YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mayfairs.Witches.S01E04.720p.CM.mp4

382.09 MB N/A video/mp4 701 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Di Renjie and Fire Unicorn

Detective Deeရဲ့ စုံထောက်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီတခါမှာစုံထောက်ကြီးဒီးရန်ကျယ် အစွမ်းပြပြီးလိုက်ရမယ့်အမှုကတော့ ဒီလိုပါ။ မီးပုံးပွဲ​တော်နေ့မှာ ပြည်သူတွေဟာဘုရင်မကြီး ဝူကျယ်ထျန်းအတွက် ဆုတောင်းမေတ္တာပို့သနေကြတာပေါ့။ အဲ့ဒီအချိန်မှာ တစ်ကိုယ်လုံးမှာမီးတောက်လောင်နေတဲ့ ထူးဆန်းတဲ့ ဦးချိုတစ်ချောင်းနဲ့ သတ္တဝါတစ်ကောင် ပေါ်ထွက်လာပါတယ်။ အဲ့ဒီသတ္တဝါရဲ့အသားကိုစားရင် ၉၆ ပါးသောရောဂါကို ပျောက်ကင်းစေနိုင်သတဲ့။ ဆိုတော့ ဘုရင်မကြီးဟာ တလီတရားရေးဌာနကို ဒီထူးဆန်းတဲ့သတ္တဝါအကြောင်းကို ခုနစ်ရက်အတွင်းအဖြေရှာဖို့ မိန့်တော်မူလိုက်ပါလေရော။ အဲ့မှာ ဇာတ်လိုက်ကျော်စုံထောက်ကြီးဒီးဟာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။ အဲ့ဒီသတ္တဝါကလူလား မကောင်းဆိုးဝါး လေလား။ ဘယ်ကရောက်လာတာများလဲ။ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကို ဘယ်လိုလိုက်မလဲဆိုတာနဲ့ နောက်ကွယ်က ဇာတ်ကြောင်းကလည်း စိတ်ဝင်စားဖို့ကောင်းတာမို့ အခုပဲကြည့်လိုက်ကြရအောင် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 26min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Thriller
0 2022 86 mins
Di Renjie and Fire Unicorn
Meat Grinder
5.5

