YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Malila - The Farewell Flower 2017 NF.360p.CM.mp4

350.14 MB N/A video/mp4 175 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Roald Dahl's Matilda the Musical
6.8

IMDb Rating - 7.3/10 ဒီတစ်ခါမှာတော့ IMDb Rating 7.3 ရရှိထားတဲ့ "Matilda the Musical" ဆိုတဲ့ဇာတ်ကားကောင်းလေးကို တင်ဆက် ပေးပါရစေ။ စာရေးဆရာ Roald Dahl ရဲ့ Matilda ဆိုတဲ့ဝတ္တု ကို ပြန်လည် အသက်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ် ပါတယ်။ ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်က သီချင်းတွေပါ။ သံစဉ်ပိုင်းကတော့ ရှယ်ပါပဲ။ "မာတေလ်ဒါ" ဆိုတဲ့ကလေးမလေးဟာ မိဘတွေရဲ့မလိုလားမှုကို ခံနေရသူ‌လေး။ ကျောင်းမထားပေးလို့ ကျောင်းမနေခဲ့ရပေမယ့် အသိအန်တီတစ်ယောက်အကူအညီနဲ့ စာဖတ်ဝါသနာအိုးလေးဖြစ် နေခဲ့တာပေါ့။ ပုံပြင်အပြောကောင်းသူဆိုလည်းဟုတ်ပါတယ် ။ တစ်နေ့ကျ သူ့မိဘတွေက စစ်ဆေးရေးကြောင့် သူ့ကိုမဖြစ်မနေ ကျောင်းထားပေးခဲ့ရပါတော့တယ်။အဲ့ကျောင်းက ကျောင်းသားတွေ ပြောပုံအရဆိုရင် ကျောင်းကထောင်ကြီးတစ်ခုလိုပဲတဲ့။ အဲ့လိုနဲ့ ဖြတ် ထိုးဉာဏ်ကောင်းတဲ့ မာတေလ်ဒါလေးနဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ကျောင်းအုပ်ကြီးထရွန့်ရှ်ဘူးလ်တို့ ထိပ်တိုက်တွေ့ကြပါလေရော။ ဘဝကမတရားဘူးလို့ခံစားရရင် ညစ်ကျယ်ကျယ်ထလုပ်တတ်တဲ့ မာတေလ်ဒါလေးတစ်ယောက် ကျောင်းတက်ရင်းဘာတွေကြုံရမလဲ။ ဆိုးသွမ်းတဲ့ကျောင်းအုပ်ကြီးနဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ...ဆို တာကိုကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားတစ်ခုလုံးစကားပြောတွေချည်းမဟုတ်ဘဲ ဇာတ်ကွက်တွေကို သီချင်းတွေနဲ့တွဲပြီး အကောင်းဆုံးပုံဖော်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ဇာတ် ကားမြူးမြူးလေးတွေ ကြည့်ချင်သူများလက်မလွှတ်သင့်ပါကြောင်း ဖြည့် စွက်ပြောကြားလိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ Ngwe Zin, May Thet Khine Soe တို့ဖြစ်ပါတယ်) File Size..........(2.92 GB) / (1.1 GB) / (672 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Family Translator.......Ngwe Zin, May Thet Khine Soe Encoder...........SWM

Comedy • Science Fiction
6.8 2022 117 mins
Roald Dahl's Matilda the Musical
The Munsters
5.7

The Munsters(2022) ဟာ 1964 ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ The Munsters ဆိုတဲ့ sit-com စီးရီးကို အခြေခံပြီး ရိုက်ကူးထားတာပါ စီးရီးရဲ့ ရှေ့ပိုင်းကာလကို ရိုက်ပြထားတာဖြစ်ပြီး ဟာမန်းမွမ်းစတား ဖြစ်ပေါ်လာပုံ၊ ဟာမန်း နဲ့ သွေးစုပ်ဖုတ်ကောင် လီလီတို့ တွေ့ဆုံဖြစ်ကြပုံ လီလီ့အဖေ မြို့စားမင်းကြီး သဘောမတူတဲ့ကြားက ဟာမန်း နဲ့ လီလီ တို့ လက်ထပ်ဖြစ်ကြပုံတွေကို ရိုက်ကူးထားတာပါ ကြောင်ကြောင်ကျားကျားမိတ်ကပ်တွေနဲ့ လူသားတွေကို ပြန်ကြောက်နေတဲ့ ခပ်ကြောင်ကြောင် သွေးစုပ်ဖုတ်ကောင်တစ်သိုက်ကြောင့် စ လယ် ဆုံး ခွီနေရမယ့် comedy ဇာတ်လမ်း စစ်စစ်ပါ အရောင်အသွေးကို ခပ်ရင့်ရင့် ပုံဖော် ထားတာကြောင့် ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာသလို ခံစားရမှာ ဖြစ်ပြီး Hotel Transylvania တို့၊ Addams Family တို့လို ပုံစံမျိုးကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မယ့် ဇာတ်ကားတစ်ကားပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Family , Fantasy Quality…. 1080p | 720p | 480p File size…2.5GB | 1GB | 500MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Action • Fantasy
5.7 2022 110 mins
The Munsters
Aline
6.8

