YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Meet You At The BLossom E04 720p WEB-DL CM.mp4

326.38 MB N/A video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Texas Killing Fields
5.7

၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်အစောပိုင်းကာလတွေမှာ အမျိုးသမီးငယ် ၄ ယောက်ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိပြီးတဲ့နောက် တက္ကဆက်ပြည်နယ်က ရွံမြေတွေနဲ့ ရေနံချက်စက်ရုံတွေကြားက ဟူစတန်နဲ့ ဂဲဗတ်စတန်ကမ်းခြေမြို့ကို ဆက်သွယ်ထားတဲ့ ပြည်နယ်တွင်းလမ်းကြောတစ်လျှောက်မှာ ရှိတဲ့ မြေကွက်ကျယ်တစ်ခုကို လူသတ်ကွင်းတွေ လို့ အမည်ကင်ပွန်းတပ်ခဲ့ကြပါတယ်. နှစ်တွေကွာခြားပေမယ့် ဒီအမျိုးသမီး ၄ ဦးစလုံးကို တစ်နေရာတည်းမှာပဲ ရှာတွေ့ခဲ့ကြပါတယ်. သူတို့ရဲ့သေဆုံးမှုတွေက ဆက်စပ်မှုရှိသလား. တိုက်ဆိုင်မှုလားဆိုတာတော့ အဖြေမရှာနိုင်ခဲ့ပါဘူး. ဒီဇာတ်လမ်းကိုတော့ “The Killing Fields” လို့ အမည်ရပြီးကာလမှာ အခြေတည်ထားပါတယ်. တက္ကဆက်မြို့ငယ်လေးက စုံထောက်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆောက်ဒါ ဟာ နယူးယောက်မြို့က ပြောင်းလာတဲ့ ပါတနာ စုံထောက်ဘရိုင်ယန်ဟေ့ဂျ်နဲ့အတူ. လူသတ်မှုတွေကို ဖော်ထုတ်နေသူ ဖြစ်ပါတယ်. အမျိုးသမီးငယ်တွေ ဆက်တိုက်ပျောက်ဆုံး၊ သေဆုံးမှုတွေကြားကနေ အမည်ဆိုးနဲ့ကျော်ကြားတဲ့ ”The Killing Fields” နဲ့ ရင်ဆိုင်ကြုံတွေ့ရချိန်မှာတော့. တစ်ကြော့ပြန်လာတဲ့ အတိတ်ကို သူတို့လက်ထက်မှာ ရပ်တန့်နိုင်မလား. ဉာဏ်များပြီးကောက်ကျစ်တဲ့ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်မလားဆိုတာကို ဥပဒေဘက်တော်သားနဲ့ ရာဇဝတ်သား အားပြိုင်မှု၊ ဉာဏ်ကစားပုံများ၊ ဇာတ်ကွက်အလှည့်အပြောင်းများကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.69GB / 771MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 55m Genre ..... Thriller,Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Drama • Thriller
5.7 2011 105 mins
Texas Killing Fields
The School for Good and Evil
7.1

(1080p ရပါပြီ) နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် စာဖတ်သူအဖြစ် ရောက်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူတော်ကောင်းနဲ့မိစ္ဆာအားပြိုင်မှုတွေဘယ်လိုပြောင်းလဲလာမလဲဆိုတာ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 3.5GB, 1.4GB, 789MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 27mins Genre              : Action, Drama, Fantasy Translated by Mr.Anderson Encoded by Kinnov

