YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Matriarch.2022.480p(CM).mp4

313.83 MB N/A video/mp4 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Help
8.2

IMDb Rating (8.1) အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ ဒီဇာတ်လမ်းကို Kathryn Stockettရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားကာ Ratingအနေနဲ့ကတော့ 8.1အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ The Shawshank Redemption တို့လို Tom Hanksရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်းလေးကိုတော့ အမေရိကန်ပြည်ထောင်စု Mississippi တိုင်း Jacksonမြို့က ၁၉၆၀ခုနှစ်လောက်ကဖြစ်ရပ် အပေါ်အခြေခံထားတဲ့ ဝတ္ထုအပေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင် လူဖြူလူမဲခွဲခြားဆက်ဆံတဲ့အချိန်လေးပေါ့။ ဒါပေမဲ့ ဇာတ်လမ်းမှာ ပျင်းစရာနိုင်ငံရေးတွေ ကြွေးကြော်သံတွေပါတာမျိုးမရှိပါဘူး။ လူတိုင်းကြည့် ထိုက်တဲ့ ဇာတ်ကားကောင်းလို့မြင်ပါတယ်.... Review Crd File size…(3.9 GB)/(1.2 GB) Quality….BluRay 1080p/ 720p Format…mp4 Duration….02:26:35 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH

Drama
8.2 2011 146 mins
The Help
Vacation Home Nightmare
3.2

ဒန်နီအယ်နဲ့ သူမရဲ့သူငယ်ချင်းနှစ်ယောက်က ကွာရှင်းပြတ်စဲခြင်းကိုအောင်ပွဲခံဖို့ အပန်းဖြေအိမ်ကို ရောက်လာခဲ့ကြတယ်။ တကယ်တော့ သူတို့ဌားရမ်းခဲ့တဲ့အပန်းဖြေအိမ်က အပြင်ပန်းကကြည့်ရင်အေးချမ်းသလောက် တကယ်တမ်းမှာလုံးဝအန္တရာယ်မကင်းပါဘူး။ ဇနီးပစ်ခံရတဲ့အတိတ်တစ်ခုကနေရုန်းမထွက်နိုင်တဲ့လူသတ်သမားရဲ့ ပိုင်နက်ဖြစ်နေတာပေါ့။ အိမ်ထောင်ရေးပြိုကွဲသွားတဲ့ အမျိုးသမီးအချို့က စိတ်သစ်လူသစ်ဖြစ်အောင် ထိုအပန်းဖြေအိမ်ကို လာရောက်အနားယူလေ့ရှိကြတယ်။ လူသတ်သမားကလည်း သူ့ဇနီးဟောင်းအပေါ်မှာထားတဲ့ အငြိုးတွေကို အပန်းဖြေအိမ်ကိုလာကြတဲ့အမျိုးသမီးတွေအပေါ်ပုံချပြီး ပစ်မှတ်ထားသတ်ပစ်လေ့ရှိတယ်။ ဒီလိုနဲ့ ဒန်နီအယ်ရဲ့အလှည့်ရောက်လာခဲ့တယ်။ Vacation Home Nightmare ဇာတ်ကားထဲမှာ သာမန် သူလိုကိုယ်လိုလူတွေကြားထဲက လူတစ်ယောက်က လူသတ်သမားဖြစ်နေတာကိုပဲ realityဆန်ဆန် ရိုက်ပြထားပါတယ်။ မမျှော်လင့်ထားတဲ့သေခြင်းတရားနဲ့ နေ့မြင်ညပျောက်တတ်တဲ့သဘောတွေ တော်တော်လေးပါပါတယ်။ Horrorဆန်ပြီးကြောက်ဖို့ကောင်းတဲ့ကားမျိုးမဟုတ်ပဲ realityဆန်တဲ့ဇာတ်ကားတစ်ကားမျိုးပါပဲ။ ဒန်နီအယ်ကလည်း ထိုလူသတ်သမားရဲ့ပစ်မှတ်ဖြစ်လာတဲ့အခါ သူမဆီကျရောက်လာတဲ့ ကပ်ဆိုးကို ကျော်လွှားနိုင်သွားမလား။ ဒါမှမဟုတ် လူသတ်သမားရဲ့သားကောင်တွေထဲကတစ်ယောက်ပဲဖြစ်သွားမလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလို့ရပါပြီ။ File size…(1.31GB)  / (724MB) / (391MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:45:00 Genre...Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Drama
3.2 2023 88 mins
Vacation Home Nightmare
The Past
7.3

