YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Marvels.Hit-Monkey.S01E10.The.End.Part.Two.1080p.HULU.WEB-DL.DDP5.1.H.264(CM).mp4

288.02 MB N/A video/mp4 4320 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cirkus
5.2

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ဘောလီဝုဒ်ဟာသကားကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မင်းသားချော ရန်ဗီးဆင်းက Dual Role နေရာကနေသရုပ်ဆောင်ထားပြီး မင်းသမီး ပူးဂျာဟစ်ဂဒေ..ဂျက်ကလင်းဖာနန်ဒက်ဇ်တို့အပြင် ဟာသသရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာ..ဆန်ဂျေးမစ်ရှရားစသဖြင့် သရုပ်ဆောင်ပေါင်းများစွာလည်း ပါဝင်အားဖြည့်ထားသလို မင်းသမီးချောလေး ဒီပီကားပါဒူကွန်ကလည်း Cameo အနေနဲ့ ပါဝင်ပေးထားပါတယ်နော်။ ဆရာဝန်တစ်ယောက်ရဲ့စူးစမ်းချင်စိတ်ကြောင့် ဖြစ်ပေါ်လာတဲ့ စမ်းသပ်ချက်တစ်ခုပေါ်မူတည်ပြီး အလွဲကြီးလွဲခဲ့ရတဲ့ဇာတ်ကြောင်းလေးပေါ့ဗျာ။ အငှားကိုယ်ဝန်ဆောင်ခြင်းတွေ ခေတ်မစားသေးခင်ကာလ ဒီကိစ္စကို လူတွေလက်မခံနိုင်ကြတဲ့အခါ...။ ပြုစုပျိုးထောင်ပေးတဲ့ မိသားစုတူရင် ဒီညီအစ်ကိုမောင်နှမတွေဟာ ကိုယ့်သွေးသားမဟုတ်လည်း သွေးသားရင်းခြာလို့ မေတ္တာထားကြမယ်။ ကူညီရိုင်းပင်ကြမယ်ဆိုတာကို ဒီဆရာဝန်ဟာ လောကကြီးကို ချပြချင်ခဲ့ပါတယ်။ ဒီလိုနဲ့ အမြွှာနှစ်တွဲကို တစ်ယောက်ဆီလွဲထည့်ပြီး မိသားစုနှစ်စုကို တစ်တွဲစီမွေးစားဖို့ပေးလိုက်ပါတော့တယ်။ တစ်ရက်တော့ ရုပ်တူပြီး လူချင်းလွဲနေတဲ့ ဒီအမြွှာနှစ်တွဲဟာ တစ်မြို့တည်းမှာ အတူဆုံကြတဲ့အခါမှာတော့ ဖြစ်ပျက်သမျှအလုံးစုံဟာ စတင်ပြီး လွဲလာပါတော့တယ်။ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ပါးစပ်မပိတ်တမ်း ရယ်ရမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ရှုစားကြည့်ပါတော့နော်။ File size…2.69GB / 1.25GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor~Khin Khin~ Nyein Aye ~BpL~Yunni

Comedy • Mystery • Sci-Fi & Fantasy
5.2 2022 140 mins
Cirkus
George of the Jungle
5.6

