YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Make Mate 1 (2024) S1E07 WEB-DL 720P (CM).mp4

1.17 GB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Raquel 1:1
3.3

~ IMDb - 6.8/10, Rotten Tomatoes - 80% ~ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။ စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ စိတ်ဒဏ်ရာကရှိနေတယ်။ သူ့အမေသေတာက သမားရိုးကျသေတာမဟုတ်ဘဲ သူ့အမေရဲ့ ရည်းစားဟောင်းကြောင့်သေတာကိုး။ ဒီလိုနဲ့ ဒီစိတ်ဒဏ်ရာရယ် သူ့ပတ်ဝန်းကျင်ကမြင်ရတဲ့ ဖိနှိပ်မှုတွေရယ် ထိပ်တိုက်တိုးသွားတဲ့အခါ သူကျမ်းစာထဲက ဖိနှိပ်မှုတွေကို ဆန်ကျင်ချင်စိတ်ပေါ်လာပြီး ကျမ်းစာကို ပြန်ပြင်ရေးဖို့ ကြံကြတယ်။ ဒီလိုနဲ့ ဒီဇာတ်ဖြစ်လာတယ်။ ဒီဇာတ်က ဘယ်ကို ဆက်သွားမလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ကြပေါ့။ Mystery Drama ဇာတ်ပေမဲ့ Thriller လိုလို အရသာလည်း ပေါင်းထားပေးလို့ တော်တော်တော့ သို့လောသို့လောနဲ့ ကြည့်ကောင်းမယ့် ဇာတ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.55GB, 680MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 30Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by M Encoded by Y

Action • Horror • Thriller
3.3 2023 90 mins
Raquel 1:1
In the Heart of the Sea
6.7

IMDb rating 7.0/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးကို Channel Myanmar ပရိတ်သက်ကြီးအတွက် တဖန်ပြန်တင်ဆက်ပေးလိုက်ပါပြီ။ December 2015 USA မှာ ရုံတင်ခဲ့တဲ့ ဒီဇာတ်ကားဟာတကယ့်ကို လက်ရာလက်ကွက် ရိုက်ကွင်းရိုက်ချက်တွေဟာပြောင်မြောက်လွန်းပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ကောင်မင်းသားကတော့ ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး Thor ( Chris Hemsworth ) ဖြစ်ပြီး . နောက်ထပ် တစ်ယောက်ကတော့နာမည်ကြီးဇာတ်ကားတွေဖြစ်တဲ့ Batman;Begins နဲ့ Batman;The Dark Night ဇာတ်ကားတွေမှ ာ လူဆိုးခန်းနေရာက အဓိကသရုပ်ဆောင်ခဲ့တဲ့ မင်းသား Cillian Murphyပဲဖြစ်ပါတယ်။ စွန့်စားမှုတွေနဲ့ သမုဒ္ဒရာကိုအန်တုပြီး ဝေလငါးတွေကို လိုက်လံဖမ်းဆီးကြတဲ့ ဇာတ်လမ်းလေးပါ။ ချေ့(Thor) ဟာ ကျွမ်းကျင်တဲ့ ဝေလငါးဖမ်းသမားတစ်ယောက်ဖြစ်သလို ကျွမ်းကျင်တဲ့ ကပ္ပတိန်ဖြစ်ပါတယ်။ နောက်ဆုံးထွက်ခဲ့တဲ့ ဝေလငါးဖမ်းတဲ့ခရီးစဉ်မှာ သူ့ရဲ့ ကျွမ်းကျင်မှုတွေကြောင့် ဝေလငါးအဆီ ပုံး 1500 ကိုရှာဖွေပေးနိုင်ခဲ့လို့ . မေဆန်က နောက်ခရီးစဉ်မှာကပ္ပတိန်ရာထူးပေးမယ်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ငွေရှိလူတန်းစားတွေရဲ့ ထုံးစံကြောင့် လက်ထောက်ကပ္ပတိန်အဖြစ်နဲ့သာ အက်ဆက်သဘောၤကို ဦးဆောင်ခဲ့ရပြီး သမုဒ္ဒရာထဲခရီးနှင်ခဲ့ရပါတယ်။ အက်ဆက်သဘောၤနဲ့ အလုပ်သမားတွေဟာ ကျွမ်းကျင်မှုမရှိတဲ့ ကပ္ပတိန်တစ်ယောက်ရဲ့ မိုက်မဲစွာ ဦးဆောင်မှုကြောင့် မုန်တိုင်းထဲမှာ သေခါနီးအခြေအနေထိရောက်ခဲ့ရပါတယ်။ အဲ့ဒီအခြေအနေကနေ ချေ့ကြောင့် လွတ်မြောက်ခဲ့ရပြီး မည်သို့မည်ပုံ ဝေလငါးနဲ့ အသက်လုပြိုင်ပွဲတွေဝင်ခဲ့၇တယ်ဆိုတာကို ဇာတ်ကားလေးမှာသာ ဆက်လက်ကြည့်ရှုစေချင်ပါတယ်။

