YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Maleficent - Mistress Of Evil [2019] {1080p Blu-ray 5.1 CH} (MM Sub).mp4

1.67 GB N/A video/mp4 6293 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Air Force The Movie: Danger Close
6

နာမ်ဘူရီနိုင်ငံလေးဟာ တောင်နဲ့မြောက် (၂)ခြမ်းကွဲပြီး ပြည်တွင်းစစ်ဖြစ်နေတာ (၅)နှစ် တိုင်ခဲ့ပြီ... ပြည်တွင်းစစ်ဖြစ်လို့ နိုင်ငံဟာမွဲပြာကျနေပေမယ့် လူသတ်လက်နက်တွေတော့ ၂ဘက်လုံးမှာ ခေတ်မှီစွာ တည်ရှိနေကြတယ်.....အဲ့ဒီနောက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူမှုရယူနိုင်ခဲ့တယ်.. မလေးရှားက နမ်ဘူရီရဲ့  နိုင်ငံကိုကို တတ်နိုင်သလောက် အပတ်အခတ်ရပ်စဲစဉ်ကာလမှာ အများကြီးကူညီခဲ့တယ်.. နာမ်ဘူရီနိုင်ငံထဲထိ မလေးရှားစစ်သည်အချို့လာရောက် ပြီး ကူညီခဲ့တယ်..အဲ့ဒီနောက် တောင်မြောက်ပြန်လည်စစ်ပွဲတွေဖြစ်ခဲ့ပြီး မလေးရှားစစ်သည်တွေပါဝင်တဲ့ လေယာဉ်ကြီးကို နမ်ဘူရီတို့က ပစ်ချခဲ့ပါတယ်.. စစ်သည်အချို့ လေထီးနဲ့ခုန်ချခဲ့ပေမဲ့ နာမ်ဘူရီတို့ဟာ ဒီကိစ္စကို လက်စတုံးချင်တဲ့ အတွက် တောနင်းရှာဖွေသတ်ဖြတ်ဖို့ဖြစ်လာတဲ့အခါမှာတော့.. မလေးရှားတို့ သူတို့စစ်သည်တွေကယ်တင်နိုင်မလား.. လူ လက်နက်အင်အားချို့တဲ့စွာနဲ့ တောထဲမှာ မလေးရှားစစ်သည်တွေ ဘယ်လောက်ထိတောင့်ခံထားနိုင်မလဲဆိုတာကိုတော့... File Size :(2.1GB)(960 MB) and (282MB) Quality :WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:43:00 Genre : Action,Adventure  , War Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Action • Science Fiction • Thriller
6 2022 103 mins
Air Force The Movie: Danger Close
The Night Owl
7

ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ် ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ် မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါ ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 554MB | 292MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Documentary • Music
7 2022 118 mins
The Night Owl
Stuck with You
4.7

နှစ်သစ်အချိန်အခါလေးမှာ ပူလောင်မှုတွေဝေးပြီး ပျော်ရွှင် စရာလေးတွေပဲ ကြုံတွေ့ရအောင်လို့ စိတ်ရွှင်လန်းရမယ့် ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အစအဆုံးကို ပြုံးနေရပြီး ကြည်ကြည်နူးနူးလေးနဲ့ စိတ်ကို ပေါ့ပါးသွားစေတာမို့  ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့် ပါလို့ပြောချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ်။ နှစ်သစ်အကြိုညမှာ ဓာတ်လှေကားထဲ ပိတ်မိသွားကြတဲ့ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အ ကြောင်းပါ။ ဂေလ်က သူ့အိပ်မက်တွေနောက်လိုက်ရင်း အလုပ်လက်မဲ့ဖြစ်နေရတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ဟန်နာကတော့ အလုပ်မှာ အဆင်ပြေပေမဲ့ အချစ်ကံခေနေ ရတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ သူတို့နှစ်ယောက် နှစ်သစ်အကြိုညမှာ ပါတီတစ်ခုကို လာကြ ရင်း ဓာတ်လှေကားထဲ ပိတ်မိသွားပြီး နှစ်သစ်ကို ဓာတ်လှေ ကားထဲမှာတင် ဖြတ်သန်းရမဲ့ အခြေအနေလေးတစ်ခု ဖြစ်လာ ခဲ့ပါတယ်။ ဒီတော့ ဓာတ်လှေကားထဲမှာ နှစ်သစ်ကြိုကြမဲ့ သူတို့ နှစ်ယောက်ရဲ့ ကြုံရဆုံရလူ့ဘဝလေးတွေကို ခံစားကြည့်လိုက် ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.1 GB) / (440 MB) Quality............WEB-DL 1080p / 720p Duration.........59Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM

Action • Thriller
4.7 2022 59 mins
Stuck with You
The Red Ghost
6.5

CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ... နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် စနိုက်ပါနဲ့ ပစ်သတ်နိုင်တာကြောင့် နာဇီတပ်က ဖိန့်ဖိန့်တုန်အောင်ကြောက်ပြီး ဖမ်းဝရမ်းအမိန့်နဲ့ လိုက်ရှာနေတဲ့သူ ဖြစ်ပါတယ်။ အဲလိုလူက လာရောက်ကူညီပြီး တိုက်ခိုက်ပေးတဲ့အခါ အင်အားမမျှတဲ့ စစ်ပွဲက ဘယ်လိုအဆုံးသတ်မလဲ။ "သရဲနီ" ကရော သတင်းထွက်နေသလို မသေမျိုးလား၊ အံ့ဩစွာနဲ့ပဲ အင်အားနည်းတဲ့ သူတို့ဘက်က အနိုင်ရသွားမလား၊ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းတစ်လျှောက် စီးမြောရင်း ခံစားကြည့်ကြပါခင်ဗျ။ ဒီကားက အက်ရှင်ခန်းတွေလည်း ပါပေမဲ့ ဇာတ်ကွက်တစ်ခုချင်းစီကို သေချာအေးအေးဆေးဆေး ရိုက်ပြထားတာမလို့ တိုက်ပွဲအတွင်းက ရန်သူတွေရဲ့ လှည့်ကွက်ကို ရအောင်ရှောင်ရှားရမဲ့ သဘောသဘာဝတွေ၊ အသက်မသေရုံတမယ် ညှဉ်းပန်းနှိပ်စက်တာတွေကနေ သည်းခံပြီး မျှော်လင့်ချက်တစ်ခုအတွက် ရှင်သန်အောင် ကြိုးစားရတာတွေ၊ လူ့အခွင့်အရေး ချိုးနှိပ်ခံရမှုတွေ စသဖြင့် တွေးတောစရာတွေ အများကြီးပါတာမလို့ တစိမ့်စိမ့်နဲ့ အတွေးနယ်ချဲ့ချင်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်မယ်လို့ အကြံပြုချင်ပါတယ်ဗျ။ File Size          :  (1.63GB), (704MB) & (455MB) Quality            : BluRay 1080p 5.1CH, BluRay 720p & 480p Format            : mp4 Duration         : 1hr & 39mins Genre              : Drama, History, Horror Translated by  Chothet_mlmt Encoded by Kinnov

Animation • Drama • Family • History
6.5 2020 96 mins
The Red Ghost
King Kong
6.9

