YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Man.On.The.Moon.1999.REMASTERED.1080p.BluRay.x264(CM).mp4

2.78 GB N/A video/mp4 464 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hridayam
6.6

ကိုယ်အရွယ်ရောက်လာတဲ့ အချိန်မှာ ပထမဆုံးချစ်ဖူးတဲ့ လူဟာ ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာနိုင်ရဲ့လား။ အချစ်ဦးတိုင်းမှာ ပျော်ရွှင်စရာ ဇာတ်သိမ်းမျိုး ရှိနိုင်ပါ့မလား။ ကျုပ်အနေနဲ့ဖြေရရင်တော့ ရှိနိုင်ပေမယ့် မလွယ်ကူဘူးလို့ပဲ ထင်တယ်ဗျ။ ဒီဇာတ်လမ်းထဲက အာရွမ်နဲ့ ဒါချ်နာလိုပေါ့။ ကောလိပ်ကို စရောက်တဲ့အချိန်ကနေ မြင်မြင်ချင်းရင်ခုန်မိတဲ့ နှစ်ယောက် အတူတူလက်တွဲခဲ့ကြပေမယ့် ၂၀ ပတ်လည် ကောလိပ်ကျောင်းသား ဘဝမှာ ကြုံကြရမယ့် အချစ်ရေးပြဿနာတွေ၊ အချင်းချင်းကို တသက်တာ မမေ့နိုင်မယ့် ဒဏ်ရာတွေ ပေးကြရင်း ဘယ်လိုအဆုံးသတ်ကို ဦးတည်ခဲ့ကြမလဲ။ ဒီဇာတ်လမ်းက အာရွမ်ဆိုတဲ့ အမျိုးသားဇာတ်ကောင်ရဲ့ ကောလိပ်ကျောင်းသားဘဝကနေ ၃၀ ပတ်လည် လူလတ်ပိုင်းအရွယ်ထိ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲလာပုံတွေကို အသားပေးရိုက်ပြထားတာပါ။ လူငယ်ဘဝမှာ ကျောင်းကိစ္စ၊ အချစ်ရေး ၊ သူငယ်ချင်း လူလတ်အရွယ်မှာ စီးပွားရေးနဲ့ အိမ်ထောင်ရေး ဒါတွေကို ပျော်စရာရွင်စရာဆိုတာထက် လက်တွေ့ကျကျ ဖော်ကြူးထားတာပေါ့။ ဒီနှစ်ထဲပဲ လောလောလတ်လတ်ထွက်ထားပြီး IMDb မှာ 8.9/10 ထိရထားတဲ့အပြင် ရုံတင်ငွေရူပီး 50 crores ထိစံချိန်တင်ထားတာပါ။ ဇာတ်လမ်းရဲ့ကြာချိန် ၃ နာရီနီးပါးမှာ ဒါရိုက်တာ Vineeth နဲ့ သူ့ဇနီး Divya တို့ရဲ့ ကောလိပ်ကအကြောင်းတွေကို ဒါရိုက်တာကိုယ်တိုင်ရေးသားပြီး ပုံဖော်ရိုက်ကူးထားတာပေါ့။ ဆိုတော့ကာ ဒီပိတ်ရက်မှာလည်း Channel Myanamr ရဲ့ ဘောလိဝုဒ်ရုပ်ရှင်ချစ်ပရိတ်သတ်တို့ အပန်းဖြေရင်း ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ File size…2.56GB /  1.1GB /  6.8GB Quality…True Web Dl 1080p AAC 5.1CH / 720p / 4k SDR HEVC DD+5.1CH Format…mp4 Duration….2h 52m Subtitle….Myanmar Subtitle(Hard Sub) Encoder…. Nyein Saeya Aung & YK Translated by Poe & Yunni & Honeyey & HM

Crime • Thriller
6.6 2022 172 mins
Hridayam
Holidate
7.1

နှုတ်ခမ်းနီမလေးတွေအတွက် ခန့်ချောကြီး Lucke Bracey နဲ့ ညီအစ်တွေအတွက်ကတော့ Emma Robert တို့ရဲ့  မျက်နှာလေးနဲ့တင်ကို အတော်တန်နေတဲ့ ဇာတ်ကားပါပဲ။ မင်းသား၊ မင်းသမီးနဲ့ ဂျင်းထည့်တဲ့ကားတော့မဟုတ်တာ အာမခံပါတယ်။ အားလပ်ရက်တိုင်းမှာ အမြဲတမ်းတစ်ကိုယ်တည်းဖြစ်နေလို့ တစ်အိမ်လုံးက သူ့ရဲ့အချစ်ရေးကိုပါ  လိုက်ဂရုစိုက်ပေးနေရတဲ့ Sloane တစ်ယောက် ခရစ္စမတ်မှာတော့ ထူးထူးခြားခြား ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တယ်... တစ်ဘက်ကောင်လေးဟာလည်း ဘာတွေအဆင်မပြေဖြစ်လာတယ်မသိ...သူတို့(၂)ယောက်စဆုံးခြင်းဟာ ဘုနဲ့ဘောက်ပါပဲ... အချိုးမပြေတဲ့သူတွေအဖြစ် တစ်ယောက်ကိုတစ်ယောက်အသိအမှတ်ပြုသွားကြတယ်... အချစ်ကားလေးတွေမှာ ဘုဘောက်ကျရင်း အဆင်ပြေသွားတဲ့ဇာတ်လမ်းအမိုက်စားတွေကို သဘောကျတဲ့သူတွေအဖို့ တကယ်ကိုကြည့်လို့ကောင်းပါတယ်..ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားလိုက်ကြပါဉီးဗျို့... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3monပဲဖြစ်ပါတယ်.. File Size :(979 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre : Comedy  , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by d3mom Encoded by Phyo Pyae

