YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Meet Yourself E01(1080p) CM.mp4

380.03 MB N/A video/mp4 273 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
She Said
7.3

~ IMDb - 7.4/10, Rotten Tomatoes - 87% ~ 2017 လောက်က ဟောလိဝုကိုရော ကမ္ဘာကြီးကိုပါ တုန်လှုပ်စေခဲ့တဲ့ အမှုအခင်းကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ဟာဗီဝိုင်းစတိန်းဆိုတဲ့ ကမ္ဘာကျော် ရုပ်ရှင်ထုတ်လုပ်သူကြီး၊ Miramax ကုမ္ပဏီကို တည်ထောင်သူကြီးရဲ့ လိင်အကြမ်းဖက်မှုနဲ့ မုဒိန်းမှုတွေအကြောင်းပဲဖြစ်ပါတယ်။ မီရာမက်စ်ကုမ္ပဏီဆိုတာ Pulp Fiction, Kill Bill လိုမျိုး ကမ္ဘာကျော်ရုပ်ရှင်တွေ မရေတွက်နိုင်အောင် ထုတ်လုပ်ခဲ့တဲ့အပြင် ဟောင်ကောင်ဌာနခွဲကနေပဲ Shaolin Soccer လို ရုပ်ရှင်မျိုးတွေထုတ်ခဲ့တာပါ။ ဒါကြောင့် ဧရာမကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး ကမ္ဘာကျော် မင်းသား၊မင်းသမီး၊ ဒါရိုက်တာတွေအကုန် ဟာဗီနဲ့ ပတ်သက်နေရတာ များပါတယ်။ အဲဒီအမှုမီးပွားကို စတင်ခဲ့သူကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ စုံစမ်းဖော်ထုတ်ရေး သတင်းထောက် ဂျိုဒီကန်တာနဲ့ မီဂန်တူဟီတို့ပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ဒီနှစ်ယောက်ကို အဓိက ဇာတ်ကောင်အနေနဲ့ ထည့်သွင်းထားပြီး ဟာဗီဝိုင်းစတိန်းရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပုံကို ပြသထားတာပါ။ စုံထောက်ကားတစ်ကားကိုကြည့်ရသလိုပဲ အတော်ကို အရသာရှိပါတယ်။ သတင်းစာဆိုတာ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတာလည်း ဒီလို သတင်းမျိုးတွေဟာ နိုင်ငံကိုရော ကမ္ဘာကိုရော ရိုက်ခတ်စေနိုင်တာမို့ပါ။ ဒီသတင်းအပြီးမှာ ဟာဗီဝိုင်းစတိန်းရဲ့ အနိုင်ကျင့်မှုခံရသူ အမျိုးသမီး ၈၀ ကျော်ထွက်ပေါ်လာပြီး စွပ်စွဲခဲ့ကြပါတယ်။ ဟာဗီလည်း အဖမ်းခံခဲ့ရပြီး ပြစ်မှုထင်ရှားတာကြောင့် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရပါပြီ။ ဒါတောင် စွဲချက်တွေမကုန်သေးဘဲ အကုန်လုံးအတွက်ဆို နှစ် ၁၄၀ လောက်ကျခံရမှာဖြစ်တာကြောင့် ထောင်ထဲမှာပဲ ဘဝဆုံးဖို့များသွားပါပြီ။ ဒီသတင်းနောက်ပိုင်းမှာ ကမ္ဘာအနှံ့ နာမည်ကြီးသွားတဲ့ #MeToo ဆိုတဲ့ လှုပ်ရှားမှုတစ်ခုပေါ်လာပြီး လုပ်ငန်းခွင်အတွင်း လိင်အနိုင်ကျင့်တာတွေ အသားယူတာတွေကို ထုတ်ဖော်ပြောကြားမှု အရမ်းအားကောင်းလာခဲ့ပါတယ်။ လုပ်ငန်းခွင်စည်းမျဉ်းတွေ ဥပဒေတွေကိုပါ ပြောင်းလဲစေခဲ့တဲ့အထိ ရိုက်ခတ်ခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်ခဲ့တာပါ။ ဒီသတင်းကိုလည်းလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။ ဟာဗီဟာ သူ့ရဲ့သားကောင်တွေကို ငွေသန်းချီပေးတဲ့အထိ ကျေအေးပြီး လျို့ဝှက်ချက်မထုတ်ဖော်ရေး စာချုပ်တွေနဲ့ချုပ်ကိုင်ထားတာမို့ နာမည်တပ်ပြောကြားခံရဲတဲ့သူ တစ်ယောက်တောင် ရဖို့မလွယ်ခဲ့တာပါ။ ဒီအမှုဟာ မုဒိန်းကောင်တစ်ယောက်တည်းအတွက်တင်မဟုတ်ဘဲ ဒီလိုအရေးပါတဲ့ လူကြီးလူကောင်းတွေကို ဝိုင်းကာကွယ်ပေးနေတဲ့ ကုမ္ပဏီကြီးတွေရှေ့နေတွေနဲ့ စနစ်ကြီးတစ်ခုလုံးကိုပါ ဖော်ထုတ်လိုက်သလိုဖြစ်သွားတာပါပဲ။ ခု သတင်းထောက်နှစ်ယောက်ဆိုရင်လည်း ဟာဗီရဲ့ သားကောင်တွေကို နိုင်ငံထဲတင်မက လန်ဒန်၊ ဝေလလို အခြားနိုင်ငံတွေမှာပါ လိုက်ပြီး စုံစမ်းမေးမြန်းခဲ့ရတာပါ။ နောက်ပြီး တရားစွဲမခံရဖို့ ရှေ့နေတွေနဲ့ လုံခြုံရေးအကြံပေးတွေနဲ့ဆက်တိုက်တိုင်ပင်ပြီး စွန့်စားခဲ့ရတာမို့ အတော်ကို ကြီးမားတဲ့အတွေ့အကြုံနဲ့ ဘတ်ဆဲလား စာအုပ်တွေပါ ထွက်လာခဲ့တာပါ။ ဒီကားရဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေထဲမှာ မင်းသား ဘရက်ပစ်လည်း ပါဝင်ခဲ့ပါတယ်။ ဘရက်ပစ်ဟာ ဟာဗီရဲ့ သားကောင်ဖြစ်ဖူးတဲ့ မင်းသမီးတွေနဲ့ ဒိတ်ခဲ့ဖူးသူဖြစ်လို့ ဟာဗီအကြောင်းတွေကို အရင်ကတည်းက သိခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရုပ်ရှင် Inglourious Basterds လိုဟာတွေကို ဟာဗီဝိုင်းစတိန်းနဲ့အတူ ပူးပေါင်းပြီးထုတ်ခဲ့တဲ့သူဆိုတော့ ဒီအမှုပေါ်လာချိန်မှာ အတော်လည်း နာမည်ထိခဲ့သလို ဟာဗီရဲ့သားကောင်ထဲမှာ ဂျိုလီလည်း ပါဝင်ခဲ့တာမို့ လင်မယားပဋိပက္ခလည်း အတော်ကို ကြီးမားခဲ့ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ဟာဗီရဲ့ သားကောင်ဖြစ်ခဲ့သူ၊ တိုင်းမ် သတင်းစာတိုက်ကို ထုတ်ဖော်ပြောခဲ့သူတွေကိုယ်တိုင်လည်း သူတို့နေရာမှာသူတို့ ပါဝင်သရုပ်ဆောင်ထားကြပါသေးတယ်။ အဓိကမင်းသမီးတွေဖြစ်တဲ့ Carey Mulligan ဟာလည်း Promising Young Woman (2020), An Education (2009) တို့နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့သူဖြစ်ပြီး။ နယူးယော့ခ်တိုင်းမ်ရဲ့ အယ်ဒီတာ Rebecca Corbett အနေနဲ့ သရုပ်ဆောင်ထားတဲ့ Patricia Clarkson ဆိုရင်လည်း Pieces of April (2003) နဲ့ အော်စကာဆန်ကာတင်ဝင်ခဲ့ပါသေးတယ်။ ဒီရုပ်ရှင်မှာလည်း သူတို့တွေ အော်စကာဝင်ဦးမလား ဆက်စောင့်ကြည့်ရမှာပဲ။ ဒီတော့ ကြည့်ကိုကြည့်ဖူးသင့်တဲ့ ရုပ်ရှင်ထဲမှာပါလို့ ချန်နယ်မြန်မာကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 660MB Quality - 1080p, 720p, 480p IMDb Rating - 7.4/10 Format - mp4 Duration - 2H 9Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Adventure • Family • Fantasy • Horror
7.3 2022 129 mins
She Said
Moon-young
6.7

