YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

#Mayalo 2023 - 1080p Web-DL Telugu [RMC].mp4

2.38 GB 1080p video/mp4 1 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Knights of the Zodiac
6.5

Knights of the Zodiac (2023) စိတ်ကူးယဉ် မှော်ရုပ်ရှင် အသစ်တစ်ကားလာပါပြီ။ ဂျပန် မန်ဂါကာတွန်း Saint Seiya ကို အခြေခံရိုက်ကူးထားပြီး မင်းသားကတော့ One Piece Live Action စီးရီးမှာ Roronoa Zoro အဖြစ်ပါဝင်ထားတဲ့ Mackenyu ပဲဖြစ်ပါတယ်။ အက်ရှင်ပိုင်းမှာ ပိုင်နိုင်ကြောင်းကိုတော့ Rurouni Kenshin: Final Chapter Part I မှာ Enishi Yukishiro အဖြစ် သရုပ်ဆောင်ခဲ့တာကို ကြည့်ရင် သိသာပါတယ်။ ဇာတ်ပို့အနေနဲ့ မင်းသားကြီး ရှောင်ဘင်း ( ကားတိုင်းသေ) နဲ့ ပါရာနာဝေမင်းသား Mark Dacascos တို့ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း သမိုင်းအစမှာ နတ်ဘုရားတွေက လူသားတွေကို နှိပ်စက်နေခဲ့ကြပါတယ်။ ဒါကို လူသားတွေဘက်ကနေ စစ်နတ်ဘုရားမ အသီနာက ကာကွယ်ပေးခဲ့ပြီး လူသား သူရဲကောင်းတွေအများကြီး အသီနာဆီမှာ သစ္စာခံခဲ့ကြပါတယ်။ အဲဒီသူရဲကောင်းတွေဟာ ကော့စ်မိုလို့ခေါ်တဲ့ ကြယ်တွေရဲ့ စွမ်းအားကို အသုံးချပြီး နတ်ဘုရားတွေကို ယှဉ်တိုက်နိုင်ခဲ့ကြပါတယ်။ အဲဒီတိုက်ပွဲမှာ နတ်ဘုရားတွေ ဆုတ်ခွာသွားခဲ့ရပြီး ကမ္ဘာကြီး ယာယီငြိမ်းချမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားမ အသီနာ လူသားကောင်မလေးအဖြစ် ပြန်ဝင်စားလာချိန်မှာတော့ တိုက်ပွဲတွေနဲ့မုန်တိုင်းတွေ ပြန်အစပျိုးလာပါတယ်။ အသီနာကို စောင့်ရှောက်မဲ့ သူရဲကောင်းတွေ လိုအပ်လာသလို အသီနာကို သတ်မဲ့အဖွဲ့တွေလည်း ပေါ်လာပါတယ်။ အဲဒီအဖွဲ့တွေကြားထဲမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Drama Quality…. 1080p | 720p | 480p File size… 2.24GB | 1GB | 485MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Adnerson Encoder ..... Aaron