Slasherရုပ်ရှင်​တွေမှာ Sawနဲ့ Wrong Turn franchise​တွေက iconic filmတွေ ဖြစ်သလို အ​ရှေ့တိုင်းဘက်မှာ​ဆို ဟောင်​ကောင်ရုပ်ရှင်​တွေရဲ့ ပြကွက်​ကြမ်းကြမ်းနဲ့ အ​ပြောကြမ်းကြမ်း​တွေက slasher genre ကိုမှ ကြိုက်တဲ့သူတွေကြား ရေပန်းစားပါတယ်။ အ​ရှေ့တိုင်း ရုပ်ရှင်တွေက လက်​တွေ့ဘဝနဲ့ ပိုနီးစပ်တာ​ကြောင့် ​ဖြစ်ရပ်မှန်လိုလို စိတ်ကူးယဉ်လိုလို မတင်မကျဖြစ်​စေသလို ဆင်ဆာ​တွေလည်း ရှယ်ပလန်နဲ့ ထိခဲ့တာပါ။ အခုဇာတ်ကားကလည်း မူရင်းဖြစ်တဲ့ ထိုင်းနိုင်ငံအပြင် နိုင်ငံအများစုမှာ ပေါက်​ရောက်ခဲ့သလို ရှယ်အဘန်းခံ၊ ရှယ်ဆင်ဆာဖြတ်ခံခဲ့ရတာ​ကြောင့် originalနဲ့ uncut version ၂မျိုးဖြန့်ချီခဲ့ရတာပါ။ ဆင်ဆာ​ဖြေ​လျှော့မှု​ စပေးခဲ့တယ်ဆိုတဲ့ ၂၀၀၉မှာ ပြခဲ့တာ​တောင် ရက်စက်ကြမ်းကြုတ်မှု​နဲ့ ​သွေးသံရဲရဲပြကွက်​တွေ များလွန်းတာ​ကြောင့် ကြာချိန် ၁၀၂မိနစ်ထိရှိတဲ့ မူရင်းversionကို ၈၄မိနစ်ထိ ဖြတ်ချပြီး ပြသခဲ့ရပါတယ်။ တချို့​သော ဇာတ်ဝင်ခန်း​တွေကို စ ဆုံး ပြန်ရိုက်ကူးရတာ​တွေရှိသလို blur effect​ ထည့်ခဲ့ရတာ​တွေလည်း ရှိပါတယ်။ ၂၀၁၀ခုနှစ်မှာ​တော့ uncut versionကိုဖြန့်ချီခဲ့ပြီး Negative review​ များစွာရခဲ့သလို ​တောင်ကိုရီးယားနိုင်ငံမှာ၂ခါတိတိ banခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံတစ်ဝန်းလုံးက ခေါက်ဆွဲဆိုင်​တွေရဲ့ ဆန္ဒပြခြင်းကို ခံခဲ့ရပြီး မူရင်းနာမည် Kuai-tiao Nuea Khon( လူသား​ခေါက်ဆွဲ)ဆိုတာကိုပါ ​ပြောင်း​လဲလိုက်ရပါတယ်။ ဒီလိုနာမည်ဆိုး​တွေရှိခဲ့​ပေမယ့် ထိုင်းရုပ်ရှင် အစည်းအရုံး ဆု​ပေးပွဲမှာ Best Actressဆု Best Art Directionဆုနဲ့ Best Make-upဆု​တွေမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါ​သေးတယ်။ ဇာတ်လမ်းက​တော့ ငယ်စဉ်ကတည်းက ကြမ်းတမ်းခက်ထန်တဲ့ ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ ဘွတ်ဆိုတဲ့ အမျိုးသမီးအ​ကြောင်းပါ။ ခ​ယောင်းလမ်းလို ခါးသီးလှတဲ့ဘဝကြီး​ကြောင့် စိတ်​ဒဏ်ရာ​အပြည့်နဲ့ တခြားသူမမြင်ရတာ​ မြင်​နေရ၊ တခြားသူမကြားရတာတွေ ကြား​နေရသူ​ပေါ့။ စိတ်ဒဏ်ရာက စိတ်ဒဏ်ရာ၊ စားဝတ်​နေ​ရေးက စားဝတ်​နေ​ရေးဖြစ်​​နေပြန်တော့ အ​​မေ့ရဲ့ လက်ငုတ်လက်ရင်း ​ခေါက်ဆွဲ​ရောင်းပြီး အသက်​မွေးရပြန်ပါ​သေးတယ်။ ဒီလိုနဲ့ပဲ တစ်​နေ့ ​ခေါက်ဆွဲလှည်း​လေးတွန်းပြီး ​ဈေး​ရောင်းထွက်လာချိန် ​ကျောင်းသားအဓိကရုဏ်းနဲ့ တည့်တည့်တိုး​​ပြီး ဆန္ဒပြသူတစ်​ယောက်ရဲ့ လက်ကိုဆွဲ အဆွဲမခံရဖို့အ​ရေး ​ပြေးရပါ​တော့တယ်။ သူပစ်ထားခဲ့တဲ့ ​ခေါက်ဆွဲလှည်းနားမှာလည်း ဖမ်းဆီးခံထားရသူ​တွေ၊သွေးထွက်သံယိုနဲ့ ​ကျောင်းသား​တွေ၊အ​လောင်း​တွေ ပလူပျံလို့​ပေါ့။ ဘွတ်လည်း သူ့လှည်း ပြန်ယူပြီး အဆိုပါ အနိဌာရုံ​တွေကြားထဲက ဖြတ်ပြန်လာပါ​တော့တယ်။ အိမ်​ရောက်ချိန် လှည်းထဲက​​ သွေး​စိမ့်ထွက်​နေတာမြင်လို့ ကြည့်လိုက်မှ အထဲမှာ ​ကျောင်းသားအ​လောင်းတစ်ခု ရှိ​နေတာပါ။ နဂိုစိတ်​ဝေဒနာရှင် ဘွတ်ဟာ ဒါကိုမြင်​တော့ ကြံရာမရဖြစ်ရင်း အသား​ပေါ်ပြီး သူ​​ရောင်းတဲ့ ​ခေါက်ဆွဲပြုတ်ထဲ ထည့်​ရောင်းလိုက်ပါတယ်။ သူ​​ရဲ့ အသားလုံး​ခေါက်ဆွဲဟာ နာမည်ကြီးလာခဲ့သလို ဆန္ဒပြတဲ့​နေ့က သူ့လက်ကိုဆွဲ​ပြေးခဲ့တဲ့ ​ကောင်​လေးအ​ပေါ် မေတ္တာရှိလာတဲ့ ဘွတ်အဖို့ ​​​​ပန်းခင်းလမ်းကိုရောက်​တော့မလို ခံစားရပြီးမှ မ​ထင်ထားတဲ့ ကိစ္စ​တွေ ဖြစ်လာပါတယ်။ သူအသား​ပေါ်​ရောင်းလိုက်တဲ့ ​​ကျောင်းသား​လေးက သူမေတ္တာရှိ​နေသူရဲ့ သူငယ်ချင်းဖြစ်​နေသလို သူ့ခေါက်ဆွဲဆိုင်​လေးက ​အသားလုံး​ခေါက်ဆွဲ​ကြောင့် နာမည်ရလာပြီး​နောက် အသားလုံးလုပ်ဖို့ ကုန်ကြမ်း​တွေလိုလာတဲ့အခါ... အသတ်အဖြတ် အခုတ်အထစ်​က​တော့ တစ်ကားလုံး အလျှံပယ်ပါပဲ။ မင်းသမီးကြီး Mai Charoenpuraကလည်း ဆန်ကာတင်စာရင်းမှာ ထိုက်ထိုက်တန်တန်ပါခဲ့တယ်လို့ ​ပြောရ​လောက်​အောင် သရုပ်​ဆောင် ​စွမ်းရည်ကို ပြထားတာပါ။ ဘွတ်ရဲ့ စိတ်ဒဏ်ရာအကျိုးဆက်​တွေကို ရိုက်ပြတဲ့​နေရာမှာ FFP shotစတိုင် ဆက်တိုက်ရိုက်ကူးထားတဲ့ပုံစံက ဘွတ်ရဲ့စိတ်အ​ခြေအ​နေကို အ​တော်​ပေါ်လွင်​စေသလို VHS​အခွေပုံစံ Retroပြကွက်​တွေကိုလည်း သ​ဘောကျမိပါတယ်။ ကျွန်​တော်တို့​တွေ အရမ်းချစ်ရတဲ့ Baifern လည်း ပါပါသေးတယ်။ ဘယ်နေရာမှာလဲ ဆိုတာတော့ စလယ်ဆုံး မလွတ်တမ်းကြည့်ရင် မြင်​တွေ့ရမှာပါ။ တစ်ခု​တော့ရှိပါတယ် ညဘက်​ခေါက်ဆွဲပြုတ်စားရင်း မကြည့်မိပါ​စေနဲ့။ အချက်အလက်များကို Wikipediaမှ ကိုးကားထားပါသည်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ် Genre..... Horror Quality…. 1080p | 720p | 480p File size… 2.1GB | 856MB | 321MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Horror • Thriller
5.5 2009 90 mins
Meat Grinder
Abulele
5.8

Abulele (2015) =========== “တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ”။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့ ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြေထဲ ပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲ အယုံအကြည်ရှိကြတယ်ဆို ပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့ Abulele ဆိုတဲ့ ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်း မှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့ ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်း​တွေဖြစ်လာကြတဲ့ အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.2 GB) / (436 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Encoder……….SWM