စကားမပြောတတ်တဲ့ ကောင်‌မလေး "မွန်ယောင်း" ဟာ မိခင်ဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး အမြဲအရက်မူးနေတဲ့ ဖခင်နဲ့ နေထိုင်နေရသူပါ ။ သူမဟာ လက်ထဲမှာ Camera Recorder လေးတစ်ခုကို အမြဲတမ်းကိုင်ထားပြီး လူတွေရဲ့ မျက်နှာ‌တွေကို တိတ်တဆိတ်မှတ်တမ်းတင်ထားလေ့ရှိတယ် ။ ဖခင်ရဲ့ အရက်မူးသွေးဆိုးမှုတွေကို မခံနိုင်တော့တဲ့အဆုံးမှာတော့ မွန်ယောင်းတစ်ယောက် အိမ်ကနေ ထွက်ပြေးသွားခဲ့ပြီး ကောင်လေးနဲ့လမ်းခွဲခဲ့ရလို့ အသည်းကွဲနေတဲ့ ဂျန်ဟီဆူး ဆိုတဲ့ကောင်မလေးနဲ့ တွေ့ဆုံခဲ့တဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုပတ်သက်မှုတွေရှိလာမလဲ? မွန်ယောင်းက ဘယ်လိုအကြောင်းတွေကြောင့်များ လူတွေရဲ့မျက်နှာကို မှတ်တမ်းတင်နေခဲ့ရတာလဲ? ဆိုတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေအပြင် အသက် ၁၀ နှစ်ကွာတဲ့ ကောင်မလေးနှစ်ယောက်ကြားက ပတ်သက်မှုလေးကိုပါ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama, Short Quality….WEB-DL 1080p and 720p File size…955MB and 495MB Format…mp4 Duration….1h 5min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Action • Adventure • Mystery
6.7 2017 64 mins
Moon-young
My Wonderful Life
5.1

IMDb Rating - 5.8/10 အိမ်​ထောင်​ရေးနဲ့ မိသားစုတာဝန်​တွေကြား နစ်မွန်း​နေတဲ့မိန်းမတစ်​ယောက် စိတ်ထွက်​ပေါက်ရှာဖို့ကြိုးစားတဲ့အခါ လူတွေက အပြစ်လို့ မှတ်ယူကြတာလား ? ဂျိုအန်နာဟာ မိသားစုဝန်ပိ​နေတဲ့ အိမ်​ထောင်သည်အမျိုးသမီးတစ်ဦးပါ။ - အယ်ဇိုင်းမား​ရောဂါခံစား​နေရတဲ့မိခင် - မိသားစုတာဝန်ကို ကိုယ်နဲ့မဆိုင်သလို​နေတဲ့​ယောကျ်ား - အိမ်​ထောင်သည်ဖြစ်​နေ​ပေမယ့် အစွမ်းအစမရှိတာ​ကြောင့် အရာရာ​ထောက်ပံ့​​နေရတဲ့သားကြီးနဲ့ ​- အကူအညီမရတဲ့သားငယ်တို့​ကြောင့် သူ့ဘဝဟာ မွန်းကျပ်စရာ​တွေနဲ့ပြည့်နှက်လို့​နေပါတယ်။ ဒီလိုဘဝထဲက ​ခေတ္တခဏရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ စည်းတစ်ချို့ကိုချိုး​ဖောက်မိချိန် မှာ​​တော့ ထိုအပြစ်​တွေက ဂျိုအန်နာရဲ့​နောက်ကို အရိပ်ပမာလိုက်ပြီးခြိမ်း​​​​ခြောက်လို့​ နေပါ​တော့တယ်။ ဂျိုအန်နာကျူးလွန်မိတဲ့ အပြစ်​တွေက ဘာ​တွေဖြစ်မလဲ သူ့​နောက်ကို လိုက်​နေတဲ့ ခြိမ်း​​ခြောက်စာရဲ့​နောက်ကွယ်မှာ​ရော ဘယ်သူ​တွေရှိမလဲ။ သူ့ရဲ့က​မောက်ကမ ဖြစ်​နေတဲ့ဘဝက​ရော ဘယ်လို​တွေဆက်ဖြစ်မှာလဲ ဆိုတာကို​တော့ ဒီဇာတ်လမ်း​လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Lwin Aung ဖြစ်ပါတယ်) File Size - (1.08 GB) / (539 MB) / (361 MB) Quality – Web-DL 1080p / 720p/480p Duration - 1h 39mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama, Romance Translator – Lwin Lwin Aung Encoder – SWM

