YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Marvels.Jessica.Jones.S02E10.AKA.Pork.Chop.1080p.(CM).mp4

968.96 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Death to Smoochy
5.9

Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။ The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ‌ ‌တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ရှယ်လ်ဒွန် မော့ပ်စ် ကို ဇွတ်အတင်း ဆွဲထည့်လိုက်ရပါတယ်။ ဒီလိုနဲ့ အောင်မြင်လာတဲ့ စမူချီ ကို ရန်းဒေါ့ဖ် တစ်ယောက် နည်းနည်းလေးမှ မကျေနပ်လို့ ခဏခဏ အကွက်ဆင် ချောက်ချနေခဲ့တယ်။ ဒီလိုပဲ ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ ဝိသမလောဘကို မကြိုက်တဲ့ စမူချီ ရဲ့ ‌ဝင်ငွေထိခိုက်အောင် လုပ်ဆောင်မှုတွေ မကြိုက်တော့တဲ့ ရုပ်သံလိုင်းစပွန်ဆာတွေကလည်း စမူချီ ကို မကျေနပ်တော့ပါ။ ဒီလိုနဲ့ နှစ်ဖက်စလုံးက စမူချီ ကို အသေသတ်ဖို့ ကြိုးစားလာတဲ့အခါ Death to Smoochy (2002) ဇာတ်လမ်း ဖြစ်တည်လာပါတယ်။ Rating 6.3 မလို့ ရွေးချယ်ထိုက်တဲ့ဇာတ်လမ်းဖြစ်ပေမဲ့ Box Office မှာတော့ ခွက်ခွက်လန်ရှုံးတဲ့ huge bomb of BO ပါနော်။ ဒါပေမဲ့ နွေပူပူမှာ မိသားစုနဲ့အတူ တဝါးဝါး ဝဟားဟားကြည့်ပြီး အပူဒဏ်ကို မေ့နိုင်မှာမလို့ ကြည့်ရှုသင့်ပါတယ်ခင်ဗျာ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(3GB) / (1.5GB) Quality__WEB-DL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:50:00 Type__Comedy, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

Horror
5.9 2002 109 mins
Death to Smoochy
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
King Richard
7.7

2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီ ဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ် ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါ တင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး . ဒါပေမယ့် ရစ်ချက်ဝီလီယျံပြောတဲ့ စကားအတိုင်း.. "ကျွန်တော့်သမီးတွေ မမွေးခင်ထဲက သူတို့ရဲ့ အနာဂတ်အတွက် အစီအစဉ်ဆွဲထားပြီးသား အဲ့ဒါကတင်းနစ်ချန်ပီယံတွေဖြစ်ဖို့ပဲဆိုပြီး သူ့စကားအတိုင်းအကောင်အထည်ဖော်ခဲ့ပါတယ် ဒီကားဟာ အတော်လေး Inspiration ဖြစ်တဲ့ကားဖြစ်ပြီး ၂ နာရီခွဲလောက်ကြာတာကြောင့် တစ်ဝကြီးကြည့်ရမှာ HBO ကထုတ်တဲ့ကားဖြစ်တာကြောင့်လည်း မကောင်းမှာမပူရပါဘူး. Main Lead ကလည်း Will Smith၊ ရှားရှားပါးပါး Biography, Sport ကားဆိုတော့ အများကြီးပြောစရာမလိုအောင် အချိန်ပေးရတာထိုက်တန်မှာပါ ( ဘာသာပြန်နဲ့ အညွှန်းရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File size…(2.6 GB) / (1.4 GB) Quality….Webrip 1080p / 720p 5.1CH Format…mp4 Duration….02:33:00 Genre...Sport, Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Comedy
7.7 2021 145 mins
King Richard
Siam Square
6

လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က စယမ်မှာ ရုတ်တရက်ကြီးမီးပျက်သွားပြီးကျောင်းသူမလေးတစ်ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားခဲ့ပါတယ် နောက်ပိုင်းမှာ ကောင်မလေးရဲ့ဝိညာဉ်က ယခုလက်ရှိအချိန်ထိစယမ်မှာသွားလာနေတုန်းပဲလို့ ခြောက်ခြားစရာကောလဟာလတွေပျံ့နေတော့တာပေါ့ အဲ့ဒီသရဲက သူနဲ့အတူနေဖို့တယောက်ယောက်ကိုခေါ်ချင်ရင် အဲ့ဒီလူရဲ့အိပ်မက်ထဲဝင်လာတတ်ပြီး အိပ်မက်ကနေနိုးလာရင်ညာဘက်လက်မှာ ကြိုးနီချည်ခံထားရတယ်တဲ့ ကြိုးနီချည်ခံရပြီဆိုရင် မကြာခင်သေရတော့မယ်ဆိုတဲ့ကောလဟာလတွေလည်း ပျံ့နေပါတယ် ဒါကို သရဲတကယ်ရှိမရှိအတည်ပြုချင်တဲ့ ကျောင်းသားတစ်ဖွဲ့က သရဲကိုဗွီဒီယိုရိုက်ဖို့သွားရင်း ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ သရဲကရောတကယ်ရှိရဲ့လား ကြိုးနီပုံပြင်ကရောတကယ်လားဆိုတာ ဇာတ်ကားမှာကြည့်ရှူလိုက်ရအောင်... သည်းထိပ်ရင်ဖို ဇာတ်ကားကြိုက်တဲ့သူအတွက် ဒီကားက လုံးဝမလွှတ်သင့်တဲ့ကားလေးပါနော် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.9GB) / (1GB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Drama , Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Drama
6 2017 111 mins
Siam Square
[18+] Boy Bastos
5

၂၀၂၂ ခုနှစ်ထွက် အင်ဒိုဟာသကားကောင်းလေးတစ်ကားလေးနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်ဖြင့် Boy bastos ဆိုတဲ့ကားလေးကိုပဲ ရှေ့ဆုံးမှာထား ညွှန်းပေးရပါလိမ့်မယ်။ အင်ဒို၊ ဖိလစ်ပိုင်ကားလေးတွေဟာ အာရှမျက်လုံးကြည့်ပျော်၊ရှုကောင်းရှိလှတာမို့ နောက်ပိုင်းခေတ်စားလာတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ ဟာသကားကောင်းလေးဆိုပေမဲ့ ၁၈ ယောက်ပြည့်မှကြည့်ရမယ့်အခန်းတွေကလည်း ရှင်းရှင်းလင်းလင်း သုံးလေးခန်းလောက်ပါ၊ ရိုးတိုးရိတ်တိတ်လေးတွေလည်း ခဏခဏပါတာမလို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ဘဲ ၁၈ ယောက်ပြည့်မှ ကြည့်ရမယ့်ကားမျိုးလေးပါ။ ဘောလိဝုဒ်နဲ့ K drama ဖက်ကနေ အာရှကားလေးတွေဖက် ပြောင်းကြည့်ပြီး အမောပြေအပန်းပြေ၊ ဟိုဟိုဒီဒီလည်းကြည့်ချင်တဲ့အခါ ကြည့်ရမယ့်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် ငယ်စဉ်ကတည်းက အဖေနဲ့အမေကွဲကွာသွားတဲ့မိသားစုတစ်စုမှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ ဖီးလစ်ဆိုတဲ့ကောင်လေးတစ်ယောက်။ တစ်ဦးတည်းသောသားဖြစ်ရတဲ့ကြား အဖေဖြစ်သူက မိသားစုကိုပစ်ထား၊ အမေဖြစ်သူက ဂျပန်မှာသာအခြေချနေတဲ့အခါ အဒေါ်ဖြစ်သူနဲ့သာ ကြီးပြင်းနေရတဲ့ဒီ‌ကောင်လေးဟာ မဆိုလည်း ယင်မမပြောနဲ့၊ ခြင်မသွေးစုပ်တာတောင် မခံရဖူးတဲ့ကောင်လေးပါ။ သူ့အိမ်မှာခြင်လုံဇကာတွေတပ်ထားတာကိုး။ ဒီလိုရိုးအလှတဲ့ကောင်လေးကို ကေတီ‌ဆိုတဲ့ ကျောင်းဆရာမ လုံးကြီးပေါက်လှလေးနဲ့ ကေသီဆိုသူအတန်းဖော်အပျိုချော်လေးကြား၊ နာမည်တူ အလှပဂေးလေးနှစ်ယောက်ကြား ဗျာများရတဲ့အခါ၊ ဆရာမကေတီရဲ့အတိတ်ဇာတ်ကြောင်းတွေ၊ အပျိုချောလေး ကေသီရဲ့အကြပ်ကိုင်မှုတွေ၊ ပေါတောတောသူငယ်ချင်းနှစ်ယောက်နဲ့ ကြောင်တောင်တောင်ဖီးလစ်တို့ကြား ဘယ်လိုမျိုး ဟာသအလွဲလေးတွေခံစားရမယ်၊ ၁၈ အပေါင်းအခန်းတွေ ဘယ်လိုနေမယ်ဆိုတာကတော့ Boy bastos 2022 ကားလေးထဲမှာပဲ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျား။ File size…1.6GB / 800MB Quality…1080p WEBDL AAC 2.0 CH / 720p Format…mp4 Duration….1h 56mins Subtitle….Myanmar Subtitle (hard sub) Encoder….X Cross Translated by STA

