YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Marital Justice S01E07 1080p CM.mp4

551.84 MB N/A video/mp4 22 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blood & Gold
6.6

~ IMDb - 6.6/10, Rotten Tomatoes - 67% ~ နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။ အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe လေးတစ်မျိုးလည်း ရပါသေးတယ်။ ဘယ်လိုလဲဆိုတာကိုတော့ကြည့်ရင်း ခံစားလိုက်ရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.25GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.6 2023 100 mins
Blood & Gold
Vive L'Amour
7.1

~ IMDb - 7.4/10, Rotten Tomatoes - 86% ~ Directed by "Tsai Ming-liang" ထိုင်ဝမ်ရဲ့ ပထမနယူးဝေ့ကို ၁၉၈၂ နှောင်းပိုင်းတွေမှာ Edward Yang တို့ Hou Hsiao-hsien တို့နဲ့ တခြားဒါရိုက်တာတချို့ရဲ့ ရုပ်ရှင်တွေနဲ့ စတင်ခဲ့ပြီးတဲ့နောက် Tsai Ming-liang တို့ Ang Lee တို့အပါအဝင် ၁၉၉၀နှောင်းပိုင်း ဒါရိုက်တာတစ်ချို့က သူတို့ရုပ်ရှင်တွေနဲ့ ဒုတိယနယူးဝေ့ကို အသက်သွင်းခဲ့ကြပါတယ်။ အားလုံးဟာ ဟောင်ကောင် ပြည်မတို့နဲ့မတူတဲ့ ထိုင်ဝမ်ရုပ်ရှင်ဆိုတဲ့ အငွေ့အသက်တစ်ခု သီးခြားခံစားရအောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာကောင်းတွေချည်းပါပဲ။ သူတို့ထဲမှာ Tsai Ming-liang ရဲ့ ရုပ်ရှင်တွေဟာ တင်ပြပုံ အထူးခြားဆုံးလို့ပြောရမှာပါပဲ။ Ang Lee ကတော့ အမေရိကန်ရောက်သွားပြီး ပေါကားပေါင်းစုံပါရိုက်လာပေမဲ့ Tsai Ming-liang ဟာ နှစ်ပေါင်းများစွာကနေ ပြီးခဲ့တဲ့ ၂၀၂၀အထိလည်း ဒီလိုပုံစံကားမျိုးတွေကို ရိုက်တုန်းပါပဲ။ သူ့ရဲ့ပထမဆုံးရုပ်ရှင် Rebels of the Neon God မှာ သူ့ရုပ်ရှင်ဟာ ထိုင်ပေမြို့အငွေ့အသက် တော်တော်လေးလွှမ်းထားတယ်လို့ဆိုလို့ရပေမဲ့ အဲဒီနောက်ပိုင်းရုပ်ရှင်တွေမှာတော့ သူဟာ နေရာအစွဲကင်းတဲ့သူလို့ သူပြောဖူးတဲ့စကားနဲ့အညီပဲ သူ့ရုပ်ရှင်တွေဟာ ဒေသအပိုင်းအခြားမရွေးတဲ့ မြင်နေကြုံနေခက်ခဲခြင်းတွေ အာသီသတွေကို ပုံဖော်တဲ့ ရုပ်ရှင်တွေပိုဆန်လာတယ်။ သိသလောက်တော့ သူဟာ ဇာတ်လမ်းတစ်ခုတည်းထဲ နောက်ဇာတ်လမ်းပိစိလေးတွေကို ယက်ဖွဲ့တတ်တဲ့ဒါရိုက်တာမျိုးဖြစ်ပြီး အဲဒီဇာတ်လမ်းတွေမှာလည်း သေချာတဲ့ပြချင်တာတစ်ခု ရှိနေတတ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာဆိုရင်လည်း Main Story ဖြစ်တဲ့ မသိလိုက်ပါဘဲ တစ်ခန်းတည်း နေဖြစ်သွားကြတဲ့ လူသုံးယောက်ရဲ့ ဇာတ်လမ်းသုံးခုကို ပေါင်းစပ်ပေးထားပြီး တခြားဇာတ်လမ်းပိစိလေးပါထည့်ထားပါသေးတယ်။ သူ့ရုပ်ရှင်တွေဟာ ကင်ကီဒွပ်ရဲ့တစ်ချို့ကားတွေလောက်တော့ လုံးဝစကားမပြောတဲ့ ကားတွေတော့မဟုတ်ပေမဲ့ တော်တော်လေး စကားနည်းပြီး အပြကို ဦးစားပေးတဲ့ ရုပ်ရှင်တွေပါပဲ။ သူ့အပြတွေဟာလည်း တစ်ခါတလေကျ နိမိတ်ပုံဆန်ပြီး တစ်ခါတလေကျ တော်တော်လည်းစားပါတယ်။ ဒီထဲမှာဆို ဒီကားရဲ့ Theme ကို အရိုးအိုးရောင်းတဲ့နေရာနဲ့ ထပ်ဆင့်ပုံဖော်သွားခဲ့သလို ဖရဲသီးတစ်လုံးနဲ့ အာသီသကိုပုံဖော်သွားခဲ့သလိုပေါ့။ နားလည်ရတော့ခက်တဲ့အခန်းတွေလည်း ပါတတ်ပါတယ်။ အရေးတော့မကြီးလှပါဘူး။ သူပြတာကို ကြည့်လိုက်တယ်၊ ကြည့်နေတုန်း အဲဒီခပ်ဆန်းဆန်းအပြတွေကို သဘောကျနေမယ်၊ ကိုယ့်စိတ်နဲ့ကိုယ် အဓိပ္ပာယ်ကောက်ပြီး တစ်ခုခုခံစားလိုက်ရမယ်၊ အရသာရှိနေမယ်ဆို ပြီးပြီပဲမလား။ ကိုယ့်စက္ခုနဲ့ သိစိတ်ကရတဲ့ အရသာကိုမခံစားဘဲ ဒါရိုက်တာ တကယ်တမ်းပြချင်တာဘာလဲ ထိုင်ခေါင်းစားနေမယ်ဆို Art House ကားကြည့်ပေမဲ့ Art House ကား အရသာမရသလို ဖြစ်သွားမလားပဲ။ ဒီတော့ ဒီရုပ်ရှင်ဟာလည်း တစ်ခုခုကိုနားလည်ချင်စိတ်နဲ့ကြည့်ရမယ့် ရုပ်ရှင်မျိုးလို့တော့ ကျွန်တော်တော့မထင်ဘူး။ သူ့အရသာကို ခင်ဗျား ဒီတိုင်းခံစားလိုက်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ အရင်နှစ်က သူ့ပထမဆုံးကားဖြစ်တဲ့ Rebels of the Neon God ကို တင်ပေးခဲ့ပြီးဖြစ်ပါတယ်။ အခု Vive L'Amour ကတော့ သူ့ရဲ့ ဒုတိယကားပါ။ အနောက်တိုင်း ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရခဲ့သလို Art Film ကောင်းတွေကို ပြန်လည်ထိန်းသိမ်းထုတ်ဝေပေးတဲ့ Criterion Collection ကလည်း ဒီကားကို ပြန်ထုတ်ပေးထားခဲ့ပါတယ်။ Vive L'Amour ဆိုတဲ့ ပြင်သစ်စကားရဲ့ အဓိပ္ပာယ်ကတော့ ချစ်သက်ရှည်စေလို့ အဓိပ္ပာယ်ရနေပြီး တစ်ချို့ရုပ်ရှင်တွေလို ရုပ်ရှင်ရဲ့အပြနဲ့ ဒီစကားလုံးကို တွဲဖက်ခံစားကြည့်ဖို့ကလည်း တော်တော်တော့နားလည်ရခက်ပါတယ်။ ဘာလို့ဆို ဒီရုပ်ရှင်ရဲ့ Theme လို့ ခံစားရတဲ့အရာနဲ့ တော်တော်မဆီမဆိုင်ဖြစ်နေတာကိုး။ ယူသလိုပဲ ရမှာပါပဲ။ တစ်ချို့အတွက်တော့ အကြိုက်ဆုံးကားဖြစ်သွားနိုင်တာပါပဲ။ တစ်ချို့အတွက်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 58Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 1995 118 mins
Vive L'Amour
The Last 10 Years
7.1