မိန်းမနှင့်ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုးရန် အာမက်တစ်ယောက် အီရန်မှပြန်ရောက်လာခဲ့သည်။ သံယောဇဉ်တွယ်ခဲ့သည့်ကလေးများနှင့် ပျော်ရွှင်စွာနှုတ်ဆက်ပြီး ပြင်သစ်မှထွက်ခွာရန်စီစဉ်လာရာ မမျှော်လင့် သောအိမ်ထောင်ဉီးစီးအသစ်နှင့်တွေ့ရှိလိုက်ရသည်။၎င်းနောက်ဘာတွေ ဆက်ဖြစ်မလဲ။ပြဿနာပေါင်းစုံရှာနေတဲ့ သမီးကြီးကရောဘာတွေ သိထားတာလဲ။ချစ်တဲ့ကလေးအတွက် စောင့်ရှောက်ပေးရာက နှစ်မိသားစုရဲ့ အလယ်မှာအာမက်တစ်ယောက် မဆီမဆိုင်ပြဿနာတွေထဲဝင်ပါ ရပါတော့တယ်။ဒါတွေအားလုံးရဲ့လျှို့ဝှက်ချက်နောက်ကွယ်ကဘာလဲ။ လူတိုင်းက အမှားကိုပြုလုပ်တတ်ကြကြောင်းကိုဂရုပြုရိုက်ပေးထားတဲ့ The Past ကားလေးမှာဒရာမာကောင်းကောင်းကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ကြည့်နေကျအမေရိကန်ရုပ်ရှင်တွေနဲ့မတူပဲ ဉရောပကားလေးမိုလို့ ပရိသတ်တွေ ခံစားချက်အသစ်အဆန်းတစ်မျိုးကိုရရှိမှာပါ။ပုံမှန်ရုပ်ရှင် တွေလို ဇာတ်ကွက်မရှုပ်ဘဲ မိသားစုတွေကြားမှာဖြစ်တဲ့ အဖြစ်အပျက် တွေကိုရိုက်ထားတာပါ။ယောကျ်ားနဲ့မိန်းမ အမေနဲ့သမီး မိသားစုတွေကြားမှာ ထားတဲ့ မေတ္တာ သံယောဇဉ်ကိုရိုက်ပြထားပုံကိုလည်းတွေ့ရမှာပါ။ ဇာမ်းလမ်းအေးပေမဲ့ လှပစွာရေးသားထားတဲ့ဇာတ်ညွှန်းနဲ့ လူ့သဘာဝတွေ အသေးစိတ်ရိုက်ပြထားပုံက ပရိသတ်တွေကိုအဆုံးထိကြည့်ဖြစ်အောင် ဆွဲဆောင်စေမှာပါ။တွေ့နေကျကားများထက် သဘာဝကျတဲ့ကားလေး တစ်ပုဒ်ဖြစ်ပါတယ်။မင်းသမီးကလည်း အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆုကိုဆွတ်ခူးထားပါတယ်။ဒါကြောင့် အချိန်ပေးပြီး ကြည့်ရူရင်း ပြင်သစ်ရုပ်ရှင်ရဲ့ကောင်းမွန်ပုံကို ခံစားလိုက်ကြပါစို့။ File size…2.92GB / 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 10m Genre ..... Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Drama • Romance
7.3 2013 130 mins
The Past
The Last House on the Left
6.5

