YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mayor of Kingstown S01E10 720p (END) (CM).mp4

475.66 MB N/A video/mp4 3527 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Polite Society
6.6

IMDb - 7/10 , RT- 91% The Umbrella Academy , Red Notice , Barbie , Last Christmas အစရှိတဲ့ လူကြိုက်များတဲ့ရုပ်ရှင်တွေ TV Showတွေရဲ့ ကျွန်တော်တို့ရဲ့ မင်းသမီးချောလေးRitu Aryaလေးရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်လာပါပြီ။ ဒါ့အပြင်ကိုမှ The Bastard Son & The Devil Himself ရဲ့ သရုပ်ဆောင် ဗြိတိန်သူလေး Priya Kansaraနဲ့ကိုမှ Ms.Marvelထဲက ပါကစ္စတန်မင်းသမီးကြီး Nimra Buchaတို့ကပါ ပါဝင်ပြီးအားဖြည့်ပြီး ဇာတ်လမ်းကို အရှိန်တင်ထားပါသေးတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းလို့ပြောလိုက်ရင် အခုခေတ်လူနေမှုအဆင့်တန်းကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ တိုးတက်နေတဲ့ နည်းပညာတွေ ယဥ်ကျေးလာကြတဲ့ လူအသိုင်းဝိုင်းတွေ စသဖြင့်ပေါ့။ ယဥ်ကျေးမှုတွေ ထွန်းကားလာတာနဲ့အမျှ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်ဆိုတဲ့ သဘောတရားကလည်း အမြဲကို ပါလာတတ်သည်မှာ မဟုတ်ပါလော။ လီနာနဲ့ ရီရာက သိပ်ကို ချစ်ကြတဲ့ ညီအမ၂ယောက်ပါ။ လီနာဆိုတဲ့တစ်ယောက်က ပန်းချီကိုစိတ်ဝင်စားတဲ့ ကောင်မလေးဖြစ်ပြီး ရီရာကတော့ တခြားမိန်းကလေးတွေနဲ့မတူဘဲ ဆရာဝန်ကြီးဖြစ်ချင်တယ်ဆိုတဲ့အိပ်မက်မျိုး မက်တဲ့လူမဟုတ်ဘဲ တမူထူးခြားစွာနဲ့ စတန့်အမျိုးသမီးဖြစ်လာဖို့ ဆန္ဒရှိတဲ့လူပါ။ ဒီလိုနဲ့ ညီအမ၂ယောက်နေလာရင်းကနေ အကြီးမ လီနာက ဆလင်းဆိုတဲ့ ဥစ္စာပေါရုပ်ချော ဆရာဝန်လေးနဲ့ လက်ထပ်ဖို့အကြောင်းဖန်လာပါလေရော။ ဒါပေမယ့် ရီရာက သူ့အစ်မနဲ့ ယူမယ့် ဆလင်းကို သံသယဝင်လို့ လိုက်စစ်ဆေးကြည့်တဲ့အခါမှာတော့ ..... ။ ဥစ္စာပေါ ရုပ်ချော သူဌေးသား ဆရာဝန်လေးက ရီရာ သံသယဝင်သလို နောက်ကွယ်မှာတစ်ခုခု ဖုံးကွယ်ထားတာများလား၊ တကယ်ပဲ လီနာ့ကို အချစ်စစ်နဲ့ချစ်တာလား၊ ဘယ်လိုတွေများဖြစ်ခဲ့လဲ၊ ဘာတွေဖြစ်နေသလဲ၊ ဘာတွေများဆက်ဖြစ်အုန်းမလားဆိုတာ ကြည့်ရှု့ရမှာဖြစ်မှာတယ်။ ရုပ်ရှင်ကြည့် CMရဲ့ပရိတ်သတ်ကြီးအနေနဲ့ရော ဥစ္စာပေါ ရုပ်ချော သူဌေးသားဆရာဝန်လေးကို ကြိုက်ကြလား၊ ရေကန်သင့်ကြာသင့် ဘဲချောချောလေးကို လင်တော်မောင် တော်ပလိုက်ကြမလားဆိုတာ စဥ်းစားပြီးအတွေးများလို့ရအောင် ဒီအသစ်စက်စက် ဇာတ်ကားလေးကို ကြည့်ရှု့ပေးကြပါအုန်းခင်ဗျ။ .... အော် ဒါနဲ့စကားမဆက် .... မားမားဘွိုင်းလေးတွေကိုရော ဘယ်လိုထင်ကြလဲ။ ဟီးဟီး ။ File size…(1.8 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Adventure • Fantasy
6.6 2023 103 mins
Polite Society
Troll Hunter
6.7