" My Heart Will Go On " ဆိုတဲ့ တိုက်တန်းနစ်သီချင်းလို့ လူသိများတဲ့ ကမ္ဘာကျော်သီချင်းရဲ့ သီချင်းရှင် Celine Dion ကို မိတ်ဆက်ပေးစရာ မလိုလောက်အောင် လူတိုင်းနီးပါး သိကြပြီးသား ဖြစ်မှာပါ။ နှုတ်ခမ်းဖျားလေးနဲ့တင် High Note တွေကို သီဆိုနိုင်တဲ့ ဒီအမျိုးသမီးကို ကျွန်တော်တို့တွေ ချီးကျူးကြတယ်၊ သဘောကျကြတယ်၊ အားကျကြတယ်။ သူ့ရဲ့ သီချင်းတွေကိုလည်း မြတ်နိုးကြတယ်။ အခုတော့ ဒီအမျိုးသမီးဟာ သူ့ရဲ့ ဘ၀ဇာတ်ကြောင်းကို ရုပ်ရှင်တစ်ခုနဲ့ မှတ်တမ်းအတင်ခံရလောက်တဲ့အထိ အောင်မြင်တဲ့ အကျော်ဇေယျတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ဇရာအိုပြီဖြစ်တဲ့ မိခင်ကြီးရဲ့ မွေးဖွားဖို့ ချီတုံချတုံ ဖြစ်ခဲ့ရာကနေ ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ မွေးချင်း ၁၄ ယောက်မှာ အထွေးဆုံးလေး အယ်လင်းအဖြစ် မွေးဖွားအမည်တွင်လာခဲ့တယ်။ တစ်ခါကြားရုံနဲ့ စွဲမက်စေနိုင်လောက်တဲ့ အသံပါရမီကလည်း ပါလာခဲ့ပြန်တယ်။ " ကလေးမလေး သီချင်းမဆိုရင် ငါတို့ မလာဘူး " လို့ ပြောယူရလောက်တဲ့အထိ ငယ်စဉ်ကတိုင် လူအများရဲ့ အသိအမှတ်ပြုမှု ချီးကျူးမှုတွေကို ခံယူခဲ့ရသူဖြစ်တဲ့ အယ်လင်းဟာ " အဆိုတော်ကောင်း တစ်ယောက် ဖြစ်ချင်တယ် " လို့ မိခင်ဖြစ်သူကို တစ်နေ့တော့ ပြောလာတယ်။ မိခင်ကိုယ်တိုင် အနီရောင် ဖဲကြိုးလေး ချည်ပေးလိုက်တဲ့ မန်နေဂျာ ဂီကလော့ဒ်ကမာဆီ ပို့လိုက်တဲ့ ကတ်ဆက်ခွေလေးဟာ တစ်ချိန်မှာ ကျော်ကြားလာမယ့် ၁၂ နှစ် အရွယ် အယ်လင်းဆိုတဲ့ ကောင်မလေးရဲ့ ပဏာမခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ မန်နေဂျာကြီးရဲ့ လမ်းပြကောင်းမှု၊ ကာယကံရှင်ရဲ့ ပါရမီနဲ့ ကြိုးစားမှုတို့ကြောင့် နိုင်ငံကျော်အဆိုတော်ဘ၀ကနေ နိုင်ငံတကာထိ ထိုးဖောက်ဖို့ အခြေအနေတွေ ဖြစ်လာပါတော့တယ် ကနေဒါ အဆိုရှင် အယ်လင်းကနေ ကမ္ဘာကျော်အဆိုတော် စီလင်း ဖြစ်လာပုံ အဆင့်ဆင့်ကို တွေ့မြင်ရမှာဖြစ်ပြီး သူ့ရဲ့ ငယ်ဘ၀နဲ့ အနုပညာလမ်းကြောင်းတစ်လျှောက် ကြိုးစားခဲ့ပုံတွေ အခက်အခဲတွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်လို့ ဒီဇာတ်လမ်းဟာ " Get to know Célin Dion " ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် ဝါသနာကြီးသူတို့အတွက်လည်း ခွန်အားပေးမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် အညွှန်းကိုတော့ Yoon Sandi Aung က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။ Genre.....Biography, Comedy, Drama Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 700MB and 300MB Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... JYJ Encoder ..... August

