YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mayor.of.Kingstown.S04E09.Teeth.and.Tissue.720p.AMZN.WEB-DL.mp4

400.1 MB 720p video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stay With Me

ရိုးရိုးသားသားပြောရရင်တော့ ဒီတရုတ်ကားက သာမန်ကျောင်းသားအချစ်ကားပါပဲ။ You're the apple of my eyeတို့လို စတိတ်ကျောင်းမှာတွေ့ ကြိုက် ကောလိပ်မှာဇာတ်လမ်းဆက် ဒီလိုပုံစံပါပဲ။ ရိုက်ကူးပုံတို့ စီနီမာတို့ အရောင်တို့ကလည်း ထိုနည်းလည်းကောင်းပဲပြောရမယ်။ You're the apple of my eyeလောက်ကြီးတော့ မကောင်းပေမဲ့ အခြေခံအရသာအရတော့ ခပ်ဆင်ဆင်ပါပဲ။ You're the apple of my eyeက မဆုံလိုက်ရတဲ့ဘဝတွေအကြောင်းဆိုတော့ ပိုနတ်ကြီးတာပေါ့။ ဒီရုပ်ရှင်က ပစ်မှတ်ထားတဲ့ ပရိသတ်ကတော့မတူဘူးရယ်။ အဲဒီလိုပုံစံခပ်ဆင်ကိုမှ LDRSအချစ်အကြောင်းကို ဦးစားပေးထားတာဆိုရမယ်။ မင်းသား မင်းသမီးတွေကလည်း ချောပေမဲ့ မြင်နေကြုံနေကျ ရုပ်တွေလိုနဲ့ မထူးခြားနားပြထားတော့ သဘာဝကျတယ်လို့တော့ ခံစားလို့ရတယ်။ ပိုစတာမှာသာ လူရုပ်ထွက်မနေတာပါ အထဲမှာလူရုပ်ပါပဲ။ လှပေမဲ့ အပြင်မှာ ဘယ်သူမှပါးစပ်က ထုတ်ပြောမှာမဟုတ်တဲ့ စကားတွေ တစ်ချက်တစ်ချက်ပြောတတ်တာကလွဲလို့ နည်းနည်းပေါတာကလွဲ ကြည့်ပျော်တဲ့ လိုက်ဖီးလ်လို့ကောင်းတဲ့ မဆိုးတဲ့ ရုပ်ရှင်ပါပဲ ဒီရုပ်ရှင်မှာ ခပ်တည်တည်နဲ့ ဒဲ့ကြီးရွတ်သွားတဲ့ အချစ်အကြောင်းလေးတွေ ပါသလို ဒဲ့ကြီးမရွတ်ဘဲ လှတပတလေး ပြသွားတာလေးတွေလည်းပါတယ်။ ကျွန်တော်သဘောကျတဲ့ အခန်းလေးက ပြောရရင် ဆရာသုခမိန်လှိုင်ရဲ့ ကျွန်တော်တော်တော်ညိတဲ့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဆန်းပြီး စာခြောက်ကြောင်းနဲ့ အချစ်ဆိုတာဘာလဲ လုံးဝပေါ်လွင်တဲ့ ကဗျာလိုမျိုးပဲ။ အဲဒီကဗျာ နာမည်က " ဓား"တဲ့။ " ငါပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါလွယ်တယ် ငါမပျော်ရင်တော့ မင်းကို ခွဲမပေးတော့ဘူး အဲဒါခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး" တစ်ခါတုန်းကတော့ ဆော့ခရိတ္တိက အချစ်ဆိုတာ လှတာကိုလိုချင်တာလို့ပြောဖူးတယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိတော့ မမှားပါဘူး။ နောက်ကျ ပလေးတိုးနစ်အချစ်ကို ချပြလာတယ်။ ဒါလည်း အတိုင်းအတာတစ်ခုအထိတော့ မမှားပါဘူး။ ပုဂ္ဂလိကအမြင်အရတော့ အချစ်ဟာ ဒီထက်ကျယ်ပြန့်တယ်လို့တော့ ကျွန်တော်ထင်တာပါပဲ။ ရုပ်ဝတ္တုအသစ် အတတ်အသစ်သစ်တွေ များပြားလာ ၊ လက်လှမ်းမီတာတွေရော မမီတာတွေရောများလာတဲ့နောက်၊ နဂိုကတည်းက မရိုးရှင်းလှတဲ့ လူ့အသိုင်းအဝိုင်းကြီးမှာ အစကတည်းက အရည်ပျော်ရတာတွေထက် ပိုအရည်ပျော်တာရတာတွေလည်းရှိလာတာပဲ။ ဘာကောင်ကြီးပဲဖြစ်နေဖြစ်နေ တစ်ခါတလေတောင် အရည်မပျော်ဖူးတဲ့ လူတွေတော့ ရှိလိမ့်မယ်မထင်ဘူး။ အရည်ပျော်ရတဲ့နေ့ရက်နေ့တွေမှာ တစ်ခါတလေကျတော့လည်း ဖြေသာစရာဟာ ကျွန်တော်တို့အားလုံးချစ်ကြတဲ့ ဆရာစိုင်းခမ်းလိတ်ကြီးရဲ့ စကားလိုပဲ။ "ဝေဒနာတွေသိပ်ဆိုးလာတော့လည်း အနားမှာနွဲ့တင်ရှိရင်ပြီးတာပါပဲ"ဆိုသလိုပဲပေါ့။ ချစ်ခြင်းဟာ အားဖြစ်စေခဲ့မှာပဲ။ ဒါပေမဲ့ ချစ်ခြင်းဟာ များသောအားဖြင့်တော့ အဲဒီအရည်ပျော်ရတဲ့အကြောင်းရင်းကိုတော့ ခွဲပေးချင်မှာမဟုတ်ဘူးပေါ့။ ဆော့ခရိတ္တိတို့ ပလေတို့ခေတ်ကတော့ အချစ်ဟာ ဘယ်လိုပုံစံနဲ့ရှိနေခဲ့လဲမသိပေမဲ့ ယုံကြည်ရင်တော့ အချစ်ဟာ ဖြစ်တည်မှုတစ်ခုပါပဲ။ မယုံရင်လည်း မဟုတ်ဘူးပေါ့။ ဒီရုပ်ရှင်ဟာ ယုံကြည်သူနှစ်ယောက်ရဲ့ ဖြစ်တည်မှုတစ်ခုလိုဖြစ်သွားတဲ့ အချစ်တစ်ခုအကြောင်းပါပဲ။ အရမ်းကြီးကောင်းလှတယ်မဟုတ်ပေမဲ့ အကြောင်းကြောင်းနဲ့ ဒီခေတ်မှာ ချစ်လျက်နဲ့ဝေးရတဲ့ ကြမ္မာဖိစီးခံရတဲ့ အချစ်တွေအတွက်တော့ ခံစားလို့ကောင်းမယ့် ရုပ်ရှင်တစ်ကား ဖြစ်မှာပါ။ ရိုးရိုးရှင်းရှင်းပြောရရင် LDRSခဏဖြစ်ဖြစ် အမြဲဖြစ်ဖြစ် ဖြစ်နေတဲ့လူတွေအတွက် ဟတ်ထိစေမယ့်ရုပ်ရှင်ပါ။ HONEST REVIEWပါ။ ကျွန်တော်လည်း အဆုံးနား ၁၅မိနစ်လောက် အတည်မျက်ရည်ဝဲသွားပါတယ်။ လူပေါ်မူတည်ပါလိမ့်မယ်။ မှန်တဲ့လူ ထိပေါ့။ ဖီးလ်ရတဲ့အခန်းလေးတွေနဲ့ အချစ်သီချင်းချိုချိုလေးတွေကို တစ်ဆက်တည်းတွဲဆက်ပြီး ပိုဖီးလ်လို့ကောင်းအောင် လည်းလုပ်သွားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:48:00 Type__Drama, Romance, School, LDRS Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • History
0 2022 100 mins
Stay With Me
Storks
6.6

