YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Manifest.S04E05.Squawk.1080p.(CM).mp4

891.05 MB 1080p video/mp4 245 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Chip 'n Dale: Rescue Rangers
7

IMDb - 7.3/10, Rotten Tomatoes - 79% ~ Chip 'n Dale ဟာ လက်ရှိမှာ ကြည့်ပြီးတဲ့ လူတိုင်းနီးပါး အားရတဲ့ Fun တော်တော်ဖြစ်တဲ့ ရုပ်ရှင်ဖြစ်ပြီး နိုင်ငံတကာရုပ်ရှင်ဖန်တွေက Rating - 5/5 , 10/10 တွေ ပေးထားကြပါတယ်။ Chip 'n Dale: Rescue Rangers ဆိုတဲ့ ဟိုတုန်းက နာမည်ကျော် Dinsey ကာတွန်းဇာတ်လမ်းတွဲထဲက ရှဉ့်ငရှုပ်နှစ်ကောင်ကို အဓိကထားပြီး တခြား ၉၀ပြည့်နှစ်က ကာတွန်းဇာတ်ကောင်တွေအများကိုလည်း cameo ထည့်ထားသလို လက်ရှိ ရုပ်ရှင်တွေကိုလည်း ဖောင်းထုထားတဲ့ တော်တော့်ကို ကြည့်ပျော်တဲ့ ရုပ်ရှင်ပါပဲ။ Nostalgia ဖြစ်စရာတွေလည်း အပြည့်ပါပဲ။ ဒစ္စနေးကားပေမဲ့ Cameo တွေဟာ ဒစ္စနေးက ကာတွန်းဇာတ်ကောင်တွေချည်းမဟုတ်ဘဲ ဝါနာဘရားသား, Comedy Central, ပါရာမောင့်နဲ့ တခြားကုမ္ပဏီပေါင်းများစွာက ဇာတ်ကောင်များစွာကို ယူသုံးထားပါတယ်။ ဒီဇာတ်ကောင်တွေအတွက် လိုင်စင်ယူရမှာနဲ့တင် တော်တော်မလွယ်ပါဘူး။ တော်တော်ကို အားသွန်ခွန်စိုက်လုပ်ပြီး စိတ်ကြိုက်ထည့်ထားကြပုံပါပဲ။ ဘာတွေ ဘယ်လိုပါပါတယ်‌ပြောရင် အေဖိုး၅မျက်နှာစာလောက်ကုန်မှာမို့ မပြောတော့ပါဘူး။ ဟိုးတုန်းက ကာတွန်းကားတွေကို နည်းနည်းပါးပါး သံယောဇဉ်ရှိရင်တောင် စိတ်ထဲ အကြိုက်တွေ့မိမယ့် ရုပ်ရှင်ပါပဲ။ ဆိုခဲ့သလို ဒီလောက်နေရာတကာက Cameo တွေအများကြီးထည့်ထားတာကိုလည်း ဗရုတ်သုတ်ခထည့်ထားတာမဟုတ်ဘဲ အဲဒီကာတွန်းတွေရဲ့ ကမ္ဘာကြီးကို ဇာတ်အိမ်တည်ထားတာပါ။ ဟာသပေါင်းများစွာနဲ့ တော်တော်လည်းရယ်ရလို့ အားလုံးအကြိုက်တွေ့နေကြတဲ့ ရုပ်ရှင်ပါပဲ။ ရှဉ့်၂ကောင်မှာ တစ်ကောင်ကို မူလအတိုင်းထားပြီး တစ်ကောင်ကို CGI သုံး 3D ဆွဲထားလို့ ခေတ်ဟောင်းအရသာရော ခေတ်သစ်အရသာရော ပေါင်းစပ်ရရှိစေမှာပါ။ အိုင်ဒီယာကောင်းတယ် ဆိုရမှာပါပဲ။ လူတွေလည်းခပ်ပါးပါးပါပါတယ်။ ရိတ်တင်လည်းကောင်းနေသလို တစ်ချို့ကလည်း ဒီနှစ်ရဲ့အကြိုက်ဆုံးရုပ်ရှင်လို့ဆိုတဲ့အထိ အမွှန်းတင်နေကြပါတယ်။ ပုဂ္ဂလိကအမြင်အရတော့ ဇာတ်သိမ်း နည်းနည်းတက်သုတ်ရိုက်ဖြစ်နေတာကလွဲ တော်တော်ရယ်ရပြီး အတော်ကြည့်ကောင်းတဲ့ ရုပ်ရှင်တစ်ကားပေါ့။ Size - 1.51GB, 853MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 37Min Genre - Animation, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung, 666 Encoded by Y

Documentary
7 2022 99 mins
Chip 'n Dale: Rescue Rangers
The Bad Guys
7.7

ဒီနှစ်ရဲ့အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ်ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင်ကူညီနေတဲ့ ပူးကလေးရယ်ပါတာပေါ့။ လှည့်ကွက်တွေများများကြည့်ရအောင် ဇာတ်လမ်းတော့ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်းအတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါဦး။ အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mr.Anderson, Chcuk နဲ့ Yoon တို့ပဲ ဖြစ်ပါတယ် Genre.....Animation, Adventurd, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 750MB and 300MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson, Chuck, Yoon Encoder ..... August