ဒီကားကတော့ 1972ခုနှစ်က ရိုက်ကူးခဲ့ဖူးတဲ့ နာမည်တူ ဇာတ်ကားကိုပဲ 2009 ခုနှစ်မှာ တဖန်ပြန် remake ပြီး ရိုက်ကူးထားတဲ့ horror/thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။ ဒီကားထဲမှာ လူသတ်သမား ခရုဂ် ဟာ သူနေရမယ့် ထောင်ဆီသွားနေတဲ့လမ်းမှာ သူ့ညီ ဖရန့်စစ်နဲ့ သူ့မိန်းမ ဆေဒီတို့က ဖြတ်ကယ်ပြီး ရဲတွေကိုသတ်ပစ်ခဲ့ကြပါတယ်။ တစ်နေ့တော့ မေရီ နဲ့ သူ့သူငယ်ချင်းတို့ဟာ ခရုဂ် တို့မရှိချိန် သူတို့နေတဲ့ မိုတယ်ခန်းထဲရောက်နေတုန်း ခရုဂ်တို့ပြန်လာတာနဲ့ ကြုံလိုက်ရပြီး သူတို့တည်နေရာကို တခြားသူတွေကို ပြန်မပြောပြနိုင်အောင် ပြန်ပေးဆွဲ၊ အကြမ်းဖက် မုဒိမ်းကျင့်ပြီး သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ပြီးတဲ့အချိန်မှာ မုန်တိုင်းတိုက်လာတာကြောင့် တွေ့တဲ့အပန်းဖြေအိမ်တစ်အိမ်ထဲ ၀င်ခိုဖို့လုပ်တဲ့အချိန်မှာ သူတို့၀င်ခိုဖို့ကြိုးစားခဲ့တဲ့အိမ်က မေရီရဲ့မိဘအိမ်တွေ ဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ မေရီရဲ့မိဘတွေဟာ သူတို့ရဲ့လုပ်ရပ်တွေကို သိရှိသွားပြီး လက်စားပြန်ချေဖို့ကြိုးစားတဲ့ ‌ သတ်မယ်ဖြတ်မယ် ဇာတ်ကားကောင်းတစ်ကား ဖြစ်တာကြောင့် thriller ကားကြိုက်သူ‌တွေ သွေးသံတရဲရဲမှကြည့်ချင်သူတွေ မလွတ်တမ်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…(3.08GB/(1.13GB) Quality….Blu-Ray 1080p / 720p  Format…mp4 Duration….01:50:00 Genre... Horror , Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San khant Translated by Jaka