Drama • History
5.1 2021 99 mins
My Wonderful Life
tick, tick... BOOM!
7.7

စပိုက်ဒါမန်းနိုးဝေးဟုမ်းမှာ မပါပါဘူးဆိုတဲ့ လူလိင်ကြီး အန်ဒရုး ဂါဖီးရဲ့ Musical ရုပ်ရှင်အသစ်ထွက်ပါပြီ။ တိုနီဆုရှင် ပူလစ်ဇာဆုရှင် အမေရိကန် တေးရေးဆရာ ဂျိုနသန်လာဆန်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူး ထားတာဖြစ်ပါတယ်။ အန်ဒရူးရဲ့ အော်စကာနဲ့တောင်တန်တဲ့ သရုပ်ဆောင်ချက်တွေကို ထပ်ပြီးတွေ့ရဦးမှာပါပဲ။ ဇာတ်လမ်းအကျဉ်း ဂျိုနသန်ဟာ အသက်သုံးဆယ်ပြည့်တော့မှာဖြစ်ပြီး နာမည်ကျော် ပြဇာတ်ဂီတတေးရေးဆရာဖြစ်ဖို့ ကြိုးစားနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့ဆီမှာ နာမည်ကြီး ပရိုဂျူဆာ ဒါရိုက်တာများစွာရဲ့ ငြင်းပယ်စာတွေလည်း ရှိပြီးနေပါပြီ။ သူ ရှစ်နှစ်တိတိအချိန်ယူရေးသားထားတဲ့ ပြဇာတ်သီချင်းနဲ့ ဘရော့ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေခွင့်ရဖို့ ကြိုးစားနေဆဲပါပဲ။ ဒါပေမဲ့ သူ့မှာ မီတာခ နဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေပါပြီ။ ချမ်းသာတာဆိုလို့ သူငယ်ချင်းကောင်းတစ်ယောက်နဲ့ ချစ်သူတစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဒီလိုအခြေအနေကနေ သူ့အိပ်မက်တွေကို မလျှော့တမ်းဘယ်လိုကြိုးစားသွားမလဲ ဆိုတာကို သီချင်းလှလှ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တန်ဆာဆင်ထားတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွက် Musical ကောင်းကောင်းလေး ငတ်နေတဲ့လူတွေတော့ အဝကို ခံစားကြည့်ရှုလို့ရပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။ ) File Size - (1.16 GB ) Quality – WebDL 1080p, 720p Duration - 1hrs 55min Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, Musical Translator – CM Team Encoder – San Win Maung

Action & Adventure • Drama • Mystery
7.7 2021 120 mins
tick, tick... BOOM!
The Secret Life of Pets
6.3

ကျွန်တော်တို့ ခင်ဗျားတို့ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို သူတို့ချည်းပဲ ထားခဲ့ရပြီဆို သူတို့ ဘာလုပ်နေကြမယ် ထင်ပါသလဲ? သူတို့ အချင်းချင်းရော ဘာတွေကြံစည်တွေးတော နေကြမယ်ထင်ပါသလဲ? အဲဒီအကြောင်းတွေကို ဒီ Animation လေးထဲမှာ ကြည့်ကြပါစို့။ IMDb 6.8 နဲ့ Box Office မှာ 760$ Millions ထိ အောင်မြင်နေတဲ့ ဒီကားလေးရဲ့ ဇာတ်လမ်းအကျဉ်းကတော့..... Jack Russell Terrier အမျိုးအစား ခွေးလေး Max ဟာ သူ့သခင်မလေး ကေတီနဲ့အတူ မန်ဟက်တန်မြို့မှာ ပျော်ရွှင်စွာ နေထိုင်နေရင်း တစ်နေ့မှာ ကေတီဟာ ပိုင်ရှင်မဲ့ခွေးလေး Duke ကိုပါ အိမ်ကိုခေါ်လာတဲ့အခါ.....သူတို့ ၂ ကောင် ရန်ဖြစ်ရာကနေ လူတွေရဲ့စွန့်ပစ်ခံ မြေအောက်အိမ်မွေးတိရစ္ဆာန်ဂိုဏ်းကြီးနဲ့ သူတို့ရဲ့ ခေါင်းဆောင် Snowball နဲ့ တွေ့ဆုံရင်း ပြဿနာတွေ အကြီးအကျယ် တက်လာပြီး.....အဲဒီအချိန်မှာပဲ Max ကို ခရက်ရှ်နေတဲ့ အဖြူရောင်Pomeranian ခွေးမလေး Gidget ကလည်း Max ရဲ့ ဘော်ဒါတွေကို စုစည်းပြီး လိုက်ကယ်ဖို့ ချီတက်လာတဲ့အခါမှာတော့......

