YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Martial Universe 2018 1080p WEB-DL CM.mp4

1.61 GB N/A video/mp4 1014 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stepmom
7.2

ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာက ဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေ တစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေ သရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့ စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်း အမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကို ဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေ ဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့ အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြား ဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။ File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Drama • Thriller
7.2 1998 125 mins
Stepmom
Gardens of Stone
6.3

မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း စစ်သားတစ်ယောက်သိသင့်သိထိုက် တတ်သင့်တတ်ထိုက်တဲ့အရာတွေကို သင်ပြပေးပါတယ် ဒီတော့ဆာဂျင်ဟာဇက်ရဲ့အကြံ အောင်မလား မအောင်ဘူးလားဆိုတာကတော့ ကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး File size…(1.8 GB)/(1.2 GB)/(660 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aye Thida Kyaw (rivn)

6.3 1987 111 mins
Gardens of Stone
Greed
5.5

ဇာတ်ကားနာမည်က Greed တဲ့ .. လောဘပေါ့။ လောဘ​တရားဟာ ဘယ်ဘာသာရေးမှာမဆိုရှိတယ်။ ခရစ်ယာန်မှာလည်း ခရစ်ယာန်၊ ဗုဒ္ဓဘာသာမှာလည်း ဗုဒ္ဓဘာသာအလျောက် ပြဌာန်းထားတာတွေရှိတယ်။ လောဘ​အကြောင်းကတော့ ပြောလို့ကုန်မှာတောင် မဟုတ်ဘူး။ ဇာတ်လမ်းအကျဉ်း ... တွမ်မီ၊ ကီချီ၊ သာဒုံ ဆိုတဲ့ သူငယ်ချင်း ၃ယောက်ရှိတယ်။ တစ်နေ့မှာ သူတို့၃ယောက်ဆီ ထီလက်မှတ်တစောင်ရောက်လာပြီး သူတို့ ၃ယောက်စလုံးကို ထီလက်မှတ်အသွင်နဲ့ ရောက်လာတဲ့ လောဘတရားက တဖြည်းဖြည်း ဘယ်လို ဝါးမြိုသွားမလဲ ကြည့်ရမှာပါ။ ဒီဇာတ်ကားလေးက လူတွေရဲ့ လောဘဇောတွေကို အဓိက Highlight လုပ်ပြထားပြီး အဲ့ဒါကိုပဲ ပေါ်လွင်အောင် ရိုက်ပြထားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hein That Naing ပါ။) File Size          : 2.5GB, 987MB, 477MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 38mins Genre              : Thriller Translated by Hein That Naing Encoded by Kinnov

Drama • War
5.5 2022 98 mins
Greed
Caveman
5.9

အခုမိတ်ဆက်ပေးမှာကတော့ ဒီနှစ်မှထွက်ထားတဲ့ ဂျာမန် Comedy movie လေးပါ၊ ဇာတ်လမ်းလေးက လင်နဲ့မယား လျှာနဲ့သွားဆိုတဲ့စကားအတိုင်းတစ်ခါမဟုတ် ၂ခါမက ကိုက်မိနေရင်းပဲ ကိုယ်က လျှာလား သူက သွားလား စမန်ပြန်ခုတ်ကြတဲ့ ကလော်ဒီရာနဲ့ ဘော်ဘီတို့ရဲ့အိမ်ထောင်ရေးအကြောင်းကိုဟာသလေးနှောပြီးတမူထူးတဲ့တင်ဆက်ပုံလေးနဲ့ပြသထားတာပါ၊ ဇာတ်ဆောင်ဖြစ်တဲ့ဘော်ဘီကတော့ ဘာဖြစ်လို့ဒီလိုကတောက်ကဆတွေဖြစ်ရတာလဲဆိုတာအဖြေရှာရင်းလူနားမလည်နိုင်တဲ့ သီအိုရီတွေထုတ်ပြီး ကလော််ဒီရာကိုနားချပါတော့တယ်။ နားချရင်း နားမလည်ရာကနေနားလည်မှုတွေလွဲရင်း ကွဲမယ်ပြတ်မယ်လုပ်ကြရာ ကလော်ဒီရာကိုလက်မလွှတ်နိုင်တဲ့ဘော်ဘီတစ်ယောက်ဘယ်လိုအကွက်တွေပြန်သုံးချော့မယ်၊ ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာကိုကြည်နူးဖွယ်ရှူစားရမှာဖြစ်ပါတယ် ။