Drama • Thriller
6.5 2023 112 mins
Knights of the Zodiac
Mandao Returns
4.8

IMDb Rating - 7.2/10 Genre - Comedy, Horror ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Mandao of the Dead ရဲ့ အဆက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေမှာ အဓိက ဦးစားပေးထားတာကတော့ ကျွန်တော်တို့အရှေ့တိုင်း သားတွေနဲ့ မစိမ်းတဲ့ စိတ်ပြောင်းကိုယ်ခွာ ဒါမှမဟုတ် လိပ်ပြာ လွင့်တယ်ခေါ်မလား ဝိဉာဉ်လွှင့်တယ်ခေါ်မလား အဲဒီ အယူ အဆအပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဟာသဆန်ဆန် ထိတ် လန့်သည်းဖိုပေါ့။ ၂၀၁၈ ရုပ်ရှင်ထဲမှာ ဂျေးတို့ အမျိုးတသိုက် ဟော်လိုဝေးပွဲထဲ လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိဉာဉ်လွှင့်ပြီး ကယ်တင် ပြီးတဲ့နောက် ဂျက်ဆန်လုပ်လို့ အိမ်မီးလောင်ကာ ဝမ်းကဲဖြစ်တဲ့ အန်ဒီ့ဆီ ရောက်လာပါတယ်။ ဒီကားက ဒီမှာစတင်ပါတယ်။ အန်ဒီ့ဆီမှာနေနေတုန်း ဂျေးတစ်ယောက် ထူးဆန်းတဲ့အိပ်မက် တွေ မက်ပါတယ် ဒီ ဝိဉာဉ်လွှင့်တာကို ဆက်ပြီး မလုပ်တော့ဖို့ ပေါ့။ အဲဒီအချိန်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ကလည်း မူးယစ်ဆေးလွန်ပြီး သေတဲ့အထိ ဖြစ်ပျက်သွားခဲ့တယ်။ တိုက် တိုက်ဆိုင်ဆိုင်ပဲဆိုသလို ဒီမင်းသမီးရဲ့ မန်နေဂျာဖြစ်သူဟာ အန် ဒီ့ဆီကို (သူကလည်း ဝိဉာဉ်ဆိုင်ရာ စွမ်းအင်ရှိပါတယ်) တွေ့ချင် တယ်ပြောပြီး တမလွန်က မင်းသမီးနဲ့ စကားပြောချင်လို့ဆိုပြီး ချိန်းကြတော့... ပိုက်ဆံလိုအပ်နေတဲ့ အန်ဒီရယ် ဝိဉာဉ်မလွှင့်ချင် ပေမယ့် အရေးကြီးလို့ ဝင်ကူပေးရတဲ့ ဂျေးရယ် လက်ထောက် အူတူတူ ဂျက်ဆန်ရယ် ဘာတွေဆက်ဖြစ်မလဲ ကြည့်ရမှာပါ။ ဝိဉာဉ်လွှင့်အယူအဆရယ် အချိန်ခရီးသွားတာရယ် ပေါင်းစည်းပြီး ဖန်တီးထားတဲ့ Comedy Horror ကားလေး တစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(908 MB) / (314 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 10Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator.......Thura Aung Encoder..........SWM

Action
4.8 2020 71 mins
Mandao Returns
Mission Kashmir
6.3

ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်... အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်... အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့... ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်... မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ် ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း.... ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား... နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ.... ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Action • Crime • Drama
6.3 2000 151 mins
Mission Kashmir
Grandpa Tea
4

ဒီတစ်ခါမှာ CM Chinese Fansတွေကိုမြို့ပြရဲ့ပျားပိတုန်းတွေလို လူးလားခတ်အလုပ်ရှုပ်မှုတွေကိုခဏထားခဲ့ပြီး စိမ်းစိုပြီးသာယာအေးချမ်းတဲ့လက်ဖက်စိုက်ခင်းတောင်ပေါ်ကိုခေါ်သွာပေးပါရစေ ရှောင်ပိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မြို့ကြီးတစ်ခုမှာနေထိုင်ပြီး Live Sale ရောင်းတဲ့အလုပ်လုပ်ပါတယ်။ အဖိုးရဲ့အသက်(၇၀)ပြည့်မွေးနေ့ကိုဂုဏ်ပြုဖို့အတွက်ရွာကိုပြန်လာတဲ့အခါမှာ လမ်းမှာကားဘီးပေါက်တော့ အူကြောင်ကြောင်ရွာသားတစ်ယောက်နဲ့တွေ့ပြီး မကောင်းကြံသူလို့ထင်မှားမိကာ မျက်လုံးကိုငရုတ်ရည်နဲ့ဖြန်းခဲ့မိပါတယ်။ နောက်မှသိလိုက်ရတာကအဲဒီအူကြောင်ကြောင်ကောင်လေးဟာ သူ့အဖိုးရဲ့တပည့်ကျော်ဖြစ်နေတာပါပဲ။ မွေးနေ့ပွဲမှာရှောင်ပိုင်ရဲ့မထင်မှတ်ပဲလုပ်မိတဲ့အမှားကြောင့် အဖိုးဖြစ်သူကဆေးရုံတက်ရပါတော့တယ်။ အဲဒီလိုနဲ့ မြို့ကြီးသူနဲ့အူကြောင်ကြောင်ရွာသားလေးတို့က လက်တွဲပြီးအလုပ်လုပ်ဖို့ဖြစ်လာပါတော့တယ်။ မြို့ကြီးသူနဲ့ ရွာသားလေးတို့ဘယ်လိုအလွဲအလွဲအချော်ချော်ဖြစ်ကြဦးမယ်...... သူတို့၂ယောက်ကြားမှာအချစ်မီးပန်းတွေရောပွင့်လာနိုင်မလား... ဆိုတာကို စိမ်းစိုပြီးအရမ်းလှပတဲ့ရှုခင်းတွေကြည့်ရင်း ခံစားလိုက်ပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 22 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy
4 2022 81 mins
Grandpa Tea
The Transporter Refueled
5.5