Drama • Sci-Fi & Fantasy
7.1 2020 104 mins
Holidate
Nosferatu the Vampyre
7.4

Nosferatu the Vampyre (1979) ~ IMDb – 7.4/10, RT – 95%, Meta – 79% ~ မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner Herzog က New German Cinema က ပိုင်အိုးနီးယားတစ်ယောက်ပါ။ ပိုင်အိုးနီးယားပီပီ သူများနဲ့မတူတဲ့ ရိုက်ကူးတင်ဆက်ပုံ ဟန်ပန်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ သူကိုယ်တိုင် ဇာတ်ညွှန်းပါ ရေးသားထားတာပါ။ Herzog ဟာ ဒီဇာတ်လမ်းကို တင်ပြရာမှာ ခြောက်ဖို့လှန့်ဖို့ထက် ဒရက်ကူလာကို လူ့သွေးအပြင် အချစ်မေတ္တာပါ ငတ်နေသလို နည်းနည်းလူသားဆန်အောင် ဖန်တီးပြထားတာမို့ မျောပြီး လိုက်မဖီးလ်ဖြစ်ရင်တောင်မှ မင်းသမီးက တော်တော်လှတာဆိုတော့ Vlad ကြီးကို ကိုယ်ချင်းကတော့ စာမိပါလိမ့်မယ်။ Nosferatu ကို 1922 မှာ ပထမဆုံးအကြိမ်ရိုက်ခဲ့ပြီး ကလပ်စစ်ရုပ်ရှင်အဖြစ် တော်တော်အောင်မြင်ခဲ့သလို Herzog ရဲ့ အခုဗားရှင်းကလည်း သူ့ဟာနဲ့သူ ပြိုင်ဘက်ကင်းပါပဲ။ ဒီဘက်ခေတ်မှာကတော့ The VVitch, The Lighthouse, The Northman စတဲ့ကားတွေနဲ့ လူသိများခဲ့တဲ့ ဒါရိုက်တာ Robert Eggers ကလည်း ပြန်ရိုက်ဖို့ ရှိပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 47Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama • History
7.4 1979 107 mins
Nosferatu the Vampyre
Nurse 3D
4.6

(ဤဇာတ်လမ်းတွင် သွေးထွက်သံယိုအခန်းများ လိင်အသားပေးအခန်းများ ရင့်သီးသောစကားလုံးများပါ၀င်သည့်အတွက် ကလေးသူငယ်များကြည့်ရှုရန်မသင့်လျော်ပါ) ကျွန်မနာမည်က အက်ဘီဂေး ရက်ဆယ်တဲ့။ လုံးကြီးပေါက်လှ ယောကျားတိုင်းလည်ပြန်ငေးရတဲ့အချောလေး။ ကျွန်မအလုပ်လုပ်နေတာက အော်လ်စိန့်ဆေးရုံမှာ သူနာပြုတယောက်အနေနဲ့။ ဒါပေမယ့်ညဆိုရင်တော့ကျွန်မကမုဆိုးပဲ ကျွန်မအမဲလိုက်တဲ့သူတွေကယောက်ျားတွေ အထူးသဖြင့်ဖောက်ပြန်ကြတဲ့အိမ်ထောင်ရှိယောကျာ်းတွေပေါ့။ ကျွန်မအမြင်သူတို့ကဒီကမ္ဘာပေါ်မှာရွံစရာအကောင်းဆုံးလူတန်းစားတရပ်ပဲ။ ကျွန်မကသူတို့ကိုဖျား‌ယောင်းတိုင်းပါလာကြတယ်။ အဲ့သည်အခါကျမှ သူတို့နဲ့ထိုက်တန်တဲ့အပြစ်ကိုကျွန်မပေးနေကြ။ ဒီလိုနဲ့ကျွန်မဘ၀ထဲကို၀င်လာတာက ဒန်နီရော်ဂျာဆိုတဲ့သူနာပြုအသစ်‌က‌လေး။ ဘာမှမသိနားမလည်တဲ့ဒီကောင်မလေးကိုယောကျာ်းထုကြီးဆီကနေ ကာကွယ်ပေးချင်တယ်။ သူ့ဘေးနားကတွဲလောင်းတွဲလောင်းနဲ့စတိဗ်ဆိုတဲ့ သူ့ရည်းစားကိုလည်းအမြင်ကတ်တယ်။ ဒန်နီကကျွန်မဘယ်လိုကြိုးစားကူညီကူညီကျွန်မကို ပြန်လှည့်တောင်မကြည့်တာအရမ်းမုန်းတယ်။ ဒန်နီကကျွန်မအပိုင်ပဲ ဘယ်သူ့မှမပေးနိုင်ဘူး။ ကျွန်မလက်ခုပ်ထဲဒန်နီရောက်လာအောင်ကျွန်မ ဘယ်လိုကြိုးစားမလဲရှင်တို့ကြည့်သာကြည့်လိုက်ကြပါတော့ File size… 1.4 GB / 636.7 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Thriller , Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