Action • Drama • History • War
5 2022 116 mins
[18+] Boy Bastos
The Last Client
6.7

The Last Client(2022) ******************** အတွေးအဆန်းတွေနဲ့အတူ လိုက်ပါစီးမျှောလို့ရမယ့် psycho crime thrillerကားကောင်းလေးတစ်ကားလာပါပြီ။ ဘယ်လိုအတွေးတွေလဲဆိုရင် လူအယောက်၂၀ရဲ့အသက်အတွက်ပြစ်ဒဏ်က အသက်၁ချောင်းပြန်ပေးရမယ်ဆိုရင် ကျန်အသက်၁၉ခုကဘယ်မှာသွားတောင်းရမလဲဆိုတာမျိုး၊ ရှင်သန်ဖို့မဖြစ်နိုင်တဲ့ဘဝမလို့ အဆုံးသတ်ပေးလိုက်တာကမှ ဒုက္ခတွေကလွတ်မြောက်မယ်ဆိုတာမျိူး စတာတွေအပြင် စွန့်ပစ်ခံရတဲ့သူက ဘယ်လောက်အထိပြန်လုပ်နိုင်တယ်ဆိုတာမျိုးတွေကိုမြင်တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ပညာရှင်ဖြစ်သူ ဆူဇန်နီဆီကို မက် ဇီဒန်နုဆိုသူကသူ့အကြောင်းတွေပြောပြဖို့ သူခံစားနေရတာတွေအဆုံးသတ်ဖို့ရောက်လာခဲ့ပါတယ်။ ရိုးရိုးသားသားရောက်လာခဲ့တာမဟုတ်သလို သေချာအကွက်ချစီစဉ်ပြီးလာခဲ့တဲ့အပြင် သူဟာကွင်းဆက်လူသတ်သမားဖြစ်နေခဲ့ပါတယ်။ စိတ်ပညာရှင်နဲ့အမှုသည်တို့စကားတပြောပြောနဲ့ ဇာတ်လမ်းတစ်ခုလုံးတည်ဆောက်သွားတာမျိုးတွေ့ရမှာပါ။ သူတို့နှစ်ယောက်ကဘယ်လိုများဆက်နွယ်နေလဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။ File Size :(1.7 GB) and (464 MB) Quality :WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:35:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6.7 2022
The Last Client
Three Kings
7.1

Three Kings (1999) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ ဒါရိုက်တာ David O. Russell လက်ရာဆိုတဲ့အတိုင်း ဇာတ်ကောင်တွေကို ပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်‌မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။ ဒီလိုနဲ့ စစ်ပြီး‌တော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ‌ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိ‌မပေးဘဲ ‌သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သတိထားမိတဲ့ ထူးခြားချက်တစ်ခုက ဒိုင်ယာလော့ခ်တွေကို ရှေ့လူစကားပြန်ထပ်ပြောတာပါပဲ။ ဥပမာ – မင်းဒါကိုစားမလို့လားဆိုရင် အေး ငါဒါကိုစားမလို့ ဆိုပြီး ပြန်ကောက်ပြောတာမျိုး။ ဘာကြောင့်လဲတော့မသိပေမဲ့ အဲဒီဟာကပါ ဟာသတစ်ခုလိုဖြစ်သွားတယ်။ ဘယ်လိုမှန်းမသိတဲ့ ရသလေးတစ်ခုပေါ့။ ဆုတွေကလည်း အတော်ကိုရထားတဲ့အပြင် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေနဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကြီးတို့ရိုက်ထားတဲ့ ဟောင်းပေမဲ့ကောင်း ရုပ်ရှင်လေးဖြစ်တာကြောင့် မထိုင်စတမ်းကြည့်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 54Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 1999
Three Kings
Café de Flore
7.3