5.8 2015 90 mins
Abulele
Tale of the Night
5.6

အခုတစ်ခေါက် CM က ဘာသာပြန်တင်ဆက်ပေးမဲ့ရုပ်ရှင်ကတော့ တရုတ်နိုင်ငံက ချန်ရှားဆိုတဲ့ မြို့ကြီးတစ်မြို့ရဲ့ ညအချိန် စည်ကားသိုက်မြိုက်မှုတွေကို ပုံဖော်ထားတဲ့ Tale of The Night ဆိုတဲ့ ရုပ်ရှင်လေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချန်ရှားရဲ့ ထူးခြားလှတဲ့ ညတစ်ညမှာ ညဇီးကွက် ကျင်ဝေဝေက စာအုပ်ဆိုင်မှာ နောက်နေ့မနက်မှာ ဇာတိက ထွက်ခွါသွားတော့မဲ့ ဟယ်ရှီးရှီးနဲ့ တွေ့ဆုံခဲ့ပြီး သူတို့နှစ်ယောက် အတူတကွ ချန်ရှားညကို အလည်သွားဖို့ သဘောတူခဲ့ကြတယ်။ တစ်ဖက်က ချန်ရှင်းကျစ်၊ လျန်ပေါင်ချီ၊ လောင်ရှဲ့တို့တစ်တွေဟာ ကစားကွင်းမှ ဝန်ထမ်းများဖြစ်ကြပါတယ်။ သူတို့က ညရှုခင်းကို ရှုစားရင်း အလုပ်လုပ်ရတဲ့ အခက်အခဲတွေကို ရင်ဖွင့်နေကြတယ်။ ညလယ်စာအဓိကရောင်းတဲ့ စားသောက်ဆိုင်ပိုင်ရှင် အစ်မလိအတွက် ဒီညဟာ သူမရဲ့ နောက်ဆုံးအကြိမ် ခေါက်ဆွဲချက်ခြင်းဖြစ်ပါတယ်။ သူမက သူမတပည့်ကို စားသောက်ဆိုင်ကို ဆက်ခံခိုင်းဖို့ ဆုံးဖြတ်ထားခဲ့တယ်။ Talk show ဖျော်ဖြေသူ ဟယ်အန့်ရဲ့ ဒီနေ့ည ဖျော်ဖြေပွဲမှ ာ အဖေဖြစ်သူက လာရောက် ကြည့်ရှုခဲ့တယ်။ သူ့ရဲ့ အလုပ်ကို မိသားစုက မထောက်ခံတဲ့အတွက် အမြဲတမ်းရန်ဖြစ်နေရတယ်။ ဒါပေမဲ့ မိဘရဲ့ သားသမီးအပေါ်ထားတဲ့ မေတ္တာနဲ့ သူ့ကို အမြဲတမ်း ခွင့်လွှတ်ပေးခဲ့ကြတယ်။ ညအချိန်လည်း ကုန်ဆုံးတော့မယ် လူအများက စားသောက်ဆိုင်မှာ ခေါက်ဆွဲစားနေကြတယ်။ တွေ့ဆုံခြင်း၊ နှစ်သက်ခြင်း၊ နေခဲ့ခြင်း၊ ထွက်ခွါခြင်း၊ နားလည်မှုရခြင်း၊ ပြန်လည်ဆုံတွေ့ခြင်း တွေဟာ ဒီမြို့ထဲမှာပဲ ဖြစ်ပျက်နေပြီး လူတိုင်းက ဒီမြို့ကို နှစ်သက်ဖို့ အကြောင်းပြချက် ကိုယ်စီ ရှိနေကြပါတယ်။

5.6 2023
Tale of the Night
It Lives Inside
5.4

Horror ပရိတ်သတ်ကြီးအတွက် လောလောလတ်လတ် ထွက်ရှိထားတဲ့ Horrorဇာတ်ကားလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားလေးကတော့ အမေရိကားမှာ ပြောင်းရွေ့နေထိုင်နေတဲ့ ဟိန္ဒူမိသားစုကိုဇာတ်အိမ်တည်ထားတာပါ။ အဓိကဇာတ်ကောင် ဆမီဒါဟာ အထက်တန်းကျောင်းသူလေးဖြစ်ပြီး အထက်တန်းကျောင်းမှာ သူ့လိုပဲ တာမီရာဆိုတဲ့ဟိန္ဒူမလေး တစ်ယောက်ရှိပါတယ်။ အဲ့ဒီ တာမီရာဟာ အရင်ကနဲ့မတူပဲ တစ်ယောက်တည်းသီးသန့်နေပြီး ထူးထူးဆန်းဆန်းတွေပြုမူ လို့နေပါတယ်။ တစ်နေ့မှာတော့ တာမီရာဟာ ထိတ်လန့်သွေးပျက်နေဟန်နဲ့အတူ ဖန်ပုလင်းတစ်လုံးကိုကိုင်ကာ ဆမီဒါဆီ အကူအညီလာတောင်းပါတော့တယ်။ သူကိုင်ထားတဲ့ဖန်ပုလင်းထဲမှာ ဘယ်လိုအရာရှိနေတာလဲ၊ ဆမီဒါကရော သူ့ကိုကူညီပေးလိုက်ပါ့မလား၊ ဘယ်လိုအရာတွေဆက်ဖြစ်လာမှာလဲ စတာတွေကို ဇာတ်ကားထဲမှာပဲ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦး။ File size…1.01GB / 434MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 39m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Adventure • History • Action • Fantasy
5.4 2023
It Lives Inside
Imagine That
5.6

Imagine That ဆိုတာ ၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် သရုပ်ဆောင် Eddie Murphy ရဲ့ မိသားစု ဟာသဇာတ်ကားကောင်းလေး တစ်ခုပဲ ဖြစ်ပါတယ် ဟာသဆိုပေမဲ့ ရယ်ရဖို့သက်သက်လည်း မဟုတ်ဘဲ မိသားစုတွေကြားမှာ ဖြစ်ပျက်တတ်တာလေးတွေကိုပါ ထည့်ရိုက်ထားတာမို့ရော ပုံမှန်မဟုတ်တဲ့ fantasy စိတ်ကူးလေးတွေ နည်းနည်းပါတာရောကြောင့် စိတ်ဝင်စားပြီး ကြည့်လို့ကောင်းမှာ အသေအချာပါပဲ. ဇာတ်လမ်းကိုကို အမြည်းကျွေးရမယ်ဆိုရင်ရင် Evan လို့ခေါ်တဲ့ Eddie Murphy သရုပ်ဆောင်တဲ့ character ဟာ သူတို့ အမေရိကန်နိုင်ငံမှာ ထူးချွန်တဲ့ စတော့ရှယ်ယာဝယ်ရောင်းသမား တစ်ယောက်ဖြစ်ပါတယ်။ သူ့မိန်းမနဲ့ ကွဲနေပြီ Olivia လို့ခေါ်တဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။ ဖခင်ဖြစ်ချင်ပေမဲ့ ဖခင်မဖြစ်တတ်တဲ့ Evan တစ်ယောက် သူ့ရဲ့အလုပ်ဘဝနဲ့ ဖခင်ဘဝကြား ဘယ်လိုချိန်ခွင်လျှာ ညှိမလဲ ပြီးတော့ သူ့သမီးရဲ့ ကလေးသဘာဝအဖော် စောင်ကလေးက သူ့သမီးပြောသလို အနာဂတ်ကိုကြိုမြင်နိုင်တဲ့အစွမ်းရှိနေမလား ရှိနေရင်ရော Evan ဘယ်လိုအသုံးချမှာလဲ အသုံးသတ်မှာ သူ့အနေနဲ့ ဖခင်ကောင်းတစ်ယောက် ဖြစ်သွားနိုင်ပါ့မလား စတာတွေကို ဒီရုပ်ရှင် ဇာတ်ကားတစ်လျှောက်လုံး စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ပြထားတာမို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… File size…1.72 GB / 748MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 47m Genre ….. Comedy , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Thriller • Drama
5.6 2009 107 mins
Imagine That
Ferrari
6.8