ဟိုးအရင်တုန်းက ကလေးမရနိုင်တဲ့သူတွေ ဆုတောင်းရင် သို့မဟုတ် ကလေးငယ်တွေက ညီလေး ညီမလေးတွေလိုချင်တယ်လို့ ဆုတောင်းခဲ့မယ်ဆိုရင် ငှက်ကြားဖြူ တွေဟာ ကလေးငယ်တွေကို နှုတ်သီးဖြင့် သယ်ယူလာပြီး အိမ်ခေါင်းတိုင်မှ ဖြစ်စေ အိမ်ရှေ့တံခါးမှ ဖြစ်စေ ပို့ပေးဖူးတယ်လို့ ပုံပြင်တွေထဲမှာ ရှိခဲ့ဖူးပါတယ်.... ဒါပေမယ့် အဲ့ဒါတွေဟာ ယနေ့ခေတ်မှာ ပျောက်ကွယ်သွားပါပြီ ငှက်ကြားဖြူတွေဟာ အလုပ်ရှုပ်ပြီး တာဝန်ကြီးတဲ့ ကလေးပို့တဲ့ အလုပ်တွေ မလုပ်တော့ပါဘူး Online Shopping လုပ်ငန်းက ပစ္စည်းတွေကို ပို့ပေးတဲ့ Stork.com က ပစ္စည်းပို့ဆောင်ရေး ငှက်တွေ ဖြစ်ကုန်ကြပါပြီ :D ထိုငှက်တွေ အားလုံးကို အုပ်ချူပ်တဲ့သူကို Boss လို့ ခေါ်ကြပြီး သူတို့ အားလုံးရဲ့ Boss ဟာ ဟန်တာ ဆိုတဲ့ ငှက်ကြားဖြူကြီး ဖြစ်ပါတယ်.... ငှက်ကြားဖြူ အားလုံးထဲမှာ မှ FA ဖြစ်ပြီး အလုပ်ကြိုးစားတဲ့ သူကတော့ ဂျူနီယာ လို့ခေါ်တဲ့ ငှက် ပါ သူဟာ သံယောဇဉ် တွယ်စရာမရှိပဲ အလုပ်ကို တာဝန်အကျေဆုံး ထမ်းဆောင် တက်သူ ဖြစ်ပြီး အမိန့်လဲ လိုက်နာတက်သူပါ တစ်ရက်မှာတော့ ဂျူနီယာကို ဘော့စ် ဖြစ်သူ ဟန်တာ မှ ရုံးခန်းအတွင်း ခေါ်ရောက် တွေ့ဆုံပြီး ဂျူနီယာ သည် အလုပ်ကြိုးစားသူ ဖြစ်သော ကြောင့် ဘော့စ် နေရာတွင် တာဝန်ထမ်းဆောင်စေမည် ဖြစ်ပြီး သူတို့ဆီတွင် ပို့ရမည့် လိပ်စာပျောက်ပြီး ငယ်စဉ်ကတည်းက သောင်တင်နေသော မိဘမဲ့ ကလေး ကျူးလစ် ကို နှင်ထုတ်ပစ်ရန် တာဝန်ကိုပါ ပူးတွဲပေးလိုက်ပါတယ် အဓိပ္ပါယ်ကတော့ ဂျူနီယာ သည် ကျူးလစ်အား နှင်ထုတ်နိုင်ပါက ဘော့စ် နေရာကို ရမှာ ဖြစ်ပါတယ်... အမိန့်လိုက်နာတက်သော်လဲ သနားကြင်နာတက်သော ဂျူနီယာ တစ်ယောက် Stork.com တွင် အပိုအရှုပ်ထုပ်ဖြစ်ပြီး ဘာမှ မယ်မယ်ရရ သုံးစား မရသော မိဘမဲ့ ကလေး ကျူးလစ်အား ဘယ်လို နှင်ထုတ်မလဲ ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါ.... ဒီကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator တစ်ဦး ဖြစ်သူ Bro Chan ပဲ ဖြစ်ပါတယ်... (သစ်ဆန်းခန့်)