Mystery • Thriller
7.7 2022 100 mins
The Bad Guys
The Leopard
7.7

၁၈၆၀ ခုနှစ်ဝန်းကျင် အီတလီ ဆီစီလီမှာ ဆာလီနာမင်းသားလို့ခေါ်တဲ့ ဒွန်ဖာဘရီဇီယို ကော်ဘယ်ရာ ရှိပါတယ်။ သူက ဘိုးဘွားဘီဘင်အဆက်ဆက် ချမ်းသာကြွယ်ဝခဲ့တာကို ခံစားနေတဲ့ သူကြွယ်တစ်ဦးပေါ့။ အဲဒီအချိန် အီတလီပေါင်းစည်းမှုလို့ခေါ်တဲ့ ဖြစ်ရပ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ဖရန်စစ် ၂ တို့ စစ်တပ်နဲ့ အနီရောင်အကျီဝတ် ဂါရီဘာဒီတို့ တော်လှန်ရေးတွေ စစ်ဖြစ်ကြတာပါ။ အဲဒီမှာ ဂါရီဘာဒီတွေ ဆီစီလီကို အနိုင်ရပြီး အလယ်လတ်တန်းစားတွေကလည်း ဆာလီနာမင်းသားတို့လို ပထမတန်းတွေနဲ့ ယှဉ်ပြိုင်လာတဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။ သူ့ရဲ့တူတော်စပ်သူ တက်ခရန်ဒီဟာလည်း တော်လှန်ရေးတပ်ထဲက ဖြစ်ပြီး သူနဲ့ ပြိုင်ဖက်လိုဖြစ်တဲ့ ချမ်းသာပေမဲ့ အဆင့်အတန်းတစ်ဆင့်လောက်နိမ့်တဲ့ ဒွန်ကာလိုဂျီယိုရဲ့ သမီးချောကို ကြိုက်ခဲ့ပါတယ်။ အဲဒီမှာ ဆာလီနာမင်းသားတစ်ယောက် ဒီလိုမျိုး နိုင်ငံရေးအတက်အမြင့် အနိမ့်အကျတွေကြား အသားကျအောင် နေထိုင်ပြီး ဘယ်လိုတွေ လှုပ်ရှားသွားမလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။

Drama • Mystery • Science Fiction
7.7 1963 186 mins
The Leopard
Pleasantville
7.5

