YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Marvels.Hit-Monkey.S02E01.Return.to.Sender.1080p.(CM).mp4

367.47 MB 1080p video/mp4 319 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gabriel's Inferno
8.5

အခု တခေါက်ဇာတ်ကားလေးကတော့ ကန်နေဒီရန်စာရေးဆရာတစ်ယောက် ရေးသားထားပြီး New York မြို့မှာ ရောင်းအားအကောင်းဆုံးစာအုပ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတတ်တဲ့ ပရော်ဖက်ဆာနဲ့ ရည်မှန်းချက်ကြီးမားပြီး တချိန်က ချစ်ခဲ့ရတဲ့ချစ်သူနဲ့ ပြန်လည်ဆုံစည်းခွင့်ရဖို့ ကြိုးစားနေတဲ့ scholarship ကျောင်းသူတစ်ဦးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အချစ်စစ်တို့မည်သည်‌ ဖြောင့်ဖြူးခြင်းမရှိဟု ဆိုလေ့ရှိသည့်အတိုင်း သူတို့ ခက်ခဲပင်းပန်းပြီး အချစ်စစ်တစ်ခုဆုံဆည်းဖို့ကြိုးစားကြတာကို အခုလိုမိုးရာသီချိန်မှာ မိမိချစ်ရတဲ့သူ ဒါမှမဟုတ် ကော်ဖီတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် romance ဇာတ်ကားလေး တစ်ကားပါပဲ။ ပရော်ဖက်ဆာ Gabriel Emerson နဲ့ Scholarship ကျောင်းသူ Julianne Mitchell တို့ရဲ့ ပတ်သက်မှုက ဘာတွေဆက်ဖြစ်မလဲဆိုတာကို ရင်ခုန်ကြည်နူးဖွယ်ရာ ဇာတ်လမ်းဇာတ်ကွက်များနှင့် ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size : (1.03GB) and (454MB) Quality : WEB-DL 720p Format…mp4 Duration…02:03:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Drama • Horror • Thriller
8.5 2020 122 mins
Gabriel's Inferno
Someone You Loved
4

Someone You Loved (2023) လမ်းခွဲပြီးကြတဲ့နောက်မှာ အဲဒီလူကိုမေ့ပစ်ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ။ သူနဲ့ပတ်သက်သမျှ အရာရာတိုင်းကို ဖုန်းထဲကနေ ဖျက်ပစ်လိုက်ရုံနဲ့ သူ့ကိုမေ့နိုင်သွားပါ့မလား။ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ သူငယ်ချင်းတွေကနေ ချစ်သူတွေဖြစ်လာခဲ့ကြပြီး ချစ်သူတွေကနေ သူစိမ်းတွေပြန်ဖြစ်သွားကြတဲ့ ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ Move On လုပ်ဖို့ကြိုးစားပုံကို ကြည့်ရှုခံစားကြရမှာပါ။ လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့‌ကြပေမဲ့ ဘယ်လိုမှ‌ညှိနှိုင်းလို့မရတော့တဲ့ အခြေအနေကြောင့် တစ်လမ်းစီလျှောက်ကြဖို့ဆုံးဖြတ်လိုက်ကြတဲ့အခါ .... ဂျွန်ဟိုနဲ့အာယောင်းတို့ရဲ့ အနာဂတ်ဟာ ပျော်ရွှင်နိုင်ပါ့မလား။ အဆင်မပြေတဲ့ချစ်သူနဲ့လမ်းခွဲပြီး အချစ်သစ်ကိုရော ရှာဖွေသွားနိုင်မှာလားဆိုတာ ငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ Casts တွေအနေနဲ့လည်း Reply 1988 ထဲက Lee Ding-Hwi နဲ့ The King: Eternal Monarch ထဲက Jung Eun-Chae တို့က သရုပ်ဆောင်ထားတာမို့ ကြည့်လို့ကောင်းမှာပါပဲ။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Romance, Drama Quality…. 1080p | 720p | 480p File size… 1GB | 397MB | 200MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Action
4 2023 103 mins
Someone You Loved
Tumbbad
7.6