Ferrari (2023) ============= IMDb Rating – 6.8/10 ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို အီတလီနိုင်ငံက Mille Miglia မိုင်တစ်ထောင် ကားပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့အတူ ထင်ဟပ် ပြထားတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Act Molemy, Leonard Lin တို့ဖြစ်ပါတယ်) File Size……….(5.5 GB) / (2.05 GB) / (800 MB) Quality…………WEB-DL 4K / 1080p / 720p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Act Molemy, Leonard Lin Encoder……….SWM, Y

Drama • Thriller
6.8 2023 131 mins
Ferrari
The Hitcher
5.6

The Hitcher (2007) ============== ဒီဇာတ်ကားကတော့ The Hitcher 1986 ကို Remake ပြန်လုပ်ထား တာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ကောလိပ်ကျောင်းသားစုံတွဲဖြစ်တဲ့ ဂျင်မ်နဲ့ဂရေစ့်တို့ဟာ Spring Break အတွက် သူငယ်ချင်းတွေနဲ့ဆုံဖို့ နယူးမက္ကဆီကိုကနေကားဖြတ်မောင်းလာကြပါတယ်။လမ်းမှာမိုးသည်း သည်းကြား ကားကြုံတားတဲ့လူတစ်ယောက်ကိုတွေ့ပေမယ့် ဂရေစ့်ရဲ့ ကန့်ကွက်မှုကြောင့်မတင်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ဂတ်စ်ဆိုင်တစ်ခုမှာ ပြန်ဆုံချိန်မှာတော့ ဂျင်မ်ကအားနာပြီး အနီးဆုံးမြို့ကိုပို့ပေးဖို့ခေါ်လာခဲ့ပါတယ်။ ဂရေစ့်စိုးရိမ်ခဲ့တဲ့အတိုင်း အဲ့ဒီ လူက သူတို့ကို မိုးအဆုံးမြေအဆုံးဒုက္ခပေးတော့မှာပါပဲ။ Game of Thrones ထဲမှာ စတာ့ခ်တို့ရဲ့ဖခင်ကြီး Ned Stark အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sean Bean ကြီးက ဒီဇာတ်ကားမှာရွံမုန်းစရာစိတ္တဇလူသတ်ကောင်အဖြစ်ထူးထူးခြားခြား ပါဝင်ထားပါတယ်။ Sophia bush ကလည်းတအားလှပါတယ်။ ဇာတ်လမ်း လည်းမိုက်ပြီး ပထမကားတွေထက် သွေးထွက်သံယိုပိုများပြီးကြမ်းတမ်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.55 GB) / (594 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Thriller Translator…….Alias Encoder……….SWM

5.6 2007
The Hitcher
Somewhere Quiet

Somewhere Quiet (2023) ~ Rotten Tomatoes – 91% ~ ဒီတစ်ခါမှာတော့ ၂၀၂၃ ကမှ ထွက်ထားတဲ့ အမေရိကန် ဆိုက်ကိုသည်းထိတ်ရင်ဖိုကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လိုက်ကတော့ မဂ်လို့ခေါ်တဲ့ ဆွီဒင်နိုင်ငံသူ ကိုရီးယားအမျိုးသမီးတစ်ယောက် ဖြစ်ပြီး သူဟာ ပြန်ပေးဆွဲနှိပ်စက်ခံခဲ့ရတဲ့အတိတ်ကနေ စိတ်ပိုင်းဆိုင်ရာအရ ပြန်လည်ထူထောင်ဖို့ ကြိုးပမ်းနေတဲ့သူပဲ ဖြစ်ပါတယ်။ ပျောက်ဆုံးပြီး ရှာမတွေ့တဲ့ တခြားသော အမျိုးသမီးတွေ အများကြီး ရှိခဲ့ပေမယ့် မဂ်ကတော့ သူ့ကို အားလုံးက သေပြီလို့ ယူဆလိုက်တဲ့အချိန်မှာမှ အသက်ရှင်လျက်ပြန်ပေါ်လာခဲ့တဲ့ တစ်ယောက်တည်းသောသူ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ လွတ်မြောက်ပြီပြောပြော စိတ်ဒဏ်ရာဆိုတာ ကုစားရ အင်မတန်ခက်ပါတယ်။ ကံကောင်းထောက်မတာကတော့ မဂ်မှာ ဘေးကနေ အရိပ်တကြည့်ကြည့် ဖေးမ ကြင်နာတတ်တဲ့ စကော့်ထ်ကို ခင်ပွန်းတော်ထားရတာပါပဲ။ တစ်ရက်တော့ စကော့ထ်ဟာ သူ့ရဲ့ မိသားစုစဉ်ဆက်ပိုင်ဆိုင်လာတဲ့ သီးသန့်ကျွန်းပေါ်က အိမ်ကြီးဆီ မဂ်ကို ခေါ်ခဲ့ပါတယ်။ ရည်ရွယ်ရင်းကတော့ လင်မယား၂ယောက် စိတ်အေးလက်အေး သွားနေကြမယ်ပေါ့။ ဒါပေမဲ့ သည်းထိတ်ရင်ဖိုကားဆိုတော့လည်း ဖြစ်ရပျက်ရမှာတွေက ဒီကစဖြစ်မှာမို့ ဒီကစပြီး ဆက်ပြောလို့မရတော့ပါဘူး။ သိပ်ထူးပြီးကောင်းနေတဲ့ ဇာတ်ကားတော့ မဟုတ်ပေမဲ့ ဦးနှောက်မသုံးရဘဲ ငြိမ့်ငြိမ့်လေး အချိန်ဖြုန်းချင်ရင် ဟန်ကျမယ့် ကားမျိုးပါပဲ။ ဒါမှမဟုတ် အချိန်သိပ်မရပေမဲ့ ရုပ်ရှင်တကားတော့ အမြန်ပြီးအောင်ကြည့်ချင်တယ်ဆိုလည်း ဖြည်းဖြည်းချင်းရစ်ကြည့်လည်း ဇာတ်ရှိန်မပျက်လောက်မယ့် ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 985MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

