YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Marvellous Love (2023) (Ep11).mp4

943.43 MB N/A video/mp4 153 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Mother
6.8

Annem (2019) =========== Genre – Drama IMDB – 5.8/10 ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြ သလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့ တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါ တယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်း မျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာ ကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။ တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင် မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူ တကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှ ရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက် စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျား ပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့ အတိုက်အခံတွေကြားက မအေ အိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ် နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွား ကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့ တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကော လိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့ တဲ့အခါမှာတော့……..။ တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့ မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင် ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတ ပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေ ရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင် တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.56 GB) / (632 MB) / (364 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Thura Aung Encoder..........SWM

Horror • Science Fiction
6.8 2019 104 mins
My Mother
Laruan
5

ကမီးလ်ဟာ ထက်မြက်တဲ့မိန်းမတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လဲ သူဟာထက်မြက်တဲ့မိန်းမဖြစ်ကြောင်း ဖေစ့်ဘုတ်ပေါ်မှာ ပုံတွေတင်စာတွေမရေးဘဲ ယောက်ျားနှစ်ယောက်ကို နဖားကြိုးထိုးထားပြီးတော့ လက်တွေ့သက်သေပြသူဖြစ်ပါတယ်။ ကမီးလ်အလုပ်က အိမ်တွင်းအလှဆင်လုပ်ငန်းဖြစ်ပြီးတော့ လုပ်ငန်းမှာ သူ့ငယ်ချစ်ဦးဂျော့ဖ်ကိုလက်ထောက်အဖြစ်ခန့်ထားသလို၊ သူ့ထက်အသက်နှစ်ဆကြီးတဲ့ နာမည်ကျော်ပန်းချီဆရာကြီးတစ်ယောက်ကို ရအောင်ယူထားပြီး အဲဒီပန်းချီတွေကို လုပ်ငန်းထဲမှာထည့်ရောင်းပြီး အသုံးချတတ်ပါတယ်။ ဒီလိုပဲ အားလပ်ရက်တွေမှာ ဂျော့ဖ်ကို ကောင်မလေးတစ်ယောက်ယောက်နဲ့အတူ အိမ်ကိုလာခိုင်းပြီးတော့ ခင်ပွန်းနဲ့ဂျော့ဖ်ခေါ်လာတဲ့ ကောင်မလေးတို့ကိုပစ်ထားပြီး အလုပ်ခန်းထဲမှာ နှစ်ဦးသားကြိတ်ပုန်းတွယ်လေ့ရှိပါတယ်။ စကားနည်းပြီး လူတွေနဲ့အဆက်အဆံသိပ်မရှိတဲ့ သူ့ခင်ပွန်းသည်အဘိုးကြီးဟာ ဒါတွေကိုရိပ်မိသလို မရိပ်မိသလိုအနေအထားပေမယ့် ဘာမှပြောလေ့မရှိပါဘူး။ အစစအရာရာအဆင်ပြေနေတဲ့ ကမီးလ်အတွက်အခြေအနေတွေဟာ ဂျော့ဖ်ခေါ်လာတဲ့ ပန်းချီကျောင်းသူ မိန်းမလှလေး သီယာရောက်အလာမှာတော့ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဘယ်သူနဲ့မှစကားပြောလေ့မရှိတဲ့ ပန်းချီဆရာအဘိုးကြီးဟာ ဒီကောင်မလေးကိုတော့ အရောတဝင်ပြုံးရယ်လာသလိုမျိုး ငယ်ချစ်ဦးဂျော့ဖ်ကိုယ်တိုင်ပါ သူ့ကိုလျစ်လျူရှုပစ်ပယ်လာ၊ ကောင်မလေးအပေါ်ဂရုစိုက်မှုတွေပုံကျလာချိန်မှာတော့ ထက်မြက်တဲ့ ကမီးလ်တစ်ယောက် မောဟမီးတွေတောက်လောင်ပြီး သူ့ဘဝထဲကယောက်ျားနှစ်ယောက်နဲ့ ဒီမိန်းကလေးကိုခွဲထုတ်ပစ်ဖို့ဆင်ကြံကြံရပါတော့တယ်။ မျက်နှာသစ်မဟုတ်ပေမယ့် ကားရိုက်ကြဲတဲ့ အသစ်ကလေးနှစ်ဦးဖြစ်တဲ့ Franki Russell ကို ကမီးလ်အဖြစ်၊ Ava Mendez ကို ညိုပြာညက် ပန်းချီကျောင်းသူလေးအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 730MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama
5 2022 86 mins
Laruan
Eros
5.6