IMDb Rating - 8.8/10 Google user - 97% Rotten Tomatoes - 89% 19ရာစုခေတ် သိုက်တူးသမား သားအဖနဲ့ ဒဏ္ဍာရီလာ ဥစ္စာစောင့်ဘီလူးတို့ ရင်ဆိုင်တိုက်ပွဲ " ဇာတ်လမ်းအကျဉ်း " -------------------------- "တွန်ဘာ့ဒ်"ဆိုတာ ရွာလေးတစ်ရွာရဲ့ နာမည်ပါ။ ဒီဒဏ္ဍာရီ ပုံပြင်ဟာ တွန်ဘာ့ဒ်ရွာမှာ အခြေပြုထားပါတယ်။ ခုနှစ်ကတော့ အစပိုင်းမှာ ၁၉၂၀ ဝန်းကျင်ပေါ့။ ဇတ်လမ်းမှာ စစချင်း ရုပ်ပျက်ဆင်းပျက်နဲ့ကျိန်စာသင့် အဖွားကြီးကို မြင်ရမှာပါ။ သူဟာ တချိန်က ဥစ္စာစောင့်မယ်တော်ရဲ့ဝမ်းဗိုက်အတွင်းက ရတနာတွေကို သွားယူခဲ့ရမှာ"ဟာစတာ"ဆိုတဲ့ ဥစ္စာစောင့်နတ်ဖုရားတစ်ပါးရဲ့ ကျိန်စာသင့်ခဲ့ပါတယ်။ ဟာစတာ ဆိုတာက မိခင်ဥစ္စစောင့် မယ်တော်ကြီးရဲ့ အချစ်ဆုံးသားဦးပါ။ ဟာစတာဟာ လောဘကြီးလွန်းတော့ရွှေငွှေအပြင် စားနပ်ရိက္ခာတွေပါ ပိုင်ဆိုင်လက်ဝားကြီးအုပ်ချင်တဲ့ ဥစ္စာစောင့်နတ်ဖုရားပါ။ တခြားနတ်ဖုရားတွေရဲ့ အမျက်ဒေါသတွေကြောင့်ဟာစတာဟာ ရွှေဒင်္ဂါးပြားတွေကိုသာ လက်ဝါးကြီးအုပ်ခွင့်ရခဲ့ပြီး မိခင်ဥစ္စာစောင့်မယ်တော်ကြီးရဲ့ ဝမ်းတွင်းမှာပဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပါတယ်။ ဒါတွေကို သိတဲ့ သူကတော့ ဆာကာဆိုတဲ့ ရွာသားကြီးပါပဲ။ ဆာကာဟာ ဖွားအေကြီးဆီက တဆင့်သိခဲ့ရပြီးဖွားအေကြီးကတော့ ကျိန်စာသင့်ကာ ဆာကာရဲ့ အပျော်မယား စောင့်ရှောက်မှုနဲ့ နေခဲ့ရပါတယ်။ ဟာစတာရဲ့ ကျိန်စာသင့်သူတွေဟာနှစ်ပေါင်းများစွာ အသက်ရှင်ပြီး ဝဋ်ဒုက္ခကို ခံကြရပါတယ်။ ဆာကာရဲ့ အပျော်မယား သားနှစ်ယောက်မှာ လောဘကြီးတဲ့ ဗီနာယက်ခ်ရာအိုဆိုတဲ့ သားကြီးဟာ ဒီရတနာတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် ၁၅နှစ်ကြာ မိခင်သေဆုံးပြီးချိန်သူကိုယ်တိုင် စံအိမ်ကြီးထဲကို ပြန်လာခဲ့ပြီးသေလုမျောမျော ခံစားနေရတဲ့ အဖွားအိုကြီးဆီက ရတနာတွေ ရှိတဲ့ နေရာကို သိခဲ့ရပါတယ်။ ဒီတော့... သူဟာ ရတနာတွေကို စတင်ရှာဖွေခဲ့ပါတယ်။ ရတနာတွေကို လွယ်လွယ်နဲ့ ရမလား? ကျိန်စာတွေကို ဘယ်လိုရှောင်တိမ်းမလဲ? သူတို့တွေ ဘယ်လို ကံဆိုးမိုးမှောင်ကျရောက်မလဲ?စသဖြင့် ... ရတနာသိုက် ရှာပုံတော်ကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ ---------------------------------------------------- ဇာတ်လမ်းလေးဟာ လူသားတွေရဲ့ လောဘဇောကို ထင်ထင်ရှားရှား တွေ့မြင်ရစေပါတယ်။ အသက်အန္တရာယ် စွန့်ပြီး ယူထားတဲ့ ရွှေပြားတွေတောင်သုံးမကုန်ဖြစ်နေတာကိုဘယ်တော့မှ မကုန်ခမ်းတဲ့ ရတနာအိတ်ကိုအတင်း လုယူဖို့ ကြိုးစားလာကြတဲ့ သားအဖနှစ်ယောက်၊ ဒါပေမဲ့... သူတို့ မသိတဲ့ တစ်ချက် ရှိနေတာကိုတော့... ၊ကံဆိုးမိုးမှောင်ကျမှုတွေလာတော့မယ်ဆိုတာတော့ဘယ်သူ သိနိုင်မလဲ? ဖခင်ရဲ့ စရိုက်တွေ သားဆီကူးစက်ပြီးသားရဲ့ လောဘကြောင့် ဝမ်းနည်းဖွယ် ဖြစ်ခဲ့ရတဲ့ သိုက်တူးသမားဇာတ်လမ်းဒဏ္ဍာရီ တစ်ပုဒ်ပါပဲလို့ ညွှန်းပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Nyi Nyi Koe ပါ) File Size : (950 MB) and (400 MB) Quality : AMZN WEB-DL 720p Running Time : 1hr 44min Format : Mp4 Genre : Drama, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEB-DL.DD+5.1.H.264-AJP69 Translated by Nyi Nyi Koe Encoded by Thanhtike Zaw