Comedy • Mystery
7.1 2022 146 mins
The School for Good and Evil
Ace Bodyguard

ကိုယ်တိုင်က အရည်အချင်းသိပ်မရှိပေမဲ့ မတော်တဆ တိုက်ဆိုင်မှုများကြောင့် "လုံခြုံရေး"ရာထူးနေရာမှာ အောင်မြင်မှုတွေ ဆက်တိုက် ရရှိခဲ့သူ - ယောင်အာ့ကာ သူ့ရဲ့ အောင်မြင်မှုတွေကြောင့် လုံခြုံရေးနယ်ပယ်မှာ နာမည်ရလာခဲ့ပြီး သူဌေးကြီး ကျန်းရှစ်ဟောင်ရဲ့ ကိုယ်ရံတော် တစ်ဦးဖြစ်လာခဲ့ပါတော့တယ် ။ တစ်နေ့မှာတော့ သူဌေးကြီး ကျန်းရှစ်ဟောက်ရဲ့ သမီးလိဆာနဲ့ အတူတူ အရေးကြီးစာချုပ်တွေ ၊ ငွေကြေးတွေကို လုံခြုံစွာနဲ့ ပို့ဆောင်ပေးဖို့ တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ် ။ ဒါပေမဲ့လမ်းမှာမျက်နှာဖုံးတပ်ဆင်ထားတဲ့ လူတစ်စုနဲ့ထိပ်တိုက်တွေ့ဆုံပြီး လိဆာဟာ ပြန်ပေးဆွဲခံလိုက်ရကာအရေးကြီးစာရွက်စာတမ်းတွေဟာလဲ ပျောက်ဆုံးလို့သွားခဲ့ပါတော့တယ် ။ သက်တော်စောင့်တစ်ယောက်ကနေပြီး နေ့ခြင်းညခြင်းဆိုသလို အမှုရဲ့ သံသယအရှိဆုံး သူအဖြစ်ပြောင်းလဲသွားတဲ့ အခါမှာတော့ ....? ❏ ယောင်အာ့ကာ တစ်ယောက် ဘယ်လိုတွေဖြေရှင်းသွားမလဲ? ❏ ကြားထဲမှာ ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ပြီး အမှန်တရားကိုရော သူရှာဖွေနိုင်ပါ့မလား? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှူလိုက်ရအောင်ပါနော် ။ ဟာသနှောကာ ရိုက်ကူးထားတဲ့ကားလေးဖြစ်တာမို့ ဘဝအမောတွေပြေစေမှာအမှန်ပါပဲ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance • Science Fiction
0 2023 80 mins
Ace Bodyguard
Sweet Girl
6.7

ဒီနေ့အတွက် အားလုံးပဲကြိုက်နှစ်သက်လောက်မယ့် Action, Drama, Thriller ကားသစ်ကိုတင်ဆက်ပေးချင်ပါတယ်။ အဓိက ဇာတ်ဆောင်တွေအဖြစ် အားလုံးပဲ သိတဲ့ Aquaman မင်းသား Jason Momoa နဲ့ Dora and the lost city of Gold ရဲ့ မင်းသမီးလေး Isabela Mercedတို့က ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကျော်ရိုးကတော့ ရေး ကော့ပါးဟာ မိသားစုကို အရမ်းချစ်တဲ့သူဖြစ်ပြီး ဇနီးသည်ကို ကင်ဆာရောဂါကနေ ပြန်ကယ် နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေသူပါ။ ကံကောင်းစွာနဲ့ ကင်ဆာကို ထိထိရောက်ရောက် ကုနိုင်တဲ့ ဆေးတစ်မျိုး ပေါ်လာခဲ့ပေမယ့် BioPrime ဆေးကုမ္ပဏီတွေရဲ့ လောဘကြီးမှုကြောင့် ဆေးကုသခွင့်ဆုံးရှံးခဲ့ရလို့ ဇနီးသည်ရဲ့ အသက်ကို မကယ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ဇနီးသည်အတွက် တရားမျှတမှုကို လိုချင်တဲ့ ရေး တစ်ယောက် ဒီကိစ္စတွေများရဲ့ ချုပ်ကိုင်မှုတွေရဲ့ အဖြစ်မှန်တွေကို ဖော်ထုတ်ရင်း ကုမ္ပဏီတွေရဲ့ နောက်ကွယ်က အရှုပ်အရှင်းတွေကြားထဲ ရောက်သွားပါတော့တယ်။ ဇာတ်လမ်းလေးဟာ အတော်လေးကြည့်ကောင်းပြီး IMDb Rating 5.8/10 ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Htet Wai Lwin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 1h 36min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Drama, Thriller Source : 1080p.WebRip Translator – CM Team Encoder – SWM