ဒီဇာတ်ကားကတော့ Transporter ရဲ့ ပင်တိုင်မင်းသားကြီး Jason Statham မပါတော့ဘဲ မင်းသားအသစ် Ed Skrein နဲ့ သယ်ယူပို့ဆောင်မယ့်ဇာတ်ကားပါ... ဇာတ်လမ်းအကျဉ်းကတော့ ထုံးစံအတိုင်း ပို့ဆောင်ရေးသမားကြီး လူပေါင်းမှားတာပါပဲ။ ဒီတစ်ခါ မှားပေါင်းမိတာကတော့ ၁၂ သမီးကတည်းက ပြည့်တန်ဆာအဖြစ်ရောင်းစားခံရပြီး သေမှလွတ်လပ်တော့မယ့် ဘဝရောက်နေတဲ့ မိန်းကလေး ၄ ယောက်က ရုရှားဒုစရိုက်ခေါင်းဆောင်ကြီးကို အပြုတ်ပြန်တွယ်မယ့် အစီအစဉ်မှာပါမိတာပါ။ ဒါကို သူကရှောင်ထွက်ချင်ပေမယ့် သူရဲ့ အဖေ အငြိမ်းစား စပိုင်ကြီးကို ဖမ်းပြီးအကြပ်ကိုင်တဲ့အတွက်ဝင်ပါရပါတော့တယ်။ ဒီဇာတ်ကားကို ကြိုက်မိတာကလဲ သူ့ရဲ့ အဖေနေရာက သရုပ်ဆောင်တဲ့ မင်းသားကြီးရဲ့ ပံ့ပိုးမှုကလည်း အတော်ကောင်းနေတာလဲ ပါပါတယ်။ သူတို့ သားအဖ ၂ ယောက်ဟာ ကောင်မလေး ၄ ယောက်တို့နဲ့ ထိပ်သီးလူဆိုးတွေနဲ့ ကြားထဲမှာ ဘာကြောင့်ပါလာပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ..........။ File size…(2 GB)/(999 MB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:35:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Myint Oo

Action • Comedy • Horror
5.5 2015 95 mins
The Transporter Refueled
Godless: The Eastfield Exorcism
8.8

Godless: The Eastfield Exorcism (2023) " အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် " ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ ၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ‌ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်‌မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။ ဒီနေရာမှာ သူတို့နေတဲ့နေရာဟာ ဘာသာရေးကိုင်းရှိုင်း‌သူတွေများတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အဆုံးစွန်ယုံကြည်ကြတဲ့နေရာမျိုးပေါ့။ ရွန်ကလည်း သူ့မိန်းမ မိစ္ဆာပူးကပ်နေတာကို မြင်လာရင်း ကြံရာမရတဲ့အဆုံး ပယောဂထုတ်တဲ့နေရာမှာ ‌နာမည်ကြီးတဲ့ ဒန်နီ ဆိုတဲ့လူကို အားကိုးရာရှာလိုက်ပါတယ်။ ဒန်နီကို ဘုရားသခင်ရဲ့ တူရိယာလို့ လူတွေကနာမည်ပြောင်ပေးထားပြီး သူကိုယ်တိုင်ကလည်း ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ယူဆထားတဲ့သူပါ။ ဒီလိုတွေဖြစ်လာတဲ့အချိန်မှာ လာရာကို သူတို့တွေ ပယောဂနှင်ပါတော့တယ်။ လာရာမှာပူးကပ်နေတဲ့ မိစ္ဆာတွေက တစ်ကောင်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတာပါ။ Legion ဆိုတာ သာမန်အားဖြင့် အစုအဖွဲ့လို့အဓိပ္ပာယ်ယူနိုင်ပေမယ့် ဓမ္မသတ်ကျမ်းသစ် မြန်မာပြန် Mark 5:9 မှာ လေဂေါင် လို့ ပြန်ဆိုထားတာကြောင့် လေဂေါင်အဖြစ်ပဲ ရေးထားပါတယ်။ ဒါကြောင့် လာရာကိုပူးကပ်နေတာက လေဂေါင်(မိစ္ဆာအဖွဲ့) ဖြစ်ပါတယ်။ ဒီလေဂေါင်တွေကို သူတို့တတွေ အစွမ်းကုန်နှင်ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းကိုမှ ရင်ခုန်ရတာမဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်နေရင်း တွေးစရာတွေ တပြုံကြီးပေးမယ့် ရုပ်ရှင်တစ်ခုပါ။ Jumpscare တွေသိပ်မပါဘဲ ပယောဂနှင်တာနဲ့ စိတ်ရောဂါကို‌အခြေတည်ရိုက်ကူးထားတာကြောင့် Psychological Horror ပိုဆန်ပါတယ်။ ဒါကကြောက်ရရင်ပြီးရော ကြည့်သင့်တဲ့ကားမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ လူတွေဟာ ယုံကြည်ရာနဲ့ပတ်သက်ရင် ဘယ်လောက်ထိအဆုံးစွန်သွားတတ်ကြသလဲ။ ဆေးသိပ္ပံပညာဟာ မှန်လား။ ဘာသာရေးဟာမှန်လား။ ကျွန်တော်တို့ဟာ ယုံကြည်ရာပိုက်ကွန်တွေထဲ ရုန်းထွက်မရသူချင်းတူတူ ဘယ်အရာမှန်သလဲ မှားသလဲ ယုံကြည်ရာအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ ဒီရုပ်ရှင်ကရော အဲဒါကို ဘယ်လိုပုံစံချပြထားသလဲဆိုတာကို Jumpscare နည်းနည်း တွေးစရာများများနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရဆိုရင် Exorcism နဲ့ပတ်သက်တဲ့အကောင်းဆုံးရုပ်ရှင်တွေကို ပြတိုက်တစ်ခုမှာထားမယ်ဆို ဒီရုပ်ရှင်က နေရာလွတ်တစ်ခုဦးထားပြီးသားဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 766MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
8.8 2023 92 mins
Godless: The Eastfield Exorcism
American Carnage

