YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mae Pu Priao (2023) (Ep21).mp4

478.61 MB N/A video/mp4 113 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
You People
5.8

နှစ်ဦးနှစ်ဖက်စလုံးမှာ ယောက္ခမမရှိကြတာမို့ အာဒမ်နဲ့ ဧဝဟာ ကမ္ဘာမှာအပျော်ဆုံးအတွဲပဲတဲ့။ ရံဖန်ရံခါဆိုသလို အသိုင်းအဝိုင်းဆိုတာ အိမ်ထောင်ရေးရဲ့ ပြဿနာတစ်ခု ဖြစ်လာတတ်တာပဲ။ ဒီလိုနဲ့ ယောက္ခမနဲ့ တစ်ထောင့်တစ်ညဖြစ်ကြတဲ့ ဇာတ်တွေလည်း မနည်းဘူး။ အခုဇာတ်ကတော့ ယောက္ခမနှစ်ဖက်စလုံးရဲ့ ဒဏ်တွေကို ခံကြရတဲ့ အတွဲတစ်တွဲရဲ့အကြောင်းပါပဲ။ ပုံမှန်အတွဲတွေမှာတောင် ယောက္ခမပြဿနာက ရှိတတ်တာဆိုတော့ ဒီအတွဲကတော့ လူဖြူလူမဲ အတွဲဆိုတော့ ပိုဆိုးပါတယ်။ သို့ပေမဲ့ ဒီ၂ဘက်ကို မတူညီတဲ့ ဒုက္ခပေးခြင်း ၂မျိုးနဲ့ပြသွားတာတော့ တော်တော်လေး လှပါတယ်။ တစ်ဘက်ကတော့ လူမဲအဖေက သူ့သမီးအတွက် စိတ်ပူလို့ လူဖြူကောင်လေးကို ညစ်ပြီး တစ်ဘက်ကကျ လူဖြူအမေက သူ့သားကောင်မလေးကို လက်ခံကြောင်းအပြချင်လွန်ပြီး လူမဲဖြစ်နေတာ မဆန်းကြောင်း ခဏခဏထုတ်အပြလွန်ပြီး ဆန်းအောင်လုပ်မိသွားတယ်။ ဒီလိုအသိုင်းအဝိုင်း၂ခုရဲ့ကြား ဒီအတွဲရဲ့ မင်္ဂလာပွဲ ဖြစ်မှဖြစ်လာပါ့မလား ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဟာသ ရိုမန့်ကားလေးပါပဲ။ Jonah Hill နဲ့ Eddie Murphy တို့လို သရုပ်ဆောင်ကောင်းတွေ ပါဝင်ထားပြီး The X-Files စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား David Duchovny လည်းပါပါတယ်။ နောက် ဒီကားရဲ့အလှတရားအနေနဲ့တော့ တော်တော်ချစ်ဖို့ကောင်းတဲ့ Molly Gordon လေးလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.1GB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 57Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
5.8 2023 117 mins
You People
Shiri
6.4

၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့် Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality….  720p | 480p File size…2GB | 875MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy
6.4 1999 125 mins
Shiri
The Infernal Machine
6.6