ကမ္ဘာကျော် တောတွင်းဇာတ်ကောင်တွေ အများကြီးရှိခဲ့တယ်ဗျ။ ကလေးဘဝက သူများအိမ်မှာ တိုးဝှေ့ပြီးသွားကြည့်ရတာတစ်မျိုး၊ ဗီဒီယိုရုံမှာ မုန့်ဖိုးလေး ကျစ်ကျစ်ပါအောင် စုဆောင်းပြီး ကြည့်ရတာကတစ်ဖုံ မျိုးစုံကြုံခဲ့ရတာပေါ့လေ။ ကောင်ကလေး မောဂ္ဂလိ၊ တောဘုရင် တာဇံ၊ မစ္စတာ ဘုန်း စသဖြင့် ဖိုက်တင်ချ၊ ရယ်စရာဟာသတွေနဲ့ ဆေးရောင်စုံပိတ်ကားကြီးကို မျက်တောင်မခတ်စတမ်း ငေးမောခဲ့ရဖူး။ ဒီနေ့တင်ဆက်မှာကတော့ တောဘုရင်ကြီးဖြစ်တဲ့ တောနက်ထဲက ဂျော့ ပါတဲ့ခင်ဗျ။ စုစုပေါင်း နှစ်ကားထွက်ရှိထားပြီး ၁၉၉၇ ခုနှစ်က ပထမဇာတ်ကားကို တင်ဆက်ပါ့မယ်။ ဟာသကားဆိုတော့ ဟာသကားလောက်ပဲ Rating ရခဲ့တယ်ဆိုပေမဲ့ စိတ်ကူးကောင်းတဲ့ဟာသလေးတွေ တော်တော်များများ တွေ့ရမှာပါ။ အဟောင်းဖြစ်ပြီး လူတကာကြည့်ဖူးပြီးသားဆိုပေမယ့် The Mummy နဲ့ The Whale မင်းသားကြီး Brendan Fraser ရဲ့ ငယ်မူငယ်သွေးကို ပြန်ကြည့်ရမှာမလို့ ဟောင်းပေမဲ့ ကောင်းနေဦးမှာပါ။ မင်းသမီးကြီး Leslie Mann ကိုလည်း ပြန်ကြည့်နိုင်ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆန်ဖရန်စစ္စကိုမြို့ရဲ့ လူကုံတန်အသိုင်းအဝိုင်းက တစ်ဦးတည်းသောသမီး အမွေခံအမျိုးသမီးလေး အာဆယ်လာက တောဘုရင်ကြီးရှိတဲ့ အာဖရိကတောထဲကို လူဝံတွေကြည့်ချင်လို့ လာခဲ့ပါသတဲ့။ လေယာဉ်ပျက်ကျပြီး အာဖရိကတောထဲရောက်လာ၊ ကလေးပေါက်စတည်းကနေ လူဝံထီးကြီးတစ်ကောင်ရဲ့ ထိန်းကျောင်းမှုအောက်မှာ လူလားမြောက်ခဲ့ရတဲ့ တောဘုရင် ဂျော့နဲ့ ဆုံတွေ့ခန်းရဲ့ ဇာတ်လမ်းကတော့ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ပါပဲ။ ခင်ပွန်းလောင်းကိုစွန့်ပယ်၊ တောဘုရင်အပေါ်မှ အချစ်ကြီးချစ်မိတဲ့ အာဆယ်လာရယ်၊ အခုမှ လူဆိုတာမြင်ဖူးတဲ့ ဂျော့ရဲ့ တောတွင်းလူရိုင်းနှလုံးသားရယ်၊ မတူတဲ့အသိုင်းအဝိုင်းကြောင့် သဘောမတူတဲ့ အာဆယ်လာရဲ့ မိခင်ရယ်၊ ဂျော့ရဲ့ မွေးစားဖခင် လူဝံကြီးကို ဖမ်းခေါ်သွားတဲ့ တရားမဝင်မုဆိုးနှစ်ယောက်ရယ်တို့ကို တဝါးဝါး တဟားဟား ကြည့်ရှုလိုက်ကြပါဦးလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 32Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
5.6 1997 92 mins
George of the Jungle
Blank
4

Boston Science Fiction Film Festival မှာ Best Director, Best Production Design, Best Actor ဆုတွေရထားတဲ့ Sci-Fi ရုပ်ရှင်ပါ ။ Sci-Fi တွေချည်းပြတဲ့ပွဲမှာ ဆုရထားတဲ့ Sci-Fi ကားဆိုတော့ စဉ်းသာစားကြည့်‌ပေါ့။ IMDb ကလည်း 7.5/10 ဆိုတော့ စောက်ချဉ်တော့မဟုတ်ဘူး။ နာမည်ကြီးစာရေးဆရာမတစ်ယောက် စာရေးမထွက်လို့ ဆိတ်ငြိမ်ရိပ်သာလို့ခေါ်တဲ့ အေအိုင်အကူအညီနဲ့ ဧကစာရီနေပြီး စာရေးဖို့လုပ်တယ်။ အေအိုင်က ၂မျိုး၊ တစ်ခုက ရိုဘော့ သူ့ကိုဝေယျာဝစ္စလုပ်ပေးမယ့် လက်ထောက်၊ နောက်တစ်ယောက်ကတော့ အကြံပေး လမ်းညွှန်ပေးတဲ့ အရိပ်လိုဟာ...။ သူစာရေးလို့ပြီးမှ သူအဲဒီကထွက်လို့ရမယ်ပေါ့။ ကံဆိုးချင်တော့ ဗိုင်းရပ်စ်ဝင်သွားပြီး စစ္စတန်တစ်ခုလုံး ဇောက်ထိုးတွေဖြစ် ရိုဘော့အေအိုင်နဲ့ သူနဲ့ပြဿနာတွေတက်လာတဲ့အခါမှာ သည်းထိတ်ရင်ဖို Thriller ကား တစ်ကားအဖြစ် အသက်ဝင်လာတယ်။ မထင်ထားတဲ့ Plot Twist အကြမ်းစားကြီးကိုလည်း တွေ့ကြရမယ့်၊ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် ဆုရ Sci-Fi Thriller ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 35Min Genre - Drama, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Crime • Thriller
4 2022 95 mins
Blank
The Wrong Son
5.6