ဒီနှစ်ထဲ နောက်ဆုံးထွက် thriller ကားကောင်းလေးတစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ် မက္ကစီကိုနိုင်ငံသားတွေဟာ နယ်စပ်ချင်းထိကပ်နေတဲ့အမေရိကန်နိုင်ငံထဲကို နှစ်စဉ်လူပေါင်းများစွာ ခိုးဝင်အခြေချနေထိုင်လေ့ရှိကြပါတယ်။ ဒီခိုးဝင်မက္ကစီကန်တွေဟာ ဒီမိုကရေစီနိုင်ငံကြီးအမေရိကန်ထဲမှာ လွယ်လွယ်ကူကူနေထိုင်ခွင့်တော့ မရပါဘူး။ ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်ချုပ်ချယ်မှု အနိုင်ကျင့်မှုတွေ ကြုံတွေ့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ခိုးဝင်အခြေချနေထိုင်တဲ့ မက္ကစီကန်မိဘက မွေးဖွားလာတဲ့ ကလေးတွေဟာ အမေရိကန်နိုင်ငံသားဖြစ်သွားပြီ ဆိုပေမဲ့ လူမျိုးရေးခွဲခြားဆက်ဆံခံနေရတုန်းပါပဲ။ ဒီလိုခွဲခြားဆက်ဆံခံရမှုကို အံတုပြီး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနေတဲ့ ဂျေပီနဲ့ လီလီတို့မောင်နှမနှစ်ယောက်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်ဖမ်းဆီးမိန့်တစ်ခုထုတ်ပြန်ပြီး ခိုးဝင်နေထိုင်သူအားလုံးကို ဖမ်းဆီးခိုင်းလိုက်တဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲခဲ့ပါတော့တယ်။ Racism ရဲ့အဆုံးစွန်ရူးသွပ်မှုကို ဖော်ပြထားတဲ့ဒီဇာတ်လမ်းဟာ အစပိုင်းမှာတော့ ဒရာမာလို့ထင်ရပေမဲ့ သည်းထိတ်ရင်ဖို thriller အဖြစ်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားတာမို့ ကြည့်ရှုခံစားကြည့်ကြပါဦး။ File size… 1.3Gb /(836MB)/(406MB) Quality…. 1080p /720p / 480p Format…mp4 Duration….01:38:00 Genre…Comedy/ Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SPK