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Wai အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။ အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။ ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။ " တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား..." ။ ~ ဇော်ဇော်အောင် (အပိုင်းအစများ) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။ အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို "အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး" - "Equilibrium" By Steven Soderbergh ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။ - "The Dangerous Thread of Things" By Michelangelo Antonioni မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ "The Hand" ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 990MB, 500MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
5.6 2004 104 mins
Eros
AI Love You
6.1

ဒေါ့ပ် / ပေါ့ပ် အဖြစ် Mario Maurer လာန အဖြစ် Baifern Pimchanok ဇာတ်လမ်းအကျဥ်း ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူသားတွေဟာ စက်ရုပ်တွေကို အစားထိုးသုံးလာခဲ့ကြတယ် နေထိုင်ရာ အဆောက်အဦးတွေကအစ AI အစားထိုးသုံးလာပြီး "လာန" အလုပ်လုပ်နေတဲ့ အဆောက်အဦးလည်း အပါအဝင်ပေါ့ - "လာန" က ကြော်ငြာဌာနရဲ့ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး AI ဖြစ်တဲ့ "ဒေါ့ပ်" နဲ့ ခင်မင်နေတဲ့ လူသားတစ်ယောက်ပါ - "​ဒေါ့ပ်" တစ်ယောက် "လာန" အခက်အခဲတွေနဲ့ ချစ်သူတစ်ယောက်လိုချင်တာတွေကို နားထောင်ဖြေရှင်းပေးရာက အချစ်စိတ်တွေ ပေါက်ဖွားလာပြီး system error တက်လာခဲ့တော့တယ် - "ဒေါ့ပ်"ကို ပြုပြင်ဖို့ ဗဟိုထိန်းချုပ်ဌာနက နည်းပညာရှင် "ပေါ့ပ်"ကို စေလွှတ်ခဲ့ပါတယ် - "လာန" ပါဝင်တဲ့ မှတ်ဥာဏ်တွေကို "ပေါ့ပ်" တစ်ယောက်ဖျက်​ဆီးဖို့ကြိုးစားရင်း ရှော့ခ်ဖြစ်ပြီး AI ဖြစ်တဲ့ "ဒေါ့ပ်" ဟာ "ပေါ့ပ်" ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပါတော့တယ် - "ပေါ့ပ်" ကို လူပွေဆိုပြီး သဘောမကျတဲ့ "လာန" - လူသားဖြစ်လာတာနဲ့ "လာန"ကို ချစ်ခွင့်ရချင်တဲ့ "ဒေါ့ပ်" AI နဲ့ လူသားရဲ့ အချစ်ခရီးက အဆင်ပြေနိုင်ပါ့မလား စက်ပစ္စည်းတွေက လူသားတွေရဲ့ အပေါင်းအဖော် သူငယ်ချင်းအဖြစ်ကနေပိုတဲ့အရာများဖြစ်လာနိုင်မလားဆိုတာ Baifern နဲ့ Mario တို့ရဲ့ ဆယ်စုနှစ်ကျော်ကြာပြီးမှ တွေ့ဆုံရိုက်ကူးထားတဲ့ "AI Love You" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyi Nue Zin နဲ့ Nang Mwe Kham ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p and 360p File size…1.69GB and 840MB and 260MB Format…mp4 Duration….1h 30min Subtitle….Myanmar Subtitle (Hardsub) Translator ..... Kyi Nue Zin and Nang Mwe Kham Encoder .....August