Comedy • Drama
6.7 2015 122 mins
In the Heart of the Sea
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
The Last Voyage of the Demeter
6.4

The Last Voyage of the Demeter (2023) ============================= IMDb Rating – 6.4/10 ရှေးခေတ် ဟော်ရာရုပ်ရှင်ကောင်းကောင်းတစ်ခုလာပါပြီ။ တကယ်တော့ ဒရက်ကူလာ ဇာတ်ကြောင်းတွေကို စိတ်ဝင်စားတဲ့သူဆိုရင်နာမည်ကြားတာနဲ့ မှတ်မိမှာပါပဲ။ ကမ္ဘာကျော် ဒရက်ကူလာဝတ္ထုကြီးထဲမှာပါတဲ့ ဒမီတာဆိုတဲ့ လှေပါပဲ။ ရုပ်ရှင်နာမည်အတိုင်းပဲ ဒမီတာရဲ့ နောက်ဆုံးပင်လယ်ခရီးရှည် အကြောင်းပါပဲ။ ဒါရိုက်တာကတော့ André Øvredal ပါ။ သူက လူကြိုက် များခဲ့တဲ့ The Autopsy of Jane Doe နဲ့ Troll Hunter ကို ရိုက်ခဲ့တဲ့သူပါ။ အခုလည်း The Autopsy of Jane Doe စတိုင်ပဲ ဘယ်ကိုမှ ပြေးလို့လွှားလို့ မရတဲ့ အလုံပိတ်နေရာတစ်ခုထဲက မိစ္ဆာတစ်ကောင်ကို ဇာတ်လမ်းတည်ပြီး ရိုက်ကူးထားတာပါ။ မာလိမ်မှူး အဲလိယက်အဖြစ် Game of Thrones ထဲက ဆာဒါးဗို့စ်ဖြစ်တဲ့ Liam Cunningham က သရုပ်ဆောင်ထားပြီး၊ အန်နာအဖြစ် Game of Thrones ထဲမှာ လာယာနာစတာ့ခ်ဖြစ်တဲ့ Aisling Franciosi က သရုပ်ဆောင်ထားပါတယ်။ (ဒီဇတ်လမ်းနဲ့ ဆင်တူတဲ့ စီးရီးတစ်ခုလည်းရှိပါတယ်။ အက်မင်အကြိုက်ဆုံးစီးရီးတွေထဲက တစ်ခုပါပဲ၊ Dracula (2020) ဖြစ်ပြီး အပိုင်း ၃ ပိုင်းပဲရှိပါတယ်။ CM မှာ ကြည့်လို့ရပါတယ်)။ ဇာတ်လမ်းအကျဉ်း ဒမီတာဆိုတဲ့လှေရဲ့ မာလိမ်မှူး အဲလိယက်ဟာ သူ့ရဲ့အနား မယူခင် နောက်ဆုံးခရီးစဉ်အဖြစ် ငွေမြိုးမြိုးမြက်မြက်ရတဲ့ သီးသန့်အလုပ်တစ်ခု ကိုလက်ခံလိုက်ပါတယ်။ ဒါကတော့ ရိုမေးနီးယားက သေတ္တာအလုံး ၅၀ ကို အင်္ဂ လန်ကိုပို့ပေးဖို့ပါပဲ။ အဲဒီခရီးစဉ်အတွက် လက်ကျန်လှေထိုးသားတွေနဲ့မလောက်လို့ လှေထိုးသားအသစ်အဖြစ် ကလယ်မန်ဆိုတဲ့ လူမည်းဆရာဝန်တစ်ယောက်ကိုပါ ခေါ်လာခဲ့ပါတယ်။ အဲဒီလှေခရီးစဉ်တလျှောက် ထူးဆန်းတာတွေ ကြောက်စရာ တွေဖြစ်ပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size……….(2.76 GB) / (1.34 GB) / (600 MB) Quality…………WEB-DL 4K / 1080p / 720p Duration………1Hr 58Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Fantasy, Horror Translator……Mr.Anderson Encoder……….SWM