Comedy • Crime • Mystery
6.7 2021 110 mins
Sweet Girl
Gentlemen Broncos

Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။ “တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ စာအုပ်အသစ်တစ်အုပ်ကို ထုတ်ဝေခဲ့တယ်။ မယုံနိုင်အောင်ပဲ အဲစာအုပ်က သူ့ရဲ့ “တဆေးအရှင်များ” ကို ဇာတ်ဆောင်နာမည်တွေပြောင်းထားတာကြီး ဖြစ်နေခဲ့တာကို သူတွေ့လိုက်ရတယ်။ အတိုချုံ့ရရင်တော့ လူငယ်စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းကို ခိုးယူခဲ့တဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ File size…(1.7 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Science Fiction, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MoshiMoshi

0 2009
Gentlemen Broncos
Polaris
5.3

Polaris (2022) ============ ဒီ “Polaris” ဆိုတဲ့ Documentary လေးမှာတော့ ဟာရက်မိုးခမ်းနစ်ရှ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့အကြောင်းကို လိုက်လံကြည့်ရှုကြရမှာ ပဲဖြစ်ပါတယ်။ သူဟာ ငယ်ဘဝမှာ မိခင်ဖြစ်သူကဆေးစွဲပြီး ဖခင်ဆိုတာ လည်း ဘယ်သူဘယ်ဝါရယ်မှန်းမသိဘဲ ကြီးပြင်းလာခဲ့ရတဲ့သူတစ်ဦးပါ။ အခုချိန်မှာ သူ့အတွက် မိသားစုဆိုတာ ညီမဖြစ်သူလေလာနဲ့ လေလာရဲ့ သမီးဖြစ်သူ အင်နာယာရယ်ပဲရှိတာပါ။ ဟာရက်ဟာဆိုရင် Iceland ရေခဲပိုင်းဒေသတွေမှာ လှေသင်္ဘော ကပ္ပတိန် တစ်ဦးအနေနဲ့လုပ်ကိုင်နေတဲ့သူပေါ့။ ဒီ Documentary မှာဆိုရင် သူ့အနေနဲ့ အမျိုးသားတွေပေါများတဲ့အလုပ်ခွင်မှာ အမျိုးသမီးတစ်ယောက်ဖြစ်ရတာနဲ့ အညီ လိင်ပိုင်းဆိုင်ရာထိကပါးရိကပါးလုပ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာ တွေအကြောင်းနဲ့ သူ့ငယ်ဘဝက စိတ်ဒဏ်ရာတွေကြောင့် ခု အသက် ၃၅ ဝန်း ကျင်ထိ ချစ်ခြင်းမေတ္တာကိုရှာဖို့ ဘယ်လိုဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ အကြောင်းကိုတွေ့မြင်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo zin ဖြစ်ပါတယ်) File Size……….(795 MB) / (370 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Drama, Sci-Fi Translator…….Fiona Gillen Encoder……….SWM