King Kong (2005) ~ IMDb - 7.2/10, Rotten Tomatoes - 84% ~ Directed By "Peter Jackson" " It was Beauty killed the Beast. " ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။ နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ခဏလောက်တော့ တိတ်သွားကြတယ်။ ခဏနေတော့ ခုနဖြေခဲ့တဲ့လူကပဲ "သိသိမသိသိ ဘာအရေးလဲကွာ တိုက်လေယာဉ်စာမိသွားတာပဲမလား" လို့ပြောပြီး လှည့်ထွက်သွားတယ်။ အသိရခက်တဲ့မျက်နှာနဲ့ လူတစ်ယောက်ကတော့ "တိုက်လေယာဉ်ကြောင့်မဟုတ်ဘူး အလှတရားက သူ့ကို သတ်သွားတာ" လို့ ပြောရင်း ဆက်မကြည့်ချင်တော့သလို သူလည်း လှည့်ထွက်သွားခဲ့တယ်။ တချို့ကတော့ ကဗျာဟာ ဉာဏ်မမီသူတွေအတွက် မဟုတ်ဘူးလို့ ပြောကြတယ်။ တစ်ချို့ကတော့ လက်မခံကြဘူး။ အဲဒီဉာဏ်မီမမီဆိုတာကို ဘယ်လိုသတ်မှတ်ကြလဲဆိုတာနဲ့တင် တော်တော်အငြင်းပွားစရာဖြစ်နေပါပြီ။ ဒီထက်သေချာတာတစ်ခုတော့ရှိတယ်။ အချစ်ဟာ ဘာကြီးလို့ ဘယ်လိုပဲပြောပြော ဉာဏ်နည်းတဲ့လူတွေအတွက်တော့ မဟုတ်ဘူး။ အဲဒီဉာဏ်နည်းမနည်းဆိုတာလည်း သိခြင်းတတ်ခြင်းတွေနဲ့ မဆိုင်ဘူး။ ဘာနဲ့ဆိုင်လဲ မေးလာရင်လည်း ဖြေစရာတော့မရှိဘူး။ အိမ်ပြန်ချိန်တိုင်း လှနေမယ့် နေဝင်ချိန်တစ်ခုတော့ ရှိနေလိမ့်မယ်။ ဒါပေမဲ့ ခင်ဗျား ဘယ်လောက်ထိ ငေးခဲ့ဖူးပြီလဲ။ King Kong လို့ဆိုလိုက်ရင် မသိတဲ့လူမရှိခဲ့လောက်အောင် ကင်းကောင်ဟာ နာမည်ကျော်တဲ့ကာရိုက်တာတစ်ခုပါပဲ။ ၁၉၃၃မှာ သူ့ကို ပိတ်ကားပြင်ထက် စအသက်သွင်းပြီးချိန်ကစလို့ ဒီနေ့ထက်ထိတိုင်အောင်ပဲ ဇာတ်လမ်းအမျိုးမျိုးနဲ့ ပြန်ရိုက်ကြတဲ့အထိကို အောင်မြင်ခဲ့တယ်။ ဒီ 2005 ရဲ့ King Kong ကို ရိုက်တဲ့သူကတော့ ပီတာဂျက်ဆန်ပါ။ ပီတာဂျက်ဆန်ဆိုတဲ့လူကိုတော့ အားလုံးသိကြမှာပါ။ The Lord of the Rings နဲ့ The Hobbit အတွဲလိုက်ကြီးနဲ့ Fantasy Genre မှာ မှတ်တမ်းရေးထိုးခဲ့သူပါ။ သူနဲ့ ဒီကင်းကောင်က တော်တော်လည်း ရေစက်ပါပါတယ်။ ၁၉၃၃ မူရင်း ကင်းကောင်ကားကို သူစကြည့်တဲ့အချိန်မှာ ကိုးနှစ်သားပီတာဂျက်ဆန်လေးဟာ ကင်းကောင်ကြီး အင်ပါယာစတိတ်က ပြုတ်ကျတဲ့အခန်းမှာ မျက်ရည်လည်ရွှဲဖြစ်ခဲ့ရဖူးတယ်။ အသက်၁၂နှစ်မှာတော့ သူ့မိဘတွေရဲ့ကင်မရာကိုသုံးပြီး ဒီကားကိုပြန်ရိုက်ဖို့ ကြိုးစားကြည့်ဖူးတယ်။ ၁၉၃၃ ကင်းကောင်ကို ရိုက်တဲ့အကြောင်းစာအုပ်တွေဖတ်ခဲ့သလို အမှတ်တရပစ္စည်းတွေလည်း ဝယ်ခဲ့တယ်။ သူရိုက်ခဲ့တဲ့ Braindead မှာလည်း Skull Island ကို Zombie Plague ရဲ့ ရင်းမြစ်နေရာအဖြစ် Tribute ခဲ့ဖူးတယ်။ ဒီကားကိုလည်း သူ LoTR နဲ့ ယှဉ်ရွေးရင်း လက်လွှတ်ခဲ့ရဖူးတယ်။ အမှန်ဆို ဒီကားက ၁၉၉၈ကတည်းက ထွက်ဖို့လုပ်ခဲ့တယ်။ အဲဒီတုန်းကသာဆို ပီတာဂျက်ဆန်ကြီးလည်း ရိုက်ခွင့်မရနိုင်တော့သလို အဲဒီတုန်းကရိုက်ဖြစ်ခဲ့ရင်လည်း LoTR တွေရိုက်ပြီး အထာနပ်နေတဲ့ ပီတာဂျက်ဆန်ရဲ့ အခုလက်ရာလောက် ကောင်းမယ်တော့မထင်လှဘူး။ ဒါလည်းကံပါပဲ။ ကင်းကောင်ကိုချစ်ခဲ့တဲ့ ပီတာဂျက်ဆန်လက်ထဲ ကင်းကောင်ဟာ ကံသီစွာနဲ့ပဲ အချိန်ကိုက်အခါကိုက်ရောက်လာခဲ့တယ်။ ကင်းကောင်ဟာ ရုပ်ရှင်သမိုင်းရဲ့ အထင်ကရဇာတ်ကောင်တစ်ကောင်ဖြစ်နေသလို၊ ကင်းကောင်ရုပ်ရှင်တွေဟာ သမိုင်းမှာ အခမ်းနားဆုံးရုပ်ရှင်တွေဖြစ်ခဲ့ဖူးသလို ပီတာဂျက်ဆန်ကလည်း အဲဒီခမ်းနားမှုကို မလျော့စေဘဲ လှလှပပရိုက်သွားခဲ့တယ်။ "တစ်ခုခုကို ကိုယ်တကယ်ချစ်ရင် စကြဝဠာကြီးက ကိုယ့်လက်ထဲရောက်အောင်ပို့ပေးလိမ့်မယ်" ဆိုတဲ့ စကားဟောင်းတစ်ခုတောင် အမှတ်ရမိပါ‌သေးရဲ့။ ဒီလိုနဲ့ ကင်းကောင်ဟာ ပီတာဂျက်ဆန်လက်ထဲ လှပစွာ ရောက်ရှိလာခဲ့တယ်။ ပီတာဂျက်ဆန်ကလည်း ကင်းကောင်ကို အားလုံးဆီ လှပစွာ ပြန်ပို့နိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 5,03GB, 3.14GB Quality - 1080p HEVC, 720p IMDb Rating - 7.2/10 Format - mkv, mp4 Duration - 3H 7Min Genre - Action, Adventure, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Ka Naung