6.4 2023
The Last Voyage of the Demeter
Everything Is Unknown
5.9

Everything is unknown ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဘဝကြီးကို ပြီးဆုံးပြီလို့ ထင်ထားတဲ့ လက်ဝှေ့သမားဟောင်း ဖန်ယိမင် ဟာ ကြိုးဝိုင်းထဲက မတော်တဆတစ်ခုကြောင့် ချစ်ရတဲ့သူနဲ့ ဘဝတစ်ခုတည်ဆောက်ဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ရတယ်… ဒီမတော်တဆနောက်ပိုင်းမှာ ဖန်ယိမင်ဟာ သူ့ဘဝကို သူ့နည်းသူ့ဟန်နဲ့ အဆုံးသတ်နေရာကနေ တစ်နေ့မှာ သူ့အဖေ သေဆုံးပြီဆိုတဲ့ သတင်းနဲ့အတူ ဘယ်လောက်မှန်းမသိတဲ့ အမွေလွှဲပေးဖို့ စာရွက်စာတမ်းတွေနဲ့ ရှေ့နေတစ်ယောက် ရောက်လာခဲ့တယ်… ဒီလိုနဲ့ ဈာပနပွဲမှာ တစ်ချိန်က လက်လွှတ်ခဲ့ရတဲ့ ရည်းစားဟောင်း လင်းယွဲ့နဲ့အတူ ၇ နှစ် ၈ နှစ်အရွယ် သမီးလေးကို မြင်တွေ့လိုက်ရပြီးနောက် ဖန်ယိမင် အသေအချာကို ယုံကြည်ခဲ့တယ်… လင်းယွဲ့လက်ကို ကိုင်ထားတဲ့ မုဇီ ဟာ သူ့သမီးလေးလို့ပေါ့… ကံကောင်းစွာနဲ့ ကလေးကလည်း သူ့အပေါ် တွယ်တာတာ မြင်ရတာမို့ ခဏလေးနဲ့ ရင်းနှီးခဲ့တယ်… ဒါပေမယ့် ကလေးက ရောဂါသည်လေးမို့ ခွဲစိတ်ဖို့ သိန်း ၂၀ လိုတယ်ဆိုပြီး လင်းယွဲ့က ပြောပြတာမို့ ဖန်ယိမင်တစ်ယောက် လို နေတဲ့ ပိုက်ဆံကို အမွေထဲက ပေးဖို့ ဆုံးဖြတ်ထားတယ်… ဒီလို ဆုံးဖြတ်တဲ့ထဲမှာ လင်းယွဲ့တို့ လင်မယား မသင့်မြတ်ကြဘူးဆိုတဲ့ သတင်းကြောင့်လည်း ပါကောင်းပါမှာပေါ့… ကဲ ဇာတ်လမ်းလေးက ဒီလောက်ရိုးရှင်းတာလား… ဘာလို့ တိုက်တိုက်ဆိုင်ဆိုင် ရည်းစားဟောင်းက ပေါ်လာပြီး သိန်း ၂၀ လိုချင်ရတာလဲ… ကလေးလေးကရော ဘာရောဂါဖြစ်နေတာလဲ… ဘာက အမှန် ဘာက အမှားလဲဆိုတာ ဇာတ်လမ်းလေးကြည့်ပြီး ကိုယ်တိုင်ဆုံးဖြတ်လိုက်ကြပါတော့….