Café De Flore (2011) IMDb – 7.3/10 ဒီတစ်ခေါက် ဇာတ်လမ်းလေးက စော်ပစ်၊ဘဲပစ်၊ ကြူရစ်လန် ကျန်ရစ်လူလေးတွေအတွက် ငါ့အကြောင်းနဲ့တိုက်ဆိုင်လိုက်တာလို့ ထအော်ရမယ့် ဇာတ်လမ်းမျိုးပါ။ ဇာတ်လမ်းကြည့်ပြီးတဲ့အခါ move on လုပ်သွားနိုင်ရင်တော့ ဝမ်းသာစရာပေါ့နော်။ မုအွန်မလုပ်သွားနိုင်ဘူးဆိုရင်လည်း ကြေကွဲလိုက်…. ဇာတ်လမ်းအညွှန်း ၁၉၆၀နှစ်ပိုင်းက ပဲရစ်မြို့မှာ လောရန့်ဆိုတဲ့ ဒေါင်းဆင်ဒရုန်းကလေးလေးနဲ့ သူ့မိခင် ဂျက်ကွာလင်းတို့အဖြစ်က မျှော်လင့်ချက်တွေအပြည့်၊ တစ်ဖက်မှာလည်း ဝမ်းနည်းစရာအပြည့်ပါပဲ။ ၂၁ရာစု မွန်တီရယ်မြို့မှာ နာမည်ကြီးဒီဂျေတစ်ယောက်ဖြစ်တဲ့ အန်တိုနီဟာ ဇနီးဟောင်းနဲ့သမီးလေးနှစ်ယောက်နဲ့ ပြိုကွဲသွားတဲ့မိသားစု၊ တစ်ဖက်မှာလည်း အချစ်သစ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီဇာတ်လမ်းရဲ့ ဆွဲဆောင်မှုရှိတဲ့အချက်ဟာ နေရာမတူတဲ့၊ကွာဟနေတဲ့အချိန်အပိုင်းအခြားက ဒီဇာတ်ကြောင်းတွေကို parallel line တစ်ခုအနေနဲ့ ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဂျက်ကွာလင်းဟာ ယောကျ်ားပစ်ထားခံခဲ့ရပြီး တစ်ခုလပ်မိခင်တစ်ယောက်အနေနဲ့ ဒေါင်းဆင်ဒရုန်းလေး လောရန့်ကို စောင့်ရှောက်နေပါတယ်။ သူ့သားလေးအတွက် သူ့ဘဝကို မြှုပ်နှံထားပြီးတော့ သူ့သားလေးဟာ သူ့ဘဝရဲ့မျှော်လင့်ချက်လေးဖြစ်လာပါတယ်။ တစ်နေ့တော့ လောရန့်ဟာ ကျောင်းမှာ သူ့လိုဒေါင်းကလေးမလေး ဗယ်ရိုကို ချစ်မိသွားပါတယ်။ အန်တိုနီနဲ့ ကာရိုးလ်တို့ဟာ ၁၅နှစ်အရွယ်တည်းက တွေ့ဆုံခဲ့ကြပြီး စွယ်တော်ရွက်လေးလို နှစ်လွှာပေါင်းမှတစ်ရွက်လို့ ခံယူခဲ့တဲ့သူတွေပါ။ ယခုလက်ရှိ ကွာရှင်းပြီးတဲ့နောက်မှာ အန်တိုနီဟာ ရို့စ်ဆိုတဲ့ ကောင်မလေးနဲ့ အချစ်ဇာတ်လမ်းခင်းထားတယ်။ တစ်ဖက်မှာ ကာရိုးလ်တစ်ယောက်ကတော့ ကွာရှင်းမှုကို လက်မခံနိုင်သေးဘဲ move on မလုပ်နိုင်သေးတဲ့သူ၊ ဆုံးရှုံးလိုက်ရသူကို လက်မလွှတ်နိုင်သေးဘဲ နာကျင်ခံစားနေရတဲ့သူဖြစ်ပါတယ်။ ကွဲပြားတဲ့ ဇာတ်ကြောင်းနှစ်ခုမှာ တူညီတဲ့အချက်ကတော့ အဆုံးမဲ့တဲ့ချစ်ခြင်းမေတ္တာတွေ၊ စွဲလမ်းစိတ်တွေ၊ ဝမ်းနည်းစရာတွေ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းမှာ ပိုချစ်ရတဲ့သူက နာကျင်တဲ့သူလား၊ ကျန်ခဲ့တဲ့သူက ပိုချစ်ရတဲ့သူဖြစ်မလား။ ပိုချစ်ရတဲ့သူက ကိုယ်ပဲဖြစ်ပါစေလို့ ဆုတောင်းရင်း ကိုယ့်ဘဝနဲ့ကိုယ် ရှေ့ဆက်လျှောက်ကြရမလား။ ဇာတ်ဆောင်တွေရဲ့ ခံစားချက်တွေကို ပေါ််လွင်အောင် ရိုက်ပြထားပါတယ်။ ဇာတ်ကြောင်းနှစ်ခုတည်ထားရတဲ့အကြောင်းရင်း plot twist ကိုတော့ ဆက်လက်ကြည့်ရှုပြီးတော့ ခံစားလိုက်ပါ။ နာမည်ကြီးပြင်သစ်ဒါရိုက်တာ Jean-Marc Vallée ရဲ့ လက်ရာမြောက်ဇာတ်လမ်းတွေထဲကတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 7.3 ထိတောင် rating ကောင်းကောင်းရထားတာဆိုတော့ ဘယ်လိုဇာတ်လမ်းကောင်းဖြစ်မလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုခံစားနိုင်ပါပြီ။ File size… 2.12 GB / 784 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2 h Genre ….. Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