Drama • Sci-Fi & Fantasy
6.9 2005 187 mins
King Kong
Barb & Star Go to Vista Del Mar
6.3

ဘဘ့်နဲ့စတားဆိုတဲ့ အမျိုးသမီးနှစ်ဦးက အိမ်ထောင်ပြတ်မုဆိုးမနဲ့ တစ်ခုလပ်ဖြစ်တာကြောင့်ဘဝတူတွေဖြစ်ပြီး အရာရာကို တိုင်ပင်နှီး‌နှောတတ်တဲ့ အချင်းချင်းသစ္စာရှိတဲ့သူငယ်ချင်းတွေဖြစ်ပါတယ် သူတို့တွေက စကားပြောအတင်းတုပ်ရတာအလွန်ကြိုက်တဲ့ အသက် ၄၀နီးပါးအမျိုးသမီးတွေဖြစ်တာကြောင့် စကားပြောကလပ်ပါဝင်ထားကြပါတယ် ဒါပေမဲ့တနေ့မှာတော့သူတို့ရဲ့ အလုပ်လုပ်တဲ့စတိုးဆိုင်ကပိတ်သွားတဲ့အပြင် စကားပြောကလပ်ကပါအထုတ်ခံရတာကြောင့် Vista Del Marလို့ခေါ်တဲ့Floridaက ကမ်းခြေလေးကိုအပန်း ဖြေခရီးထွက်လာခဲ့ပါတယ် ဒီလိုနဲ့လူသတ်မစ်ရှင်ကို အကော်အထည်ဖော်ဖို့ကမ်းခြေဆီရောက်လာတဲ့ ဗီလိန်မရဲ့ချစ်သူရည်းစားဖြစ်တဲ့ အက်ဂါနဲ့တစ်ညမှားမိပြီးတဲ့နောက်မှာ အက်ဂါကိုအချစ်‌ရေးကံမကောင်းခဲ့တဲ့စားဆော်ကြီးတွေသူငယ်ချင်းအချင်းချင်းကျော်ခွကာ အက်ဂါ့အချစ်ကိုရဖို့ကြိုးပမ်းပါတော့တယ် အဲ့ဒီလိုကြိုးပမ်းချိန်မှာလူ့သဘာဝဖြစ်တတ်တဲ့ စိတ်အခြေအနေတွေ အပြစ်ရှိတယ်လို့ခံစားရမှုတွေ အလွဲလွဲအချော်ချော်တွေဖြစ်ပြီးရယ်စရာ ဟာသတွေကို ပျော်ရွှင်အူမြူးဖွယ်ရိုက်ပြထားတာပါ ထို့နောက်အက်ဂါရဲ့သရုပ်မှန်ကိုသိပြီးနောက်မှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ တကားလုံးပါးစပ်မပိတ်ရဘဲ ထိုင်ခွီနေရလောက်အောင် ဘဘ့်နဲ့စတားရဲ့ တလွဲတချော်အပြုအမူတွေစကားတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်…..။ ။ File size…(2.2GB)/(1.32GB)/(651MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Kevin

Crime • Drama • Thriller
6.3 2020
Barb & Star Go to Vista Del Mar
Pirates of the Caribbean: Dead Man’s Chest
7.3

Pirates of the Caribbean: Dead Man’s Chest(2006)အညွှန်း ************************************************** IMDb….7.3 ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား … ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ … ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်… ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့… ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin ကရေးသားပေးထားပါတယ်. File Size :(8.8GB) (2.97GB) and (1.5GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:31:00 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Drama • Horror • Mystery
7.3 2006
Pirates of the Caribbean: Dead Man’s Chest
Iris: The Movie
6.7

Iris: The Movie(2010) ******************** အိုင်းရစ်ဆိုတဲ့ ဒရမ်မာလေးကို အတိုချုံ့ပြီး ပြန်ကြည့်ချင်သူများအတွက် movie version လေးရပါပြီ NSS လို့ခေါ်တဲ့အေးဂျင့်အဖွဲ့အစည်းတစ်ခုကနေ အထူးအေးဂျင့်ဖြစ်တဲ့ ဟျွန်းဂျွန်းကို မြောက်ပိုင်းကလူတစ်ဦးကို သတ်ဖို့အတွက်တာဝန်ပေးခဲ့ပါတယ်…. တာဝန်ပြီးမြောက်သွားသော်လည်း သရုပ်မှန်ပေါ်သွားတဲ့အတွက်ကြောင့် NSS ဒါရိုက်တာဘဲ့ဆန်းကနေ သူ့ကိုစွန့်ပစ်ဖို့အတွက် ဟျွန်းဂျွန်းရဲ့သူငယ်ချင်းဖြစ်သူ ဆာဝူကိုအမိန့်ပေးခဲ့ပါတယ်…. အဲဒီကနေတဆင့် ဟျွန်းဂျွန်းတစ်ယောက် နာကျည်းမှုတွေစတင်ကာ မြောက်ကိုရီးယားနဲ့ပူးပေါင်းပြီး လက်စားချေဖို့စတင်ရင်း အိုင်းရစ် ဆိုတဲ့အဖွဲ့အစည်းတစ်ခုအကြောင်း တစ်စတစ်စသိလာတဲ့အခါမှာတော့…. တစ်ဖက်မှာလည်း မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားကို နျူးကလီးယားလက်နက်နဲ့ ဗုံးဖောက်ခွဲဖို့စီစဉ်ရင်း ဘယ်လိုတွေဆက်ပြီး တောင်နဲ့မြောက် ပြဿနာလေးတွေ ဖြေရှင်းသွားမလဲ,,, ဟျွန်းဂျွန်းသိထားတဲ့ အိုင်းရစ်အဖွဲ့ကရော ဘာတွေကြံစည်ပြီး ဘယ်လိုတွေလုပ်ဆောင်နေလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ပေးပါဦး… File Size :(4.6GB)(1.2GB) and (398MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:05:00 Genre :Action, Adventure , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Encoded by Phyo Pyae