Action • Crime
5.9 2023 101 mins
Caveman
The Warrior
6.9

ကိုရီးယားနဲ့ တရုတ်တို့ကြား သံတမန်ဆက်ဆံရေးဟာ မင်သံတမန်အဖွဲ့သေသွားချိန်မှစပြီး နှစ်နိုင်ငံကြားဆက်ဆံရေးက ယိုယွင်းခဲ့ရပါတယ်။ မင်ဧကရာဇ်က ဂိုလျောသံတမန်တွေကို သူလျှိုလို့စွပ်စွဲပြီးနယ်နှင်ဒဏ်ပေးပြီး နှင်ထုတ်လိုက်ပါတယ်။ အပြန်လမ်းမှာ သံတမန်စစ်သူကြီးတို့အဖွဲ့ဟာ မွန်ဂိုတပ်သား‌တွေ ပြန်ပေးဆွဲလာတဲ့မင်တိုင်းပြည်ရဲ့ မင်းသမီးလေးကိုမွန်ဂိုတပ်သားတွေ လက်ထဲကနေကယ်တင်ဖို့ဖြစ်လာပါတယ်… မင်းသမီးလေးကို အန္တရာယ်ကင်းကင်းနဲ့ မင်တိုင်းပြည်ကို ပြန်ပို့နိုင်ပါ့မလား မွန်ဂိုတွေက‌ရော မင်းသမီးလေးကို ပြန်ခေါ်သွားနိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦးနော် ခေါင်းဆောင်စိတ်ဓာတ်နဲ့ အနစ်နာခံမှုတွေကို သေချာလေးရိုက်ပြထားတာမလို့ လုံးဝကို အချိန်ကုန်မှန်းမသိလိုက်ပဲ ကြည့်ရတန်စေမယ့်ကားလေးပါနော်

Comedy • Romance
6.9 2001 155 mins
The Warrior
The Whisperer in Darkness
6.5

ဒီဇာတ်ကားဟာဆိုရင် ၁၉၃၀ခုနှစ်မှာ အမေရိကန်စာရေးဆရာ H.P.Lovecraft ရေးသားခဲ့တဲ့ စာလုံးရေ ၂သောင်း၆ထောင်ပါတဲ့ ၀တ္ထုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Horror နဲ့ Science fiction ကိုပေါင်းစပ်ရိုက်ကူးထားတာကြောင့် Scientific horror ကြိုက်သူတွေ သဘောကျမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲလ်ဘတ်ဝေလ်မတ်ဆိုတဲ့ ရှေးပုံပြင်လေ့လာသူ ပရော်ဖက်ဆာတစ်ယောက်ဟာ ပုံပြင်တွေ ဒဏ္ဍာရီတွေကိုလေ့လာပြီး ဘာကြောင့် ဒီပုံပြင်တွေဖြစ်လာရသလဲ၊ ဒါတွေဟာတကယ်ဖြစ်နိုင်မလားဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီး လူတွေရဲ့အယူသီးမှုကို ရှင်းလင်းပေးသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဗာမောင့်တောင်တန်းတွေပေါ်မှာ ထူးဆန်းတဲ့သတ္တဝါတွေ၊ ဂြိုလ်သားတွေ ရောက်နေပြီဆိုတဲ့ ကောလဟာလတွေ လူပြောများလာခဲ့ပါတယ်။ အဲလ်ဘတ်လည်း ဒါတွေကို လွယ်လွယ်မယုံတတ်သူဖြစ်တာကြောင့် ဗာမောင့်ကိုသွားရောက်စုံစမ်းပါတော့တယ်။ ဒဏ္ဍာရီတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲ။ ဒီကောလဟာလတွေကရော အမှန်ဖြစ်နိုင်မလား။ ဂြိုလ်သားတွေတကယ်ရှိသလား။ ဒီအဖြစ်အပျက်တွေကို ဘယ်သူတွေကြိုးကိုင်နေသလဲဆိုတာကို အဲလ်ဘတ်တစ်ယောက် အဖြေရှာတွေ့နိုင်မလားဆိုတာ တကယ့်ကိုစိတ်၀င်စားဖို့ကောင်းပါတယ်။ File size… 1.06 GB / 638 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Sci-Fi , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

Mystery • Thriller • Drama • Crime
6.5 2011
The Whisperer in Darkness
Dragon Gate Posthouse 9: Unexpected Romance
5.8

ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။ အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့ လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။ ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကို တစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ် ဒီမှာရှာပါ ဒါလေးကတော့ အချစ်အတွက် အချိန်တွေ သေရေးရှင်ရေးတွေကို ကျော်ဖြတ်ခဲ့တဲ့ ဖူးစာတစ်ခုပဲ ဖြစ်ပါတယ်။ မာတာ့လုဟာ စာပေသမားဖန်းကျွင့်ကို ယွဲ့ယာမြို့မှာ စာသင်ကျောင်းဖွင့်နိုင်ရန် ကူညီပေးခဲ့ပါတယ် ဒါပေမဲ့ ၃ လအတွင်း ကျောင်းသား တစ်ယောက်မှ မရှိလို့ ကျောင်းပိတ်လိုက်ရတော့မလို ဖြစ်နေပါတယ်။ ကံကောင်းစွာနဲ့ ကျူးအာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီရခဲ့ပြီးမှ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျူးအာဟာ အလွန်ဉာဏ်ကောင်းပြီး ဖန်းကျွင့်အပေါ်လည်း အလွန် ဂရုစိုက်သူ ဖြစ်ပါတယ်။ ဖန်းကျွင့်ကတော့ သူ့ကို ပစ်သွားတဲ့ ဇနီးလောင်း ရှန်ယန့်ကိုပဲ ပြန်လာစေချင်နေပါတယ်။ ရှန်ယန့်ဟာ သူ့ရဲ့သူဌေးနှင့် အိမ်ထောင်ပြုနိင်ဖို့အတွက် ဖန်းကျွင့်ကို ရက်စက်စွာ လုပ်ကြံခဲ့ပါတယ်။ ဖန်းကျွင့်ဟာ အသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှာ ကျူးအာ ကဘယ်လိုကာကွယ်မလဲ ကျူးအာတစ်ယောက် ဖန်းကျွင့်ရဲ့ မေတ္တာတွေကို လက်ခံရနိုင်မလား…… ကျူးအာရဲ့ သရုပ်မှန်ကရော ဘာဖြစ်နေမလဲ….. ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2018
Dragon Gate Posthouse 9: Unexpected Romance
The Wind Rises in Luoyang
5.5

လော့ယန်မြို့မှာဖြစ်ပွားခဲ့တဲ့ ဧကရာဇ်ကိုလုပ်ကြံမှုကနေစပြီး ဒီဇာတ်လမ်းလေးအစပြုလာခဲ့ပါတယ် ဧကရာဇ်ကိုယ်တိုင်ကျင်းပတဲ့ဆောင်းဦးရာသီအမဲလိုက်ပွဲမှာ လုပ်ကြံသူတစ်စုဟာ ဧကရာဇ်ကိုဦးတည်ကာ တိုက်ခိုက်သတ်ဖြတ်လာခဲ့ပါတယ် ။ ဖြစ်ကြောင်းကုန်စင်ကို စုံစမ်းကြည့်တဲ့အခါမှာ လူသတ်သမားတွေသုံးတဲ့လက်နက်ဟာ ထူယွိဟွင်းပြည်သားတွေသုံးတဲ့လက်နက်နဲ့တူညီလို့နေတာကိုတွေ့ရှိခဲ့ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ထိုနေ့မှာ ထူယွိဟွင်းပြည်ရဲ့ ဓားစာခံမင်းသား ‌ မုရုန်ကျိကလည်း အဲဒီအမဲလိုက်ပွဲမှာရောက်ရှိနေပါတယ် ။ အဲဒီလိုနဲ့ ပြဿနာရဲ့မြားဦးက မုရုန်ကျိဆီအလှည့်ခံရပြီး လုပ်ကြံသူအဖြစ်ခေါင်းစဉ်တပ်ခံရပါတော့တယ် ။ သူ့ကိုကူညီဖို့ ဘယ်သူပေါ်လာမလဲ ? တာ့ထန်နဲ့ ထူယွိဟွင်းရဲ့ စစ်ဖြစ်ခါနီးအခြေကရောဘယ်လိုဆက်ဖြစ်မလဲ ? ဒီလုပ်ကြံမှုရဲ့နောက်ကွယ်က တရားခံနဲ့ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြဖို့ တိုက်တွန်းလိုက်ပါရစေ