Pleasantville (1998) ~ IMDb – 7.5/10, Rotten Tomatoes – 86% ~ ဒီခေတ်က ဖြစ်ရပ်တွေကိုကြည့်ရင်း “အရင်ခေတ်ကလူတွေသာ ဒါကိုမြင်ရင် ဘယ်လိုနေမလဲ” ဆိုတာမျိုးကို တစ်ခါလောက်တော့ တွေးမိဖူးကြမယ့်လူတွေများပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အဲဒီလိုအရင်ခေတ်တစ်ခုကိုပြန်ရောက်သွားတာပါ။ သိပ္ပံကားတွေလို အချိန်ခရီးသွားရင်း တကယ့်သမိုင်းထဲရောက်တာမျိုးတော့မဟုတ်ဘူးပေါ့။ ဒေးဗစ် နဲ့ ဂျန်နဖာဆိုတဲ့ အမွှာမောင်နှမ ၂ယောက်က ၁၉၅၀ လောက်က တီဗီရှိုးတစ်ခုဖြစ်တဲ့ Pleasantville ဆိုတဲ့အစီအစဉ်ထဲကို ပဉ္စလက်ဆန်ဆန် ဝင်ရောက်သွားတာဖြစ်ပါတယ်။ ပလဲဆန့်ဗေးလ်က ပြောရမယ်ဆိုရင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာလိုပါပဲ။ လူတိုင်းတာဝန်ကိုယ်စီနဲ့၊ နေ့တိုင်းကလည်း ဒီလို မပြောင်းမလဲ၊ အိမ်တွေကအစတူပြီး မီးတောင်မလောင်တတ်လို့ မီးသတ်ဆိုတာ သစ်ပင်ပေါ်တက်ပြီးပြန်မဆင်းတတ်တဲ့ကြောင်လေးတွေကို ကယ်ဖို့လောက်အသုံးဝင်တာပါ။ ရာသီဥတုကလည်း အမြဲတစ်ချိုးတည်း၊ အပူချိန်ကလည်း မတက်မကျ။ ဒီလို သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်ပြီး ပြည်သူတွေအားလုံးပျော်နေကြတဲ့ ပလဲဆန့်ဗေးလ်တီဗီရှိုးထဲက ပလဲဆန့်ဗေးလ် မြို့ကလေးပါ။ ဒါပေမဲ့ ဒေးဗစ်တို့မောင်နှမ ၂ ယောက်ရောက်သွားပြီး ပြောင်းလဲမှုတွေ အံမဝင်မှုတွေနဲ့ ထိတွေ့ပေးလိုက်တဲ့အခါ အဖြူအမည်းလောကကြီးက တစ်စ တစ်စ အရောင်တွေပေါ်လာပါတော့တယ်။ လူတွေ လမ်းတွေ ပန်းတွေ အရောင်တွေစပေါ်လာကြတော့ လူတိုင်းက အထူးအဆန်းလိုဖြစ်သွားကြတာပေါ့။ ဘာကြောင့်များအရောင်ပေါ်လာတာလဲ…။ အဖြူအမည်းလူတွေက ဒါကိုအစိုးရိမ်ကြီးစိုးရိမ်ပြီး ပလဲဆန့်ဗေးလ်က အရင်လို အဖြူအမည်းနဲ့မှလှကြောင်း၊ ပုံစံခွက်ထဲက မထွက်ဖို့၊ ရှိရင်းစွဲအလုပ်တွေကိုပဲ လုပ်ဖို့၊ ကိုယ့်တာဝန်နဲ့ကိုယ် နေကြဖို့ လိုက်ဆော်ဩပြီး အရောင်ရှိသူတွေနဲ့ အဖြူအမည်းလူတွေလို့ ခွဲခြားသတ်မှတ်လိုက်ပါတယ်။ အဖြူအမည်းလူတွေကပဲ လူနေမှုစံစည်းမျဉ်းဆိုတဲ့ စည်းမျဉ်းထုတ်ပြီး လူတိုင်းယှဉ်တွဲနေလို့ရအောင်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အရောင်ရှိသူတွေတွေကို ဖိနှိပ်ထားတဲ့ စည်းမျဉ်းတွေကိုထုတ်ပြန်လိုက်ပါသေးတယ်။ လူတွေဟာ ဘာကြောင့် အရောင်မဲ့နေတာလဲ… ဘာကြောင့် အရောင်စုံလာတာလဲ… ရုပ်ရှင်လေးကြည့်ရင် ဒီအဖြေကိုသိရပါလိမ့်မယ်။ ဒါရိုက်တာ Gary Ross ကလည်း အင်တာဗျူးတစ်ခုမှာ “တစ်ကိုယ်ရည်စိတ်တွင်းဖိနှိပ်ထားရမှုဟာ အခြားကျယ်ပြန့်တဲ့လူ့အဖွဲ့အစည်းကိုပါ လိုက်လံဖိနှိပ်မှုဆီ ဦးတည်ပါတယ်။ ဒီရုပ်ရှင်က ကျွန်တော်တို့ဟာ စိတ်တွင်းအရာတစ်ခုခုကိုကြောက်တဲ့အခါ… ဒါမှမဟုတ် အပြောင်းအလဲလုပ်ရမှာကိုကြောက်တဲ့အခါ အဲဒီအကြောက်တရားကို တခြားသူတွေဆီပုံချတဲ့အခါ ပိုရုပ်ဆိုးအကျည်းတန်တဲ့ လူမှုရေးပြဿနာတွေကို ဦးတည်သွားတတ်တဲ့အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ” လို့ပြောထားခဲ့တယ်။ ရုပ်ရှင်ရဲ့ အဖြူအမည်း၊ အရောင်ရှိ အရောင်မဲ့ ဆိုတာ အရောင်သဘာဝထက်ကိုပိုတဲ့ လေးနက်တဲ့အရာတွေကို ရည်စူးထားခဲ့တာပါ။ တွေးနိုင်ရင်တွေးနိုင်သလောက် အယူအဆကြိုးရှည်တွေ တစ်သီကြီး ဆွဲဆန့်နိုင်မယ့်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က Gary Ross ကို ပွဲဦးထွက်မှာတင် လျှမ်းလျှမ်းတောက်စေခဲ့တဲ့ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရေး၊ Co-poduce လုပ်ပြီး သူကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Cast ကလည်း Tobey Maguire, Jeff Daniels, Joan Allen နဲ့ Reese Witherspoon တို့လို ခုခေတ်ရဲ့ထိတ်ထိတ်ကြဲတွေအပြင် Paul Walker တောင် ပါထားပါသေးတယ်။ ဇာတ်လမ်းက သိပ်ပါးနပ်တယ်။ ရိုက်ကွက်တွေက သိပ်ကိုလှလွန်းပါတယ်။ အဖြူအမည်းတွေကနေ အရောင်လေးတွေစုံလာပုံများ… တကယ့်မျက်စိပသာဒဖြစ်စရာပါ။ ရုပ်ရှင်ကြည့်ရင်း အဖြူအမည်းကို ဘယ်လိုရောသလဲ သိချင်လာလို့ အကြမ်းဖျင်းရှာကြည့်ခဲ့သလောက်ဆိုရင် ရုပ်ရှင်တစ်ကားလုံးကို အစက အရောင်နဲ့ရိုက်ထားတာပါတဲ့။ ပြီးမှ လိုတဲ့အပိုင်းတွေကို အရောင်နဲ့ဆက်ထားရင်ထား၊ အဖြူအမည်းပြောင်းရင်ပြောင်း လုပ်တာပါတဲ့။ ဝတ်စုံတွေ မိတ်ကပ်တွေလည်း တော်တော်သုံးပြီး တကယ်ခေါင်းအစားခံ ရိုက်ကူးထားပါတယ်။ ဒါကြောင့်လည်း အော်စကာဆု သုံးခုအတွက် ဆန်ကာတင်ဝင်ခဲ့တဲ့အပြင် ဆုပေါင်း ၁၈ခုရရှိပြီး တခြားဆုပေါင်း ၄၈ နေရာမှာ ‌ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ The Beatles တို့ရဲ့ “Across the Universe” Adapted Version ကလည်း ရုပ်ရှင်နဲ့အံဝင်ခွင်ကျပါပဲ။ “Nothing’s gonna change my world…” ဆိုတဲ့စာသားနဲ့အတူ အရောင်မဲ့အပြောင်းအလဲတွေကိုဖက်တွယ်သင့်လား… ဘဝကြီးကို ‌အရောင်စုံဖြတ်သန်းသင့်သလား… ဆိုတာကိုတော့ Comedy, Drama, Fantasy ဆိုတဲ့ Genres တွေခံစားရင်း ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.40GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Horror • Comedy
7.5 1998
Pleasantville
Hopeless
6.3

