YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Matcha Anda(2022)Ep.29.mp4

425.1 MB N/A video/mp4 177 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Last Kind Words
4.7

Last Kind Words (2012) ================= Horror, mystery စိတ်ဝင်စားစရာ အပြည့်နဲ့ Horror ကားဟောင်းလေးဖြစ်ပါတယ်။ အီလိုင်ဆိုတဲ့ ကောင်လေးတို့ မိသားစုဟာ ကန်တက်ကီနယ်မြေက မြို့ငယ်လေးကိုပြောင်းလာ ခဲ့ပါတယ်။ သူတို့ပြောင်းလာတဲ့အိမ်က အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဖြစ်ခဲ့ပြီး လူမည်းကျွန်များစွာကို ကြိုးပေးခဲ့တဲ့ခြံကြီးပါ။ အီလိုင်က အထီးကျန်တိုင်းတော ထဲကို သွားလေ့ရှိတယ်။ သူ့နားမှာလည်း အမန်ဒါဆိုတဲ့ မိန်းကလေးတစ်ယောက်က အမြဲရှိနေတဲ့အတွက် အမန်ဒါနဲ့ခင်သွားပါတယ်။ တကယ်တော့ အမန်ဒါက လွန်ခဲ့တဲ့နှစ်(၅၀)လောက်က သူတို့ခြံထဲမှာပဲ ကြိုးပေး ခံခဲ့ရတဲ့ ကောင်မလေးဖြစ်ပြီး အီလိုင်ရဲ့အဖေနဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ မကျွတ် လွတ်သေးတဲ့ အမန်ဒါနဲ့ သူ့ရဲ့လူ့ဘဝက ဇာတ်လမ်းကို အီလိုင်သိသွားတဲ့အခါ ဘ တွေဆက်ဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(1.3 GB) / (550 MB) / (344 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Mystery Translator.......Thiha Yan Naing Encoder..........SWM

Crime • Drama • Mystery • Romance • Thriller
4.7 2012 85 mins
Last Kind Words
[18+] Y Tu Mamá También
7.7

Y Tu Mamá También (2001) ~ IMDb – 7.7/10, Rotten Tomatoes – 92% ~ (လိင်ဆက်ဆံခန်းများနှင့် ကြမ်းတမ်းသောစကားများပါဝင်သောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ) သူငယ်ချင်းတွေကြားမှာ အမှန်တရားတွေ ဝင်လာရင် ဘယ်လိုလုပ်ရမလဲ။ ဘယ်လောက်အတိုင်းအတာထိများ စည်းကျော်မိရင်ရော သူငယ်ချင်းသံယောဇဉ်တွေ ပြတ်တောက်သွားနိုင်သလဲ။ Tenoch နဲ့ ဂျုလီယိုတို့ဟာ အတွဲညီညီနဲ့ သိပ်ကို ခင်မင်ရင်းနှီးခဲ့ကြတဲ့ သူငယ်ချင်းကောင်းတွေပါ။ ဒါ့အပြင် သူတို့ရဲ့ရည်းစားတွေဖြစ်တဲ့ကောင်မလေးနှစ်ယောက်ဟာလည်း အကောင်းဆုံးသူငယ်ချင်းတွေ ဖြစ်နေပါသေးတယ်။ ​သူတို့တွေရဲ့ရည်းစားဖြစ်သူ ကောင်မလေးနှစ်ယောက် ဥရောပတစ်ခွင်ကို ခရီးထွက်သွားလို့ ကျန်ခဲ့ရတဲ့ကောင်လေးနှစ်ယောက်ရဲ့ အထက်တန်းကျောင်းပြီးကာစ အားလပ်ရက်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းကြောင်းတစ်ခု… ဆေးခြောက်လေးသောက်လိုက်၊ ရေကူးပြိုင်လိုက်နဲ့ သာယာနေတဲ့ကောင်လေးနှစ်ယောက်ဟာ မတော်တဆ မမတစ်ယောက်နဲ့ တွေ့မိတဲ့အခါ… မမဝေဒနာကြောင့် ဖြစ်လာကြမယ့် နောက်ဆက်တွဲတွေ၊ ခိုက်ရန်ဖြစ်ပွားရခြင်းတွေကို ပေါ့ပေါ့ပါးပါး သို့မဟုတ် ခါးသီးတဲ့အမှန်တရားတွေကြောင့် အံ့သြတကြီးကြည့်ရှုနေရမှာ အသေအချာ… မမတစ်ယောက်နဲ့ Road-trip တစ်ခု။ Road-trip တစ်ခုနဲ့ မမတစ်ယောက်ကြားမှာ အဝေမတည့်ဖြစ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ ကလေးဆန်မှု၊ မရင့်ကျက်မှုတွေကို ဒီဇာတ်ကားကနေတဆင့်တွေ့မြင်ရမှာဖြစ်တဲ့အတွက်ကြောင့် ဆိုးခဲ့ မိုက်ခဲ့ဖူးတဲ့အချိန်တွေရှိခဲ့ရင်လည်း သေချာပေါက် လွမ်းရမှာပါ။ သုံးလောကမှာ တစ်ခုတည်းသောဝေဒနာရှိရင် အဲဒီဝေဒနာဟာ မမပဲဆိုပေမဲ့… ဒီဇာတ်ကားထဲက မမ လူဝီဆာတစ်ယောက်ရဲ့ စိုးရိမ်မှုတွေဟာရော ဘာများဖြစ်လိမ့်မလဲ စိတ်ဝင်စားစရာပဲ။ ဒီ့အပြင် ဒီဇာတ်ကားကိုရိုက်ခဲ့တဲ့ ဒါရိုက်တာဟာ အဲဒီနှစ်ကာလတွေတုန်းက မက္ကဆီကိုဒေသရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေရဲ့ အပုပ်အပွတွေ အကြောင်းကို ခပ်ပါးပါးလှစ်ဟပြထားခဲ့သေးတယ်။ ဒီလိုလေးနက်တဲ့အကြောင်းတွေကို ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ဇာတ်လမ်းကြောင်းထဲ ဆီလျော်အောင်ထည့်ပြီး တင်ဆက်ပြသနိုင်တာ သိပ်လေးစားဖို့ကောင်းတယ်ဆိုရလိမ့်မယ်။ ဒါကြောင့်ပဲ ဒီဇာတ်လမ်းပြသခဲ့ချိန်တုန်းက ပြင်းထန်တဲ့ဝေဖန်မှုတွေရခဲ့ပေမယ့်လည်း Golden Globe Awards လို ဆုပေးပွဲမျိုးမှာ Best Foreign Language Film အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့တာဖြစ်လောက်မယ်။ ပြီးတော့ အပိုထပ်ဆောင်းအချက်အလက်တစ်ခုအနေနဲ့ပြောရရင် ဒီဇာတ်ကားဟာကောင်လေးတွေရဲ့ အရွယ်ရောက်ကြီးပြင်းလာခြင်း အဆင့်ဆင့်ကို အပိုအလိုမရှိ ကွက်တိပုံဖော်ထားနိုင်တဲ့ဇာတ်လမ်းမျိုးတစ်ခုဖြစ်တာကြောင့် ကြည့်ရှုရမယ့်စာရင်းထဲ သေချာပေါက်ထည့်ထားသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို tadaa_j မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 960MB Quality – REMASTERED 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 46Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by tadaa_j Encoded by Y