Drama • Western
6.6 2016 87 mins
Storks
Have You Ever Seen Fireflies?
6.2

IMDb 6.2/10 ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့တဲ့ ပြဇာတ်ကို ပြန်လည်ဖန်တီး ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ကလည်း စတင်ဖျော်ဖြေခဲ့တဲ့ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ကနေ ၁၉၉၉ ခုနှစ်မေလအထိ လေးလအတွင်း ၉၇ ကြိမ်တိတိ ပြန်လည်ဖျော်ဖြေခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ် ။ “ ဒီနိုင်ငံမှာက ထက်မြက်တဲ့သူတွေ အပြစ်ပေးခံရတတ်တယ်တဲ့ “ ဂူဆယ်ရန်ရဲ့ အဖေက ဆယ်ကျော်သက်အရွယ် ဂူဆယ်ရန်လေးကို ပြောခဲ့တဲ့စကားပါ ။ ပိုးစုန်းကြူးလေးတွေအကြောင်း စိတ်ဝင်စားတဲ့ ဂူဆယ်ရန်က ခြောက်လအရွယ်မှာ စကားစပြောတတ် ၊ နှစ်နှစ်အရွယ်မှာ စာဖတ်တတ်ပြီး အသက်ကြီးလာတော့လည်း ဘယ်လိုဂဏန်းလေးလုံးပါတဲ့ ကိန်းမျိုးကိုမဆို စိတ်နဲ့မြှောက်နိုင်တဲ့အထိ ဉာဏ်ထက်တဲ့ မိန်းကလေးတစ်ယောက်ပါ ။ ၁၉၇၀ ပြည့်နှစ်ကျော် တူရကီနိုင်ငံရဲ့ အစိုးရအပြောင်းအလဲနဲ့ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဂူဆယ်ရန်တစ်ယောက် ဘယ်လိုဆက်ရှင်သန်မလဲ ။ ကမောက်ကမဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ အချစ် ၊ အလွမ်း ရသမျိုးစုံကို သာလွန်ဉာဏ်ရည်မျိုးရှိတဲ့ ဂူဆယ်ရန်ရဲ့ ရှုထောင့်ကနေ ရင့်နင်ဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ File size…1.76GB / 848MB Quality…NF WEB-DL 1080p/ 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Thriller • Action
6.2 2021
Have You Ever Seen Fireflies?
Three Nights a Week
6.1

(18+) Three Nights A Week [2022] (IMDb 6.2/10, RT 100% ) ဘက်ပ်တစ်က ဆမီယာဆိုတဲ့ သူနာပြုသင်တန်းကျောင်းသူရဲ့ ရည်းစားဖြစ်ပြီးတော့ ဆမီယာ အလုပ်သင်လုပ်နေတဲ့ ဆေးခန်းက လူထုအကျိုးပြု ပရဟိတလုပ်သားအဖြစ် လိင်လုပ်သားတွေကို လိင်ပညာအသိပေးတာ ဆေးကုသပေးတာမျိုးတွေကို အပတ်စဉ်ဆောင်ရွက်ကြပါတယ်.. တစ်နေ့မှာတော့ ဘက်ပ်တစ်ဟာ ကွတ်ကီးဆိုတဲ့ Drag queenတစ်ယောက်နဲ့ စတင်သိကျွမ်းပါတော့တယ်… သူ ပထမဆုံးတွေ့ဖူးတဲ့ Queenတွေမို့ ဓာတ်ပုံရိုက်ယူရင်းက ပရောဂျက်အသစ်တစ်ခုအတွက် အကြံရသွားပါတော့တယ်… သူ့အကြံဉာဏ်ကတော့ Queenတွေရဲ့ စင်ပေါ်က ဖျော်ဖြေမှုတွေကို လူတိုင်းမြင်ဖူးကြပြီးသားမို့ သူတို့ရဲ့ စင်အောက်က ဘဝကို တင်ဆက်ပြသဖို့ပဲ ဖြစ်ပါတယ်… ဒီလိုနဲ့ ဘက်ပ်တစ်ယောက် Dragလောကထဲကို ထဲထဲဝင်ဝင်လေ့လာရင်း စိတ်ရောကိုယ်ပါဖြစ်သွားရာက ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်… ဒီဇာတ်ကားက Rating ကောင်းသလို တကယ်လည်း ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ခဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Romance Quality…. 1080p | 720p File size… 1.2GB | 679MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.1 2022
Three Nights a Week
Nadanna Sambhavam
6.4