The Wrong Son (2018) ================= ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Nick Everhart ရိုက်ကူး ထားတဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျိတ် နဲ့ ဆာရာ တို့မိသားစုဟာ တစ်ခု ကမ်းခြေမှာပျော်ပွဲစားထွက်လာခဲ့ပါတယ်။ သူတို့ရဲ့သားနှစ်ယောက် ဖြစ်တဲ့ အီအာ နဲ့ မတ် တို့ညီအစ်ကိုဟာ ရေထဲမှာကစားနေရင်း ရုတ်တရက် မတ် ကပျောက်သွားပါတော့တယ်။ နောက်ဆယ်နှစ် အကြာမှာတော့ ယာဉ်မတော်တဆမှုကြောင့် ဂျိတ် ဆုံးသွားပြီး အမွေခွဲနေတဲ့အချိန်မှာ မတ် ကတိုက်တိုက်ဆိုင်ဆိုင်ပြန်ပေါ်လာ ပါတယ်။ အဲဒီလိုနဲ့ မိသားစုကြားမှာ သဘောထားကွဲလွဲမှုတွေရှိ လာပြီး မတ်ကိုသံသယတွေစ၀င်လာပါတော့တယ်။ အဲဒီနောက် ဆယ်နှစ်အကြာမှပြန်ပေါ်လာတဲ့ မတ် က ဆာရာ တို့ရဲ့သားအစစ်လား၊ ဂျိတ် ရဲ့ယာဉ်တိုက်မှုကရော တကယ်ပဲမတော် တဆမှုဟုတ်ရဲ့လားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် Thriller ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size……….(1.9 GB) / (616 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Kat Encoder……….SWM

5.6 2018 85 mins
The Wrong Son
Jagged Mind

Jagged Mind (2023) အချစ်နဲ့စစ်မှာမတရားတာမရှိပေမဲ့ ပိုင်ဆိုင်လိုစိတ်တွေက အစွန်းရောက်လာပြီဆိုခဲ့ရင် တစ်ဖက်လူရဲ့ဆန္ဒမပါဘဲ ပြန်လည်ပြင်ဆင်နေရုံနဲ့ ပျောက်ဆုံးသွားပြီဖြစ်တဲ့ အချစ်တစ်ခုကို ပြန်တည်ဆောက်နိုင်မှာလား။ လုပ်ယူထားတဲ့ ဖန်တီးထားတဲ့အချစ်တစ်ခုကရော အချစ်စစ်လို့ ခေါ်နိုင်မှာလား။ အခုတစ်ခါတင်ဆက်ပေးမှာကတော့ psychological thriller ချစ်သူတို့ အကြိုက်တွေ့စေမယ့် Jagged Mindဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ 18 ယောက်စုကြည့်ရတဲ့ကားလေးဆိုတော့ 18 ယောက်မပြည့်ရင်တောင် အဖော်များများနဲ့ကြည့်ဖို့တော့ Recommended ပါတယ်။ ဘစ်လီဆိုတဲ့ကောင်မလေးမှာ ခရစ်စတင်းဆိုတဲ့ချစ်သူတစ်ယောက်ရှိပါတယ်။ ဒါပေမဲ့ toxicဆန်နေတဲ့rsတစ်ခုမှန်း သိသိကြီးနဲ့ red flag မှ ခိုက်တာဆိုတဲ့ အချောလေးတို့ထုံးစံအတိုင်း ဘစ်လီတစ်ယောက် ခရစ်စတင်းကခေါ်တိုင်း ပါပါသွားတတ်သူပေါ့။ ဒါပေမဲ့ ဘစ်လီတစ်ယောက် သတိမေ့တဲ့ရောဂါလိုလို Deja vuလိုလိုနဲ့ သူ့ဘဝရဲ့ တချို့အချိန်တွေက သူမသိလိုက် မမှတ်မိလိုက်ဘဲ ပျောက်ဆုံးနေပါတယ်။ တစ်ခါတစ်ရံမှာ Blackoutဖြစ်ပြီး ပေါ်ပေါ်လာတဲ့ တစ်စစီဖြစ်နေတဲ့ မှတ်ဉာဏ်အပိုင်းအစတွေကြောင့် ရိုးရှင်းမလိုဘဝကြီးက ရှုပ်ထွေးနေတာပေါ့။ ဒီလိုနဲ့ ထုံးစံအတိုင်း ခရစ်စတင်းက ပလစ်သွားလေပြန်တဲ့တစ်ညမှာ ရုတ်ချည်းဝင်ရောက်လာခဲ့တဲ့ Miss Perfect အဲလက်စ်၊ အဲလက်စ်ကိုခုမှမြင်ဖူးတာပေမယ့် ရုတ်တရက်ပေါ်လာတဲ့ မှတ်ဉာဏ်အပိုင်းအစတွေထဲက အဲလက်စ်ရဲ့ဝိုးတဝါးပုံရိပ်တွေက ဘစ်လီအတွက်တော့ စိတ်ရှုပ်စရာဖြစ်နေခဲ့တာပေါ့။ ဒါပေမဲ့ အံ့ဩဖို့ကောင်းလောက်အောင် သူ့ကိုနားလည်နေတဲ့အဲလက်စ်ကြောင့် Red flagကိုပလစ်ပြီး Green Flagလို့ထင်ရတဲ့အဲလက်စ်နဲ့ ခပ်မြန်မြန်ပဲ အဆင့်တက်လိုက်တာပေါ့။ Bad girlမှအသဲစွဲတဲ့ ဘစ်လီတစ်ယောက် Green flag လို့သတ်မှတ်လိုက်တဲ့ဒီတစ်ယောက်ကရော ဘယ်လိုဆက်ဖြစ်မလဲ။ တစ်စတစ်စပိုဆိုးလာတဲ့ Blackoutတွေ မှတ်ဉာဏ်ပျောက်ဆုံးမှုတွေ Flash backတွေကြားကအဖြေကို သူဘယ်လိုရှာဖွေသွားမလဲဆိုတာကို ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 1.2GB | 570MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