5.9 2023
Everything Is Unknown
Unique Memory: Farewell to Love
5.7

အပျင်းထူပြီး တုံးအအနိုင်ပေမဲ့ ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ပိုင်လင် အပြင်မှာဂိုက်ဆရာမလုပ်ပြီး ကိုယ့်ကျောင်းစရိတ်ကိုကိုယ့်ဘာသာရှာနေတဲ့စုန့်ချီးချီး အိမ်ကအဆင်မပြေတဲ့ကြားက အလုပ်သင်စာမေးပွဲဖြေပြီး ဆရာမဖြစ်ဖို့ကြိုးစားနေတဲ့လိလိ ဒီဇာတ်လမ်းလေးကတော့ ကျောင်းသူလေးတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ရေးပြဿနာလေးတွေ မိသားစုအရေးလေးတွေကို လှလှပပရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် ။ ချစ်သူက ကျောင်းဆရာတစ်‌ယောက်ဖြစ်ချင်ခဲ့တာမလို့ ကိုယ်တိုင်ပါ ဆရာမဖြစ်လာဖို့ အလုပ်သင်ဆရာမဝင်လုပ်ခဲ့တဲ့စုန့်ချီးချီးက ချစ်သူဆီက အထားခဲ့ခံလိုက်ရတဲ့အခါ သူ့ရဲ့အချစ်ရေးကဆက်ပြီးဘယ်လိုဖြစ်လာမလဲ ချစ်စရာကောင်းတဲ့ ပိုင်လင်မှာလည်း လိုလေ‌သည်မရှိအောင် အရိပ်တကြည့်ကြည့်ဖြည့်စည်းပေးနေပေမဲ့ ဖွင့်မပြောတဲ့ သူငယ်ချင်းလိုရော အစ်ကိုလိုပါ ခင်ရတဲ့သူငယ်ချင်း လီကျားဟန်ကို လိလိနဲ့မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာတော့… လိလိတစ်ယောက် သူတို့နှစ်ယောက်ကြားဝင်လာပြီး ပိုင်လင်ရဲ့အချစ်ရေး ဘယ်လိုဖြစ်လာလိမ့်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ Healing romantic movie လေးပဲဖြစ်လို့ ‌ဇာတ်ကားလေးထဲမှာကြည့်ရှုကြဖို့‌မမေ့ပါနဲ့နော်

Mystery • Thriller • Crime
5.7 2019 90 mins
Unique Memory: Farewell to Love
Migration
6.8

ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲ တင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကို ထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်…။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု ဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်း အရာလေးပါ…။ ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲ အမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ…။ ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊ သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးက ပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။ သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတို သဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်…။ ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊ လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။ သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်း မလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်…။ ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာ လမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေ မြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲ ဖြစ်ပါတယ်…။ File size…(4.6 GB)/ (1.54 GB) / 763 MB Quality…WEB-DL 4K HEVC/1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai,Ka Naung Translated by Themes & TD

6.8 2023
Migration
The Gentlemen
7.8

The Gentlemen (2019) IMDb – (7.8)/ Rotten Tomatoes (75%) သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်…. ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ…ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ… လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်… The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ…The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်…အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ…အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။ www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.8 2019 113 mins
The Gentlemen
Curious Caterer: Foiled Plans
7