Comedy • Drama
6.3 2016 86 mins
The Secret Life of Pets
The Beach of the Drowned
6.1

The Beach of the Drowned (2015) ======================== IMDb Rating – 6.1/10 မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ အင်မတန်သေးငယ်တဲ့ အပြစ်ပဲဖြစ်ဖြစ်၊ အကြီးဆုံးအပြစ်ပဲဖြစ်ဖြစ် မကောင်းမှုပါပဲ။ ဘယ် လောက်ပဲဖုံးဖိထားထား အချိန်တန်ရင် ဘူးပေါ်သလိုပေါ်ရတာချည်း ပါပဲ။ အခုမိတ်ဆက်ချင်တဲ့ဇာတ်ကားလေးဟာလည်း သင်္ဘောသား တစ်ယောက် အသတ်ခံရပြီး ကမ်းခြေမှာပေါ်လာတာကစပြီး တရားခံ တွေ ဖုံးကွယ်ထားတဲ့အမှုတွေ တစ်ခုပြီးတစ်ခုပေါ်လာတဲ့ စပိန်မှုခင်း ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ပန်ဂျွန်ဆိုတဲ့ ဆိပ်ကမ်းမြို့လေးတစ်မြို့မှာ ကာစတယ်လိုဆိုတဲ့ သင်္ဘော သားရဲ့အလောင်း ပေါ်လာခဲ့ပါတယ်။ ဒီတော့ စုံထောက် လီယိုကယ်လ် ဒက်စ် နဲ့ အရာရှိ ရာဖာအက်စ်တီဗက်စ် တို့ဟာ ဒီအမှုကိုဖော်ထုတ်ဖို့ ရောက်ရှိလာကြပါတယ်။ သူတို့စုံစမ်းရင်း သိလာရတာက ဒီအမှုဟာ သာမာန်လူသတ်မှုတင်မဟုတ်ပဲ လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်ဆုံးသွားခဲ့တဲ့ ရေဘက်ကာနီရာ ဆိုတဲ့အမျိုးသမီးရဲ့ အမှုနဲ့ပါဆက်စပ်နေတာကို တွေ့လာ ရပါတယ်။ သူတို့တွေဟာ ကာစတယ်လိုကိုသတ်ခဲ့တာ ဘယ်သူဖြစ်မလဲ၊ ပျောက် ဆုံးနေတဲ့ အမျိုးသမီး ရေဘက်ကာကရော ဘယ်ရောက်နေမလဲ၊ တရားခံ ဘယ်နှယောက်လောက်ရှိနေမလဲ၊ အမှုနှစ်ခုဟာ ဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို စုံစမ်းဖော်ထုတ်တာဟာ စိတ်၀င်စားဖို့ကောင်းလွန်းတာကြောင့် မှုခင်းဇာတ်လမ်းကြိုက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jaka ဖြစ်ပါတယ်) File Size……….(1.7 GB) / (727 MB) / (423 MB) Quality…………WEB-Rip 1080p / 720p / 480p Duration………1Hr 36Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….Jaka Encoder……….SWM

6.1 2015 105 mins
The Beach of the Drowned
Crypto Boy

ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။ အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။ လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်…. File size…(1.4 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre..Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2023
Crypto Boy
Adalynn