0 2023
Jagged Mind
God’s Not Dead: In God We Trust

IMDb Rating – 2.5 Genre – Politics, Religion ကဲ ဒီတစ်ခေါက်တော့ နိုင်ငံရေးကားအသစ်မျှော်နေတဲ့သူတွေအတွက် 2024ခုနှစ်ထွက် အမေရိကန်နိုင်ငံရေးဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း – ဖာသာ ဒေးဗစ် ဟေးလ် တစ်ယောက် မူဝါဒက နေ ဘာသာရေးကို ဖယ်ထုတ်ချင်သူတစ်ဦးနဲ့ လွှတ်တော်မတ်အဖြစ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ယုံကြည်သက်၀င်မှုဟာ ပြည်သူလူထုရဲ့ ဘ၀မှာ ဘယ်လောက်အရေးပါသလဲ‌ဆိုတာရယ် ဘာသာရေးတန်ဖိုးများကို အစိုးရ အနေနဲ့ တစ်စိတ်တပိုင်း ပါ၀င်အားစိုက်ထုတ်ထားရန် ကြိုးစားမှုကို ဖော်ပြထားပါတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး အားပြိုင်ထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by IVY

Comedy • Romance
0 2024
God’s Not Dead: In God We Trust
Woman of the Hour
6.7

၁၉၇၈ ခုနှစ်က ကွင်းဆက်လူသတ်သမားရတ်ဒ်နီဟာ The Dating Game တီဗီရှိုးမှာ သူပါဝင်ခဲ့စဥ်အချိန်က မင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ရှယ်လ်နဲ့ တွေ့ဆုံမှုတစ်ဖြတ် ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ရတ်ဒ်နီဟာ အမျိုးသမီးနဲ့မိန်းမငယ်လေးတွေအများကြီးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့တဲ့ သွေးအေးကွင်းဆက်လူသတ်သမား တစ်ယောက်ပါ။ ရတ်ဒ်နီအတွက် ကလေးဘဝမှာစိတ်ထိခိုက်တာ ၊ အနိုင်ကျင့်ခံခဲ့ရတာအစရှိသဖြင့် လူသတ်သမားဖြစ်လာ​စေတဲ့ အကြောင်းရင်းတစ်စုံတစ်ရာမရှိခဲ့ပါဘူး။ ဥာဏ်ကြီးရှင်တစ်ယောက်ရဲ့ IQ အဆင့်ရှိတဲ့ရတ်ဒ်နီက ချောတယ်။ အပြောအဆိုတတ်တယ်။ အပေါင်းအသင်းဆံ့တယ်။ အချစ်ခံရတဲ့မိသားစုကနေကြီးပြင်းလာတာလည်းဖြစ်ပေမယ့် မုဒိမ်းမှုနဲ့လူသတ်မှုတွေကို အရသာခံလုပ်ဆောင်ခဲ့တာပါ။ ရတ်ဒ်နီဟာ လူသတ်မှုခုနှစ်ခုနဲ့ပြစ်ဒဏ်တွေချမှတ်ခံခဲ့ရပေမယ့် ရှေ့နေတွေရဲ့အဆိုအရတော့ သူသတ်ခဲ့တဲ့မိန်းကလေးတွေဟာ ၁၃၀ ကျော်အထိရှိနေနိုင်တာပါပဲ။ ရတ်ဒ်နီကို စိတ်ဝိညာဥ် တစ်ခြမ်းနဲ့မွေးဖွားလာတဲ့လူသတ်သမားလို့လည်း ခေါ်ဆိုကြ ပါတယ်။ The Woman of the Hour မှာတော့ ရတ်ဒ်နီနဲ့ရှယ်လ်တို့ တွေ့ဆုံခဲ့စဥ်ကာလအတွင်း ရတ်ဒ်နီရဲ့သတ်ဖြတ်မှုတွေကို ချောက်ချားစရာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ File size… 1.36GB / 662MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 35m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2024 95 mins
Woman of the Hour
Maid Droid Origins