ဒီတစ်ခါမှာ​တော့… ကြည့်ရှုသူပရိတ်သတ်ကြီးကို…rating 7/10 အထိ ရရှိထားတဲ့ Curious Caterer Failed Plans ဆိုတဲ့ ၂၀၂၄ ခုနှစ်ကမှထွက်ရှိထားတဲ့ စုံ​ထောက်ဇာတ်ကား​ ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ် ဒီဇာတ်ကားကိုဒါရိုက်တာ Paul Ziller ကပုံ​ဖော် ရိုက်ကူးထားပြီး မင်းသား Riley Davis , Lochlyn Munro , Vincent Gale , Ted Cole ,Andrew Kavadas တို့နဲ့ နာမည်​ကျော်မင်းသမီး​တွေဖြစ်ကြတဲ့ Jaleese Green , Nikki Deloach တို့ကပါ၀င်အားဖြည့်သရုပ်​ဆောင် ထားကြပါတယ် ဒီဇာတ်လမ်းမှာ အထူးသီးသန့်ဧည့်သည်​တော်​တွေပဲ ဖိတ်ကြားထားတဲ့ ပရဟိတရန်ပုံ​ငွေပွဲမှာ ဟိုက်ဒ်ရဲတိုက်ရဲ့ ပိုင်ရှင် အဲလက်စ်တာအသတ်ခံရ​သော​ကြောင့် စုံစမ်းစစ်​ဆေး​ဖော်ထုတ်ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ် ဒီဇာတ်ကားကဇာတ်ညွှန်း​ရေးဆရာ​တွေရဲ့… မြှပ်ကွက်လှည့်ကွက်​တွေ​​ကြောင့် ကြည့်ရှုသူပရိတ်သတ်ကို ထိုင်ရာက​နေမထချင်​လောက်​အောင် စွဲ​ဆောင်ထားနိုင်မှာ အ​သေအချာပါပဲ လူသတ်တရားခံက​ရောဘယ်သူဖြစ်မလဲ သူ့ရဲ့လက်​ထောက် အမ်မာဆိုတဲ့​ကောင်မ​​လေးလား ​ရန်ပုံ​ငွေပွဲကျင်းပတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ​ မီ​ဟေဗန်အကျဥ်း​ထောင်က​နေ ထောင်​ဖောက်ပြီး ထွက်​ပြေးလာတဲ့ အန်မတ်ဒ်​ရှောဆိုတဲ့ ရာဇ၀တ်သား တစ်​ယောက်လား သူနဲ့က​ရော အဲလက်စ်တာနဲ့အတိတ်မှာ ဘယ်လိုပတ်သက်မှု​တွေရှိခဲ့ကြတာလဲ ဒါမှမဟုတ် အဲလက်စ်တာက လူ​ရှေ့မှာ​ပြောဆိုပြီး နည်းပြရာထူးက​နေ အနား​ပေးလိုက်​တော့မယ့် ပီယာ့ဆိုတဲ့နည်းပြဆရာလား ဒါမှမဟုတ် အဲလက်စ်တာ ကိုယ်တိုင်ခန့်ထားတဲ့ မီ​ဟေဗန်အကျဥ်း​ထောင်မှာ ​ထောင်ကျဖူးတဲ့ ချာလီဆိုတဲ့​ထောင်ထွက်တစ်​​ယောက်လား ဒါမှမဟုတ် ဖိတ်ကြားထားတဲ့ ဧည့်သည်​တော်​တွေထဲမှာမပါ၀င်ဘဲ​ရောက်လာခဲ့တဲ့ ဂျာ့ဆိုတဲ့သူလား အဲလက်စ်တာကိုသတ်ချင်တယ်လို့ မကြာခဏကြုံးဝါး​နေတဲ့ သူ့ရဲ့​ငွေထိန်း က​လောက်စ်ဆိုတဲ့ သူလား လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ​ ကြည့်ရှု​ဖော်ထုတ်​ပေးလိုက်ပါဦး ဒီ​ဇာတ်ကား Crime , Mystery & Drama အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူ​တွေ လက်မလွတ်စတမ်းကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ် File size…1.46GB / 647MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Comedy • Horror
7 2024
Curious Caterer: Foiled Plans
Trouble Makers
5.7