~ IMDb rating - 6.9/10, MyDramaList - 8.1/10 ~ " ကောင်လေးရယ် ကောင်မလေးရယ် ကမ္ဘာကြီးရယ် ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ တကယ်ဆို ဒီလိုအချိန်မျိုးမှာ လေပြင်းမုန်တိုင်းဟာ မတိုက်ခတ်ခဲ့သင့်ပါဘူး။ ခုတော့ လျှို့ဝှက်စွာတိုက်ခတ်သွားတဲ့ လေပြင်းမုန်တိုင်းကြောင့် ထင်းရှူးပင်ကြီးဟာ မျက်ရည်တောက်တောက်ကျနေရပေါ့။ ထင်းရှုးတောအုပ်ကလေးတစ်ခုလုံးဟာလည်း မျက်ရည်သစ်ပင်ကြီးရဲ့ငိုသံမှာ အံ့အားသင့်နေကြတယ်။ ဒါပေမယ့် ထင်းရှူးပဒေသာလမ်းပေါ်မှာ ကောင်လေးတစ်ယောက်ဟာ လျှောက်နေတုန်းပါပဲ။ (သူ့ကိုကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံမပေါ်ဘူး) လမ်းဘေးက အုတ်ခုံကလေးမှာတော့ အင်္ဂတေတွေကွာနေလေရဲ့... " - မောင်သိန်းဇော် (မျက်ရည်သစ်ပင်၊ ၁၉၈၇) ဒီဇာတ်ကားရဲ့မူရင်းဝတ္ထုကိုရေးသားခဲ့တဲ့ စာရေးဆရာမဖြစ်သူဟာ ၂၀၁၇ ခုနှစ်မှာပဲ ကွယ်လွန်ခဲ့ပါပြီ။ သူကိုယ်တိုင် နာတာရှည်ရောဂါကို ရင်ဆိုင်နေခဲ့ပြီး စွန့်ခွာမဲ့နေ့ကိုစောင့်နေရတဲ့ခံစားချက်ကို ဇာတ်ကားထဲမှာ ပုံဖော်ထားတာမို့ ဒီရုပ်ရှင်ဟာ လူတစ်ယောက်ရဲ့ သူ့ခံစားချက်အမှန်ကို ထုတ်ပြထားတဲ့ ရိုးသားတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောလို့ရတာမို့ အနုပညာစစ်သလို ရသလည်းမနုံနဲ့ပါဘူး။ IMDb rating - 6.9/10 ဟာလည်း ဒီလို Romance Drama ကားတစ်ကားအတွက် မနည်းလှတဲ့ rating ဖြစ်မှာပါ။ ဒီကပရိသတ်တွေ လူသိများတဲ့ မင်းသမီး Nana Komatsu ကလည်း အဓိကနေရာက ပါဝင်ထားပါတယ်။ ဇာတ်လမ်းထဲက မဆွတ်ရိ(Nana)က အသက်၂၀အရွယ်မှာပဲ အဆုတ်သွေးကြောနဲ့ပတ်သက်တဲ့ရောဂါကြောင့် ၂နှစ်ကျော် ဆေးရုံတက်ခဲ့ရသူပါ။ သူ့ရဲ့ရောဂါက ပျောက်ကင်းအောင်ကုသလို့ မရဘဲ နောက်၁၀နှစ်ထိသာ အသက်ရှင်နိုင်တော့မှာကို မဆွတ်ရိ သိသွားခဲ့ပါတယ်။ ဆေးရုံဆင်းတော့လည်း ပြင်းထန်တဲ့ လှုပ်ရှားမှုလုပ်ခွင့်မရှိတာကြောင့် အိမ်မှာပဲနားနေရပါတယ်။ သူငယ်ချင်းတွေကတော့ အလုပ်လုပ်ပြီး လက်တွဲဖော်ရှာဖို့ပြောပေမဲ့ လက်ကျန်သက်တမ်းကို သိနေတဲ့သူမကတော့ ဘယ်သူ့ကိုမှ ဘဝထဲမခေါ်ချင်တော့ပါဘူး။ ကျောင်းသားဟောင်းမိတ်ဆုံစားပွဲတစ်ခုကိုသွားတော့ ငယ်သူငယ်ချင်း ခဇုတိုနဲ့ပြန်ဆုံခဲ့ရပါတယ်။ ခဇုတိုကတော့ သူနဲ့ပြောင်းပြန်ပါပဲ။ သူ့မိဘတွေရဲ့ဖိအားပေးမှုနဲ့ အလုပ်အဆင်မပြေတာတွေကြောင့် သေကြောင်းကြံတဲ့အထိ ဖြစ်ခဲ့တဲ့သူပါ။ ဒီလိုနဲ့ အဖြစ်အပျက်တွေကြားမှာ မဆွတ်ရိနဲ့ ခဇုတိုတို့ ချစ်မိသွားကြတဲ့အခါ... ချစ်ခြင်းမေတ္တာဆိုတာ တစ်သက်လုံးအတူရှိရမှ ပန်းခင်းလမ်းကိုလျှောက်ရမှ ပြည့်စုံတာ မဟုတ်ဘူးဆိုတာ ဒီချစ်သူ၂ဦးက ပြောပြပါလိမ့်မယ်။ လက်တွဲဖော်ရဲ့စိတ်ခံစားချက်ကို ကိုယ်ပိုင်စိတ်ချမ်းသာမှုထက်ပိုပြီး ငဲ့ကွက်တာ၊ အရေးကြီးတဲ့အခါမှာ ချစ်သူကို ရှေ့တန်းတင် တွေးပေးတာတွေဟာလည်း နွေးထွေးမှုပါပဲ။ စကားဟောင်းလေးအတိုင်းပဲပေါ့။ လူဆိုတဲ့ သတ္တဝါဟာ အချစ်မရှိရင် တစ်ရည်လျော့တတ်တဲ့ အမျိုးမို့ လူဟာ အချစ်နဲ့ကင်းပြီးမနေနိုင်ကြဘူး။ မာယာတွေရစ်သိုင်းထားတဲ့ ဒီလောကဓံတရားအောက်မှာ ဘယ်လူသားကမှလည်း ဒဏ်ရာနဲ့ကင်းပြီးမနေနိုင်ကြဘူး။ အရှုံးတွေကပဲ ပိုချစ်တတ်အောင် သင်ပေးသွားရင်း ကံမဆုံပေမယ့် ချစ်ခြင်းတွေဟာ ဆက်လက်ရှင်သန်နေကြမှာပဲ။ ဒီရုပ်ရှင်ဟာ ဒီအချစ်တွေအကြောင်းပေါ့။ ~ Ref - မောင်သိန်းဇော်၊ သုခမိန်လှိုင်၊ တာရာမင်းဝေ ~ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.2GB, 661MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Drama • Thriller
7.1 2022 124 mins
The Last 10 Years
Khuda Haafiz: Chapter 2
8.3