Comedy • Fantasy
6.1 2022 95 mins
AI Love You
Jack Reacher: Never Go Back
5.9

ဂျက် ရီချာ ပြန်လာပါပြီ။ ဒီကားမှာတော့ မေဂျာဘဝကနေ အနားယူသွားတဲ့ ဂျက်ဟာ ဒီစီကို ပြန်လာရင်း သူ့မိတ်ဆွေ ဗိုလ်မှုးမလေး တန်နာ မတရားစွပ်စွဲခံရပြီး ဖမ်းထားခံထားရတာကို လိုက်ရင်း အစိုးရကန်ထရိုက်တာကြီးတစ်ခုရဲ့ မသမာမှုတွေကို ဖော်ထုတ်ပေးရပါတော့တယ်။ ကုမ္မဏီဘက်က ကြေးစားတွေက သူ့ရဲ့ သမီးလို့ထင်ရတဲ့ ဆမ် ဆိုတဲ့ မိန်းကလေးနောက်ကိုပါ လိုက်လာတဲ့အတွက် ဂျက်ဟာ တန်နာ ဆမ်တို့ကို ကာကွယ်ရင်း စွန့်စားခန်းထပ်ဖွင့်ဖို့လိုလာတဲ့အခါ.....Tom Cruise, Cobie Smulders, Danika Yarosh သရုပ်ဆောင် ၃ ယောက်လုံးဟာ အတွဲညီနေတော့ ဒီကားကတော့ အတော်ကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကား ဖြစ်လာတာပါပဲ။

Action • Comedy • Romance
5.9 2016 118 mins
Jack Reacher: Never Go Back
Woman at War
7.4

ဇာတ်လမ်းလေးကတော့ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းနိုင်ဖို့အတွက် တစ်ကိုယ်တည်းတိုက်ပွဲဝင်ခဲ့ အမျိုးသမီးတစ်ဦးရဲ့စစ်ပွဲကို သရုပ်ဖော်ထားတဲ့ အိုင်စလန် မူဗီလေးပါပဲ…။ ဇာတ်လမ်းကျောရိုးလေးက အဓိပ္ပာယ်ရှိသလို၊ အိုင်စလန်ရှုခင်းလှလှတွေပါ ရိုက်ကူးပြထားပြီး ဆုတံဆိပ်တွေလည်းအများကြီးရရှိခဲ့တာဇာတ်လမ်းလေးပါ…။ အဲ့ဒီဒေသမှာတော့ သူ့ကို တောင်ပေါ်အမျိုးသမီးလို့သိကြတယ်ဗျ…။ ဘာလို့ဆို သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စက်မှုလုပ်ငန်းတွေ မလည်ပတ်နိုင်အောင် တောင်ပေါ်တက်ပြီး လျှပ်စစ်ဓာတ်အားလိုင်းတွေကို ဖြတ်တောက်ပစ်လို့ပါပဲ…။ သူ့ရဲ့ခံယူချက်ကတော့ ကမ္ဘာတစ်ဝန်းစက်မှုလုပ်ငန်းများတွင်ကျယ်ပြန့်လာခြင်းဟာ ကမ္ဘာကြီးပူနွေးလာအောင်လုပ်တာ… လူသားမျိုးနွယ်အနေနဲ့ကိုယ့်ကိုယ်ကိုသတ်သေတဲ့အမှုဖြစ်ပြီး ဒီမိုကရေစီကလည်း မကယ်တင်နိုင်တဲ့ကိစ္စမျိုးပါတဲ့….။ အသက် ၄၉နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးကြီးတစ်ဦးက သူချစ်တဲ့ မိခင်သဘာဝကြီးကိုကာကွယ်ဖို့ဘာတွေပေးဆပ်တိုက်ပွဲဝင်ခဲ့သလဲဆိုတာကို အိုင်စလန်ရှုခင်းလှလှတွေကြားမှာ မြင်တွေ့ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်…။ File size…1.38GB / 633MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 41m Genre ….. Adventure , Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Comedy • Science Fiction
7.4 2018
Woman at War
Alabama Moon
6.4