5.5 2023
The Wind Rises in Luoyang
Why Did I Get Married?
5.9

Why Did I Get Married? ဇာတ်ကား နာမည်ကိုက စိတ်ဝင်စားစရာ မေးခွန်းလေးပါ။ ငါ ဘာလို့ အိမ်ထောင်ပြုတာလဲ တဲ့။ စုံတွဲတွေရော အိမ်ထောင်သည်တွေရော FA တွေရော ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလို့ ပြောရင် မှားမဖြစ်ပါဘူး။ ကြည့်သင့်တဲ့ အချက်တွေထဲက အရေးကြီးဆုံး တစ်ချက်က စုံတွဲတွေကြားမှာ ဖြစ်လေ့ရှိတဲ့၊ စုံတွဲမဖြစ်သေးတဲ့ လူတွေလည်း စိတ်ပူလေ့ရှိတဲ့၊ ကွဲသွားတဲ့ လူတွေလည်း မေးခွန်းထုတ်မိတတ်တဲ့၊ ကွဲမလို ဖြစ်နေတတ်တဲ့ လူတွေလည်း အဖြေထုတ်ချင်တတ်တဲ့ မဟာမေးခွန်းကြီးဖြစ်တဲ့ “သူက Right Person လား” ဆိုတဲ့ မေးခွန်းအတွက် ဘယ်လို အဖြေထုတ်ရမလဲ ဆိုတာ သိရတာပါ။ တကယ့်ကိုလက်တွေ့ကျတဲ့ နည်းလမ်းကို ပြောပြထားတာပါ။ သိပြီးသားဆိုလည်း ဟုတ်မဟုတ်တိုက်ကြည့်ပါဦး။ သူငယ်ချင်း ရှစ်ယောက်/အိမ်ထောင်သည် စုံတွဲ ၄ တွဲရယ်၊ နောက်ထပ် သူတို့နဲ့ ဆက်နွယ်လာတဲ့လူတွေရယ်နဲ့၊ သူတို့တွေ အားလုံးရဲ့ကြားက အချစ် အမုန်း နားလည်မှု သစ္စာတရားအိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ အယူအဆတွေနဲ့ ဆောင်ရန် ရှောင်ရန်တွေကို အံဝင်ခွင်ကျ ထည့်ပြောပြသွားတဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးပါ။ သစ္စာမရှိ ဖောက်ပြန်လို့ ကွဲသွားရတဲ့ စုံတွဲ အကြောင်းလည်း ပါတယ်။ ပို စိတ်ဝင်စားစရာကောင်းတာက အဲ့လို ဖောက်ပြန်တဲ့လူတွေ အကြောင်းနဲ့ ဆက်စပ်ပြီး တော်တော်ကောင်းတဲ့ ၈၀/၂၀ အချိုး ဆိုတာလေး ပြောပြထားတယ်။ အဲ့ဒီ အချိုးအကြောင်း သေချာပေါက်ရှာကြည့်လိုက်ပါ။ ဖောက်ပြန်တဲ့လူတွေ ဘာဖြစ်သွားလဲလည်း ပါတယ်။ ဖောက်ပြန်ခံရတဲ့လူတွေ ဘယ်လိုကျော်ဖြတ်ကြလဲ ဆိုတာလည်း သင်ယူစရာတွေ ပါတယ်။ ကိုယ့်ကို တန်ဖိုးမထားတဲ့လူနဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားတာက ဘယ်လောက်ဆိုးလဲ ဆိုတာလည်း ပါတယ်။ အဲ့လိုကနေ ရုန်းထွက်နိုင်ရင် ဘာတွေရလာနိုင်လဲ ဆိုတာလည်း ပါတယ်။ ပြီးတော့ တကျက်ကျက် ရန်ဖြစ်နေတတ်တဲ့ စုံတွဲတွေနဲ့ သူတို့ သဘောသဘာဝ တွေလည်းပါတာပဲ။ ဘယ်လိုဆိုးကျိုးတွေ ရှိလဲ၊ ဘာတွေတော့ ကောင်းလဲ ဆိုတာလည်း သိရမယ်။ ဘာမှ မပြောဘဲ စိတ်ထဲ ထားတတ်တဲ့ စုံတွဲတွေ ဆိုရင်ရော။သူတို့ ဘာတွေ ကြုံရတတ်လဲလည်းထည့်ပြောထားသေးတာပါပဲ။ ဆိုးဝါးတဲ့ နာကျင်စရာတွေကို တစ်ယောက်ကို တစ်ယောက် ညှာပြီး မပြောမိရာကကနေ ဘာတွေ ဖြစ်လာတတ်သလဲ ဘယ်လို ဖြေရှင်းလို့ ရသလဲတွေထည့်ရိုက်ထားတာပါ။ ပြီးတော့ အလုပ်ပဲ ကြည့်တတ်တဲ့ သားသမီးရတနာ ယူရေး/မယူရေးတွေနဲ့ မပြေလည်မှုတွေရှိလာတဲ့ စုံတွဲအကြောင်းလည်း ပါတယ်။ သူတို့တွေ နောက်ထပ် ထပ်တွဲဖြစ်သွားကြတဲ့ လူတွေအကြောင်းလည်း ပါပါသေးတယ်။ ပိုကောင်းတဲ့ ဆက်ဆံရေးတွေ၊ လက်တွဲဖော်တွေကို ရသွားကြတာလား၊ ထားခဲ့ကြရတာလား ဆိုတာလည်း သိရမှာပါ။ Rating တွေ သိချင်ရင်တော့ Rotten TomatoRating က 48 ဆိုပေမယ့် ပရိတ်သတ်ကတော့ 78မှတ်တောင် ပေးထားတဲ့ ဇာတ်ကားပါ။ IMDb က 5.9ပါတဲ့။ သရုပ်ဆောင်တွေကတော့ Janet Jackson က စလို့ Tyler Perry ထိ ပါ ပါတယ်။ အရမ်းမရင်းနှီးတဲ့ သရုပ်ဆောင်တွေက ပိုများနေတောင် ကြည့်ကြည့်လိုက်ရင် သဘာဝကျလွန်းနေတာ တွေ့ရမှာပါ။ မသိတဲ့ သရုပ်ဆောင် ပိုများတော့ ဇာတ်ကားဆိုတာ မေ့သလိုလို ပိုဖြစ်တာလည်း ပါဦးမှာပါ။ ဇာတ်ကားရဲ့ ဒါရိုက်တာနဲ့ စာရေးဆရာက ဒီဇာတ်ကားထဲကတယ်ရီဆိုတဲ့ ဘဲကြီးပါပဲတဲ့။ ကြည့်လိုက်ရင်တော့ လူတိုင်း တနည်းမဟုတ် တနည်းတွေ့ရရတတ်တဲ့ လူတွေကြားကဆက်ဆံရေးတွေအကြောင်း အများကြီး သိရ၊ ချိန်ညှိကြည့်လို့ရ၊ အဖြေထုတ်လို့ရဖြစ်သွားမှာပါ။ It’s worth it ပါ။ File size… 2.4 GB/ 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kaung Myat Thu