Action • Adventure
6.8 2020 126 mins
Aline
Blue Jean
7.3

Blue Jean (2022) ~ IMDb – 7.3/10, Rotten Tomatoes – 95% ~ (18+ ​လေးဖြစ်တာမို့လို့ အသက်ပြည့်ပြီးမှ ကြည့်ကြဖို့တော့ သတိပေးပါရ​စေ) 2022 မှာထွက်ရှိထားပြီး Rating လည်း​ကောင်း၊ Awards ​တွေဆိုရင်လည်း ၁၂ ဆု​တောင်ရရှိထားတဲ့ Independent Film တစ်ခုလည်းဖြစ်ပြီး LGBT ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ Blue Jean ​လေးဟာ ​အခုလို ပွင့်လင်းမြင်သာမှုမရှိ​သေးတဲ့ အရင်​ခေတ်ကြီးက LGBT တွေ ရင်ဆိုင်​​နေရတဲ့ ဘဝ​လေးကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ​ခေတ်ကိုအရင်​ပြောရမယ်ဆိုရင်​တော့ LGBT ​တွေအတွက် ​နေရာမရှိတဲ့​ခေတ်၊ LGBT ဆိုတာနဲ့ လူဆိုးလိုလို မ​ကောင်းဆိုးဝါးလိုကြည့်ခံရတဲ့​ခေတ်၊ LGBT ဘဝကို သာမန်ဘဝလို့ မသတ်မှတ်ထားတဲ့​ခေတ်၊ မာဂရက်သက်ချာအစိုးရက Gay ​တွေ Lesbian ​တွေအတွက် တန်းတူအခွင့်အ​ရေးရဖို့ ကြိုးစား​ပေး​နေဆဲကာလဖြစ်တဲ့ ၁၉၈၈ ခုနှစ် အင်္ဂလန်ကို အ​ခြေခံပြီးရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဂျင်းနယူးမန်းဆိုတဲ့ ​ယောက်ျားလျာတစ်​ယောက် ​ကျောင်းတစ်​ကျောင်းမှာ မိမိဘဝကို ဖုံးကွယ်ရင်း ကာယဆရာမအ​ဖြစ်လုပ်ကိုင်​နေတုန်း ​ကျောင်းသူတစ်​ယောက်​ရောက်လာပြီး သူ့ဘဝကို ​ဖော်ထုတ်ဖို့ကြိုးစားရာက‌နေ သူဖြတ်သန်းရတဲ့အခက်အခဲ​တွေ ရင်ဆိုင်ရတဲ့အ​တွေ့အကြုံ​တွေကို ရိုက်ပြထားတဲ့ကား​လေးဖြစ်ပါတယ် အဲ့ဒီ​ခေတ်ရဲ့ LGBT ​တွေရဲ့ အခက်အခဲ​တွေ အချင်းချင်း​ဖေးမမှု​တွေရိုက်ပြထားရုံသာမက တစ်ဘက်မှာလည်း LGBT ​တွေကို ဆန့်ကျင်တဲ့သူ​တွေ အထင်​သေးတဲ့သူ​တွေရဲ့ စိတ်​နေစိတ်ထား​တွေကိုလည်း ​သေချာ​လေးရိုက်ပြထားတဲ့ကားမို့လို့ ​တော်​တော်​လေးကြည့်လို့​ကောင်းတဲ့ ဇာတ်လမ်း​လေးတစ်ခုဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 700MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 37Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Romance • Comedy • Drama
7.3 2022
Blue Jean
The Great Seduction
6.5

လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေး တစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်း ချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီး ထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက် ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲ အသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက် အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာ ဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက် လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန် ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည် လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးက လိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့က ခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ ဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေး တစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.18GB / 467MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 95 mins
The Great Seduction
12 Rounds 2: Reloaded

အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာ သူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်. အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိ သေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်က အမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်. နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား??? ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား??? အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်. အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + 3 တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Roel Reiné ရိုက်ကူးထားတဲ့အတွက် အချိန်ပေးရတာတန်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2013
12 Rounds 2: Reloaded
Evil Does Not Exist
7.2

