ရန်မင်တန်အဖြစ် သရုပ်ဆောင်ထားတာကတော့ ကမ္ဘာကျော် WWE,WWF ချန်ပီယံဟောင်း အမေရိကန် နပန်းသမား Al Snow ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မိဘနှစ်ယောက်လုံးကို သမန်းဝံပုလွေ သတ်ဖြတ်လိုက်ပြီး ကျန်တဲ့ ကလေးနှစ်ယောက်ကို သတ်တော့မယ့် ဆဲဆဲမှာ အဖိုးဖြစ်သူ ဒန်ရန်မင်တန် အချိန်မီ ရောက်လာပြီး ကယ်တင်လိုက်ပါတယ်။ သူလုပ်နေတဲ့ အလုပ်က အန္တရာယ် များတာကြောင့် ဒီကလေးတွေကို ခေါ်မသွားချင်ပေမယ့် သူ့မြေးလေး နှစ်ယောက်လုံးမှာ ထူးခြားတဲ့ အစွမ်းကိုယ်စီ ပိုင်ဆိုင်ထားတာကြောင့် ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒန် ရန်မင်တန် ကိုယ်တိုင်က ဝိဉာဉ်တွေ စကားပြောတာကို ကြားနိုင်ပြီးတော့ သူ့မြေးအကြီးမလေးက ဝိဉာဉ်တွေ တစ္ဆေတွေကို မြင်နိုင်စွမ်းရှိပါတယ်။ မြေးအငယ်လေးကတော့ တီထွင်နိုင်တဲ့ အစွမ်းရှိတာပါ။ ပေါ်ဆမ်ထရော့ဆိုတဲ့ မြို့ငယ်လေးကို ဗမ့်ပိုင်းယား နှိမ်နင်းဖို့ ရောက်သွားချိန်မှာ သူထင်သလို မဟုတ်ဘဲ ဒီမြို့ကသူတွေက သူတို့မြို့ အေးချမ်းဖို့ ဗမ့်ပိုင်းယားမိစ္ဆာနဲ့ အပေးအယူလုပ်ပြီး နေနေကြတာပါ။ ဒန်ရန်မင်တန်တို့ မြေးအဘိုးတွေ ဒီမြို့က ဗမ့်ပိုင်းယားတွေကို နှိမ်နင်းနိုင်ပါ့မလား ဆိုတာကိုတော့…။ File size… (858 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 43m Genre …..Horror , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Comedy • Romance
5.5 2024 104 mins
Unnatural
A Scam Called Love
6.1

IMDb Rating – 6.1/10 ဒီကားကိုတော့ ဒါရိုက်တာ Carla Fonseca ကရိုက်ကူးထားပြီး Tobi Bamtefa, Didintle Khunou, Thanbo Thabethe, Brenda Ngxoli တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကတော့ မိသားစုဇာတ်လမ်းပုံစံကိုမှ ဟန်ဆောင်အချစ်ကနေ အစစ်အမှန်အချစ်ဆီ ကူးပြောင်းသွားပုံကို ဇာတ်လမ်းပုံဖော်ထားတာပါ။ တောင်အာဖရိက ကနေ အမေရိကန်ကို စားဖိုမှူးဖြစ်ဖို့ အိပ်မက်တွေနဲ့ ရောက်လာတဲ့ ဇိုလာဟာ ဗီဇာ အစိမ်းရောင်ကတ် မရတဲ့ပြဿနာနဲ့ ကြုံနေရပါတယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့ အမေရိကန်နိုင်ငံသား အာဖရိကန်သွေးစပ်တဲ့ ဂျူလီယန်နဲ့ ဟန်ဆောင်လက်ထပ်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဂျူလီယန်ကလည်း ငွေလိုနေတာကြောင့် လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ ဟန်ဆောင်အတွဲဟာ ဇိုလာရဲ့အိမ်ဖြစ်တဲ့ အာဖရိကကို ပြန်ရဖို့ဖြစ်လာတဲ့အခါ ဟန်ဆောင်တာတွေပေါ်မသွားဖို့ ကြိုးစားရပါတော့တယ်။ ဇိုလာရဲ့ မိဘတွေရဲ့ဆက်ဆံရေး၊ အမြဲလိုက်ပြိုင်နေတဲ့ ဝမ်းကွဲနဲ့ တစ်ခြားမိသားစုပြဿနာတွေကို အတူကျော်ဖြတ်ရင်း နှစ်ယောက်သား သံယောဇဉ်တွေ တိုးလာကြပါတယ်။ အမျိုးမျိုးသော အထင်လွဲစရာတွေ၊ အနှောင့်အယှက်တွေကြားမှာ ဇိုလာနဲ့ ဂျူလီယန်တို့က ချစ်တတ်ဖို့ သင်ယူသွားနိုင်မလားကိုတော့ ဒီကားထဲမှာ ဆက်လက်ရှုစားရမှာပါ။ File Size… (1.34 GB) / (803 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 49m Genre …..Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Crime
6.1 2025 109 mins
A Scam Called Love
The Other Guys
6.7

The Other Guys (2010) IMDb Rating (6.7) / Rotten Tomatoes (79%) နယူးယော့စီးတီးရဲ့ စုံထောက်လောကမှာ ထင်သလိုဖြစ်မလာတတ်တဲ့ ကို့ယို့ကားယားကိစ္စတွေကို ဟာသအက်ရှင် ဇာတ်ကားအဖြစ်တင်ပြထားတဲ့ The Other Guys ဟာကျွန်တော်ကြိုက်တဲ့ဟာသဇာတ်ကားတွေထဲက တစ်ကားပါ။ နာမည်ကြီးအက်ရှင်မင်းသားကြီးတွေ ပေါတောတောရဲဝန်ထမ်းစရိုက်ကို သရုပ်ဆောင်ထားတာမလို့ အမှန်အကန်ရယ်ရပါတယ်။ အနောက်တိုင်းဟာသဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း စကားပြောတွေက 18+ တွေပါနေလို့မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Thet Oo ဖြစ်ပါတယ်။) File size… (7.4 GB) / (3.4 GB) / (1.4 GB) Quality…. Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Comedy,Crime Duration…. 01:57:33 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Min Thet Oo

6.7 2010 116 mins
The Other Guys