Drama
4.6 2013 84 mins
Nurse 3D
The Wall
6.7

ဆောင်းရာသီအေးနေတဲ့အချိန်မှာ Nobody love meဆိုပြီး အထီးကျန်နေတဲ့ ကောင်ဇိုးလေးတွေအတွက် survival movie လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ခုချိန်မှာ ငါတစ်ယောက်တည်းပါလားလို့ ခံစားနေရသူတွေ ဒီရုပ်ရှင်ထဲက အမျိုးသမီးကြီး ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ဆောင်းညရှည်တွေကို Alpsတောင်တန်းကြားမှာ ဘယ်လိုဖြတ်သန်း ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းလေးကိုကြည့်ရင်း inspiration ရပါစေလို့ မျှော်လင့်ရင်းနဲ့…. ဒီရုပ်ရှင်လေးမှာ အပိုင်း ၄ ပိုင်းနဲ့မြင်ရမှာဖြစ်ပါတယ်။ ပထမဆုံးအပိုင်းက သူငယ်ချင်း ၃ ယောက်နဲ့ခွေးတစ်ကောင် Alps တောင်တန်းမှာ အမဲလိုက်ခရီးထွက်လာချိန်ပေါ့။ နွေးထွေးတက်ကြွတဲ့သူငယ်ချင်းတစ်စုရဲ့ ပျော်ရွှင်တဲ့ခရီးတစ်ခုနဲ့ အစပျိုးထားပြီး ပြဿနာကတော့ ဟူဂိုနဲ့လူးဝစ်က အနီးနားကရွာက ဘားတစ်ခုကိုအသွားမှာ သူကတော့ခွေးတစ်ကောင်နဲ့ အမဲလိုက် တဲမှာ နေရစ်ခဲ့တာပါပဲ။ မနက်မိုးလင်းချိန်မှာ ဟူဂိုနဲ့လူးဝစ်ပြန်မလာလို့ လိုက်အရှာမှာ လမ်းမှာလူရယ်လို့ တစ်ယောက်မှမတွေ့ရဘဲ တစ်နေရာ အရောက်မှာ ထူးဆန်းပြီးမမြင်ရတဲ့နံရံကြီးက သူ့ကိုတားဆီးထားတယ် ဆိုတာပါပဲ။ ဒီနေရာမှာတော့ ‌ထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့ ဇာတ်လမ်းရဲ့ ဒုတိယအပိုင်းပေါ့။ ကြောက်လန့်ခြင်းရဲ့အထီးကျန်ခြင်းရဲ့ နောက်ကလိုက်လာ တာကတော့ စိတ်ဓာတ်ကျခြင်းဖြစ်ပြီး နေ့ရောညပါ ရာသီဥတုကတစ်မျိုး အတွေးကတစ်ဖုံနဲ့ အိပ်မရတဲ့ညတွေလည်းဒုနဲ့ဒေးပေါ့။ ရင်မောရတဲ့ နေ့ရက်တွေ ရှင်သန်ချင်စိတ်ကုန်နေတဲ့နေ့ရက်တွေကို ခွေးကလေးရယ် ကြောင်ကလေးရယ် နွားတစ်ကောင်ရယ်နဲ့အတူကုန်ဆုံးနေတဲ့သူ နောက်ဆုံးမှာ Acceptance and Adaptation ဆိုတဲ့အဆင့်ကိုရောက်ဖို့ ဘယ်လိုတွေရုန်းကန်သွားရမလဲဆိုတာ အားလုံးအတူ ကြည့်ရှုရင်းနဲ့ အထီးကျန်ဘဝကနေ ရုန်းထွက်ဖို့အင်အားတွေရစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်… File size…981 MB Quality…Blu-Ray 720p Format…mp4 Duration….1h 48m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Horror • Mystery • Thriller
6.7 2012
The Wall
Beast Master
5.6