Action
6.5 2009 110 mins
The Last House on the Left
Last Film Show
7.3

ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဆတ္တရာဂျစ်ရေးရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲလို့တော့ မထင်ဘူး။ ဒီကားဟာ ဒီဒါရိုက်တာရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းသွတ်သွင်းထားတဲ့ကားလို့ ဆိုပေမဲ့ ရေခံမြေခံတူတာကြောင့်ရော လွှမ်းမိုးမှုကြောင့်ရော ဖြစ်ကောင်းဖြစ်မယ်။ ဒီတစ်ကားလုံးရဲ့အစအဆုံးမှာ အပုရဲ့ အငွေ့အသက်တွေကို မြင်နေရတာပါပဲ။ ဒါကြောင့်လည်း အသစ်တော့မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Cinema Paradisoအိန္ဒိယဗားရှင်းလို့ ဆိုကြတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားချင်းဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ အငွေ့အသက်တူနေမှာပါပဲ။ ပုဂ္ဂလိက အမြင်အရလည်း ဒီထက်လည်း နည်းနည်းပိုသလိုတော့ရှိတာပဲ။ ဒါပေမဲ့လည်း ဒီကားမှာ ကျွန်တော်တို့မြင်ရမယ့် စီနီမာပရာဒီဆိုရဲ့ အငွေ့အသက်ထက် အပုရဲ့အငွေ့အသက်က ပိုအားကောင်းနေတာတော့ တော်တော်လေးမြင်သာတယ်။ casting က အစ , ဇာတ်ရဲ့ဓာတ်ကူပစ္စည်းတွေအလယ် , ဖွဲ့စည်းပုံကနေ နောက်ဆုံး သိမ်းပုံအထိပါပဲ။ တူနေတာတော့မဟုတ်ပေမဲ့ အငွေ့အသက်ကထင်းနေတယ်။ အိန္ဒိယရဲ့ အော်စကာတန်းဝင်ကားတစ်ကားမှာ ရေးရဲ့အငွေ့အသက်ရတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပဲ။ နောက်ဆုံးအနေနဲ့ အိန္ဒိယ ပဏာမစာရင်းဝင်ထားတာ ၂၀၀၁တုန်းက Lagaanဆိုတဲ့ကားနဲ့ဆိုတော့ ၂၂နှစ်တောင်ကြာပြီကိုး။ The Last Film Showဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း အဓိကရိုက်ပြထားတဲ့ကားပေမဲ့ သူ့ဆွဲဆောင်မှုက အဲဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တခြားဆွဲဆောင်မှုတွေလည်းပါပါတယ်။ တစ်ဖြတ်တစ်ဖြတ်ဆိုသလို အဓိကဇာတ်ကောင် အာမေးရဲ့အမေ ချက်ချက်ပြသွားတဲ့ အိန္ဒိယဟင်းလျာတွေကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ Tribute အနေနဲ့ ထည့်ပြောသွားတဲ့ထဲ တာကော့စကီးတို့ စတန်လေကူးဘရစ်တို့ ရေးတို့ အင်ဂမာဘာ့ချ်မန်းတို့ ကင်းဟူတို့ ကူရိုဆာဝါတို့ ဂိုးဒတ်တို့လို ထိပ်ဆုံးမှ ထိပ်ဆုံး ဒါရိုက်တာတွေ ပါပေမဲ့ ထူးတာက အဲဒီထိပ်မှာ သူက အိန္ဒိယဒါရိုက်တာ Manmohan Desaiတို့ အမီတာဘချမ်းတို့ ခန်သုံးခန်တို့ကို ထိပ်မှာအရင်ထည့်သွားပါတယ်။ ပြတဲ့ကားတွေကလည်း သူတို့ကားတွေပါပဲ။ သူ့ငယ်ဘဝရဲ့ကောက်ကြောင်းဆိုတော့ သူ့အတွက် Nostalgia ဖြစ်ရတဲ့ လူတွေကို ရှေ့ကထားသွားခဲ့တယ်။ သူ့ကိုရုပ်ရှင်ပြတဲ့ဖလင်ထိုးသမားပြောတဲ့ ရုပ်ရှင်အပေါ် သူ့အမြင်တွေကတော့ နည်းနည်းတော့ သဘောမကျချင်စရာကောင်းသလိုလိုရှိပေမဲ့ အဲဒီလူ တကယ်ပြောခဲ့တဲ့အတိုင်း ထည့်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာနေနေ The Last Film Show ဟာ Samsara လိုကားမျိုးကို ရိုက်ခဲ့တဲ့ Pan Nalinရဲ့ မာစတာပိစ်ကားလို့တော့ ပြောမရပေမဲ့ တော်တော်လေးကောင်းတဲ့ အိန္ဒိယ Art House Filmလို့တော့ ပြောလို့ရပါတယ်။ အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက် သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။ ဘယ်လိုပဲခက်ခဲခက်ခဲ လောကကြီးရဲ့အကျယ်ပြောဆုံးမြင်ကွင်းဖြစ်တဲ့ ရုပ်ရှင်တွေကို ချစ်တဲ့လူတွေကတော့ ကြည့်ခွင့်ရဖို့ ရအောင်ကြိုးစားကြမှာပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးခဲ့ရင် ပိုလှပနေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…1.68GB | 870MB | 484MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.3 2022 110 mins
Last Film Show
Kaliwaan
5.8