Alabama Moon (2009) ================= IMDb Rating – 6.4/10 ဇာတ်ကားကတော့ လူ့အဖွဲ့အစည်းရဲ့ နေထိုင်မှုကို ရှု့ထောင့်တစ်မျိုး ကနေ တင်ဆက်ပေးတာပါ။ ဒီဇာတ်ကားကို ကလေးသရုပ်ဆောင် ကားအဖြစ်ပုံဖော်ထားပေမယ့်၊ နောက်ခံဇာတ်လမ်းကတော့ ကြည့်ရှု သူပရိတ်သတ်တွေ တွေးတောကြဖို့ပါပဲ။ မွန်းနဲ့ သူ့ရဲ့အဖေတို့ဟာ အစိုးရရဲ့ ထိန်းချုပ်ကွက်ကဲမှုအောက်မှာရှိတဲ့ လူ့အဖွဲ့အစည်းကနေ လွတ်မြောက်ဖို့အတွက် သစ်တောထဲမှာ သီးသန့် ကလေးသွားနေကြတာပါ။ ဒီအခါမှာ ဖြစ်လာတဲ့ နောက်ဆက်တွဲ အကြောင်း အရာတွေကိုတော့ မွန်းဆိုတဲ့ ကလေးက ရင်ဆိုင်သွားရပါတယ်။ အစိုးရရဲ့ ထိန်းချုပ်မှုအောက်က လူ့အဖွဲ့အစည်းရဲ့ အခက်အခဲနဲ့ တောထဲမှာ သွားနေကြတဲ့ သားအဖရင်ဆိုင်ရတဲ့ ပြသနာတွေကို ယှဥ်ထိုးပြီးတော့ ရိုက် ကူးသွားတာဖြစ်ပြီး ဘယ်နည်းလမ်းက ကောင်းသလဲဆိုတာကတော့ ကြည့် ရှုတဲ့ပရိတ်သတ်က ဆက်လက်တွေးတောရမှာပါ။ ဒီဇာတ်ကားနဲ့ပဲ မွန်း အဖြစ် သရုပ်ဆောင် ကလေး သရုပ်ဆောင် Jimmy Bennet ဟာ Young Best Artist ဆုအတွက် Best Performance in a Feature Film – Leading Young Actor 2010 အဖြစ် တင်သွင်းခြင်းခံရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.58 GB) / (640 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family Translator…….Thy Santa Encoder……….SWM

6.4 2009
Alabama Moon
Taste of Cherry
7.7

Taste of Cherry ဆိုတဲ့ ခေါင်းစဉ်ကို တွေ့တဲ့အချိန်မှာ ပထမဆုံး ပေါ်လာတဲ့အတွေးကတော့ Cherry onTop ဆိုတဲ့ စကားလေးပဲဖြစ်ပါတယ်။ ဘဝကို ထပ်ပြီးပြည့်စုံသွားစေတယ်၊ ကောင်းမွန်တဲ့အရာ အဖြစ်နဲ့Cherry ကို တင်စားကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ဘဝဇာတ်သိမ်းကိုကိုယ်တိုင် အကောင်းဆုံးအဖြစ် အဆုံးသတ်နိုင်ဖို့ ချယ်ရီပင် အောက်ကို ရွေးချယ်ထားတဲ့ လူတစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ ထိုလူလတ်ပိုင်းအရွယ် မစ္စတာဘာဒီး ဟာ သူ့အတွက် အလုပ်တစ်ခု လုပ်ပေးနိုင်မယ့် လူတစ်ယောက်ကို ကားတစ်စီးနဲ့ တယ်ရန်မြို့ထဲမှာ လိုက်ရှာနေခဲ့ပါတယ်။ အဲဒီအလုပ်အတွက်လည်းငွေကြေး အမြောက်အများပေးဖို့ စီစဉ်ထားပါတယ်။ သူ့ရဲ့အကြံကတော့ သူစိတ်ကြိုက်ရွေးချယ်ထားတဲ့လူတစ်ယောက်ကို သူစိတ်ကြိုက်ရွေးချယ် ထားတဲ့နေရာမှာ သူ့ကို မြှုပ်နှံပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ မစ္စတာဘာဒီး နဲ့ ကားလိုက်စီးရတဲ့သူတိုင်းဟာ ချယ်ရီပင်တစ်ပင်ရယ်၊ သူကိုယ်တိုင်တူးထားတဲ့ ကျင်းတစ်ကျင်း ရယ်၊ မက်မောလောက်ဖွယ် ငွေကြေးရယ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လုပ်ရမယ့်အလုပ်က မစ္စတာဘာဒီးအနေနဲ့ အိပ်ဆေးတွေ အကုန်သောက်ပြီး ကျင်းထဲမှာ ညကတည်းက လှဲနေမယ်။ အလုပ်လက်ခံသူအနေနဲ့ မစ္စတာဘာဒီးကို မနက် (၆) နာရီမှာ (၂)ခါလာခေါ်ရမယ်။ အသက်ရှိသေးရင် သူ့ကိုဆွဲထူမယ်၊ အသက်မရှိတော့ ရင်တော့ မြေဖို့ပေးဖို့ပါပဲ။ ဒီတစ်ရက်တည်းမှာပဲ မစ္စတာဘာဒီးဟာ စစ်သားတစ်ယောက်၊ ဓမ္မစာသင်သားတစ်ယောက် နဲ့ တိရစ္ဆာန်ရုပ်လုံးသွင်းသူ တစ်ယောက် တို့နဲ့ တွေ့ဆုံပြီး ကမ်းလှမ်းပြောဆိုခဲ့ပါတယ်။ ပထမဆုံး (၂)ယောက်က ကြောက်လန့်ငြင်းဆန်သွားကြပေမယ့် တိရစ္ဆာန်ရုပ်လုံးသွင်းသူ မစ္စတာဘာဂယ်ရီကတော့ သူ့ကလေးအတွက် ငွေကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မစ္စတာဘာဂယ်ရီကတော့ ချယ်ရီပင်သွားရာ လမ်းတလျှောက်မှာ မစ္စတာဘာဒီးကိုဖြောင့်ဖြပြောဆိုသွားခဲ့ပေးမယ့် မစ္စတာဘာဒီးရဲ့ သတ်သေလိုတဲ့အကြောင်းရင်းနဲ့ ပြဿနာကို အဖြေရှာမတွေ့ခဲ့ပါဘူး။ ဒါ့အပြင် မစ္စတာဘာဒီးရဲ့ ဘဝအပေါ်အတွေးအမြင်နဲ့ ခံယူချက်ကလည်း မေးခွန်းထုတ်ဖွယ်ဖြစ်နေတဲ့အတွက် ပရိသတ်ကို မေးခွန်းများစွာနဲ့ အတွေးများစွာ ထင်ကျန်စေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size… 1.1 GB / 680 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