Trollတွေဆိုတာကတော့ နော်ဝေကလူတော်တော်များများက တည်ရှိကြတယ်လို့ယုံကြည်ကြတဲ့ နော်ဝေနိုင်ငံရဲ့ဒဏ္ဍာရီလာ ဘီလူးတွေဖြစ်ပါတယ်။ တချို့ကလည်း သူတို့တွေကို တစ်ယောက်တည်း ဒါမှမဟုတ် အစုအဖွဲ့နဲ့ အေးအေးဆေးဆေး နေတတ်ကြတဲ့အကောင်တွေလို့ဆိုကြပြီး တချို့ကလည်း သူတို့ကို မကောင်းဆိုးဝါးဘီလူးကောင်ကြီးတွေလို့ဆိုကြပါတယ်။ ဒီရုပ်ရှင်ကတော့ Horrorပုံစံကြည့်ရတာကြိုက်တဲ့လူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဆုပေါင်း၁၂ဆုတိတိတောင် ဆုခူးထားတဲ့Horrorဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ၂၀၀၈ အောက်တိုဘာ ၁၃ရက်နေ့မှာ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ၂၈၃မိနစ်စာပါဝင်တဲ့ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုပါဝင်တဲ့ အထုပ်တစ်ထုပ်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ သူတို့လက်ခံရရှိထားတဲ့ မူရင်းဖိုင်လိုက်ကြီးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်က base on trueလား ဘာလားဆိုတာတော့ ရုပ်ရှင်ကိုကြည့်ကြည့်လိုက်ပါ သောမတ်စ်တို့ကျောင်းသားအုပ်စုတစ်စုက ကျောင်းပရောဂျက်အတွက် ဝက်ဝံတွေအကောင်လိုက် ခနခနအသတ်ခံနေရတယ်လို့ သတင်းရတဲ့နေရာမှာ ရိုက်ကူးရေးလုပ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ သူတို့မှတ်တမ်းတင်နေတဲ့အရာက သာမန်ဝက်ဝံတွေ သေဆုံးမှုမဟုတ်ဘဲ ဒီထက်ပိုပြီး ခက်ခဲနက်နဲခြောက်ခြားစရာကောင်းတဲ့အရာတွေဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့နဲ့တွေ့ဆုံမိတဲ့ ထူးဆန်းထွေလာ မုဆိုးတစ်ယောက်ရဲ့ နောက်ကိုလိုက်ရင်း ဘာတွေကိုတွေ့ရှိသွားမှာလဲ၊ Trollတွေဟာ ခရစ်ယာန်တွေကိုမကြိုက်ပဲရန်ပြုတတ်တဲ့သဘာဝရှိပါတယ်၊ ကျောင်းသားတွေအဖွဲ့ထဲမှာ ခရစ်ယာန်တစ်ယောက်ပါလာတဲ့အခါ ဘာတွေဖြစ်လာကြမလဲ၊ အသက်ဘေးအန္တရယ်တွေကိုရော ဘယ်လိုကျော်လွှားကြမလဲဆိုတာ အသည်းတအေးအေးကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားတဲ့အချိန်မှာ ကျွန်တော်ပထမဆုံးလုပ်မိတာကတော့ googleပြေးခေါက်တာပါပဲ၊ Horrorအပြင် တွေးစရာအတွေးတွေတစ်ပုံကြီးလည်းပေးသွားပါသေးတယ်။ 2010ကားမို့လို့ ရုပ်ထွက်ပိုင်းလည်းစိတ်ပူနေစရာမလိုဘဲ ကြည့်လို့တော်တော်လေးအဆင်ပြေပါတယ်။ မှတ်တမ်းတင်ပုံစံမျိုးဖြစ်ပင်မယ့် ခေါင်းမူးတတ်တဲ့ ကျွန်တော်တောင် ကြည့်လို့အဆင်ပြေပါတယ်။ Horrorကားကြိုက်တဲ့လူတွေအပြင် Koreaအချစ်ဒရမ်မာတွေပဲကြည့်လ်ို့ပျင်းနေပြီ ကြောက်လန့်တကြားဖြစ်ရတဲ့ ရုပ်ရှင်လေးတွေပြောင်းပြီးကြည့်ချင်တဲ့လူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ File size…(2.86GB)  / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre...Drama / Fantasy / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama
6.7 2010 103 mins
Troll Hunter
(18+)Siphayo
4.2

ခုတင်ဆက်ပေးမယ့် ကားလေးကတော့ ဖိလစ်ပိုင် erotic thriller ကားလေးပါ erotic ကတော့ ဇာတ်လမ်းသဘောအရ sex အခန်းတွေ ပေါပေါသီသီပါဝင်လို့ 18+ဖြစ်နေပေမယ့် တော်တော်လေးကို suspense ဖြစ်တဲ့ plot ကိုပိုင်ဆိုင်ထားပါတယ် ဇာတ်လမ်းအကျဉ်းလေးက လယ်ပိုင်ရှင် ဒန်တီဆိုတဲ့သူက သူ့ဇနီးဆုံးတဲ့အချိန်မှာ သားနှစ်ယောက် ချွေးမတစ်ယောက်နဲ့အတူတူ လုပ်ကိုင်စားသောက်နေကြတာပါ အဲ့အချိန်မှာ ဘွားခနဲဆို သူ့သားတွေနဲ့ မတိမ်းမယိမ်း စကီလေးတစ်ပွေကို အိမ်ပေါ်ကောက်တင်လာပါတယ် အဲ့တော့ မြန်မာကားထဲက ဒရာမာတွေလိုပဲ သားနဲ့မိထွေးဇာတ်လမ်းတွေရော အဖေနဲ့ချွေးမဇာတ်လမ်းတွေရော စောက်ပြသနာတွေရော ဘာတွေမှန်းတော့မသိပေမယ့် အားတိုင်းတဂျိန်းဂျိန်းတော့ ချနေပါတယ် Plot လေးကလဲ အဆုံးထိစိတ်ဝင်စားဖို့ကောင်း မပျင်းရအောင်လဲ ဇာတ်ရှိန်က တဂျိန်းဂျိန်းနဲ့တက်သွားတော့ ပရိသတ်တို့အတွက် လက်လွတ်မခံဖို့ လက်တို့လိုက်ပါတယ် File size…2.45GB  / 910MB Quality…1080p WEBRIP AAC /720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Drama • History • War
4.2 2016 90 mins
(18+)Siphayo
Remember
7.5