Evil Does Not Exist ( 2023 ) Drive My Carနဲ့ အော်စကာရပြီးတဲ့နောက် ရူဆုခဲဟမဂုချိဟာ Evil Does Not Exist နဲ့ Gift နှစ်ကားဆက်ရိုက်ဖို့ရှိတယ်လို့ ကြေညာခဲ့ပြီး အခုတော့ Evil Does Not Exist တော့ ထွက်လာပါပြီ။ Gift ကတော့ ပိုစတာတောင်မတွေ့ရသေးသလို ဘယ်လိုကားမှန်းလည်းမသိရသေးဘူး။ အော်စကာမှာတော့ အစကတည်းက စာရင်းမတင်ထားပေမဲ့ ဗင်းနစ်ရုပ်ရှင်ဆုပေးပွဲအပါအဝင် တခြားပွဲပေါင်းများစွာမှာတော့ ဆုတွေ တန်းစီရထားတယ်။ စစချင်းမှာတော့ Evil Does Not Existကို ဒိုင်ယာလော့မပါတဲ့ နာရီဝက်စာ ရုပ်ရှင်တိုအဖြစ် ရိုက်ဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ ရိုက်ရင်းရှည်ရှည်သွားတတ်တဲ့ ဟမဂုချိရဲ့ထုံးစံအတိုင်း ဒိုင်ယာလော့နည်းနည်းပါးပါးဖြည့်ပြီး ၂နာရီစာကားအနေနဲ့ ပြောင်းထွက်လာခဲ့တယ်။ ဂျပန်မှာတောင် ဧပြီ၂၆မှ ရုံတင်မှာဖြစ်လို့ ဦးဦးဖျားဖျားကြည့်ရမယ့် သဘောပါပဲ။ Evil Does Not Exist ရဲ့ Concept ဟာ သဘာဝနဲ့လူသားကြားက အပြန်အလှန်သက်ရောက်မှုကို အခြေခံထားတယ်။ ကားစစချင်းမှာတော့ ပါဖက်ဒေးထဲကလိုပဲ မိုးထားတဲ့သစ်ပင်ကြီးကို အောက်ကနေ ရိုက်ထားတဲ့ အပြတွေနဲ့ အကြာကြီးပြထားသလို တစ်ကားလုံးလည်း သူဇာတ်အိမ်တည်ထားတဲ့ နယ်ဘက်ကျေးဘက်က မြို့ကလေးနဲ့ အဲဒီမြို့ကလေးနဲ့ဆက်စပ်နေတဲ့ သစ်တောရဲ့ သဘာဝတရားတွေကို တော်တော်အားရပါးရ ရိုက်ပြထားတယ်။ နောက်စမ်းချောင်းကလေးကနေ ရေသွားခပ်တဲ့ လူတစ်ယောက်ကို ဆက်ပြတယ်။ သူနဲ့အတူတူ သစ်တောကိုပါ မြင်နေရတယ်။ နောက်ဆက်ပြမှာက ဒီချောင်းရေက သူတို့မြို့အတွက် အရေးပါတဲ့အရာဖြစ်နေတော့ ချောင်းထဲက ရေခပ်တဲ့ ဇာတ်ဝင်ခန်းနဲ့ဖွင့်ထားတယ်။ ရေခပ်ပြီး အပြန်မှာတော့ သမင်လိုက်တဲ့လူတစ်အုပ်ပစ်လိုက်တဲ့ ခပ်ဝေးဝေးက သေနတ်သံတစ်ချက်ကို သူတို့တွေသဲ့သဲ့ကြားလိုက်ရတယ်။ ဒါက ဒီရုပ်ရှင်ရဲ့ သဘာဝဘက်တစ်ခြမ်းလို့ထားပါတော့။ ပြီးတဲ့နောက် မြို့ပေါ်က လူတွေက သူတို့မြို့ကလေးမှာ မြေတွေဝယ်ထားပြီး ကမ့်စခန်းအိမ်ခေါ် ကမ့်ထွက်တဲ့အရသာရမယ့် ဟိုတယ်လိုလိုနေရာ တည်ဆောက်ဖို့ သူတို့နဲ့အရင်လာညှိနှိုင်းကြတယ်။ ဒီမှာနယ်ခံတွေက မိလ္လာကန်တွေ ဘယ်မှာဆောက်မှာလဲ ဘာလဲမေးရော။ ဆောက်မယ့်နေရာကလည်း မြေအောက်ရေကြောနဲ့ မလွတ်နေတော့ သူတို့ရေတွင်း ရေကန်တွေကို ထိခိုက်စေမယ့်နေရာဖြစ်နေတယ်။ နောက် သူတို့သစ်တောကလည်း အနှစ်၂၀တိုင်းတစ်ခါမီးပြင်းပြင်းလောင်တတ်တယ်။ ကမ့်ထွက်လာတဲ့လူတွေ မီးပုံဖိုကြမှာနဲ့ဆို မီးလောင်နှုန်းက ဒီထက်လည်း မြင့်သွားနိုင်တယ်။ ဒါတွေအတွက် တစ်ဘက်က လုပ်ငန်းရှင်တွေဘက်မှာလည်း ဘာအဖြေမှမရှိဘူး။ ဒါပေမဲ့ သူတို့က မရမကဆောက်ဖို့လုပ်ကြတယ်။ ဒီလူတွေက ဒီမြို့ကလေးရဲ့ အေးချမ်းမှုကို အမှုမထားဘဲ ဖျက်ဆီးပစ်ချင်ကြတယ်။ ဒါကတော့ ဒီရုပ်ရှင်ရဲ့ လူတွေဘက်ခြမ်းပေါ့။ ရုပ်ရှင်တစ်လျှောက်မှာ ကျွန်တော်အများဆုံးမြင်ခဲ့ရတာက အရိုးပြိုင်းပြိုင်းထနေတဲ့သစ်ပင်တွေ။ အနည်းဆုံးမြင်ခဲ့ရတာကတော့ သမင်တွေပဲ။ ဒီတော ဒီတောင်တွေဟာ လူတွေ ဒီကိုအခြေလာမချခင်အထိ သမင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့ဖူးတယ်။ အခုထိလည်း သမင်တွေကတော့ အဲဒီနေရာမှာ ကျက်စားနေကြတုန်းပဲ။ ဒါပေမဲ့ ဟမဂုချိဟာ ကျွန်တော်တို့ကို သမင်တွေကို ပစ်လိုက်တဲ့သေနတ်သံကိုပဲ ခဏခဏကြားစေပြီး သမင်တွေကိုတော့ သိပ်မပြသွားဘူး။ သူ့စကားအတိုင်းဆို သမင်တွေဟာ ရှက်တတ်ကြတယ်။ လူတွေကိုရှောင်ကြတယ်တဲ့။ ဒါပေမဲ့ သေနတ်နဲ့အပစ်ခံထားရတဲ့သမင်တို့ သူ့အဖေသမင်ကြီးတို့ သူ့လင်သမင်ကြီးတို့မဟုတ်ရင်တော့ လူတွေကို အန္တရာယ်မပြုတတ်ကြဘူးတဲ့။ ဒီတစ်ခြမ်းကတော့ “ထားပါတော့”လို့ ပြောရမယ့် သဘာဝဘက်ခြမ်းမဟုတ်တဲ့ တကယ့်သဘာဝဘက်ခြမ်းစစ်စစ်ပေါ့။ မြို့ကြီးကနေ သူတို့သဘာဝကို ဖျက်ဆီးဖို့လာကြတဲ့ လူတွေကို မနှစ်မြို့တဲ့ မြို့ကလေးကလူတွေဟာလည်း သူတို့နည်းသူတို့ဟန်နဲ့ သဘာဝကို ဖျက်ဆီးနေတဲ့လူတွေဖြစ်နေပြန်တာပါပဲ။ ဒီရုပ်ရှင်မှာ အမေးပဲတွေ့ရပြီး အဖြေကို မတွေ့ရဘူးလို့ပြောရမယ်။ ပြောသာပြောရတာ အဖြေမရှိတဲ့အရာတွေက အများသားပါ။ ဒါပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ နာမည်ကတော့ အဖြေဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ အရိုက်ခံရတဲ့ လမ်းဘေးခွေးလေးတစ်ကောင်နဲ့ အတူတူဖက်ငိုနေတဲ့ ကလေးမလေးကိုလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။ ကျွန်တော်တို့ ကမ္ဘာကျဉ်းကျဉ်းလေးမှာပဲ ခွေးကလေးကို မှိန်းနဲ့ထိုးသတ်တဲ့အထိ ရက်စက်တဲ့လူတွေလည်း ကျွန်တော်တွေ့ခဲ့ဖူးတယ်။ အဲဒီခွေးလေးနှစ်ကောင်ဟာ တကယ်တမ်း တစ်ကောင်တည်းပါပဲ။ အဲဒီကျဉ်းကျဉ်လေးဆိုတဲ့ ကျွန်တော်တို့ကမ္ဘာဟာ အကျပ်အတည်းတွေ အခက်အခဲတွေအပြည့်နဲ့ကမ္ဘာဆိုတာ မပြောလည်း သိကြမှာပါ။ ဒါပေမဲ့ အဲဒီကိစ္စနောက်ပိုင်းမှာ ကျွန်တော်တို့လူတွေဟာ ဒီလိုကမ္ဘာနဲ့ပဲတန်သလားလို့ မေးခွန်းတော့ ရှိလာခဲ့တယ်။ ဒါဟာ Evil Does Not Existကို ကြည့်ပြီး ကျွန်တော်ပြန်သတိရမိတဲ့ မေးခွန်းပါပဲ။ တကယ်လည်း Evil Does Not Exist နေသလားတော့ ဟမဂုချိမှာလည်း အဖြေရှိပုံမရပါဘူး။ အရိုးပြိုင်းပြိုင်းသစ်ပင်တွေ သွေးသံရဲရဲတိရိစ္ဆာန်တွေတော့ ရှိနေကြတုန်းပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 3.1GB | 1.2GB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.2 2023
Evil Does Not Exist
Radhaamadhavam
7