Maid Droid Origins ဆိုတာက ၂၀၂၄ ခုနှစ်ထွက် sci-fi စိတ်လှုပ်ရှားဖို့ကောင်းတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Rich Mallery ကဒီကားကိုဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး အနာဂတ်နည်းပညာနဲ့ စိတ်ပညာဆိုင်ရာလှည့်ကွက်တွေကိုရောစပ်ပြထားပါတယ်။ Eve ဆိုတဲ့ အင်ဒရွိုက်က မတော်တဆယောက်ျားတစ်ယောက်ကိုသတ်ပြီး နောက်ဆုံးတော့ သူ့ကိုယ်သူရှာဖွေဖို့ နည်းပညာရှင် Timothy ကိုပြန်ပြီးတော့လိုက်ရှာပါတော့တယ်။ Timothy ရဲ့အိမ်မှာ ဝင်ခိုနေရင်း Timothy နဲ့ သူ့ဇနီး Belle တို့ကြားက သူစိမ်းဆန် ဆက်ဆံရေးတွေကြောင့် စိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်။ ဒီဇာတ်ကားက လူသားတန်ဖိုး၊ စိတ်ပိုင်းဆိုင်ရာတွေ၊ နည်းပညာနဲ့ လူသားဆက်ဆံရေးအကြောင်းတွေကို တင်ပြထားတဲ့အတွက် sci-fi နဲ့ စိတ် အကြောင်းတွေကိုရင်သပ်မောဖွယ်ဇာတ်လမ်းကြိုက်သူတွေအတွက် တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ လူ့ဘဝနဲ့ စက်ရုပ်တစ်ရုပ်ကြားက မူမမှန်မှုတွေနဲ့ ကွာခြားမှု့တွေကို ရင်သပ်ရှုမောဖို့ ကြည့်ရှုချင်တဲ့သူတွေအတွက်ဇာတ်ကားတစ်ကားပါပဲ။ သိပ်မကြာခင်မှာပဲ Tubi ကနေ တရားဝင်စတင်ပြသနေပြီမို့ sci-fi ကားကြိုက်သူတွေ၊ စိတ်ကူးယဉ်ရုပ်ရှင်ချစ်သူတွေအတွက် မမေ့မလျော့ကြည့်သင့်တဲ့ကားလေးတစ်ကားပါပဲ။ File size…(871 MB)/(542 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Maid Droid Origins
London Confidential

London Confidential (2020) ************************** IMDb rating 7.7 ရရှိထားပြီး Crime, Drama, Thriller အမျိုးအစားဖြစ်ပါတယ်။ COVID-19 ဆိုတဲ့ Virus ဟာ တစ်ကမ္ဘာလုံးကို ပျံနှံပြီး အားလုံးဒုက္ခရောက်နေတယ်… ဒီပြဿနာရင်းမြစ်ဟာ တရုတ်ကြောင့်လို အိန္ဒိယတို့က စွပ်စွဲပါတယ်…ဒီလိုစွပ်စွဲမှုနဲ့ … covid -19 ပြဿနာမပြီးသေးဘူး အိန္ဒိယနဲ့ တရုတ်နယ်စပ်မှာ ဒီထက်ဆိုးတဲ့ ဗိုင်းရပ်စ်တစ်မျိုးက… ထပ်ပျံ့လာတယ်။ စွပ်စွဲမှုတွေငြင်းဆန်မှုတွေနဲ့ (၂)နိုင်ငံစစ်ဖြစ်လာသည့်အထိ တင်းမာတဲ့အခြေအနေတွေဖြစ်လာတယ်။ စစ်ဖြစ်မဲ့အရေးကိုတားဆီးနိုင်ဖို့ အိန္ဒိယက လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့် တစ်ယောက်ဟာ… သတင်းပေးနဲ့ဆက်သွယ်ပြီး လန်ဒန်ရဲ့နိုင်ငံတကာညီလာခံမှာ ထုတ်ဖော်ဖို့ကြိုးစားပါတော့တယ်… သူတို့ကြိုးစားသလိုအောင်မြင်မှာလား…တခြားဘယ်လိုလှည့်ကွက်တွေရှိဦးမလဲ… ဒီပြဿနာဆိုးတွေဖြစ်ဖို့ တကယ်ကြိုးကိုင်နေတဲ့သူတွေက ဘယ်သူလဲ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size : 1.19GB / 480MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:17:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Heather Oo