Drama • Adventure
5.9 2007 113 mins
Why Did I Get Married?
The Signature
6.8

The Signature 2024 (လက်မှတ်) ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ဝါရင့်သရုပ်ဆောင် Anupam Kher ပါဝင်တဲ့ ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အိမ်ထောင်သက် ၃၅နှစ်တာသက်တမ်းရှိပြီဖြစ်တဲ့ အာဗင်နဲ့ မာဒူတို့ လင်မယားနှစ်ယောက်၊ တစ်ရက်မှာ သူတို့လင်မယားခရီးထွက်ဖို့ပြင်ရင်းနဲ့ လေဆိပ်မှာတင်ပဲ မာဒူတစ်ယောက် မူးလဲရာကနေ ဆေးရုံတင်လိုက်ရပါတော့တယ်။ အခုခေတ်မှာ ဆေးရုံဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်းပဲ ဘာလေးပဲဖြစ်ဖြစ် ငွေအတောင့်လိုက်ကုန်တဲ့ခေတ်ဆိုတော့လည်း မာဒူတစ်ယောက်အတွက် ဆေးရုံတက်တဲ့ ပထမနေ့မှာတင် ရူပီး၁သိန်းခွဲကုန်ခဲ့ပြီးတော့ ၉ရက်တာကာလအတွင်းမှာတင် အာဗင်စုထားတဲ့ ရူပီးငွေ၆သိန်းကျော်လုံး ကုန်သွားခဲ့ပါတော့တယ်။ ဇနီးဖြစ်သူဟာ အသက်ရှူစက်အကူအညီနဲ့ နေနေရတာဖြစ်ပြီးတော့ တစ်ရက်တစ်ရက် ကုန်ကျစရိတ်ကလည်း မနည်းဆိုတော့ မိန်းမဖြစ်သူအတွက်နဲ့ ဘယ်တုန်းကမှ သားသမီးတွေကို အောက်ကျို့မခံခဲ့တဲ့အာဗင်ဟာ သားသမီးတွေဆီကနေ ငွေအကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ထောင်ကိုယ်စီကျနေပြီဖြစ်တဲ့ သားသမီးတွေဟာလည်း အများကြီး ကူညီမပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သားဖြစ်သူဟာ အမေကိုချစ်ပေမယ့် ဆေးရုံစရိတ်တွေမနိုင်တဲ့အတွက် အဖေဖြစ်သူကို အမေ့အတွက် DND လုပ်ဖို့ လက်မှတ်ထိုးခိုင်းလာတဲ့အချိန်မှာတော့ မိန်းမကို ရသလောက်အသက်ဆက်ဖို့ပဲလုပ်မယ်ဆိုပြီး ငြင်းပယ်ရင်းနဲ့ ……. ဆေးရုံစရိတ်ခတွေအတွက် အာဗင်တစ်ယောက် ဘယ်လိုတွေ ကြံဖန်မလဲ ….. သူ့မိန်းမကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)