Radha Madhavam 2024 အတ္တကြားကစတေးခံနှလုံးသား IMDb – 8.7/10 Bollywood အချစ်ဇာတ်လမ်းကောင်းတစ်ပုဒ်ကို မျှော်လင့်နေတဲ့ချစ်ပရိသတ်တို့အတွက် သာမန်ချစ်ကြိုက်ညား romanceနဲ့မတူဘဲ မေတ္တာနဲ့သစ္စာကို အလေးပေးရိုက်ကူးထားတဲ့ တေလဂူဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ကျေးရွာဇနပုဒ်လေးတစ်ခုက MCCဆိုတဲ့ ပြန်လည်ထူထောင်ရေးစင်တာတည်ထောင်သူ ရာဒါဆိုတဲ့မိန်းကလေးရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ ပရဟိတသမားတစ်ယောက်ရဲ့ နှလုံးသားကိုနားလည်ချင်ရင် တစ်စုံတစ်ယောက်ကို ကိုယ့်ဘဝထက်ပိုပြီး ချစ်ကြည့်လိုက်စမ်းပါတဲ့။ ဒါဆို မိသားစုရဲ့ အိမ်ထောင်ဦးစီးနေရာကို လျစ်လျူရှုလို့ လမ်းဘေးမှာမူးရူးနေတဲ့ ယမကာလုလင်တစ်စုကို လိုလေသေးမရှိကူညီနေတဲ့MCCစင်တာ၊ ယောက်ျားဖြစ်သူ သားဖြစ်သူတွေ အသိတရားပြန်ဝင်သွားလို့ အဆင်ပြေအောင် ကူညီပေးခဲ့တဲ့ ရာဒါတစ်‌ယောက် ဒီMCCစင်တာကို စထောင်ဖြစ်ခဲ့တဲ့အကြောင်းရင်း တစ်နည်း ရာဒါနဲ့မာဒါဗာတို့ရဲ့အချစ်ဇာတ်လမ်းက ဘယ်လိုစခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးမှာ ရှုစားရမှာပါ။ ရာဒါနဲ့မာဒါဗာဟာ ငယ်စဉ်ကျောင်းသားအရွယ်ကတည်းက ခင်မင်ရင်းနှီးကြတဲ့ သူငယ်ချင်းနှစ်ယောက်၊ ရာဒါကတော့ ခင်မင်ရုံပဲဆိုပေမဲ့ အဲဒီအချိန်ကတည်းကတော့ မာဒါဗာကတော့ တိတ်တခိုးချစ်နေခဲ့ရသူပါ။ ဒါပေမဲ့ ရာဒါရဲ့အဖေဖြစ်သူရဲ့ အမျိုးဇာတ်ကွာခြားမှု မူဝါဒတွေ ရိုက်သွင်းခံရပြီးမှာတော့ ရာဒါတစ်ယောက် ပြောင်းလဲပြီး မာဒါဗာနဲ့လည်း ဝေးကွာသွားခဲ့ရတာပေါ့။ ဖူးစာပါရင် ဘယ်သူခွဲခွဲ တစ်ချိန်ချိန်တော့ ပြန်ဆုံရသလိုပဲ ရာဒါနဲ့မာဒါဗာတို့ ပြန်ဆုံချိန်မှာတော့ မာဒါဗာရဲ့အချစ်တွေ မပြောင်းလဲခဲ့သလို ရာဒါလည်း သူတောင်မသိလိုက်ဘဲ အချစ်တွေ စတင်ပေါက်ဖွားလာခဲ့ပေမဲ့ အဆင့်အတန်းဆိုတဲ့ အတ္တမာနကြားက သူတို့ရဲ့အချစ်က ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ ဘယ်လိုကြောင့်များ ထက်မြက်တဲ့ရာဒါကနေ ပရဟိတသမားရာဒါအဖြစ် ပြောင်းလဲဖို့ဖြစ်လာရတာလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာပဲ ဆက်လက်ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ V ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်။)