မကြာခင်မှာ စစ်မှုထမ်းသွားရတော့မယ့် Nam Joo Hyuk ကို အလွမ်းပြေကြည့်ဖို့ ဇာတ်ကားအသစ်လေးရပါပြီ။ Main Cast တွေအနေနဲ့ Lee Sung Min နဲ့ Nam Joo Hyuk တို့ပါဝင်ထားတဲ့အပြင် Plot ဆန်းဆန်းလေးနဲ့မို့ ကြည့်မကောင်းမှာတော့ မပူရပါဘူး။ _____________________ _____________________ “အတိတ်မှာပိတ်မိနေတဲ့သူတွေအတွက် အနာဂတ်ဆိုတာ မရှိဘူး" ဒါပေမဲ့လည်း မတရားသဖြင့် ခံစားခဲ့ရတဲ့သူတွေအတွက်တော့ တချို့အတိတ်တွေက သူတို့တစ်ဘဝလုံးထွေးပိုက်ထားရမယ့် နာကြည်းချက်တွေ၊ သူတို့ဘဝကိုရှေ့ဆက်ရမယ့် လှေကားတစ်တွေ ဖြစ်နေမှာပါ။ ဟန်ဖီလ်ဂျူဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ဦးဖြစ်ပြီး ဦးနှောက်အကြိတ်နောက်ဆုံးအဆင့် အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရပါတယ်။ ဒါ့အပြင် လူမသိသူမသိ ဖုံးကွယ်ထားခဲ့တဲ့ သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကတော့ သူ့မှာ နှစ်ပေါင်း ၆၀ လောက်ကြာအောင် အကွက်ချစီစဉ်လာခဲ့တဲ့ အလုပ်တစ်ခုရှိနေတယ်ဆိုတာပါပဲ။ အင်ဂယူကတော့ ဟန်ဖီလ်ဂျူနဲ့ အသက်အရွယ်ချင်းကွာခြားလွန်းပေမဲ့ သူငယ်ချင်းလို ခင်မင်ပေါင်းသင်းနေကြတဲ့ ဟန်ဖီလ်ဂျူရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ပါ။ ဒီလိုနဲ့တစ်နေ့မှာတော့ အင်ဂယူတစ်ယောက် ဟန်ဖီလ်ဂျူကို ကူညီပေးရင်း မထင်မှတ်ဘဲ လူသတ်တရားခံအနေနဲ့ သံသယဝင်ခံရတဲ့အဖြစ်ကို ရောက်သွားပါတော့တယ်။ အင်ဂယူအတွက် အံ့အားသင့်စရာတစ်ခုကတော့ လူသတ်သမားအစစ်ဟာ သူယုံကြည်ခဲ့ရတဲ့ ဟန်ဖီလ်ဂျူဖြစ်နေခဲ့တာပါပဲ။ အသက် ၈၀ အရွယ်အဘိုးကြီး ဟန်ဖီလ်ဂျူက ဘာကြောင့်များ လူသတ်ခဲ့ရတာလဲ။ နှစ်ပေါင်း ၆၀ လောက် သူအကွက်ချစီစဉ်ခဲ့တဲ့ကိစ္စကရော ဘာများဖြစ်မလဲ။ လူသတ်တရားခံအနေနဲ့ အထင်လွဲခံနေရတဲ့ အင်ဂယူကရော သူ့အပေါ်ရောက်နေတဲ့ စွပ်စွဲချက်ကို ဘယ်လိုဖျောက်ဖျက်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ အညွှင်္းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5 GB | 700MB | 377MB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August

Adventure • Animation • Fantasy
7.5 2022 128 mins
Remember
Khatta Meetha
5.7

ဒီဇာတ်ကားလေးကတော့ IMDb rating 5.8အထိရရှိထားပြီး ပရိတ်သတ်အချစ်တော် မင်းသားကြီးအက်ရှေးကုမားရ်နဲ့မင်းသမီးတရီရှာခရစ်ရှ်နန်းတို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Romance/Comedyအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆာချင်ဟာ ဘယ်သူတွေဘာပြောပြော ကိုယ့်အလုပ်ကိုပဲကိုယ်အာရုံစိုက်ပြီး မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွည်ချက်ရှိတဲ့ ရိုးသားကြိုးစားတဲ့ ကန်ထရိုက်တာတစ်ယောက်ပါ။ သူဟာ ဘာလုပ်လုပ် တလွဲတချော်တွေချည်း ဖြစ်ကုန်တဲ့အတွက် သူ့ကို အလုပ်ကလူတွေရော သူ့ရဲ့အိမ်သားတွေကပါ တစ်ခါမှ အကောင်းမပြောကြပါဘူး။ ဒီလိုနဲ့ပဲ ကိုယ့်အတွက်ပဲ ကိုယ်သိပြီး ဘဝင်မြင့်တဲ့ ဆာချင်တစ်ယောက် တစ်နေ့မှာတော့ သူ့ရဲ့ အချစ်ဦးကို ပြန်တွေ့လိုက်ရတဲ့ခါ ဘာတွေဆက်ဖြစ်မှာလဲ ...? ဆာချင်တစ်ယောက် သူလုပ်ချင်တာကိုရော အောင်မြင်အောင်လုပ်နိုင်မှာလား ...? အချစ်၊ဟာသနဲ့ အကျင့်ပျက်ချစားမှုတွေအကြောင်း စုံစုံလင်လင်ပါဝင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ဘောလိဝုဒ်ချစ်သူများ လုံးဝလက်မလွှတ်သင့်ပါကြောင်း.... ဘာသာပြန်သူတွေကတော့ Intelligence,Soe Kalayarနဲ့ Thaik Sanတို့ပဲဖြစ်ပါတယ် File size…3.13GB  / 1.59GB Quality…1080p WEBRIP /720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San & Intelligence & Soe Kalayar