Drama
6.8 2024
The Signature
Debbie Macomber’s Joyful Mrs. Miracle

အရွယ်ရောက်ပြီး ညီအစ်ကို မောင်နှမ သုံးယောက် (Lamothe-Kipnes၊ Dowden၊ Lloyd-Jones) သည်် သူတို့ရဲ့ ကွယ်လွန်သွားတဲ့ အဖွားရဲ့ ဆန္ဒကို ဖြည့့််် ဆည်းဖို့အတွက် ခရစ္စမတ်တွင် သူတို့ရဲ့ငယ်ဘဝက အိမ်လေးကို ပြန်လာပြီးတော့ ကုမ္ပဏီအတွက််ဆက်ခံသူအသစ်ကို ရွေးဖို့အတွက် မစ္စစ် Miracle လို့လည်းလူသိများတဲ့ Annie Merkel အိမ်ခြံမြေစီမံကိန်းရေးဆွဲသူအဖြစ်ပါဝင်ပြီး မိသားစုအတွက်် သူတို့ရဲ့ သံယောဇဉ်ကြိုးတွေပြန်အဆင်ပြေသွားစေဖို့အတွက် သူ့ရဲ့လှည့်ကွက်လေးတွေကိုသုံးပြီးတော့ ညီကိုမောင်နှမများပြန်လည်အဆင်ပြေရန််ကြိုးပမ်းပေးပါတော့တယ်။ Rachel Boston၊ Pascal Lamothe-Kipnes၊ Tanner Novlan၊ Matthew James Dowden နှင့် Max Lloyd-Jones တို့ ပါဝင်သရုပ်ဆောင်ထားသည်။ File size…(1.1 GB)/(688 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Debbie Macomber’s Joyful Mrs. Miracle
Shrek
7.9

Shrek (2001) IMDb Rating (7.9) / Rotten Tomatoes (88%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek 2(2004), Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ အညွှန်းကို The biggest Animation Cartoon Fans (MM) https://www.facebook.com/groups/865029533533369/ မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။ File size…(5 GB) / (1.7 GB) / (940 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy Duration….01:30:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nyi Thanlwin