Crime • Drama
0 2022 101 mins
American Carnage
Sanctioning Evil
5.3

Sanctioning Evil (2022) ================= ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ လူဆိုးတွေကို နှိမ်နင်းမယ့် အက်ရှင်ကားတစ်ကားပါပဲ။ အရှေ့အလယ်ပိုင်းဒေသမှာ တာဝန်ထမ်း ဆောင်နေတဲ့ တပ်ကြပ်ကြီး ရဂျီနယ် ဘားန်ဟာ သူ့ရဲ့အမိန့်ပေးမှုအောက် ကနေ စစ်စည်းမျဉ်းကို သွေဖယ်တဲ့ အမှုတစ်ခုဖြစ်ပြီးနောက် ရာထူးမှ ချခံရပြီး စစ်တပ်မှ ထွက်ခဲ့ရပါတယ်။ မကြာခင်မှာပင် နိုင်ငံရေးသမားတစ်ယောက်ဟာ အထူးတာဝန်တစ်ခု အတွက် ဘားန်ကို ခေါ်ယူခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ စစ်တပ်စစ် ဆင်ရေးတွေနဲ့ ဆန့်ကျင်ဘက် မြေအောက်ဂိုဏ်းတစ်ခုကို အပြတ်ရှင်း ရမယ့်တာဝန်ပါ။ ဥပဒေကနေသွေဖယ်ပြီး လုပ်ကိုင်ရမယ့် ဒီအလုပ်ကို ဘားန်အနေနဲ့ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ၊ ဘယ်လိုမျိုးတွေ လုပ်သွား မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်) File Size……….(1.24 GB) / (500 MB) / (285 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 50mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Zaw Myo Thu Encoder……….SWM

Action • Mystery • Science Fiction • Thriller
5.3 2022
Sanctioning Evil
Girlfriend Na Pwede Na
6.5

Girlfriend na pwede na (2023) imdb6.5/10 ဒီဇာတ်လမ်းလေးကတော့ အချစ် ကြည်နူးမူ နဲ့ ဟာသလေးတွေကို ပေါင်းစုပြီး ကြည့်ရမည့်ကားလေးတစ်ကားပါ အချစ်ကြောင့် ငိုရ ရီရ အခြေအနေအမျိူးမျိူးအကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ဟာသလေးခပ်စိပ်စိပ်နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ရုပ်ရှင်လေးတပုဒ်ဆိုလဲမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့ အချိန်အကြာကြီးအတူရှိလာခဲ့တဲ့ တက်သစ်စဒါရိုက်တာလေးနဲ့ သူ့ရဲ့ချစ်သူ အူကြောင်ကြောင်ကောင်မလေးတိုရဲ့ အဆင်မပြေမှုတွေကနေ စထားပါတယ် ပန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာတော့ အောင်မြင်နေတဲ့အမျိုးသမီးလေး တဦးဖြစ်ပေမယ့် ချစ်သူဒါရိုက်တာလေး သိပ်ကိုရူးသွပ်တဲ့ ရုပ်ရှင်တွေနဲ့ပက်သက်လာရင်တော့ ဘာမှမသိသူလေးပါ…. ကိုယ့်နယ်ပယ်နဲ့ကိုယ် အောင်မြင်နေကြပေမယ့် သူ့ချစ်သူဒါရိုက်တာလေးက မတူညီတဲ့ သူတိုရဲ့နယ်ပယ်တွေကို နှိင်းယှဉ်ပြီး ပန်ကို ဝေဖန်အပြစ်တင်လာတဲ့အခါ… သူတိုရဲ့အချစ်ရေးဟာ အဆင်ပြေပါတော့မလား ဘယ်လိုပြန်ညှိနှိင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ ဒီဇာတ်ကားလေးက ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပြီ ဆုံးရူံးပြီးမှနောင်တရနေရမဲ့အဖြစ်မျိူးတွေကို ရှောင်လိုရအောင် ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ရောနှောဖန်တီးထားတာကြောင့် ရယ်ရယ်မောမောနဲ့ ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ပဲဖြစ်ပါတယ်