Hopeless (2023) ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလို မင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီး အနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။ Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့ မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီး Blue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်.. ဇာတ်လမ်း အကျဥ်းကတော့ ၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေ သူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။ တစ်နေ့မှာ‌တော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက် Chi-geon ဆီက အကူအညီယူမိပြီး သူ့ဂိုဏ်းထဲကို ရောက်သွားပါတော့တယ်။ ငရဲတွင်းကနေ လွတ်မြောက်ဖိုလုပ်ရင်း ငရဲတွင်းဆီ ခုန်ဆင်းမိပြီး ဒုစရိုက်လောကထဲမှာ နစ်မြောမှန်းမသိ နစ်မြောလာတဲ့အခါမှာ‌တော့… ဘာသာပြန်တွေကတော့ Hnin Miri,Stary Tiff & Treasure Estel တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 1.2GB | 459MB Format… mp4 Duration…. 2h 13min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hnin Miri,Stary Tiff & Treasure Estel Encoder ….. Aaron

6.3 2023
Hopeless
Opponent
6.6

2011တုန်းက ထွက်တဲ့ A Seperation ဆိုတဲ့ အီရန် ရုပ်ရှင်ကားကိုကြည့်ဖူးရင် ဒီရုပ်ရှင်မင်းသား Payman Maadi ကို သိကြမှာပါ။ ဒီကားထဲမှာ သူက အီရန်ဒုက္ခသည် နပန်းသမားဟောင်း Iman အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းက ဒုက္ခသည်တွေရဲ့ ဘဝကို နောက်ခံထားရိုက်ထားပေမယ့် Imanရဲ့ ပဋိပက္ခတစ်ခုကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။ အီရန်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်နေရတယ်လို့ မခံစားရဘဲ လက်တွေ့ဘဝကိုကြည့်နေရသလို နစ်ဝင်စီးမြောသွားစေမယ့်ကားပါ။ ဇာတ်လမ်းအနေနဲ့ Iman ရယ် သူ့မိန်းမနဲ့ သမီးလေးနှစ်ယောက်က အီရန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို ဒုက္ခသည်အနေနဲ့ ထွက်ပြေးခဲ့ပါ တယ်။ ဆွီဒင်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် တစ်ခုပြီး တစ်ခု ကြိုးစားပါတယ်။ နောက်ဆုံးမှာ ဆွီဒင်နိုင်ငံအတွက် နပန်းပြိုင်ပွဲဝင်ပေးရင် နေထိုင်ခွင့်ရမယ်အထင်နဲ့ နပန်းကိုပြန်လေ့ကျင့်ခဲ့ပါတယ်။ သူမေ့ချင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်နဲ့ သူကိုယ်တိုင် သူ့ကိုယ်သူဝန်မခံချင်ဘဲ ထွက်ပြေးနေတဲ့ အရာက ဘာများလဲ။ သူတို့မိသားစုရော ဘာဆက်ဖြစ်မှာလဲ သိရဖို့ ရုပ်ရှင်ကိုပဲ ဆက်ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Horror • Fantasy
6.6 2023
Opponent
In My End Is My Beginning
5.4