Action • Horror • Thriller
7.7 2001
[18+] Y Tu Mamá También
I Am Dragon
6.8

I am Dragon (2015) နဂါးလေးကိုမှ ချစ်မိနေပါပြီဆိုတဲ့ CMပရိသတ်တို့အတွက် Animationကောင်းကောင်းနဲ့ Positive review တွေပိုင်ဆိုင်ထားတဲ့ IMDb-6.8ရ ရုရှားနဂါးကားလေး တင်ဆက်ပေးချင်ပါတယ်။ တောင့်တောင့်ဖြောင့်ဖြောင့် six pack နဲ့ နဂါးလေးရယ် လှရက်လွန်းလှတဲ့ မင်းသမီးလေးရယ်ကို ငမ်းရတာနဲ့တင် အတော်တန်တဲ့ ရုပ်ရှင်လေးဆိုတော့ ရုရှားအဆင်‌လေး ပြောင်းကြိုက်ချင်သူတွေအတွက်တော့ ကြည့်သင့်တဲ့ရုပ်ရှင်လေးဖြစ်ပါကြောင်း…. တစ်ချိန်က နဂါးတွေကြီးစိုးနေစဉ်ကာလမှာ မြို့ငယ်လေးတစ်မြို့က လူတွေက ရွာကအပျိုချောတွေကို နဂါးကြီးကို ဆက်သရပါသတဲ့။ ဒီမိန်းကလေးတွေကို နဂါးစာအဖြစ် ဆက်သနေရတာဟာ ဒီမြို့လေးအတွက်တော့ ဓလေ့ထုံးစံတစ်ခုလိုဖြစ်လာခဲ့ပါတယ်။ သိပ်ချစ်တတ်တဲ့ လူငယ်တစ်ယောက် မပေါ်လာခင်ပါပဲ။ ဒီလူငယ်လေးကတော့ နဂါးကိုဆက်သရတော့မယ့်ချစ်သူမိန်းကလေးကို အရပြန်လုဖို့ စိတ်ပိုင်းဖြတ်ခဲ့ပေမဲ့ အလာကောင်းပေမဲ့ အခါနှောင်းသွားခဲ့ရပါတယ်။ ချစ်သူကို ကယ်ဖို့မမီလိုက်တဲ့ ဒေါသဇောနဲ့ပဲ အချစ်ကြီးတဲ့လူငယ်လေးက နဂါးကြီးကို လှံနဲ့ပစ်ခွင်းအနိုင်ယူပြီး နဂါးသတ်သမားဘွဲ့ကို ခံယူလိုက်ပါတော့တယ်။ နှစ်တွေကြာတော့ နဂါးဆိုတာ တကယ်ရှိတယ်တောင်မထင်ရတော့တဲ့အထိ ဒဏ္ဍာရီတစ်ပုဒ်သာသာဖြစ်လာတာပေါ့။ အခုလက်ရှိမှာတော့ ဒီနဂါးသတ်သမားရဲ့မျိုးဆက်ဖြစ်တဲ့ အီဂါဆိုတဲ့လူငယ်လေးဟာ မြို့ကိုအုပ်စိုးတဲ့မင်းသားကြီးရဲ့ သမီးထွေးနဲ့ လက်ဆက်ဖို့ပြင်နေပါတယ်။ ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ နဂါးတွေ နတ်သမီးပုံပြင်တွေကြားမှာ မွေ့လျော်နေတဲ့သမီးဖြစ်သူကို သူရဲကောင်းမျိုးဆက်လက်အပ်ချင်တဲ့မင်းသားကြီးနဲ့ တစ်ဖက်က သူရဲကောင်းအဘိုးရဲ့အရှိန်အဝါနဲ့ ဂုဏ်မောက်နေတဲ့အီဂါတို့ကြား နေရကြပ်နေတဲ့ မီယိုဆာလ်ဗာမင်းသမီးလေးတစ်ယောက် လက်ထပ်ပွဲမှာ နဂါးခေါ်သီချင်းဆိုပြီးနောက်မှာ နဂါးကြီးက ဂူကြီးတစ်ခုထဲကို ခေါ်သွားတာခံလိုက်ရတဲ့အခါ… ကျင်းထဲမှာ မီယာနဲ့တွေ့တဲ့ အမည်မသိကောင်လေးက ဘယ်သူလဲ။ မီယာကိုခေါ်လာတဲ့နဂါးကြီးကရော ဘယ်ရောက်သွားလဲ။ နဂါးသတ်သမားမျိုးဆက်ဆိုပြီး လက်စွမ်းပြချင်တဲ့အီဂါတစ်ယောက်ကရော မီယာကိုကယ်တင်ဖို့ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mary Christ ပဲဖြစ်ပါတယ်) Genre….. Adventure, Fantasy, Romance Quality…. 1080p | 720p File size… 1.6GB | 805MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.8 2015
I Am Dragon
Romance with a Twist
6.7