ဘရု့စ် ကို့ဂျ်ဘန်းဆိုတဲ့ စာရေးဆရာတစ်ယောက်ဟာ လူမသိသူမသိ နေထိုင်နေတဲ့သူပါ။ တစ်ရက်မှာတော့ သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့ နာမည်နဲ့စာတွေ ရောက်လာပါတယ်။ အဆိုပါ စာထဲမှာတော့ သူ စာရေး နေတာ ဘရု့စ်ကို ကူညီခိုင်းတာပါ။ ဘရု့စ်က မကူညီနိုင်ဘူး ငြင်းပေမယ့် စာတွေကတော့ ‌ရောက်မြဲ ရောက်လာဆဲပါ။ ၁၉၈၁ ခုနှစ်မှာ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ ကျောင်းဝန်း ထဲကိုဝင်ပြီး သေနတ်နဲ့ ပစ်ခဲ့တာကြောင့် ၁၃ ယောက် သေဆုံးပြီး အများ အပြားဒဏ်ရာရခဲ့ပါတယ်။ သို့သော် တရားခွင်မှာတော့ သူ့မှာ အပြစ်မရှိပါ။ ဘရု့စ်ရေးသားတဲ့ The Infernal Machine ဆိုတဲ့ စာအုပ်ကြောင့် ကျူးလွန် ရတာပါလို့ ထွက်ဆိုပါတော့တယ်။ ထိုအပြစ်ရှိစိတ်ကြောင့်ပဲ ဘရု့စ်ဟာ စာလည်းဆက်မရေးနိုင်သလို လူမြင်ကွင်းကနေ ပုန်းကွယ်နေခဲ့တာပါ။ သို့သော် သူ့ဆီကို ဝီလီယံ ဒူကန့်ဆိုတဲ့လူဆီကနေ စာတွေရောက်လာပြီးနောက်မှာတော့ သူ့ဘဝ ကပြောင်းကပြန်တွေဖြစ်ကုန်ပါတော့တယ်။ ဇာတ်လမ်းအလှည့်အပြောင်း များစွာကို စိတ်ဝင်တစား ကြည့်ရှု့ရမှာဖြစ်လို့ လက်လွတ်မခံကြဖို့ တိုက်တွန်း လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size..........(1.2 GB) / (500 MB) / (280 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 57mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Leonard Lin Encoder..........SWM

Romance
6.6 2022 107 mins
The Infernal Machine
Midnight Ballad for Ghost Theater
5.3

၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဂီတရုပ်ရှင် ပုံစံလေးမို့လို ပြဇာတ်သီချင်းပုံစံလေးတွေ အများကြီးပါဝင် ပါတယ်။ ဇာတ်လမ်းအကျဉ်း ---------------------- ဆောင်းဆိုဒန်ဆိုတဲ့ကောင်မလေးဟာ မိဘတွေမရှိဘဲ အဘွား ဖြစ်သူနဲ့ ကြီးပြင်းလာခဲ့တယ်။ တစ်ရက်မှာတော့ သူမရဲ့အဘွားက ရုတ်တရက်ကြီးပျောက်ဆုံးသွားခဲ့ပါတယ်။ မပျောက်ဆုံးခင် တစ်ရက်မှာ ဆမ်ဂေါအီဇာတ်ရုံကိုသွားမယ်လို့ အဘွားက ပြော သွားခဲ့တာကြောင့် ပျောက်ဆုံးသွားတဲ့အဘွားက ဆမ်ဂေါအီကို ကျိန်းသေပေါက်လာမယ်လို့ ဆိုဒန်တစ်ယောက်ထင်နေခဲ့ပါတယ်။ ဒါကြောင့် ဆမ်ဂေါအီဇာတ်ရုံရဲ့ လက်မှတ်ရုံစာရေးအဖြစ် အလုပ် လျှောက်ခဲ့ပါတယ် ။ အလုပ်လျှောက်ပြီးသိပ်မကြာခင်မှာပဲ ဆိုဒန်တစ်ယောက် ဇာတ်ရုံ ထဲက သရဲတွေနဲ့ တွေ့တော့တယ်။ အစပိုင်းမှတော့ သရဲတွေကို ကြောက်ရွံနေပေမဲ့ နောက်ပိုင်းမှတော့ သရဲတွေနဲ့ ရင်းနှီးသွားပြီး အဲဒီဇာတ်ရုံကနေ မပြန်ဘဲနေခဲ့တာပေါ့။ ဆိုဒန်ရဲ့အဘွားက ငယ် ရွယ်စဉ်တုန်းက မင်းသမီးတစ်ယောက်ဖြစ်ခဲ့တာကိုသိလို့ အဘွား ပါဝင်ထားတဲ့ဇာတ်ကားကို ဒီဇာတ်ရုံမှာပြနိုင်ဖို စီစဉ်ခဲ့တာပေါ့။ ဒါပေမဲ့ ဒီဇာတ်ရုံကိုရောင်းပစ်လိုက်ဖို့ ဖြစ်လာတဲ့အခါမှာ ဆိုဒန် တစ်ယောက် ဇာတ်ရုံမရောင်းပစ်ရဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hay Thar ဖြစ်ပါတယ်) File Size..........(2.13 GB) / (708 MB) / (453 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........2Hrs Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Fantasy, Horror Translator.......Hay Thar Encoder..........SWM