18+ ဆိုပြီး အားရပါးရပြေးမငမ်းခင် တစ်ခုသတိပေးချင်တာက ဒီဇာတ်ကားက သတ်ခန်းဖြတ်ခန်း သွေးထွက်သံယိုတွေနဲ့ Thriller အမျိုးအစားလဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဘူဂီက သာမန်လူလတ်တန်းစားမိသားစုက မွေးဖွားလာပြီးကျောင်းတက်အလုပ်လုပ်နေဆဲလူငယ်တစ်ယောက်ဖြစ်ပြီး၊ သူ့မိဘတွေကတော့မုန့်တိုက်တစ်ခုဖွင့်ထားပါတယ်။ သူ့ကောင်မလေး မော်နီကာ ကတော့ အနှိပ်ခန်းတစ်ခုမှာ အလုပ်လုပ်ပြီး မကြာခဏငွေတောင်းကြမ်းတဲ့ အဒေါ်လောင်းကစားသမားကြောင့် ဒီဘဝက ရုန်းထွက်လွတ်မြောက်ဖို့ ကြိုးစားရင်း သံသရာလည်နေရသူပါ။ တစ်နေ့တော့ မော်နီကာကိုတစ်ဖက်သတ်ကြိတ်ကြိုက်နေတဲ့ ရာဂျီဆိုတဲ့လူတစ်ယောက်က အလုပ်ရှာပေး ငွေတွေနဲ့မက်လုံးပေးရင်း မော်နီကာရဲ့ကာမကိုရယူချိန်မှာ ဘူဂီတွေ့မြင်သွားခဲ့ပြီး ရုတ်တရက် ဖြစ်ပေါ်လာတဲ့ သဝန်တိုပူလောင်မှုနဲ့ ရာဂျီခေါင်းကိုခဲနဲ့ထုသတ်ဖို့ကြိုးစားပါတယ်။ မော်နီကာအဆွဲမြန်လို့ သေတဲ့အထိဖြစ်မသွားပေမယ့် အဲ့ဒါကြောင့်ပဲ ပြဿနာပိုကြီးဖို့ဖြစ်လာပါတော့တယ်။ ရာဂျီရဲ့မိသားစုဟာ သြဇာကြီး၊ ငွေကိုရေလိုသုံးပြီးတော့ သူတို့သားအတွက် ကလဲ့စားကိုရအောင်ယူမှာဖြစ်သလို၊ ဘူဂီရဲ့မိခင်ကလဲ သူ့သားအန္တရာယ်မကျရောက်စေဖို့ ဘူဂီဦးလေးဖြစ်သူရဲအရာရှိကိုအကူအညီတောင်းမိသွားတဲ့အခါ..။ ဘူဂီနဲ့မော်နီကာတို့တင်မက သူတို့ရဲ့မိသားစုတွေပါ ဒီပြဿနာအရှုပ်ထုပ်ထဲ ဘယ်လိုနစ်ကျွံဝင်သွားမလဲ? သူတို့အတွက်အဖြေ ဒါမှမဟုတ် ထွက်ပေါက်တစ်ခုကိုအချိန်မှီရှာတွေ့ကြမလားဆိုတာ ဆက်လက်ရှုစားကြပါ။ Vivamas Princess လို့ခေါ်ကြတဲ့ညှို့မင်းသမီးပေါက်စလေး AJ Raval နဲ့အတူ Vince Rillon "Siklo" (2022) တို့ဦးဆောင်ပါဝင်ထားပြီး မင်းသမီးအသစ်လေးတစ်ချို့ကိုလဲ မိတ်ဆက်ပြထားပါသေးတယ်။ စိတ်ညစ်ညူးစရာကောင်းအောင် ကြမ်းတမ်းရက်စက်တဲ့ နှိပ်စက်သတ်ဖြတ်ခန်းတွေ၊သာမန်လိင်ဆက်ဆံခန်းတွေတင်မက၊ Incest တွေ သီရိစံတွေပါ ပါဝင်တဲ့အတွက်မိသားစုနဲ့လုံးဝကြည့်လို့မရတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File Size : (1.5 GB) & (600 MB) Quality : WEB-DL 1080p & 720p Running Time : 01:52:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Alias Encoded by RGB

Drama • Romance
5.8 2022 111 mins
Kaliwaan
Mortal Engines
6.2

Mortal engines ဗြိတိသျှစာရေးဆရာ ဖီးလစ်ရိဖ့်ရဲ့ "Mortal engines"ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ် "Mortal engines"ဆိုတဲ့ စာအုပ်ဟာ ၂၀၀၁ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် ၄အုပ်တိတိ ထွက်ရှိခဲ့ပါတယ် ပထမဆုံးအနေနဲ့ ၂၀၁၈ခုနှစ်မှာ စာအုပ်ကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တာပါ ဒီဇာတ်လမ်းကို ဆန်းသစ်တဲ့အတွေးအခေါ် အိုင်ဒီယာတွေနဲ့ ဇာတ်အိမ်ဖွဲ့စည်းတည်ဆောက်ထားပြီး ကမ္ဘာပျက်သွားပြီးတဲ့နောက် လူတွေရဲ့ နေထိုင်ရှင်သန်မှုတွေကို အတွေးစိတ်ကူးကောင်းကောင်းနဲ့ ပရိသတ်ကို တင်ပြထားပါတယ် ၂၁ရာစုကို သိပ္ပံပညာရပ်အထွန်းကားဆုံး ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး အချိန်ကာလအဖြစ် ညွှန်းဆိုထားခဲ့ပြီး အဆုံးစွန်ထိစွမ်းအားကြီးတဲ့ အဖျက်လက်နက်များကို တီထွင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ မိနစ်၆၀ အတွင်းမှာတင် ကမ္ဘာကြီးဟာ အစိတ်အမွှာမွှာဖြစ်သွားခဲ့ရပါတယ် ဇာတ်ကားထဲက အချိန်ကာလမှာတော့ ၂၁ရာစုကလူတွေကို ရှေးဟောင်းလူသားတွေလို့ ပြောဆိုသုံးနှုန်းကြပြီး ပေါင်မုန့်မီးကင်စက်လေးတစ်လုံးဟာ ပြတိုက်ထဲမှာ အမြတ်တနိုး ထားရမယ့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်လို့နေပါတယ် မိနစ် ၆၀စစ်ပွဲကြောင့်သာ ကမ္ဘာကြီးဒီလိုဖြစ်ပျက်နေတယ်လို့ နားလည်ကြပြီး ၂၁ရာစု(ရှေးခေတ်)နည်းပညာတွေကို အာသာငမ်းငမ်းပြန်လည်လိုချင်နေကြတဲ့ လူသားတွေအဖြစ် သရုပ်ဖော်ထားပါတယ် ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဒီကားကို အထူးညွှန်းဆိုစရာမလိုအပ်ဘူးလို့ ထင်ပါတယ်... File Size : (2 GB) , ( 1 GB), ( 444 MB) Quality : BluRay 1080p 5.1 CH , BluRay 720p , BluRay 480p Running Time :2hr 08 min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King & Aye Mon Kyaw Encoded by Moe Myint Lwin