0 2020 78 mins
London Confidential
The Street Fighter’s Last Revenge
6

မင်းသားကြီး Shinichi Chiba ဟာ The Street Fighters ဇာတ်ကားတွဲတွေရဲ့အောင်မြင်မှုကြောင့် Sonny Chiba ဆိုတဲ့ နာမည်ကို နိုင်ငံတကာထိ ဟိုးလေးတကျော်ဖြစ်အောင် ထိုးဖောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆာမူရိုင်းဇာတ်လမ်းအများစုမှာ ပရိသတ်မျက်မှန်းတန်းမိနေတဲ့ Sonny Chiba ကို ဒီဇာတ်လမ်းမှာတော့ ကရာတေးသိုင်းပညာရှင် ကြေးစားတိုက်ခိုက်ရေးသမားတစ်ယောက်အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကြေးစားတိုက်ခိုက်ရေးပညာရှင် ဆူရူဂီ(Sonny Chiba)ဟာ အိုဝါဒါ မိသားစုဝင် ဂို အိုဝါဒါ နဲ့ အနက်ရောင်လက်ဆွဲအိတ် တစ်ခု ကို ဆူပူအုံကြွမှုတစ်ခုအတွင်းကနေ ရဲယောင်ဆောင်ပြီးတော့ ကယ်တင်ခဲ့ပါတယ်။ ချိန်းဆိုထားတဲ့နေရာထိအရောက်ပို့ပေးခဲ့ပေမယ့်လည်း အိုဝါဒါမိသားစုက ကတိမတည်ဘဲ ဆူရူဂီကို အပြတ်ရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဆူရူဂီကလည်း ဂိုအိုဝါဒါကို အမိဖမ်းပြီး သေနတ်တွေချဖို့ ချိန်းခြောက်ခဲ့ပါတယ်။ လက်ဆွဲအိတ်ထဲက တိတ်ခွေကိုပေးဖို့ ချိန်းခြောက်ခဲ့ပေမယ့် အိုဝါဒါမိသားစုဝင်တွေငှားရမ်းထားတဲ့ ထိုင်ဝမ်က သိုင်းပညာရှင် ဟိုဖုန်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟိုဖုန်းက အမျိုးသမီးဖြစ်နေတာကို လက်ဝါးထင်ထင် တွေ့ရှိခဲ့တဲ့အတွက် ဆူရူဂီရဲ့နှလုံးသားက မာကျောနိုင်စွမ်းမရှိဘဲ ၁၀ နှစ် ကြိုးစားခွင့် ပေးခဲ့ပါတယ်။ တိုကိုဓာတုဗေဒပစ္စည်းကုမ္ပဏီနဲ့ အစိုးရအဖွဲ့အစည်းကြားက အကျင့်ပျက်ခြစားမှုတွေကို အသံဖမ်းထားနိုင်ခဲ့တဲ့ အဆိုပါတိတ်ခွေကို ဖွင့်ပြပြီး ဆေဂန်အိုဝါဒါက မစ္စတာလီဇူကာကို ငွေညှစ်ဖို့ ကြိုးစားခဲ့ပါတယ်.။ ထိုအချိန်မှာပဲ ဆူရူဂီက အလစ်ဝင်ရောက်တိုက်ခိုက်ရယူပြီး ယန်း သန်း ၁၀၀ နဲ့ လဲလှယ်ဖို့ ရာဇသံပေးခဲ့ပါတယ်။ အိုဝါဒါမိသားစုက သူတို့ရဲ့ ဝှက်ဖဲ ညီမအငယ်ဆုံးဖြစ်သူ အေယာအိုဝါဒါနဲ့ ဆူရူဂီကို ဖျားယောင်းပြီး အပြတ်ရှင်းဖို့အတွက်ကိုတော့ ချီကာဂိုမာဖီးယားဂိုဏ်းသားဟောင်း မစ္စတာဘလက်ခ်ကို ထပ်မံငှားရမ်းခဲ့ပါတယ်။ ဒီကစားပွဲထဲကို ဥပဒေဘက်တော်သားဖြစ်တဲ့ အစိုးရရှေ့နေ ကူနီဂါမီကပါ ဝင်ရောက်လာပြီး သူ့နည်းသူ့ဟန်နဲ့ တိတ်ခွေကို ရယူဖို့ ကြိုးစားလာပါတော့တယ်။ အေယာအိုဝါဒါရဲ့ မာယာကျော့ကွင်းထဲကို အကြိမ်ကြိမ်ကျရောက်ခဲ့တဲ့ ဆူရူဂီ၊ ကရာတေးသိုင်းပညာမှာ ဆူရူဂီထက် ခေါင်းတစ်လုံးသာနေတဲ့ ကူနီဂါမီ၊ လှေနဲ့မြင်းပမာ ဦးဆောင်ရာနောက်ကို ကောက်ကောက်ပါအောင်လိုက်မယ့် မိန်းမမာယာကို အပီပြင်ဆုံးအသုံးချသွားတဲ့ အေယာ တို့ရဲ့ ကစားပွဲထဲမှာ ဘယ်သူက ပန်းတိုင်ကို အရင်ရောက်မလဲဆိုတာ ရှုစားနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File size… 1.9 GB / 917 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Action, Crime, Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

6 1974 83 mins
The Street Fighter’s Last Revenge
Three Kilometres to the End of the World Trei kilometri pâna la capatul lumii
7.1

Three Kilometres to the End of the World (2024) IMDb Rating (7.1) / Rotten Tomatoes (65%) ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ရိုမေးနီးယန်းရုပ်ရှင်ပါ။ Palme d’Or ဆု ပြိုင်ဖို့ အရွေးခံခဲ့ရပြီး Queer Palm ဆုရခဲ့တယ်။ ဒီနှစ်အော်စကာမှာ ရိုမေးနီးယန်း ကိုယ်စားပြုအဖြစ် အရွေးခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကိန်းမှာပြခဲ့တဲ့ကားပီပီသသ အန်ဒီဆန်ဆန် ရိုးရိုးရှင်းရှင်းကိုပဲ အခြေအနေတစ်ခုကို ပေါ်လွင်အောင်ပြထားတယ်ပဲ ပြောရမယ်။ ခေတ်ရဲ့ပြင်ပက အစွန်းရောက်တဲ့ ရွာလေးတစ်ရွာနဲ့ ခေတ်ထဲကိုဝင်ပြီး ရွာလေးကို ပြန်လာခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကတောက်ကဆတ်တွေ။ အဲဒီရွာကလူတွေရဲ့အစွန်းရောက်ခြင်းတွေနောက်မှာ သူ့အကြောင်းပြချက်နဲ့သူ အကြမ်းဖက်ခြင်းတွေပါလာတာတွေ။ အဲဒီနောက်မှာ ဥပဒေရေးရာတွေပေါ့။ တရားမျှတမှုဆိုတာမျိုးတွေ ရှိရင်တောင် တကယ်မရှိတဲ့ သဘောသဘာဝရဲ့နောက်မှာ သူ့လွတ်မြောက်လမ်းကို အဲဒီလူငယ်လေး ဘယ်လိုရှာသွားလဲ ကြည့်ရမယ့်ရုပ်ရှင်လို့လည်း ပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance
7.1 2024 105 mins
Three Kilometres to the End of the World Trei kilometri pâna la capatul lumii
Confrontation Peak
5.7