Nandanna Samhbavam (2024) “လွတ်မြောက်ရာ” IMDb – 6.4/10 ခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ မလေယာလမ် မိသားစုဒရာမာ ရုပ်ရှင်ကားလေးပါ။ မလေယာလမ်းမင်းသားကြီး ဘီဂျူးမီနွန် သရုပ်ဆောင်ထားပြီး ရုပ်ရှင်ဝေဖန်သူတို့ရဲ့ ဝေဖန်သံတွေအမျိုးမျိုးကြားက ရုံတင်ငွေ အောင်မြင်ခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကြေးရတတ်အသိုင်းအဝိုင်းတွေနေကြတဲ့ရပ်ကွက်ကို မိသားစုတစ်ခု အိမ်ပြောင်းလာတာကနေစပါတယ်။ ချစ်စရာသမီးလေးရယ် ဇနီးချောလေးရယ်နဲ့ ပျော်ရွှင်တဲ့မိသားစုတစ်ခုကိုဦးဆောင်နေတဲ့ အူနီ။ နေတတ်ထိုင်တတ်တဲ့သူ့ကို ပတ်ဝန်းကျင်က အမျိုးသမီးတွေက အထင်ကြီးလေးစားပြီး အရောတဝင်ရှိကြတာပေါ့။ ဒါကိုပဲ မကြိုက်ကြတဲ့ ခင်ပွန်းသည်တွေ ယောကျ်ားသားတွေက ဒီဘဲ ဘာအထာလားဖြစ်ကြရော။ အမြင်မကြည်တာတွေကနေစပြီး တစ်စတစ်စနဲ့ ပြဿနာတွေတက် ရုံးရောက်ဂါတ်ရောက်ဖြစ်ရာကစ ပိုပိုပြီးကြီးထွားလာတဲ့ ပြဿနာတွေကြားမှာ ဒီမိသားစုလေး ပျော်ရွှင်စွာနေနိုင်ပါ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6.4 2024
Nadanna Sambhavam
Knock Knock

Knock Knock (2015) ဒီရုပ်ရှင်ကားကတော့ John Wick ကြီးကို အမှောက်သိပ်တဲ့ဇာတ်ကားဆိုပြီး နာမည်ကြီးပါတယ်။ သိပ်မယ့် မင်းသမီးက အလှပဂေးလေး Ana de Armas ဆိုတော့ ဂျွန်ဝစ်မှမဟုတ်ပါဘူး သကောင့်သားအားလုံးမှောက်မှာပါပဲ။ ဇာတ်လမ်းကတော့….ကျောချမ်းစရာပါ… မိသားစုကိုချစ်လှပါချည်ရဲ့ဆိုတဲ့ ယောကျ်ားသားတွေကိုမှ တမင်အကွက်ဆင်ပြီး ဘဝဖျက်ဖို့ အမဲလိုက်မယ့် နတ်နိမယ် ၂ ပါးရှိပါတယ်… သူတို့ရဲ့ အလှအပ ညှို့ငင်ဆွဲဆောင်အားတွေနဲ့ တည်ငြိမ်ပါတယ်ဆိုတဲ့ ယောကျ်ားသားကို ပညာပေးမှာပါ။ ကျူးဘားမင်းသမီး Ana de Armas နဲ့ ချီလီ မင်းသမီး Lorenza Izzo တို့ မင်းသားကြီး Keanu Reeves ကို ဘယ်လိုပညာတွေပေးသွားမလဲဆိုတာ……..။ ” Some doors should never be opened ” တချို့တံခါးတွေက လုံးဝကိုဖွင့်မကြည့်သင့်ပါဘူးတဲ့။

0 2015 99 mins
Knock Knock
Scent of Love

The Scent Of Love (2003) ကျွန်တော်ကတော့ တစ်သက်တာလို့ ပြောတော့ သူက တစ်ခဏဖြစ်မှာပါတဲ့။ ဒီလိုနဲ့ သူ့ထက်ငယ်တဲ့ငချွတ်လေး ကျွန်တော့်အချစ်ကို မယုံကြည်ခဲ့ပါဘူးပေါ့။ သူ့ကို နောက်ထပ်မဆုံးရှုံးချင်တော့တဲ့အခါ ရေစက်ဆိုတာ ဖန်တီးယူရမယ်မှန်း လက်ခံလိုက်ရတာပဲ။ “အသက်ရှင်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်၊၊ မင်းလိုတာမှန်သမျှ ဖြည့်ဆည်းပေးပါ့မယ်” လူချင်းနီးနေပေမဲ့ မပြောနိုင်တာတွေ များတဲ့အခါ ဒဏ်ရာတွေက မကုစားနိုင်ပြန်ဘူး။ ချစ်ခြင်းတွေက ဖြူစင်တော့လည်း နောင်တတွေက လျော့မသွားပြန်ဘူး။ နားလည်မှုတွေ ရှိခဲ့ကြ၊ အကြင်နာတွေ ပိုခဲ့ကြ ဆုံခဲ့ပါလျက်၊ ပျော်ရွှင်ခဲ့ပါလျက်နဲ့များ… မင်းဆီက ဂန္ဓာမာပန်းနံ့ထပ်မရတော့တဲ့အခါ…။ ၂၀၀၃ ခုနှစ်က ထွက်ရှိထားတာမို့ လွမ်းလွမ်းဆွေးဆွေး Melodrama မျိုးကို ၂၀၀၀ ခုနှစ်က ခံစားသက်ဝင်မှုအတိုင်း ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.5GB | 1GB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