Drama
7.9 2001
Shrek
U-571
6.6

U-571 (2000) ************************ IMDb…6.6,,,Rotten ….68% ဒီကားက ဒုတိယ ကမ္ဘာစစ်တုန်းက မဟာမိတ် စစ်သင်္ဘောတွေကို တဒိန်းဒိန်းပစ်ခေတ်ပြီး ရေအောက်ကို နှစ်မြှုတ်ခဲ့တဲ့ ဂျမာန် u-571 စစ်သင်္ဘောအကြောင်းကို အဓိက ထားရိုက်ပြထားပါတယ်… ဂျာမန်စစ်သင်္ဘောတွေရဲ့ ပစ်ခတ်ဖျက်ဆီးခြင်းကို ဖွဲအိတ်ကြီးလို ခံနေရတဲ့ အဓိက အကြောင်းရင်းက Enigma ဆိုတဲ့ ဝှက်စာကြောင့်ပါ… ဒီကားအညွှန်းကို မပြောခင် အရေးကြီးဆုံးအကြောင်းအရာဖြစ်တဲ့ Enigma ဆိုတဲ့ ဝှက်စာ အကြောင်းကိုပြောပြပါ့မယ်… ဒါတွေမသိလည်း ကြည့်လို့ကောင်းတဲ့ စစ်ကားကြီးဖြစ်ပေမဲ့ သိသွားတဲ့အခါမှာ ဗဟုသုတလည်းရတဲ့အပြင် ကြည့်ရတာ ဇာတ်ရှန်အမြင့်ဆုံးကိုရောက်သွားစေနိုင်တာကြောင့်ပါ.. Enigma ဆိုတာက ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလမှာ ဂျာမန်တွေတီထွင်ခဲ့တဲ့ ဝှက်စာ စက်ဖြစ်ပါတယ်။ Mechanical နဲ့ electrical ကို ပေါင်းထားတဲ့ စက်ဖြစ်ပြီး U boat နဲ့ ဂျာမန်စစ်သင်္ဘောတွေက ပင်နယံ ၄ ဆင့်နဲ့ အထက်ပါတဲ့ Enigma ကို သုံးခဲ့ပါတယ်။ ပင်နယံဝိုင်းတွေမျှားလေ ပိုလုံခြုံလေမို့ နောက်ပိုင်းမှာ ပင်နယံဝိုင်း ၈ ဆင့်အထိသုံးခဲ့ပါတယ်။ Enigma ဟာ လက်နှိပ်စက်လိုဖြစ်ပြီး ဝှက်စာစနစ်ထည့်သွင်းထားတဲ့အတွက် ခလုပ်တွေကို ရိုက်လိုက်ချိန်မှာ မူလ အက္ခရာမပေါ်ဘဲ ဝှက်စာသွင်းထားတဲ့ အက္ခရာသာ ပေါ်တာ ဖြစ်ပါတယ်။ ပင်နယံတွေကို စီစဉ်ထားသိုတာရယ်၊ ဝှက်စာထည့်သွင်းတာရယ်ပေါ်မူတည်ပြီး ဝှက်စာခက်ခဲမှုပြောင်းလဲပါတယ်။ ဝှက်စာဖော်တဲ့အခါမှာလည်း Enigma စက်ကထွက်လာတဲ့ code တွေကို ပြန်ရိုက်ပြီးဖော်ရတာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် ပင်နယံဝိုင်း ၄ဝိုင်းပါတဲ့ Enigma စက်မှာဆိုရင် အက္ခရာတစ်လုံး မှန်ကန်စွာခန့်မှန်းနိုင်ဖို့ အကြိမ်ပါင်း ၄၅၆၉၇၆ ကြိမ် လိုပါတယ်။ ဒါဟာ “A” ဆိုတဲ့ အက္ခရာလိုမျိုး alphabet တစ်ခုအတွက်ဖြစ်ပါတယ်။ ဝါကျတစ်ကြောင်းအတွက်ခန့်မှန်းရပါက ဘယ်လောက်ခက်မည့်အကြောင်းပြောဖွယ်ရာမလိုတော့ပေ… ဒါကြောင့် codeဖော်တဲ့စက်ကို မရရင် ဖော်ဖို့ အရမ်းခကိပါတယ်။ ဒီ Enigma ကုတ်ကြောင့်ပဲ မဟာမိတ်တွေဟာ ဂျာမန်ကိုလုံးဝမယှဉ်နိုင်ခဲ့တာပါ… ဇာတ်ကားအကြောင်းကိုဆက်ပြောရမယ်ဆိုရင် ပစိဖိတ်ရေပြင်မှာ U-571 ဟာ ဗြိတိန်ရေတပ်ရဲ့ ရေမြှုပ်မိုင်းဒဏ်ထိပြီး အင်ဂျင်တွေသုံးမရ စက်ဆရာတွေကသေကုန်လို့ ရေထဲမျောနေရင်း တပ်ကူရေယာဉ်ကိုစောင့်နေရတဲ့အခြေအနေကို အမေရိကန်တွေသိသွားတယ်… ဒီတော့ အမေရိကန်ရဲ့ အစီအစဉ်က U-751 ကို နာဇီယူဘုတ်ပုံစံပြောင်းပြီး ဝင်စီးမယ် …Engima ကုတ်ဖော်စက်ကို ယူမယ် … U-751 ကို အစဖျောက်မယ်… ဒီစက်ရရင် ဂျာမန်ကို စစ်နိုင်ဖို့အဓိကအကြောင်းရင်းဖြစ်နေတာကိုးး…. သူတို့ရဲ့ အစီအစဉ်က တကယ့်ကိုခက်ခဲပါတယ်… အမေရိကန်တွေအောင်မြင်မလားဆိုတာကိုတော့ စစ်ကားကြိုက်တဲ့သူတွေအဖို့ နင်းကန်ကြည့်သင့်တယ်… ခင်ဗျားဟာ သမိုင်းနောက်ခံဇာတ်လမ်းမျိုးကိုကြိုက်တယ် ..အချက်အလက်တွေနဲ့ ရိုက်ကူးပုံတွေကလည်း Realism ဆန်တာမျိုးဖြစ်ရမယ် ..အပစ်အခတ်နဲ့ စစ်ကားမျိုးလည်းကြိုက်တယ်.. Rating တွေလည်း ကောင်းရမယ် ဆုတွေလည်းရတဲ့ကားမျိုးမှကြိုက်တော့ ဆိုရင်တော့ ခံစားကြည့်သင့်တယ်… File Size : 2.23GB/ 1.05GB Quality : Blu-Ray 4K HEVC/1080p 5.1 CH/720p Format…mp4 Duration…01:57:00 Genre : Action, War Subtitle : Myanmar Subtitle (Hard Sub) Translated by Chan Myae Thu Aung Encoded by Tiff