Drama • Music
5.7 2010 155 mins
Khatta Meetha
Happy Phirr Bhag Jayegi
6.9

ဒီကားက ၂၀၁၆ တုန်းကထွက်ထားတာ Happy Bhag Jayegi ရဲ့နောက်ဆက်တွဲကားပါ။ ပထမကားတုန်းက ပါကစ္စတန်မှာလွဲကြပြီးတော့ ဒီကားမှာတော့ တရုတ်ပြည်မှာ သွားလွဲကြမှာပါ။ အခုလို စိတ်ညစ်စရာကောင်းတဲ့အချိန်မှာ ရယ်ရယ်မောမောနဲ့ ကြည့်လို့ကောင်းမဲ့ ဟာသကားလေးတစ်ကားဆိုလည်း မှားမယ်မထင်ဘူး။ ဒီတော့ ဇာတ်လမ်းအကျဥ်းချုပ်လေး နည်းနည်းပြောပြမယ်။ ဇာတ်ကားထဲမှာ ဟတ်ပီးဆိုတဲ့ ကောင်မလေးနှစ်ယောက်ရှိတယ်ဗျာ။ လူဆိုးဂိုဏ်းက အလိုရှိနေတဲ့ ဟတ်ပီးနဲ့ ရုက္ခဗေဒပညာရှင်ပရော်ဖက်ဆာ ဟတ်ပီးတို့ပေါ့။ အဲ့ဒီမှာ တရုတ်လူဆိုးဂိုဏ်းက လေဆိပ်မှာ ပရော်ဖက်ဆာဟတ်ပီးကို မှားပြီးဖမ်းသွားမိရာကနေဇာတ်လမ်းကစတယ်။ ပရော်ဖက်ဆာဟတ်ပီးက သူ့ကိုလိုက်ဖမ်းတဲ့လူတွေလက်ထဲက အသက်လုပြီးပြေးနေရတဲ့အချိန်မှာ တဖက်မှာလည်း ဟိုဟတ်ပီးက ဘုမသိဘမသိနဲ့ မိန့်ခွန်းတွေပြောလို့ပြောပေါ့။ ဒီဟတ်ပီးနှစ်ယောက်လွဲသွားတဲ့အမှားနဲ့မပြီးသေးဘူး။ သူတို့ကနေ ဆက်မှားလိုက်တဲ့ မီးခိုးကြွက်လျှောက်အမှားတွေက ဇာတ်လမ်းရဲ့ရယ်ရတဲ့အသက်ပဲ။ ဒီတော့ ဘယ်လိုအလွဲတွေလွဲပြီး အူတယားယားနဲ့ ရယ်ရမလဲဆိုတာ ဇာတ်ကားထဲမှာပဲ ဆက်ပြီးရှုစားကြပါဦးဗျာ။ ပထမဇာတ်ကားကိုမကြည့်ရသေးရင် ဒီမှာ https://channelmyanmar.org/?s=Happy+Bhag+Jayegi ကြည့်ပါ။ အညွှန်းနဲ့ ဘာသာပြန် ကတော့ Johnနဲ့ Intelligenceဖြစ်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:14:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by John & Intelligence

Drama
6.9 2018 136 mins
Happy Phirr Bhag Jayegi
Reincarnation Land
9

Reincarnation Landဆိုတဲ့ ဇာတ်ကားကိုတော့ 2021ထဲမှာထွက်ထားတဲ့ LuoYang seriesလေးကို ကြည့်ရှုရင်းနှီးပြီးသား ပရိသတ်တို့အတွက် ဒီmovieလေးကိုကြည့်ဖို့ recommendပေးချင်ပါတယ် ဒီဇာတ်ကားကတော့ လော့ယန်မြို့မှာဖြစ်ပွားခဲ့တဲ့ မှုခင်းတစ်ခုကိုအခြေခံပြီး ရိုက်ကူးပြသသွားတာဖြစ်ပါတယ် ပုလျန်ကျင်မြို့လို့ခေါ်တဲ့ မြေအောက်ထဲမှာရှိနေတဲ့ လူတွေရှုံ့ချခြင်းခံရတဲ့ မြို့ငယ်လေးမှာ လူလိမ်မလေးဆိုပြီး နာမည်ပြောင်ရထားတဲ့ ကောင်မလေးတစ်ယောက်ကနေ ဒီပုံပြင်လေးကစတင်ခဲ့တာပါ ပုလျန်ကျင်မြို့က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့မရတဲ့ အကျည်းထောင်လို့ပြောရင်မမှားပါဘူး ဒါပေမဲ့ လူလိမ်မလေးက သူတို့နတ်တစ်ပါးလိုယုံကြည်ကိုးကွယ်တဲ့ တစ္ဆေဘုရင်ကို အလုပ်တွေလုပ်ပေးရာမှ ဒီပုလျန်ကျင်မြို့ကထွက်ခွာနိုင်ပြီး လော့ယန်မြို့ထဲကိုရောက်လာတာပါ လော့ယန်မြို့ဆိုတာလည်း အဆင့်တန်းမြင့်တဲ့လူတန်းစားတွေနဲ့နေထိုင်နိုင်ပြီး စည်းစိမ်ဥစ္စာကြွယ်ဝချမ်းသာတဲ့မြို့လို့ တင်စားရင်လည်းမမှားပါဘူး ချင်းချင်းလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရော သူ့အဖေရဲ့မှုခင်းအတွက် သက်သေရှာဖို့အတွက် ပုလျန်ကျင်မြို့ထဲကိုရောက်လာပါတယ် ဒါပေမဲ့ ထူးဆန်းတာက သူတို့ ၂ယောက်ရဲ့ရုပ်က တစ်ထပ်တည်းကျပြီး မတ္တူကူးထားသလိုဆင်နေတာပါ အဲ့တော့ ‌၂ယောက်လုံးကရော တွေ့ဆုံခွင့်ရှိမလား ပုလျန်ကျင်မြို့နဲ့ လော့ယန်မြို့မှာ ဘာအမှု‌တွေဆင်ဖြစ်မလဲ လော့ယန်မြို့က ချင်းချင်းနဲ့ ပုလျန်ကျင်မြို့က လူလိမ်မလေးတို့က ဘယ်လိုတော်စပ်နေမလဲဆိုတာကိုတော့ ဒီရုပ်ရှင်လေးမှာပဲဆက်လက်ကြည့်ရှုပေးကြပါ Quality : WEB-DL 1080p Format : mp4 Duration : 1h 23min Genres : Drama Subtitle : Myanmar Subtitle ( Hardsub ) Translated by Yunn Myat Noe Khaing Encoded by LK