0 2023
Somewhere Quiet
Hygge!
6.3

အခန်းတစ်ခန်းမှာ လူ ၇ ယောက် ဒင်နာအတူစားကြရင်း စကားထိုင်ပြောကြတဲ့ ဒိန်းမတ်စကားပြော comedy/drama ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း… “ပီတာ” နဲ့ “ဟယ်လင်” တို့ လူချမ်းသာ လင်မယားနှစ်ယောက်ရဲ့အိမ်ကို ညီငယ်ဖြစ်သူ “နီကိုလပ်” နဲ့ သူ့ချစ်သူ “လော်ရာ” ကိုမာဝင်နေတဲ့ ပီတာ့ရဲ့ညီတစ်ယောက်ဖြစ်တဲ့ “ဂျက်စပါ”ရဲ့ ချစ်သူ “အရီကာ” ပီတာ့မိန်းမ ဟယ်လင်ရဲ့ မောင်လေး “ဖက်ဘ်” နဲ့ သူ့ရဲ့ လိင်တူချစ်သူ “အီဘာ” တို့… ကိုမာဝင်နေတဲ့ ဂျက်စပါ့အတွက် မွေးနေ့ဆုတောင်းပွဲလေး လုပ်ပေးဖို့ ကိုယ်စီရောက်လာကြပါတယ် ပီတာတို့လင်မယားက ကျိကျိတက်ချမ်းသာတော့ ဧည့်သည်တွေကိုလည်း အကောင်းဆုံးဝိုင် စားသောက်ဖွယ်ရာတွေနဲ့ ဧည့်ခံရင်း လော်ရာက ကစားနည်းတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ် ကိုယ့်ရဲ့ဖုန်းကို စားပွဲပေါ်တင်ထားပြီး အဝင်ကောလ်မှန်သမျှကို စပီတာ ဖွင့်ပေးရမဲ့အပြင် မက်ဆေ့ဂျ်တွေကိုလည်း အသံထွက်ဖတ်ပြရမှာပါ ဒီလိုနဲ့ ပျော်စရာကောင်းမယ်ထင်တဲ့ ကစားနည်းလေးကနေ သူတို့ ၇ ယောက်ရဲ့ လျှို့ဝှက်ချက်တွေ အလီလီ ပေါ်လာပြီး အရှက်တကွဲ အကျိုးနည်းဖြစ် ကြည်နူးစရာကောင်းတဲ့ ဒင်နာလေးတစ်ခုက ဆူဆူညံညံ အငြင်းပွားစရာတွေ ဖြစ်လာပါတယ် ပိုဆိုးတာက “အီဘာ” နဲ့ “အရီကာ” တို့ အပြင်မှာ ဆေးလိပ်ထွက်သောက်တုန်း ဖုန်းအမျိုးအစား ဆင်တူနေတဲ့ သူတို့ ဖုန်း ၂ လုံးကို လဲကိုင်လိုက်ပါတယ် ဒီလိုနဲ့ ပြဿနာတွေက သပွတ်အူလို ရှုပ်ထွေးသွားပြီး လူတွေရဲ့ အမှောင်ဘက်ခြမ်းတွေ ဘူးပေါ်သလို ပေါ်လာပုံတွေကို ဟာသလေးနှောပြီး တင်ဆက်ထားတဲ့ ဒိန်းမတ်ရုပ်ရှင်လေး ဖြစ်ပါတယ် File size…(1.2 GB)/(640 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

