YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mary Kills People (2025) E07 720p WEB-DL [RMC].mp4

461.74 MB 720p video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Meg
6.2

The Meg 2018 ရုပ်ရှင်ကားဟာ ကမ္ဘာအကြီးဆုံး ငါးမန်းမျိုးနွယ်ဖြစ်တဲ့ Megalodon ဆိုတဲ့အကောင်ကြီးက ရေအောက် လေ့လာရေးစခန်းကို တိုက်ခိုက်တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ် နာမည်ကျော် အက်ရှင်မင်းသား Jason Statham က ခေါင်းဆောင် ပါဝင်ထားပြီး တရုတ်မင်းသမီးချောလေး Li Bingbing လဲ ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်း ပုံစံကတော့... မာနာဝမ် ဆိုတဲ့ ရေအောက်လေ့လာရေး သုတေသန အဖွဲ့ဟာ ရေအောက် အနက်ဆုံးကြမ်းပြင်ထိ လေ့လာရေးအဖွဲ့ကို ရေငုတ်ယာဉ်ငယ်တစ်စင်းနဲ့ စေလွှတ်ပြီး မျိုးစိတ်အသစ်များကို လေ့လာစေခဲ့ပါတယ်.... အဲ့ဒီ အနက်ဆုံးရေအောက်ကြမ်းပြင်ဆိုတာ ကြောက်မက်ဖွယ်ကောင်းတဲ့ နှစ်ချို့ သတ္တဝါကြီးတွေ ကျက်စားရာဒေသ ဖြစ်ပြီးတော့ အမျိုးအမည်မသိ သတ္တဝါ အချို့ ရဲ့ တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ရေငုတ်ယာဉ်ငယ်ဟာ လေ့လာရေး စခန်းနဲ့ အဆက်အသွယ်ပြတ်သွားပါတော့တယ်။ ဒီပြသနာတွေကိုဖြေရှင်းဖို့အတွက် ဂျိုးနက်စ်ဆိုတဲ့ တလောကလုံးကို အဆက်ဖြတ်ပြီး ထိုင်းနိုင်ငံမှာ အနားယူနေတဲ့ ရေအောက်ကယ်ဆယ်ရေးကျွမ်းကျင်သူကို သွားပင့်ရပါတော့တယ် အင်မတန် ချေနေတဲ့ ဂျိုးနက်စ်က ပိုက်ဆံဘယ်လောက်ပေးပေး ဖျင်မကြွဘူး မလိုက်ဘူးဆိုပေမယ့် အဲ့ဒီပျောက်သွားတဲ့ လေ့လာရေး ရေငုတ်ယာဉ်ငယ်ထဲမှာ သူ့ Ex ပါ ပါသွားတာကို သိလိုက်ရတဲ့နောက်မှာတော့ ဒါကိုတော့မလွန်ဆန်နိုင်တော့ဘဲ ဖျင်ကြွပြီး ကယ်ဆယ်ရေးလုပ်ဖို့ ပြသနာနေရာကို လိုက်သွားပါတော့တယ်... ဂျိုးနက်စ်တစ်ယောက် ပင်လယ်ရေအောက်ကြမ်းပြင်မှာ ဒုက္ခရောက်နေတဲ့သူတွေကို ဘယ်လို ကယ်တင်မှာလဲ မမြင်ရတဲ့ သတ္တဝါကြီးတွေကရော ဘာကောင်ကြီးတွေဖြစ်နေမလဲဆိုတာ.......။ File size…(6.2 GB)/(2 GB)/ (1.2 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:53:13 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by May Thu

Comedy
6.2 2018 113 mins
The Meg
Firenado
6

ကဲ ဒီတစ်ခါတော့ တော်တော်ကြီးကြမ်းတဲ့ လေဆင်နှာမောင်းတစ်ခုအကြောင်းကိုရိုက်ပြထားတဲ့2023 ထွက် ဇာတ်ကားအသစ် လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ မင်းသား Stephen Staley နဲ့ မင်သမီးချောလေး Sian Altman တို့ပါဝင်သရုပ်ဆောင်ထားပါတယ်(ကျွန်တော်ကတော့ မင်းသမီးပဲထိုင်ကြည့်နေတာ D:) ဇာတ်လမ်းကတော့ မင်းသီးတို့အဖွဲ့က မိုးလေဝသပညာရှင်အဖွဲ့ တစ်ခုလေလေ့လာမှုတွေ စူးစမ်းမှုတွေ တီထွင်မှုတွေနဲ့ Research & Development Team ပေါ့ တစ်နေ့တော့ သူတို့တီထွင်ထားတဲ့ ကိရိယာတစ်ခုကို လေဆင်နှာမောင်းအသေးစားလေးတစ်ခုနဲ့သွားပြီး စမ်းသပ်ခဲ့တာပေါ့ရည်ရွယ်ချက်ကောင်းတွေနဲ့စမ်းသပ်ခဲ့ကြတာပါပဲ ဒါပေမဲ့ လက်တည့်မစမ်းသင့်တာတစ်ခုကိုသွားစမ်းပြီးတဲ့နောက်တော့............ နောက်ပိုင်းဘာတွေဆက်ဖြစ်လာမလဲလေဆင်နှာမောင်းကရော ဘယ်လိုအခြေအနေဖြစ်သွားမလဲဒီထဲမှာဘာတွေပတ်သတ်နေသေးတာလဲအဲ့ဒီလေဆင်နှာမောင်းကို အခွင့်အရေးယူပြီး အသုံးချတဲ့လူတစ်စုကရော ဘယ်လိုဇာတ်သိမ်းခဲ့ရလဲ........အစရှိတဲ့ ဇာတ်ကွင်းဇာတ်ကွက်တွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.1 GB)/(610 MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:18:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Action • Thriller
6 2023 78 mins
Firenado
Gone Girl
7.9