5.3 2022 89 mins
Polaris
Breaking Point

ဒီဇာတ်ကားလေးကတော့ BreakDanceကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာယှဥ်ပြိုင်ရဖို့အတွက်ကြိုးစားခဲ့ရတဲ့”ထရေးနဲ့ဘန်ဂျီ”တို့ညီအစ်ကိုနှစ်ယောက်အကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ ဒီဇာတ်ကားမှာ Hannah John Kamen နဲ့ Emily Carey တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဥ်းလေးကတော့ ငယ်စဥ်ကတည်းက Breakdanceအကကို ဝါသနာရော ပါရမီပါ,ပါတဲ့ ထရေးနဲ့ဘန်ဂျီတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့အမေသေဆုံးသွားပြီး​နောက်ပိုင်းမှာ မသင့်မမြတ်ဖြစ်ခဲ့ကြပါတယ် တစ်နေ့မှာ သူတို့နှစ်ယောက်လုံးဆီကို ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ ဗြိတိန်ကိုယ်စားပြုယှဥ်ပြိုင်သူတွေကိုရွေးချယ်ဖို့ လူရွေးပွဲလာပြိုင်ခိုင်းတဲ့ကမ်းလှမ်းမှုကိုရရှိခဲ့ပါတယ် သူတို့နှစ်ယောက်လူရွေးပွဲမှာအရွေးခံရပြီး ဗြိတိန်ကိုယ်စားပြုတွေအနေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီးမှာ အခြားနိုင်ငံတွေနဲ့ယှဥ်ပြိုင်ရတဲ့အခါ…… မသင့်မမြတ်ဖြစ်နေကြတဲ့ညီအစ်ကိုနှစ်ယောက်ပြန်လည်းသင့်မြတ်သွားပါ့မလား သူတို့ရောအဖွဲ့ရော ပြိုင်ပွဲမှာအနိုင်ရနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ File size…(2 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Horror
0 2023
Breaking Point
Full Metal Jacket
8.3

Full metal Jacket ( 1987 ) IMDb Rating (8.3) / Rotten Tomatoes (90%) အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။ Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။ ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8.3 1987
Full Metal Jacket
Gaganachari
7.4

Gaganchari (2024)”အာကာသခရီးသည်” =============================== အိန္ဒိယ ရုပ်ရှင်လောကထဲမှာ ဇာတ်လမ်းကောင်းတွေ အထွက်များတဲ့ Mollywood ကနေ အသစ်ထွက်လာတဲ့ IMDb 7.5/10 ရ ဒက်စတိုးပီးယန်းဆန်ဆန် ဇာတ်အိမ်ဆန်းဆန်းရုပ်ရှင်သစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဝာတိယဂာမ္ဘာစစ်ဖြစ်ပြီးချိန် ကမ္ဘာပျက်ကပ်အလွန် ၂၀၄၀ ခုနစ်ဝန်းကျင်ကို ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီခေတ် အိန္ဒိယနိုင်ငံအတွင်းမှာ စက်သုံးဆီတွေသုံးခွင့်ပိတ်ပင်ထားပြီး ဂြိုဟ်သားတွေရဲ့စိမ့်ဝင်မှုကိုလည်းကြုံနေရပါသေးတယ်။ အဲဒီလို ကမ္ဘာပျက်ကပ်အလွန်ခေတ်ကြီးထဲမှာ စပ်စုတတ်တဲ့ လူငယ်နှစ်ယောက်က ဂြိုဟ်သားမုဆိုးဆိုတဲ့ ရေလည်ကြမ်းတဲ့ဘဲကြီးတစ်ပွေအကြောင်း မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ကြိုးစားရင်း အဲဒီကာလကြီးမှာ လူတွေကြုံတွေခဲ့ရတဲ့အကြောင်းတွေကို ဒီရုပ်ရှင်ထဲမှာ စိတ်ကူးပုံဖော်ပြထားတာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Mystery
7.4 2024 114 mins
Gaganachari
Elyas
5.8