Horror
5.3 2006 120 mins
Midnight Ballad for Ghost Theater
After My Death
6.7

After My Death(2017) ******************** ဂယောင်းမင်းဆိုတဲ့ အထက်တန်းကျောင်းသူလေးဟာ ရုတ်တရက်ထူးဆန်းစွာ ပျောက်ဆုံးသွားပါတယ်။ ပျောက်ဆုံးပြီးနောက်တစ်ရက်မှာ တံတားတစ်ခုအနားမှာ လွယ်အိတ်နဲ့ သူ့ရဲ့ခြေအိတ်ကိုတွေ့ရပါတယ်။ ရဲတွေက တံတားပေါ်က ခုန်ချသတ်သေတယ်ဆိုပြီး ကောက်ချက်ချကြပေမဲ့ ကျောင်းသူရဲ့အမေက နောက်ဆုံးအထိ အကြောင်းအရင်းကို သိအောင်လုပ်မယ်ဆိုပြီး ခေါင်းမာနေတာကြောင့် ရဲတွေလည်းအခက်ကြုံနေရတာပါ။ ဂယောင်းမင်းနဲ့ နောက်ဆုံးအတူရှိခဲ့တဲ့သူက ယောင်ဟီးလို့ခေါ်တဲ့ ကျောင်းသူဖြစ်ပြီးတော့ ဂယောင်းမင်းက ယောင်ဟီးကို သူမသေခင်တစ်နေ့မှာ ဖွင့်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ယောင်ဟီးက ‘ငါ့ကိုချစ်တာကို အသက်စွန့်ပြီး သက်သေပြနိုင်လား’ လို့ပြောခဲ့တာကို သိသွားကြတဲ့အခါ တရားခံဟာ ယောင်ဟီးဆိုပြီး အကုန်လုံးကစွပ်စွဲအနိုင်ကျင့်ကြပါတော့တယ်။ ယောင်ဟီးက တကယ်ပဲ ဂယောင်းမင်းရဲ့သေဆုံးမှုမှာ ပါဝင်ပတ်သက်နေတာလား၊ တကယ်ပဲ ဂ‌ယောင်းမင်းက သတ်သေခဲ့တာလား ဆိုတာကိုတော့ ဇာတ်ကားကိုကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ကြပါဦး။ File Size :(1.1GB) (572MB) Quality : Blu-Ray1080p/720p Format…mp4 Duration…01:53:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