Khuda Haafiz Chapter II: Agni Pariksha (2022) ============================= ကွန်မန်ဒိုမင်းသားရဲ့ အက်ရှင်ကားလေးတစ်ကား ထွက်လို့လာခဲ့ပြန်ပါပြီ…နံပါတ် ၁ ကတော့ ၂၀၂၀ လောက်က ထွက်ရှိထားပါတယ်… နံပါတ် ၁ တုန်းကလည်း ကွန်မန်ဒိုမင်းသားရဲ့ အကြမ်းအရမ်း အက်ရှင်တွေကို တစ်ဝကြီး ကြည့်ခဲ့ရသလို နံပါတ် ၂ မှာလည်း အက်ရှင်ခန်းတွေကို ကောင်းကောင်းကြီးမြင်တွေ့ရဦးမှာပါ.. အိန္ဒိယနိုင်ငံမှာ ၁၅မိနစ်ခြားတစ်ခါ အမျိုးသမီးတစ်ယောက် အဓမ္မကျင့်စော်ကားခံနေရပါတယ်..နှစ်စဉ်နှစ်တိုင်းပြစ်မှုပေါင်း ၇၂၀၀ကျော် ဖြစ်ပွားနေတယ်.. ဒီဇာတ်လမ်းလေးမှာလည်း စမီရ်နဲ့ နရ်ဂစ်တို့ဟာ ဒုက္ခအပေါင်းကို ကျော်လွှားပြီး ဘဝကိုအဆင်ပြေပြေနဲ့ အခြေချနေထိုင်ဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေဖြစ်ပါတယ်… နိုင်ငံရပ်ခြားမှာ ရောင်းစားခံရပြီး အကြိမ်ပေါင်းများစွာ မုဒိန်းကျင့်ခံခဲ့ရတဲ့ နရ်ဂစ်အဖို့ ဒီစိတ်ဒဏ်ရာဟာ နေ့စဉ်နဲ့အမျှ လူကို သတ်နေပါတယ်… သူတို့လင်မယားနှစ်ယောက်ရဲ့ကြားမှာ ပေါင်းကူးတံတားလေးဖြစ်စေဖို့ စမီရ်ဟာ နန်ဒီနီဆိုတဲ့ ၅နှစ်အရွယ် သမီးမိန်းကလေးတစ်ယောက်ကို မွေးစားလိုက်တယ် မိသားစုရိပ်မြုံလေးအစပျိုးလာပြီး သံယောဇဉ်တွေနဲ့ ပျော်ရွှင်နေတဲ့အခိုက်အတန့်မှာ နန်ဒီနီလေး မတော်တဆပြန်ပေးဆွဲခံလိုက်ရပါတယ်.. ရုန်းရင်းဆန်ခတ်အဖြစ်အပျက်တွေကြားမှာ ဒီကလေးမလေး မဖြစ်သင့်တာတွေဖြစ်လာတဲ့အခါမှာတော့ ဖခင်ဖြစ်သူရဲ့သမီးအပေါ်ထားရှိတဲ့ မေတ္တာနဲ့ ကလဲ့စားဟာ ဘယ်လောက်တောင် ကြမ်းတမ်းပေါက်ကွဲထွက်လာမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးမှာ ဆက်လက်ရှုစားပေးပါ…