History • War • Drama
7 2024
Radhaamadhavam
Infini
5.5

အာကာသစခန်းတစ်ခုပေါ်မှာ ဇီဝကူးစက်မှု အဓိကရုဏ်းဖြစ်ပွါးတဲ့အချိန် ဝှစ်ကာမိုင်ကယ်တစ်ဦးတည်းသာ အသက်ရှင်ကျန်ခဲ့ပြီး ကမ္ဘာချီဝေးတဲ့ ဂြိုဟ်တစ်လုံးပေါ်က “အင်ဖနီ” ဆိုတဲ့ အာကာသမိုင်းတွင်းစခန်းကို ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ သူ့ကို ကယ်တင်ဖို့ လက်ရွေးစင် ကယ်ဆယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းစေလွှတ်လိုက်တဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေ၊ ဘယ်လိုလျှို့ဝှက်ချက်ကို ကြုံတွေ့ကြရမလဲ၊ ဘယ်သူတွေက ရှင်သန်ကျန်ခဲ့မလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမဲ့ Sci-Fi/Horror ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.19GB / 515MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 50m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5.5 2015 110 mins
Infini
Brother Bear 2
6.1

The Brother Bear 2 (2006) IMDb Rating – 6.1/10 Rotten Tomatoes – 50% နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။ တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ… နောက်ဆုံးမှာ ခီနိုင်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားမလဲ… File size… 1.2 GB / 553 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Animation /Adventure / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Benni

6.1 2006
Brother Bear 2
Jane
6.1

Jane (2017) *********** ဒီတစ်ခေါက်မှာတော့ ကိုရီးယားရုပ်ရှင်ပွဲတော်များစွာမှာ သရုပ်ဆောင်မှုအတွက်ရော ဇာတ်ဝင်ခန်းရိုက်ချက်တွေအတွက်ပါ ဆုပေါင်းများစွာ ဆွတ်ခူးခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးလောကမှာလည်း ချီးကျူးမှုတွေ ခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ D.P. ထဲက မင်းသား Koo Gyo Hwan, Lee Min Ji နဲ့ Itaewon Class ထဲက Lee Joo Young တို့ အဓိကပါဝင်ထားတဲ့ ဒီကားလေးမှာ စွန့်ပစ်ခံထားရပြီး အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ဆယ်ကျော်သက်မိန်းကလေး ဘန်းဆိုဟျွန်းနဲ့ မိခင်သဖွယ်‌နွေးထွေးကြင်နာတတ်တဲ့ လိင်ပြောင်းအမျိုးသမီး ဂျိန်း (Jane)တို့နှစ်ဦးကို ဇာတ်အိမ်တည်ထားပါတယ် .. ဘန်းဆိုဟျွန်းဟာ အစ်ကိုသဖွယ် အားကိုးရတဲ့လူတစ်ယောက်ရဲ့ စွန့်ပစ်တာကို ခံရပြီး ဘဝကြီးကို သူများလက်အောက်မှာ ကျီးလန့်စာစားရင်း ဖြတ်သန်းနေရတဲ့ မိန်းကလေးတစ်ဦး ဖြစ်ပါတယ်။ ဦးတည်ရာမဲ့ရင်း ဆိုးလ်မြို့လမ်းမပေါ် သွားလာနေချိန်မှာ .. သူမလိုပဲ လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဥ်ခြင်းကို ခံရတဲ့ Jane က သူမကို ခေါ်ယူမွေးစားပြီး သူမလို ပုံစံတူလူငယ်များနဲ့ မိသားစုလေးတစ်စု ဖွဲ့စည်းခဲ့တယ်။ ဒီလိုနဲ့ ဆိုဟျွန်းအတွက် Jane ဟာ စိတ်ခွန်အားတစ်ရပ်၊ နားခိုရာအိမ် ဖြစ်လာခဲ့ပြီး ဘဝဒဿနတွေကို သင်ယူရာ ကျောင်းတော် ဖြစ်လာခဲ့ပါတော့တယ် .. သူတို့နှစ်ဦးရဲ့ ဇာတ်လမ်းလေးဟာ ရုပ်ရှင်ထဲမှာ အိပ်မက်လိုလို လက်တွေ့ဘဝလိုလို ဇာတ်ကွက်တွေ ရောယှက်နေပြီး လူ့အဖွဲ့အစည်းက ‌ဘေးဖယ်ထားတဲ့သူတွေရဲ့ ဘဝကို ကောင်းကောင်းမီးမောင်းထိုးပြနိုင်ခဲ့တဲ့ကားကောင်းလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် .. File size…1.9GB / 631MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Life, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Esther Oo Encoded by AHtet