In My End is My Beginning 18+ အညွှန်း အခုတင်ဆက်ပေးလိုက်တဲ့ကိုရီးယားကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ဒါရိုက်တာ Min Kyu Dong ရဲ့ လက်ရာဖြစ်တဲ့ Short film လေးကို လူကြိုက်များတဲ့အတွက် Full length version အနေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပြီး ၂၀၀၉ ဘူဆန်ရုပ်ရှင်ပြပွဲမှာ ထုတ်ပြခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ရုံတင်ခဲ့ပြီး Box office မှာ ဒေါ်လာ ၂ မီလီယံကျော်ထိပြန်လည်ရရှိခဲ့တဲ့ကားဖြစ်ပါတယ်။ မင်းသားကြီး Hwang Jung Min ၊ မင်းသမီး Uhm Jung Hwa နဲ့ Castway Div‌a ထဲက အချောလေးဖြစ်တဲ့ ရန်ဂျူး (Kim Hyo Jin) အစရှိတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်ထားပြီး သရုပ်ဆောင်ပြောင်မြောက်လွန်းတဲ့အတွက် ဝေဖန်ရေးဆရာတွေကတောင် ချီးကျူးတဲ့အထိပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Hwang Jung Min က ဝတ္ထုဆရာအနေနဲ့ စိတ်ကူးထက်သန်တဲ့သူတစ်ယောက်ပါ။ သူ့အနေနဲ့ လက်တွေ့ဆန်ရလောက်အောင် ရေးတတ်ပြီးတော့ ပတ်ဝန်းကျင်ကတောင် ‌မျောပါလောက်အထိ ရေးတတ်ပါတယ်။ သူ့ ဝတ္ထုထဲမှာ‌တာ့ သူ့အနေနဲ့ လက်ရှိမိန်းမဂျောင်းဟာနဲ့ နေရတာ မပျော်ဘဲ နာရူဆိုတဲ့ ကောင်မလေးနဲ့ဖောက်ပြန်ပြီး စိတ်ပျော်အောင် နေတတ်တာပါ။ ဇာတ်လမ်းထဲမှာ မင်းသားမတော်တဆဖြစ်ပြီး သေသွားတဲ့အခါမှာ နာရူလေးက ဂျောင်းဟာအိမ်ကိုရောက်ရှိလာပါတော့တယ်။ အဲမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ။ မယားကြီးနဲ့ တိတ်တိတ်ပုန်းကောင်မလေးတို့ ဇာတ်လမ်းက ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့ ပရိသတ်များကပဲ ဆက်ပြီးကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းထဲမှာ မူစကူဒူးတွေ၊ BDSM တွေ၊ နံပြားရိုက်တာတွေ ပါဝင်တဲ့အတွက် ဘလူးတုစပီကာနဲ့ကြည့်စေချင်ကြောင်း ညွှန်းချင်ပါတယ်)။ အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Kaung ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1GB | 486MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator …..Mr.Kaung Encoder ….. Blank

5.4 2009
In My End Is My Beginning
Junction
5.2

ဒီရုပ်ရှင်ကတော့ လက်ရှိ ၂၁ ရာစုနှစ် အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အိုပီရိုက် (အကိုက်အခဲပျောက်ဆေး) ကပ်ဘေး ကို ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရဲ့ စီအီးအိုတစ်ယောက်၊ ဆရာဝန်တစ်ယောက်နဲ့ လူနာတစ်ယောက်တို့ရဲ့ ရှုထောင့်ကနေပြီး ရိုက်ကူးထားတာပါ။ အိုပီရိုက်လို့ခေါ်တဲ့ အကိုက်အခဲပျောက်ဆေးတွေကို နာတာရှည်နာကျင်မှုဝေဒနာ ခံစားနေရတဲ့ လူနာတွေအတွက် သုံးစွဲခဲ့ကြတာပါ။ ဒီထဲမှာ ကန်မက်ကုမ္ပဏီကထုတ်တဲ့ အောက်ဆီကိုဒုန်းဆေးလဲအပါအဝင်ပါပဲ။ သူတို့ထုတ်ကုန်ဆေးကို ရောင်းချရဖို့အတွက် ဆရာဝန်တွေကိုသုံးပြီး ကြော်ငြာခဲ့ကြပါသေးတယ်။ ဒါပေမဲ့လည်း အိုပီရိုက်ဆေးတွေဟာ အလွန်အမင်းစွဲလန်းသွားစေနိုင်ပြီး ကပ်ဘေးတစ်ခုအသွင်ပြောင်းသွားချိန်မှာတော့ အိုဟိုင်းယိုးပြည်နယ်အမတ်ကဦးဆောင်ပြီး ကန်မက်ကုမ္ပဏီကို တရားစွဲခဲ့ပါတော့တယ်။ ဒီတရားစွဲမှုကို ကန်မက်ဘက်က ဘယ်လိုချေပသွားမလဲ၊ အိုပီရိုက်ကပ်ဘေးရဲ့နောက်ကွယ်က အမြတ်ထုတ်မှုတွေနဲ့ မူးယစ်ဆေးဝါးစွဲလန်းမှုအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.6 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