Action • Comedy • Crime
8.3 2022
Khuda Haafiz: Chapter 2
Samsara
7.7

Samsara (2001) ~ IMDb – 7.7/10, Rotten Tomatoes – 100% ~ Directed By ” Pan Nalin ” ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက ” ယသောဓရာ ” တဲ့။ ” ရှင် အဲဒီနာမည်ကို ကြားဖူးလား ” တဲ့။ ” သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော ” ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ ” ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ “ ” ပင်လယ်ထဲ ပစ်ချလိုက်ရမယ် “ ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.23GB, 1.01GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 2H 18Min Genre – Adventure, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2001
Samsara
Turkey Shoot
4.7

Turkey Shoot (2014) =============== ရစ်ခ်တိုင်လာဟာ စစ်ပွဲအတွင်း အမျိုးသမီးတွေနဲ့ ကလေး အများအပြားကို သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှုကြောင့် ထောင် ဒဏ်ချမှတ်ခံထားရဲ့ Navy SEAL commander တစ်ဦးပါ။ တစ်နေ့မှာတော့ သူ့လွတ်မြောက်နိုင်ဖို့ အခွင့်အရေးတစ်ခု ရလာပါတယ်။ အခွင့်အရေးကတော့ Turkey Shoot ဆိုတဲ့ survival အစီ အစဉ်မှာ ပါဝင်ရမှာပါ။ တစ်ကမ္ဘာလုံး အချိန်နဲ့ တစ်ပြေးညီ ထုတ်လွှင့်နေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ကစားပွဲမှာ အဆင့် သုံးဆင့်ရှိပြီး တစ်ဆင့်မှာ မိနစ်(၉၀)တိတိ အချိန်ပေး ထားပါတယ်။ အဆင့်တစ်ဆင့်တိုင်းမှာ ကမ္ဘာအနှံ့က ကြည့်ရှု သူတွေ မဲပေးရွေးချယ်ထားတဲ့ ညှာတာမှု အလျဉ်းမရှိတဲ့ သေနတ်သမားတွေနဲ့ ရင်ဆိုင်ရမှာပါ။ သေနတ်သမားတွေကို ကျော်ဖြတ်ပြီး ပေးထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့နေရာမှာ ပုံးတစ်ပုံးကို ရှာနိုင်ရင် နောက်တစ်ဆင့် တက်နိုင်ပါပြီ။ အဆင့်သုံးဆင့်လုံးကို မသေဘဲ ဖြတ်ကျော်နိုင်ရင် တော့ လွတ်လပ်ခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထင်ထားသလောက် တော့ မလွယ်ကူပါဘူး။ တစ်ဖက်မှာလည်း သူ့ကို သတ်ဖို့ အခွင့် အရေးကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ ဘာလို့ ဒီလို သတ်ဖို့ ကြိုးစားနေတာလဲ အဲဒီအစုအပြုံလိုက် သတ် ဖြတ်မှုကို သူတကယ် ကျူးလွန်ခဲ့သလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Thriller Translator…….Phu Myat Thwe Encoder……….SWM

4.7 2014 90 mins
Turkey Shoot
Mechamato Movie
7.8

Mechamato movie 2022 Big Hero 6 ဇာတ်ကားလိုvibe မျိုးပြန်ရစေမဲ့ စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို့ စီးရီးမကြည့်ဖူးဘူးဆိုရင်တောင် ဒီကားကနေစကြည့်နိုင်ပါတယ်။ ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ် မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။ စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက် စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ်။ တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာ ကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ်။ အဲ့နေ့မှာပဲ ပရောဂျက်အတွက် စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့ စူးစမ်းလေ့လာစိတ်ပြင်းပြတဲ့ အာမန်တိုဟာ ဘာဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~ToMo~BpL~YH တို့ပဲဖြစ်ပါတယ်။)

Romance • Drama
7.8 2022 116 mins
Mechamato Movie
Bloodlust: Subspecies III
5.6

Bloodstone; subspecies ဆိုတဲ့ဗန်ပိုင်းယား ရုပ်ရှင်ဇာတ်လမ်းတွဲအဆက်ဖြစ်ပြီး IMDb 5.6/10 ရရှိထားတာပါ။ Horror & thriller အမျိုးအစားဖြစ်ပြီး ရုတ်ရုတ်သဲသဲကြောက်ဖို့ကောင်းတာမျိုးမဟုတ်ပေမဲ့ သွေးပျက်စရာအခန်းတွေအများကြီးပါပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရေဘက်ကာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ညီမလေးကိုရှာဖို့နဲ့ သူ့ညီမရဲ့ဝိဉာဉ်ကိုသိမ်းယူသွားတဲ့ဗန်ပိုင်းယားနဲ့ရင်ဆိုင်ဖို့ ထွက်လာခဲ့ပါတော့တယ် ဗန်ပိုင်းယားကြီးကသူ့ညီမလေးကို တပည့်မွေးသလိုမွေးထားပြီးဗန်ပိုင်းယားစစ်စစ်ဖြစ်စေချင်နေတာပါ ရေဘက်ကာတို့ညီအစ်မနှစ်ယောက်သား ဗန်ပိုင်းယားလက်အောက်ကနေ ဘယ်လိုလွတ်မြောက်အောင်ဘယ်လိုထွက်ပြေးကြမလဲ ရက်စက်တဲ့ဗန်ပိုင်းယားနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.7 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Fantasy, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khunn