6.7 2017
After My Death
Good Night, and Good Luck
7.4

ဆုပေါင်း ၃၉ ဆု၊ အော်စကာ ဆန်ကာတင် ၆ဆုအပါအဝင် ဆန်ကာတင်ပေါင်းတစ်ရာကျော် ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဝါသနာအိုးတွေနဲ့ မစိမ်းတဲ့ဖြစ်ရပ်မှန်သမိုင်းဇာတ်ကားပါ၊ ဇာတ်လမ်းက ၁၉၅၀ ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူအက်ဒ်မော်ရိုးနဲ့ ကွန်မြူနစ်တွေကို မြေလှန်ပစ်ချင်နေတဲ့ အမတ် မက်ကာတီတို့ကြားက အပြန်အလှန်ခြေကန်မှုတွေကိုအဓိကထားဇာတ်အိမ်တည်ထားပါတယ်။ မော်ရိုးက ကိုယ့်အလုပ်ရဲ့အားသားချက်ကိုသုံးပြီး လူထုကို နိုင်ငံရေးအတွေးအခေါ်လူမှုရေးစသဖြင့်ပညာပေးတင်ဆက်ပေးနေသူပါ၊ မဟုတ်မမှန် မတရားတာတွေဆို သူနဲ့ သူ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေက ရုပ်မြင်သံကြားကနေတဆင့် အတိုင်အဖောက်ညီညီဖော်ထုတ်ပါတယ် ။ မက်ကာတီကျ ရထားတဲ့အာဏာလေးနဲ့ ကွန်မြူနစ်ရှင်းထုတ်တယ်ဆိုတဲ့အမည်ခံနဲ့ ကိုယ်နဲ့မကြည် မကျေနပ်တဲ့လူတွေကိုပါ ဝါးလုံးယမ်းတာတွေလုပ်တတ်ပါတယ် ၊ ဒီကားမှာ ထိုနှစ်ဦးအပြင် အဲ့ခေတ်ကာလတုန်းက အမေရိကန်ရဲ့ ကွန်မြူးနစ်အယူသီးပုံတွေ ၊ရုပ်မြင်သံကြားအပေါ်လူတွေရဲ့အမြင်၊ မော်ရိုးတို့ သတင်းတင်ဆက်သူတွေရဲ့ခံယူချက်စတဲ့ လက်တွေ့ဖြစ်ရပ်တွေကိုအခြေခံရိုက်ကူးထားတာမို့ သမိုင်းရုပ်ရှင်တွေကိုစိတ်ဝင်စားသူတွေရဲ့ အသည်းစွဲပါပဲ ။ File size…(1.5 GB)/(730 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Comedy • Adventure
7.4 2005
Good Night, and Good Luck
The Cost

ရာဇဝတ်သားတစ်ယောက်ကိုဥပဒေက ထိုက်သင့်တဲ့ပြစ်ဒဏ်မပေးနိုင်လို့ အပြင်လူတွေက သူတို့နည်းနဲ့အပြစ်ပေးတဲ့ကားမျိုးကြိုက်သူတွေအတွက် The Cost ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် စတက်ဖနီဆိုတဲ့ကောင်မလေးတစ်ယောက် မုဒိန်းကျင့်ပြီး ရက်ရက်စက်စက်အသတ်ခံခဲ့ရတယ် တရားခံထရိုင်းဟာလည်း ထောင်ဒဏ်နှစ်၃၀ကျော်ချမှတ်ခံရပေမဲ့ ၁၀ နှစ်တည်းနဲ့ပြန်လည်လွတ်မြောက်လာခဲ့ပါတယ် ဒါပေမဲ့ တစ်ရက်မှာ သူ့ကို ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်က အတင်းအဓမ္မဖမ်းဆီးပြီး လူသူမရှိ ဝေးလံခေါင်ဖျားလှတဲ့နေရာတစ်ခုကိုခေါ်ဆောင်သွားပြီး နှိပ်စက်ပါတော့တယ် စတက်ဖနီဆိုတဲ့ကောင်မလေးရဲ့သေဆုံးမှုအပြီးမှာ ကောင်မလေးရဲ့အဖေနဲ့အမေဟာလည်း သမီးစိတ်နဲ့ရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြပါတယ် ထရိုင်းလုပ်ရက်ကြောင့် မိသားစုတွေ ပြိုကွဲခဲ့ရတယ် အဲ့တော့ ထရိုင်းကို ဖမ်းဆီးသွားတဲ့ ဒေးဗစ်နဲ့အာရွန်ဆိုတဲ့လူနှစ်ယောက်ကဘယ်သူတွေလဲ စတက်ဖနီနဲ့​ရော ဘယ်လိုပက်သက်တာလဲ ထရိုင်းကိုရော ဘယ်လိုတွေပြစ်ဒဏ်ပေးမလဲဆိုတာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