Drama
6.7 2010
Iris: The Movie
Tchaikovsky’s Wife
6.6

Tchaikovsky’s Wife (2022) ~ IMDb – 6.6/10, Rotten Tomatoes – 86% ~ ဂေးတစ်ယောက်က သူဂေးတာ လူမသိအောင်လို့ မိန်းမတစ်ယောက်ကို ကာဗာယူပြီး လက်ထပ်လိုက်တယ်ဆိုတာသိလိုက်ရရင် အဲ့မိန်းမက ဘယ်လိုဖြစ်သွားမလဲ။ ၁၉ ရာစုတုန်းက ရုရှားပြည်က အဖြစ်တစ်ခုပါ။ ရုရှားသမိုင်းတလျှောက် အကျော်ကြားဆုံး ဂီတ တေးရေးစာဆိုတစ်ယောက်။ သူ့နာမည်က ချေကော့စကီးတဲ့… ဒီဘဲက လိင်တူချစ်သူဆိုပါတော့… ဒါကို ဘယ်သူမှမသိကြဘူး။ သူ့ထက် အသက်တစ်ဝက်လောက်ငယ်တဲ့ နီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အတင်းကြီး ချစ်ပါတယ် ကြိုက်ပါတယ် ယူပါရစေဆိုပြီး တောင်းဆိုလာတယ်။ အဲဒီခေတ်မှာ လိင်တူတိမ်းညွတ်မှုက လက်မခံနိုင်စရာဖြစ်လေတော့ ချေကော့စကီးက လူပြောမခံရအောင် နီနာကို ကာဗာယူဖို့ ဆုံးဖြတ်လိုက်တယ်။ အကိုကြီးတယောက်လိုချစ်လို့ရပါတယ်ဘာညာပြောပြီး လက်ထပ်လိုက်ရော။ ချေကော့စကီးက မိန်းမဆို လုံးဝမကြိုက်ဘူး။ အထိလဲမခံဘူး။ နီနာကတော့ မသိရှာဘူး။ ချေကော့စကီးမှ ချေကော့စကီးပဲ။ အရမ်းကိုချစ်ရှာတယ်။ ကြာလာတော့ ဘဲကြီးက စိတ်ကုန်ပြီး ကွာရှင်းဖို့ ကြိုးစားတယ်။ နီနာက လုံးဝကွာမပေးဘူး။ သူသိပ်ချစ်တဲ့ယောက်ျား… အဖိုးတန်လေးကိုး။ သူဟာ ချေကော့စကီးရဲ့ ထာဝရဇနီးလို့ ခပ်တင်းတင်းခံယူထားတယ်။ ချေကော့စကီးဟာ ဂေးမှန်း သူသိလိုက်ရတာတောင် သူ့ယောက်ျားကို လက်မလွှတ်ပေးနိုင်ဘူးဖြစ်နေတယ်။ မိန်းမဆီ တစ်ချက်လေးတောင် ပြန်မလာတဲ့ ဂေးကိုမှ အချစ်ကြီးချစ်မိလေသူ နီနာနဲ့ မိန်းမဆို မသတီတဲ့ ချေကော့စကီးတို့ကြားက အိမ်ထောင်ရေး လွန်ဆွဲမှု… ချေကော့စကီးရဲ့ ညီအကိုတွေကတောင် ကွာရှင်းဖို့ ဝိုင်းပြီးဖိအားပေးတာခံရတဲ့ နီနာရဲ့ အချစ်စွမ်းအားက ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ… နောက်ဆုံးမှာ သူတို့အိမ်ထောင်ရေးက ဘယ်လိုတွေအဆုံးသတ်သွားမလဲ… စတဲ့အကြောင်းအရာတွေကို ဇာတ်ကားထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 2H 23Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
6.6 2022 144 mins
Tchaikovsky’s Wife
Operation Laila
7.5