IMDb Rating 8.1 / Rotten Tomatoes (88%) ဒီရုပ်ရှင်ကားကို ကြိုုက်လည်းကြိုက်မိသလို မုန်းလည်းမုန်းမိတယ်.. စိတ်ထဲကျေနပ်မိသလို ဘဝင်လည်းမကျမိပါ။ သဘောကျမိသလို စိတ်ပျက်မိတာတွေရော။ ဘယ်လိုစကားလုံးနဲ့ဖော်ပြရမလဲမသိပါ။ တစ်လုံးတည်းဆိုရရင်တော့ Frustration ဆိုတာဒီဇာတ်ကားကြည့်ပြီးဖြစ်လာတဲ့ခံစားချက်ပါ။ ဒေါသလားဆိုတော့ အခြေခံကဒေါသပါ။ ဒါပေမဲ့ ဆန့်ကျင်ဘက်နှစ်မျိုးတခါတည်း ခံစားရတဲ့ ဒေါသပါ။ ရုပ်ရှင်ပြီးလို့သာ အဆုံးသတ်သွားတယ်။ open ending နဲ့ကိုယ်စဉ်းစားချင်တာတွေ စဉ်းစားနိုင်အောင်ဖွင့်သွားတုန်းပဲ။ဒါ့ကြောင့်လည်း ပိုပိုပြီး စဉ်းစားမိပြန်ရော.. စဥ်းစားမိတော့ ညများတောင်အိပ်မပျော်နိုင်။ Amazing Amy ... ပဟေဠိ လူသားအေမီ၊ သတ်ပစ်ချင်လောက်အောင်မုန်းစရာကောင်းသာအေမီ၊ ဆောက်တည်ရာမရသော အေမီ၊ သနားစရာကောင်းသောအေမီ၊ ကြောက်စရာကောင်းသော အေမီ၊ ဇာတ်လမ်းအစက ပြဿနာကြီး သို့မဟုတ် အရှုပ်တော်ပုံအစတစ်ခုဖြစ်သလို အဖြစ်အပျက်တစ်ခုရဲ့အဆုံးသတ်ပါ။ ဒါပေမဲ့ သာမာန်နံနက်ခင်းတစ်ခုပါပဲ။ Nick Dunne ဆိုတဲ့လူတစ်ယောက် အိမ်ရှေ့ကို အမှိုက်ပုံးထုတ်တယ်။သာမာန်အိမ်ရှင်ထီးတစ်ယောက်လုပ်ရမဲ့အလုပ်လုပ်တယ်။ ပြီးတော့ မြို့ထဲက သူ့ညီမနဲ့ သူနဲ့အတူတူဖွင့်ထားတဲ့ The bar ဆိုတဲ့ဘားကိုသွားတယ်။ ညီမနဲ့စကားစမြည်ပြောတယ်။ သူတို့မင်္ဂလာ နှစ်ပတ်လည် ငါးနှစ်ပြည့်တဲ့နေ့မို့လို့ သူ့ဇနီးက ပဟေဠိ ဖြေပြီးရှာတွေ့မှရမယ့် လက်ဆောင်တစ်ခု ရဖို့ရှိကြောင်း ပြောပြီး အိမ်ပြန်လာတယ်။ အိမ်ကလည်းတိတ်ဆိတ်လို့ အထဲဝင်တော့မှ တစ်ခုခုထူး ခြားနေပါလား။ ဧည့်ခန်းမှာ မှန်စားပွဲကကွဲလို့ ပက်လက်လန်နေတယ်။ ကျန်တာတော့ သပ်သပ်ယပ်ယပ်ပဲ။ တစ်အိမ်လုံးလိုက်ရှာတယ်။ အပေါ်ထပ်မှာ သူ့ဇနီးအေမီမရှိ၊ သူတို့ကြောင်လေးက သူ့ကိုပြူးကြောင်ကြောင်ကြည့်တယ်။ အေမီပျောက်နေတယ်။ ရဲစခန်းကိုဖုန်းဆက်တယ်။ စုံထောက်မ နဲ့သူ့ပါတနာလာစုံစမ်းတယ်။ သဲလွန်စတွေကြည့်တယ်။ သွေးတစ်စ၊ မှန််ကွဲစတွေ၊ တိုက်လက်စမီးပူနဲ့ဝတ်စုံတစ်ထည်။ အေ့မီရုံးခန်းဝင်ကြည့်တော့မှ အေမီဆိုတာ ရွှေရောင်ဆံပင်နဲ့လှပတဲ့ Amazing Amy ဆိုတဲ့နံမည်ကြီးကလေးစီးရီးစာအုပ်တွေရဲ့ စာရေးဆရာမ၊ ဟားဗတ်တက္ကသိုလ်ဘွဲ့ရဆိုတာ သိရ... အဲဒီအချိန်ထိ နစ်က သာမာန်အဖြစ်အပျက်တစ်ခုပဲလိုပဲပေါ့ပေါ့ပါးပါးဖြစ်နေသေးတယ်။ စုံထောက်မမနဲ့ ရဲစခန်းလိုက်တာတောင် သူကနောက်လိုက်သေးတယ်။ Law & Order ဇာတ်ဝင်ခန်းထဲကလိုပေါ့နော်ဆိုပြီး။ နောက်တော့ နစ်ကို သာမာန်မေးခွန်းတွေဖြစ်တဲ့ အေမီမှာ သူငယ်ချင်းဘယ်နှစ်ယောက်ရှိလဲဆိုတော့သူက " မရှိဘူးမသိဘူး။" နေ့တိုင်းအေမီဘာလုပ်လဲဆိုတော့ "မသိဘူး"တဲ့။ စုံထောက်မနည်းနည်း စိတ်တိုသွားတယ်။ ဒါဆို "ရှင့်မိန်းမ သွေးအုပ်စုကဘာလဲ" ဆိုတော့ သိဘူးတဲ့။ ဒါဆိုယောကက္ခမတွေကိုရော အကြောင်းကြားပြီးပြီလားဆိုတော့ သိသိချင်းခင်ဗျားတို့ကို ပြောတာပဲလေတဲ့ ကျွန်တော်ဘယ်ပြောရဦးမလဲ ခဏ ကျွန်တော်ဖုန်းခေါ်ဦးမယ်ဆိုပြီး ယောက္ခမတွေကိုခေါ်.. အကြောင်းကြား၊ .. မထင်မှတ်ဘဲနဲ့ အမှုကကြီးသွားပြီး မနက်ဖြန်သတင်းစာရှင်းလင်းပွဲလုပ်ရမယ်ဆိုတော့ သူတောင်နဲနဲကြောင်သွားတယ် ..အဲဒီလောက်လုပ်စရာလိုလို့လားပေါ့။ ခဏနေ ရဲစခန်း အပြင်မှာ အသံကြားလို့ထွက်ကြည့်တော့.. သူငယ်ပြန်နေတဲ့သူ့အဖေ...ဒါနဲ့သူ့ကိုရဲစခန်းကနေအိမ်လိုက်ပို့လိုက်တယ် တစ်ခန်းဝင်တစ်ခန်းထွက်ကြည့်ရင်း သူ့မိန်းမ အဝတ်ဗီရိုခန်းထဲမှာထူးခြားတာတစ်ခု... Clue one သဲလွန်စနံပါတ် ၁ တဲ့.... စကားထာကိုဖြေကြည့်တော့ နေရာက သူ့ကျောင်းက ရုံးခန်း .. ရှာရင်းတွေ့တာက ဖိုင်တွေထားတဲ့နေရာမှာ .. အနီရောင် မိန်းမဝတ်အတွင်းခံ Langerie တစ်ထည်.... နောက်ပြီး Clue two .. clue three .. clue ... စုံစမ်းလိုက် စစ်ဆေးလိုက် နဲ့ဇာတ်လမ်းကို ပြောင်းဖူးပြုတ်အခွံခွာသလို တစ်လွှာချင်းတစ်လွှာခြင်း၊ ဆောရီး ကြက်သွန်ခွံခွာသလို တစ်ထပ်ချင်းတစ်ထပ်ချင်း တစ်ထပ်ခွာပြီးတိုင်း ကြည့်နေရတာ စိတ်တင်းကျပ်လာတယ်။ ဘာဖြစ်မလဲဆိုတာ မကြည့်ချင်တော့သလို ဆက်ပြီးတော့လည်း ကြည့်ချင်နေတယ်။ တဖြည်းဖြည်းနဲ့ အေမီရဲ့ နာကျင်မှု၊ ကြောက်ရွံ့မှု၊ ခံစားရတာတွေ တစ်ခုချင်းတစ်ခုချင်း.. .... ............ လိမ်ညာခံရတာတွေက" အေမီ ကိုလား .. အေမီ ကလား"... "အေမီကရော နစ်ကိုချစ်သလား".. "နစ်ကရောအေမီကိုချစ်သလား..." ကြိုတင်ခန့်မှန်းနိုင်စရာ အထောက်အထား တစ်ခုမှမပါ။ ဘယ်သူ့မှာ ဘာအပြစ်ရှိလို့ ဘယ်သူသေသင့်တယ်ဆိုတာ တွက်ထားလို့မရ။ ဘယ်သူဗီလိန် ဘယ်သူလူကောင်းဆိုတာလည်း သတ်မှတ်လို့မရ။ အေမီ့ကို သနားပြီး နစ်ကို သေစေချင်သလို နစ်ကို သနားပြီးအေမီ့ကို လည်းသေစေချင်မိပြန်တယ်။ သုံးပွင့်ဆိုင်တစ်ခုမှာ ဘယ်သူ့မှလည်း innocent ဖြစ်မနေပါ။ လက်ခုပ်ဆိုတာ နှစ်ဘက်တီး မှမြည်တယ်ဆိုရင် သုံးပွင့်ဆိုင်ဆိုတော့ အပြစ်သုံးခုဆုံနေသလို။ တစ်ခုပဲရှိသည်။ ယောကျာ်းမို့ responsibility ဆိုတဲ့ ခေါင်းစဉ်နဲ့ပြန်သွားခဲ့ရင်ရော .... ဒီဇာတ်ကားရဲ့စာရေးဆရာမကို အင်တာဗျူးမှာတော့.. သူမက နောက်ထပ်တစ်ကားထပ်ထွက်ဖို့ ဟ ထားတာမဟုတ်ကြောင်း၊ ရုပ်ရှင်တွေမှာ ဗီလိန်တွေ ရှုံး၊ မင်းသားတွေ ပြုံး အပ်ကြောင်းထပ်နေလို့ အေမီကို ဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ အဟား ငါသိသားပဲ ဆိုတဲ့ သဲလွန်စတွေကိုလည်း တတ်နိုင်သလောက်ဖျောက်ထားကြောင်း၊ ပရိသတ်တွေကရိုးရိုးသားသား ပြောကြကြောင်း ဇာတ်သိမ်းကိုမုန်းကြောင်း တရားမျှတမှုရှိသင့်တယ် ပြောကြကြောင်း၊ ကျွန်မလည်းပြန်ပြောမိတယ် အေမီကို မုန်းပါတယ်ဆိုတဲ့သူတွေတောင် အေမီထာင်ထဲမှာ ငုတ်တုတ်မေ့နေတာကို တွေ့ချင်မှာ မဟုတ်ဘူးထင်တယ်။ စာရေးဆရာမရဲ့ မှော်အောင်ပါတယ်။ အေမီကို သေစေချင်မိသလို သေလည်းမသေစေချင်မိပါ။ ကျွန်မအမြင်ပြောရရင်တော့ အေမီဟာ နစ်ကို အဆုံးအရှုံးမခံနိုင်ပါ။ နစ်ကသူမခွင့်လွတ်နိုင်စရာမရှိသော ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ သူမ သေလောက်အောင်မုန်းသွားတယ်။ ဒါကြောင့်လှလှပပ အပြစ်ပေးခဲ့တယ်။ ဒါပေမဲ့ နစ် တီဗွီကနေ သူမကို ဘယ်လောက်ချစ်ကြောင်း လျှာဖျားကလေသံနဲ့ အပြောမှာတင် သူမပြန်ကြွေသွားတယ်။ (အကောင်းကြွေတာမဟုတ်။) သူမနောက်ကြောင်း ပြန်လှည့်လာတယ်။ တကယ့်မိန်းမသဘာဝ အစစ်ပါပဲ။ဘယ်လောက် နာကျည်းမုန်းတီးနေပါစေ။ အချစ် ဆိုတဲ့ စကားလုံးလေးမှာတင် အကုန်ပြိုကျသွားတယ်။ in this case, different story .. သူမချစ်သူဆီပြန်လာပေမဲ့ အားလုံးသဘောကျတဲ့ပျော်ရွှင်စွာ ဇာတ်သိမ်းဖို့မဟုတ်။ သေချာတာတစ်ခုက သူမ နစ်ကို နောက်တစ်ခါလုံးဝအဆုံးအရှုံးမခံနိုင်တော့ပြီ။ အဲဒါကြောင့် ပင့်ကူအိမ်ထဲကနေမထွက်နိုင်အောင် နစ် ဆိုတဲ့ပိတုန်းကောင်ကို အပြီးအပိုင်ချည်နှောင်ထားလိုက်ခြင်းဖြစ်ပါတယ်။ သူမကလွဲရင် ကျန်တာလုပ်မိတာကို ခွင့်လွှတ်ချင်တယ်။ ခွင့်လည်းခွင့်မလွတ်နိုင်။ ဒါကြောင့် သူမရဲ့အကြံအစည်အကုန်သုံးပြီး ရစ်စက်မှုတွေမှန်သမျှနှင့် နစ်ကို ချည်နှောင်ထားလိုက်တာ။ နစ် ကလည်း responsibility ဆိုတဲ့ခေါင်းစဉ်နဲ့ပြန်လာတယ်။ နစ်အကြောက်ဆုံးစကားနဲ့သူမကအပိုင်တုတ်ထားလိုက်တာက "နင့်ကိုငါကိုယ်တိုင် မုန်းရုံတင်မဟုတ်ဘူး။ ငါတို့ရင်သွေးကိုမုန်းတတ်အောင် ငါသင်ပေးလိုက်မယ်။ " We love each other ..and we resent each other .. coz we want to control each other ... This is marriage .. အိမ်ထောင်ရေးဆိုတာ စုံတွဲအကဖြစ်သည်။ အချစ်ကအရေးကြီးသလား။ ကျန်တာအရေးကြီးလား။ အကုန်အရေးကြီးပါသည်... အဓိက ကတော့ တစ်ခုတင်းရင် တစ်ခုလျော့ရမယ်။အရေးအကြီးဆုံးစည်းက ဘေးကို ချော်ထွက်လို့မရ။ .... အဓိကက အချစ်တွေရှိနေပါလျက်.. ဘာလို့ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူတွေ ဘာလို့အကုန်ပျော်မနေကြပါသလဲ။ အပြစ်ကိုယ်စီကို ခွင့်လွတ်မှုအားနည်းနေလို့ပါ။ သူတစ်လှမ်းတိုးလျှင် ကိုယ်တစ်လှမ်းဆုတ်ရမှာပါ။ ဘေးချော်သွားလို့ကတော့ ကကွက်တစ်ခုလုံး ပျက်ဆီးသွားမှာပါ။ (ရုပ်ရှင်အညွှန်းကို Movie Locos ၏ Facebook Page မှကူးယူဖော်ပြပါသည်။) File size…(1.5 GB) / (1.4 GB)/ (800 MB) Quality….WEB-DL 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:29:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mugiwara Ya