Drama
0 2023
The Cost
Something You Said Last Night
5.6

Something You Said Last Night (2022) ~ IMDb – 5.6/10, RT – 93%, Meta – 78% ~ ဒီကားလေးကတော့ အီတလီမိသားစုဒရာမာကားလေးပါ။ ဆုငါးဆုရထားပြီး ဆန်ခါတင်ဆုကိုးဆု၀င်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ နွေရာသီအားလပ်ရက် ခရီးထွက်လာတဲ့ မိသားစုတစ်စုအကြောင်းပါ။ ပေါ့ပေါ့ပါးပါးနဲ့ သဘောကောင်းတဲ့ဖခင်ဖြစ်သူရယ်၊ ပွစိပွစိလုပ်တတ်တဲ့ အမေဖြစ်သူရယ်၊ အလုပ်အကိုင်မရှိ‌သေးတဲ့ Transgender အစ်မဖြစ်သူရယ်၊ လမ်းများတတ်တဲ့အငယ်မလေးရယ် အပျော်ခရီးထွက်လာကြပေမဲ့ ပြဿနာမရှိတဲ့မိသားစုဆိုတာ မရှိဘူးဆိုတဲ့စကားနဲ့အညီ ရန်ဖြစ်လိုက်ပြန်ချစ်လိုက် မိသားစုဒရာမာ‌‌ကားလေးပါပဲ။ ဇာတ်ကြောင်းက ပြောပလောက်စရာမရှိပေမဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးချစ်ခင်မှု ရန်စောင်မှု ချောက်ချမှု ၊ မိခင်ဖြစ်သူရဲ့ကရုဏာဒေါသတွေ ပါးစပ်ပူမှုတွေက အရမ်းကိုသဘာ၀ကျပြီး ကိုယ့်မိသားစုကို ပြန်ထိုင်ကြည့်နေသလို ခံစားချက်မျိုးရနိုင်စေတဲ့ကားလေးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 770MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 36Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.6 2022 96 mins
Something You Said Last Night
Monsters 103 Mercies Dragon Damnation
8

IMDb 8/10 ဒီကာတွန်း​လေးက​တော့ one piece ကာတွန်းစီးရီးရဲ့spin offတစ်ခုပါ ​ပြောရရင်​တော့ Thriller Bark Arcမှာ Zoroနဲ့ သူတင်ကိုယ်တင်ဗျင်းခဲ့ပြီး ကိုင်​ဆောင်တဲ့ Shusuiဓါးကိုပါ Zoroကို​ပေးခဲ့တဲ့ ဒဏ္ဏာရီဆာမူရိုင်းကြီး Ryumaရဲ့ စွန့်စား​ရေးခရီးစဥ်ထဲက အဖြစ်အပျက်​လေးကိုဇာတ်လမ်းဖွဲ့ထားတာပါ ဇာတ်လမ်းအကျဥ်းက​​တော့ Ryumaဟာ နဂါးတစ်​ကောင်ကိုသတ်ဖြတ်ဖူးတယ်ဆိုတဲ့ ဇာတ်လမ်းကိုပဲ ​ဇာတ်လမ်းဆင်ထားတာပါ လွန်ခဲ့တဲ့၁၀နှစ်​လောက်တုန်းက နဂါး​တွေကိုထိန်းချုပ်နိုင်တဲ့ နဂါးခရာဟာ လုယူပြီး​ပျောက်ဆုံးသွားခဲ့ပါတယ်။ အဲ့ဒီခရာနဲ့ပတ်သတ်တဲ့အရှုတ်​တော်ပုံမှာ Ryumaတစ်​ယောက် ဘယ်လိုပတ်သတ်မိသွားတာလဲဆိုတာ​တော့ ၂၅မိနစ်ကြာဒီအပိုင်းမှာကြည့်ရှုကြပါစို့ File size… 305 MB Quality… Web-DL 1080p Format… mp4 Duration…. 25m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr.Nyan