5.2 2024 98 mins
Junction
King of Baji Fist
5.8

လက်ဝှေ့ပွဲတွေကြိုက်တတ်တဲ့သူတွေအတွက် တရုတ်ရိုးရာ ပါးကျီလက်ဝှေ့အစွမ်းကိုပြထားတဲ့ လက်ဝှေ့ကားလေးတင်ပေးလိုက်ပါတယ်။ ကွန်ဖူးပညာတွေဟာ ရှေးတုန်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့သုံးကြပေမယ့် ခေတ်နဲ့အမျှပြောင်းလဲလာတဲ့နောက်မှာ အထိနာအသက်အန္တရာယ်ဖြစ်စေမယ့် တိုက်ကွက်တွေကိုတားမြစ်ပြီး ကျန်တဲ့တိုက်ကွက်တွေကို လက်ဝှေ့ပွဲတွေမှာအသုံးပြုခွင့်ပေးထားပါတယ်။ ပါးကျီလက်ဝှေ့ပညာဟာ တရုတ်ရိုးရာလက်ဝှေ့ပညာတွေထဲက အစွမ်းထက်တဲ့ပညာတစ်ခုပါ။ ဒါပေမယ့် ဒီရိုးရာလက်ဝှေ့ပညာကိုဆက်ခံသူတစ်ဖြည်းဖြည်းနဲ့နည်းပါးလာပါပြီ။ ပါးကျီမျိုးဆက်ဖြစ်တဲ့ ရွှီမျိုးနွယ်ညီအစ်ကို၂ယောက်မှာ အစ်ကိုဖြစ်တဲ့သူက လက်ဝှေ့နဲ့အသက်မွေးပြီး ညီဖြစ်သူကိုတက္ကသိုလ်ကျောင်းတက်နိုင်အောင် ထောက်ပံ့ပေးနေပါတယ်။ မထင်မှတ်ပဲလက်ဝှေ့ပွဲတစ်ပွဲမှာ ဒဏ်ရာအပြင်းအထန်ရသွားတဲ့အခါ မိသားစုမှာအားကိုးရာမဲ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ ညီဖြစ်တဲ့သူက မိသားစုတာဝန်ကိုထမ်းဖို့ကြိုးစားရင် အစ်ကိုဖြစ်သူဒဏ်ရာရသွားတာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ…… သူ့အစ်ကိုကိုဒုက္ခရောက်စေတဲ့ တရားခံကိုဘယ်လိုဖော်ထုတ်မလဲ…… မိသားစုအမွေဖြစ်တဲ့ ပါးကျီလက်ဝှေ့ပညာကို သူတစ်ယောက်ထဲ ထိန်းသိမ်းသွားဖို့ဖြစ်နိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော်……

Drama
5.8 2023
King of Baji Fist
Antwone Fisher

IMDB….. 7.3 ဒီတစ်ခေါက်တော့ မင်းသားကြီး Denzel Washington သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေ အတွက်ဆိုရင် Training Day, Equailizer, Man on fire ရုပ်ရှင်တွေနဲ့ လူသိများတဲ့ Denzel Washington က တကူးတက မိတ်ဆက်ပေးစရာမလိုတဲ့ မင်းသားကြီးပါပဲ။ ဒီရုပ်ရှင်ဟာ Denzel Washington ရဲ့ ပွဲဦးထွက် ဒါရိုက်တာ အဖြစ်ပါ လက်စွမ်းပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အန်တွမ်ဖစ်ရှာ ဆိုတဲ့ ရေတပ်ထဲက တပ်သားတစ်ယောက်ဟာ အရည်အချင်းရှိသလောက် ထစ်ခနဲရှိ တခြားတပ်သားတွေနဲ့ ရန်ဖြစ်ပြီး ပြဿနာများတဲ့ သူတစ်ယောက်ပါ။ မကြာခဏ ပြဿနာတက်ပြီးတဲ့ နောက်မှာတော့ စိတ်ကုဆရာဝန် နဲ့တွေ့ရဖို့ ဖြစ်လာပါတော့တယ်။ အန်တွမ်ဖစ်ရှာ တစ်ယောက် စိတ်ကုဆရာဝန် ရဲ့ အကူအညီ နဲ့ သူ့ဘဝ ကို၊ သူ့စိတ်ကို ခြောက်လှန့်နေခဲ့တဲ့ အတိတ်က ထရော်မာများစွာကို ရင်ဆိုင်ဖို့ ဖြစ်လာပါတော့တယ်။ အမ်တွမ်ဖစ်ရှာဟာ တကယ့်အဖြစ်အပျက်ကို အခြေခံထားတာဖြစ်ပြီး ပြင်ပဘဝက အန်တွမ်ဖစ်ရှာ ကိုယ်တိုင် ဇာတ်ညွှန်းရေးသားထားတာလည်းဖြစ်ပါတယ်။ ထရော်မာတွေ၊ ကလေးဘဝက အဖြစ်ဆိုးတွေကို ကျော်ဖြတ်ခဲ့နိုင်ပြီး ဘဝမှာ အောင်မြင်ခဲ့တဲ့ လူတစ်ယောက်ရဲ့ ဇာတ်လမ်းလည်း ဖြစ်တာကြောင့်စိတ်ခွန်အားရစေမယ့် ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ File size…(1.8 GB)/(808 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Marco