Drama • Romance
7.9 2014 149 mins
Gone Girl
Donkeyhead
5.5

လူအမျိုးမျိုး စိတ်အထွေထွေ" တဲ့ ... လူရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ခံယူချက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။ မိသားစုတစ်ခုမှာတောင် မိဘနဲ့ သားသမီးဟာ စိတ်သဘောထားချင်း မတူတာများတယ်မလား၊ မျိုးဆက်တစ်ခု ကွာတဲ့ မိဘနဲ့ သားသမီးကို ခဏထားဦး အသက်ရွယ် သိပ်မကွာတဲ့ မောင်နှမ အချင်းချင်းတောင် အဆင်မပြေမှုတွေ ရှိတတ်တာပဲလေ။ အခုဇာတ်လမ်းလေးကတော့ ဒီလိုဗျ ... မိသားစု တစ်ခုရှိတယ်။ အဖေဖြစ်သူက ကင်ဆာရောဂါသည်တစ်ယောက်၊ သမီးနှစ်ယောက် သားနှစ်ယောက်ရှိတယ်၊ သမီးဖြစ်သူ မိုနာကတော့ အဖေ့အိမ်မှာ အတူနေပြီး အနီးကပ် ပြုစုပေးနေတယ်ပေါ့။ ကျန်တဲ့ မောင်နှမကိုယ်ဆီက အလုပ်အကိုင် အတည်တကျနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူတွေ၊ မိုနာကတော့ စာရေးဆရာမ ဖြစ်ချင်ပေမဲ့ အခုထိစာအုပ်တောင် မယ်မယ်ရရ မရေးရသေးဘူး၊ သူ့စိတ်ထဲမှာ ဇာတ်လမ်းရှိတယ်ပဲ ပြောနေခဲ့တဲ့သူ၊ တစ်နေ့မှာတော့ ကင်ဆာရောဂါသည် ဖခင်ကြီးက ကိုမာဝင်သွားခဲ့တယ်၊ ဒီတော့ တစ်နေရာစီမှာ အခြေကျနေတဲ့ မောင်နှမတွေအားလုံးကို မိုနာက လှမ်းခေါ်တယ်။ အဖေဖြစ်သူကို အကြောင်းပြုပြီး မောင်နှမတွေအတူရှိချိန်မှာ အချင်းချင်း ကတောက်ကဆတွေ ဖြစ်ကြ၊ တစ်ယောက်စီရဲ့ အားနည်းချက်တွေကို ထိုးနှက်ကြနဲ့ ... မိသားစုတွင်းမှာ ဖြစ်ပျက်တတ်တဲ့ ပြဿနာအခက်အခဲတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ် ဒရမ်မာ ကားကောင်းလေးတစ်ကားပါ။ ဒီကားကိုကြည့်ပြီး ခံစားမိတာလေးကတော့ မိသားစုတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပေမဲ့ မတူညီတဲ့ ခံယူချက်တွေက မိသားစုအချင်းချင်းကို ဝေးကွာသွားစေတတ်တယ်ဆိုတာနဲ့ မိသားစုကို အချိန်မလွန်ခင် တန်ဖိုးထားဖို့ လိုအပ်တယ်ဆိုတာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size          : 1.2GB, 525MB & 239MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 46mins Genre              : Drama Translated by  Jumper Neysman Encoded by Kinnov

Action • Drama • History • War
5.5 2022 106 mins
Donkeyhead
Operation Mincemeat
6.5