Drama • Romance
6.5 2023 99 mins
Girlfriend Na Pwede Na
El Conde
6.6

El Conde (2023) ~ IMDb – 6.6/10, Rotten Tomatoes – 83% ~ ချီလီနိုင်ငံရဲ့ တစ်ချိန်တုန်းက အာဏာရှင်စစ်ဗိုလ်ချုပ်ကြီး ‌အကြောင်းကို ဇာတ်လမ်းဆင်ထားတဲ့ Parallel Universe က အကြောင်းဖြစ်ပါတယ်။ ပိုစိတ်၀င်စားစရာကောင်းတာက ဒီဗိုလ်ချုပ်ကြီးက အသက် နှစ်ပေါင်း ၂၅၀ အရွယ်ရှိတဲ့ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာပါပဲ။ ပီနိုရှက်ဟာ ပြင်သစ်တော်လှန်ရေးတုန်းက စစ်သားတစ်ယောက်ဖြစ်ပြီး သူ သွေးစုပ်ဖုတ်ကောင်ဖြစ်နေတာကို သိသွားတဲ့အခါ ပြင်သစ်ကနေ ချီလီကို ထွက်ပြေးသွားပြီး အော်ဂတ်စတိုပီနိုရှက်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က တစ်ချိန်မှာ အာဏာရှင်ဖြစ်လာပြီး လေးစားကြောက်ရွံ့တာခံရဖို့ပါ။ သူ့ရည်ရွယ်ချက်အတိုင်း ချီလီမှာအာဏာသိမ်းခဲ့ပြီး အာဏာရှင်တို့ ထုံးစံအတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကျင့်ပျက်ခြစားမှုတွေအကုန် လုပ်ခဲ့ပါတယ်။ သူထာ၀ရရှင်သန်နုပျိုဖို့ လူသားတွေရဲ့ နှလုံးကို အရှင်လတ်လတ် အမဲလိုက်စားသုံးတာလည်း ရှိတာပေါ့။ သားသမီးတွေကတော့ ဗိုလ်ချုပ်ကြီး သေတော့မယ်ထင်ပြီး အမွေခွဲဖို့ရာ ပြန်လာကြပါတယ်။ တစ်ဖက်မှာလည်း ဗိုလ်ချုပ်ကြီးမှာ နတ်ဆိုး၀င်နေတာကို နှင်ဖို့ ဘုရားကျောင်းက ကာမန်ဆိုတဲ့ သီလရှင်ကို စာရင်းကိုင်အယောင်ဆောင်ပြီး လွှတ်လိုက်ပါတယ်။ ကာမန်က ဗိုလ်ချုပ်ကြီးအိမ်မှာ သူ့ရဲ့နှစ်ကာလကြာရှည် ဝှက်ထားခဲ့တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ စာချုပ်တွေ ဘဏ်အကောင့်တွေကို ဘာသာပြန်ပေးရင်း ဗိုလ်ချုပ်ကြီးသားသမီးတွေဆီကနေ သူတို့ရဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေ အာဏာရှင်လုပ်ရပ်တွေ အားလုံး သိသွားတဲ့အခါ… သားသမီးတွေကလည်း ကာမန်အယောင်ဆောင်လာတာသိပြီးရှင်းဖို့ လုပ်တဲ့အခါ… ဒီအရှုပ်အထွေးတွေထဲ ဘယ်သူတွေစတေးခံရပြီး ဘယ်သူတွေကျန်ရစ်မလဲ… တစ်ချိန်က အင်္ဂလန်၀န်ကြီးချုပ် မာဂရက်သက်ချာကိုပါထည့်ထားတဲ့ Satire အဖြူအမည်းရုပ်ရှင်အဖြစ် ခွီလည်းခွီရ လန့်လည်းလန့်ရ‌စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 875MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 50Min Genre – Comedy, Fantasy, History Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