0 2002
Antwone Fisher
Jawbreaker
5.7

Jawbreaker (1999) IMDb Rating (5.7) / Rotten Tomatoes (14%) နှစ် ၂၀ ကြာခဲ့တဲ့အထိ လန်းနေဆဲ ကြည့်ကောင်းနေဆဲ ဆိုးသွမ်းလုံမေလေးတွေရဲ့ ရုပ်ရှင်အဟောင်း အကောင်းတစ်ခုပါ။ အဲဒီခေတ်ကတော့ အရမ်းဟော့ပြီး အရမ်းဖက်ရှင်မိုက်ခဲ့လို့ ရေပန်းစားခဲ့တာပေါ့။ 1999 ကတည်းက ဆိုပေမယ့် ယနေ့ခေတ်ထိ ခေတ်စားနေဆဲ ဖြစ်တဲ့ Prank လုပ်တာကနေ ဇာတ်လမ်းစထားပါတယ်။ ကျောင်းရဲ့ စူပါးစတား Girl Squad အဖွဲ့ရဲ့ အလှဆုံး သဘောအကောင်းဆုံးကောင်မလေး လစ်ဇ်ရဲ့ မွေးနေ့မှာ သူ့သူငယ်ချင်းတွေက Prank လုပ်ကြတာပေါ့။ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲရင်း အသံမထွက်အောင် ပါးစပ်ထဲကို Jawbreaker ဆိုတဲ့ သကြားလုံးအကြီးကို ဆို့ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ ကားဖုံးပြန်ဖွင့်တော့ သကြားလုံးကြီးက လည်ချောင်းထဲဝင်ပြီး လစ်ဇ်ဟာ သေဆုံးသွားပါတော့တယ်။ အဲ့ဒီလိုနဲ့ ဆယ်ကျော်သက်ကလေးသုံးယောက်ဟာ မတော်တဆလူသတ်မှုဖြစ်သွားပြီး ဘယ်လိုဖုံးဖိကြသလဲ…? လစ်ဇ်ရဲ့ မိဘတွေနဲ့ ရဲတွေကရော ဘယ်လိုမျိုးရှာဖွေကြမလဲ…? လစ်ဇ်ရဲ့ သူငယ်ချင်းသုံးယောက်ရော ဘာဆက်ဖြစ်မှာလဲ…? လူငယ်ဆန်ဆန်ရိုက်ကူးထားပြီး R-rated လည်း မဆန်တာမို့ စိတ်ဝင်တစားကြည့်ရှုနိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kham Mon ဖြစ်ပါတယ်။) File size…(2.8 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime Duration….01:27:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Kham Mon

Comedy • Crime
5.7 1999 87 mins
Jawbreaker
Identity
8.9

Identity (2025) ဖြစ်တည်မှု CM Bollywood ပရိသတ်ကြီးအတွက် ဇာတ်လမ်းဆန်းဆန်း rating ကောင်းကောင်းနဲ့ မလေယာလမ်းစကားပြော အိန္ဒိယကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ အိမ်ထောင်ကွဲလို့ အမေတစ်ယောက်အဖေတစ်ယောက် အုပ်ထိန်းခွင့်ယူကြတဲ့အခါမှာ အဖေ့ဘက်လိုက်နေရတဲ့ ဟာရန်လေးဟာ ဖခင်အရက်သမားရဲမှူးရဲ့သင်တန်းကျောင်းနေရသလို ထိန်းကျောင်းပုံကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ထရော်မာဝင်ပြီး ဘာမဆိုပြည့်စုံမှကြိုက်တဲ့ စိတ်ရောဂါရသွားပါတယ်…. နှစ်တွေကြာပြီးနောက် စတိုးဆိုင်တစ်ခုက အဝတ်လဲခန်းမှာ ကင်မရာခိုးထားပြီး ကောင်မလေးတွေကို ဗီဒီယိုရိုက်ငွေညှစ်လုပ်စားနေတဲ့ အမာရ်ဆိုတဲ့ လူယုတ်မာတစ်ကောင်ရှိပါတယ်။ တစ်နေ့မှာတော့ ခွင်ဖန်နေတုန်း ချောင်းရိုက်ကောင်ကို ဘယ်ကမှန်းမသိတဲ့ဘဲတစ်ပွေက အရှင်လတ်လတ်မီးရှို့ပြီး အလောင်းကိုချောင်းထဲပစ်ချလိုက်ပါတယ် ဒီအမှုကို ရဲတွေကလည်း ကြိုးစားပမ်းစားစစ်ဆေးဖို့ ကြိုးစားကြရင်း ဘယ်သူတွေနဲ့ဘယ်လိုပတ်သက်ဆက်နွယ်နေမလဲဆိုတာ ပိတ်သားပြင်ထက်မှာပဲ ဆက်လက်ရှုစားနိုင်ဖို့ မနှေးလေးတင်ဆက်ပေးပါရစေ။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