ကင်းစ်မန်းရဲ့ မင်းသားကြီး ကိုလင်ဖာ့သ် နဲ့ Price and Prejudice တို့ Three Musketeers တို့လိုရုပ်ရှင်ကြီးတွေရဲ့ မင်းသား မက်သရူး မစ်ဖက်ဒီရန်တို့ ပါတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ပါ။ စစ်ပွဲကြီးတွေမှာ လူတွေလက်နက်တွေနဲ့ ရှေ့တန်းမှာ အပြိုင်တိုက်ကြသလို နောက်တန်းမှာလည်း သူလျိုတွေ ထောက်လှမ်းရေးတွေ ဉာဏ်ချင်းပြိုင်ပြီး အပြိုင်ကျဲကြတာလည်း စစ်ပွဲအဆုံးအဖြတ်ဖြစ်လာစေတာကို သိကြမှာပါ။ ဒီရုပ်ရှင်ထဲက အဖြစ်ကတော့ ကမ္ဘာစစ်အတွင်း အကြီးဆုံးအောင်မြင်ခဲ့တဲ့ လှည့်ကွက်ကြီးတစ်ခုဖြစ်ပြီး အင်အားသိန်းချီတဲ့ စစ်ဆင်ရေးကြီးတစ်ခုရဲ့ အသက်လည်း ဖြစ်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးနာမည်က အော်ပရေးရှင်း မင့်စ်မိထ် တဲ့။ မင့်စ်မိထ် ဆိုတာ အသားစင်းကောတွေ အကြာကြီးခံအောင် ထိန်းသိမ်းထားတဲ့အသားတွေကို ပြောတာပါ။ မဟာမိတ်တပ်တွေဟာ ဥရောပစစ်မြေပြင်မှာ နာဇီတွေနဲ့တိုက်ပွဲအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် နေရာတစ်ခုဖြစ်တဲ့ စစ္စလီကို ဧရာမထိုးစစ်ကြီး ဆင်နွှဲဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ စစ္စလီဟာ ဗြူဟာအရ အရေးပါတာကို ဟစ်တလာလည်း သိထားပြီးဖြစ်လို့ ခံစစ်ကို အကြီးအကျယ်ပြင်ဆင်နေပါပြီ။ ခံစစ်တိုက်စစ်သဘောအရ အင်အားမကွာရင် တိုက်စစ်ဘက်က အကြီးအကျယ်ကျဆုံးတတ်တာမို့ တိုက်ဖို့မဖြစ်နိုင်သလောက်ဖြစ်နေပါတယ်။ ဒီတော့ ထောက်လှမ်းရေးအဖွဲ့က မဟာမိတ်တွေဟာ ဂရိကို တိုက်မယ်လို့ ယုံအောင် လုပ်နိုင်ရင် ဟစ်တလာရဲ့တပ်တွေ စစ္စလီကနေ ဂရိကု ရွှေ့သွားခဲ့ရင်တော့ စစ္စလီတိုက်ပွဲကို အကျအဆုံးနည်းနည်းနဲ့ အနိုင်ရလိမ့်မယ်လို့ အကြံပြုလာပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေဘက်က လှည့်စားမှာကိုလည်း ဂျာမနီက မျှော်လင့်ပြီးသားဖြစ်တော့ လှည့်စားတာကို လှည့်စားမှန်းမသိအောင်ဘယ်လိုလှည့်စားမလဲဆိုတာက အကြီးအကျယ်ပြဿနာဖြစ်လာပါတယ်။ ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ခွဲရဲ့ အကြံကတော့ ဗြိတိန်တပ်သားအလောင်းတစ်ခုကို ဂျာမန်သူလျိုတွေအများကြီးလည်းရှိတဲ့ ကြားနေနိုင်ငံလည်းဖြစ်နေတဲ့ စပိန်မှာ မျောပြီးရောက်သွားအောင်လုပ်မယ်၊ အဲဒီအလောင်းထဲမှာ မဟာမိတ်တွေ ဂရိကိုတိုက်မယ့် အကြံအစည်တွေ မှတ်တမ်းတွေ အတုထည့်ပေးလိုက်မယ်ဆိုတာပါပဲ။ အဲဒီမှာ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ကွက်တွေစလာတာပါပဲ။ အလောင်းဟာ ဘယ်လိုအလောင်းဖြစ်ရမလဲ၊ ရင်ခွဲစစ်ဆေးခံရရင် အလိမ်မပေါ်အောင် ဘာတွေပြင်ဆင်မလဲ၊ အလောင်းရဲ့ ရာဇဝင်ကိုလိုက်လာရင် ခိုင် မာအောင်ဘာတွေလုပ်မလဲ၊ အလောင်းမှာပါတဲ့ မှတ်တမ်းတွေဟာ အစစ်ဖြစ်ကြောင်း ယုံအောင်ဘယ်လိုလှည့်စားမလဲ စတာတွေအားလုံးကို တဆင့်ချင်းအသေးစိတ်ပြင်ဆင်ရပါတော့တယ်။ ကျန်တာကိုတော့ ရုပ်ရှင်ထဲမှာ ဆက်ခံစားကြည့်လိုက်ပါဦး။ တစ်ကားလုံး စိတ်ဝင်စားစရာတွေ ရယ်စရာလေးတွေ ရင်ခုန်စရာတွေနဲ့ ပြည့်နေတာမို့ အားလုံးကြိုက်ကြမှာပါ။ File size…(1.4GB)/(830MB)/(323MB) Quality…. 1080p/720p / 480p Webdl Format…mp4 Duration….02:08:00 Genre...Drama/WAR Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
6.5 2022 128 mins
Operation Mincemeat
Captive

“Night of the living dead” ဆိုတဲ့ဇာတ်ကားကို မှီငြမ်းရိုက်ကူးထားပြီး horror ဆိုပေမဲ့ horror အရမ်းမဆန်တဲ့ပေါ့ပေါ့ပါးပါး ဗန်ပိုင်းယားဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း….. Horror ကားတွေထုံးစံအတိုင်း လူငယ်တစ်စုဟာ ပိုင်ရှင်မရှိတဲ့အိမ်ထဲခိုးဝင်ကြရာကနေ ဇာတ်လမ်းစပါတော့တယ် ပိတ်ရက်မှာ အိမ်ပိုင်ရှင်တွေခရီးသွားနေတုန်း အိမ်ထဲခိုးဝင်ပြီး‌အေးအေးဆေးဆေး ဇိမ်ခံကြမယ်လို့တွေးထားပေမဲ့ မမျှော်လင့်ပဲ မြေအောက်ခန်းထဲမှာအချုပ်ခံထားရတဲ့လူတစ်ယောက်ကို တွေ့လိုက်ရပါတော့တယ် သူ့ရဲ့သရုပ်မှန်နဲ့ သူဘာလို့ဒီအိမ်မှာအချုပ်ခံထားရတာလဲဆိုတာကိုမသိ‌ပေမဲ့ သူငယ်ချင်းအုပ်စုကသူ့ကိုလွှတ်ပေးလိုက်ကြပြီး ပုံမှန်အတိုင်းပဲ သတိလက်လွှတ်ထားလိုက်ပါတော့တယ် တကယ်တမ်းအဲဒီလူက သွေးစုတ်ဖုတ်ကောင်တစ်ကောင်ဖြစ်နေပြီး သူတို့သူငယ်ချင်းတွေကို စားဖို့ချောင်းနေတာပါ ကံမကောင်းတဲ့လူငယ်လေးတွေ သွေးစုတ်ဖုတ်ကောင်စာမိသွားမလား သူတို့ဘယ်လိုထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