ဒီတစ်ခေါက် CM ကတင်ဆက်ပေးမှာကတော့ ရှေးခေတ်လူသားနဲ့ မကောင်းဆိုးဝါးရဲ့ အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဇာတ်လမ်းထဲမှာတော့ ရှေးဟောင်းနတ်သားရဲဖြစ်တဲ့ ပိုင်ဖေးလျန်က နှစ်တစ်ထောင် ကောင်းကင်အတိဒုက္ခကို ကျော်ဖြတ်နိုင်ဖို့အတွက် မတတ်သာပဲ မိန်းကလေးအများကြီးကိုဖမ်းခေါ်ပြီး အချစ်စစ်ရှာဖွေတဲ့ပုံပြင်လေးပါ လူသားမိန်းကလေးဖြစ်တဲ့ရှီးရှက ငယ်ဘဝတုန်းက လူ့ပြည်မှာဒဏ်ရာရနေတဲ့ပိုင်ဖေးလျန်ကို မထင်မှတ်ပဲကယ်တင်ခဲ့ပြီး ဆယ်နှစ်ကြာပြီးနောက် ပိုင်ဖေးလျန်က ကျေးဇူးဆပ်ဖို့အတွက် ရှီးရှမင်္ဂလာဆောင်တဲ့ရက်မှာပဲ အချစ်ရှာတောင်ကြားသို့ခေါ်သွားခဲ့လေတယ် နောက်တော့ ပိုင်ဖေးလျန်ရဲ့သူငယ်ချင်းကောင်းဖြစ်တဲ့ ချူးချီးက ကောင်းကင်အတိဒုက္ခဖြတ်သန်းပြီး နတ်အဆင့်တက်နိုင်ဖို့အတွက် နတ်သွေးကျောက်နဲ့ပိုင်ဖေးလျန်ရဲ့အမြုတေကိုလုဖို့ကြိုးစားရာက သူငယ်ချင်းနှစ်ယောက် ရန်သူတွေဖြစ်သွားရလေတယ် နောက်ဆုံးသေရေးရှင်ရေးအခြေအနေမှာ မိသားစုသံယောဇဉ် သူငယ်ချင်းသံယောဇဉ် အချစ်သံယောဇဉ်တို့က ကောင်းကင်အတိဒုက္ခဖြတ်သန်းနိုင်အောင် ကူညီပေးနိုင်မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှုကြပါစို့

Thriller • Horror
5.6 2024
Beast Master
Lovely, Dark, and Deep

Lovely, Dark, and Deep (2023) ~ Rotten Tomatoes – 88% ~ ဒီဟော်ရာကားကတော့ ခရမ်းချဉ်သီးရိတ်တင်တော်တော်လေးကောင်းနေတယ်။ ဒါပေမဲ့ ခရမ်းချဉ်သီးရိတ်တင်သီးသန့်ကောင်းနေတဲ့ ဟော်ရာကားတွေရဲ့ ထုံးစံအတိုင်း မရှင်းမလင်းလေးတွေနဲ့ပဲ လာတတ်သလို သိသိသာသာထင်ထင်ရှားရှား ခြောက်ခန်းလှန့်ခန်းလည်း အများကြီးမပါတတ်ဘူး။ တစိမ့်စိမ့်နဲ့ ရင်ဖိုရတဲ့ ရုပ်ရှင်မျိုးပဲ။ ဇာတ်ကတော့ Park Rangers ခေါ် အမျိုးသားဥယျာဉ်အကြီးကြီးတွေထဲက တောခေါင်းတွေနဲ့ အဲဒီဥယျာဉ်ကြီးထဲက လျှိ့ဝှက်သည်းဖိုတွေအကြောင်းပဲ။ ကမ့်ပ်လာချတဲ့လူတွေကြား ရေပန်းစားတဲ့ ဥယျာဉ်ကြီးတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သဘာဝလွန်လို့ပြောရင်ပိုမှန်လောက်မယ်။ ရိန်းဂျားတွေက အဲဒီဥယျာဉ်ကြီးထဲ လူတွေပျောက်ပျောက်နေတာကို သိကြပေမဲ့ မသိကျိုးကျွန်ပြုထားကြတယ်။ ဘာလို့လဲဆိုတဲ့ လျှို့ဝှက်ချက်ကို အမျိုးသမီးရိန်းဂျားတစ်ယောက်က ဖော်ထုတ်ဖို့နီးစပ်လာခဲ့တယ်။ သူဖော်ထုတ်နိုင်ခဲ့လား မဖော်ထုတ်နိုင်ခဲ့ဘူးလား ဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့် ရုပ်ရှင်ပေါ့။ ဒီဟော်ရာကားက ၂၀၂၁ကထွက်ခဲ့တဲ့ In The Earth တို့လို အမျိုးအစားလို့ပြောရမယ်။ အဲဒီထက်တောင် ပိုသိမ်မွေ့တယ်။ သိသိသာသာကြီးခြောက်လှန့်ပြသွားတာတွေသိပ်မပါပေမဲ့ ခုနောက်ပိုင်းဟော်ရာကားကောင်းတွေရဲ့ ဟန်ကိုက ဒီလိုဖြစ်နေတာမျိုး ဆန်းတော့လည်းမဆန်းတော့ပါဘူး။ ကြိုက်တဲ့လူတွေကြိုက်ကြမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 950MB Quality – 1080p, 720p Format – mp4 Duration – 1H 27Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama • Thriller • History
0 2023 87 mins
Lovely, Dark, and Deep
Paul, Apostle of Christ
6.6

၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာ အမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး Andrew Hyatt က ရိုက်ကူးပေးထားပါတယ်။ တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင် လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် The Passion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ် သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ် ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက် အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်း ကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိက ရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကို လက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာ မဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့် အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကို ပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ လု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီး ပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်း တင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, the Apostle of Christ ရုပ်ရှင်ဟာ Grace Award for Movies နဲ့ Best Christian Movie ဆုနှစ်ခုကိုရရှိခဲ့ပါတယ်။ ဒေါ်လာ ၅ သန်းအကုန်အကျခံရိုက်ကူးခဲ့ပြီး ရုံတင်ဝင်ငွေဒေါ်လာ ၂၅.၅ သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ File size…1.42GB / 638MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.6 2018 108 mins
Paul, Apostle of Christ
Weapon
8.4

Weapon (2024) “စူပါလူသား” IMDb – 8.6/10 ၁၉၆၄ခုနှစ် အိန္ဒိယတစ်နိုင်ငံလုံး လွပ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြချိန်။ တော်လှန်ရေးခေါင်းဆောင်နှစ်ယောက်က လွပ်လပ်ရေးတိုက်ပွဲဝင်နေသူတွေအတွက် အကူအညီရဖို့ ဂျာမန်ခေါင်းဆောင်ကြီး ဟစ်တလာဆီကို သွားခဲ့ကြတယ်။ ဟစ်တလာက လက်ခံတွေ့ဆုံပြီး အကူအညီပေးဖို့ကတိပေးခဲ့တယ်။ ဟစ်တလာ လက်တွေ့စမ်းသပ်နေတာက စူပါစစ်သားတွေဖန်တီးပြီး ရန်သူတွေကိုတိုက်ခိုက်နိုင်တဲ့ စူပါလူသားဖြစ်ပေါ်စေတဲ့ သွေးရည်ကြည်။ ဒီသွေးရည်ကြည်အောင်မြင်တဲ့အတွက် အကူအညီသွားတောင်းတဲ့ရဲဘော်ကို ကူညီပေးဖို့ကမ်းလှမ်းပေမဲ့ အိန္ဒိယရဲ့အနာဂတ် ပျက်ဆီးမှာကိုမြင်ပြီး သွေးရည်ကြည်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒီမှာဘဲ အတူပါသွားတဲ့ရဲဘော်က ဟစ်တလာရဲ့လျှို့ဝှက်စမ်းသပ်ခန်းထဲက စူပါလူသားဖြစ်စေမဲ့သွေးရည်ကြည်ကိုခိုးပြီး အိန္ဒိယကို တစ်ယောက်တည်းပြန်လာခဲ့ပါတယ်။ အဲဒီအချိန် အိန္ဒိယမှာလွပ်လပ်ရေးရနေပြီဖြစ်တဲ့အတွက် သွေးရည်ကြည်ကိုဘယ်သူ့မှအသိမပေးဘဲ လုံခြုံတဲ့နေရာမှာဝှက်ထားခဲ့တယ်။ တစ်ရက် ဟစ်တလာလွှတ်လိုက်တဲ့ လျှို့ဝှက်တပ်ဖွဲ့တိုက်ခိုက်မှုကြောင့် သားဖြစ်သူ အသက်ဆုံးရှုံးခံနီးမှာ ဝှက်ထားတဲ့သွေးရည်ကြည်ကိုယူပြီး သားဖြစ်သူကိုထိုးပေးခဲ့ပါတော့တယ်။ ဒီမှာပဲ မမျှော်လင့်တဲ့ဖြစ်ရပ်တွေနဲ့ကြုံလာရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