Romance with a Twist (2024) ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။ Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 703MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2024
Romance with a Twist
Planetquake

2024 ခုနှစ်ထွက် Disaster, sci-fi ကားလေးတစ်ကား လာပါပြီ။ ထုံးစံအတိုင်း ကမ္ဘာကြီးကို ဘေးအမျိုးမျိုးနဲ့ ဒါရိုက်တာတွေက လက်စွမ်းပြဖျက်ဆီးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးမှာတော့ ဦးသန်မာကမ္ဘာကြီးပဲ ယက်ကန်ယက်ကန်နဲ့ ဆက်လက်တည်ရှိသွားမယ့် ဇာတ်လမ်းကျောရိုးပါ။ ကဲ အခုတစ်ခါလည်း ကမ္ဘာကြီးကို ဘယ်လိုဇာတ်လမ်းဆင်ပြီး ဖျက်ပြကြဦးမလဲ ကြည့်ကြရအောင်ပါ။ ဒေါက်တာ မီလီ၊ ဒေါက်တာ ဒရက်စ်ဒန်မောင်နှမဟာ ငလျင်ဗေဒပညာရှင် ဉာဏ်ကြီးရှင်ငတော်ကြီးနှစ်ယောက်ပါ။ ပြောရရင် အစ်ကိုဖြစ်သူဒရက်စ်ဒန်က ပိုတော်ပါတယ်။ တော်လွန်းလို့ အမေရိကန်စစ်တပ်က အာကာသနျူကလီးယားလက်နက်အခြေစိုက်စခန်းစီမံကိန်းမှာ ခေါ်ခန့်ပါတယ်။ ကောင်းစေချင်လို့ နတ်ပြည်တင်ပေးတာကို မြင့်တယ်ထင်တဲ့သကောင့်သားက ဒီလိုလက်နက်တွေမရှိသင့်ဘူးဘာညာစသဖြင့် စာရိတ္တတရားတွေ စွတ်ရှိပြပြီး လျို့ဝှက်ဖိုင်တွေခိုးပြေးကာ တစ်လောကလုံးနဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ယောက်တည်းနေပါတယ်။ ဇာတ်လမ်းက အခုမှစမှာပါ။ နျူကလီးယားအကြွင်းအကျန်တွေရှင်းတဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ဘယ်ကဘယ်လိုကလိလိုက်တယ်မသိ၊ ကမ္ဘာ့မြေအောက်ကျောက်ချပ်လွှာတွေ ဆက်စပ်နေတဲ့ ငလျင်ပြတ်ရွှေ့ကြောတွေကို လှုပ်နိုးလိုက်သလို ဖြစ်ပြီး ငလျင်တွေထလှုပ်ပါတယ်။ ရစ်ချ်တာ ၈ လောက်အထိတက်တဲ့ငလျင်တွေဆိုတော့ ပြင်းအားကတော့ ခန့်မှန်းသာကြည့်ကြပါတော့ခင်ဗျာ။ အဲ့အချိန်မှာ ဒေါက်တာ မီလီက ငလျင်စောင့်ကြည့်ရေးဌာနတာဝန်ခံဖြစ်တဲ့အတွက် ဒီငလျင်တွေကိုခန့်မှန်းတွက်ချက်ပြီး နောက်လာမယ့် ငလျင်တွေမတိုင်ခင် ကြိုတင်ဆောင်ရွက်စရာတွေအတွက် စီမံဆောင်ရွက်ပေးဖို့ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ သမီးဖြစ်သူဆိုဖီကလည်း အဲ့နေ့မှာပဲ လေယာဥ်စီးပြီးသူ့ဆီလိုက်အလာ လေယာဥ်ကွင်းထဲမဆင်းနိုင်ခင်မှာတင် ငလျင်ကြောင့်တိုင်တွေပတ်ပြီး အကုန်ဇယားတွေနောက်ကုန်ပါတယ်။ မီလီ့အမျိုးသား ဆိုဖီ့အဖေကလည်း ခေသူတော့မဟုတ်ပါဘူး။ အမျိုးသားအစောင့်တပ်က ဗိုလ်မှူးပါ။ တိုက်ဆိုင်လိုက်ပုံက သူ့သမီးကိုသူကိုယ်တိုင်သွားကယ်ရမယ့် မစ်ရှင်ခေါင်းဆောင် အခန့်ခံရပါတယ်။ တစ်ဖက်မှာလည်း ဒေါက်တာမီလီတစ်ယောက် အားပြင်းငလျင်တွေကို ဘာလုပ်ရမှန်းမသိ၊ ခြေမကိုင်မိလက်မကိုင်မိနဲ့ ပျားတွေတုပ်နေပါတယ်။ အဲ့အချိန်မှာပဲ NSC ညွှန်မှူး ဗိုလ်ချုပ်ကြီးဝက်စ်ရဲ့ ညွှန်ကြားချက်နဲ့ သူ့အစ်ကို မာစတာဘရိန်းကြီး ဒရက်စ်ဒန်ကိုပြန်ခေါ်ပြီး ဂြိုဟ်ဖျက်ငလျင်ကြီးတွေကို လူလေးလက်တစ်ဆုပ်စာလောက်နဲ့ အံ့မခန်းတားဆီးပြမယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။ Erica Duke၊ Phillip Andre Botello၊ Anthony Jensen၊ Erin Gall၊ Doug Jeffery၊ Michael Pare တို့ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာကတော့ Monroe Robertson ပါ။ ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါစို့ဗျာ။ File size…(1.5 GB)/(793 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Adventure, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