8 2024
Monsters 103 Mercies Dragon Damnation
Jorugaa Husharugaa
7.1

Jorugaa Husharugaa (2023) “နှစ်ပွင့်ခွဲဆိုင်” =================================== စီအမ်ဖန်တွေအတွက် IMDb 7.7 ရ ပေါ့ပေါ့ပါးပါး တေလဂူးစကားပြော အချစ်ဟာသရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ဆန်တို့ဆိုတဲ့ ပရိုဂရမ်မာလေးဟာ အလုပ်မှာ ရာထူးတိုးချင်လို့ ဂေါ်မစွံ ဘော့စ်ဖြစ်သူကို စော်ရှာပေးဖို့ကြိုးစားရင်း ကပ်ဖားယပ်ဖားလုပ်နေရသူပါ။ သူ့မှာ နီတရာဆိုတဲ့ ခပ်ဟော့ဟော့ ချစ်သူကောင်မလေးလည်းရှိပြီး သူတို့နှစ်ဦးက သိပ်ကို ကဲကြတဲ့ချစ်သူတွေပေါ့။ ဒီလိုနေ့ တနေ့မှာ ဆန်တို့ရဲ့ရုံးကို နီတရာက မပြောမဆိုအလုပ်ဝင်လာတဲ့အတွက် သူတို့ချင်း ချစ်သူတွေဖြစ်ကြောင်း ဖုံးကွယ်ထားရင်းကနေ ဆန်တို့ရဲ့ ဘော့စ်ဖြစ်သူ ဂေ ါ်မစွံက နီတရာကို သဘောကျလာတဲ့အခါမှာတော့…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.1 2023
Jorugaa Husharugaa
Night Explorers: The Asylum

ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ horror အမျိုးအစားရုပ်ရှင်ဇာတ် လမ်းလေးပါ။ ဇာတ်လမ်းအကြောင်းကတော့… မင်းသားတို့သူငယ်ချင်းတစ်စုဟာ ချန်နယ်တစ်ခုထောင်ထားပြီးတော့ ခြောက်ခြားစရာကောင်းတဲ့နေရာတွေမှာ ပရလောကနဲ့ဆက်သွယ်တဲ့အကြောင်းကို တင်ဆက်ကြတဲ့သူတွေပါ။ သူတို့က အခုအခါမှာတော့ ကြုံတော့ကြုံခဲအနေနဲ့ ပီလိုစီစိတ္တဇဆေးရုံကို ဝင်ခွင့်ရခဲ့ကြပါတယ်။ ပီလိုစီဆေးရုံကိုသွားဖို့အတွက် သူတို့ကအခြားအဖွဲ့တစ်ခုနဲ့ပူးပေါင်းပြီးသွားကြပါတယ်။ အရင်တင်ဆက်ထားတဲ့ ဗီဒီယိုတွေမှာ သရဲခြောက်တာကိုအလိမ်အညာလုပ်တာ အရမ်းများသွားတဲ့အတွက် ဒီတခါမှာတော့ အလိမ်အညာမလုပ်တော့ပဲ တကယ်သရဲခြောက်တဲ့အတွေ့အကြုံကိုပဲ တင်ဆက်ကြမယ်ဆိုပြီးသွားကြပါတယ်။ ဆေးရုံကိုရောက်တဲ့အခါ ဆေးရုံကအရမ်းကြီးလွန်းတော့ လူခွဲသွားဖို့အကြောင်းဖန်လာပါတယ်။ ဆေးရုံထဲမှာ ဖုန်းလိုင်းကလည်းမမိ၊ ယူသွားတဲ့ရေဒီယိုတွေကလည်း နံရံတွေအရမ်းထူနေတဲ့အတွက် ကောင်းကောင်းအသုံးပြုလို့မရဖြစ်လာတဲ့အခါ သူတို့ ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ ဆိုတာဆက်လက်ကြည့်ရှုကြပါခင်ဗျာ။ File size…(535 Mb) Quality….Webrip 720p Format…mp4 Duration….01:36:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by AKM