” Adalynn ” ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိထားပြီး Horror mystery အမျိုးအစားဖြစ်ပါတယ်။ ကိုယ်ဝန်တစ်ခေါက်ပျက်ကျခဲ့ဖူးတဲ့စိတ်ဒဏ်ရာရှိတဲ့မိခင်တစ်ယောက်ဟာ သူမရဲ့ဒုတိယကလေးနဲ့သူမကိုယ်တိုင်အသက်ရှင်နိုင်ဖို့အတွက် စိတ်ကျရောဂါတွေ ပူဆွေးသောကတွေနဲ့ အတွင်းစိတ်တစ္ဆေ ဘယ်လိုပြန်လည်တိုက်ခိုက်မလဲ။ သူမယောကျာ်းအလုပ်ခရီးသွားပြီး သူမနဲ့မွေးကင်းစကလေးငယ်လေးနှစ်‌ယောက်ထဲ အိမ်ထဲမှာကျန်ခဲ့တုန်း သူမကိုစိတ္တဇဖြစ်အောင်လုပ်နေတဲ့အရာဆီကနေ အနိုင်ရနိုင်ဖို့မိခင်တစ်ယောက်ဟာသူမရဲ့ကလေးဖြစ်သူနဲ့ဘယ်လို ရုန်းကန်မလဲဆိုတာကြည့်ရမယ့် Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.1 GB)/(514 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror Mystery, Drama. Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris

0 2023
Adalynn
[18+] Sex In Philippine Cinema 3
5

ခေါင်းစဉ်အတိုင်းပါပဲ၊ ဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ ဟိုယခင်ခေတ်ကတည်းက ထွက်ရှိခဲ့ဖူးတဲ့ဇာတ်ကားတွေထဲက နာမည်ကြီးမင်းသမီးတွေနဲ့ နာမည်ကြီးလိင်ဇာတ်ဝင်ခန်းများစုစည်းမှုဖြစ်ပါတယ်။ ဒီအခန်းလေးတစ်ခန်းကြည့်ဖို့သက်သက် တစ်ကားလုံးကြည့်စရာမလို ရစ်ကြည့်စရာလည်းမလိုတဲ့အပြင် အခုချိန်ထိ နာမည်ကြီးနေဆဲဖြစ်တဲ့ Sunshine Cruz, Maui Taylor, Rosanna Roces တို့လိုဂန္ဓဝင်မမကြီးတွေရဲ့ ငယ်ဘဝအလှအပပုံရိပ်လေးတွေကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ ကြည့်လို့တန်သလို ဗဟုသုတလည်းယူတတ်ရင်ရမှာဖြစ်တဲ့အတွက် အချိန်ပေးရကျိုးနပ်မယ့် ဗီဒီယိုတွေပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.4GB)/( 620MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:50:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2005
[18+] Sex In Philippine Cinema 3
Chicago

IMDb – 7.2 Rt – 86% အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ‌ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။ သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ဖလင်းနဲ့ ‌သိခဲ့ကြပါတယ်။ ဒေါ်လာ ၅၀၀၀ ပေးရင် ယေရှု ကိုတောင်လွတ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ ရှေ့နေ ဖလင်းတစ်ယောက် သူ့အပြောတွေအတိုင်း တကယ်ဖြစ်လာမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2002
Chicago
Sarfira
7.9

Sarfira 2024 အိပ်မက်များနဲ့ကျွန်တော် IMDb -7.9/10 မင်းသားကြီး Akshay Kumarနဲ့Paresh Rawalတို့ရဲ့ အသစ်ထွက်ဇာတ်ကားကောင်းလေးကို CMချစ်ပရိသတ်တို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ အိပ်မက်တွေသိပ်ကြီးလွန်းရင် လူတွေက အရူးလို့ သတ်မှတ်ကြတယ်တဲ့။ ဒါဟာ စွန့်ဦးတီထွင်သူတိုင်းအတွက် ကြားနေကြစကားတစ်ခွန်းပေါ့။ အခုဒီကားလေးထဲမှာလည်း ကြီးမားတဲ့အိပ်မက်တစ်ခုနဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာ ရှုစားရမှာပါ။ ဗီရ်ဟာ ခေါင်ပါးတဲ့ရွာငယ်လေးက လေတပ်လေယာဉ်မှူးဟောင်းတစ်ယောက်၊ လျှပ်စစ်မီးရဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့ရွာငယ်လေးကပေမဲ့ ဗီရ်ရဲ့အိပ်မက်က သာမန်လူတွေပါစီးနိုင်မယ့် တန်ဖိုးနည်းလေကြောင်းလိုင်းတစ်ခု တည်ထောင်ချင်တာပါ။ သူ့ရဲ့မြေဆီဩဇာမရှိတဲ့ မြေကွက်နဲ့ လည်ပင်းနစ်နေတဲ့အကြွေးတွေနဲ့ အလုပ်လက်မဲ့အခြေအနေနဲ့ သူ့ရဲ့အိပ်မက်က အများသူငှာအမြင်မှာတော့ ရယ်စရာကြီးပါ။ ဒါပေမဲ့သူ့ရဲ့အိပ်မက်ကို အသိအမှတ်ပြုတဲ့သူကတော့ ကြင်ဖက်လာတွေ့တဲ့ရာနီပါပဲ။ ရာနီကလည်း ကြင်ဖက်လာတွေ့တဲ့သူ အယောက် 20 ရဲ့အငြင်းခံထားရတဲ့သူ၊ သူ့ဘက်ကချို့တဲ့နေတာတော့မဟုတ်ပေမဲ့ ရဲတင်းလွန်းတဲ့ သူ့ရဲ့စရိုက်က ဖိုဝါဒီကြီးစိုးတဲ့ပတ်ဝန်းကျင်နဲ့ မကိုက်ညီနေတဲ့သူ၊ ဒီလိုနဲ့ ထိုးဖောက်ချင်တဲ့စိတ်ရှိတဲ့ ရာနီနဲ့ဗီရ်တို့နှစ်ယောက် သူတို့ရဲ့အိပ်မက်တွေကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Drama • Romance • Fantasy • Horror
7.9 2024 155 mins
Sarfira
Die Alone
6