0 2024 85 mins
Planetquake
Suspicion Of The Moon
5.7

တရုတ်ဇာတ်ကားတွေနဲ့သိပ်မတူတဲ့ ရသတစ်မျိုးဖြစ်စေမယ့် စင်္ကာပူHorrorကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့…… မိန်းမတွေအားအနည်းဆုံးအချိန်ဟာမီးဖွားပြီး မီးနေချိန်လို့ဆိုကြပြီး မီးတွင်းကာလအချိန်မှအပြင်မထွက်ရ ရေမချိုးရဆိုတဲ့အယူတွေရှိကြပါတယ်။ စင်္ကာပူရဲ့တက်သစ်စ ပန်းချီဆရာမလေးတစ်ယောက်ဟာ မီးဖွားခါနီးမှာ အိမ်ပြောင်းရဖို့ဖြစ်လာတဲ့အတွက် အနုပညာအဖွဲ့အစည်းကို လှူထားတဲ့အိမ်တစ်လုံးမှာခဏနေခွင့်ရခဲ့ပါတယ်။ တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် မီးနေချိန်မှာစောင့်ရှောက်ဖို့ ကလေးထိန်းတစ်ယောက်ခေါ်ခဲ့ပါတယ်။ ကလေးထိန်းရောက်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေတစ်ခုပြီတစ်ခုဖြစ်လာခဲ့တယ်။ သူမြင်တဲ့အရာတွေကို သူများတွေကမမြင်ဘူးလို့ဆိုလာတဲ့အခါ ….. သူတကယ်ပဲရူးသွားပြီလား…… မီးဖွားပြီးခါစသွေးနုနုသားနုနုမလို့ ထင်ယောင်ထင်မှားတွေဖြစ်နေတာလား…… ဒီအိမ်ကြီးရဲ့လျှို့ဝှက်ချက်တွေကဘာတွေဖြစ်နေမလဲ……

Documentary
5.7 2024
Suspicion Of The Moon
City Hunter
6.5

၂၀၂၄ ဧပြီလ ၂၅ ရက်မှာအသစ်ထွက်ရှိထားတဲ့ Netflix ရဲ့ ဂျပန်ရုပ်ရှင် City Hunter ဟာ Tsukasa Hojo ရဲ့နာမည်ကျော် Manga စီးရီး City Hunter ကိုအခြေခံပြီး ဒါရိုက်တာ Yuichi Satoh က ရိုက်ကူးပေးထားတဲ့ Live-action ရု ပ်ရှင်ကားတစ်ခုပဲဖြစ်ပါတယ်။ ကမၻာတစ်ဝန်းမှာ City Hunter Manga ရဲ့ပရိသတ်ပေါင်းများစွာရှိနေပြီး ၁၉၈၀ ပြည့်နှစ်မှာ ကာတွန်းကားရိုက်ကူးခဲ့ဖူးသလို ၁၉၉၃ ခုနှစ်မှာလည်း ဂျက်ကီချန်းက City Hunter နာမည်နဲ့ပဲ ရုပ်ရှင်တစ်ကားရိုက်ကူးခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာတဲ့ ဂျပန်ရုပ်ရှင် City Hunter မှာတော့ Ryohei Suzuki ၊ Misato Morita နဲ့ Masanobu Ando တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း *************** တိုကျိုမြို့ရဲ့လမ်းမတွေပေါ်မှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုမြင်တွေ့နေရပြီး စူပါစွမ်းအင်တွေရှိနေတဲ့လူတချို့က တခြားလူတွေကိုလိုက်လံ တိုက်ခိုက်နေခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေထဲကတစ်ခုကြောင့် တွဲဖက်နဲ့သူငယ်ချင်းဖြစ်သူ မာကီမူရာကိုဆုံးရှုံးလိုက်ရတဲ့ အလွတ်တမ်းစုံထောက်ယိုဆာအီဘာက ဒီဖြစ်ရပ်တွေဟာ ဆေးတစ်ခုကြောင့်လား၊ ဗိုင်းရပ်စ်တစ်ခုကြောင့် လားဆိုတာ လိုက်လံဖော်ထုတ်ရပါတော့တယ်။ သေဆုံးသွားတဲ့ မာကီမူရာရဲ့ညီမကာအိုရီကလည်း အစ်ကိုအတွက်လက်စားချေချင် စိတ်တွေပြင်းထန်နေတာကြောင့် အမှုစုံစမ်းဖော်ထုတ်ရာမှာ ယိုဆာအီဘာရဲ့တွဲဖက်ဖြစ်လိုမှန်းမသိဖြစ်လာခဲ့ပါတယ်။ ဝါရင့်စုံထောက်ယိုဆာအီဘာနဲ့ အတွေ့အကြုံမရှိတဲ့ကာအိုရီတို့ နှစ်ယောက်ပေါင်းမိသွားချိန်မှာတော့ လွဲချော်မှုတွေနဲ့အက်ရှင် ဇာတ်ဝင်ခန်းတွေကို ဟာသရောနှောတင်ဆက်ပြသထားတာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2 GB / 946 MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Romance • Drama
6.5 2024
City Hunter
Sayen: The Huntress (aka) Sayen: La Cazadora