6.6 2000 116 mins
U-571
Be Happy

Be Happy 2025 (ဘဝကို ပျော်ပျော်နေပါ) မင်းသားကြီး အဘီရှိတ်ဘချမ်း၊ လတ်တလောကမှ အမေရိကန်အဆိုတော် ဂျေဆန်ဒရူလိုနဲ့ တွဲဖက်သီဆိုခဲ့ပြီး အိန္ဒိယတောင်ပိုင်းရောမြောက်ပိုင်းကားတွေမှာပါ အကမယ်အဖြစ်ပါဝင်ခဲ့တဲ့ နိုရာတိုရဲ့ အသစ်ထွက်ရှိလာတဲ့ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှီဗာဆိုသူဟာ ဇနီးဖြစ်သူ ဆုံးပါးသွားပေမဲ့ ကျန်ရစ်ခဲ့တဲ့ သမီးလေးကို စောင့်ရှောက်ရင်းနဲ့ စ င်ဂယ်လ်ဖခင်တစ်ယောက်အနေနဲ့အတူ နေထိုင်နေပါတယ်။ ရှီဗာ့သမီးလေး ဒါရာကတော့ အကကရတာကို ဝါသနာပါသူဖြစ်ပြီးတော့ ပါရမီလေးကလည်းပါတော့ ထူးထူးထွေထွေ သင်ကြားတာမျိုးမရှိဘဲ အကဗီဒီယိုလေးတွေ ကြည့်ပြီး လေ့ကျင့်တာနဲ့တင် ကျွမ်းကျွမ်းကျင်ကျင် ကတတ်တဲ့သူလေးပေါ့။ ဒါရာလေးရဲ့ အိုင်ဒေါလ်စံပြကတော့ မက်ဂီဆိုတဲ့ အကဆရာမတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ မက်ဂီဦးစီးပြီးလုပ်တဲ့ အကပြိုင်ပွဲတစ်ခု ဒါရာတိုကျောင်းမှာ လုပ်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဒါရာလေးဟာ ဝင်ပြိုင်ရင်း ပထမဆုရကာ မက်ဂီဦးစီးတဲ့ အကကျောင်းမှာ တက်ရောက်ခွင့်ရဖို အခွင့်အရေးရခဲ့ပါတယ်။ သိုပေမဲ့ မက်ဂီရဲ့အကကျောင်းဟာ မွမ်ဘိုင်းမှာဖြစ်နေတဲ့အတွက် ဒါရာ့အဖေကတော့ ကျောင်းသွားတက်ဖို ခွင့်မပြုပေးခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဒါရာလေးတစ်ယောက် မက်ဂီ့ကျောင်းကိုသွားနိုင်ဖိုအတွက် ဘယ်လိုနည်းလမ်းတွေ သုံးပြီး ဖခင်ဖြစ်သူကို စည်းရုံးမလဲ ……. ဒါရာလေး ဝါသနာပါရာ အကလမ်းခရီးကရော ဘယ်လိုတွေ ဖြစ်လာမလဲ …… စင်ဂယ်လ်ဖခင်တစ်ယောက်နဲ့ တစ်ဦးတည်းသောသမီးလေးဒါရာတိုရဲ့ ဆက်ဆံရေးကရော ဘယ်လိုတွေ ဖြစ်မလဲ …. ဆိုတာကို ကြည့်ရှုရမဲ့ မိသားစုဒရာမာကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Action • Comedy
0 2025
Be Happy