လျှို့ဝှက်ဆန်းကြယ်တယ်တဲ့ကျွန်းတစ်ကျွန်းမှာရှိတဲ့ ဆန်းကြယ်တဲ့ပန်းတစ်မျိုးဟာ ရောဂါပိုးတွေကိုကုသပေးနိုင်တယ်ဆိုတဲ့ဒဏ္ဍာရီကြောင့် လူတွေဟာခေတ်အဆက်ဆက်ဒီကျွန်းကိုရှာဖွေနေကြပါတယ်။ အဲဒီကျွန်းရဲ့မြေပုံဖြစ်တဲ့ ရွှေမျက်နှာဖုံးဟာ၂ခြမ်းဖြစ်ပြီးတော့ ပျောက်ဆုံးနေပါတယ်။ တစ်နေ့မှာတော့ မျက်နှာဖုံးတစ်ခြမ်းကိုပိုင်တဲ့သူဟာ နောက်မျက်နှာဖုံးတစ်ခြမ်းကို ပိုင်တဲ့သူကိုမျှားခေါ်နိုင်ဖို့ ရွှေမျက်နှာဖုံးကိုဆုအဖြစ်ထားပြီးတော့ လက်ဝှေ့ပွဲကြီးကိုကျင်းပလိုက်ပါတယ်။ အနယ်နယ်အရပ်ရပ်ကလူငယ်လေးတွေဝင်ပြိုင်ကြပြီးတော့ တိုက်ရင်းခိုက်ရင်းနဲ့ လူငယ်လေး၂ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းလေးပေါ်ရောက်သွားခဲ့ပါတယ်။ ဒီကျွန်းလေးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ…… နောက်ဆုံးမှာရွှေမျက်နှာဖုံးပိုင်ရှင်ဟာဘယ်သူဖြစ်လာမလဲ……

Drama
5.7 2025
Confrontation Peak
The Princess and the Goblin
6.7

ဂျော့ဂျ်မက်ဒေါ်နယ်ရဲ့ ၁၈၇၂ ခုနှစ်က The Princess and The Goblin ဆိုတဲ့ ဝတ္ထုကို ၁၉၉၁ ခုနှစ်မှာAnimation ရုပ်ရှင်အဖြစ် The Princess and The Goblin အမည်နဲ့ပဲ ရိုက်ကူးတင်ဆက်ခဲ့ပါတယ်။ ၉၀ ခုနှစ်ကာလများမှာ ကြီးပြင်းခဲ့ကြတဲ့ ကလေးတွေအတွက် အမှတ်ရဖွယ် ဇာတ်ကားတစ်ကားဖြစ်သလို အဆိုးနဲ့အကောင်း လွန်ဆွဲမှု၊ သူငယ်ချင်းသံယောဇဉ် နဲ့ သတ္တိ စတာတွေကို အကောင်းဆုံး ထင်ဟပ်ပြနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်ခါတုန်းက တိုင်းပြည်တစ်ခုမှာ မင်းသမီးလေးအိုင်ရီးနီဟာ သူမရဲ့ဖခင် ဘုရင်ကြီးနဲ့အတူ တောင်ပေါ်က ရဲတိုက်တစ်ခုမှာနေထိုင်ပါတယ်။ တိုင်းပြည်ရဲ့ အရေးအခင်းတွေကို ငြိမ်ဝပ်စေဖို့အတွက် ဘုရင်ကြီး စစ်ချီခရီးထွက်သွားချိန်မှာ အိုင်ရီးနီတစ်ယောက် နာနီဖြစ်သူ လူတီကို တစ်ပတ်ရိုက်ပြီး တောထဲကို ထွက်လာခဲ့ပါတယ်။ မျက်စိလည်လမ်းမှားပြီး ထူးဆန်းတဲ့မှင်စာနဲ့ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်ကောင်တွေရဲ့ တိုက်ခိုက်မှုကနေ ထွက်ပြေးလာတဲ့ အိုင်ရီးနီဟာ မိုင်းအလုပ်သမားရဲ့သားဖြစ်သူ ကာဒီရဲ့ သီချင်းသံကြောင့် ကယ်ဆယ်ရာရခဲ့ပါတယ်။ ကာဒီရဲ့ ခွန်အားဖြစ်ဖွယ်သီချင်းသံကို နားမခံနိုင်တဲ့ မှင်စာတွေဟာ ဝေးရာကို ရှောင်ပုန်းသွားခဲ့ပါတယ်။ အိုင်ရီးနီ မသိသေးတဲ့အချက်တွေထဲမှာ သူတို့တိုင်းပြည်ရဲ့ တောင်အောက်မှာ အရုပ်ဆိုးအကျည်းတန်ပြီးကောက်ကျစ်တဲ့ မှင်စာတွေရှိနေတဲ့ တိုင်းပြည်တစ်ခုရှိနေတာလည်း အပါအဝင်ပါပဲ။ မှင်စာတို့ရဲ့ ဘုရင် နဲ့ ဘုရင်မဖြစ်သူတို့ဟာ လူတွေရဲ့ မိုင်းတွင်းတွေကို ရေလွှမ်းမိုးစေမယ့်အကြံရှိနေတဲ့အပြင်မင်းသမီးလေး အိုင်ရီးနီကို သူတို့ရဲ့သားအလိမ္မာလေး မှင်စာမင်းသား ဖရော့လစ် နဲ့ ပေးစားပြီး လူသားတိုင်းပြည်ကို သိမ်းယူဖို့ပြင်ဆင်ထားပါတယ်။ အိုင်ရီးနီဟာ လျှို့ဝှက်ဆန်းကြယ်လှတဲ့ သူ့ရဲ့အဘွားရဲ့အဘွားဖြစ်သူကပေးတဲ့ မှော်ချည်လုံးရဲ့ အကူအညီနဲ့မှင်စာတွေရဲ့ အကြံအစည်ကို တိုက်ဖျက်ဖို့ ကာဒီနဲ့အတူတူ ကြိုးပမ်းကြပုံတွေကို ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.6 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22 Genre ….. Animation / Comedy / Family / Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Comedy • Drama • Crime
6.7 1991 82 mins
The Princess and the Goblin
Shrieking in the Rain
6.2