6.3 2023
Hygge!
Big Fish & Begonia
7

ပရိသတ်ကြီးတို့ကို တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး animation movie တွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Big Fish and Begonia လို့ခေါ်တဲ့ ဒီဇာတ်ကားဟာ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဲဒီထဲက Big Fish ဆိုတဲ့ ost ဟာ ဒီနေ့ဒီအချိန်အထိ တရုတ်ပြည်မှာ ရေပန်းအစားဆုံး သီချင်းတစ်ပုဒ်ဖြစ်နေတုန်းပါ။ ဒီဇာတ်ကားကို inspire ယူပြီး cosplay လုပ်တာတွေ performance လုပ်တာတွေ အခုထိ ရှိပါတယ်။ ရုံတင်ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၈၀ အထိ ရထားတဲ့ animation လည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ချွင်လို့ခေါ်တဲ့ ကောင်မလေးနဲ့ သူ့ရွာကလူတွေက လူမဟုတ်သလို နတ်ဘုရားတွေလည်း မဟုတ်ကြပါဘူး။ သူတို့က သဘာဝတရားကြီးရဲ့ နိယာမတွေကို ထိန်းသိမ်းသူတွေဖြစ်ပြီးတော့ လူ့လောကမဟုတ်တဲ့ နေရာမှာ နေကြပါတယ်။ သူတို့လူမျိုးဆီမှာ ထုံးတမ်းတစ်ခုရှိပါတယ်။ အသက် ၁၆ နှစ်ပြည့်သူတိုင်းက လင်းပိုင်နီတွေအဖြစ်နဲ့ ဝဲကြီးကနေတစ်ဆင့် လူသားလောကကို ၇ ရက်တိတိ သွားလေ့လာခွင့် ရကြပါတယ်။ ချွင်ဆိုတဲ့ ကောင်မလေးကလည်း ၁၆ နှစ်ပြည့်ပြီမလို့ လင်းပိုင်နီလေးအဖြစ် လူ့လောကကို သွားရောက်လေ့လာတော့တာပေါ့။ လူ့လောကဘက်ကို စရောက်ချိန် ကမ်းစပ်နားမှာ လူသားမောင်နှမနှစ်ယောက်ကို ချွင် တွေ့ခဲ့တယ်။ ချွင်က လူသားကောင်လေးကို သဘောကျသလို ဖြစ်သွားတယ်။ ၇ ရက်မြောက်နေ့ အိမ်ကိုပြန်ရတော့ချိန်မှာ ချွင်ဟာ ဝဲကြီးထဲကို ပြန်မဝင်နိုင်ဘဲ ထောင်ချောက်မှာ ပိတ်မိခဲ့တယ်။ လူသားကောင်လေးဟာ မြင်သွားပြီးတော့ သူ့ကို ကယ်ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ လူသားကောင်လေးက ချွင်ကိုကယ်တင်ရင်းနဲ့ ဆုံးသွားခဲ့ပါတယ်။ ချွင်ကတော့ သူ့အိမ်ကို ပြန်လာနိုင်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ချွင်ဟာ သူ့ကြောင့် တခြားလူ အသက်ဆုံးရှုံးသွားရတာ ဖြစ်တာမလို့ ပြန်ပြီးပေးဆပ်ချင်တယ်။ ဒါကြောင့် ချွင်ဟာ ဝိညာဉ်ထိန်းသိမ်းသူဆီသွားပြီး လူသားကောင်လေးကို အသက်ပြန်သွင်းဖို့ အပေးအယူလုပ်ဖို့ ကြိုးစားပါတော့တယ်။ လူသေတစ်ယောက်ကို အသက်သွင်းတယ်ဆိုတာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးပါ။ ဒါမျိုး လုပ်ရပ်ကို ကျူးလွန်မယ့် ချွင်ကြောင့် သူတို့ လူမျိုးစုအနေနဲ့ ဘာတွေကို ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူသားကောင်လေးကို လူ့လောကဆီ ပြန်လွှတ်ပေးမယ့် အစီအစဉ်အတွက် စိတ်ပါလက်ပါ ကူညီပေးမယ့် ချွင်ရဲ့သူငယ်ချင်းဖြစ်သူ ချိုးရဲ့ ပေးဆပ်မှုတွေကိုလည်း မျက်ရည်အဖြာဖြာနဲ့ ကြည့်ရှုရဦးမှာပါ။ ဒီဇာတ်ကားလေးအပေါ် ဘာသာပြန်သူရဲ့ ထင်မြင်ချက်ကိုပြောရရင်တော့ တစ်ခါတလေမှာ အချစ်ဆိုတဲ့ အရာက သိပ်ကိုဆန်းကြယ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုချစ်တဲ့သူကို မသိကျိုးကျွံပြုတတ်ကြပြီး ခက်ခဲတဲ့အချစ်ကိုမှ လိုချင်ကြတယ်ဆိုတာကို ဒီဇာတ်ကားလေးကနေတစ်ဆင့် တွေ့မြင်ရမှာပါ။ ဒါ့အပြင် လူတွေဟာ အချစ်ကြီးသွားတဲ့အခါ မပိုင်ဆိုင်ရလည်းဖြစ်တယ် သူ ပျော်ရင်ရပြီဆိုတဲ့ ရူးမိုက်မှုမျိုးတွေ လုပ်တတ်တာကိုပါ ဒီဇာတ်ကားလေးထဲမှာ ထည့်ပြပေးထားတာမလို့ အချစ်ရေးမှာ ဒုတိယလူဖြစ်ပြီး အရွေးမခံခဲ့ရတဲ့ ပရိသတ်ကြီးတို့အတွက် ကွက်တိဖြစ်စေမယ့် ဇာတ်ကားလေးဖြစ်တာမလို့ ကြည့်ရှုကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 1.6 GB / 758MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Drama
7 2016
Big Fish & Begonia
The Last Victim
5

ဝေးလံခေါင်သီတဲ့ နယ်မြိုလေးတစ်မြိုမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတဲ့ ၀ရမ်းပြေး အဖွဲတစ်ဖွဲနဲ့ ခရီးထွက်လာတဲ့ ပရော်ဖက်ဆာ လင်မယားတို မထင်မှတ်ဘဲ တွေ့ဆုံသွားတဲ့အခါမှာ ဘာတွေ ဖြစ်ကြမလဲ။ လူတွေ ဘယ်လို သတ်ဖြတ်ခံရမလဲ။ အသက်ရှင်ခြင်းဟာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်လာတဲ့အခါ ကိုယ်ကျင့် တရားတွေ ဘယ်လို မှေးမှိန်သွားရသလဲ။ ဒါတွေကို ဒီဇာတ်ကားထဲမှာ ရင်တဖိုဖိုနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ IMDB rating ကလည်း 5 ရထားတာဆိုတော့ သည်းထိတ်ရင်ဖိုတွေ ကြိုက်တဲ့သူ‌တွေ အတွက်ကတော့ ဇာတ်ကားက ကြည့်ကို ကြည့်ရမယ့် ကားတစ်ကားပါပဲ။ File size…1.47GB / 737MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Adventrue , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