Comedy
6.2 2018 129 mins
Mortal Engines
Samsara
7.7

Samsara (2001) ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ Directed By ” Pan Nalin ” ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။ ” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.23GB, 1.01GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 18Min Genre – Adventure, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2001
Samsara
Lost & Found [Objetos]
5.4

Lost & Found (2022) ================ မာရီယိုဆိုတဲ့ လူတစ်ယောက်က ပစ္စည်းပျောက်ထိန်းသိမ်းရေး ရုံးမှာအလုပ်လုပ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့ မြစ်အောက်က နေ ရှာတွေ့တဲ့ ပျောက်ဆုံးပစ္စည်းတွေနဲ့အတူ ခရီးဆောင်အိတ် တစ်လုံး သူ့ဆီ ရောက်လာပါတော့တယ်။ ပျောက်ဆုံးပစ္စည်းတွေကို ပြန်ပြင်ပေးလေ့ရှိတဲ့ မာရီယိုက ထိုခရီး ဆောင်အိတ်ကို ပြန်ပြင်ပေးဖို့ရန်အတွက် ဖွင့်ကြည့်လိုက်တဲ့အချိန် မှာတော့ ထိတ်လန့်တုန်လှုပ်သွားပါတော့တယ်။ သူထိတ်လန့်တုန်လှုပ်သွားရအောင် ခရီးဆောင်အိတ်ထဲမှာ ဘာတွေ ပါလာတာမို့လဲ၊ ဘာကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့တာလဲ၊ ခရီး ဆောင်အိတ်ကို ဖွင့်ကြည့်ပြီးတော့ မာရီယိုတစ်ယောက် တစ်ခုခု ဘာကြောင့်အသည်းအသန် စုံစမ်းစစ်ဆေးနေတာလဲဆိုတာကို ဆက် လက်ကြည့်ရှူပေးကြပါဦး။ Mystery ဆန်ပြီး ဇာတ်လမ်းငြိမ့်ငြိမ့် လေးနဲ့ ဆွဲခေါ်သွားမှာမို့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော် လင့်ပါတယ်။ ဒီဇာတ်ကားမှာအဓိကဇာတ်ဆောင်ဖြစ်တဲ့သူကတော့ ခင်ဗျားတို့ အချစ်တော် Money Heist Seriesက Profesor အဖြစ်သရုပ်ဆောင် တဲ့ Alvaro Morte ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Parris ဖြစ်ပါတယ်) File Size……….(1.3 GB) / (520 MB) / (291 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller, Mystery Translator…….Parris Encoder……….SWM

5.4 2022
Lost & Found [Objetos]
Let the Dance Begin
6.9

Let the Dance Begin (2023) ~ IMDb – 6.9/10, Rotten Tomatoes – 100% ~ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Comedy, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.9 2023 99 mins
Let the Dance Begin
Dog Days Are Over
5.9