TV Movie • Comedy • Romance
7.7 1997
Taste of Cherry
[18+] Private Tutor
5

သုံးစားမရတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား ငနဲတစ်ယောက်ကို ရည်းစားတော်ထားပြီး ညီမငယ်ရဲ့ပညာရေးကိုလည်းထောက်ပံ့ပေးနေရတဲ့ Joy ဆိုတဲ့ ဆရာမလေးဟာ သူဌေးကြီးတစ်ဦးရဲ့သမီးကို စာပြပေးဖို့အလုပ်ကိုလက်ခံခဲ့ပါတယ်။ သူစာပြရတဲ့ တပည့်မလေးဟာ သူနဲ့ဝါသနာချင်းတူသလို သူသင်ကြားပေးသမျှကိုလိုက်နိုင်တာကြောင့် ရင်းနှီးမှုပိုလာရင်းက တစ်ဖြည်းဖြည်းစာသင်ယူမှုအားကျသွားတဲ့အတွက် အကြောင်းရင်းကိုစုံစမ်းတဲ့အခါ အပျိုဖော်ဝင်စ ကောင်မလေးဟာ တဏှာစိတ်တွေပြင်းထန်နေတာကြောင့်ဆိုတော့ သိလိုက်ရတဲ့နောက် သူကိုယ်တိုင် ဖြေဖျောက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့ဖခင် သူဌေးကိုယ်တိုင်ကလည်း ဇနီးသည်ဆုံးပါးပြီးတဲ့နောက် ဘယ်သူနဲ့မှ ဒိတ်မလုပ်ပဲ အနေကြာလာပြီး မျိုသိပ်ထားရတာတွေများနေပြီဆိုတာ သိရတဲ့နောက် Joy ဟာ ပရဟိတဝါသနာရှင်လေးပီပီ ထပ်မံကူညီမိခဲ့ပါတော့တယ်။ အဖေနဲ့သမီး နှစ်ယောက်လုံးနဲ့ပတ်သက်နေမိတဲ့ သင်္ချာဆရာမလေး Joy တစ်ယောက်သူ့ရဲ့ အချစ်ပုစ္ဆာတွေကို ဘယ်လိုအဖြေရှာမလဲဆိုတာ ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.2GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:05:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 65 mins
[18+] Private Tutor
Love Clinique
5.8