0 2003
Scent of Love
Vishesham
8.5

Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီး IMDb – 8.6/10 လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။ လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးက ကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့ အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီး တစ်ကိုယ်တည်းပဲနေတော့တာပေါ့။ ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင် တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့ လက်ခံလိုက်ပါတော့တယ်။ နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့ အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့ လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)

8.5 2024
Vishesham
Crackcoon

အဆိပ်ပြင်းစွမ်းအားပြင်းတဲ့မူးယစ်ဆေးတမျိုးက မရောက်သင့်တဲ့ သူတွေလက်ထဲကို ရောက်သွားခဲ့ရင်ဘာဖြစ်မလဲ။ ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားကြည့်ပါမိတ်ဆွေ။ အမေရိကရဲ့ မြို့ငယ်လေးတစ်မြို့မှာ လိမ္မော်ရောင် ကိုကိန်းမူးယစ် ဆေးဝါးတမျိုး ပြန့်နှံ့နေပါတယ်။ ဒီ ဆေးအသစ်က အရမ်းကို အစွမ်းထက်ပြီး သုံးမိတဲ့လူတွေက စိတ်ဖောက်ပြန်ပြီး အချင်းချင်း ကိုက်ဖြတ်စားသောက်ကြတဲ့အထိဖြစ်စေပါတယ်။ ဒီလိုနဲ့ပဲ ဒီမူးယစ်ဆေးဝါးက တနေ့မှာ မတော်တဆမှုတစ်ခုကြောင့် ရက်ကွန်းတစ်ကောင်ရဲ့လက်ထဲကိုရောက်သွားပါတော့တယ်။ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲ။ ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုကြရမှာပါ။ ဒီရုပ်ရှင်မှာတော့ သွေးသံရဲရဲနဲ့ ညစ်ညမ်းပြကွက်တွေအများအပြား ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ မိသားစုနဲ့အတူကြည့်ရှုရန် မသင့်တော်ပါခင်ဗျာ။ File size…2.44GB / 1.21GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

0 2024 88 mins
Crackcoon
The Christmas Room
6

The Christmas Room (2024) IMDb Rating (6.0) မိသားစုရဲ့ ချစ်ခြင်းမေတ္တာကို ပြသထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Grace Dorsey (Maya Jai Pinson) ဟာ ခရစ္စမတ်အတွက် မိသားစုဆီပြန်လာပြီး သူ့အဖိုးရဲ့ ကျန်းမာရေးကို ဘယ်သူမှ မစိုးရိမ်ကြောင်း သိရှိသွားတဲ့အချိန်မှာ မိသားစုအတွက် တာဝန်ယူပြီး အလေးထားဖို့ ကြိုးစားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကအချက်က ခရစ္စမတ်ရဲ့ အဓိပ္ပာယ်အပြင် မိသားစုဆက်ဆံရေးတွေကို ထိထိမိမိ ပြသနိုင်တာပါ။ ဒါရိုက်တာ Maya Jai Pinson ရဲ့ လက်ရာဟာ ခံစားမှုတွေနဲ့ စိတ်လှုပ်ရှားစရာအချိန်တွေကို ပေါင်းစပ်ပြီး ပရိသတ်တွေကို ရင်ထဲထိမှန်စေတဲ့ ဇာတ်လမ်းဖြစ်လာစေပါတယ်။ ဒီဇာတ်ကားဟာ ခရစ္စမတ်အချိန်မှာ မိသားစုနဲ့အတူ ကြည့်ရှုဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(2 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Family Duration….01:39:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Banyar Aung

6 2024
The Christmas Room
Us or Them
4.1

Us or Them (2024) ဒီ Us or Them ဆိုတဲ့ ရုပ်ရှင်ကတော့ ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲဆိုတာကို ခေါင်းစဉ်ကနေတန်းမှန်းကြည့်ဖို့ခက်ခက်မှာပဲ။ Genre အနေနဲ့ကတော့ Action, Thriller, Mystery ဆန်တဲ့ဘက်ကိုရောက်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူငယ်ဘဝကတည်းက သူငယ်ချင်းဖြစ်လာကြတဲ့ဂျုဒ်နဲ့ အန်တီတို့ဟာ မိသားစုနဲ့အတူခရီးတစ်ခုသွားကြပါတယ်။ ဖြစ်ပုံကတော့ ဂျုဒ်က သူကစားတဲ့ အွန်လိုင်းဂိမ်းတစ်ခုမှာ မဲပေါက်သွားတယ်ဆိုပြီး ဂိမ်းစီစဉ်သူတွေက အပျော်ခရီးသွားလက်မှတ်ကို မိသာစုးလိုက်ဖိတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ခရီးရောက်တော့ စမ်းတဝါးဝါးနဲ့ သူတို့ကို စီစဉ်သူတွေက ဆုကြောင်းအပြင် ဘာတွေချီးမြှင့်မလဲဆိုတာကို မသိဘဲ ခရီးမှာပျော်ကြတာပေါ့။ ဒီလိုနဲ့ စီစဉ်ပေးထားတဲ့ ဟိုတယ်နေထွက်ပြီး ဂိမ်းစီစဉ်သူတွေရှိရာကို လျှို့ဝှက်အစည်းအဝေးတစ်ခုသွားတက်ဖို့ ဂျုဒ်နဲ့အန်ဒီတို့ထွက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ စီစဉ်သူတွေဟာ သူတို့ကို ဂိမ်းတစ်ခုနဲ့ထပ်မံမိတ်ဆက်လိုက်ပါတယ်။ ဒီဂိမ်းကို လူနှစ်ယောက်အစုံလိုက်ရှိမှသာ ဆော့လို့ရမှာဖြစ်ပြီးတော့ ဂိမ်းရဲ့ ပွဲစဉ်တစ်ခုချင်းစီကိုနိုင်ရင် ပိုက်ဆံကို ထပ်ထပ်ကွမ်းနေအောင်ဆတိုးပြီးရလာမှာပါ။ ဒါပေမဲ့ သတိထားစရာတစ်ခုကတော့ ပွဲစဉ်တစ်ခုခုဆော့တိုင်းကိုယ့်ဘက်ကနေလည်းပြန်ရင်းရတဲ့အရာတွေရှိပါတယ်။ ဒီလိုမျိုး ဂိမ်းစီစဉ်သူကနေ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ ဂျုဒ်က ငွေမက်သွားပြီး အန်ဒီ့ကို အသည်းအသန်ဆော့ဖို့ သိမ်းသွင်းပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ဆော့ဖြစ်သွားပေမယ့်လည်းနောက်ဆုံးမှာတော့ တစ်ယောက်မှာအသက်ရှင်နိုင်မှာကို မသိသေးတဲ့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.7 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:26:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