7.6 2018 113 mins
Tumbbad
Eat Drink Man Woman
7.8

Eat Drink Man Woman (1994) ~ IMDb – 7.8/10, Rotten Tomatoes – 88% ~ Directed by “ Ang Lee ” ” Taiwanese Cinema “ ပြည်မ၊ ဟောင်ကောင်၊ ထိုင်ဝမ် တရုတ်သုံးခြမ်းက ရုပ်ရှင်တွေထဲ ကျွန်တော်တို့ဆီ လူကြည့်အနည်းဆုံးက ထိုင်ဝမ်ပဲဖြစ်မယ်လို့ထင်ပါတယ်။ ဘာလို့ဆို ပြည်မက ခုနောက်ပိုင်း သိုင်းကားတွေ လော်ဘီကားတွေ ဘတ်ဂျက်ကောင်းကောင်းနဲ့ လှိုင်လှိုင်ထုတ်နေသလို ကောင်းသည်မကောင်းသည်က တကဏ္ဍထား၊ ကြည့်တဲ့ပရိသတ်အင်အားကတော့ မနည်းပါဘူး။ ကြည့်ပြီးမှသာ ဆဲချင်ဆဲပါလိမ့်မယ်။ ဟောင်ကောင်ကတော့ သူ့ရွှေခေတ်တုန်းက Mainstream ဆန်ဆန်လိုင်းမှာ John Woo, Johnnie To, Andrew Lau, Tsui Hark, Ringo Lam, Gordon Chan, ချောင်ကားတွေရဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Jeffrey Lau တို့၊ Wong Jing တို့နဲ့ တော်တော်ပေါက်ရောက်ခဲ့သလို ကျွန်တော်တို့အားလုံးလည်း ငယ်ငယ်ကတည်းက ဟောင်ကောင်ကားတွေနဲ့ပဲ ကြီးလာကြတာမို့လား။ နှစ်ခုလုံးမှာလည်း Art Film သမားတွေ ရှိပေမဲ့ အခုက အများစုနဲ့ ရင်းနှီးခြင်းမရင်းနှီးခြင်းအကြောင်းကိုပြောနေတာဆိုတော့ သူတို့ကို ခဏတော့ဖယ်ထားလိုက်ပါမယ်။ ထိုင်ဝမ်ကားတွေက ကျွန်တော်တို့အကြည့်အနည်းဆုံးထဲပါပါလိမ့်မယ်။ ဒါပေမဲ့ သိပ်မသိခဲ့ရင်တောင် ကျွန်တော်တို့အရင်ခေတ်မှာတော့ ကင်းဟူရဲ့ ထိုင်ဝမ် သိုင်းကားတွေ Wuxia ကားတွေက ပေါက်ခဲ့တယ်ပြောရမယ်။ ဒီနေ့ထိ King Hu ကို မသိတဲ့လူမရှိသလို သူ့ထိုင်ဝမ်ကား Dragon Gate Inn ဟာလည်း ဒီနေ့ထက်ထိ ဂန္တဝင်ကားဖြစ်နေတုန်းပါပဲ။ဒါပေမဲ့ ကင်းဟူဟာ ဒီမတိုင်ခင်က ရှောဘရားသားနဲ့ နာမည်ကျော်ကားတွေအများကြီးရိုက်ခဲ့ပြီး ၁၉၆၆မှ ရှောဘရားသားက ထွက်ပြီး ထိုင်ဝမ်မှာ သွားရိုက်ခဲ့တာဆိုတော့ သူ့ကို ထိုင်ဝမ်ဒါရိုက်တာစစ်စစ်လို့ ပြောလို့မရပေမဲ့ ထိုင်ဝမ်စီနီမာအပေါ်ကျေးဇူးကြီးခဲ့တဲ့သူပါပဲ။ အန်းလီရဲ့ အော်စကာတွေရထားတဲ့ Crouching Tiger, Hidden Dragon ဆိုလည်း ကင်းဟူရဲ့ ထိုင်ဝမ်မှာ ပထမဆုံးရိုက်ခဲ့တဲ့ မာစတာပိစ်ကား Dragon Inn ကနေ Inspiration ရထားတဲ့ ရုပ်ရှင်ပါပဲ။ Tsai Ming-liang ဆိုလည်း Goodbye, Dragon Inn ဆိုပြီး Dragon Inn ကားပြတဲ့ရုံတစ်ရုံနဲ့ ကြည့်တဲ့လူတွေအကြောင်းသက်သက်နဲ့ကို ဇာတ်ကားကောင်းတစ်ကားရိုက်ထားခဲ့တာပါပဲ။ New Taiwanese Cinema ခေါ် ထိုင်ဝမ် New Wave ခေတ်မှာတော့ Edward Yang နဲ့ Te-Chen Tao တို့နဲ့အတူ In Our Time (1982) နဲ့ ထိုင်ဝမ်စီနီမာလှိုင်းသစ်စခဲ့ပြီး Hou Hsiao-Hsien ကလည်း 83မှာ A Summer at Grandpa တို့လိုကားမျိုးတွေ ရိုက်ခဲ့ပါတယ်။ အတ်ဒဝတ်ယန်းလည်း နောက်ပိုင်းဆက်တိုက်ရိုက်ပါတယ်။ A City of Sadness နဲ့ A Brighter Summer Day တို့ကတော့ သူတို့ရဲ့အကျော်ကြားဆုံးကားတွေ ဖြစ်ပါလိမ့်မယ်။ တခြား ဒါရိုက်တာတစ်ချို့လည်းရှိသေးပေမဲ့ သူတို့ကတော့နာမည်အကျော်ဆုံးတွေပါပဲ။ Second New Wave မှာတော့ Tsai Ming-liang တို့ Ang Lee တို့ ရဲ့ကားတွေကလည်း ကိန်းတို့ဘာတို့ထိ ပေါက်ရောက်ခဲ့သလို အော်စကာဆန်ခါတင်တွေလည်းဖြစ်ခဲ့ပါတယ်။ အန်းလီကတော့ ဟောလိဝုဒ်ကားတွေပဲ အရိုက်များသွားပါတယ်။ Mainstream မဆန်နေတဲ့ သူတို့ရိုက်တဲ့ပုံစံတွေကြောင့်လားတော့မသိ အဲဒီကာလတွေမှာ ဟောလိဝုဒ်ဘလော့ဘတ်စတာကားတွေကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘဲ ထိုင်ဝမ်ကားတွေဟာ တော်တော်တိုင်ပတ်ခဲ့ပေမဲ့ ၂၀၁၀နှောင်းပိုင်းမှာတော့ ပေါက်ကားတစ်ချို့နဲ့အတူ မျှော်လင့်ချက်ပြန်ရှိလာခဲ့တယ်ပြောကြပါတယ်။ သူ့ပြည်မှာတောင် သူ့ဘာသာပရိသတ်နည်းနေတဲ့ ထိုင်ဝမ်ကားတွေက ဒီမှာလည်း ပရိသတ်နည်းတာ အံ့ဩစရာတော့မရှိပါဘူး။ ဒါပေမဲ့ ထိုင်ဝမ်နယူးဝေ့တွေကို စခဲ့တဲ့ အကျော်အမော်ဒါရိုက်တာတွေထဲက ထင်ရှားတဲ့လူတွေရဲ့ကားတွေကို ကျွန်တော်ကြည့်ဖူးသလောက်ကတော့ အကုန်လုံး အနပညာအရအဆင့်မြင့်တဲ့ကားတွေများပါတယ်။ ကြည့်စမရှိရင် ပျင်းဖို့တော့နည်းနည်းကောင်းနေမှာဖြစ်လို့လည်း လူကြည့်သိပ်မများခဲ့တာပဲနေပါမယ်။ Channel Myanmar မှာတော့ Yang ၃ကား၊ Hou ၅ကားလောက်၊ Tsai Ming-liang ၅ကားလောက်နဲ့ Ang Lee ကားတော်တော်များများရှိပါတယ်။ ဒါပေမဲ့ အန်းလီဟာ အင်တာမှာ ပေါက်ရောက်နှုန်းနဲ့ ဆုရနှုန်းအရတော့ ဒီအုပ်ထဲက အပေါက်မြောက်ဆုံးလူလို့ပြောရပါမယ်။ ကျွန်တော်တို့ဆီမှာ သူ့ဟောလိဝုဒ်ကားအကုန်နီးပါးရှိပြီး တရုတ်ကားထဲကတော့ ၅ကားထဲက ၂ကားရှိပါမယ်။ ဒီတစ်ကားနဲ့ဆို ၃ကားပေါ့။ အန်းလီအကြောင်းနဲ့ သူ့ပထမဆုံး ရုပ်ရှင်၃ကားဖြစ်တဲ့ ” Father Knows Best Trilogy ” အကြောင်းကိုတော့ အောက်မှာ ဆက်ဖတ်နိုင်ပါတယ်။ ~~~~~~~~~~~~~~ ” Ang Lee “ အန်းလီဟာ ထိုင်ဝမ် Second New Wave Cinema ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးလို့ ပြောလည်းရပါတယ်။ ” Father Knows Best ” Trilogy နဲ့ Second Wave မှာ ဒါရိုက်တာဘဝအစပြုခဲ့ပြီး ဒီသုံးကားလုံးဟာ ထိုင်ဝမ်ပြည်တွင်းတင်မက နိုင်ငံတကာမှာပါ အနုပညာအရရော အောင်မြင်ခဲ့သလို သူ့ပထမဆုံးသုံးကားဖြစ်တဲ့ ဒီ Trilogy ဟာ သူ့အတွက်မှတ်ကျောက်ကောင်းကောင်းတင်နိုင်ခဲ့တဲ့ကားတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီသုံးကားရိုက်ပြီးနောက်မှာတင် သူ Sense and Sensibility (1995) ကို Emma Thompson တို့ Kate Winslet တို့ Hugh Grant တို့နဲ့ ရိုက်နိုင်နေပါပြီ။ သူ့ပထမဆုံး ဟောလိဝုဒ်ကားမှာတင် Oscar မှာ Emma Thompson က Best Writing ဆုရခဲ့ပါတယ်။ Golden Globe Award for Best Motion Picture – Drama ဆုလည်း ရခဲ့ပါတယ်။ နောက် ၉၇နဲ့ ၉၉မှာ တိုဘီမက်ဂွိုင်းယားနဲ့အတူ The Ice Storm နဲ့ Ride with the Devil ဆက်ရိုက်ပါတယ်။ နှစ်ကားလုံးအလိုက်အထိုက် အောင်မြင်ခဲ့တယ်။ ၂၀၀၀မှာတော့ သူ့ရဲ့နာမည်အကြီးဆုံး တရုတ်အခြေစိုက်ကားလို့ ပြောရမယ့် Crouching Tiger, Hidden Dragon ကို ရိုက်ခဲ့ပါတယ်။ ထိုင်ဝမ်တရုတ်ကားပေမဲ့လည်း Best Picture အပါအဝင် အော်စကာ၁၀ခု