0 2023 96 mins
Night Explorers: The Asylum
Agents
4

Agents (2024) တရုတ်ကနေ သယ်ပို့လာတဲ့ အဖိုးမဖြတ်နိုင်တဲ့ ကျောက်စိမ်းရတနာတစ်ခုကို နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့တွေ စောင့်ကြပ်သယ်ယူလာစဉ်မှာ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျောက်စိမ်းရတနာ အခိုးခံလိုက်ရသောအခါ.. ကျောက်စိမ်းရတနာခိုးယူမှုကို ဖော်ထုတ်အရေးယူဖို့ အထူးအေးဂျင့်နှစ်ယောက်ကို တာဝန်ပေးအပ်လိုက်ပါတယ်.. တာဝန်ပေးအပ်ခံရတဲ့ အေးဂျင့်နှစ်ယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ? ကျောက်စိမ်းကိုလုယူခဲ့သူက ထိပ်တန်းရာဇဝတ်သားကြီးတစ်ယောက် ဖြစ်နေခဲ့တဲ့အခါ ဒီကျောက်စိမ်းကို ပြန်ယူဖို့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတွေ အစွမ်းပြကြမလဲ? ကျောက်စိမ်းလုယက်မှုနောက်ကွယ်က အဓိကကြိုးကိုင်သူက ဘယ်သူဖြစ်နေမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (1.2 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action Duration….01:23:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Romance • Drama
4 2024 82 mins
Agents
Like You Know It All
6.8

Like You Know It All (2009) *************************** IMDb -6.8 ဇာတ်လမ်းအကျဥ်း ******************* ရုပ်ရှင်ဒါရိုက်တာဂူဂ​ယောင်းနမ် (Kim Tae Woo)က ကိုယ့်အ​ကြောင်းကိုယ် ပြန်ရိုက်ကူးတဲ့ ​နားလည်ဖို့ခက်တဲ့ ရုပ်ရှင်​တွေကို ရိုက်ကူးတဲ့ ဒါရိုက်တာတစ်​ယောက်၊ နာမည်ကြီး ဒါရိုက်တာမဟုတ်​ပေမဲ့ ရုပ်ရှင်အကဲဖြတ်အဖွဲ့ဝင်အဖြစ် ကမ်းလှမ်းခံခဲ့ရပြီး ​​ဂျယ်​ချောင်းကို ​ရောက်လာခဲ့ပါတယ်။ ဂျယ်​ချောင်းကို​ရောက်ပြီး တစ်​နေ့မှာ​ ဂျူနီယာဖြစ်သူ ဘူဆန်းယုံး(Gong Hyung Jin)နဲ့ အမှတ်မထင်​တွေ့ပြီး အရက်​သောက်ရင်း ​ဘူဆန်းယုံးရဲ့အိမ်ကို ​ရောက်သွားကြတယ်။ ဘူဆန်းယုံးရဲ့ အိမ်မှာ ဘူဆန်းယုံးရဲ့ ဇနီးဖြစ်သူ ယူရှင်း (Jung Yu Mi)နဲ့ ​ကိစ္စတချို့ကြောင့် ဖောက်ပြန်ခဲ့မိပြီး အဲဒါကိုသိသွားတဲ့ ဘူဆန်းယုံးက ဂူဂ​ယောင်းနမ်နဲ့ ​ရေစက်ဖြတ်ခဲ့ပါတယ်။ တစ်ဖန် ဂူဂ​ယောင်းနမ်က ရုပ်ရှင်နဲ့ပတ်သတ်တဲ့ လက်ချာ​ပေးဖို့အတွက် ဂျယ်ဂျူကျွန်းကို ​ရောက်လာခဲ့ပြန်ပါတယ်။ ဂျယ်ဂျူကျွန်းမှာ ရှိ​နေတဲ့ စီနီယာယန်း​ချောင်းဆူ (Moon Chang Gil)နဲ့ ပြန်လည်​တွေ့ဆုံပြီး ​စီနီယာယန်းရဲ့ အိမ်ကို အလည်လိုက်သွားပါ​တော့တယ်။ စီနီယာယန်းရဲ့ ဇနီးဖြစ်သူ ဂိုဆွန်း (Go Hyun Jung) က တစ်ချိန်က ဂူဂ​ယောင်းနမ် ကြိုက်ခဲ့တဲ့ မိန်းက​လေးဖြစ်ပြီး ဂိုဆွန်းကလည်း ဂူဂ​ယောင်းနမ်နဲ့ ဇာတ်လမ်းပြန်စဖို့ ကြိုးစားလာတဲ့အခါမှာ​တော့ မလွန်ဆန်နိုင်တော့ပဲ ​ဖောက်ပြန်ခဲ့မိပြန်ပါတယ်။ ဒီလိုနဲ့ ဂူဂ​ယောင်းနမ်တစ်​ယောက် ဖူးစာဖက်ကို ရှာမ​တွေ့နိုင်ဘဲ ​ယောင်လည်လည်ဘဝနဲ့ပဲ ဇာတ်သိမ်းသွားပါတော့တယ်။ ဒီဇာတ်ကားက လူ​တွေရဲ့ ဖြစ်တည်မှု၊ အ​တွေးအမြင်နဲ့ ​သေချာမသိနိုင်တဲ့ အ​ကြောင်းကိစ္စ​တွေကို အသား​ပေးပြီး ရိုက်ကူးထားတာ​ကြောင့် ​တွေးရတာကို ကြိုက်နှစ်သက်တဲ့လူ​တွေအတွက် ဇာတ်လမ်း​ကောင်းတစ်ခုဖြစ်မှာ ​သေချာပါတယ်။ (ဇာတ်လမ်းအညွှန်းကို Staryက ရေးသားထားပါတယ်) File Size – 2.48 GB/ 1.08 GB Quality – WEB-DL 1080p/ 720p Duration – 2h 7m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Stary Encoded by – Treasure Htet