Drama • Romance
9 2022 83 mins
Reincarnation Land
Secret Lives Of Housewives
3.5

Secret Lives Of Housewives (2022) ======================== ပီတာနဲ့ကန်ဒရာတို့အိမ်ကို ပြုပြင်ဖို့အတွက် ကန်ထရိုက်တာ အဲရစ်က တာဝန်ယူရပါတယ်။ အဲရစ်ဆိုတာ ပညာတတ်လူငယ် တစ်ယောက်လည်းဖြစ်ပြီး အပြောကကောင်း သဘောကလည်း ကောင်းဆိုတော့ ကန်ဒရာတစ်ယောက် စိတ်လှုပ်ရှားမှုတွေဖြစ် လာခဲ့တယ်ပေါ့။ တတ်နိုင်သလောက် ထိန်းခဲ့ပေမယ့် နှလုံးသား ဆိုတာ ကိုယ့်စကားနားထောင်တဲ့အရာမဟုတ်တော့ ကြာသပ တေးနေ့ညမှာ အဲရစ်နဲ့ချိန်းတွေ့မိပါတယ်။ ပီတာတစ်ယောက် ခြေလှမ်းတွေပျက်နေတာကို ကန်ဒရာရိပ်မိ ပေမယ့်မပြောဖြစ်ခဲ့ပါဘူး။ ကားပတ်မောင်းမယ်ပြောပြောပြီး တစ်နာရီနှစ်နာရီလောက် ပျောက်ပျောက်နေခဲ့တယ်။ တစ်နေ့ဆို ညသန်းခေါင်မှပြန်လာတယ်။ ကန်ဒရာလည်း အိပ်ချင်မူးတူးနဲ့ နှုတ်ဆက်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ်။ နောက်တစ်နေ့ အိပ်ရာနိုးတော့ အဲရစ်အိမ်နားမှာ ရဲတွေအများကြီး၊ အဲရစ်အိမ်ကနေ အဝတ်ဖြူအုပ်ထားတဲ့ အလောင်းတစ်လောင်းကို လည်း ထမ်းစင်နဲ့သယ်သွားတာတွေ့လိုက်တယ်။ အဲရစ်နဲ့ သူနဲ့သိ အောင် မိတ်ဆက်ပေးခဲ့တဲ့ အဲရစ်ရဲ့အချစ်ဆုံးမိန်းကလေးကို ဖုန်း ဆက်မေးကြည့်တော့ အဲရစ်ဆုံးပြီတဲ့။ ဘာကြောင့်လဲ၊ အဲရစ် ဘယ် လိုဖြစ်ပြီးဆုံးသွားတာလဲ၊ ဘယ်သူကသတ်လိုက်တာလဲ၊ နောက် ဆုံးမှာမထင်ထားတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်သွားမလဲ၊ အဲဒီ မေးခွန်းပေါင်းများစွာရဲ့ အဖြေကို ကိုယ်တိုင်ပဲကြည့်ရှုရှာဖွေ လိုက်ကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.34 GB) / (460 MB) / (290MB) Quality............WEB-RIP 1080p / 720p / 480P Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Jo Jo Va Encoder..........SWM

Comedy • Crime • Drama • Romance
3.5 2022 84 mins
Secret Lives Of Housewives
[21+] I Have Love With My Son’s Friend! [ADN-368]

{21+}Forbidden relatives creampie Contract! [ADN-368] အန်ယာစံက ငယ်ငယ်ရွယ်ရွယ်နဲ့ ခင်ပွန်းဆုံးပါးသွားတာကြောင့် သားဖြစ်သူကို တကိုယ်တည်း ထိန်းကျောင်းနေတဲ့ အမျိုးသမီးတစ်ယောက်ပါ…. သားဖြစ်သူရဲ့ရှေ့ရေးအတွက် သူမရဲ့သွေးသားဆန္ဒကိုမျိုသိပ်ရင်း နေလာခဲ့တာ သားဖြစ်သူလူပျိုပေါက်ဖြစ်တဲ့အခုလက်ရှိအချိန်ထိပါပဲ… ဒါပေမယ့် တနေ့မှာတော့ သူမရဲ့မျိုသိပ်မှုကို ဖွင့်ထုတ်ပေးမယ့် လူငယ်လေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ် …အဲ့ဒီလူငယ်လေးကတော့ ရှိုးကွန်လို့ခေါ်တဲ့ သူမသားဖြစ်သူရဲ့ အချစ်ဆုံးသူငယ်ချင်းပါပဲ….သူမတို့နှစ်ယောက်ရဲ့အချစ်ရေးက သာယာဖြောင့်ဖြူးပါ့မလား အသက်အရွယ်ဆိုတာကရော သူတို့အတွက် ကိန်းဂဏန်းတခုသာသာဆိုတာကိုပဲလားကိုတော့ ဆက်လက်ကြည့်ရှုပါ

Sci-Fi & Fantasy • Western
0 1900
[21+] I Have Love With My Son’s Friend! [ADN-368]
Devilreaux

2023 ခုနှစ်မှအသစ်ထွက်ရှိထားတဲ့ horror လူသတ်ကားအမျိုးအစားလေးပါ ဇာတ်လမ်းကတော့ ဆယ်ကျော်သက်ကလေးတစ်စုကသရဲခေါ်တမ်းကစားကြရင်း ပါးစပ်ရာဇဝင်တွေနဲ့နာမည်ကြီးတဲ့ ဒယ်ဗရိုဆိုတဲ့စုန်းကဝေအတတ်တွေနဲ့ဖန်တီးထားတဲ့နတ်ဆိုးကို ပြန်ဆင့်ခေါ်သလိုဖြစ်သွားရာကနေစပြီး အဲ့နတ်ဆိုးကသူရန်ငြိုးရှိခဲ့တဲ့သူတွေရဲ့မျိုးဆက်တွေအားလုံးကိုတစ်ယောက်မကျန်လိုက်သတ်ပစ်ပါတော့တယ် ဘော်ဘီဘရစ်ဆိုတဲ့စုံထောက်အလှလေးကတော့လူတွေဆက်တိုက်ပျောက်သွားတဲ့အမှုတွေကိုစုံစမ်းရှာဖွေနေတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးပျက်စရာဇာတ်ဝင်ခန်းတွေပါတာမို့အရွယ်မရောက်သေးသူတွေမကြည့်သင့်ပါဘူး File size…(1.4 GB)/(790 MB)/(370 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:34:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