ဆန်ခါတင်ဝင်ခဲ့ပြီး Best Cinematography, Best Music , Best Art Direction နဲ့ Best Foreign Language Film လေးဆုရခဲ့ပါတယ်။ အဲဒီနောက် Hulk (2003) ရိုက်ပါတယ်။ ဒါတော့မျက်နှာပျက်ချင်စရာကောင်းပေမဲ့ နောက်တစ်ကားမှာ မာစတာပိစ် ထပ်ထုတ်လိုက်ပါတယ်။ Brokeback Mountain (2005) ပါ။ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေနဲ့ ထိတ်ထိတ်ကြဲစာအုပ်ကို ပြန်ရိုက်တဲ့ကားပါပဲ။ တော်တော်လည်းအောင်မြင်ခဲ့ပါတယ်။ တော်တော်လည်းကောင်းခဲ့ပါတယ်။ ဒါရိုက်တာအနေနဲ့ အော်စကာရခဲ့သလို ရွှေကမ္ဘာလုံးမှာလည်း ဒါရိုက်တာအနေနဲ့ရော BP ရော ရခဲ့ပါတယ်။ အော်စကာဆန်ခါတင်၈ဆုဝင်ပြီး ၃ဆုရခဲ့တယ်။ Lust, Caution (2007) ကိုတော့ တရုတ်မှာပြန်ရိုက်ခဲ့ပြီး ထိုင်ဝမ်ဒါရိုက်တာဟာ ဟောင်ကောင်မင်းသားနဲ့ တရုတ်မင်းသမီးကို သုံးပြီး ရိုက်ခဲ့ပါတယ်။ ထျန်းဝေအတွက် ကံကောင်းတယ်လို့ပြောရမလား ကံဆိုးတယ်လို့ပြောရမလားမသိတဲ့ရုပ်ရှင်ပေါ့။ ၂၀၁၂မှာတော့ Life of Pi ကို ထပ်ရိုက်ခဲ့ပြီး ဆန်ခါတင် ၁၂ဆုဝင်ပြီး ၄ဆုရခဲ့ပါတယ်။ ဒါရိုက်တာဆုလည်းပါပါတယ်။ အော်စကာမှာတင် Best Director ၂ခါရထားပြီး ကိန်းနဲ့ ရွှေကမ္ဘာလုံးမှာလည်းရဖူးပါတယ်။ အန်းလီဟာ ၉၀နောက်ပိုင်း တရုတ်ဒါရိုက်တာတွေထဲတော့ ဟောလိဝုဒ်မှာ အပေါက်မြောက်ဆုံး အော်စကာမှာ အပေါက်အမြောက်ဆုံး ဒါရိုက်တာလို့ ပြောရပါမယ်။ ဂျွန်ဝူးလို ဟောလိဝုဒ်အက်ရှင်ကားတွေကို သွားလွှမ်းမိုးနိုင်တာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်ဆုံး ၂ကားကတော့ Billy Lynn’s Long Halftime Walk (2016) နဲ့ Gemini Man (2019) ပါ။ ဒီ၂ကားနဲ့ Hulk (2003) ကလွဲ သူဟာ တခြား တရုတ်ကားနဲ့ပေါက်ပြီးမှ ကန်ကားသွားရိုက်တဲ့ ဒါရိုက်တာတွေလို ဘာမှမဆိုင်လောက်အောင် ကွာလတီမကျသွားခဲ့ပါဘူး။ မာစတာပိစ်တွေချည်းလို့တောင် ပြောလို့ရပါတယ်။ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့ နောက် ကိုရီးယားက ဆရာပတ်တို့တောင် ဟောလိဝုဒ်ကားသွားရိုက်ရင် ရေမြေမတူတာကြောင့် ဘာမှမဆိုင်လောက်အောင် ကွာလတီကွာခြားသွားတတ်ပေမဲ့ သူကတော့ ဟောလိဝုဒ်မှာပါ အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့သား မေဆန်လီနဲ့ ဘရုစ်လီဘိုင်အိုကား ရိုက်မယ်လို့ ကြေညာထားပါတယ်။ ဘယ်လိုထွက်လာမလဲတော့ စောင့်ကြည့်ရမှာပါပဲ။ ~~~~~~~~~~~~~~ ” Father Knows Best Trilogy “ အန်းလီမှာ တရုတ်ကား၅ကားပဲရှိပြီး သူ့ပွဲဦးထွက် ၃ကားကိုပဲ သူကိုယ်တိုင်ဇာတ်ညွှန်းရေးထားခဲ့တာပါ။ အဲဒီသုံးကားကိုတော့ ‘Father Knows Best’ Trilogy လို့ခေါ်ပါတယ်။ အန်းလီရဲ့ ‘Father Knows Best’ Trilogy ထဲမှာ Pushing Hands (1991) နဲ့ The Wedding Banquet (1993) နဲ့ Eat Drink Man Woman (1994) ဆိုတဲ့ သုံးကားပါပြီး ရှေ့နှစ်ကားကတော့ အမေရိကန်တရုတ်တွေရဲ့ အခြေအနေကိုပုံဖော်ထားတာဖြစ်ပြီး တတိယကား Eat Drink Man Woman ကတော့ ထိုင်ဝမ်မှာချည်း ရိုက်ခဲ့တဲ့ သူ့ရဲ့တစ်ကားတည်းသောကားလည်းဟုတ်ပါတယ်။ ‘Father Knows Best’ ဟာ အဖေတစ်ယောက်နဲ့ သားသမီးတွေကြားက ခေတ်ဟောင်းနဲ့ခေတ်သစ်၊ ရိုးရာနဲ့ တိုးတက်မှု၊ အရှေ့နဲ့အနောက်ယဉ်ကျေးမှု ပဋိပက္ခတွေကို ပုံဖော်ထားတဲ့ ဇာတ်လမ်းတွေဖြစ်ပြီး မိသားစုဒရာမာကားတွေလို့ ပြောလည်းမမှားပါဘူး။ ~~~~~~~~~~~~~~ ” Eat Drink Man Woman (1994) “ သူ့နာမည်ကတော့ ကွန်ဖြူးရှပ်ဝါဒ ဂန္ထဝင်စာအုပ်တွေထဲက တစ်အုပ်မှာပါတဲ့ လူတွေရှောင်လွှဲလို့မရနိုင်တဲ့ လူ့သဘာဝ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စား သောက် ကာမဆိုတဲ့ အချက်တွေကို ဆိုလိုတာပါ။ အန်းလီကတော့ ပိုဖျော့အောင်လို့လား ကာမသက်သက်မဟုတ်ဘဲ ချစ်ခြင်းကိုပါသက်ရောက်စေချင်လို့လားတော့မသိ Man Woman ဆိုပြီး သုံးသွားပါတယ်။ ပြောရရင် ဒီတစ်ဇာတ်လုံးဟာ အဖေတစ်ယောက်နဲ့သမီး၃ယောက်ကို အခြေတည်ပြီး သူတို့ရဲ့ စားသောက်နေထိုင်ခြင်းတွေ၊ အိမ်ထောင်ရေး အချစ်ရေးတွေ၊ သူတို့ကြားက ဆက်ဆံရေးတွေအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ ကားသက်သက်ပါပဲ။ ပြောရရင် လူတွေတစ်ယောက်နဲ့တစ်ယောက်ကြားက ချစ်ခြင်းတွေဟာ ဖြစ်တည်မှုရဲ့ အဓိပ္ပာယ်၊ ဘဝရဲ့ အဓိပ္ပာယ်အဖြစ်ဆောင်နေတဲ့အကြောင်း သွယ်ဝိုက်ရိုက်ပြထားတယ်ပေါ့။ အန်းလီရဲ့ ‘Father Knows Best’ Trilogy သုံးကားလုံးမှာ အဖေအဖြစ်သရုပ်ဆောင်ထားတဲ့ ထိုင်ဝမ်ဂန္တဝင်မင်းသား Sihung Lung ကပဲ အဖေအဖြစ်သရုပ်ဆောင်ထားတယ်။ အန်းလီငယ်ငယ်ကတည်းက သူ့ကားတွေကို သဘောကျခဲ့လို့ သုံးထားတယ်လို့ဆိုတယ်။ မင်းသမီးတွေကတော့ ထိုင်ဝမ်မင်းသမီးတွေချည်းဆိုတော့ ဟောင်ကောင်ပရိသတ်တွေ ရင်းနှီးလောက်မှာ တစ်ယောက်တော့ပါတယ်။ Wu Chien Lien ပါ။ ဘန်နီချန်းရိုက်ပြီး အန်ဒီလောင်နဲ့သူ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Moment of Romance ကြည့်ဖူးရင် သူ့ကို မချစ်မိဘဲမနေလောက်ပါဘူး။ နှစ်သိပ်မကွာလှပေမဲ့ ဒီထဲတော့ A Moment of Romance ထဲကလို အင်နိုးဆန့်ပုံစံနဲ့ အရမ်းငယ်တဲ့ဟန်မရှိတော့ဘဲ သူ့ဇာတ်ကောင်နဲ့လိုက်ဖက်စွာဘဲ ရင့်ကျက်တဲ့ပုံစံဘက်ရောက်သွားပါတယ်။ နောက်နှစ်ယောက်ကိုတော့ ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ဖန်တွေသိပါလိမ့်မယ်။ Rebels of the Neon God နဲ့ Vive L’Amour ထဲက အဓိကမင်းသမီးတွေကို သုံးထားတာပါ။ အန်းလီဟာ ထိုင်၀မ်ဒါရိုက်တာပေမဲ့ အန်းလီရဲ့ ထိုင်၀မ်ကားစစ်စစ်ကို ပြပါဆိုလည်း ဒီတစ်ကားပဲပြစရာရှိပါတယ်။ အန်းလီရဲ့ Timeless Masterpiece ထိုင်၀မ်ကားစစ်စစ်ကိုမှ ရင်းနီးပြီးသား မင်းသမီးတွေနဲ့ဆိုတော့ ကြည့်ရလည်းမစိမ်းသလို Edward Yang တို့ Hou Hsiao-hsien တို့ရဲ့ New Taiwanese Cinema အလွန်မှာ ထိုင်ဝမ် Second New Wave ရုပ်ရှင်တွေ ဘယ်လိုအသွင်ပြောင်းလာလဲ ကြည့်ကြည့်ချင်တဲ့လူတွေအတွက်လည်း အဆင်ပြေပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 980MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1994 123 mins
Eat Drink Man Woman
Aurora: A Love Story
5.5

ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေ တရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ” အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြား မိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီး လှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကို လှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့ အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာ မကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါး ပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကို သိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။ သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့ လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့ အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကို ပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီ ရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။ File size…1.19GB/ 519MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2023 95 mins
Aurora: A Love Story
Tenkiller
5.9

ယခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက်ဒရာမာကားလေးပဲဖြစ်ပါတယ်…. ဒီရုပ်ရှင်ကားလေးက ၁၈ နှစ်သား လီယွန်ဆိုတဲ့ machinist နဲ့သူ့ညီလေးအကြောင်းကိုအဓိကထားရိုက်ကူးထားတာပါ… အချစ်ဆုံးသူငယ်ချင်းဖြစ်သူသေဆုံးပြီးတဲ့နောက် မိဘနှစ်ယောက်ကပါ အဆင်မပြေတဲ့အတွက် လီယွန်ဟာစိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေကိုရင်ဆိုင်လာရပါတယ်… ထို့အပြင်အမေဖြစ်သူရဲ့ ရည်စားက သူ့အလုပ်ကသူနဲ့မတည့်တဲ့ လူဆိုးလူမိုက်တစ်‌ယောက်ဖြစ်နေပါတယ်… ဒီရုပ်ရှင်ကားက ဒရာမာဆိုတဲ့အတိုင်း လီယွန်နဲ့သူညီလေးတို့အကြောင်းကိုပဲအဓိကထားပြီးရိုက်ကူးထားပါတယ်…. ခံစားကြည့်ရှုကြပါခင်ဗျာ…. File size…(1.7 GB)/(964 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