8.4 2024 120 mins
Weapon
A Novel Noel
6.6

A Novel Noel (2024) IMDb Rating (6.6) ခရစ္စမတ်နားနီးပြီးဆိုတော့ ခရစ္စမတ်ဇာတ်ကားအသစ်စက်စက်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ November 21 တုန်းကမှထွက်ရှိထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ ထုံးစံအတိုင်း Romance ဇာတ်ကားလေးဖြစ်ပြီး ဇာတ်အိမ်ခိုင်ခိုင်မာမာလေးနဲ့ Rating လည်းအသင့်အတင့်နဲ့ ကြည်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းလေးကတော့ နယူးယောက်မြို့ရဲ့ စာအုပ်ထုတ်ဝေရေးကုမ္ပဏီတစ်ခုမှာ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဟာပါ ဆိုတဲ့မိန်းကလေးဟာ အလုပ်မှာမွန်းကြပ်ပြီး သူ့ရဲ့အတွေးအခေါ် အိုင်ဒီယာတွေကို တဖန်ပြန်ပြီးခံစားမိလာအောင် ခရစ္စမတ်အားလပ်ရပ်ကို စိန့်အိုဗ်စ် ဆိုတဲ့မြို့လေးတစ်မျိုးကိုထွက်လာခဲ့ပါတယ်။ အဲဒီမှာပဲရွက်ပုန်းသီးစာရေးဆရာ ဆော်ရာ နဲ့တွေ့ဆုံခဲ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဘယ်လိုမျိုးလှလှပပဖန်တီးကြမလဲဆိုတာကိုတော့ ရင်ခုန်ခံစားကြည့်လိုက်ကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Loe ပဲဖြစ်ပါတယ်။) File size…(1.8 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance,TV Movie Duration….01:25:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leo

6.6 2024 84 mins
A Novel Noel
Suffocating Love
6.2

ဒီနေ့မှာတော့ ထိုင်ဝမ်ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…. “ကြေကွဲလွယ်တဲ့ငါ့ရဲ့ အစိတ်အပိုင်းတစ်စချင်းစီကို ချစ်ရတဲ့ နင် ပင်ပန်းမှာပဲ” ဆိုတဲ့ စကားလေးအတိုင်းပါပဲ… အချစ်နဲ့ပတ်သက်တဲ့အခါမှာ လူတစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူ… ဗီဇမတူ… ခံယူချက်ချင်းမတူ.. အမြင်တွေမတူကြတဲ့အခါမှာတော့… ချစ်စခင်စမှာတော့ တွယ်တာမြတ်နိုးပြီး အပြန်အလှန် နားလည်ပေးနိုင်သလောက်… တဖြည်းဖြည်း အနေကြာလာရင် ပိုချစ်ရတဲ့သူက ပိုပြီး ခံစားရတတ်ပါတယ်…. ဒီကားလေးထဲက ဇာတ်လိုက်မင်းသားလည်း ဒီလိုပါပဲ… သဘာဝတရားကြီးကို မြတ်နိုးတဲ့ သက်သတ်လွတ်ပဲစားတဲ့ ပိုင်ကျားချီဆိုတဲ့ ကောင်မလေးကို ချစ်တုန်းက… သူအရမ်းကြိုက်လွန်းတဲ့ ကြက်သား ဝက်သားတွေကို စတေးနိုင်ခဲ့တယ်… သူမကြိုက်တဲ့ စာအုပ်တွေကို ဖတ်လာပြီး… ပိုင်ကျားချီနဲ့အတူ ဘုရားကျောင်းတက်ဖို့ထိကိုလည်း ဝန်မလေးခဲ့ဘူး… ဒါပေမယ့်လည်း… တဖြည်းဖြည်း ကြာလာတော့ ပိုင်ကျားချီတောင်းဆိုတာတွေက သူ့အတွက် ဖိအားတွေဖြစ်လာပြီး… ဖိအားပြေလျော့ဖို့အတွက် ကျောင်းနေဖက်ဟောင်း လင်အန်းရွှမ်နဲ့ ဖောက်ပြန်တဲ့ အဆင့်ထိဖြစ်လာတော့တယ်… သိတဲ့အတိုင်းပဲ ခြံခုန်တဲ့နွားဆိုတာက စည်းဘယ်လောက်ပဲ တားထားပါစေ ခြံပြင်မရောက်ရောက်အောင် ခုန်ထွက်တဲ့အမျိုး… ဒါပေမယ့် ပိုင်ကျားချီကို အသိမပေးဘဲတွဲလာပြီး… နောက်ဆုံး အသိပေးလမ်းခွဲဖို့လုပ်တဲ့နေ့မှာတော့…. မင်းသားဘဝမှာ မယုံကြည်နိုင်လောက်တဲ့ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ပြီးတော့… သူဟာ မျဉ်းပြိုင်လောကမှာ နောက်အမျိုးသမီးတစ်ယောက်ရဲ့ ရည်းစားအဖြစ် နိုးထလာခဲ့ပါတယ်… ကဲ ဒီအချစ်ဝင်္ကပါထဲက သူရုန်းထွက်နိုင်မှာလား… နောက်ပြီး ဘာလို့ မျဉ်းပြိုင်လောကကို ရောက်သွားတာလဲ…. နောက်ပြီး ဒီအမျိုးသမီး ၃ ယောက်ကရော ဘယ်လိုတွေပတ်သက်နေတာလဲ…. ဒီကားလေးကြည့်ပြီး ဘာအတွေးလေးရနိုင်မှာလဲ… ဆိုတာ သိရအောင် CM နဲ့အတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်