အသစ်ထွက်ရှိထားတဲ့ ‌စပိန်အက်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်က ရှေ့မှာထွက်ရှိထားတဲ့ Sayen နဲ့ Sayen : Desert Road တို့ရဲ့အဆက်ပါ။ ချီလီနိုင်ငံမှာ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံမှာ ရေသယံဇာတနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေဖြစ်ပေါ်နေပြီး ဒီဖြစ်ရပ်တွေကိုထိန်းပေးဖို့အတွက် ချီလီသမ္မတနိုင်ငံ အထက်လွှတ်တော်ကနေ ရေသယံဇာတအတွက် ဥပဒေမူကြမ်းတစ်ခုကို တင်သွင်းပြဠာန်းဖို့ရှိနေပါတယ်။ ဒီကိစ္စထဲမှာ ဂရင်းကော်ပိုရေးရှင်းလို့ခေါ်တဲ့ နိုင်ငံတကာကုမ္ပဏီတစ်ခုက ပါ၀င်ပတ်သက်နေပြီး ရေသယံဇာတကိုလက်ဝါးကြီးအုပ်အမြတ်ထုတ်ချင်တဲ့ ဒီကုမ္ပဏီဟာ ချီလိီအထက်လွှတ်တော်ရဲ့ အမတ်တွေကို လာဘ်ထိုးပြီး မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အနိုင်ရဖို့အတွက် မသာမာတဲ့နည်းနဲ့ကြိုးစားနေပါတယ်။ ဆာယန်းဆိုတဲ့အမျိုးသမီးကတော့ ချီလီနိုင်ငံရဲ့ ဂေဟ-အကြမ်းဖက်သမားလို့ အမည်တပ်ခံထားရတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးပါ။ ဆာယန်းဟာ သူမအပေါ် မှားယွင်းစွပ်စွဲပြောဆိုခံရမှုတွေကို ပြန်လည်ဖြေရှင်းဖို့ နဲ့ ဂရင်းကော်ပိုရေးရှင်းရဲ့ မသာမာတဲ့လုပ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် နည်းပညာရှင် ဟက်ကာအဖွဲ့တစ်ခုနဲ့ပေါင်းပြီး ဂရင်းကော်ပိုရေးရှင်းရဲ့အကြံအစည်တွေကို လိုက်လံစုံစမ်းရင်း အမှန်တရားကိုဖော်ထုတ်ဖို့ရာ ကြိုးစားပါတော့တယ်။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024
Sayen: The Huntress (aka) Sayen: La Cazadora
Nidarr
5.4

Nidarr 2023 သေမင်းတမန်စစ်ဆင်ရေး Imdb 5.4 ကြမ်းပေ့ ရမ်းပေ့အက်ရှင်ကားတွေစောင့်မျှော်နေကြသူတွေအဖို့ ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးထားပါတယ် ဇာတ်လမ်းအစမှာတော့ အစွန်းရောက်တွေလက်ထဲရောက်သွားတဲ့ ဗိုလ်ကြီးကို သွားရောက်ကယ်တင်ပုံနဲ့စထားပါတယ် ကယ်တင်ရင်းပစ်ကြခတ်ကြတော့ အစွန်းရောက်ခေါင်းဆောင်ရဲ့သားဖြစ်သူပါ ဆုံးပါးသွားခဲ့တယ် ဒီသွေးကြွေးကိုရအောင်ပြန်ဆပ်မယ်ဆိုပြီး ရန်ငြိုးစတစ်ခုတည်ခဲ့တာပေါ့။။။ အချိန်တစ်ခုရောက်လာတဲ့အခါ ဗိုလ်ကြီးရဲ့သားကလည်း ရဲစွမ်းသတ္တိတွေအပြည့်နဲ့ စစ်ဆင်ရေးတွေအောင်မြင်လို့ အရာခံဗိုလ်ထိတောင်ရာထူးတိုးလာခဲ့တယ် တိုင်းပြည်အတွက် အချိန်မရွေးအသက်စွန့်ဖို့အဆင်သင့်ရှိနေတဲ့ တက်ကြွတဲ့စစ်သား သားဖြစ်သူကိုဂုဏ်ယူနေတဲ့ခေါင်းဆောင်တွေမိသားစုက တစ်နေ့မှာတော့ နိုင်ငံအရေးအတွက်မဖြစ်မနေသားဖြစ်သူကိုစစ်ဆင်ရေးထဲထည့်ဖို့အခြေအနေရောက်လာခဲ့တယ် ဒီစစ်ဆင်ရေးက အန္တရာယ်များလွန်းလို့ ရှင်သူမရှိလောက်ဘူးဆိုတာလည်းသိထားပေမဲ့ မတတ်သာတဲ့အခြေအနေကြောင့် သားဖြစ်သူကိုတာဝန်ပေးလိုက်ရပါတယ် ဒီစစ်ဆင်ရေးကိုအောင်နိုင်မှာလား အသက်ရှင်လျက်ပြန်လာနိုင်မှာလားကိုတော့။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Bluri ~ Zwe ~ KKKZ တို့ပဲဖြစ်ပါတယ် )