အိမ်ထောင်ရေးသက်တမ်းကြာလာတဲ့အခါ လင်မယားကြားမှာပြောစရာစကားတွေနည်းသွားပြီး သံသယတွေများလာတတ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကိုယ့်ထင်ကြေးနဲ့သံသယတွေလျှောက်တွေးရင်း လင်မယားကြားမှာ မလိုအပ်တဲ့ပြဿနာတွေဖြစ်လာတဲ့အကြောင်း ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ မာစန်းဟာအသက်လတ်ပိုင်းရောက်လာတဲ့အခါ အရင်လိုမသန်စွမ်းတော့တာကြောင့် မိန်းမကိုအရင်လိုပျော်ရွှင်မှုတွေမပေးနိုင်ဖြစ်ရပါတယ်။ အဲဒါကမိန်းမဖြစ်သူက သူ့ကိုမချစ်တော့လို့လား အပြင်မှာတခြားတစ်ယောက်ရှိနေပြီလားဆိုပြီး သံသယဝင်ကာ အသက်ငယ်ငယ်သရုပ်ဆောင်မလေးကိုငှားပြီး ယောင်္ကျားကို စမ်းသပ်လိုက်မိတဲ့အတွက်အခြေနေတွေပိုဆိုးသွားခဲ့ပါတယ်။ အစမ်းသပ်ခံလိုက်ရတဲ့ မာစန်းဟာလဲမကျေမချမ်းဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်ကိုပြန်ငှားပြီး မိန်းမကိုပြန်လက်စားချေဖို့စီစဉ်ပါတယ်။ တဖြည်းဖြည်းနဲ့ မိန်းမဖြစ်သူက သူများလက်ထဲပါသွားနိုင်တာကိုတွေးရင်း ကြောက်လာတဲ့အတွက် ရပ်တန့်ဖို့ကြိုးစားပေမယ့် သူနောက်ကျသွားပါပြီ။ မာစန်းတစ်ယောက် မဟေသီကိုပြန်ရအောင်ကြိုးစားခွင့်ပြန်ရနိုင်ပါဦးမလား……

5.7 2019
Trouble Makers
Dasavatharam
7.3

Dasavatharam (2008) “ဇီဝလက်နက်” IMDb 7.3 နာမည်ကျော်မင်းသား ကာမယ်ဟာဆန် ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားအဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ဒီရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေချီးကျူးခဲ့တဲ့ သိပ္ပံရုပ်ရှင်ဖြစ်ပြီး တမီးလ်ရုပ်ရှင်ထဲမှာ ရုံဝင်ငွေရူပီး ၂၀၀ ကုဋေရရှိခဲ့တဲ့ ပထမဆုံးတမီးလ်ရုပ်ရှင်ဆိုလည်း မမှားပါဘူး ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဒေါက်တာဂိုဗင်က US မှာရှိတဲ့သုတေသနအဖွဲ့အစည်းလက်အောက်က ဇီဝသိပ္ပံပညာရှင်တစ်ယောက် တစ်နေ့ သူတို့ရဲ့စမ်းသပ်ခံမျောက်လေးက သူတို့စမ်းသပ်ထားတဲ့ ဆေးပုလင်းကို သောက်လိုက်မိပြီး အားလုံးရှေ့မှာတင် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရတယ် ဒီရလဒ်ကြောင့် သူ့အထက်လူက အကြမ်းဖက်တွေကို ဇီဝလက်နက်အဖြစ်ရောင်းချဖို့ ကြံရွယ်လာတဲ့အခါ ဒေါက်တာဂိုဗင်တစ်ယောက် မဖြစ်မနေတားဆီးဖို့ ဖြစ်လာပါတော့တယ် ဘယ်လိုစွန့်စားခန်းတွေနဲ့ ဘယ်လိုသီအိုရီတွေနဲ့ ရိုက်ကူးတင်ဆက်ထားလဲဆိုတာ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

7.3 2008 188 mins
Dasavatharam
Ramam Raghavam
6.9

Ramam Raghavam (2025) “အဖေ” IMDb – 7.9/10 ဖခင်မေတ္တာကို ပုံဖော်ရိုက်ကူးထားတဲ့ အသစ်ထွက် တလေဂူးဒရာမာရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရာမမ်ဆိုတာ လာဘ်ပေးလာဘ်ယူကို ရွံမုန်းတဲ့ စာရေးကြီးတစ်ယောက်ပါ။ လာဘ်ထိုးတဲ့ငွေပမာဏ များချင်သလောက်များ ရာမမ်ကတော့ ငြင်းလွှတ်တတ်တဲ့သူ။ တစ်နေ့ သားလေးမွေးတော့ ရာမမ်ကြီး စိတ်ကူးတွေနဲ့ ကြိုတွေးပြီး ပျော်မြူးနေခဲ့တာပေါ့။ သားဖြစ်သူကို ဆရာဝန်ကြီးဖြစ်စေချင်တဲ့ ရာမမ်။ သားအတွက်ဆို အသက်စွန့်ဖို့တောင် ဝန်မလေးတဲ့ ရာမမ်။ သားဖြစ်သူကတော့ ဆရာဝန်ဖြစ်ဖို့မပြောနဲ့ အထက်တန်းကျောင်းတောင် ဆက်မတက်တော့ဘဲ ထွက်ပစ်လိုက်တယ်။ သောက်စား လောင်းကစားလုပ်ပြီး အဖေဖြစ်သူအပေါ်မှာလည်း လေးစားမှုကမရှိဖြစ်လေတော့ ရာမမ်ကြီးတစ်ယောက် ခဲလေသမျှ သဲရေကျဖြစ်ပြီး သားဖနှစ်ယောက် ဘယ်ပုံဘယ်စခန်းဆက်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