Drama • Romance
6.1 2017
Jane
Razakar: The Silent Genocide of Hyderabad
7.8

Razakar: The Silent Genocide of Hyderabad (2024) လွတ်မြောက်မှုဘယ်ဆီ ဒီတစ်ခါမှာတော့ သမိုင်းရာဇဝင်ကြိုက်နှစ်သက်သူ ပရိတ်သတ်တို့အတွက် သမိုင်းကြောင်းနောက်ခံ အက်ရှင်ဒရမ်မာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ငွေဟာဒုတိယဘုရားသခင်လို့ ပြောကြတဲ့အတိုင်း သာမန်လူတွေဟာ ငွေကိုတပ်မက်ကြသလို နိုင်ငံတွေအနေနဲ့လည်း အရာအားလုံးရယူနိုင်ပါတယ်ဆိုတဲ့ လက်နက်အာဏာကို တပ်မက်ကြပြန်ပါတယ်။ ၁၉၄၇ ဩဂုတ် ၁၅ မှာအိန္ဒိယဟာ လွတ်လပ်‌ရေးရခဲ့ပေမဲ့ ဟိုင်ဒရာဘတ်ပြည်နယ်မှာတော့ မတည်ငြိမ်မှုတွေရှိနေဆဲပါ။ နိုင်ငံရဲ့တခြားနေရာတွေက လွတ်လပ်ရေးပွဲဆင်နွှဲနေကြပေမဲ့ ဗြိတိန်ဟိုင်ဒရာဘတ်ပြည်နယ်ကတော့ နီဇမ်တွေရဲ့ထိန်းချုပ်မှုအောက်ကျရောက်နေသလို ဟင်ဒူတွေကလည်း ရာဇာကာတွေရဲ့ဖိနှိပ်မှုကိုခံနေကြရတုန်းပါ။ ဟင်ဒူတွေရဲ့အိန္ဒိယကိုနန်းတက်ဖို့ဆန္ဒကို ဆန့်ကျင်ဖို့၊ နီဇမ်တွေ မူဆလင်ထိန်းချုပ်မှုအောက် ကျရောက်ဖို့ အစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ရာဇာကာတွေရဲ့ အကြင်နာမဲ့မှု၊ သူတို့ကိုဆန့်ကျင်တဲ့ သူရဲကောင်းတွေရဲ့ ရဲရင့်မှုတွေကို ရင်သပ်ရှုမော ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Crime • Drama • Thriller
7.8 2024
Razakar: The Silent Genocide of Hyderabad
Life and Death EOD
5.6

စက္ကန့်တိုင်းဟာအသက်လိုအရေးကြီးတဲ့ ဗုံးရှင်းလင်းရေးသမားတစ်ယောက်နဲ့ သမီးကိုဆုံးရှုံးလိုက်ရလို့ အမုန်းတရားတွေနဲ့ လက်စားချေဖို့ကြိုးစားတဲ့ အဖေတစ်ယောက်ရဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ပြည်သူရဲ့အသက်နဲ့အိုးအိမ်ကိုကာကွယ်ဖို့အတွက် ဗုံးတွေကိုရှင်းလင်းရတဲ့ ကောင်းကျစ်ယန်ဟာ တစ်နေ့မှာ လုပ်ငန်းရှင်တစ်ယောက်ကိုကယ်လိုက်မိပါတယ်။ အဲဒီလုပ်ငန်းရှင်ကိုကယ်လိုက်တဲ့အတွက် ဗုံးနဲ့အကြပ်ကိုင်ပြန်ပေးဆွဲတဲ့တရားခံရဲ့သမီးဟာ ရောဂါမကုနိုင်ပဲသေသွားခဲ့ပါတယ်။ တရားခံကလဲထောင်ကျသွားခဲ့တယ်။ ဒီလိုနဲ့မထင်မှတ်ပဲ ရန်ငြှိုးတစ်ခုကိုမွေးဖွားခဲ့မိတယ်။ တရားခံဟာ ထောင်ကလွတ်လာပြီးတော့ ဓာတုပစ္စည်းတွေမှောင်ခိုဝယ်ယူပြီးတော့ လက်စားချေဖို့စတင်ပါတော့တယ်

Action • Science Fiction • Horror
5.6 2025
Life and Death EOD
[18+] The Pursuit of Lust 5

The Pursuit of Lust 5 (2025) “The Pursuit of Lust” ဟာနာမည်အတိုင်းပဲ ရမ္မက်နွံမှာနစ်ကျွံကြတဲ့ လူသားတွေအကြောင်း၊သူတို့ကို ဒီလိုဖြစ်လာအောင်တွန်းပို့ခဲ့တဲ့အခြေအနေတွေ၊သူတို့ရဲ့မွန်းကျပ်မှု စိတ္တဇတွေ ကို ပတ်ဝန်းကျင်မှာမြင်နေကျ ကြားနေကျဖြစ်စဉ်တွေအတိုင်းရိုက်ပြထားတဲ့ ဇာတ်ကားတွေဖြစ်ပါတယ်။ ရှားရှားပါးပါးမြင်ရခဲ့တဲ့ မွန်ဂိုလီယာနိုင်ငံထုတ်ကားဖြစ်ပြီး Vivamax ကဖြန့်ပေးထားတာပါ။ အလုပ်ကိုဦးစားပေးလွန်းပြီး ဇနီးသည်ကိုလှည့်မကြည့်နိုင်တဲ့ ခင်ပွန်းသည်၊အိမ်မှာတစ်ယောက်တည်းအထီးကျန်နေပြီး၊ ဥပေက္ခာတွေနဲ့နေသားကျနေတဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊နီးစပ်ရာမှာထွက်ပေါက်ရှာမိတဲ့အဖြစ်တွေကိုနောက်ခံအခြေအနေအမျိုးမျိုးတွေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ ခံစားကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(470 MB) / (220 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration…00:38:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

Comedy • Romance
0 2025
[18+] The Pursuit of Lust 5