မာရှန့်ဟာ သက်လတ်ပိုင်းအရွယ်မှာ မိန်းမနဲ့ ကွာရှင်းခဲ့ရပြီး အကြွေးတွေ တင်နေတဲ့အတွက် ဘဝကြီးဟာ လမ်းဆုံးကို ရောက်နေသလို ခံစားနေရပါတယ်။ နေ့စဉ်နဲ့အမျှ သေဖို့ စဉ်းစားနေတဲ့ သူ့အပေါ် ကံကြမ္မာရဲ့ စနောက်မှုဟာ မပြီးဆုံးသေးပါဘူး။ သူ့အရင်ဇနီးကို လုသွားတဲ့လူကို လိုက်သတ်ဖို့အတွက် လိုက်ရင် လမ်းမှာ တောင်ပြိုတဲ့အတွက် လှိုဏ်ခေါင်းထဲမှာ ပိတ်မိနေပါတော့တယ်။ လှိုဏ်ဂူထဲမှာ သူ့အရင်ဇနီးနဲ့ လက်ထပ်သွားသူ မိုက်ကယ်၊ မင်္ဂလာပွဲက ထွက်ပြေးလာသူ ရွှယ်လီ ကုန်ကားဒရိုင်ဘာ လောင်ဝမ်တို့နဲ့ ပိတ်မိနေတဲ့အခါ…… သူတို့တွေ အသက်ရှင်ဖို့ ဘယ်လို ကြိုးစားကြမလဲ…… နောက်ပိုင်းမှာရော ဘယ်လို အန္တရာယ်ကြီးတွေက စောင့်နေလိမ့်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
Dog Days Are Over
Batman: Bad Blood
6.7

Batman: Bad Blood (2016) IMDb – 6.7/10 Genre – Animation/Action/Adventure ကာတွန်းကားလို့တောင်ပြောဖို့မတန်တဲ့DCရဲ့ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအတက်အကျကြမ်းလွန်းတဲ့batmanရဲ့ကားကောင်းတစ်ခုဖြစ်ပါတယ်။ Batwomanနဲ့Electrocutioner, Blockbuster, Firefly, Killer Mothတို့လိုvillainအကြမ်းစားတွေချနေတာနဲ့ ဇာတ်လမ်းကိုစဖွင့်ထားပြီးBatmanကဝင်ကူပေးတဲ့အခန်းမို့ သူ့ရဲ့hero introကိုကောင်းကောင်းခံစားကြရမှာပါ။ Hereticလို့ခေါ်တဲ့villainရောက်လာကာ အဆောက်အဦးကိုပေါက်ကွဲစေခဲ့ပါတယ်။ BatmanဟာBatwomanကိုကယ်ပြီးလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ ရက်သတ္တပတ်တွေကြာပြီးတဲ့အခါမှာတော့ AlfredဟာNightwingကိုအချက်ပြမှုတွေပေးပို့ခဲ့ပါတယ်။ Damian Wayneဟာလည်းသူပျောက်သွားတာကို သတင်းကနေကြည့်ရပြီးတော့Gothamကိုပြန်လာဖို့လုပ်နေပါပြီ။ ဒါပေမယ့် သူဘာလို့ပျောက်သွားခဲ့တာလဲ… NightwingကBatman suitဝတ်ထားတာကိုရော Damian Wayneလေးကအမြင်ကြည်ပါ့မလား… Hereticကရော ဘာတွေကြံနေတာလဲဆိုတာကိုတော့… File size… 1 GB / 442 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Tariq L Walker