7.3 2011
Café de Flore
Titan A.E.
6.6

Titan A.E. (2000) ~ IMDb – 6.6/10, Rotten Tomatoes – 50% ~ အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။ ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ကေးလ်တစ်ယောက် သူ့အဖေဝှက်ထားခဲ့တဲ့ တိုက်တန်ကို ပြန်ရှာတွေ့တဲ့အပေါ် မူတည်နေတဲ့အခါမှာတော့ ကေးလ်ဟာ တိုက်တန်ရှာဖွေရေးစွန့်စားခန်းခရီးကို စတင်ရပါတော့တယ်။ Old-school 2D Animation ကို 3D နဲ့ ပေါင်းစပ်ထားတဲ့ ဇာတ်လမ်း ဇာတ်ကွက် ကောင်းကောင်းနဲ့ ဇာတ်ကားတစ်ကားမို့ အချိန်ပေးကြည့်ရတာ တန်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1..75GB, 910MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 34Min Genre – Animation, Action, Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

6.6 2000 94 mins
Titan A.E.
Dinner for Schmucks

လောကကြီးမှာ လူတစ်စုက တစ်ပါးသူရဲ့ ကံဆိုးမှုတွေကို လှောင်ပြောင်ဖို့သက်သက်နဲ့ တကူးတကပိုက်ဆံအကုန်ကျခံပြီး ပွဲလုပ်ကြတဲ့သူတွေရှိတဲ့အကြောင်းကို Comedy နှောပြီး မီးမှောင်ထိုးပြထားတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးဖြစ်သူ ဂျူလီကို သူ့အပေါ် အထင်ကြီးလာအောင် ဒါမှ သူ့လက်ထပ်ခွင့်ကို လက်ခံမှာဆိုပြီး တွေးတဲ့ တင်မ်ဟာ ရာထူးတိုးဖို့အတွက် အထက်လူကြီးတွေ စီစဉ်နေကျ “Dinner for Winners” ဆိုတဲ့ ညစာစားပွဲကို သူတို့အခေါ် ထူးခြားကွဲပြားတဲ့သူ (အတည်ကတော့ အရူးတွေပေါ့) ဆိုတဲ့သူတစ်ယောက်ကို ခေါ်လာဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲအကြောင်းကို ကောင်မလေးဖြစ်သူသိသွားတဲ့အခါမှာတော့ မလုပ်ဖို့ တားရာကနေ ကတောက်ကဆဖြစ်ကြတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲနေ့မှာ တင်မ်က ဘာရီဆိုတဲ့ ကြွက်တွေကို ရုပ်လုံးကြွဖန်တီးတဲ့ သူကို ကားနဲ့ တိုက်မိသွားခဲ့ရာကနေ ဘာရီဟာ သူ့ရဲ့ ဒင်နာကို ခေါ်သွားနဲ့ “ထူးခြားကွဲပြားတဲ့သူ” ဖြစ်လာခဲ့တယ်။ ဒီထဲမှာတော့ ဘာရီရဲ့ အလွဲလွဲအချော်ချော်လုပ်ရပ်တွေ ဆိုပေမဲ့ မိတ်ဆွေဖြစ်သူအပေါ်ထားတဲ့ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ စိတ်ထားကို တွေ့ရမှာပဲဖြစ်ပြီး ကိုယ်တွေမမြင်နိုင်တဲ့ တစ်ဖက်ခြမ်းက အသိုင်းအဝိုင်းတချို့ရဲ့ ရူးနှမ်းလွန်းတဲ့ လုပ်ရပ်တွေအကြောင်း‌ကိုလဲ သံဝေဂရစရာ တွေ့ရအုံးမှာလဲ ဖြစ်ပါတယ်။ ဘာချို့ယွင်းချက်ပဲရှိရှိ၊ ဘယ်အရာကပဲ မတူညီကွဲပြားနေပါစေ လူက လူပါပဲ။ အဲအရာတွေက ကိုယ်ပျော်ဖို့သက်သက်နဲ့ လှောင်ပြောင်စရာကိစ္စရပ်တစ်ခုမဟုတ်ပါဘူး။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshi Moshi

0 2010
Dinner for Schmucks
The Loneliest Planet
5.6

The Loneliest Planet (2023) Genre – Drama, Thriller စေ့စပ်ထားကြတဲ့ စုံတွဲနှစ်ဦးဟာ ကမ္ဘာပတ်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ တောင်တက်ပြီး လျှောက်သွားနေကြသူတွေ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူတို့နှစ်ဦးက ဂျော်ဂျီယာနိုင်ငံကို လာရောက်ပြီးတော့ တောင်တက်ခရီးကို စွန့်စွန့်စားစား သွားကြမှာပဲ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံလမ်းပြ လူကြီးတစ်ယောက်ကို သွားပြီး ၃ ယောက်သား လှပတဲ့ ဂျော်ဂျီယန်းတောင်တန်းတွေဆီ ခရီးထွက်ကြပါတော့တယ်။ ဒါပေမဲ့ ဇာတ်ကားနာမည်အတိုင်းပဲ လူသူမရှိကြတဲ့ ဒီလို အထီးအကျန်ဆုံးနေရာကြီးမှာ လူသား ၃ ဦး သွားလာကြရင်း ဘယ်လိုမျိုး အမှတ်တမဲ့လေးတွေကစပြီး ကြီးမားတဲ့အထိ ဖြစ်လာနိုင်တာလေးတွေကို ရိုက်ပြထားတာဖြစ်လို့ ဘာတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ မင်းသားနေရာကိုတော့ Marvel Werewolf by Night တီဗီရုပ်ရှင်ထဲက သမန်းဝံပုလွေဇာတ်ကောင်ဖြစ်တဲ့ Gael García Bernal သရုပ်ဆောင်ပေးထားတာပါ။ ရိုက်ထားတဲ့ရှုခင်းတွေ လှပတယ်ဆိုပေမဲ့လည်း Slow Burn သွားထားတာဖြစ်ပြီး ဒိုင်ယာလော့ခ်တွေကို သိပ်ဦးစားမပေးထားပါဘူး။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size_(2.6GB)/(1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thura Aung