Shrieking in the Rain (2021) ************************** IMDb… 6.2 ဒီဇာတ်ကားလေးကတော့ တက်သစ်စဒါရိုက်တာမလေးရဲ့ ဇာတ်ကားရိုက်ကူးနေစဉ် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဟာသလေးနှောပြီး ကြည့်ရမှာဖြစ်ပါတယ်။ ဟာနာကိုဆိုတဲ့ ဒါရိုက်တာမလေးရိုက်ရတဲ့ ပထမဦးဆုံး ဇာတ်ကားက အိပ်ရာပေါ်က ဇာတ်ဝင်ခန်းတွေ ပေါပေါများများ ပါနေလို့ လူပြောများပြီး ဝေဖန်သံအပြည့်နဲ့ပေါ့။ ဒီကြားထဲ ဇာတ်အိမ်က ၁၉၈၈ ခုနှစ်ကဆိုတော့ အဲဒီနှစ်တွေတုန်းက မိန်းမဒါရိုက်တာကို လူရာမသွင်းတာတွေ အထင်သေးတာတွေရှိနေပြန်ရော… ရိုက်ကွင်းတစ်ခုလုံးက မလေးစားတဲ့ ဟာနာကိုတစ်ယောက် ဒီဇာတ်ကားကို ဘယ်လိုတောင့်ခံရင်း ရိုက်ကူးသွားမလဲ… ဘာလို့ ဒီကားကိုမှ ခေါင်းမာပြီး ရိုက်ကူးချင်ရတာလဲဆိုတာကိုတော့…. File Size… 1.35GB/ 640MB Quality… AMZN WEB-DL 1080p/ 720p Format…mp4 Duration…2h 13m Genre …..Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

Action • War • History • Drama
6.2 2021 101 mins
Shrieking in the Rain
Trending
5.9

Trending (2025)”နာမည်ကြီးနေသည်” ============================= အသစ်ထွက်ထားတဲ့ တမီလ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်လေးကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ အာဂျွန်နဲ့မီရာတို့ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးတဲ့ လင်မယားစုံတွဲဖြစ်ပါတယ်။ သူတို့မှာ အာဂျွန်မီရာဆိုတဲ့ ယူကျုချန်နယ်တစ်ခုလည်းရှိပြီး အဲဒီချန်နယ်ကိုလည်း အားပေးတဲ့သူ ၅ သန်းကျော်တောင်ရှိပါတယ်။ ဆန်းသစ်တဲ့ အိုင်ဒီယာတွေ အမြဲထုတ်နိုင်တာကြောင့် ဆယ်စုနှစ်ရဲ့ အကောင်းဆုံးစုံတွဲဆုတောင်ရထားတဲ့ သူတို့နှစ်ယောက်၊ တစ်နေ့မှာ ရုတ်တရက် သူတို့ရဲ့ ယူကျုချန်နယ်ပျက်သွားပြီး ထူးဆန်းတဲ့ဖုန်းခေါ်ဆိုမှုတွေရရှိလာတဲ့အခါမှာတော့…။ အောင်မြင်ပြီးသား လူနှစ်ယောက်ရဲ့ အမြဲတမ်း နာမည်ကြီးနေဖို့ အရူးတွေလိုကြိုးစားကြပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.9 2025
Trending