Love Clinique (2012) ********************* 2012ခုနှစ်မှာ ပြသခဲ့တဲ့ ဟာသရုပ်ရှင် LOVE CLINIQUE မှာ မင်းသားYoon Sang-Hyun, Choi Jin-Hyuk နဲ့ မင်းသမီး Park Ha-Sun, Lim Jung-Eun တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ********************* ကီးကြောင်ပြီး ဒေါသကြီးတတ်တဲ့ မိန်းမချောလေး ဒုံဂျူ(Park Ha-Sun)ဟာ ကြင်နာပြီး သီချင်းကောင်းကောင်းဆိုတတ်တဲ့ မင်ဆူ (Choi Jin-Hyuk)ကို အထက်တန်းကတည်းကနေ ၁၀ နှစ်ကျော်ကြာတဲ့အချိန်ထိ ကြိတ်သဘောကျနေခဲ့တာပါ။ ၁၀ နှစ်အကြာ မင်ဆူ ဂျပန်ကနေပြန်ရောက်လာပြီးတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာပဲ ဒုံဂျူရဲ့ သူငယ်ချင်းဖြစ်သူ ဘိုရာ(Lim Jung-Eun)က မိန်းမလှလေးဖြစ်တဲ့အပြင် အသံကောင်းအဆိုကောင်းတဲ့သူ ဖြစ်တာကြောင့် မင်ဆူက မြင်မြင်ချင်း သဘောကျသွားပါတော့တယ်။ ဒါကြောင့် ဒုံဂျူကလည်း အားကျမခံ သူငယ်ချင်းရဲ့ လက်ထပ်ပွဲမှာ ဂုဏ်ပြုသီချင်းဆိုပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ ဒါကြောင့် လက်ထပ်ပွဲမတိုင်ခင် ကီးကြောင်တဲ့ပြဿနာကို ဖြေရှင်းဖို့ LOVE CLINIQUE လို့ ခေါ်တဲ့ အသံပြုပြင်ရေးသင်တန်းကျောင်းကို ရောက်သွားပါတော့တယ်။ အဲဒီသင်တန်းကျောင်းမှာ နည်းပြဖြစ်သူ ရှင်းဟုန်း(Yoon Sang-Hyun)နဲ့ တွေ့ဆုံပြီး ဒုံဂျူတစ်ယောက် အလွဲလွဲအချော်အချော်နဲ့ ပြဿနာတွေ ကြုံတွေ့ရပါတော့တယ်။ နောက်ဆုံးမှာ ဒုံဂျူတစ်ယောက် မင်ဆူရဲ့ အာရုံစိုက်မှုကိုရော ရနိုင်မလား၊ ကီးကြောင်တာကို ဖြေရှင်းပြီး နောက်ဆုံးမှာ သီချင်းကောင်းကောင်းဆိုနိုင်မလားဆိုတာကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းကို Stary မှ ရေးသားပေးထားပါတယ်) File size…2.2GB / 871MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 4 min. Genre ….. Music, Comedy, Romance Subtitle….Myanmar Subtitle (Hard Sub) Translated by Stary Encoded by AHtet

5.8 2012
Love Clinique
Tacoma
6.1

Tacoma (2024) IMDb Rating (6.1) ကျွေးတဲ့အစာကနေဖြစ်လာတဲ့ မှိုရောဂါတစ်မျိုးကြောင့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးနေတဲ့ဝက်ကလေးတာကိုမာကို ပြန်လည်ကောင်းမွန်ဖို့ စမ်းသပ်မှုတွေလုပ်နေတဲ့ လီယို။ ရှေ့မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့စမ်းသပ်မှုတွေကနေ ဝက်ကလေးတာကိုမာပေါ်မှာ မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာခဲ့တယ်။ သူစမ်းသပ်နေတာက အပင်ဆီက ပြန်လည်အသစ်ဖြစ်ပေါ်စေတဲ့ဆဲလ်တစ်မျိုးကို လူသားတွေဆီမှာအသုံးချနိုင်ဖို့။ သူ့အမှားတွေကို ထောက်ပြခဲ့တာက တရားမဝင်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးမိသားစုက စားပွဲထိုးမလေး အယ်လီဂျန်ဒရာ။ သူတို့နှစ်ယောက်စမ်းသပ်မှုကနေ အောင်မြင်လာမဲ့ရလဒ်ကိုစောင့်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိသားစုတစ်ခုကလည်းရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, Thriller Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Action • Crime • Thriller • Mystery • Drama
6.1 2024 90 mins
Tacoma
[18+] Enjoy Dot Com
6.6