Adventure • Drama • Documentary
0 2023
Captive
Mission Raniganj
7.7

Mission Raniganj (2023) IMDb-7.7/10 မင်းသားကြီး အရှေးကူးမားရဲ့ OMG 2(2023)ထွက်ရှိခဲ့ပြီးတဲ့နောက်မှာ နောက်ထပ်ရုံတင်ကားကြီး တစ်ကား ထပ်မံထွက်ရှိလာခဲ့ပါပြီ။ ဒီရုပ်ရှင်ကတော့ ၁၉၈၉ခုနှစ်နို၏ဝင်ဘာ ၁၃ ရက်နေ့မှာ အနောက်ဘင်္ဂလားပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကျောက်မီးသွေးမိုင်းတွင်းပြိုကျရာမှာ ပိတ်မိခဲ့သူ မိုင်းလုပ်သား ၆၅ယောက်ကို ကယ်တင်ခဲ့တဲ့ ဂျာစ်ဝန့်ဆင်းဂ်ဂေးလ်လို့ ခေါ်တဲ့ အင်ဂျင်နီယာတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်အခြေပြုထုံးစံ လူတွေရဲ့အတ္တတွေကို ခြယ်မှုန်းပြထားပြီး အဖွဲ့အစည်းတစ်ခုမှာ ကိုယ့်တာဝန်ကိုယ်မကျေကြပဲ ဟိုကအချောင်ခိုလိုက် ဒီကမျက်ကွယ်ပြုလိုက်နဲ့ နောက်ဆုံး သောက်ပြသနာတက်မှ အဖေကယ်ပါ အမေကယ်ပါဖြစ်ပြီး ခံစားရတဲ့သူတွေကတော့ အပြစ်မဲ့တဲ့ အသက်ပိုင်ရှင်တွေပါပဲ။ ချာနိုဘိုင်း,The Dam, စသည်ဖြင့် သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် သောက်တလွဲတွေထလုပ်မိလို့ အသက်နဲ့ရင်းအလုပ်လုပ်ရတဲ့ လုပ်သားတွေရဲ့ အန္တရာယ်နဲ့ရင်ဆိုင်ရပုံတွေကို ရိုက်ကူးပြသခဲ့တဲ့ဇာတ်ကားတွေလိုပဲ အခုဇာတ်ကားမှာတော့ မင်းသားကြီး အာရှေးကူးမားက အစွမ်းပြထားပါတယ်။ အားရှေးကူးမားဟာ ခုလို သူရဲကောင်းဆန်ဆန် ဇာတ်လမ်းတွေ အတ္တပတ္တိဇာတ်လမ်းတွေက ဇာတ်ကောင်တွေနဲ့ လိုက်ဖက်မှုရှိတာကိုတော့ ဝန်ခံပါရစေ။ အဲ့မူရင်းလူတွေကို မသိဖူးမမြင်ဖူးပေမဲ့ သူတို့ဒါမျိုးလုပ်ခဲ့ပါလားဆိုတဲ့ Vibe ကိုတော့ အာရှေးကူးမားက ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ် အဲ့ဒီတော့ ဖြစ်ရပ်မှန်အခြေပြုဇာတ်ကား ဇာတ်လမ်းကြီးလဲကြိုသိတယ်ဆိုပေမဲ့ ကြားထဲမှာ တလွဲပေါင်းသောင်းခြောက်ထောင်နဲ့ လူပေါင်းစုံ စရိုက်ပေါင်းစုံ အကောင်းအဆိုး ရသစုံစွာ ခံစားရမှာပဲဖြစ်လို့ ခုလို Genre ကိုမျှော်နေတဲ့ ပရိသတ်အတွက် တင်ဆက်ပေးလိုက်ရပါတယ်….. အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.7 2023
Mission Raniganj
Now You See Me
7.3

ဒီဇာတ်ကားက ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်အတော်များခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Louis Leterrier က ရိုက်ကူးပေးထားပြီး နာမည်ကျော် Hulk သရုပ်ဆောင် Mark Ruffalo, Woody Harrelson, Jesse Eisenberg, Morgan Freeman တို့က အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းရဲ့ လှည့်ကွက်တိုင်းမှာ လှည့်ကွက်တွေ ထပ်ထပ်ဆင့်နေတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။ လမ်းပေါ်မှာ လှည့်လည်ပြသနေကြတဲ့ မျက်လှည့်ဆရာလေးဦးကို တစ်ရက်မှာ ဘယ်ကမှန်းမသိတဲ့ ကတ်လေးတစ်ကတ် ရောက်လာပြီး နေရာတစ်ခုကို ချိန်းလိုက်ပါတယ်။ သူတို့လေးယောက်ကို ခေါ်လိုက်တဲ့အဖွဲ့က ဒဏ္ဍာရီလာ မျက်လုံးတော်ဆိုတဲ့ အသင်းတော်တစ်ခုက ဖြစ်ပါတယ်။ ဒီအသင်းတော်က မြန်မာလိုသဘောအရဆို ငတက်ပြားရာဇဝင်နဲ့ ခပ်ဆင်ဆင် တူပါတယ်။ သူဌေးတွေထဲက ခိုးယူပြီး ဆင်းရဲသူတွေကို မျှဝေတဲ့သူတွေကနေ စတင်ခဲ့ကြတာပေါ့။ အီဂျစ်ခေတ်ကတည်းက စတင်ခဲ့တဲ့ ဒီအသင်းတော်က ထူးချွန်တဲ့ လူငယ်မျက်လှည့်ဆရာတွေကို အသင်းတော်ထဲ ဝင်ခွင့်ပေးပါတယ်။ အခု ဒီလေးယောက်ကိုလည်း မြင်းစီးသမားလေးယောက်ရယ်လို့ အမည်ပေးပြီး ဘယ်လို မကောင်းမှုတွေကို ထုတ်ဖော်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Rating တွေအနေနဲ့ IMDb 7.2 နဲ့ RT 51% ရရှိထားပါတယ်။ File size… 9.4 GB / 2.8 GB / 1.3 GB Quality… BluRay 4K extended / 1080p / 720p Format… mp4 , MKV Duration…. 2h 4m Genre ….. Crime/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by El MoH