Operation Laila (2024)”လိုင်လာအော်ပရေးရှင်း” ================================== Cm ပရိသတ်တွေအတွက် IMDb 7.7/10 ရထားတဲ့ တမီလ်စကားပြော မှုခင်း ဟာသရုပ်ရှင်လေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ ဂိုဏ်းတစ်ခုကိုတောင် တစ်ယောက်တည်းဖြိုနိုင်တဲ့ ရဲအရာရှိဆူရိယဟာ မူဒရိုင်မြို့ကို တာဝန်နဲ့ပြောင်းလာခဲ့ပါတယ်။ သူ့ရဲ့ အမွှာညီကိုဖြစ်သူ ရာဗီကတော့ ကျောင်းတစ်ကျောင်းရဲ့ ကာယဆရာဖြစ်ပြီး အန်ဂျလီဆိုတဲ့ ဆရာမလေးကို တိတ်တခိုးကြိတ်ပိုးနေသူပါ။ တစ်နေ့တော့ ရာဗီတို့ကျောင်းမှာ သရဲခြောက် အပမှီတာတွေဖြစ်ပြီး ကျောင်းသားတွေ၊ ဆရာတွေ ထိတ်လန့်တုန်လှုပ်ကုန်ကြပါတယ်။ သရဲခြောက်ခံရတဲ့သူတွေပြောစကားအရ သရဲမရဲ့နာမည်က လိုင်လာလို့သိရပြီး အဲဒီပြဿနာကိုဖြေရှင်းဖို့အတွက် ဆူရိယနဲ့ ရာဗီတို့ညီအစ်ကိုနှစ်ယောက်ဦးဆောင်တဲ့ လိုင်လာစစ်ဆင်ရေးကြီး ပေါ်ပေါက်လာပါတော့တယ်။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 124 mins
Operation Laila
Man on High Heels

Man On high heels (2014) ************************* 2014တုန်းက ထွက်ရှိခဲ့တဲ့ Man On High Heelsကို တင်ဆက် ပေးချင်ပါတယ်။ အဓိကသရုပ် ဆောင် တွေအနေနဲ့ Our Blues နဲ့ One Ordinary Day အပြင်… နာမည်ကြီး ရုပ်ရှင်တော်တော်များများမှာ ပါဝင်တဲ့ မင်းသားကြီး Cha Seung Won… Mr.Plankton အပြင် It’s okay not to be okay တို့နဲ့ လူသိများတဲ့… မင်းသား Oh Jung Se နဲ့ Taxi Driver ထဲက မင်းသမီး Esom တို့က အဓိကပါဝင်ထားပြီး… တခြားလူသိများတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားတဲ့ရုပ်ရှင် ဖြစ်ပါတယ်။ အက်ရှင်ခန်းတွေမိုက်တဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကြောင့်… ကြည့်ရတာတန်တဲ့ ဇာတ်လမ်းဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ————- တရားခံဖမ်းတဲ့အခါ ညှာတာမှုမရှိဘဲ ထိုက်ထိုက်တန်တန် အပြစ်ပေးပြီးမှ ဖမ်းဆီးတတ်တဲ့… စုံထောက် Ji Wook ဟာဆိုရင် အထက်လူကြီးကပါ ခေါင်းခဲရတဲ့ စုံထောက်ဖြစ်ပါတယ်… ရဲဌာနတစ်ခုလုံးရဲ့ အားကိုးရာ ဖြစ်တဲ့အပြင် လူမိုက်တွေ ဖိန့်ဖိန့်တုန်ကြောက်ရတဲ့ လူတစ်ယောက်ပါ။ ဒါပေမဲ့ အများအမြင်မှာ သွေးအေးပြီး ရက်စက်တဲ့ Ji Wookဟာ လူတိုင်းထင်ထားသလို မဟုတ်ဘဲ… ငယ်စဉ်ကတည်းက သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကြောင့်နဲ့ ပင်ပန်းခက်ခဲရသူဖြစ်ခဲ့ပါတယ်… သူ့ရဲ့ လျှို့ဝှက်ချက်ကြောင့် ရဲဝန်ထမ်းအဖြစ်ကနေ အနားယူပြီး ပြောင်းလဲနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘဝသစ်စတင်မဲ့ အချိန်ကျမှ အရင်ကရန်စရှိခဲ့တဲ့ လူမိုက်ဂိုဏ်းက ခေါင်းဆောင်ရဲ့ နှောင့်ယှက်မှုကြောင့်… လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကာကွယ်ပေးချင်တဲ့ မိန်းကလေးတစ်ယောက်ပါ ထိခိုက်လာပါတော့တယ်။ သူတန်ဖိုးထားရသူတွေကိုပဲ ဆက်ကာကွယ်မလား…သူဖြစ်ချင်တဲ့ ဘဝကိုပဲဆက်သွားမလားဆိုတာ… ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပါရှင်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Milkeux ပဲ ဖြစ်ပါတယ်။ File Size : 1.76GB / 710MB Quality : 1080p / 720p Duration : 2 hr. 5 min. Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Milkeux Encoded by Heather Oo