ဒီတစ်ခါမှာတော့ John Wick လို ဖိုက်တင်ခန်းတွေပါတဲ့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်အက်ရှင်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ အယ်ယာစ့်ဟာ အာဖကန်နစ္စတန်ကပြန်လာတဲ့ ပြင်သစ်စစ်ပြန်ဟောင်းတစ်ယောက်ပါ။ စိတ်ကျန်းမာရေးအခြေအနေအကြောင့် စစ်တပ်ကအထုတ်ခံရပြီးနောက်ပိုင်း လောကကြီးနဲ့အဆက်သွယ်ဖြတ်နေခဲ့ပါတယ် ။ တစ်ရက်မှာ အရှေ့အလယ်ပိုင်းက သူဌေးမိသားစုတစ်စုအတွက် လုံခြုံရေးအလုပ်လက်ခံမိရာက ဒီမိသားစုကိုလိုက်နေတဲ့ ကြေးစားအဖွဲ့နဲ့ ငြိပါတော့တယ်။ သူဌေးသားအမိကို သက်စွန့်စံဖျားလိုက်ကာကွယ်ရင်း ပြန်ဂွင်ဆင်ခံရတဲ့အခါ ဘယ်သူက သူ့ကိုဂွင်ဆင်ပြီး လုပ်ကြံနေတာလဲ သူကာကွယ်နေတဲ့ မိသားစုနောက်ကွယ်မှာ ဘာတွေရှိလဲ ဒီမိသားစုကို ကြေးစားအဖွဲ့တွေ ဘာကြောင့် လိုက်ဖမ်းနေတာလဲ စတဲ့မေးခွန်းတွေကို သူ့ရဲ့ စစ်သားအရည်အချင်းနဲ့ စစ်ပွဲအတွေ့အကြုံတွေကိုသုံးပြီး အဖြေရှာဖို့ ဖြစ်လာပါတယ်။ One man army အက်ရှင်ဇာတ်ဝင်ခန်းတွေကို ကြိုက်တဲ့ ပရိတ်သတ်တွေအတွက် Elyas ဆိုတဲ့ ပြစ်သစ်အက်ရှင်ကားကောင်းကို တင်ဆက်လိုက်ရပါတယ်။

5.8 2024 99 mins
Elyas
Blood: The Last Vampire

အဟောင်းထဲက အကောင်းလေးတစ်ခု ပြန်လည်တင်ဆက်ပေးပါဦးမယ်။ ဒီ သွေးစုပ်ဖုတ်ကောင် Anime လေးက ၂၀၀၀ ခုနှစ်ကတည်းက Production IG ကနေ ထုတ်လုပ်ပေးထားတာပါ။ ၂၀၀၉ ခုနှစ်မှာဆိုရင်လည်း ဟောလိဝုဒ်ကနေ နာမည်ကျော် ကိုရီးယားမင်းသမီး Jun Ji-hyun ကို ဇာတ်ဆောင်ထားပြီး Live Action ပြန်ရိုက်ခဲ့ပါသေးတယ်။ ဇာတ်လမ်းအရ ဇာတ်အိမ်တည်ထားတာတော့ ဒုတိယကမ္ဘာစစ်အပြီးလောက် ဂျပန်မှာ အမေရိကန်တွေ အခြေစိုက်စခန်းတွေ ချနေဆဲကာလလိုမျိုးပေါ့။ အဲဒီမှာ လူတွေရဲ့သွေးသားကို စားသုံးပြီး အဆုံးစီရင်သွားသလို သတ်ဖြတ်နေကြတဲ့ လင်းနို့ပုံသဏ္ဍာန် နတ်ဆိုးတွေဆိုတာ ရှိကြတယ်။ ဒီလို မကောင်းဆိုးဝါးတွေကို တိတ်တဆိတ်နဲ့ စုံစမ်းထောက်လှမ်းပြီး သတ်ဖြတ်နေတဲ့ အဖွဲ့အစည်းလည်း ရှိနေတယ်။ Saya ဆိုတာ ဒီအဖွဲ့အစည်းက အဓိကသတ်ဖြတ်ရေးသမား ကင်ဒိုဓားတစ်ချောင်းနဲ့ အကုန်ခုတ်ဖြတ်နေတဲ့ ကောင်မလေး။ နောက်ကျ အခြေစိုက်စခန်းနားမှာ အကောင်တွေသောင်းကျန်းနေတယ်ဆိုပြီး သတင်းရတာနဲ့ ကျောင်းတစ်ခုမှာ အထက်တန်းကျောင်းသူအဖြစ် အသွင်ယူထောက်လှမ်းရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 757 MB / 319 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 48m Genre ….. Action / Animation / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Horror
0 2000 48 mins
Blood: The Last Vampire
The Dish
7.2