************************** အင်တာနက်ပေါ်မှာ နာမည်ကြီးနေတဲ့ one-night ကဖေးဖြစ်တဲ့ “သိသာတဲ့ Joy” ဆိုတဲ့ ကဖေးမှာ တစ်ခါ အတူအိပ်ပြီးတာနဲ့ လုံးဝ မေ့မရနိုင်တဲ့ မိန်းကလေးအဖြစ် သတင်းထွက်နေတဲ့ အိုင်ဒီအမည် “ဘယ်ဖိုဗီတာမင်” နဲ့ မိန်းကလေးအဖွဲ့ဝင်အားလုံးနီးပါးနဲ့ one-night stand နေတာ အောင်မြင်ပြီးဖြစ်တဲ့ အိုင်ဒီအမည် “အန်ဂျို” တို့ အဖွဲ့ဝင်အဖြစ် ရှိကြပါတယ် .. ။ အချင်းချင်း မတွေ့ဖူးကြတဲ့ သူတို့နှစ်ယောက်က တစ်နေ့မှာတော့ ကဖေးတွေ့ဆုံပွဲမှာ ဆုံဖြစ်ခဲ့ကြတယ်။ အန်ဂျိုက မျက်နှာဖုံးနဲ့ မျက်လုံးကို ကာထားပေမဲ့ ဆွဲဆောင်မှုအရမ်းရှိတဲ့ မိန်းကလေးကို မြင်ပြီးတဲ့နောက် အဲဒီမိန်းကလေးက “ဘယ်ဖိုဗီတာမင်”မှန်း ရိပ်မိသွားပြီး သွေးဆောင်ဖို့ ကြိုးစားတဲ့အခါမှာတော့… File Size : 1.1GB, 426 MB Quality : 1080p,720p Format…mp4 Duration…1 hr. 20min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

Drama
6.6 2016
[18+] Enjoy Dot Com
The Red Thread El Hilo Rojo
5.5

The Red Thread (2025) IMDb Rating (5.5) ဇာတ်လမ်း လေးရဲ့ အမည်က မြန်မာလို ပြန်ရင် အနီရောင် ကြိုးမျှင် လို့ အဓိပ္ပာယ် ရပါတယ်။ အ‌‌နီ ရောင် ကြိုးမျှင်နဲ့ ဆက်သွယ်ထားတဲ့ လူ နှစ်ယောက်ဟာ ဘယ်အချိန် ဘယ်နေရာမှာ ရောက် ရောက် ပြန်လည်ဆုံ တွေ့မဲ့ ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ ဖူးစာဖက် နှစ်ယောက် လည်း ဖြစ်ပါတယ်။ ဇာတ်လမ်း‌ လေးကလည်း အဲ့ဒီအကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကား‌‌ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ မာနူရယ် လို့ခေါ်တဲ့ စီးပွားရေးသမား တစ်ဦးနဲ့ လာဘရီ လို့ခေါ်တဲ့ လေယာဉ် တစ်ယောက်ဟာ လေယာဉ်စီးရင်း ပထမဆုံး ဆုံတွေ့ကြတာ ဖြစ်ပေမဲ့ နှစ်ယောက်သားကြားက မြင်မြင်ချင်း ချစ်မိသွားတဲ့ အချစ်ကတော့ အင်မတန် ကြီးမားခဲ့ပါတယ်။ လေယာဉ် ဆိုက်ရင် တွေ့ကြဖို့ စီစဉ်ထားခဲ့ကြ ပေမဲ့ ကံကြမ္မာရဲ့ မျက်နှာသာမပေးမှု ကြောင့် ကွေကွင်းသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ခုနှစ် နှစ်ကြာပြီးတဲ့ နောက်မှာ နှစ်ယောက်သားမှာ ဆိုင်သူ ပိုင်သူ အသီးသီး ရှိနေတဲ့ အချိန်မှာ ပြန်လည် ဆုံတွေ့ကြတဲ့ အချိန်မှာကော ပထမဆုံး တွေ့တုန်းက လောင်ကျွမ်းခဲ့တဲ့ အချစ်မီးက ဆက်လက် လောင်ကျွမ်း နေဆဲလား ဆိုတာကို ဇာတ်လမ်း ထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါ ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size…(1.5 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:39:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ko Dee