History • Drama • War
4.1 2024 86 mins
Us or Them
Bucha
6.1

ဒီဇာတ်ကားက ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ************** ဒီဇာတ်ကားက ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ကိုစတီယာ ဆိုတဲ့ ကာဂျစ်စတန်သားဟာ ယူကရိန်းနိုင်ငံ ဘူချာမြို့မှာ ဒုက္ခသည်အနေနဲ့ နေထိုင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ရုရှားတပ်တွေ ယူကရိန်းကို ကျူးကျော်လာတဲ့အခါ လူပေါင်းများစွာ ဒုက္ခရောက်ကြရတာကို သူ့အနေနဲ့ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်။ ကိုစတီယာဟာ ကြောက်ကြောက်နဲ့ ရှေ့ဆက်တိုးတဲ့ သတ္တိရှိသူတို့ရဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ယူကရိန်းနိုင်ငံသားပေါင်း ၂၀၀ ကျော်ကို စစ်ဘေးသင့်နေရာတွေကနေ သူ့ရဲ့ ကာဂျစ်စတန် မှတ်ပုံတင်နံပါတ်ကို သုံးပြီး ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာ စစ်ရဲ့ အနိဌာရုံတွေကို ပြသပေးရုံမက ကိုစတီယာရဲ့ ရဲရင့်မှုကိုလည်း ပြသပေးပါတယ်။ ဒီဇာတ်ကားထဲက ဒိုင်ယာလော့တွေကိုတော့ ကျွန်တော်တို့အနေနဲ့ ဆက်စပ်ခံစား ကြည့်လို့ ရမှာ အသေချာပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်။ ) File size… (1.48GB) / (861MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.1 2024 118 mins
Bucha
Yin Yang Mansion
5.9

အခုလိုအင်တာနက်တွေသုံးလာကြတဲ့ခေတ်ကြီးထဲမှာ အင်တာနက်ပေါ်မှာမြင်မြင်သမျှတွေကို လိုက်လံဝေဖန်နေကြတဲ့လူတွေကလူတစ်ယောက်ကိုဘဝပျက်အောင် ဖျက်စီးပစ်နိုင်စွမ်းရှိလာခဲ့ကြတယ်။ဖုန်းရွှယ်ချင်လို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်က သနားကြင်နာတတ်ပြီးရုပ်ချောမောလှပတာကြောင့် သူ့စီနီယာအစ်ကိုဖြစ်တဲ့ လျိုကျန့်ကျုံးကအသည်းအသန်ကြိုက်ခဲ့တာပေါ့။ဒါပေမဲ့တနေ့အင်တာနက်ပေါ်မှာ အိမ်သာထဲကလေးမွေးဖွားတဲ့တက္ကသိုလ်ကျောင်းသူဖူန်းရွှယ်ချင် ဗီဒီယိုဖိုင်ပြန့်နှံ့သွားတဲ့အခါ မြင်မြင်သမျှကိုလိုက်လံဝေဖန်နေကြတဲ့ အင်တာနက်ပေါ်က လူတွေကြောင့် ဖုန်းရွှယ်ချင်တယောက်ဘဝပျက်သွားပြီး သေသွားခဲ့တယ် သူသေသွားတဲ့အချိန်မှာ မိဘမရှိဆွေမျိုးမရှိတာကြောင့်သူယုံကြည်ရတဲ့ စီနီယာအစ်ကို လျိုကျန့်ကျုံးနဲ့ သူနဲ့ပတ်သက်ခဲ့တဲ့အထက်အရာရှိ စူးကျဲခဲ့သူတို့တွေကို သူအာမခံဝယ်ခဲ့တဲ့ အန်းရှန်အာမခံကုမ္ပဏီက ဆက်သွယ်လာပြီး ဖုန်းရွှယ်ချင်ရဲ့အာမခံလျော်ကြေးကို သေတမ်းစာအတိုင်းပေးဖို့ခေါ်ယူခဲ့တယ်။ဒါပေမဲ့ စည်းကမ်းချက်အနေနဲ့ အချစ်ဌက်စံအိမ်မှာခုနှစ်ရက်တိတိ နေရမှာဖြစ်ပြီးအဲ့စံအိမ်ထဲမှာ နောက်ဆုံးအချိန်ထိကျန်နေတဲ့လူမှာ အာမခံလျော်ကြေးအများအပြားကိုရရှိပါဖြစ်တယ်။ အဲ့စံအိမ်ကတော့တကယ်တမ်းမှာ အိမ်မဟုတ်ဘူး သရဲအိမ်ကြီးဖြစ်နေတာကြောင့် လျိုကျန့်ကျုံးနဲ့သူ့ကောင်မလေးကျန်းချန်နှင့်အတူ စူးကျဲခဲ့တို့ကလက်မခံချင်ပေမဲ့ နောက်ဆုံးမှာတော့ ခုနှစ်ရက်တိတိသည်းခံဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်

5.9 2024
Yin Yang Mansion
Barry Lyndon
8

Barry Lyndon Review Stanley Kubrick လိုပြောလိုက်ရင် ရုပ်ရှင်ချစ်တဲ့သူတွေ ရုပ်ရှင်ကို စွဲစွဲမြဲမြဲကြည့်တဲ့သူတွေဆိုသိကြမှာပါ။ The Shining , Full Metal Jacket , 2001 : A Space Odyssey လိုမျိုး Masterpiece ရုပ်ရှင်တွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။ သူ့ရဲ့ ရုပ်ရှင်တွေက ဟောလိဝုဒ်မှာတင်မဟုတ်ပဲ တမ္ဘာလုံးက ရုပ်ရှင်တွေထဲမှာပါ လွှမ်းမိုးမှု အများဆုံးဖြစ်ပြီး သူကိုယ်တိုင်ကလည်း အသိအမှတ်အပြုခံရဆုံး သူတစ်ဦးပါ။ ဒီဇာတ်ကားက သူ့ရဲ့ လက်ရာအမြောက်ဆုံး ရုပ်ရှင်တစ်ကားမဟုတ်တောင် ဂန္တဝင်အမြောက်ဆုံး ရုပ်ရှင်တစ်ကားလို့ဆိုချင်ပါတယ်။ Stanley Kubrick ကရုပ်ရှင်ရိုက်တဲ့နေရာမှာ Perfectionist လို့ပြောခံရတဲ့အထိ ဇာတ်ကွက်တွေ Scene တစ်ခုကို သူလိုချင်တဲ့ အတိုင်း သူဖြစ်ချင်တဲ့အတိုင်း ပေါ်ဖော်ထားတဲ့ အတိုင်းရတဲ့ အထိရိုက်ယူတဲ့ ဒါရိုက်တာတစ်ယောက်ပါ။ ဒီဇာတ်လမ်းက ဥရောပရဲ့ ၁၈ရာစုကို ခြေခံထားတာဖြစ်ပြီး စာရေးဆရာ William Makepeace Thackeray ရဲ့ ဝတ္ထုကို အခြေခံပြီးရိုက်ထားတဲ့အတွက် ၁၈ ရာစု က အင်္ဂလိပ်ပန်းချီကားတွေထဲက အတိုင်း အပြင်အဆင်တွေအဝတ်အစားတွေ Setting တွေက အစ တထေရာတည်းတူအောင် ရိုက်ခဲ့ပါတယ်။ ဒီဇာတ်ကားပေါ်မှာ Stanley မနေနဲ့ ဘယ်လောက်စိတ်မြှပ်နှံထားသလဲ ဆိုတာကတော့ ဒီထဲကတစ်ချို့ဇာတ်ဝင်ခန်းတွေမှာ ပြင်ပ Lighting တွေမသုံးပဲနဲ့ ဖယောင်းတိုင်းမီးနဲ့ရိုက်ရတဲ့ အခန်းတွေအတွက် လိုအပ်တဲ့ Low Light Camera lens တွေက NASA က Space Mission တွေ အတွက်သုံးတာဖြစ်လို့ ဒီ Lens တွေကို ရဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ သိရပါတယ်။ သူက ဒီဇာတ်ဝင်ခန်းတွေကိုအပြင်ကအတိုင်း Lighting လိုချင်တဲ့အတွက် ဆက်မရိုက်နဲ့ နှစ်ချီစောင့်ပြီးမှရိုက်ခဲ့တာပါ။ ဒီဇာတ်ကားက Stanley Kubrick အတွက် အရမ်း personal ဖြစ်တဲ့ဇာတ်ကားတစ်ကားလို့မြင်မိပါတယ်။ 2001 : A Space Odyssey က Space Exploration နဲ့ AI Dilemma ကိုပြတယ်ဆိုရင် Barry Lyndonက ၁၈ ရာစုရဲ့ Social Mobility ကိုပြချင်တာပါ။ ဆုအတွေအနေနဲ့ကလည်း ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံး Cinematography , အကောင်းဆုံး ဝတ်စုံဒီဇိုင်း, အကောင်းဆုံး ထုတ်လုပ်ရေး ဒီဇိုင်း နဲ့ အကောင်းဆုံး ဇာတ်လမ်းနောက်ခံတီးလုံး ဆုတွေကို ရခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်ကြိုပြောချင်တာကတော့ ဒီဇာတ်ကားက ဇာတ်လမ်းအနေနဲ့ ထူးခြားတာတွေ အရမ်းကြမ်းတဲ့ Plot twist တွေနဲ့ အရမ်းမိုက်တဲ့ သရုပ်ဆောင်တွေပါတဲ့ ဇာတ်ကားမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်တကားလုံးက အရမ်းလက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်ကို တစိမ့်စိမ့်ထိုင်ကြည့်ပြီး တွေးရင်း ငေးရင် အရသာခံရတဲ့ ရုပ်ရှင်မျိုးပါ။ ဒီရုပ်ရှင် Runtime က ၃ နာရီနဲ့ ၅ မိနစ်ကြာပါတယ်။ ဇာတ်လမ်းကလည်းနောက်ခံ Narrative နဲ့ ဖြည်းဖြည်းချင်းစီသွားတဲ့အတွက် ဒါရိုက်တာပြချင်တာကိုမှ မသိရင် ကြည့်ရတာအတော်ပျင်းဖို့ကောင်းတဲ့ ရုပ်ရှင်ပါ။ ဒါကြောင့် ဒီရုပ်ရှင်ကိုမကြည့်ချင် ဒီထဲက ဘာတွေအကောင်းဆုံးမျှော်လင့်လို့ရမလဲဆိုတာကို တွေးပြီးကြည့်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ဘယ်ရီ အိုင်ယာလန်က အလယ်အလတ်တန်းစားလူတစ်ယောက်ဖြစ်ပြီး သူရဲ့ ဝမ်းကွဲ ဖြစ်တဲ့ နိုရာဆိုတဲ့ကောင်မလေးကို ကြိုက်မိပြီး ကောင်မလေးက အရာရှိ အင်္ဂလိပ်စစ်ဗိုလ် တစ်ယောက်နဲ့ယူတော့မယ်ဆိုတဲ့ ဟာကိုတားဖို့ ကြိုးစားရင်းက ဘယ်ရီ ဘဝ အရွှေ့ပြောင်းတွေကို ၁၇၃၀ ခုနှစ် ဥရောပ စစ်ပွဲနဲ့ တော်ဝင်မျိုးနွယ်တွေကြားမှာ ဘယ်ရီတစ်ယောက် လောကဓံတွေထဲ ကခုန်ရင်း ဘဝအနိမ့်အမြင့်အတက်အကျတွေကိုပုံဖော်ထားတာပါ။ ဒီဇာတ်လမ်းမှာ ဘယ်ရီက ဘယ်နားတွေမှာ မှားခဲ့သလဲ။ သူကတကယ်ပဲ မှားခဲ့တာလားလူအသိုင်းအဝိုင်းကြီးထဲ ဝင်ဆံဖို့ အပေါ်ရောက်ဖို့ ကြိုးစားတာက မှားတာလား။ စနစ်ကြီးကမှားနေတာလားစစ်ကြီးကမှားနေတာလား အချစ်ကြီးတာက မှားနေတာဆိုတာတွေကိုတော့ ကြည့်ရှုသူကပဲ ဆုံးဖြတ်ချက်ပေးရပါလိမ့်မယ်။ (ဒီဇာတ်လမ်းမှာ ရှေးခေတ် အင်္ဂလိပ်အသုံးအနှုန်းတွေ စကားတွေအရမ်းများတာကြောင့် ကြည့်ရှုသူနားလည်လွယ်အောင် အတတ်နိုင်ဆုံး ကြိုးစားပြန်ပေးထားပါတယ်။) ဘာသာပြန်အညွှန်းရေးသူကတော့ Nikobaby ပဲဖြစ်ပါတယ်။ File size… 4.39 GB / 2.13 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 3h 5m Genre ….. Drama / War / Dark Comedy / Epic / History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nikobaby