Drama
6.8 2009 128 mins
Like You Know It All
Saving My Hubby
6.5

Saving My Hubby (2002) *************************** ကေဒရမ်မာပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ရမဲ့ တစ်ခေတ်တစ်ခါက ဟာသ ဇာတ်ကားဟောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားမှာတော့ ဇာတ်လိုက်အဖြစ် မင်းသမီးကြီး Bae Doo-Naရဲ့ ငယ်ရွယ်စဥ်အခါက မသေးလှတဲ့သရုပ်ဆောင်စွမ်းရည်တွေကို တစ်ဝကြီးရူစားကြရမှာဖြစ်ပြီး ဟာသဇာတ်လမ်းတွဲကြိုက်သူများ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးလည်းဖြစ်ပါတယ်နော် ‌တစ်ချိန်က နိုင်ငံကျော် ဘော်လီဘောအားကစားမယ် ဂျောင်ဂွန်ဆွန်းဟာ အခုအချိန်မှာတော့ အားကစားလောကမှ အနားယူပြီး ခင်ပွန်းနဲ့ သမီးလေးတစ်ယောက်ဖြင့် သာမာန်အိမ်ထောင်သည်ဘဝကိုဖြတ်သန်းနေပါတယ်။ ခင်ပွန်း ဟန်ဂျွန်းထယ်ရဲ့ ပထမဆုံးအလုပ်တက်ရက်မှာပဲ ယောက္ခမဖြစ်သူများက နယ်မှတက်လာမည်ဟုသတင်းရသောကြောင့် ပြင်ဆင်ရင်းမှ အလုပ်သွားတက်တဲ့ယောကျ်ားကို အကြွေးဖြင့် အသက်ခြိမ်း‌ခြောက်သည့်ဖုန်းဝင်လာပါတော့တယ်။ အားကစားသမားဟောင်း ဂွန်ဆွန်းဟာ သမီးကိုတစ်ဖက်ကုန်းပိုးရင်းနဲ့ ဘယ်ဆီရောက်မှန်းမသိတဲ့ ခင်ပွန်းကို လိုက်ရှာရင်းက အလွဲပေါင်းများစွာဖြင့် မထင်မှတ်ဘဲ ရန်ဘက်ဂိုဏ်းနှစ်ဂိုဏ်းကြားထဲ ရောက်သွားသောအခါ.. အိမ်ထောင်ရှင်မတစ်ယောက်ရဲ့ တစ်ညတာစွန့်စားခန်းများကို အက်ရှင်နဲ့ဟာသလေးများရောနှောပြီး ရင်တထိတ်ထတ်ကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Khin Niက ရေးသားထားပါတယ်) File Size – 1.74 GB/ 690 MB Quality – WEB-DL 1080p/ 720p Duration – 1h 33m Format – mp4 Genre – Comedy,Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Khin Ni Encoded by – Treasure Htet

6.5 2002 91 mins
Saving My Hubby