Comedy • Drama
5.4 2023
Nidarr
Three Wiser Men and a Boy
7

Three Wiser Men and a Boy (2024) IMDb Rating (7.0) ဒီဇင်ဘာလခရစ်စမတ်ပွဲတော်ရက်လည်းနီးလာပါပြီ ဘာကျွေးကြမလဲ ဘာတွေလက်ဆောင်ပေးကြမလဲဆိုပြီး ကြိုပျော်တဲ့သူတွေလည်းကြိုပျော်ကုန်ကြပါပြီ ။ ဒီအချိန်မှာ ခရစ်စမတ်အကြောင်းအထူးပြုရိုက်ထားတဲ့ ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ လုခ် ဘရန်နာ( အင်ဒရူးဝေါ့ကာ) တေလာဘရန်နာ( တိုင်လာဟိုင်းစ်)နဲ့စတီဖန်ဘရန်နာ(ပေါလ်ကမ်ဘဲလ်)တို့က ညီအကိုသုံးယောက်ဖြစ်ပါတယ်။ လုခ်ကမီးသတ်ဌါနအကြီးအကဲဖြစ်ပြီးသူနဲ့သူ့ဇနီးကယ်ရိုလင်းမှာချစ်စရာကောင်းတဲ့သားလေးသောမတ်စ်ရှိပါတယ်။ သောမတ်စ်က ကျောင်းမှာ ခရစ်စမတ်အတွက်ကပြမယ့် ပြဇာတ်ထဲမှာပါနေပါတယ်။ စတီဖန်မှာချစ်သူ ဆူဇီ ရှိပြီးစတီဖန်ကစိတ်ဖိစီးမှုလျော့ချနိင်မယ့်နည်းလမ်းတွေအကြောင်းရေးတဲ့စာရေးဆရာဖြစ်ပါတယ်။ တေလာကတော့ ဂိမ်းတွေကိုဖန်တီးသူဖြစ်ပြီး သူ့ရဲ့ဂိမ်းကိုအပြတ်လာဝယ်ပေမယ့်မရောင်းလိုက်တဲ့အခါ ငွေကြေးပြတ်လပ်ပြီးနေတဲ့ တိုက်ခန်းကပါထွက်ပေးရတဲ့ အခြေအနေဆိုက်နေပါတယ်။ သူတို့အမေဘာဘရာ(မာဂရက်ကောလင်း)ကသူတို့ကို သူ့အိမ်မှာညစားဖို့ခေါ်လိုက်ပါတယ်။ မထင်မှတ်ထားတဲ့ဟာကသူ့အမေကသူတို့ကို ချစ်သူရွိုင်နဲ့မိတ်ဆက်ပေးလိုက်တာပါ။ နေစရာပျောက်နေတဲ့တေလာတိုက်တွန်းတာနဲ့ ညီအကိုသုံးယောက်နဲ့သောမတ်စ်တို့ဘာဘရာ့အိမ်မှာ တစ်ပါတ်နေဖို့အကြောင်းဖန်လာပါတယ်။ သောမတ်စ်ဆီကိုကွတ်ကီးမုန့်တွေဝယ်လာပို့တဲ့တေလာကကျောင်းကစန္ဒယားဆရာမလေးနဲ့ရင်းနှီးသွားပါတယ်။ မထင်မှတ်ပဲ တေလာနဲ့စတီဖန်ကြောင့်ကျောင်းက ခရစ်စမတ်အထိမ်းအမှတ်ပြဇာတ် အခင်းအကျင်းနဲ့အဝတ်အစားတွေကိုဖျက်ဆီးသလိုဖြစ်သွားပါတယ်။ သူတို့ငယ်ကတည်းကြောက်ရတဲ့ကြောက်ရတဲ့ကျောင်းအုပ်ကြီးက သူတို့ညီအကိုသုံးယောက်ကိုပြဇာတ်ကိုအောင်မြင်အောင်ပြန်လုပ်ဖို့ တာဝန်ပေးလိုက်ပါတယ်။ ညီအကိုသုံးယောက်ဘာတွေလုပ်ကြမလဲပြဇာတ်ကအောင်မြင်မလား ဘယ်သူတွေကသူတို့ကိုကူညီမလဲ ညီအကိုနှစ်ယောက်ရဲ့အချစ်ရေးနဲ့မိခင်ကြီးရဲ့အချစ်ရေး အဆင်ပြေမလားဆိုတာတော့ဆက်ကြည့်ရှုနိုင်ပါတယ်။ အတွေးအခေါ်ပါတဲ့ဒိုင်ယာလော့တွေကလည်း ဆွဲဆောင်မှုရှိပါတယ်။ မိသားစုရဲ့ ခရစ်စမတ်ရိုးရာကိုလည်းတွေ့ရမှာဖြစ်သလိုခရစ်စမတ်မှာလုပ်တတ်ကြတဲ့အနောက်နိုင်ငံတွေရဲ့ ရိုးရာလေးတွေကိုပါသိရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ၂၀၂၂ ကရိုက်ကူးခဲ့တဲ့ ThreeWise Men and a Boy ဇာတ်ကားရဲ့အဆက်ဖြစ်ပါတယ်။ ဒါရိုက်တာက တယ်ရီအင်ဂရမ်ဖြစ်ပါတယ်။ Hallmark Channel ကထုတ်လွှင့်တာဖြစ်ပြီးချန်နယ်ပရိသတ်တွေကြိုက်ကြတဲ့မိသားစုဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ khin sakar khin ဖြစ်ပါတယ်။) File size…(1.8 GB) / (840 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,TV Movie Duration….01:24:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by khin sakar khin