Drama
8 1975 185 mins
Barry Lyndon
8 Vasantalu
6.8

8 Vasantalu (2025) “ဆူးနှင်းဆီ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက်ခပ်ဆွေးဆွေး ခပ်မျောမျောလေး ကြည့်ရှုခံစားရမဲ့ အချစ်-ဒရာမာ ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ရှူဒီဆိုတဲ့ကောင်မလေးဟာ ဖခင်ဖြစ်သူကြောင့် ကိုယ်ခံပညာကို ကောင်းကောင်တတ်မြောက်ထားသလို တစ်ဖက်မှာလည်း ကဗျာတွေရေးတဲ့ ကဗျာဆရာမလေးတစ်ယောက်ပါ။ စစချင်းမှာတော့ သူ့ရဲ့အချစ်ဦးပုံပြင်လေးနဲ့ အစပြုထားအပြီး အချစ်ရေးနဲ့ဘ၀ရေးမှာ ရှူဒီတစ်ယောက် ဘာတွေတွေ့ကြုံခံစားရမလဲဆိုတာကို စိတ်၀င်စားစရာကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ လူငယ်တွေကြားကအချစ်၊ ဖြစ်တတ်တဲ့သဘောသဘာ၀နဲ့အတူ၊ တစ်ဖက်မှာ နူးညံ့သယောင်နဲ့ စိတ်ဓာတ်ကြံ့ခိုင်တဲ့ မိန်းမငယ်‌လေးတစ်ယောက်ရဲ့ဘ၀ဖြတ်သန်းပုံ၊ အချစ်နဲ့ဘ၀အပေါ်ရှုမြင်ပုံ‌တွေကို အချစ်၊ အလွမ်း၊ ဘ၀ရသစုံ တင်ဆက်ပေးထားတာမို့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး…။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ဖြစ်ပါတယ်။)

Comedy
6.8 2025 138 mins
8 Vasantalu