The Dish (2000) IMDb Rating (7.2) / Rotten Tomatoes (96%) ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။ Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind. ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။ ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။ ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး ‌နီးလ် အမ်စ‌ထရောင်းပြောခဲ့သလို “လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ” ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ၁၁ကြိမ်မြောက်မှာ လပေါ်ကို ပထမဆုံး ခြေချနိုင်ခဲ့တဲ့ ဖြစ်စဉ်ပါ။ ခုနေ ယူကျုဘ်ကနေ First Moon landing ဆိုရှာရင် ခုန်ပေါက်ပြနေတဲ့ အာကာသယာဉ်မှူးကို မြင်ရမှာပါ။ ဒီ ရုပ်ပုံတွေကို ၁၉၆၉ ခုနှစ်တုန်းက လပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာရော သင်သိပါသလား။ အဲဒီလို ပြသနိုင်အောင် အဓိကစွမ်းဆောင်ခဲ့တာကတော့ အခု ရုပ်ရှင်ရဲ့ ခေါင်းစဉ် The Dish ပါ။ ရေဒီယိုတယ်လီစကုပ်တစ်ခုဖြစ်ပြီး ဩစတြေးလျနိုင်ငံ ပက်စ်မြို့လေးရဲ့ သိုးစားကျက်ကွင်းအလယ်မှာရှိပါတယ်။ အဲဒီ’စလောင်း’ကို အသုံးပြုပြီး Moon walking လုပ်တာကို အခက်အခဲတွေကြားက ရအောင် ထပ်ဆင့်လွှင့်ပေးနိုင်ဖို့ကြိုးစားကြတဲ့ ဇာတ်လမ်းပါ။ ဖြစ်ရပ်မှန်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး တကယ့် နေရာ၊ တကယ့်စလောင်း နဲ့ တကယ့် Footage တွေကို ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းကိုအများကြီး မညွှန်းလိုပေမယ့် သူ့ခေတ်သူ့အခါက နာမည်ကြီး သရုပ်ဆောင်တွေ၊ နိုင်ငံရေးအပါအဝင် ပျက်လုံးတွေထုတ်ပုံ၊ အင်္ဂလိပ်စကားကိုပဲ ဩစီ နဲ့ အမေရိကန်ပြောပုံမတူလို့ စကားပြန်နဲ့ပြောရပုံတွေ၊ Moon landing လုပ်ပုံတွေကို ရှုစားရမှာပါ။ သရုပ်ဆောင်တွေ အ‌နေနဲ့ ဒိုင်နိုဆောဆရာကြီး Sam Neill က ဦးဆောင်ထားပြီး Roy Billing, Patrick Warburton, Kevin Harrington, Tom Long နဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်ပါတယ်။ ဒါရိုက်တာက Rob Sitch ဖြစ်ပါတယ်။ Nominations ၁၀ ခု ဝင်ထားပြီး Soundtrack, Music နဲ့ screen play ဆု သုံးခု ရထားပါတယ်။ တစ်ကားလုံးမှာ ပျင်းစရာမပါအောင်ပြသွားသလို အကြိုက်ဆုံးစကားတစ်ခွန်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။ “ရှုံးနိမ့်ခြင်းဆိုတာ နောင်တလောက် ကြောက်စရာကောင်းတဲ့ အရာမျိုးမဟုတ်ဘူး” (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size… (3.4 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, History Duration….01:42:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

7.2 2000 101 mins
The Dish