လူသားတွေမှီခိုအားထားပြီးနေထိုင်နေရတဲ့ကမ္ဘာကြီးက လူသားတွေကြောင့်ပဲ တစ်နေ့တစ်ခြားပိုပိုပျက်စီးယိုယွင်းလာတာကို ကိုယ်တွေ့မျက်မြင်မြင်တွေ့ရမှာပါ။ရာသီဥတုပြောင်းလဲတာ ရေမြေတွေညစ်ညမ်းလာတာတွေအပြင် ကမ္ဘာကြီးအဆိပ်သင့် လာရတာတွေကလည်းလူသားတွေရဲ့လောဘတွေကြောင့်ပါပဲ။ အဲ့ဒါတွေအတွက်ကမ္ဘာကြီးကကိုယ့်ကိုယ်ကိုယ်ပြန်လည်ရယူတဲ့ အနေနဲ့ ဇွန်ဘီတွေလိုဖြစ်သွားစေမဲ့ဗိုင်းရပ်စ်တစ်ခုကိုလူသားတွေဆီ ပေးသနားလိုက်တဲ့ပုံစံမျိုးနဲ့ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Die Alone ဖြစ်ပြီး လက်ရှိ IMDb Rating 5.6 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အထက်မှာပြောထားခဲ့တဲ့ဗိုင်းရပ်စ်က ကမ္ဘာပေါ်မှာပျံ့နှံ့နေပြီး လူတွေလည်း အသက်ရှင်သန်နိုင်ဖို့အတွက် ကြိုးစားရုန်းနေကြရပါတယ်။အဲ့ဒီထဲမှာအီသန်နဲ့အမ်မာဆိုတဲ့လူငယ် စုံတွဲလေးလည်း အပါအဝင်ဖြစ်ပါတယ်။သူတို့က ကားတစ်စီးနဲ့ ဘေးကင်းရာကိုထွက်ပြေးလာခဲ့ကြပေမဲ့လမ်းမှာကားမှောက်ပြီး လူကွဲသွားပါတော့တယ်။အီသန်နိုးလာတဲ့အခါမှာ အမ်မာ့ကိုမတွေ့ရ တော့ဘဲ ကမ္ဘာကြီးပေါ်မှာဘာတွေဖြစ်နေတယ်ဆိုတာကိုပါ မေ့ပျောက် နေခဲ့ပါတယ်။အဓိကပြဿနာကတော့ သူ့မှာအတိတ်မေ့ရောဂါရှိနေလို့ ပါပဲ။ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ မေလို့ခေါ်တဲ့အဖွားကြီးတစ်ယောက်နဲ့ တွေ့ခဲ့ပြီး သူ့အိမ်မှာ လိုက်ပါနေထိုင်ခွင့် ရခဲ့ပါတော့တယ်။ မေက ဒီလောကကြီးထဲမှာကျင်လည်နေတာကြာပြီဆိုတော့ သူ့အတွက် အသက်ရှင်သန်နေထိုင်ဖို့ဆိုတာ ခက်ခဲတယ်တော့မဟုတ်တော့ပါဘူး။ ဒါပေမယ့် အီသန်ကတော့ သူ့ကောင်မလေးအမ်မာကိုပဲ သွားရှာချင်စိတ် တွေတဖွားဖွားဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ အီသန်တစ်ယောက် အမ်မာ့ကို ရှာဖို့ကြိုးစားရင်းနဲ့ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲ မေကရော သူ့ကိုကူညီပေးပါ့မလားဆိုတာတွေကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size… 1.49GB / 814MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Horror
6 2024 91 mins
Die Alone
Thrayam
5.2