5.9 2022 92 mins
Tenkiller
The New Dragon Inn: Heroes Awakening
5.8

နန်းတွင်းမှာ မင်းကြီးနာမကျန်းဖြစ်နေပြီး မိန်းမစိုးတွေ စိတ်တိုင်းကျချယ်လှယ်နေတဲ့အချိန်မှာ ကျိုးမိသားစုတစ်ခုလုံးဟာလည်း အပြစ်ရယ်လို့ ကြီးကြီးမားမားမလုပ်မိဘဲ ပုန်ကန်သူအဖြစ် ခေါင်စဉ်အတပ်ခံရပြီး မတရားဖမ်းဆီးခံခဲ့ရပါတယ် ။ အဲဒီအချိန် ကျိုးမျိုးဆက်ဖြစ်တဲ့ ကျိုးဟွိုင်အန်းကို မိန်းမစိုးလက်ထောက်က ရှီးချန်မှာ တစ်အိမ်လုံးအသတ်ခံလိုက်ရတဲ့ ချွီမိသားရဲ့အငယ်ဆုံးသမီးကို ရှီးချန်ကလူတွေလက်‌ထဲမရောက်ခင် ပြန်လုလာခဲ့ပေးဖို့နဲ့ လာမဲ့တစ္ဆေပွဲတော်နေ့မှာ တာဝန်ခံဖုန်ဆီကို လုံမန်ကျွန်း လုံမန်တည်းခိုဆောင်မှာ လွှဲပြောင်းပေးဖို့ တာဝန်ပေးလိုက်ပါတော့တယ် ။ ဒီတာဝန်သာအောင်မြင်ရင် သူ့မိသားစုဝင်တွေရဲ့ စီရင်ချက်က တစ်မျိုးပြောင်းသွားနိုင်တာမလို့ အခွင့်အရေးကို လက်လွှတ်မခံဖို့ပါမှာကြားလိုက်ပါတော့တယ် ။ ဇာတ်လမ်းထဲမှာတော့ ဟွိုင်အန်းတစ်ယောက် ချွီအိမ်ရဲ့သမီးအငယ်ဆုံးလေးကို ဘယ်လိုကယ်တင်လာမယ်ဆိုတာရယ် လုံမန်တည်းခိုဆောင်မှာ ဘယ်လိုလျို့ဝှက်ချက်တွေ ဘယ်လိုအန္တာရာယ်တွေကစောင့်ကြိုနေမလဲဆိုတာရယ် ချွီအိမ်ကသမီးငယ်လေးကိုရော ဘာလို့လိုက်သတ်နေကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။

5.8 2024
The New Dragon Inn: Heroes Awakening
Within
5.5

အမေရိကန် Horror ကားကိုမှ Parasite လို Vibe မျိုးလေးနဲ့ ကြည့်ရှုချင်ရင်တော့ အခုတင်ဆက်ပေးမဲ့ ကားလေးက ကွက်တိပဲဖြစ်မှာပါ။Parasite လိုမျိုးကြီးလုံး၀တူနေတာတော့ မဟုတ်ဘဲနဲ့ အိမ်ထဲမှာ တစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့ ခံစားချက်ကြီးနဲ့ ကျောချမ်းစေမှာကတော့အသေအချာပါပဲ။ ခေါင်းကြီးတွေကတော့ မင်းသမီးချောချောလေးကို ငေးနေတာနဲ့တင် ကြောက်ချိန်ရမယ်မထင်ပါဘူး။ဇာတ်လမ်းနာမည်ကတော့ Within ဖြစ်ပြီး IMDb Rating 5.1 ရရှိထားတဲ့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အမေရိကန် သည်းထိပ်ရင်ဖို ဇာတ်ကားတွေကတော့ ထုံးစံအတိုင်းပဲ မိသားစုတစ်စုက အိမ်သစ်တစ်လုံးကို ပြောင်းရွှေ့လာရာကနေ စပါတယ်။သူတို့မိသားစုမှာ အဖေ မိထွေးနဲ့ ဆယ်ရာဆိုတဲ့သမီးဖြစ်သူ ဆိုပြီးမိသားစုဝင် ၃ ယောက်ရှိပါတယ်။မိထွေးဆိုပေမဲ့ ဆယ်ရာနဲ့ အရမ်းအဆင်ပြေပြီး သင့်မြတ်ကြပါတယ်။အိမ်ကိုရောက်လာ ခါစမှာတော့ ဘာပြဿနာထွေထွေထူးထူးမှမရှိခဲ့ပေမဲ့ သူတို့ခေါ် ခိုင်းတဲ့ ဘေးအိမ်ကသော့ပြင်ဆရာကတော့ ကြောက်စရာ ကောင်းပြီးတော့ ကြောင်တောင်တောင်နိုင်ပါတယ်။အဲ့ဒီအပြင်ကိုမှ ဆယ်ရာက တစ်ခါတစ်လေအိမ်ထဲမှာ လူရိပ်တွေ့တာတွေ အသံတွေကြားနေရတာတွေ ခဏခဏဖြစ်လာပြီး စိတ်ခြောက်ခြား နေပါတော့တယ်။ ဆယ်ကျော်သက်တစ်ယောက်ရဲ့ စကားဆိုတော့လည်း အဖေနဲ့ မိထွေးဖြစ်သူက သိပ်မယုံချင်ကြပါဘူး။ဒီလိုနဲ့ ဆယ်ရာပြောနေတာ အမှန်တွေဖြစ်တယ်ဆိုတဲ့ အကြောင်းသက်သေထွက်ရှိလာပြီး နောက်မှာတော့ သူတို့ရဲ့အိမ်ထဲမှာသူတို့မထင်မှတ်ထားတဲ့ ဘယ်လို ကြောက်စရာကောင်းတဲ့ အရာတွေရှိနေမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…1.22GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2016 88 mins
Within
Headhunters
7.5