Thriller • Crime • Drama
6.2 2024
Suffocating Love
Drunken Angel
7.6

Drunken Angel (1948) ~ IMDb – 7.6/10, Rotten Tomatoes – 94% ~ ကူရိုဆာဝါရဲ့ အစောပိုင်းရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ ဒုတိယကမ္ဘာစစ်အပြီးကာလမှာရိုက်ခဲ့တဲ့ Drunken Angel ဟာ သူပထမဆုံးလွတ်လွတ်လပ်လပ် စိတ်တိုင်းကျ ရိုက်လို့ရခဲ့တဲ့ကားလို့ သူကိုယ်တိုင် ဆိုဖူးတယ်။ Toshiro Mifune နဲ့ ကူရိုဆာဝါ အတူရိုက်ခဲ့တဲ့ ၁၆ကားထဲက ပထမဆုံးကားလည်းဟုတ်တယ်။ A Guide to Japanese Gangster Films (2003) ဆိုတဲ့ စာအုပ်ထဲမှာ စစ်ပြီးခေတ် ယာကူဇာတွေကို ပုံဖော်ထားတဲ့ ပထမဆုံးရုပ်ရှင်ဖြစ်တယ်လို့လည်းဆိုတယ်။ ယာကူဇာကားဆိုပေမဲ့ ကူရိုဆာဝါဟာ ယာကူဇာတွေကို နိမ့်ကျတဲ့သတ္တဝါတွေလို့ပဲမြင်ပုံပါပဲ။ ယာကူဇာဆိုတဲ့ ဂျပန်ဂန်းစတားတွေရဲ့ ကြီးကျယ်မြင့်မြတ်ခြင်းတွေ သိက္ခာတွေကို ရှုံ့ချပြီး ယုတ်ပတ်တဲ့လူတွေအဖြစ်သက်သက်ပဲ ပုံဖော်ထားတယ်။ ဒီလူတွေနဲ့ ဆန့်ကျင်ဘက်ကာရိုက်တာအနေနဲ့ နတ်သားငမူးလို့ခေါ်တဲ့ လူဆင်းရဲတွေကို နတ်သားလိုကယ်တင်နေသလို အမြဲလည်းမူးနေတတ်တဲ့ ဆရာဝန်ကာရိုက်တာကိုပါ အဓိကထားပြီး ပုံဖော်ထားတယ်။ ဒီဇာတ်ကောင်နေရာကို ကူရိုဆာဝါရဲ့လက်စွဲတော်မင်းသားတစ်ယောက်ဖြစ်တဲ့ Takashi Shimura ကပဲ ပုံဖော်ထားတယ်။ သူကတော့ ကူရိုဆာဝါနဲ့ ကားရိုက်အများဆုံး မင်းသားလည်းဟုတ်ခဲ့တယ်။ ကူရိုဆာဝါရိုက်ခဲ့တဲ့ကား၃၀ထဲ သူ၂၁ကားပါခဲ့တယ်။ Drunken Angel ဟာ လက်တွေ့ကျတဲ့ ယာကူဇာကားဖြစ်နိုင်သလို လက်တွေ့ကျတဲ့ စစ်ပြီးခေတ် ဂျပန်လူနေမှုဘဝကို သရုပ်ဖော်ထားတဲ့ ရုပ်ရှင်လည်းဖြစ်နိုင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 800MB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 42Min Genre – Crime, Dram, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1948 98 mins
Drunken Angel
Or Utopia
6.7