Drama • Romance
0 2014 125 mins
Man on High Heels
To Be Immortal
5.9

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်…. ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ… သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ … ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်…. ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်…. ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ… ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး… ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး… နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့… မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ…. သူစာမေးပွဲတွေကို အောင်ပါ့မလား… ဘာစာမေးပွဲတွေလဲ… နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်…

Action • Adventure • Thriller
5.9 2018
To Be Immortal
Along with the Gods 2: The Last 49 Days
7.1

Along with the Gods 2: The Last 49 Days (2018) ********************************************** IMDb….. 7.1 ဒီတစ်ခေါက် တင်‌ဆက်ပေးသွားမှာကတော့ 2018 တုန်းက ထွက်ရှိခဲ့ပြီး လူကြိုက်များခဲ့တဲ့ Fantasy အက်ရှင်ဒရမ်မာကားလေးဖြစ်ပြီး ပရိသတ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင် Ha Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wook နဲ့ Lee Jung Jae တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီတစ်ခါမှာတော့ သေမင်းတမန် Kang Rim၊ လုံခြုံရေး တာဝန်ခံသေမင်းတမန် Hae Won Maek၊ လက်ထောက်ရှေ့နေမလေး Deok Chun တို့ သေမင်းတမန် ၃ ပါးက မီးသတ်သမားလေး ဂျာဟုန်းရဲ့ ညီဖြစ်သူ တပ်ကြပ် ဆူဟုန်းရဲ့ တရားခွင်မှာ ပါဝင်ဖို့ဖြစ်လာခဲ့ပြီး တရားခွင်ကို ကျင်းပဖို့အတွက် ၄၉ ရက်အတွင်းမှာ အိမ်စောင့်နတ် ကာကွယ်စောင့်ရှောက်ပေးနေတဲ့ အဘိုးအိုရဲ့ ဝိညာဉ်ကို ခေါ်လာဖို့ သေမင်းတမန် ၃ ပါးဆီ တာဝန်ပေးခံရပါတော့တယ်။ Hae Won Maek နဲ့ Deok Chun တို့က အဘိုးအိုကို ခေါ်ဖို့အတွက် လူ့လောကကို ဆင်းသက်လာရင်း အိမ်စောင့်နတ်နဲ့ တွေ့ဆုံခဲ့ပြီးနောက် အဲဒီအိမ်စောင့်နတ်က သူတို့ မေ့ပျောက်နေတဲ့ သူတို့ရဲ့ အတိတ်ဘဝအကြောင်းအရာတွေကို သိရှိနေတာကိုပါ သိလိုက်ရတဲ့အခါမှာတော့.. သေမင်းတမန် ၃ ပါးက လက်ရှိမျက်မှောက်ကမ္ဘာ၊ အနာဂတ်ကမ္ဘာ၊ အတိတ်ကမ္ဘာတို့ကြား ခရီးဆက်ရင်း သူတို့ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေကာ Soo Hong ရဲ့ အပြစ်ကင်းစင်မှုကို သက်သေပြဖို့အတွက် ဘယ်လိုတွေကြိုးစားပြီး ကာကွယ်ဖြေရှင်းပေးသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ May Thet မှ ရေးသားပေးထားပါတယ်။) File Size : 2.50GB/ 1.13GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:19:00 Genre : Action, Drama, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Thinn, May Thet, ToeToe Aung & Hazelle Encoded by Tiff

Drama • History • Crime
7.1 2018 141 mins
Along with the Gods 2: The Last 49 Days
Murder at the Lighthouse
5.5

ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ Murder at the lighthouse လို့ အမည်ရတဲ့ Psychological Thriller အမျိုးအစားရုပ်ရှင် တစ်ခုပဲဖြစ်ပါတယ် ။ ဇာတ်လမ်းကတော့ နှိပ်စက်အနိုင်ကျင့်တဲ့ ခင်ပွန်းဖြစ်သူ ဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာဗစ်ကားစ်ကို အဓိက ထားရိုက်ကူးထားတာဖြစ်ပါတယ် ။ ခင်ပွန်းဖြစ်သူဆီကနေ ထွက်ပြေးလာတဲ့ ဂျက်စီကာဟာ မုန်တိုင်းထန်တဲ့ ည တစ်ညမှာ သူငယ်ချင်းဖြစ်သူ ရိုရီရဲ့ အကူအညီနဲ့ ပင်လယ် ပြင်ကို ဖြတ်ပြီး ကနေဒါကို ထွက်ပြေးလာခဲ့ပါတယ် ။ မုန်တိုင်းကြောင့် လှိုင်းကြီးလာတဲ့အခါ သူတို့လှေကလည်း လှိုင်းဒဏ်ကို မခံနိုင်ဘဲ မှောက်သွားရပြီးတဲ့နောက် ကံကောင်း ပြီး အသက်မသေတဲ့ဂျက်စီကာဟာ ကမ်းတစ်ခုမှာ သွားတင် နေခဲ့ပါတယ် ။ အဲဒီကမ်းခြေမှာ တစ်ယောက်တည်းနေတဲ့ အက်ဒလိုင်း လို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ဂျက်စီကာကို ကယ်ထား ပေးပြီး အနိုင်ကျင့်တဲ့ခင်ပွန်း လာလိုက်ရှာတာကနေပါ ကာကွယ်ပေးထားပေမဲ့ အဲဒီအမျိုးသမီးမှာလည်း လျှို့ဝှက် ချက်တွေရှိနေတယ်ဆိုတာကို ဂျက်စီကာ သိလိုက်ရပါ တော့တယ် ။ လူသူ အရောက်အပေါက်နည်းတဲ့ ကမ်းခြေမှာ တစ်ယောက် တည်း နေတဲ့ အက်ဒလိုင်းမှာ ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ ပြီးတော့ ဂျက်စီကာကရော ဘယ်လိုဆက်လုပ်မှာလဲ သူ့ယောကျ်ားဆီကနေရော လွတ်အောင်ပြေးနိုင်သွားမှာ လားဆိုတာကို Murder At the Lighthouse ရုပ်ရှင်မှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ File size… (1.19 GB) / (616 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

Thriller • Mystery
5.5 2025
Murder at the Lighthouse
The Phoenician Scheme
6.9

ဒီဇာတ်ကားလေးကတော့ အရင်လကမှ ထွက်ရှိထားပြီးတော့ ဟောလိဝုဒ် ဒိတ်ဒိတ်ကြဲထိပ်တန်းသရုပ်ဆောင်တွေများစွာ ပါဝင်ထားတဲ့အပြင် Rating အားဖြင့် IMDb 6.9/10, Rotten Tomatoes မှာ 78% တောင် ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ အန်နာတိုး ကိုဒါ တဖြစ်လည်း ဇာဇာဟာ တကယ့်ကို ကျိကျိတက်ချမ်းသာပြီးတော့ ဉာဏ်နီဉာဏ်နက် ရောင်စုံထွက်တဲ့ စီးပွားရေးသမားဖြစ်ပါတယ်။ သူဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားမှု အခွန်ရှောင်မှု ဈေးကွက်ချုပ်ကိုင်မှု လာဘ်ပေးလာဘ်ယူမှု အစရှိတဲ့ စွပ်စွဲချက်ပေါင်းစုံနဲ့ နာမည်ဆိုးနဲ့ကျော်ကြားပြီး သူ့ကို မကျေနပ်တဲ့ စီးပွားပြိုင်တွေ ဂိုဏ်းတွေ အဖွဲ့အစည်းတွေက သူ့ကို ဘုံရန်သူအနေနဲ့ သတ်မှတ်ကာ စုပေါင်းပြီး လုပ်ကြံဖို့ အမျိုးမျိုးကြိုးစားကြပါတယ်။ ဒီလိုနဲ့ အသက်ပြင်းတဲ့ ကိုဒါဟာ လုပ်ကြံရေးသမားတွေလက်ချက်နဲ့ ခြောက်ကြိမ်မြောက်လေယာဉ်ပျက်ကျပြီးတဲ့နောက်မှာ သူ့ရဲ့ တစ်ဦးတည်းသောသမီး သီလရှင်လောင်းလေးကို အမွေဆက်ခံခိုင်းဖို့ စီစဉ်ပါတော့တယ်။ ဖြစ်ချင်တော့ အဲအချိန်မှာပဲ စီးပွားပြိုင်လုပ်ငန်းတွေ စုပေါင်းပြီး ဈေးကွက်ကို ကစားလိုက်တဲ့အခါ ဇာဇာတစ်ယောက် သူ့လုပ်ငန်းကိုင်ငန်းတွေ ကမောက်ကမဖြစ်သွားပြီးသူ့ခမျာ စည်းစိမ်မပျောက်အောင် သူ့သမီး သီလရှင်ပေါက်စလေးနဲ့အတူ သူနဲ့လက်တွဲထားတဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်တွေ စီပွားရေးလက်မဲကြီးတွေကို လိုက်ပြီးတော့ ညှိနှိုင်းရပါတော့တယ်။ ဒီဇာတ်ကားကို ကြည့်ရင်တော့ နားလည်သလိုလို မလည်သလိုလို မမဆောင်း vibe နဲ့ ကြည့်ရမှာဖြစ်ပြီးတော့ သူတို့သားအဖ ဘယ်လိုနှစ်ပါးသွားမလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File Size… (6.55GB)/(1.57GB)/(939MB) Quality… WEB-DL 4K HEVC/1080p HEVC /720p Format…mkv / mp4 Duration…1h 41m Genre …..Action , Comedy , Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Act Molemy & Matteo

Action • Crime • Thriller
6.9 2025 102 mins
The Phoenician Scheme