6.9 2025 118 mins
Ramam Raghavam
Sugar Mama

Sugar mama ကတော့ငွေလိုနေတဲ့ ရည်မှန်းချက်ကြီးကြီး တက္ကသိုလ်ကျောင်းသားကောင်လေးတစ်ယောက်ဟာ အောင်မြင်ကျော်ကြားတဲ့စီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးကြီးတစ်ယောက်နဲ့တွေ့ဆုံပြီးနောက် သူ့ဘဝကြီးဘယ်လိုအပြောင်းအလဲတွေနဲ့ကြုံတွေ့လိုက်ရလဲဆိုတာကို ထိတ်လန့်အံ့ဩစရာကောင်းအောင်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ပေါ့ပေါ့ပါးပါးအနှောင်အဖွဲ့ကင်းတဲ့ဆက်ဆံရေးတစ်ခုကနေနားမလည်နိုင်တဲ့လုပ်ရက်တွေပြုမှုခံလာရတဲ့အနေအထားတစ်ခုကိုတစ်စစမြင်လာရတဲ့အခါမှာ ငွေမျက်နှာတစ်ခုကိုပဲကြည့်ပြီးဘာဖြစ်ဖြစ်ရှေ့ဆက်တိုးမလား ရပ်တန့်လို့ရနိုင်မလားဆိုတာကိုဇာတ်လမ်းလေးထဲမှာဆက်ပြီးကြည့်ရှုခံစားကြည့်ကြပါဦး… File size…(720 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sanju

0 2025
Sugar Mama
Painkili
5.2

Painkili (2025) “ကြက်တူရွေး” IMDb – 5.2/10 အသစ်ထွက် မလေယာလမ်းအချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘ၀ကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းနေတဲ့ လူပျိုကြီး ဆူကူ။ သူတွေးမထားမိတဲ့ ပြဿနာတွေပေါ်လာတဲ့အတွက်ကြောင့် သူငယ်ချင်းဖြစ်သူအကြံနဲ့အရူးလက်မှတ်ယူဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်နေ့ သူငယ်ချင်းဖြစ်သူကျေးဇူးနဲ့ပဲ ဆူကူတစ်ယောက် အိမ်ကို မိန်းကလေးတစ်ယောက်ခေါ်လာမိရက်သား ညားပါတော့တယ်။ ကောင်မလေးနာမည်က ရှီဘာ။ ကောလိပ်ဆက်တက်ချင်ပေမဲ့ ယောကျ်ားအတင်းပေးစားနေကြတဲ့ မိဘတွေဆီကထွက်ပြေးဖို့ အမျိုးမျိုးကြံနေတဲ့ ရှီဘာ။ ညီမဖြစ်သူအကြံပေးတဲ့အတိုင်း လျောက်လုပ်ရာကနေ ဆူကူ့အိမ်ကို ရောက်ချလာခဲ့ပါရော။ ဒီမှာပဲ အိမ်ကနေနှင်ချဖို့ အမျိုးမျိုးကြိုးစားတဲ့ ဆူကူနဲ့ မရမကတွယ်ကပ်နေတဲ့ ရှီဘာတို့ကြားကဇာတ်လမ်းကို ရှုစားကြရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Action • Drama • Thriller
5.2 2025 139 mins
Painkili