5.6 2011 113 mins
The Loneliest Planet
The Immigrant
6.6

1921 မှာ Ewa Cybulska နဲ့သူ့အမဟာ သူတိုရဲ့ အမေရိကန် အိပ်မက်ကိုအကောင်အထည်ဖော်ဖိုအတွက် မွေးရပ်ပိုလန်မြေကနေ ပြီးတော့ New York မြိုကိုထွက်လာခဲ့ပါတယ်။ ကံမကောင်းအကြောင်းမလှစွာပဲ Ellis ကျွန်းပေါ်ရောက်တဲ့ အချိန်မှာတော့ သူ့အမဟာ နာမကျန်းဖြစ်နေတဲ့အတွက် ညီအမ နှစ်ယောက်ခွဲရပါတော့တယ်။ မန်ဟန်တန်ရဲ့လမ်းမတွေပေါ်မှာ သွားစရာနေရာမရှိချိန် နာမကျန်းဖြစ်လိုသီးသန့်ထားခံထားရတဲ့ သူ့အမ Magda ကို ကယ်တင်ဖို ကြံရာမရဖြစ်‌နေချိန်မှာ Ewa ဟာ Bruno Weiss ရဲ့အကူအညီကိုရယူပြီး Bruno ရဲ့ ပြည့်တန်ဆာ လုပ်ငန်းထဲ ဝင်ရောက်ရပါတော့တယ်။ ပြင်သစ်မင်းသမီးချော Marion Cotillard , Joker မင်းသား Joaquin Phoenix နဲ့ Hawkeye မင်းသား Jeremy Renner တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၀၀ နှစ်အစောပိုင်းကာလများဆီက immigrants တွေရဲ့ ဘဝဖြစ်ရပ်မှန်တွေကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်…… File size…1.24GB / 562MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

Drama
6.6 2013
The Immigrant
Dauren’s Wedding
6

Dauren’s Wedding (2024) ************************** ဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးသွားမှာကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုလို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းအနေနဲ့ မှတ်တမ်းရုပ်ရှင် လက်ထောက်ဒါရိုက်တာဖြစ်တဲ့ ဆွန်းဂျူဟာ ကိုယ်ပိုင်အနုပညာလက်ရာကို အမြဲဖန်တီးချင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ ကိုးရီးယားလူမျိုးနဲ့ ကာဇက်လူမျိုးတို့ရဲ့ မင်္ဂလာပွဲကို လက်ထောက်အဖြစ် ရိုက်ကူးပေးဖို့အတွက် ကာဇက်စတန်နိုင်ငံကို သွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒေသခံဒါရိုက်တာဖြစ်တဲ့ ယူရာတစ်ယောက် ကားအက်စီးဒန့်ဖြစ်သွားတဲ့အတွက် ဆွန်းဂျူနဲ့ ရုပ်ရှင်ရိုက်ကူးရေးသမား ယောင်းထယ်တို့ဟာ မင်္ဂလာပွဲကို မှတ်တမ်းတင်ဖို့ လွတ်သွားကြပါတော့တယ်။ ဒီလိုနဲ့ ဆွန်းဂျူဟာ မှတ်တမ်းရုပ်ရှင်ကို အပြီးသတ်အောင်လုပ်ဖို့အတွက် ယူရာ့ရဲ့​မွေးရပ်မြေဖြစ်တဲ့ ဆာထီရွာလေးမှာ ကာဇက်လူမျိုးမိန်းကလေးတစ်ယောက်နဲ့ ဟန်ဆောင်လက်ထပ်ပြီး မင်္ဂလာပွဲမှတ်တမ်းရိုက်ကူးဖို့ ကြံစည်လိုက်တဲ့အခါမှာတော့….. တကယ်ပဲ သူတို့လိုချင်တဲ့ မှတ်တမ်းရုပ်ရှင်ကို အဆင်ပြေချောမွေ့စွာနဲ့ ပြီးဆုံးသွားပါ့မလား ဆွန်းဂျူနဲ့ ကာဇက်မိန်းကလေးကရော ဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ လှပစိတ်ဝင်စားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရန်သရုပ်ဆောင်အဖြစ် ဇာတ်ကားတော်တော်များများမှာ ပါဝင်ဖူးတဲ့ မင်းသား Lee Ju-seung နဲ့အတူ ကာဇက်စတန်မင်းသမီးချောချောလေး Adina Bazhan တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size…1.22GB / 550MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Romance, Drama, Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri, Hnin Wai Oo, Treasure Htet, Phyu Sin & Hsu Pyae