Drama • Crime
5.5 2025 99 mins
The Red Thread El Hilo Rojo
Enthiran Robot
7.2

Enthiran (2010) Robot IMDB Rating (7.2) / Rotten Tomatoes (72%) ဒီကားကတော့ အိန္ဒိယသမိုင်းမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ထိ အောင်မြင်ခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံအက်ရှင်ဇာတ်ကားတစ်ကားပါ ရုံတင်ငွေလည်း ကုဋေ ၂၉၀လောက်အထိ ပြန်ရခဲ့ပြီး အဲ့ဒီခေတ်ကာလအနေအထားအရ ခေတ်ရှေ့ပြေးတဲ့ ဇာတ်ညွှန်းနဲ့တင်ဆက်မှုမျိုးပါပဲ။ ဒီလိုဆိုလို့ ဘောလိဝုဒ်ဇာတ်ကားလို့ထင်စရာရှိပေမယ့် တကယ်တော့ တောင်ပိုင်းက Tamil ဇာတ်ကားဖြစ်ပြီး မယ်ကမ္ဘာဆုရှင် Aishwarya Rai နဲ့ တမီးလ်မင်းသားကြီး Rajinikanth တို့အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… ဆယ်စုနှစ်တစ်ခုကြာ သုတေသနပြုပြီးတော့ ပါရမီရှင်သိပ္ပံပညာရှင် ဒေါက်တာဗာစီက လူသားနဲ့ ခပ်ဆင်ဆင်တူတဲ့ အဆင့်မြင့် humanoid စက်ရုပ်တစ်ရုပ်ကို ဖန်တီးနိုင်ခဲ့ပါတယ် သူ့ရဲ့နာမည်ကိုတော့ ချစ်တီးလို့ပေးလိုက်ပါတယ် ချစ်တီးကို လူသားတွေကိုကူညီဖို့ ရည်ရွယ်ပြီး ဖန်တီးခဲ့တာပါ အစပိုင်းမှာတော့ ချစ်တီးက အမိန့်တွေကို တိတိကျကျ လိုက်နာပြီး လူသားတွေအတွက် အလွန်အသုံးဝင်တဲ့ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့ပေမဲ့ ဒေါက်တာဗာစီက ချစ်တီးရဲ့ ဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်ပြီး လူသားဆန်တဲ့ စိတ်ခံစားမှုတွေကို ထည့်သွင်းလိုက်တဲ့အခါ ဇာတ်လမ်းက စတင်ရှုပ်ထွေးလာပါတော့တယ် ချစ်တီးတစ်ယောက် ဒေါက်တာဗာစီရဲ့ ချစ်သူဖြစ်သူဆာနာကို ချစ်မိသွားတဲ့အခါ ပြဿနာတွေ စတင်ပေါ်ပေါက်လာပါတော့တယ် ချစ်ခြင်းမေတ္တာရဲ့ ခံစားချက်တွေကို နားလည်လာတဲ့ ချစ်တီးက ဆာနာ့ကို ရယူလိုစိတ် ပြင်းပြလာပြီး ဒေါက်တာဗာစီနဲ့ပါ ထိပ်တိုက်ရင်ဆိုင်လာပါတော့တယ် ချစ်တီးက စွမ်းအားကြီးမားတဲ့ လူသားတွေကိုပါ ခြိမ်းခြောက်နိုင်တဲ့ စက်ရုပ်အဖြစ် ပြောင်းလဲလာတဲ့အခါမှာတော့ ဒေါက်တာက သူဖန်တီးခဲ့တဲ့စက်ရုပ်ကို ပြန်လည်ထိန်းချုပ်ဖို့နဲ့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့အတွက် အပြင်းအထန် တိုက်ပွဲဝင်ရပါတော့တယ် ဒီကားက စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းအိမ်နဲ့အထူးပြုလုပ်ချက်တွေ ရင်ခုန်စရာကောင်းတဲ့ အက်ရှင်ခန်းတွေနဲ့ အချစ်ဇာတ်လမ်းကို ပေါင်းစပ်ထားတာကြောင့် အိန္ဒိယရုပ်ရှင်လောကမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့တဲ့ ဇာတ်ကားပါ ရာဂျီနီကန့် ရဲ့ နှစ်ကိုယ်ခွဲ သရုပ်ဆောင်ချက်တွေကလည်း ဇာတ်ကားရဲ့အသက်လို့ ပြောလို့ရလောက်ပါတယ် ဇာတ်ကားကောင်းတစ်ကားမို့ လက်မနှေးဘဲ အပြေးကြည့်ကြဖို့တိုက်တွန်းရင်း။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) ဒီကားရဲ့အဆက်အနေနဲ့ 2.0 (2018) ဇာတ်ကားထပ်မံထွက်ရှိခဲ့ပြီး CM မှာတော့ တင်ပြီးသားပါ။

Thriller • TV Movie
7.2 2010 176 mins
Enthiran Robot