5 2021
The Last Victim
Jatta Dolie Naa
6.1

Jatta Dolie Naa (2024)”ဓားသွားထက်က ပုံရိပ်” ===================================== ဆစ်ခ်လူမျိုးတွေရဲ့ ရိုးရာသိုင်းပညာကိုအခြေခံဇာတ်လမ်းဆင်ထားတဲ့ ပန်ချာပီစကားပြောရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆစ်ခ်တိုင်းပြည်ရဲ့ ခြောက်ယောက်မြောက်မင်းဆရာကြီးဖြစ်တဲ့ မီရီပီက ဂတ်ကာဆိုတဲ့ လက်နက်တစ်မျိုးကို ပြည်သူတွေအတွက်ဖန်တီးပေးခဲ့ပါတယ်။ နှစ်ကာလ ကြာလာတဲ့အခါ အဲဒီလက်နက်နဲ့ တိုက်ခိုက်ရတဲ့သိုင်းပညာဟာ ဆစ်ခ်ရိုးရာသိုင်းပညာဖြစ်လာခဲ့ပါတယ်။ မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင် ဂျက်ကီချန်းရဲ့ The Myth ရုပ်ရှင်ထဲမှာ အိန္ဒိယရောက်တဲ့အချိန် ဥယျာဉ်ထဲမှာ ဂျက်ကီနဲ့ ဓားချင်းယှဉ်ခုတ်ခဲ့တဲ့ သိုင်းသမားရဲ့ ဒိုင်းကာနဲ့ဓား တွဲသုံးတဲ့သိုင်းပညာပေါ့။ အိန္ဒိယမှာ အဲဒီ ဆစ်ခ်ရိုးရာသိုင်းပညာကို နိုင်ငံအဆင့်ပြိုင်ပွဲထိကျင်းပတတ်ပြီး ဒီရုပ်ရှင်ထဲမှာလည်း အဲဒီ ဆစ်ခ်ရိုးရာ ဓားသိုင်းသမားဟောင်းနှစ်ယောက်ရဲ့ ပြိုင်ဆိုင်ပုံတွေ၊ လေလွင့်နေတဲ့လူငယ်လေးတစ်ယောက် အချစ်အတွက်နဲ့ တစ်ခါမှမကိုင်ဖူးတဲ့ဓားကိုကိုင်ပြီး ဓားသိုင်းဝင်ပြိုင်ဖို့ကြိုးပမ်းပုံတွေကို ဇာတ်လမ်းဆန်းဆန်းနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Horror • Drama
6.1 2024 136 mins
Jatta Dolie Naa
Gifted Hands: The Ben Carson Story
7.5

ဒီဇာတ်လမ်းက အမေရိကန်က နာမည်ကျော် အာရုံကြောခွဲစိတ် ဆရာဝန်ဘန်ကာဆင်ရဲ့အတ္ထုပ္ပတ္တိကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb 7.5နဲ့ RT 85%ထိ rating ကောင်းတွေ ရရှိထားတာပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန်တစ်ဖြစ်လဲ ဘင်ဂျမင်ကာဆန်ဟာ တစ်ကိုယ်တော်မိခင်ရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာခဲ့ရသူဖြစ်ပြီး ငယ်စဉ်က အတန်းထဲမှာ နောက်ဆုံးကရေရင် ထိပ်ဆုံးရတဲ့အထိ ပညာရေးပိုင်းမှာအားနည်းခဲ့သူပါ။ ဒါပေမဲ့ ကိုယ်တိုင် ပညာမတတ်လို့ ရုန်းကန်ခဲ့ရတဲ့ မိခင်ဖြစ်သူက သူ့သားနှစ်ယောက်ကို ပညာတတ်ဖြစ်စေချင်တာကြောင့် ငယ်ငယ်ကတည်းက ပုံသွင်းလေ့ကျင့်ရင်း တဖြည်းဖြည်းနဲ့ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မိဘအစုံအလင်မရှိတဲ့ သားသမီးတွေရဲ့ ထုံးစံအတိုင်း ဘင်မှာ ဒေါသမထိန်းနိုင်တဲ့ ဉာဉ်ဆိုးတစ်ခုရှိသလို အဲဒီစိတ်ကြောင့်ဘဝပျက်နိုင်တဲ့အထိ ဖြစ်သွားတဲ့ အခြေအနေတွေလည်းအများကြီးကြုံခဲ့ရတဲ့သူပါ။ ဒီလိုမျိုး ငွေကြေးပိုင်း လူမျိုးရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာ ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတဲ့ ဘင်ကာဆန်ဘဝကနေ တစ်ချိန်မှာခေါင်းချင်းဆက်အမြွှာနှစ်ဦးကို အသက်ရှင်လျက် အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန်ကြီး ဘင်ကာဆန် ဖြစ်လာတဲ့အထိဘဝဇာတ်ကြောင်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ အားကျအတုယူစရာ ကောင်းလောက်အောင် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် မိဘမေတ္တာတွေ၊ မိသားစုကြားကချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်ထင်ရှားအောင် ရိုက်ကူးထားသလို မှတ်သားစရာ ဆေးပညာဆိုင်ရာ ဗဟုသုတ‌တွေလည်းပါတာမို့ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 777 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