Thrayam (2024) “လှုပ်လှုပ်ရှားရှား ညလေးတစ်ည” မလေယာလမ် သည်းထိပ်ရင်ဖိုဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် ညအချိန်မှာ တချို့က အပျော်ရှာကြသလို တချို့က စီးပွားရှာဖို့ရုန်းကန်ရပြီး မဟုတ်တာလုပ်ကြသူတွေလည်း ရှိနေပါတယ် ဒီဇာတ်လမ်းလေးမှာ တစ်ညတာအချိန်က ဇာတ်ကောင်ပေါင်းများစွာရဲ့ အဖြစ်အပျက်တွေ၊ လှုပ်ရှားမှုတွေကို အချိတ်အဆက်တွေနဲ့ ပုံဖော်ထားတာပါ မိန်းမတစ်ယောက်ကိုချစ်မိလို့ သောကများနေတဲ့ လူတစ်ယောက်၊ ကောင်မလေးတစ်ယောက်ကို အပြာဗီဒီယိုနဲ့ ငွေညှစ်ချင်တဲ့ ကလေကဝတစ်သိုက်နဲ့ ဉာဏ်များတဲ့ မဒီလေးတစ်ယောက် တစ်ညဆိုတဲ့ အချိန်ကာလက အဖြစ်အပျက်တွေကြားမှာ ဘယ်လိုဆက်နွယ်နေမှာလဲ၊ မထင်မှတ်ထားတာတွေပါ ဆက်ဖြစ်လာတဲ့အခါမှာတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ V ~ ToMo မှ ဖြစ်ပါတယ်

Action • History • Drama
5.2 2024 120 mins
Thrayam
Sunday
7.8

ဒီဇာတ်လမ်းလေးကတော့ ဒီနေ့ခေတ်ရဲ့ အခြေအနေကို ထင်ဟပ်စေမဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်.. ရွာတစ်ရွာမှာ အဘိုးကြီးနဲ့ အဘွားကြီးလင်မယားစုံတွဲ တစ်တွဲရှိပါတယ်.. သူတို့မှာ သားနှစ်ယောက်ရှိပေမဲ့ သားအကြီးက အိမ်ထောင်ကျပြီး ကိုယ့်အိုးကိုယ့်အိမ်နဲ့ ခွဲနေသူဖြစ်သလို သားအငယ်ကလည်း အဝေးတစ်နေရာမှာ အလုပ်သွားလုပ်ရင်း ပိုက်ဆံရှာနေသူပဲဖြစ်ပါတယ်.. သားအကြီးဖြစ်သူက ဝေးဝေးတစ်ခါ သူတို့ဆီကိုလာလည်တတ်ပေမဲ့ သားအငယ်ကတော့ အိမ်ကိုတော်ရုံမပြန်ပါဘူး ဒါကြောင့် အဘိုးကြီးနဲ့အဘွားကြီးလင်မယားတို့ဟာ သားအငယ်ကိုမျှော်ရင်းနဲ့ နေ့စဉ်ဘဝကို နှစ်ယောက်တည်း ဖြတ်သန်းနေကြရပါတယ်.. အသက်ကြီးပိုင်းတွေဖြစ်ကြတာကြောင့် ခေတ်ပေါ်နည်းပညာတွေနဲ့ အကျွမ်းတဝင်မရှိကြချိန်မှာ အခြေအနေအရ အိမ်ကစက်ပစ္စည်းတွေကို ခေတ်ပေါ်စက်ပစ္စည်းတွေနဲ့ အစားထိုးရတဲ့အခါ အခက်အခဲတွေနဲ့ကြုံတွေ့ရပုံတွေကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်.. ဒီဇာတ်လမ်းလေးကိုကြည့်ပြီး ကိုယ့်ရဲ့မိဘတွေ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ ခံစားချက်တွေကို ကိုယ်ချင်းစာ ခံစားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်.. ဒါကြောင့် ခံစားကြည့်ရှုသင့်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်.. File Size… (1.09 GB) / ( 507 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Okka

Romance
7.8 2024 97 mins
Sunday