Mystery • Drama • Thriller
5.6 1994 83 mins
Bloodlust: Subspecies III
Nam Naani Madve Prasanga

Nam Naani Maduve Prasanga (2023) =================================== ကန်နာဒါစကားပြော ဟာသကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယမှာ လယ်စိုက်တဲ့ တောင်သူအမျိုးသားတွေဟာ ကြင်ဖက်ရှာဖို့ အင်မတန့်အင်မတန် ခက်ခဲနေလျက်ရှိပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက် နာနီဟာလည်း အသက် ၃၇ ရောက်တဲ့ထိ ဘိုထီးသီချင်းထဲကလို တစ်ကောင်တည်းမျက်စိလည်နေဆဲဖြစ်တဲ့ တောင်သူလူပျိုကြီးဖြစ်ပါတယ်။ အသက် ၃၇ ရောက်တဲ့ထိ အဖြစ်မရှိသေးတဲ့ လူပျိုကြီးနာနီ့ကို မိသားစု၊ အပေါင်းအသင်းတွေက သတို့သမီးရှာပေးဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်တာကို လယ်သမားအမျိုးသားတွေ အိမ်ထောင်ဖက်ရှာဖို့ခက်ခဲနေတာကို မီးမောင်းထိုးပြထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဟာသစွက်ပြီး မြင်ရမှာပဲဖြစ်ပါတယ်…။ ( ဒီရုပ်ရှင်ကိုတော့ စီအမ်ရဲ့ ဘောလိဝုဒ်အဖွဲ့က ဘာသာပြန် အညွှန်းရေးသားထားပါတယ်။ ) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

0 2023
Nam Naani Madve Prasanga
Deep Fear
5.5

Deep Fear (2023) ရုပ်ရှင်ကားဟာဆိုရင် အဓိကသရုပ်ဆောင် Romania မင်းသမီးချောလေး Mãdãlina Ghenea နဲ့ English သရုပ်ဆောင် ဖြစ်တဲ့ gossip girl ထဲက ကောင်မလေးတွေ ကြွေကြတဲ့ Ed Westwick တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ အမြည်းလေးကို ပြောပြရမယ်ဆိုရင် မင်းသမီးက ငယ်ငယ်ကတည်းက ပင်လယ်မှာ သင်္ဘောမှောက်လို့ မိဘ ၂ ပါးလုံး ဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့လည်း အတိတ်ဆိုးကို ရင်ဆိုင်ပြီး အရွယ်ရောက်လာတဲ့ အခါ ကာရေဘီယံပင်လယ်မှာ အထူးချွန်ဆုံး သင်္ဘောမောင်းနှင်သူဖြစ်လာခဲ့ပါတယ်။ တစ်နေ့ ခရီးသည်ကို ကြိုဖို့ ပင်လယ်ကိုတစ်ယောက်တည်းဖြတ်သန်းနေတုန်းမှာ သင်္ဘောပျက်တစ်စီးက ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ကူညီလိုက်တဲ့ သူ့ကို အကယ်ခံလိုက်ရတဲ့သူတွေက ဘယ်လိုအခက်အခဲတွေ တွေ့စေမှာလဲ သူကော ဘယ်လိုရုန်းထွက်မှာလဲ အဲ့ဒီအချိန်မှာပဲ ကမ်းပေါ်မှာ ရှိနေတဲ့ မင်းသမီးရဲ့ချစ်သူကကော ဘယ်လိုကူညီဖို့ကြိုးစားမလဲ စတာတွေကို ရုပ်ရှင်တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်လို့ အချိန်ကုန်ပြီး ရုပ်ရှင်ပြီးလို့ ပြီးသွားမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ပင်လယ်ကို သဘောကျရင် ရင်ခုန်ရတဲ့ရုပ်ရှင်မျိူးတွေကို သဘောကျရင် မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျ။ File size…1.68GB / 821MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Horror • Mystery • Thriller • Drama • Science Fiction
5.5 2023 84 mins
Deep Fear
Wolf Hiding
6.1

ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan, Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုက ဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌက မြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီ လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲ အမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ် အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကို ဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှု ကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲ မကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့် ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီး အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့ တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်…

Romance
6.1 2023
Wolf Hiding
A Faithful Man
6.2

A Faithful Man (2018) ******************** IMDb…6.5 မာရီယန်းဆိုတဲ့ မိန်းမချောလေးမှာ ပေါလ်နဲ့ အဘဲလ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်…. အချစ်ဆုံးဆိုသူငယ်ချင်းတွေဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် အလွန်ရင်းနှီးစွာနေလေ့ရှိသလို တွဲခဲ့တဲ့ ကာလကလည်း ကြာလွန်းလှတယ်… ဒီလိုကာလရှည်တွေဟာ တခြားသူငယ်ချင်းတွေအတွက် မဆန်းပေမယ့် သူတို့အတွက်တော့ သူငယ်ချင်းစည်းကျော်ပြီး ချစ်ခဲ့မိကြတယ်.. မာရီယန်းဟာ မနက်ကိုပေါလ်နဲ့ တွဲရင် ညဘက်ကို အဘဲလ်နဲ့ တွဲတယ်…. ယောက်ျားလေး (၂)ယောက်ရဲ့ ခပ်ဆိတ်နေမှုဟာ မာရီယန်းအတွက် အခွင့်ကောင်းလို့ပဲ ဆိုရမလားမသိ…. သူကလည်း (၂)ယောက်လုံးကိုချစ်နေတော့ ခက်သားပင်…. ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဦး… မာရီယန်းနေရာက သရုပ်ဆောင်ထားတဲ့ မင်းသမီး Laetitia Marie Laure Casta ဆိုတာ တစ်ချိန်က Victoria’s Secret Angel လေးတစ်ပါးဆိုတော့ သူ့ရဲ့အကြည့် သူ့ရဲ့ အပြုံးမှာတင် ခင်ဗျားတို့အားလုံး ရင်သပ်ရှုမောရမယ်ဆိုတာ ပြောကြားရင်း.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်…. File Size : 1.3 GB, 457 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:15:00 Genre : Comedy , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by AHtet

Thriller • Action
6.2 2018
A Faithful Man
The Long, Hot Summer
7.3

၁၉၅၈ ကထွက်ရှိခဲ့တဲ့ အမေရိကန် ဒရမ်မာ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်….. မီးရှို့တတ်တဲ့ ကောင်လေးလို့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ဘန်ကွစ် တစ်ယောက် သူနေထိုင်တဲ့မြိုမှာ မီးလောင်မှုဖြစ်ပွားလို့ နှင်ထုတ်ခံလိုက်ရပါတယ်…….. ခြေဉီးတည့်ရာ ရထားတဲ့ လှည့်လည်ရင်း ဗာနာတွေကြီးဆိုးတဲ့ မြိုလေးကို သူရောက်လာခဲ့ပါတယ် ဗာနာမိသားစုနဲ့ တွေ့လိုက်ရတဲ့အချိန် အထူးသဖြင့် ဝေလ်ဗာနာရဲ့ သမီးဖြစ်သူ ကလာရာနဲ့ တွေ့ဆုံတဲ့အခါမှာတော့ ………… သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေ ကလာရာရဲ့ သူ့အပေါ်မုန်းတီးမှုတွေ ဘန်ကွစ်တစ်ယောက်အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေကိုကြည့်ရှုခံစားလိုက်ကြပါဦး…… File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre… Tragedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

Comedy • Drama
7.3 1958 115 mins
The Long, Hot Summer