History • Drama
8.9 2025 156 mins
Identity
True Crime

True Crime ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးClint Eastwood ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ဇာတ်ဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားတဲ့ Old but Gold မှုခင်းကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အလုပ်ခွင်အခက်အခဲ၊အိမ်ထောင်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ‌‌စိတ်လေနေတဲ့သတင်းထောက် စတိဗ်အဲဗားရက်(Clint Eastwood) ဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးခြင်းနဲ့အတူ သေဆုံးသွားသူတာဝန်ယူထားတဲ့ ၁၂နာရီအတွင်းသေဒဏ်ကျခဲ့ရတော့မယ့် လူသတ်တရားခံတစ်ဦးကို အကျဉ်းထောင်မှာအင်တာဗျူးဖို့တာဝန်ကို လွှဲယူခဲ့ရပါတယ်။ အထက်ဖိအားကြောင့်သာ မယူချင်ယူချင် ယူခဲ့ရတဲ့ အဲဗားရက်ဟာ တရားခံကိုအင်တာဗျူးရင်း အမှုရဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကို သိလာရတဲ့အခါမှာတော့ ……. မိသားစုကိုဂရုမစိုက်၊အလုပ်ကိုဂရုမစိုက် ယုတ်စွအဆုံး ကိုယ့်အသက်ကိုယ်‌ေတာင် ဂရုမစိုက်တဲ့ အဲဗားရက်ဟာ အဆင်မပြေမှုအားလုံးရဲ့ထွက်ပေါက်အဖြစ် တရားခံကို အပြစ်မဲ့ကြောင်းသက်သေပြဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် မုသားဖော်စက်စစ်ဆေးမှုမှာကျရှုံးခဲ့တဲ့အပြင် ခိုင်မာတဲ့မျက်မြင်သက်သေနှစ်ဦးလည်းရှိနေတဲ့တရားခံကို သူ့ရဲ့ထင်ကြေးတစ်ခုတည်းနဲ့အပြစ်ကင်းတယ်လို့ယူဆခဲ့တဲ့ အဲဗားရက်ရဲ့ အထင်ဟာမှန်ပါ့မလား…….. တကယ်လို့မှန်ခဲ့ရင်တောင်၁၂နာရီအတွင်းသေဒဏ်ပေးခံရတော့မယ့် အကျဥ်းသားကိုဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်မလဲ….. မှုခင်းဖြစ်ပွားရာနေရာမှာ လူလေးဦးသာရှိနေပြီး တစ်ဦးကနစ်နာသူ၊တစ်ဦးကတရားခံ၊နှစ်ဦးကမျက်မြင်သက်‌သေဖြစ်နေတဲ့အချိန်မှာ အားလုံးကတရားခံလို့ယူဆထားကြသူက သတ်တာမဟုတ်ဘူးဆိုတာ အဲဗားရက်က သက်သေပြနိုင်ခဲ့မယ်ဆိုရင်ကော တကယ့်တရားခံကဘယ်သူဖြစ်နေမလဲ….. ၉၀ခုနှစ် မှုခင်းကားတွေရဲ့ ထုံးစံအတိုင်း အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေးဆွဲခေါ်သွားမယ့် ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကို တော့ Swan Yee Myo Thant ကတင်ဆက်ထားပါတယ်။ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama, Mystery, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Swan Yee Myo Thant

0 1999
True Crime
Longing for the World L’amour du monde
5.8

Longing for the World (2024) L’amour du monde ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ကမ်းစပ်က ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Jenna Hasse ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ဆယ်ကျော်သက်မိန်းကလေး မာဂေါ့ဇ် (Margaux) ဖြစ်ပြီး သူမရဲ့ နွေရာသီအားလပ်ရက်ကို သူ့ဖခင်နဲ့အတူ ဟိုတယ်တစ်ခုမှာ ကုန်ဆုံးရင်း ကလေးတွေကို ပြုစုစောင့်ရှောက်တဲ့ အဖွဲ့အစည်းတစ်ခုမှာ အလုပ်သင်အဖြစ် လုပ်ကိုင်နေပါတယ်။ ဒီမှာ မာဂေါ့ဇ်ဟာ ခုနစ်နှစ်အရွယ် မွေးစားခံထားရတဲ့ ကလေးမလေး ဂျူးလိယက် (Juliette) နဲ့ သုံးဆယ်ကျော်အရွယ် ဒေသခံ ငါးဖမ်းသမား တစ်ယောက်နဲ့ ဆုံတွေ့ရာကနေ သူမရဲ့ ဘဝဟာ ပြောင်းလဲသွားပါတယ်။ ဒီသုံးယောက်ဟာ မထင်မှတ်ထားတဲ့ ဆက်ဆံရေးတခုကို တည်ဆောက်ပြီး မာဂေါ့ဇ်ဟာ ဂျူးလိယက်ရဲ့ ကလေးသဘာဝ ကစားတတ်တဲ့စိတ်နဲ့ ငါးဖမ်းသမားရဲ့ ရိုးရှင်းတဲ့ ဘဝအမြင်တွေကနေ နူးညံ့မှုနဲ့ ပျော်ရွှင်မှုကို ပြန်လည်ရှာဖွေတွေ့ရှိသွားပါတယ်။ ဒါပေမယ့် ဒီသုံးဦးဟာ ဘဝရဲ့ လွတ်မြောက်လိုတဲ့ ဆန္ဒတွေကြားမှာ ရုန်းကန်နေရပါတယ်။ မာဂေါ့ဇ်ဟာ သူ့ရဲ့ ဆယ်ကျော်သက်ဘဝရဲ့ အရှုပ်တွေ၊ ဂျူးလိယက်ရဲ့ ကလေးဆန်ပေမယ့် နက်နဲတဲ့ စိတ်ခံစားချက်တွေနဲ့ ငါးဖမ်းသမားရဲ့ ဘဝအတွေ့အကြုံတွေကို ဖြတ်သန်းရင်း သူ့ကိုယ်သူ ပိုနားလည်လာပါတယ်။ ဒီရုပ်ရှင်ဟာ ဂျနီဗာရေကန်ရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေနဲ့အတူ လူသားဆန်တာ၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်နေရာကိုယ်ရှာဖွေတဲ့ ခရီးတစ်ခုကို ပုံဖော်ထားပါတယ်။ သရုပ်ဆောင်တွေရဲ့ သဘာဝကျတဲ့ သရုပ်ဆောင်ချက်နဲ့ ရိုးရှင်းပေမယ့် နက်နဲတဲ့ ဇာတ်လမ်းက ထူးခြားတဲ့ အနုပညာလက်ရာတစ်ခုမို့လို့ ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါရစေဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (1.4 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:17:11 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

Horror • Action • Fantasy
5.8 2024 76 mins
Longing for the World L’amour du monde