7.5 2009
Gifted Hands: The Ben Carson Story
City of Dreams

သင်မဖြစ်မနေကြည့်သင့်ပြီးအသည်းခိုက်စေမယ့်ဇတ်ကားကောင်းတစ်ခု- – – – City of Dreams (2023) ကိုတော့ အိန္ဒိယလူမျိုး အမေရိကန်နိုင်ငံသား မိုဟစ်ရမ်ချန်ဒန်နီ (Mohit Ramchandani)က ရေးသားရိုက်ကူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ မိုဟစ်က ၂၀၁၀ ကရိုက်ခဲ့တဲ့ The Lost Tribeဇတ်ကားနဲလည်းလူသိများလာတာဖြစ်တယ်။ ဒီဇတ်ကားက ဖြစ်ရပ်မှန်ဇတ်ကားဖြစ်ပြီး လွန်ခဲ့တဲ့ခြောက်နှစ်ကရိုက်ကူးထားတာဖြစ်တယ် ။အဓိက ဇတ်ကောင်ဂျီးဆပ်စ်အဖြစ် သရုပ်ဆောင်တဲ့AriLopez ကလည်းဇတ်ကားနဲ့အတူလူသိများလာပြီး ၂၀၂၃ ထဲမှာကို လူကြိုက်များတဲ့အခြားဇတ်ကားကောင်းတွေကိုရိုက်ကူးခဲ့ရပါတယ်။ အမေရိကန်မင်းသားJason Patric (ဂျေဆင်ပက်ထရစ်) မက္ကဆီကန်မင်းသားDiego Calva(ဒိုင်ဂျီယို ကယ်လ်ဗာ) မက္ကဆီကန်မင်းသား Andre´s Delgado (အန်ဒရီးစ် ဒယ်လ်ဂါဒို) ချီလီမင်းသားAlfredo Castro(အယ်လ်ဖရက်ဒို ကက်စ်ထရို) မက္ကဆီကန်မင်းသမီး Renata Vaca(ရန်နားတာ ဗေကာ) ရိုမေးနီးယားလူမျိုးမင်းသမီးEdinaEady( အက်ဒီးနာ အာဒီ) ဂျိန်းစဘွန်းမင်းသား(Pierce Brosnan) ပီးယာ့စ်ဘရော့စ်နန်နဲ့အခြားဇတ်ပို့များစွာပါဝင်ထားပါတယ်။ ဇတ်လမ်းကတော့ ဘောလုံးစတားဖြစ်ချင်တဲ့ မက္ကဆီကန် ကောင်လေးဂျီးဆပ်စ်ကို ဘောလုံးသင်တန်းကျောင်းတက်ရမယ်လိမ်ခေါ်ပြီးတကယ်တော့ချွေးထွက်တဲ့ အလုပ်ရုံလို့ခေါ်တဲ့စည်းမျဥ်းမရှိအကာကွယ်မရှိအခွင့်ရေးမရှိတဲ့ အလုပ်ရုံတွေမှာရောင်းစားခံရပြီးခေတ်သစ်ကျွန်ပြုခံရတာပဲဖြစ်တယ်။ ဒါ့အပြင်လိင်ကျွန်ပြုတာတွေ ကလေးအပြာတွေရိုက်ကူးတာတွေကိုပါချပြထားပါတယ်။ရဲတွေရင်ဆိုင်ရတဲ့အခက်အခဲတွေသာမကအကျင့်ပျက်ခြစားမှုတွေရှိနေတာငွေနဲ့ဖုံးကွယ်ပြီး အချို့ကုမ္မဏီတွေဘာတွေလုပ်နေသလဲဘယ်လောက်တောင်ဘာတွေကိုအပိုင်ကိုင်ထား လဲဆိုတာပါ တစ်စေ့တစ်စောင်းပြထားပါတယ်။ပရဟိတမျက်နှာဖုံးလေးစွပ်ထားတဲ့အကွက်လေးကိုလည်းပြလိုက်ပါသေးတယ်။ ကလေးတွေဟာ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်သလို သူတို့လေးတွေမှာလည်းကိုယ်စီအိပ်မက်ကလေးတွေရှိကြတာဖြစ်တယ်။သူတို့လေးတွေရဲ့ အိပ်မက်လေးတွေဘယ်လောက်တောင်လှပလိုက်သလဲဆိုတာပါပြထားပါသေးတယ်။ဒီဇတ်ကားက ပြဿနာကိုဘယ်လို​ဖြေရှင်းမယ်ပြတာထက် ဒီလိုလူမဆန်တဲ့ခေတ်သစ်ကျွန်ပြုတာတွေဟာ အမေရိကန်လိုလူ့အခွင့်ရေးကိုအလေးထားတဲ့နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတာတွေကိုမီးမောင်းထိုးပြထားတဲ့ဇတ်ကားဖြစ်တယ်။အိပ်မက်မြို့တော် အိပ်မက်တိုင်းပြည်ကဒီလိုလားလို့လဲမသိမသာမေးခွန်းထုတ်ပြထားပါသေးတယ်။ကြည့်ရှုသူတွေကိုအံသြထိတ်လန့်အောင်သာမက ကရုဏာဖြစ်အောင်ရိုက်ကူးနိုင်ပြီးဇတ်ကားအစအဆုံးကိုမပျင်းအောင်ကြည့်ရှုသူကိုဆွဲခေါ်သွားမှာဖြစ်တယ်။ဒါရိုက်တာက ဒီကလေးငယ်လူကုန်ကူးတာနဲ့ ခေတ်သစ်ကျွန်ပြုတာကိုမီးမောင်းထိုးပြချင်လို့နှစ်တော်တော်ကြာ အပင်ပန်းခံအချက်အလက်တွေစုဆောင်းပြီးရိုက်ခဲ့ရတာလို့ပြောထားပါတယ်။ အကြိုက်ဆုံးကတော့ ရိုက်ချက်တွေနဲ့တေးဂီတဖြစ်တယ်။ရိုက်ချက်တွေကတကယ့်အနုပညာဆန်ပြီးတေးဂီတကတော့ ဘယ်သူဖန်တီးတာလဲသိချင်စိတ်ဖြစ်လောက်အောင်ကိုဆွဲဆောင်မှုရှိပါတယ်။တေးဂီတနဲ့ရိုက်ချက်တွေကဇတ်ကားကိုဆွဲဆောင်မှုရှိအောင်အများကြီးပံ့ပိုးထားတာဖြစ်တယ်။ဇတ်ကားအစမှာပါတဲ့” ကလေးသူငယ် ၁၂သန်းဟာခေတ်သစ်ကျွန်ပြုခံနေရတယ်” ဆိုတဲ့စကားအောက်မှာမိမိတိုင်းပြည်က ကလေးတွေပါပါနေလားဆိုတဲ့အသိကိုလည်းပေးမယ့်ဇတ်ကားဖြစ်တယ်။ဂျီးဆပ်စ် တစ်ယောက်လွတ်မြောက်နိုင်မလားဆိုတာကိုတော့ ပိတ်ကားပေါ်မှာဆက်ကြည့်ပါ။ ရုပ်ရှင်ကို မတ် ၂၀၂၃ ကMammoth ရုပ်ရှင်ပွဲတော်မှာပြသခဲ့ပြီး ၂၀၂၄သြဂုတ်လ၃၀ရက်ကမှအမေရိကန်ပြည်တွင်းမှာ ပြသတာဖြစ်တယ်။ ဒီနှစ် အမေရိကန်ပြည်တွင်း BoxOffice (လက်မှတ်ရောင်း)မှာတော်တော်ပေါက်တဲ့ဇတ်ကားဖြစ်ပြီးနိုင်ငံတကာမှာလည်း $ ၁.၇ သန်းရရှိထားပြီဖြစ် ပါတယ်။ဒါရိုက်တာကအလှူရှင်တွေအကူအညီနဲ့မေတ္တာလက်ဆောင်လက်မှတ်တစ်သန်းကိုစီစဥ်ထားတာလည်းထုတ်ပြောပါတယ်။ ကြည့်ရှုသူတွေပေးတဲ့rating90%ရထားတဲ့ဇတ်ကားကောင်းဖြစ်လို့ကြည့်ဖြစ်အောင်ကြည့်ပါတိုက်တွန်းလိုပါတယ်။ File size…(1.5 GB)/(932 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 2023
City of Dreams