6 2024
Dauren’s Wedding
We Live in Time
7.3

We Live in Time (2024) IMDb Rating (7.3) / Rotten Tomatoes (78%) မထွက်ခင်ကတည်းက hype နေကြတဲ့ မင်းသား Andrew Garfield နဲ့ မင်းသမီး Florence Pugh တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေး ထွက်ရှိလို့ လာပါပြီ။ အဲလ်မက်နဲ့ တိုဘိုင်းယက်စ်ဆိုတဲ့ လူနှစ်ယောက်ဟာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် ဆုံတွေ့ခဲ့ကြပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ ပြီးနောက် အယ်လာဆိုတဲ့ ချစ်သမီးလေးနဲ့အတူ မိသားစုလေး တစ်ခု တည်ထောင်ခွင့်ရခဲ့တယ်။ သိုပေမဲ့ တစ်နေ့မှာတော့ ရက်စက်တဲ့ ကံကြမ္မာက အဲလ်မက်ရဲ့ ကမ္ဘာမြေပေါ်မှာ အခွင့်အရေးကို အချိန်ကန့်သတ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ အဲလ်မက်တစ်‌ယောက် သူ့ရဲ့ ခင်ပွန်းဖြစ်သူရယ် သမီးလေးရယ်နဲ့အတူ ကျန်ရှိတဲ့အချိန်တွေကို အမြတ်တနိုးထားပြီး ဖြတ်သန်းရင်း ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပုံကို ကြည်နူးစရာ တစ်လှည့် ဝမ်းနည်းစရာတစ်လှည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်… File size…(3.9 GB) / (1.46 GB) / (773 MB ) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 48m Genre …..Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy, Cyberboy

Romance
7.3 2024 108 mins
We Live in Time
Halabala

ဟာလာဘလာ တောနက်ကြီးရဲ့မာယာကျော့ကွင်း ============================== ATM မင်းသားလို့ နာမည်ကြီးတဲ့ တို့များ မမဒါဝိရဲ့ ခင်ပွန်းလောင်းလေးနဲ့ မင်းသမီးချောလေး Nychaa တို့ရဲ့ ရှယ်ကြမ်းပလန်နဲ့ ကြမ်းတဲ့ သရဲကားလေး ထွက်ရှိလို့လာခဲ့ပါပြီ။ ဒန်ဆိုတာကတော့ ချောင်ကျကျမြို့လေးတစ်မြို့က ရဲအရာရှိတစ်ယောက်ပါ၊ သူဟာ လူဆိုးတွေကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ တွေ့ရာနေရာမှာတင် သတ်ပစ်လိုက်တဲ့အတွက် အလောင်းတစ်ရာ ဒန် ဆိုပြီး နာမည်ကြီးပါတယ်။ ဒန့်မှာ ကိုယ်ဝန်အတော်ရင့်နေပြီဖြစ်တဲ့ ဇနီးသည်လည်းရှိပါတယ်။ ဒန့် ဇနီးသည် ဝီကတော့ ဒန့်ကို လူသတ်ရတဲ့ ဒီအလုပ်ကို ဆက်မလုပ်စေချင်တော့ပါဘူး။ ဘန်ကောက်ကိုပြောင်းပြီး အေးအေးချမ်းချမ်း နေချင်နေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ မီးတောက်မျက်လုံး ထပ် ဆိုတဲ့ နာမည်ကြီး ရာဇဝတ်ကောင်က ဟာလာဘလာ တောထဲ ထောင်ဖောက်ပြေးသွားတဲ့သတင်းကို သိလိုက်ရတဲ့နောက်မှာ ဒန်တစ်ယောက် ထပ် ကို လိုက်ဖမ်းဖို့ တာဝန်ပေးခံရပါတော့တယ်။ ဒီလိုနဲ့ ထပ် ဝင်ရောက်သွားတဲ့ ဟာလာဘလာ တောထဲကို လိုက်ခဲ့ရင်း ဘယ်လို ခြောက်ခြားစရာတွေ ကြုံတွေ့လာရမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှုပေးကြပါဦး။ File size…(1.7 GB)/(834 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub)

Crime • Mystery • Thriller
0 2025 105 mins
Halabala