Horror
7.3 2013 116 mins
Now You See Me
The Case of the Bloody Iris
6.4

The Case of the Bloody Iris (1972) ======================== IMDb Rating – 6.4/10 ၁၉၇၂ ထုတ် ပြင်သစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ ခေတ်ဟောင်း ပြင်သစ်ကား ဖြစ်တဲ့အတွက်လည်း အပေါ်ပိုင်းဗလာကျင်းတွေ ပါနေတာတွေကို သတိထား စေလိုပါတယ်။ ဇာတ်လမ်းလေးကတော့ တိုက်ခန်းရောင်းတဲ့ အန်ဒရူးတစ် ယောက် သူရောင်းတဲ့တိုက်က လူမည်းမလေး မီဇာကို သဘောကျနေတာပေါ့။ မီဇာဆိုတာလည်း ဆောင်ကြာမြိုင်လိုမျိုးမှာ အလုပ်လုပ်နေတဲ့လူတစ်ယောက်ပါ။ ပထမတော့ ဒီတိုက်မှာ ကောင်မလေးတစ်ယောက် သေတယ်။ နောက်ကျ မီဇာ လည်း ထူးဆန်းစွာနဲ့ ထပ်ပြီး အသတ်ခံရတယ်။ ဒီအချိန်မှာ အန်ဒရူးတစ်ယောက် နောက်ထပ် ကောင်မချောလေး နှစ်ယောက်နဲ့ ဆက်လက်ပြီး ခင်မင်ခဲ့တယ် ဂျနီဖာနဲ့ မယ်ရလင်တဲ့။ သူတို့ကို ဖြစ်ချင်တော့ မီဇာ သေဆုံးသွားတဲ့ တိုက်ခန်းကိုပဲ ရောင်းပြီး နေထိုင်စေခဲ့တဲ့အခါ အတိတ်ဟောင်းရှိသူ ဂျနီဖာကို အရိပ်တစ်ခုက ခြောက်လှန့်နေ ပါတော့တယ်။ ဒီလူသတ်မှုတွေဟာ ဆက်လက် ဖြစ်ပွားမလား ဖမ်းမိတော့မလားဆို တာလည်း တံဆိပ်ခေါင်းစု ဝါသနာပါတဲ့ စုံထောက်ကြီးက ထောက်လှမ်းနေမှာပါ။ နောက်ဆုံးချိန်ထိ ဘယ်သူက လူသတ်တရားခံလည်းဆိုတာကို ပဟေဠိဆန်ဆန် ကြည့် ရှုရမယ့် သည်းထိတ်ရင်ဖို ပြင်သစ်ကား ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.97 GB) / (605 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 34Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Horror, Mystery Translator…….Thura Aung Encoder……….SWM

Comedy • Romance
6.4 1972
The Case of the Bloody Iris
Everything Comes to an End Svemu dodje kraj
6.8

Everything Comes to an End (2024) IMDb Rating (6.8) ဒင်ကိုဟာ သူ့နေရာဒေသမှာဆိုရင် နာမည်ကြီးတဲ့ရှေ့နေတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဖောက်သည်တစ်ယောက်ဟာ မူးနေရင်းနဲ့ နှစ်လောင်းပြိုင်လူသတ်မှုကြောင်းကို အမှတ်မထင်ဝန်ခံမိသွားပါတယ်။ ဖြစ်ချင်တော့ ပြောလိုက်တဲ့ကိစ္စမှာ မြို့ရဲ့နာမည်ကြီးခရိုနီက လက်သည်ဖြစ်နေတာပါ။ ခရိုနီကတော့ မြို့ကိုဘယ်လောက်ပိုင်လဲဆိုရင် တရားရင်ဆိုင်ဖို့ရှိလာလို့ တရားကိစ္စတွေပါရှိလာပြီဆိုရင် တရားခွင်ကိုပါကြိုးကိုင်ခြယ်လှယ်နိုင်သူတစ်ယောက်ပါ။ ဒါကို သိသွားတဲ့ ဒင်ကိုဟာ သူ့ရဲ့ဘဝကိုရင်းပြီး တရားမျှတမှုကို ဘယ်လိုရှာဖွေသွားမလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.2 GB) / (540 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance,Thriller Duration….01:25:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mark

6.8 2024 90 mins
Everything Comes to an End Svemu dodje kraj
Love 4 Sale

Love 4 Sale (2024)”ပျားရည်ထောင်ချောက်'” ================================= ၂၀၂၄ က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော မှုခင်းဆန်ဆန် ဒရာမာရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ မှုခင်းဆန်တယ်ဆိုပေမဲ့ တခြားမှုခင်းရုပ်ရှင်တွေလို ဆီရီယယ်ကေလာတွေကို လူလွန်မသား စုံထောက်တွေက မရှိတဲ့သဲလွန်စကိုရှာပြီး ဖမ်းဖို့ကြိုးစားတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ဒီဘက်ခေတ်မှာ မကြာမကြာတွေ့နေရတဲ့ နှစ်ကိုယ်ကြားဓာတ်ပုံဗွီဒီယိုတွေ ပြန့်နေတဲ့ကိစ္စတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာလျာလမ်လူမျိုးတွေ အနေများတဲ့ မြို့ငယ်လေးတစ်ခုရဲ့ ရဲစခန်းကို အမေရိကန်က မာလျာလမ်လူမျိုးတစ်ယောက်ရောက်လာတယ်။ ပြီးတော့ အဲဒီမြို့က ဟန်နီဆိုတဲ့ကောင်မလေးတစ်ယောက်က သူ့ကို အဖော်အချွတ်ပုံတွေပြပြီး ငွေနှစ်သိန်း(ဗမာငွေမဟုတ်)လိမ်သွားတယ်လို့တိုင်ချက်ဖွင့်တယ်။ အဲဒီအမှုကို စုံစမ်းကြည့်လိုက်တော့ အမေရိကန်ကလူကို ရိုက်စားလုပ်သွားတဲ့သူက ဟန်နီမဟုတ်ဘဲ ဟန်နီရဲ့ရည်းစားဖြစ်နေတာတွေ့ရတယ်။ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ဟန်နီက သူ့သိက္ခာကို ပြန်ဆယ်ဖို့ကြိုးစားပြီး သူ့ရည်းစားရဲ့ နောက်ထပ်သားကောင်တွေကိုပါ ကယ်ဖို့လုပ်ရင်းကနေ နောက်ထပ်အများကြီးပိုကြီးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ V~ Star~ Cym~ KKKZ နဲ့ ZweYan တို့ပါ။)