0 2023
Devilreaux
Marjorie Prime
6.3

ဒီဇာတ်ကားကတော့ ဟော်လိုဂရမ်လို့ခေါ်တဲ့ သုံးဖက်မြင်ရုပ်ကြွပုံရိပ်တွေပါတဲ့ ဇာတ်ကားမျိုးပါ။ ဒါပေမဲ့ action ပါတဲ့ဇာတ်ကားမျိုးမဟုတ်ဘဲ မာဂျရီဆိုတဲ့ အဘွားကြီးတစ်ယောက်က သူ့ရဲ့ဆုံးသွားတဲ့ ယောက်ျားကို သူ့ရဲ့သမက်ဖြစ်သူက ပရိုင်းမ်လို့ခေါ်တဲ့ ဟော်လိုဂရမ်နဲ့ ပြန်ပုံဖော်ပြီး စကားတွေပြောတာကနေ ဇာတ်လမ်းကိုစတည်ထားပါတယ်။ မာဂျရီပါဝင်တဲ့ မိသားစုတစ်စုက အဲဒီပရိုင်းမ်နဲ့သူတို့နဲ့ကြားမှာ ဆက်ဆံရင်းကြုံတွေရတဲ့ စိတ်ခံစားချက်အခက်အခဲတွေနဲ့ သေဆုံးသွားသူတွေအပေါ်ရှိနေတဲ့ သူတို့ရဲ့ခံစားချက်တွေကို ပရိုင်းမ်ကိုအသုံးပြုရင်း ဘယ်လိုမျိုးဖြေသိမ့်လဲဆိုတာကို ပြသထားပြီး IMDB 6.3 ရရှိထားတာကြောင့် CM ပရိသတ်ကြီးအတွက် ကြည့်ရှုလို့အဆင်ပြေတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်မှာပါ။ File size… 1.5 GB / 569 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Thriller • Mystery • Drama • Horror
6.3 2017 99 mins
Marjorie Prime
The Good Mother

၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့‌ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်‌တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
The Good Mother
Bury My Heart at Wounded Knee
7.1

Bury My Heart at Wounded Knee (2007) ============================= IMDb Rating – 7.1/10 ဒီဇာတ်လမ်းဟာ ၁၉၆၀ နဲ့ ၇၀ ဝန်းကျင် အမေရိကန်အနောက်ပိုင်းက မူလတိုင်းရင်းသားတွေအကြောင်းရေးသားထားတဲ့ Bury My Heart at Wounded Knee စာအုပ်ကိုအခြေခံထားတာဖြစ်ပါတယ်။ အမေရိကန်တွေ သူတို့ရဲ့ဒေသကိုကျူးကျော်ဝင်ရောက်လာပုံ၊ သူတို့ရဲ့ နဂိုနေရိုးရာဓလေ့ထုံးစံတွေကနေ အမေရိကန်တွေသူတို့အတွက် သတ် မှတ်ပေးထားတဲ့ သီးသန့်နယ်မြေတွေမှာ ဘ၀ကိုအခြေချရင်း ခေတ်ပေါ် လူနေမှုဓလေ့ထုံးစံတွေအပေါ်မှာ အသားကျအောင်ပြုပြင်ရင်း ရှင်သန် အောင်ကြိုးစားရပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ မူလတိုင်းရင်းသားတွေ တွေ့ကြုံခဲ့တဲ့ အခက်အခဲနဲ့ခါးသီးမှုတွေကိုစာနာ နားလည်စေသလို တစ်ဖက်စီးနင်း ဝါဒဖြန့်ဆန်ဆန်ပြမထားပဲ သူတို့ကောင်း ကျိုးကိုအမှန်တကယ် ရှေးရှုတဲ့အမေရိကန်တစ်ချို့ဘက်ကိုပါပြသွားခဲ့သလို အဲ့ဒီလူတွေရင်ဆိုင်ခဲ့ရတဲ့ အတိုက်အခံတွေကိုလည်းမီးမောင်းထိုးပြနိုင်ခဲ့ပါ တယ်။ Tv-movie တစ်ခုအဖြစ်အသက်သွင်းခဲ့ပေမယ့် ဆုပေါင်းများစွာရရှိ ထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်တဲ့အတွက်ကိုယ်တိုင်ခံစားကြည့်လိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.5 GB) / (1 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 13Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History, Western Translator…….Alias Encoder……….SWM

Documentary
7.1 2007 125 mins
Bury My Heart at Wounded Knee
Operation Raavan
7.6

Operation Raavan (2024) “နတ်ဆိုးဘုရင်စစ်ဆင်ရေး” အသစ်ထွက်ရှိလာတဲ့ တေလဂူးသည်းထိပ်ရင်ဖိုမှုခင်းဇာတ်လမ်းလေးကို တင်ဆက်လိုက်ရပါတယ် အချစ်နဲ့ ပတ်သက်ပြီး နာကျည်းစိတ်ရှိပုံရတဲ့ မျက်နှာဖုံးနဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက် သူပစ်မှတ်ထားတာကတော့ သတို့သမီးအသစ်ကျပ်ချွတ်လေးတွေဖြစ်ပြီး သူသုံးတဲ့နည်းလမ်းကလည်း ရက်စက်အကျည်းတန်လှပါတယ် သတင်းဌာနတစ်ခုမှာ ဝန်ကြီးတစ်ယောက်ရဲ့ခြစားမှုကို ဖော်ထုတ်ဖို့ကြိုးစားနေတဲ့ ရဲရင့်ဖြတ်လတ် ဂျာနယ်လစ်မလေး အာမာနီနဲ့ သူ့လက်ထောက်အဖြစ်လုပ်ကိုင်တဲ့ ရမ်တို့နှစ်ယောက်က အဲဒီလျှို့ဝှက်ဆန်းကြယ်လူသတ်မှုတွေအကြောင်း သိလာရတဲ့အခါမှာ ဘယ်လိုဖော်ထုတ်သွားမှာလဲ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.6 2024 147 mins
Operation Raavan
Memoirs of a Geisha
7.4