Or Utopia (2024) ****************** ဒီတစ်ခေါက် CM ပရိသတ်ကြီးအတွက် ဂျပန်သဘာဝလွန် ဇာတ်ကားသစ်လေး တင်ဆက်ပေးပါရစေ။ ဒီကားလေး‌ထဲမှာဆိုရင် ဂျပန်နိုင်ငံတစ်ဝှမ်းလုံး အမည်မသိထူးဆန်းတဲ့ သတ္တဝါကြီးတွေရဲ့ တိုက်ခိုက်မှုကို ခံနေရတဲ့ အခြေအနေကို နောက်ခံထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သတ္တဝါကြီးတွေရန်က ကာကွယ်ဖို့အတွက် လူတွေဟာ အိမ်ထဲမှာပဲ ပုန်းနေကြရတယ်။ အဲဒီလိုပုန်းနေကြတဲ့ အချိန် .. ဟိုတယ်တစ်ခုတည်းမှာ တည်းခိုနေကြတဲ့ အသက်ရှင်ကျန်ရစ်သူ ၁၂ယောက်ဟာလည်း အပြင်ကို ထွက်လို့မရတော့ဘဲ ပိတ်မိနေကြရပါတယ်။ ဆေးစွဲနေတဲ့ သက်လတ်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ဦး၊ စာရေးဆရာတစ်ဦး၊ ဟိုတယ်မန်နေဂျာ၊ အောက်ပိုင်းသေနေတဲ့ ဟိုတယ်ပိုင်ရှင်၊ အမျိုးသမီးအဝတ်အစားတွေကို ဝတ်ရတာသဘောကျတဲ့ အမျိုးသားတစ်ဦး၊ အဲဒီဟိုတယ်မှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စီစဉ်ထားခဲ့ကြတဲ့ အဖွဲ့တစ်ဖွဲ့ အပါအဝင် လူအမျိုးမျိုးပါပဲ။ ဒီလိုနဲ့ အတူတူနေကြရင်း ဟိုတယ်ပိုင်ရှင် ဟိရာယာမာ ရုတ်တရက် သေဆုံးသွားတဲ့အခါ အချင်းချင်းသံသယဖြစ်မှုတွေ ရှိလာကြပါတယ်။ နောက်ဆုံးမှာ ပိတ်လှောင်ခံထားရတာကြောင့် တချို့က စိတ်ထွက်ပေါက်ရှာကြတယ်။ဟိုတယ်ထဲကို စိမ့်ဝင်လာတဲ့ လေထုကြောင့် တချို့လူတွေကလည်း မဟုတ်မမှန်တာတွေကို မြင်လာကြရတယ်။ တစ်ချိန်တည်းမှာပဲ ဟိရာယာမရဲ့ သေဆုံးခြင်း နောက်ကွယ်က အမှန်တရားကို ရှာတွေ့တဲ့အခါမှာ စာရေးဆရာမာကိအပါအဝင် တစ်ဦးချင်းစီရဲ့ အတိတ်တွေနဲ့ လျှို့ဝှက်ချက်တွေဟာ တစ်စတစ်စ ထွက်ပေါ်လာပါတော့တယ်။ ကယ်ဆယ်ရေးတပ်ဖွဲ့ကို စောင့်နေကြတဲ့ သူတို့ဟာ ကယ်ဆယ်ရေး တကယ်ရောက်လာတဲ့အချိန်ထိ ခံနိုင်ရည်ရှိကြမလား။ ကြားထဲမှာရော ဘယ်လိုတွေ ဖြစ်ကြမလဲ။ တစ်ဦးချင်းစီရဲ့ လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်မလဲ။ ဟိုတယ်ပိုင်ရှင်ဟိရာယာမာ ဘာကြောင့်သေဆုံးသွားခဲ့ရတာလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.84GB / 803MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Action • Comedy • Romance
6.7 2024 129 mins
Or Utopia
Ka.Mu – Ka.Pi
6

Ka.Mu – Ka.Pi 2025 (ချစ်ခြင်း၏အလွန်) အန်ဘူနဲ့ အာနူတို့ဟာ လုပ်ဖော်ကိုင်ဖက်တွေအဆင့်ကနေ အချင်းချင်း ချစ်မိသွားကြပြီး လက်ထပ်ဖို့အထိပါ ရည်ရွယ်ထားကြတဲ့ ချစ်သူတွေပါ။ သူတို့တွေ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ မျိုးရိုးဇာတ်တွေ မတူညီတာကြောင့်နဲ့ပဲ နှစ်ဖက်မိဘတွေက သဘောမတူဘဲ သူတို့ရဲ့ အချစ်ရေးမှာ အနှောင့်အယှက်ဖြစ်ခဲ့ရပါတော့တယ်။ သို့ပေမဲ့လည်း နှစ်ယောက်လုံးဟာ အရမ်းချစ်လွန်းပြီး နှစ်ဖက်မိဘတွေ တားမြစ်ထားတဲ့ကြားကနေ နှစ်ယောက်သား အိမ်ထောင်တစ်ခုကို တည်ထောင်ခဲ့ပါတော့တယ်။ သို့ပေမဲ့လည်း လူ့စိတ်ဆိုတာက အခက်သားပါ၊ အန်ဘူနဲ့ အာနူတို့ နှစ်ယောက်ဟာ လက်ထပ်ပြီးသွားတော့မှ ဘာမဟုတ်တဲ့ ပြဿနာသေးသေးလေးတွေကစပြီးတော့ အမြဲ ပြဿနာတက်လို့နေပါတော့တယ်။ အန်ဘူနဲ့ အာနူတို့လင်မယားနှစ်ယောက်ကြားမှာ ပဋိပက္ခတွေ အရမ်းများလာတဲ့နောက်မှာတော့ သူတို့နှစ်ယောက် ကွာရှင်းဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက် မကွာရှင်းခင်မှာ ထုံးစံလုပ်ရိုးလုပ်နည်းအတိုင်း အတိုင်ပင်ခံနဲ့ ဆွေးနွေးရတဲ့အချိန်မှာတော့ ……. သူတို့နှစ်ယောက်ကြားက ပြဿနာတွေဟာ ဘယ်လိုအကြောင်းပြချက်တွေကြောင့်ဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Comedy • Drama
6 2025
Ka.Mu – Ka.Pi