0 2024
Love 4 Sale
Aachari Baa
6.7

Aachari Baa (2025) (အချရီဘွားဘွား) ရိုးရာလုပ်ငန်းဖြစ်တဲ့ အချဉ်ဖောက်လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိတဲ့ ဂျိုင်ရှင်နဗီဟာ တစ်ကိုယ်တည်းထဲလုပ်ကိုင်စားသောက်လျက်ရှိပါတယ်။ သူ့မှာ သားတစ်ယောက်ရှိပေမဲ့ မြို့မှာ အိမ်ထောင်ကျပြီး အဆက်အသွယ်မရဖြစ်နေပါတယ်။ အဲဒီအတွက်နဲ့ သူဟာ သားဖြစ်သူကို ဒေါသထွက်လျက်ရှိပါတယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာ ၁၀နှစ်ကြာပြီးတော့မှ အဆက်အသွယ်ပြန်လုပ်လိုက်တော့လည်း အမေတစ်ယောက်ဖြစ်တဲ့ထုံးစံအတိုင်း သားအသံလေးကိုကြားလိုက်တာနဲ့တင် ပြန်ပြီး စိတ်ဆိုးပြေသွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဂျိုင်ရှင်နဗီဟာ သားဖြစ်သူဆီကို သွားရောက်နေဖို့အတွက် ဖြစ်လာပါတော့တယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာလည်း အကြံနဲ့ အမေကို ခေါ်လိုက်တာဖြစ်ပါတယ်။ သူတို့မိသားစု အပန်းဖြေခရီးထွက်တုန်း အိမ်မှာ အမေဖြစ်သူကို အစောင့်ထားခိုင်းခဲ့ပြီးတော့ အိမ်မှာရှိတဲ့ ခွေးလေး ဂျွန်နီကို ကြည့်ရှုပေးဖို့အတွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ သားနဲ့ မြေးကို လွမ်းလို့လာခဲ့တဲ့အမေကို ပစ်ထားခဲ့ပြီး အပန်းပြေခရီးထွက်သွားကာ အိမ်မှာတော့ အမေနဲ့ ခွေးလေး ဂျန်နီကို ထားခဲ့ပါတော့တယ်။ ငယ်ငယ်လေးတုန်းက ခွေးကိုက်ခံရလို့ ခွေးဆိုရင်ကြောက်တတ်တဲ့ ဂျိုင်ရှင်နဗီတစ်ယောက် ခွေးလေးဂျန်နီနဲ့အတူ အိမ်မှာအတူရှိရင်း ဘာတွေဖြစ်ကြမလဲ ….. ဂျိုင်ရှင်နဗီတစ်ယောက် သားဖြစ်သူဆီကနေ သူလွမ်းနေတဲ့ ချစ်ခြင်းတွေရော ရလာပါ့မလား …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym ~ STAR တို့ပဲဖြစ်ပါတယ်)

War • Drama
6.7 2025 99 mins
Aachari Baa
When I’m Ready
5.8

ဒီတစ်ခါ ပရိသတ်တွေအတွက် ၂၀၂၅ ခုနှစ်တုန်းက ထွက်ရှိထားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားကို ယူဆောင်လာပါပြီ။ ဒါရိုက်တာ Andrew Johnson က ရိုက်ကူးထားပြီးတော့ Andrew Ortenberg နဲ့ June Schreiner တို့က အဓိကဇာတ်ဆောင်နှစ်ယောက်နေရာ ကနေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ဥက္ကာခဲတစ်ခုက ကမ္ဘာကြီးကို လာတိုက်ပြီးတော့ ကမ္ဘာပေါ်မှာရှိတဲ့သူတွေ အားလုံး သေကြရတော့မယ့်အခြေအနေမှာ Michael နဲ့ Rose တို့ချစ်သူနှစ်ယောက် သူတို့ရဲ့နောက်ဆုံးနေ့ရက်တွေကို ဘယ်လိုအတူတူကုန်ဆုံးကြမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ ကမ္ဘာပျက်တော့မယ့်အချိန်မှာ ချစ်သူနှစ်ယောက်အနေနဲ့ သူတို့ရဲ့အတိတ်ကနောင်တတွေကို ပြန်ပြင်ဆင်ရင်း ကျန်ရှိ နေတဲ့အချိန်တွေကို အကောင်းဆုံးဖြတ်သန်းကြပါတယ်။ ကိုယ်ရော သူတို့လိုအခြေအနေမျိုးနဲ့ ကြုံတွေ့လာရတဲ့အခါ ကိုယ့်လက်ကျန်အချိန်တွေကို ဘယ်လိုကုန်ဆုံးချင်ကြပါသလဲ။ IMDb မှာ rating ကောင်းကောင်းရထားပြီးတော့ ဇာတ်လမ်း အသွားလေးက ထူးခြားပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ ကြည်နူးစရာ Romace ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size… (1.51 GB) / (845 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre …..Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5.8 2025 108 mins
When I’m Ready
Paru Parvathy
6.2

Paru Parvathy 2025 (ပါရူပါဗာသီရဲ့ ခရီးစဉ်) သား ၅ယောက်ရဲ့ မိခင် ပါရူဟာ သားတွေရဲ့ အချစ်ကိုခံရပေမဲ့လည်း သားတွေနဲ့အတူ လိုက်နေရမဲ့အစား အိမ်ကြီးထဲမှာပဲ တစ်ယောက်တည်းနေရင်း အထီးကျန်တဲ့ဘဝကို နေထိုင်နေသူတစ်ယောက်ပါ။ သားတွေကလည်း အလုပ်ကိုယ်စီနဲ့ အလုပ်များပေမဲ့ ဖုန်းတစ်ဂွမ်ဂွမ်ဆက်ပြီး အမေ့ကို ဂရုစိုက်ကြရှာပါတယ်။ ပါရူ့မှာ ခရီးသွားဘလော့ကာမလေး ပါယယ်ဆိုတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ သူတို့ဟာ အသက်အရွယ်ကွာဟပေမဲ့လည်း သူငယ်ချင်းတွေလိုနေကြပါတယ်။ တစ်ရက်မှာတော့ ပါရူတစ်ယောက်ဟာ သိပ်မကြာခင်ရက်အတွင်းမှာ သူ့ယောက်ျားနဲ့ မင်္ဂလာနှစ်ပတ်လည် အနှစ်၅၀ပြည့်ရောက်တော့မှာမလို့ ခင်ပွန်းဖြစ်သူကို တွေ့ချင်ကြောင်း ပါယယ်ကို ပြောရင်း သူတို့နှစ်ယောက်အတူ အဝေးမှာရှိတဲ့ခင်ပွန်းဖြစ်သူဆီကို ခရီးထွက်ဖို့ ဖြစ်လာပါတော့တယ်။ ဒီအချိန်မှာပဲ ပါရူပြနေကြ ဒေါက်တာက ပါရူရဲ့သားကြီးကို ခေါ်ကာ ပါရူ့မှာ လူကီးမီးယားရောဂါဖြစ်နေပြီဖြစ်ကြောင်းပြောလာတဲ့အချိန် ပါရူကတော့ ပါယယ်နဲ့အတူ ကားတစ်စီးနဲ့ထွက်သွားပါပြီ။ ဘယ်သူ့ကိုမှ မပြောဘဲ ထွက်လာတာဖြစ်လို့ ပါရူ့သားတွေခမျာတော့ ခေါင်းမီးတောက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ပါရူတစ်ယောက် ပါယယ်နဲ့အတူ ခရီးထွက်ရင်း ဘာတွေ ကြုံတွေ့ရမလဲ ….. သူ့ရောဂါအခြေအနေကရော ပေါ်လာမလား ….. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Science Fiction
6.2 2025 159 mins
Paru Parvathy