၁၉၆၈နောက်ပိုင်း Bpအော်စကာရတဲ့ တစ်ကားတည်းသော မြူဇစ်ကယ်ကားဖြစ်ခဲ့တဲ့ Chicagoကို ရိုက်ခဲ့တဲ့ Rob Marshallက ချီကာဂိုအပြီးမှာ Arthur Goldenရေးတဲ့ Memoirs of a Geishaဝတ္တုကို ရိုက်ခဲ့တယ်။ ဂျပန်ဂေးရှားမယ်တွေအကြောင်းကို အမေရိကန်စာရေးဆရာက ရေးထားတာကို အမေရိကန်ဒါရိုက်တာက ရိုက်ထားတဲ့ ရုပ်ရှင်ပေါ့။ စားတာက ဒါတင်ပဲမဟုတ်ဘူး။ ဂေးရှားဇာတ်ဆိုတော့ မင်းသမီးက အဓိကဆိုတာ သိသာနေပြီ ဒါကို သုံးထားတဲ့ အဓိက မင်းသမီးသုံးယောက်စလုံးက တရုတ်မင်းသမီးတွေဖြစ်နေတယ်။ Steven Spielbergကတော့ ပရိုဂျူဆာလုပ်ထားပေးတယ်။ အော်စကာ ခြောက်ဆုဆန်ခါတင်ဝင်ခဲ့ပြီး Best Art Direction, Best Cinematography, Best Costume Design ၃ဆုကိုတော့ ရခဲ့တယ်။ ၁၉၂၉မှာ ချိရိုဆိုတဲ့ကောင်မလေး ဂေးရှားဂေဟာကို အရောင်းခံလိုက်ရတာကနေ စပြီး ဇာတ်အိမ်တည်ထားတယ်။ သူ့အစ်မရော သူရော နှစ်ယောက်စလုံးမတူတဲ့ဂေဟာတွေကို အရောင်းခံလိုက်ရတယ်။ ဂေးရှားအဖြစ် ပုံသွင်းခံခဲ့ရတယ်။ နည်းနည်းကြာတော့ သူ့အစ်မနဲ့သူပြန်တွေ့ပြီး ထွက်ပြေးဖို့လုပ်တယ်။ ထွက်ပြေးဖို့လုပ်ရာကနေ မိသွားပြီး သူ့အစ်မနဲ့ တစ်သက်လုံးကွဲသွားခဲ့တယ်။ ဂေဟာကလည်း သူ့ကို ဂေးရှားမယ်အဖြစ် လက်မခံတော့ဘဲ အိမ်စေအဖြစ်သာ အကြွေးမကျေမချင်းခိုင်းဖို့လုပ်ထားခဲ့တယ်။ တစ်နေ့မှာ သူ့ကံကြမ္မာအလှည့်အပြောင်းဖြစ်လာရာကနေ ကျွန်အဖြစ်ကနေ ဂေးရှားဖြစ်ဖို့လမ်းစပွင့်လာပြီး သူဖြတ်သန်းခဲ့ရတဲ့ ဂေးရှားဘဝ, သူဖြတ်သန်းခဲ့ရတဲ့ခေတ်နဲ့ သူမြိုသိပ်ခဲ့ရတဲ့အချစ်ကို ပြထားခဲ့တယ်။ ဒီရုပ်ရှင်မှာ နာမည်ကျော်ဂေးရှားသုံးယောက်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးသုံးယောက်စလုံးက ဒိတ်ဒိတ်ကြဲတရုတ်မင်းသမီးတွေချည်းပဲ။ ကျန်းကျိရီ, ဂေါင်လီ နောက် မစ်ချဲလ်ယိုကလည်း ဟောင်ကောင်ကားတွေချည်း ရိုက်ခဲ့တာဆိုတော့ တရုတ်မင်းသမီးလို့ပဲပြောရမှာပဲ။ ဒိတ်ဒိတ်ကြဲဆိုတာထက် အဲဒီခေတ်ရဲ့ထိပ်ဆုံး၃ယောက်လို့တောင် ပြောလို့ရတယ်။ မင်းသားတွေကလည်း ဟောလိဝုဒ်မှာ တော်တော်ပေါက်ရောက်တဲ့ ဂျပန်မင်းသား Ken Watanabe နဲ့ စရိုက်ကတည်းက ကားအလန်းစားတွေချည်းပဲရိုက်ခဲ့သလို လက်ရှိမှာလည်း ဂျပန်ရဲ့အကောင်းဆုံးသရုပ်ဆောင်ဖြစ်နေသေးတဲ့ Kōji Yakushoတို့ကိုသုံးထားတယ်။ စတားပါဝါကတော့ အာရှတစ်ခွင် ရိုက်သတ်လို့ရပေမဲ့ တရုတ်မှာအပိတ်ခံခဲ့ရပြီး ဂျပန်မှာတော့ အဆဲခံခဲ့ရတယ်။ တရုတ်ကတော့ တရုတ်မင်းသမီးတွေက ဂျပန်ဂေးရှားအဖြစ်သွားသရုပ်ဆောင်လို့ရော လိင်မှုအသားပေးခန်းတွေကြောင့်ရောပိတ်ခဲ့တာပေမဲ့ ဂျပန်ကတော့ ဂေးရှားတွေကို သေချာနားမလည်ဘဲ ပုံဖော်ထားလို့ ဝေဖန်ခဲ့တယ်။ ပထမတစ်ချက်အနေနဲ့တော့ တရုတ်မင်းသမီးသုံးတာက အမှားလို့တော့ မမြင်ဘူး။ အင်္ဂလိပ်စာရေးဆရာကရေးထားတဲ့ ဒီဇာတ်ရဲ့ ဇာတ်ကြောင်းနဲ့ ဒီဇာတ်ကောင်ပုံစံတွေနဲ့ဆို ဂျပန်မင်းသမီးတွေနဲ့ အံကိုက်လှမယ်မဟုတ်ဘူး။ ကျန်တာတွေထက်တော့ ဂေါင်လီသရုပ်ဆောင်ခဲ့တဲ့ မနာလိုစိတ်များတဲ့ ဟာဆုမိုမိုဇာတ်ကောင်ကို ဂျပန်မင်းသမီးနဲ့ပုံဖော်ဖို့ တော်တော်ခက်မယ်။ ဂေါင်လီမလို့သာ ဒီလောက်အသက်ဝင်နေတာပါပဲ။ ကျန်းကျိရီနဲ့ မစ်ချဲလ်ယိုနေရာကတော့ ဂျပန်မင်းသမီး သုံးလို့ရကောင်းရနိုင်တယ်။ ဒါပေမဲ့ သူ့ဇာတ်ကောင်နဲ့တော့ အံဝင်ခွင်ကျဖြစ်နေတော့ ဒီအချက်ကတော့ မမှားဘူးလို့ပြောရမယ်။ ဂျပန်မှာအဆဲခံရတဲ့ ဂေးရှားတွေကို ပုံဖော်မှု မပြည့်စုံဘဲ အပျက်ဘက်ပိုဆောင်နေတဲ့အချက်ကတော့ မှန်တယ်ပြောရမှာပဲ။ Hirokazu Kore-edaကိုယ်တိုင်ရေးသားရိုက်ကူးခဲ့တဲ့ The Makanai: Cooking for the Maiko Houseဇာတ်လမ်းတွဲကို ကြည့်ရင် ဂေးရှားဆိုတာ ဘယ်လောက်အနုပညာမြောက်လဲ Kore-eda အသေးစိတ်ပုံဖော်ပြထားတာကို မြင်ရလိမ့်မယ်။ အဲဒီဇာတ်လမ်းတွဲနဲ့တွဲကြည့်ရင်တော့ အဆင်ပြေတယ်။ ဒီတိုင်းဆိုရင်တော့ ဂေးရှားဆိုတဲ့ဖြစ်တည်မှုကို အောက်ကိုဆွဲချလိုက်သလိုတော့ ဖြစ်သွားမယ်။ တမင်လည်း အောက်ကိုဆွဲချထားတာပါပဲ။ ဒီအချက်က ဂျပန်တွေအတွက်တော့ ဆဲချင်စရာကောင်းနေတာ မဆန်းဘူး။ ပြောရရင် ဒီရုပ်ရှင်က တော်တော်ကြည့်ကောင်းတဲ့ရုပ်ရှင်ပါပဲ။ ဒါပေမဲ့ ဂျပန်ယဉ်ကျေးမှုထဲက ဂေးရှားယဉ်ကျေးမှုကို ဒီကားကြည့်ပြီးအကဲဖြတ်ဖို့ ဒီကားကြည့်ပြီး တီးမိခေါက်မိရှိဖို့တော့ မဖြစ်နိုင်ဘူး။ ဇာတ်ကိုပဲယူပြီး အထဲက အင်္ဂလိပ်အမြင်နဲ့ပုံဖော်ထားတဲ့ ဂေးရှားအပိုင်းကို မမှတ်ယူဘဲကြည့်ဖို့တော့လိုမယ်။ ဒါကလည်း သူတို့ အင်္ဂလိပ်အမြင်နဲ့မြင်တာက မှားတယ်မှန်တယ်ဆိုတာထက် ယဉ်ကျေးမှုတစ်ခုကို တီးမိခေါက်မိရှိဖို့က သူ့နိုင်ငံက သူ့ယဉ်ကျေးမှုကို သူပြောပြတာက ပိုဖြစ်သင့်လို့ပါပဲ။ အာရှအကြောင်းပုံဖော်ထားတဲ့ အမေရိကန်ရုပ်ရှင်တွေထဲက အကောင်းဆုံးတွေထဲတော့ပါပေမဲ့ ယဉ်ကျေးမှုတစ်ခုကို ကျောရိုးတည်ပြီး ရိုက်ပြတဲ့ ရုပ်ရှင်မှာ အဲဒီယဉ်ကျေးမှုက သူ့နိုင်ငံကလက်ခံထားသလိုမဖြစ်ဘဲ အနောက်တိုင်းအမြင်အရမ်းလွှမ်းသွားတာကတော့ အမေရိကန်စာရေးဆရာရေးပြီး အမေရိကန်ဒါရိုက်တာရိုက်တဲ့ သူ့အခြေအနေတွေအရတော့ အပြစ်ဆိုမရပေမဲ့ အဲဒီလိုမဟုတ်ခဲ့ရင်တော့ ခြောက်ပြစ်ကင်းသွားမယ့်ရုပ်ရှင်ပါပဲ။ ဘာပဲဖြစ်ဖြစ် BPအော်စကာရထားတဲ့ ဒါရိုက်တာရိုက်တဲ့ အော်စကာ၃ဆုရထားတဲ့ဒီရုပ်ရှင်ကို ပြည်မ ဟောင်ကောင်နဲ့ ဂျပန်က ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေနဲ့ ကြည့်ရမှာဆိုတော့ ကြည့်ကိုကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ File Size : 2.2 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 2hr 25min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

7.4 2005
Memoirs of a Geisha