Hitman လိုမျိုး action thriller တွေ Bratt Pitt ရဲ့ Ocean movie တွေထဲကလို gambling သဘောတရားဆန်ဆန်လေးတွေကို ကြည့်ချင်တယ်ဆိုရငတော့ ဒီဇာတ်လမ်းလေးက အသင့်တော်ဆုံးပါပဲ။ Games of Throne ထဲက Jammie Lennister အနေနဲ့ သရုပ်ဆောင်ထားတဲ့ မင်းသားကပါ ဒုတိယဇာ​တ်ဆောင် နေနဲ့ ပါနေတာမလို တက.် entertain ဖြစ်တဲ့ဇာတ်လမ်းမျိုးပါ ဒီဇာတ်လမ်းထဲမှာကတော့ရော်ဂျာလိုခေါ်တဲ့ တန်ဖိုးကြီးပန်းချီသူခိုးတစ်ယောက်အကြောင်းကို တွေ့ရမှာပါ။ကြေးစား သူခိုးဆိုတဲ့အလျောက် ငါးစာတွေကို လိုက်ရှာနေရသူပါ။ တစ်နေ့မှာရော်ဂျာရဲ့ အယောင်ပြလုပ်ငန်းဖြစ်တဲ့ အလုပ်အေဂျင်စီကို ကလာ့စ်လိုခေါ်တဲ့ထောက်လှမ်းရေးလုပ်သားဟောင်း တစ်ယောက်က ရောက်လာတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(1.6GB)/(800MB) Quality_HEVC 1080p / 720p Format_mkv/mp4 Duration_01:48:00 Genre_Action, Crime, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Action • Comedy • Crime • Thriller
7.5 2011 100 mins
Headhunters
A Normal Family
7.3

A Normal Family (2024) ************************* IMDb… 7.3 Sky Castle , Penthouse တို့လို vibe မျိုးရစေမဲ့ Family, Thriller ရုံတင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင် The Dinner ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး The Last Princess ၊ Forbidden Dream တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Hur Jin-ho က ရိုက်ကူးထားပြီး အားလုံးနဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ Sul Kyung-Ku ၊ Jang Dong-Gun ၊ Kim Hee-Ae နဲ့ Claudia Kim တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ယန်းဂျယ်ဝမ် (Sul Kyung-Ku) ကတော့ ကိုယ့်လောဘတစ်ဖို့စာသာ သိပြီး လူသတ်သမားတွေကို ရှေ့နေလိုက်ပေးဖို့လည်း တွန့်ဆုတ်‌မနေသူပါ။ ဂျီဆူး (Claudia Kim) နဲ့ လက်ထပ်ထားပြီး ဂျီဆူးနဲ့မယူခင် အရင်အိမ်ထောင်နဲ့ရတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ ယန်းဂျယ်ဂယူ (Jang Dong-Keon) ကတော့ စည်းမျဉ်းစည်းကမ်းများကို အလေးထားတဲ့ ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ယွန်း‌ဂယောင်း (Kim Hee-Ae) နဲ့ လက်ထပ်ပြီး သားလေးတစ်ယောက်ရှိပါတယ်။ တစ်ယောက်နဲ့တစ်‌ယောက် ခံယူချက်တွေ မတူညီကြပေမဲ့ အပြစ်အနာအဆာမရှိတဲ့ သာမန်မိသားစုလေးဖြစ်ခဲ့တဲ့ သူတို့လေးဦး… တစ်နေ့မှာ သားနဲ့သမီးဖြစ်သူတို့ ပြစ်မှုကျူးလွန်နေတဲ့ မြင်ကွင်းကို ရိုက်မိထားတဲ့ စီစီတီဗီကို အမှတ်မထင် မြင်သွားတဲ့အခါ… လေးယောက်ကြား အထင်အမြင်တွေ ကွဲလွဲပြီး အေးချမ်းနေခဲ့တဲ့ မိသားစုလေး စတင်လဲပြိုလာတဲ့အခါမှာတော့… ကိုယ့်သွေးသားကိုပဲ ကာကွယ်ပေးမလား.. လူ့ကျင့်ဝတ်ကိုပဲ လိုက်နာမလား… သူတို့လေးဦး ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဝါရင့်သမ္ဘာရင့် ထိပ်ထိပ်ကြဲသရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့အလျောက် သရုပ်ဆောင်ချက်တွေကအစ မိမိုက်နေတာဖြစ်လို့ ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.16GB/ 480MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 49m Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo & Stary

Comedy • Romance
7.3 2024 116 mins
A Normal Family
Baby Geniuses

ဇာတ်လမ်းကတော့ အမွှာကလေးနှစ်ယောက်ဖြစ်တဲ့ ဆလိုင် နဲ့ ဝစ် (Leo, Gary နဲ့ Myles Fitzgerald) တို့ကို သိပ္ပံစမ်းသပ်မှုတစ်ခုအတွက် ရည်ရွယ်ပြီးမွေးဖွားခဲ့တာပါ။ ဆလိုင်ကို ဒေါက်တာအယ်လီနာကင်ဒါ(Kathleen Turner)က ယူထားပြီး ဝစ်ကိုတော့ ဒန် (Peter MacNicol) နဲ့ ရော်ဘင် (Kim Cattrall)တို့က မွေးစားထားခဲ့ပါတယ်။ တစ်သက်လုံး စမ်းသပ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆလိုင်ဟာ အကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါကို ပြန်လိုက်ဖမ်းတဲ့လူတွေက ဝစ်ကို လူမှားဖမ်းခေါ်သွားတဲ့အခါ အရင်ကမသိရသေးတဲ့လျှို့ဝှက်ချက်တွေ ပေါ်‌ပေါက်လာပါတယ်။ ဒီဇာတ်လမ်းဟာ Box office မှာ အတော်လေးအောင်ပွဲခံခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Sequel ဖြစ်တဲ့ Superbabies: Baby Geniuses 2 ထပ်ထွက်လာခဲ့ပေမယ့် သရုပ်ဆောင်မှုများ၊ ဟာသ၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာတို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ တစ်ခုတည်းသော အမှတ်ပေးစရာကတော့ ဒီရုပ်ရှင်ဟာ လူသားတွေရဲ့ မြင်နိုင်တဲ့ပြောပုံဆိုပုံကို ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ပထမဆုံး ဇာတ်လမ်းအရှည် ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ပါတယ်။ ပါးစပ်ပိတ်ထားလျက် ရိုက်ကူးခဲ့တဲ့ ကလေးငယ်တွေရဲ့ ပါးစပ်လှုပ်ရှားပုံ (viseme shapes) တွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ လှုပ်ရှားစေဖို့ နှစ်ဖက်မြင်အလွှာထပ်နည်းပညာတွေကို အသုံးပြုခဲ့ပါတယ်။ ခုခေတ်မှာ အရမ်းမထူးခြားတော့ပေမယ့် တစ်ခေတ်တစ်ခါကတော့ အင်မတန်အဆင့်မြင့်တဲ့နည်းပညာဖြစ်ပါတယ်။ Home Alone အငွေ့အသက်တွေလည်း မြင်ရမှာပါ။ ရထားတဲ့ဆုတွေကတော့ အားရှိစရာပါပဲ။ အဆိုးဝါးဆုံး ဒါရိုက်တာဆု (ဘေးကမှတ်ချက်ကတော့ သူ့ကိုနောင်အခါ ဘယ်တော့မှဒါရိုက်တာပေးမလုပ်ပါနဲ့တော့ တဲ့) နဲ့ အဆိုးဝါးဆုံး အထူးပြုလုပ်ချက်တွေပါတဲ့။ Nomination ‌တွေကလည်း ထူးမခြားနားတွေပါပဲ။ ကောင်းသလား၊ ဂွမ်းသလားကတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ ဒါရိုက်တာကတော့ Bob Clark ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… (1.6 GB) / (968 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Science Fiction, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Thriller • Drama
0 1999
Baby Geniuses
Serpico
7.7