6.6 2023 112 mins
El Conde
Firebrand
6.2

Firebrand ရုပ်ရှင်ဟာ Drama ၊ History အမျိုးအစားဖြစ်ပြီး မင်းသားကြီး Jude Law နဲ့အတူ Tomb Rider ထဲက မင်းသမီး Alicia Vikander တို့က ပါဝင်သရုပ်ဆောင် ပေးထားကြပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့အုပ်ချုပ်မှုကြောင့် သွေးစွန်းနေတဲ့အင်္ဂလန်နိုင်ငံမှာ ဘုရင် Henry VIII ရဲ့ ခြောက်ယောက်မြောက်နဲ့နောက်ဆုံးမိဖုရားဖြစ်တဲ့ ကတ်သရင်းပါးဟာ ဘုရင်စစ်ထွက်သွားနေတဲ့အချိန်မှာ နိုင်ငံကိုဘုရင်ခံအနေနဲ့အုပ်ချုပ် ကျန်ရစ်ခဲ့ရပါတယ်။ ကတ်သရင်းဟာ သူ့ရဲ့အစွန်းရောက်ပရိုတက်စတင့်ယုံကြည်မှုတွေကို အခြေခံပြီး တိုင်းပြည်ရဲ့အနာဂတ်သစ်တစ်ခုကိုဖော်ဆောင်နိုင်ဖို့ တွန်းအားပေးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ သူများကိုယုံမှားသံသယ လွန်ကဲတတ်ပြီး ကျန်းမာရေးလည်းချွတ်ယွင်းနေတဲ့ဘုရင်ဟင်နရီ ပြန်ရောက်လာချိန်မှာတော့ အစွန်းရောက်တွေကိုဒေါသပုံချပြီး အစွန်းရောက်တရားဟောဆရာမတစ်ဦးဖြစ်တဲ့ ကတ်သရင်းရဲ့အချစ်ဆုံး သူငယ်ချင်းအန်းကို ဖမ်းဆီးမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ သူငယ်ချင်းအတွက် ဒေါသလည်းထွက် ပူဆွေးသောကလည်းရောက်ရတဲ့ကတ်သရင်းဟာ နန်းတော်ထဲမှာ အရင်မိဖုရားတွေကိုလည်းခေါင်းဖြတ်သတ်ခဲ့တဲ့ ဟင်နရီရဲ့လက်ကနေ သူ့အတွက်သူလွတ်မြောက်အောင် ကြိုးပမ်း ရပါတော့တယ်။ File size…1.55GB / 716MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.2 2023
Firebrand
Borderlands
5.8

ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။ စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်က အသံသရုပ်ဆောင်ပေးထားတာပါ။ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း *************** ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေး တွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ် နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့ လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာ လျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ် နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။ အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက် ၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့ သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိ ကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရ ပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 41m Genre ….. Action , Adventure, Sci-Fi , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2024
Borderlands
Diary of a Wimpy Kid: Rodrick Rules
6.6

Diary of a Wimpy Kid: Rodrick Rules (2011) ~ IMDb – 6.6/10, Rotten Tomatoes – 48% ~ ခြောက်တန်းပြီးလို့ ၇ တန်းရောက်လာတဲ့ ငပိန်ကောင်လေး ဆန့်ကျင်ဖက်လိင်ကို စတင်စိတ်ဝင်စားတတ်လာပါပြီ။ ကျောင်းပြောင်းလာတဲ့ အချောလေးကတော့ သူ့ရဲ့ပစ်မှတ်ပေါ့။ ဒါပေမဲ့လည်း အလယ်တန်းကျောင်းတိုက်ပွဲမှာ အလဲအလဲအကွဲကွဲနဲ့ ခံနေရတာတွေကို တွေ့ရမှာပါ။ ဒီဇာတ်ကားက ကျောင်းက တိုက်ပွဲအကြောင်းမဟုတ်ပါဘူး သူ့အစ်ကိုနဲ့ ဆက်ဆံရေးအကြောင်းပါ။ သူ့အစ်ကိုကလည်း တခြားနေရာတွေမှာ အပျင်းတကာ့ထိပ်ခေါင်ဆိုပေမဲ့ သူ့ကို စဖို့နောက်ဖို့ ကြပ်ဖို့အတွက်တော့ အတက်ကြွဆုံး အကြိုးစားဆုံးနဲ့ သူ့ကို အနိုင်ကျင့်ရတာ အားကစားသာဖြစ်ခဲ့ရင် ရွှေတံဆိပ်ဆုပါပေးသင့်တဲ့အားကစားသမားလိုပါပဲ။ အဲဒီတော့ ငပိန်လေးရဲ့ ၇ တန်း ဒိုင်ယာရီမှာ သူ့အစ်ကိုနဲ့ ကြားကဆက်ဆံရေးကို ပြုပြင်ပြီး ကျောင်းသူသစ်လေးနဲ့ဆက်ဆံရေးကို တံတားထိုးဖို့ ကြိုးစားတာကိုတွေ့ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1GB Quality – BluRay 1080p HEVC, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 39Min Genre – Buddy Comedy, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.6 2011 99 mins
Diary of a Wimpy Kid: Rodrick Rules
Shrek 2
7.4

Shrek 2 (2004) IMDb Rating (7.4) / Rotten Tomatoes (89%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။) File size…(4.9 GB) / (1.6 GB) / (900 MB) Quality….WEB-DL 4K HEVC /Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy Duration….01:33:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Zaya Phyone

7.4 2004 92 mins
Shrek 2