Action
7 2024 84 mins
Three Wiser Men and a Boy
Daaku Maharaaj
6.3

Daaku Maharaaj (2025)”ဒါကူမဟာရာ့ဂျ်” =============================== တောင်ပိုင်းမင်းသားကြီး နန်ဒါမူရီနဲ့ ဘော်ဘီဒိုးတို့လို ဂန္ထဝင်သရုပ်ဆောင်ကြီးတွေရဲ့ အသစ်ထွက် အက်ရှင်ဒရာမာရုပ်ရှင်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောရရင် ဒီကားက ရုပ်ငြိမ်ဓာတ်ပုံတွေ တော်တော်လှပါတယ်။ ဇာတ်လမ်းကတော့ ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရဲ့မြေး ဗိုင်ရှ်နာဗီဆိုတဲ့ မိတဆိုးကလေးမလေးဟာ မထင်မှတ်ထားဘဲ သူ့ရဲ့ခွေးလေး သေသွားတဲ့အတွက် သူ့ခွေးလေးကို သဝာ်တဲ့တရားခံကို ရဲတိုင်ရာကနေ လူဆိုးဂိုဏ်းကြီးတစ်ခုကို ရန်စမိသလိုဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ပြီး ဗိုင်ရှ်နာဗီလေး အသက်အန္တရာယ်တွေ ကြုံလာရတဲ့အတွက် ထောင်ကျနေတဲ့ သူ့ရဲ့ဖခင် မဟာရာ့ဂျ်က ထောင်ဖောက်ပြေးလာပြီး သူ့သမီးရဲ့အိမ်မှာ ဒရိုက်ဗာအယောင်ဆောင်ကာ သမီးဖြစ်သူကို ကာကွယ်ပေးဖို့ကြိုးစားပါတယ်။ မဟာရာ့ဂျ်ကတော့ တချိန်က အင်မတန်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ဖြစ်ပြီး သူ့သမီးကို ကာကွယ်ဖို့ကြိုးစားရင်း နောက်ကလိုက်နေတဲ့ ရဲစုံထောက်တစ်ယောက်နဲ့လည်း ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Crime • Thriller
6.3 2025 147 mins
Daaku Maharaaj
The Last Showgirl
6.6

The Last Showgirl (2024) IMDb Rating (6.6) / Rotten Tomatoes (83%) ဇာတ်လမ်းနာမည်က The Last Showgirl (နောက်ဆုံးပြဇာတ်မယ်) တဲ့။ ဝါရင့်မင်းသမီးကြီး Pamela Anderson ရဲ့ အံ့အားသင့်မှင်သက်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်လို့ရမယ့် ဒရာမာဇာတ်ကားကောင်းတစ်ကားပေါ့။ Razzle Dazzle ဆိုတဲ့ ပြဇာတ်ရုံဟာ ၁၉၈၀ ခုနှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ဇာတ်ရုံတစ်ခုဖြစ်ပြီး လက်ရှိမှာလည်း လက်စ်ဗီးဂတ်မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ဇာတ်ရုံတစ်ခုပေါ့။ ဒီဇာတ်ရုံအဖွဲ့သားတွေထဲကမှ ရှယ်လီဂါဒ်နာကတော့ တစ်ချိန်က ပြဇာတ်လောကမှာ အကျော်အမော်အဖြစ်နာမည်ကြီးခဲ့တဲ့ ကချေသည် တစ်ဦးပါ။ သို့သော်လည်း လက်ရှိအချိန်မှာတော့ နှစ် ပေါင်း ၃၀ ကျော်အောင် ခေတ်စားလာခဲ့တဲ့ဇာတ်ရုံတစ်ခုဟာ လူစိတ်ဝင်စားမှုနည်းလာကြပြီး ခေတ်ကုန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ ဒီဇာတ်ရုံကြီးကို ပိတ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ဘဝရဲ့အတောက်ပဆုံးအချိန်တုန်းက မီးရောင်တွေတလက်လက်အောက်မှာ ပရိတ်သတ်တွေရဲ့သောင်းသောင်းဖြဖြအားပေးမှုကို ရရှိခဲ့တဲ့ပြဇာတ်မယ်တစ်ဦးဟာ ဇရာရဲ့ထိုးနှက်ချက်တွေ ခေတ်ရေစီးကြောင်းရဲ့ထိုးနှက်မှုဒဏ်တွေကိုခံရပြီး ဘဝရဲ့အကျဘက်ကိုရောက်ရှိလာပါတော့တယ်။ ဒီရုပ်ရှင်ဟာ အသစ်ထွက်ရှိတဲ့ရုပ်ရှင်တွေထဲမှာမှ ‘တန်း’ တစ်ခုရှိတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်မှာရှိတဲ့ working class အမျိုးသမီးတွေရဲ့ Nightlife ကိုလည်း တစ်ဖက်တစ်လမ်းက မီးမောင်းထိုးပြထားပြီး ရသပေါင်းစုံ ခံစားချက်ပေါင်းစုံ ပေးစွမ်းနိုင်တာကြောင့် ကြည့်ရတာ မရှုံးမယ့်ရုပ်ရှင်တစ်ပုဒ်လို့ ပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size…(5.6 GB) / (1.7 GB) / (861 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Vader