ဒီဇာတ်ကားလေးကတော့ 1973 ခုနှစ်ကထွက်ရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ။ The Godfather ဇာတ်လမ်းမှမင်းသားကောင်း Al Pacino အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်းချုပ်ကတော့ ငယ်စဥ်ကတည်းက ရဲအရာရှိတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ ဆာပီကိုဆိုတဲ့ လူငယ်လေးဟာ ရည်မှန်းချက်ပြည့်ခဲ့ပြီးနောက်မှာ… အကျင့်ပျက်ခြစားလွန်းတဲ့ အရာရှိတွေ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ အလုပ်ခွင်ထဲကအဖြစ်မှန်တွေကို သိလာရပြီးနောက် သူကိုယ်တိုင်ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားရုန်းကန်တာကို မြင်တွေ့ရမှာပါ။ ဟောင်းနေသော်လည်း ကောင်းဆဲမို့ ကြည့်ရှုကြဖို့တိုက်တွန်းပါရစေခင်ဗျာ။ File size…(9.7 GB)/(2.9 GB)/(1.4 GB) Quality….Blu-Ray 4K HEVC/1080p / 720p Format… mp4 Duration…. 02:10:00 Genre… Biography, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Satt

7.7 1973 130 mins
Serpico
Star Trek: Insurrection

ဂန္တဝင်အာကာသရုပ်ရှင်တွေထဲက အပါအဝင်တစ်ခုဖြစ်တဲ့ Startrek Saga ထဲက ရုပ်ရှင်ကားကောင်းတစ်ကားပါ စတားထရက်ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကပ္ပတိန်ကာ့ခ် ဂျွန်လုပစ်ကာ့ မစ္စတာဝုဖ် ..ဘို့ဂ်မျိုးနွယ်နဲ့ အာကသယာဉ်ပျံကြီးတွေ ဒါတွေက ၉၀ ကာလက စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေကြားထဲမှာခေတ်ရှေ့ပြေးဆုံး ရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်… အခုရုပ်ရှင်မှာလည်း ကပ္ပတိန်ဂျွန်လုပစ်ကာ့တို့ဦးဆောင်တဲ့ အင်တာပရိုက်စ်အဖွဲ့ဟာ မသေမျိုးတွေအဖြစ်နေထိုင်နေတဲ့ ဂြိုလ်ကလူတွေပေါ်ကျရောက်လာတဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် ဂြိုလ်သားမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အာကာသစွန့်စားခန်းရုပ်ရှင်ကောင်းတစ်ခုပါ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thiha Yan Naing

Comedy • Drama
0 1998
Star Trek: Insurrection
Montauk

ဒါကတော့ မြို့လေးတစ်မြို့က အတူတူကြီးလာတဲ့သူငယ်ချင်းအုပ်စုလိုက်ဟာ သူတို့ဉာဏ်မမှီတဲ့ကိစ္စအကြီးကြီးတွေကို ဖြေရှင်းဖို့လုပ်ရင်း ပျားအုံကိုမှတုတ်နဲ့သွားထိုးမိသလိုဖြစ်တဲ့ လူငယ်ကားလေးပါပဲ ။ ဒီထဲမှာ ပထ်ထ်ဆိုတဲ့ကောင်မလေးနဲ့ သူ့အပေါင်းအပါတို့တစ်သိုက်က သူငယ်ချင်းဖြစ်သူရဲ့ ဘဏ်ကသိမ်းခံရတော့မဲ့ ဘားကိုကယ်ဆယ်နိုင်ဖို့အတွက် ကျန်ရာမရတော့တဲ့အဆုံး လွန်ခဲ့တဲ့နှစ်‌ရာကျော်က ကြိုးပေးသတ်ခံလိုက်ရတဲ့ ပင်လယ်ဓားပြကြီးရဲ့ ပျောက်ဆုံးနေတဲ့ ကျွန်းပေါ်ကရတနာသိုက်ကိုရှာပုံတော်ဖွင့်ကြမှာပါ ။ ကြားရရင် နည်းနည်းရူးချင်စရာပေမဲ့ လူတိုင်းငယ်ဘ၀မှာ ဘာလုပ်လုပ်မှန်တဲ့အယူလက်စွဲပြီး စွန့်စားခန်းတစ်ခုကိုတော့ အမြဲထွက်ခဲ့ကြမှာပဲ ။ ဒီအုပ်စု‌ကလဲ ကျွန်းပေါ်ရောက်သွားတဲ့အခါ နက်နဲတဲ့သမိုင်းကြောင်းရှိနေတဲ့ ထိုနေရာကြီးမှာ ဘယ်လိုတွေကြုံတွေ့လာရမလဲ ။ ဘယ်လိုလျှို့ဝှက်ချက်တွေက‌ရော အဲ့နေရာမှာကိန်းအောင်းနေမလဲ ။ ဒီတစ်သက်ဖြုန်းမကုန်မဲ့ ရတနာဆိုတာကရော ပုံပြင်ပဲလား တကယ်ရှိတာလားဆိုတာတွေကို ကြည့်ရှု့သွားရမှာပါနော် ။ File size…(1.6 GB)/(902 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Adventure, Mystery, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Serenity

0 2025
Montauk