6.7 2016
Batman: Bad Blood
Inferno
6.5

ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်ထွက် “Inferno” ဖြစ်ပါတယ်။ ဒါရိုက်တာ Dario Argento ရဲ့ သဘာဝလွန်ဖြစ်ရပ်ဆန်း ရုပ်ရှင်ဖြစ်ပြီးတော့ “Three Mothers” ဇာတ်လမ်းတွဲ၏ ဒုတိယမြောက်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက နယူးယောက်မြို့ကို နေရာယူထားပြီး Rose Elliot (Irene Miracle) ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားဖွယ် စုံစမ်းမှုနဲ့ စတင်ပါလိမ့်မယ်။ Rose က “The Three Mothers” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဖွေတွေ့ရှိပြီး အဲဒီစာအုပ်ထဲမှာ ကမ္ဘာ့အမှောင်မိခင်သုံးဦးတွေ့ရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။ Rose က သူနေတဲ့ အဆောက်အအုံမှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေရာက Mater Tenebrarum (အမှောင်၏မိခင်) နှင့် ဆိုင်တဲ့ ဖြစ်ရပ်ဆန်းတွေကို ရင်ဆိုင်တွေ့လာရတယ်။ Rose အမူအရာထူးထူးဆန်းဆန်း ဖြစ်နေတဲ့အခါမှာတော့သူရဲ့မောင်ဖြစ်သူ Mark (Leigh McCloskey) က ရောမကနေ နယူးယောက်ကို ခရီးထွက်ပြီး Roseရဲ့ သွားရာလမ်းကို စုံစမ်းရင်း ကြောက်ရွံ့မှုများ၊ နက်နဲတဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေတွေ့ရှိရမှာ ဖြစ်ပါတယ်။ Keith Emerson ရဲ့ အံ့သြစရာ တေးဂီတတွေနဲ့အတူ Argento ရဲ့ နက်နဲပြီး စိတ်ကူးယဉ်ဆန်သော ရိုက်ချက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ ၁၉၈၀ ​ရဲ့ horror ကားဆိုတော့ အခုခေတ် horror flowနဲ့တော့အတော်လေးကွာခြားတာကိုမြင်ရမှာပါ။ အတိအကျကိုတော့ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

6.5 1980
Inferno
Kid Snow
6.1

CM ပရိသတ်ကြီးကို သိပ်မကြားသေးခင်ကတင်ထွက်ထားတဲ့ Kid Snow ဆိုတဲ့လက်ဝှေ့ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ “Kid Snow” က ၂၀၂၄ ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ သြစတြေးလျ အားကစား ဒရာမာရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Paul Goldman မှ ဒါရိုက်တာလုပ်ကာ John Brumpton မှ ဇာတ်ညွှန်းရေးသား ထားပါတယ်။ Billy Howle နှင့် Phoebe Tonkin တို့ ပါဝင် သရုပ်ဆောင်ထားသည့် ဒီရုပ်ရှင်က ၁၉၇၀ ပြည့်လွန်နှစ်များကို အခြေခံထားပြီး ဇာတ်လမ်းမှာ နာမည်ကျော်ခဲ့ဖူးသော်လည်း ယခုအခါ လက်ရည်ကျဆင်းနေသော လက်ဝှေ့သမား Kid Snow (Billy Howle) ၏ ဘဝအကြောင်းကို ရိုက်ကူးထားပါတယ်။ ဇာတ်ကားတွင် Kid Snow က လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက သူနှင့် ယှဉ်ပြိုင်ခဲ့ဖူးသူကို ပြန်လည်ယှဉ်ပြိုင်ရန် အခွင့်အရေးရ လာသောအချိန် သူ့ဘဝကို ပြန်လည်တည့်မတ်ရန် ကြိုးစားရင်း အနိုင်ပြန်လည်ယူနိုင်ပါ့မလား အရင်လိုပဲ လက်ဝှေ့လောကရဲ့ မသမာမှုတွေ လှည့်ကွက်တွေမှာပဲ ဆက်လက်နစ်မွန်းနေဦးမှာပဲ လားဆိုတာကိုကြည့်ရှူခံစားရမှာပါ သည်ရုပ်ရှင်ကို သြစတြေးလျနိုင်ငံ၊ အနောက်သြစတြေးလျဒေသတွင် ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ရိုက်ကူးခဲ့ပြီး ၂၀၂၄ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် Sydney Film Festival တွင် ပထမဆုံး ပြသခဲ့ပါတယ်။ သြစတြေးလျတွင် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ရုံတင်ပြသခဲ့ပြီး အမေရိကန်ပြည်ထောင်စုတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကမှ ရုံတင်ပြသခဲ့တာပါ။ ဇာတ်ကားသည် ဝေဖန်သူများထံမှ အမျိုးမျိုးသောတုံ့ပြန်မှုများရရှိခဲ့ပြီး ဇာတ်ညွှန်းနှင့် ဇာတ်လမ်းဖွဲ့စည်းပုံတို့ကို ဝေဖန်ခံခဲ့ရသော်လည်း Phoebe Tonkin ၏ သရုပ်ဆောင်မှုကို အထူးချီးကျူးခံခဲ့ရသည်။ Tonkin သည် ၂၀၂၅ ခုနှစ် AACTA Awards တွင် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည်။ File size… (1.76 GB) / (995 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing

Drama
6.1 2024 127 mins
Kid Snow