Horror
6.6 2024
The Last Showgirl
Champ
6.8

Champ (2011) **************** ၂၀၁၁မှာ ထွက်ရှိခဲ့ပြီး IMDb 6.8 ရှိတဲ့ Champ ဆိုတဲ့ sport comedy-drama ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေနော်…။ ဒီဇာတ်လမ်းထဲမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ The Producers , Brain Works စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ မင်းသား Cha Tae Hyun နဲ့ Drinking Solo ထဲက မင်းသမီး Park Ha Sun တို့ပဲဖြစ်ပါတယ်…။ ဇာတ်လမ်းရဲ့ အကြောင်းကို မပြောခင်မှာ အားလုံးကို တစ်ခုလောက် စဥ်းစားကြည့်စေချင်ပါတယ်…။ ကိုယ့်အိပ်မက်ဖြစ်ပြီး ကိုယ်ဝါသနာပါရတဲ့အလုပ်ကို အခက်အခဲတစ်ခုခုကြောင့် ဆက်လုပ်ဖို့ မဖြစ်နိုင်တော့ရင် ဘယ်လို ခံစားရနိုင်ပါလဲ…။ အသက်ရှင်သန်နေရတဲ့ အကြောင်းအရင်း ပျောက်ဆုံးသွားပြီး ကမ္ဘာပေါ်မှာ ဆက်ပြီးနေထိုင်ဖို့တောင် မျှော်လင့်ချက်မဲ့သွားနိုင်တယ် မဟုတ်လား…။ ဒီဇာတ်လမ်းလေးထဲမှာတော့ ပြိုင်မြင်းသမား ဆွန်းဟိုက ကားအက်ဆီးဒင့်ကြောင့် သူ့ဇနီးကို ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်လည်း အဲဒီအက်ဆီးဒင့်ကြောင့်ပဲ မျက်စိထိခိုက်သွားရပါတယ်…။ အဲဒီလိုနဲ့ သူဟာ မြင်း ဆက်စီးဖို့ မဖြစ်နိုင်တော့ဘဲ သူ့ရဲ့ သမီးလေးနဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းနေခဲ့ရပါတယ်။ ပိုဆိုးတာကတော့ ဆွန်းဟိုဟာ မြင်းပြိုင်ပွဲတစ်ခုမှာလည်း လိမ်လည်ဖို့ကြိုးစားရာကနေ ရှိသမျှ ပိုက်ဆံတွေ အကုန်ပါသွားပြီး ဂျယ်ဂျူကျွန်းကို သမီးနဲ့အတူ ထွက်ပြေးတိမ်းရှောင်ရင်း အဲဒီနေရာမှာ မသန်စွမ်းဖြစ်ပြီး လူသိပ်မယဥ်တဲ့ အူဘတ်ဆိုတဲ့ မြင်းလေးကို တွေ့သွားခဲ့ပါတယ်။ အူဘတ်က လူမယဥ်တော့ ဘယ်သူမှ စီးလို့လည်းမရတဲ့အတွက် မြင်းထိန်းနည်းပြက ရောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆွန်းဟိုက အူဘတ်ကို ပြိုင်မြင်းဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆွန်းဟိုက အူဘတ်နဲ့အတူ မြင်းပြိုင်ပွဲကို တစ်ဖန်ပြန်ဝင်ရောက်လာပြီး ပြိုင်ပွဲဝင်ခဲ့ပါတော့တယ်။ မသန်စွမ်းဖြစ်နေတဲ့ မြင်း အူဘတ်နဲ့ .. မျက်စိထိခိုက်ပြီး ဝိုးတိုးဝါးတားသာ မြင်ရတော့တဲ့ ဆွန်းဟိုတို့ ပြိုင်ပွဲမှာ ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုတော့ ဇာတ်လမ်းကနေတစ်ဆင့် စီးမြောရင်း ကြည့်ရှုနိုင်ခံစားကြည့်ပါဦးနော် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.75 GB/ 936 MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 14m Genre ….. Comedy, Drama, Sport Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

6.8 2011 133 mins
Champ