YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Mae Pu Priao (2023) (Ep14)_1080p.mp4

983.05 MB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
24: Redemption
7

24: Redemption (2008) ================== IMDb Rating - 7.4/10 ဒီကားလေးက အမေရိကန် နာမည်ကြီး စုံထောက် စီးရီးဖြစ်တဲ့ '24' ဆိုတဲ့ စီးရီးရဲ့ အဆက် တစ်ပိုင်းတည်းအပြီး ကားလေးဖြစ် ပါတယ်။ စီးရီးမှာတော့ စုစုပေါင်း Season 9 ခုထိရှိပြီး အတော် လေးအောင်မြင်ခဲ့တယ်ပြောရမှာပါ။ ဇာတ်ဆောင်မင်းသားအနေနဲ့ ကတော့ 1990 နဲ့ 2000 ခုနှစ် တွန်ခရုစ်တို့နဲ့အပြိုင်တောက်ပခဲ့တဲ့ Kiefer Sutherland ဘဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အေးဂျင့်ဘဝကနေ အနားယူ လိုက်တဲ့ Sutherland နဲ့သူ့သူငယ်ချင်းတို့က Sangala ဆိုတဲ့ အာ ဖရိဂန်နိုင်ငံမှာ မိဘမဲ့ဂေဟာလေးမှာလုပ်အားပေးလုပ်ရင်း ဘဝကို အေးဆေးနေနေတဲ့အချိန်ပေါ့။ (Sangala ဆိုတာက Fiction ပါ၊ အပြင်မှာမရှိပါဘူး)။ တဖက်မှာလည်း အမေရိကန်တို့ သူတို့တိုင်း ပြည်မှာခြေရှုပ်နေတာကို မကြိုက်တဲ့ စစ်သွေးကြွအဖွဲ့တွေရှိနေပါ တယ်။ ဒါပေမဲ့ 24 စီးရီးမှာ သူတို့ခေါင်းဆောင်ကို အမေရိကန်တို့က လက်နက်ဖြုတ်လိုက်ပြီးပါပြီ၊ ဒါပေမဲ့ တွင်းထွက်မရှိ၊ စီးပွားရေး အခွင့်အလမ်းမရှိတော့ US တို့ဘက်က ပြန်ဆုတ်ချင်နေပါတယ်။ ဒီလိုနဲ့ ရာထူးကဆင်းပေးရတော့မယ့် US သမ္မတက နောက်သမ္မတ အသစ်မတက်ခင် သူ့အကြံအစည်အတိုင်းဖြစ်အောင် တဖက်က စစ်သွေးကြအဖွဲ့ကို တိုးတိုးတိတ်တိတ်ပြန်ပြီး လက်နက်ထောက်ပံ့ ပေးပါတယ်။ စစ်သွေးကျတွေက စစ်တပ်ထောင်ဖို့ ကလေးစစ်သား တွေလိုက်စုတဲ့အခါမှာ Sutherland တို့နဲ့ညိဖို့အကြောင်းဖန်လာပါ တော့တယ်။ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size..........(3.14 GB) / (1.1 GB) / (668 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 24Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Thetti Tun Encoder..........Zin Phyo Aung

Comedy • Drama • Family
7 2008 102 mins
24: Redemption
Happy Birthday
6.2

ခါတိုင်းတရစပ်အပြောတွေနဲ့ ရွှတ်နောက်နောက်ဟာသမင်းသားကြီး Vennela Kishore က ဒီကားထဲမှာတော့ ၀န်ကြီးနေရာကသရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအညွှန်း "No Gun ,No entry" သေနတ်သာရှိရင် ဒုစရိုက်မှုတွေနည်းမယ် သေနတ်နဲ့လူကိုလည်း ဘယ်သူမှရန်စရဲမှာမဟုတ်ဘူးဆိုပြီး လူတိုင်းသေနတ်ကိုင်ဆောင်နိုင်ရေးအဆိုကိုတင်သွင်းခဲ့သူ၀န်ကြီးကျေးဇူးနဲ့ အားလုံးဟာရတနာတွေရောင်းချပြီးတောင် သေနတ်ကိုအပြိုင်အဆိုင်ကိုင် ရပ်ကွက်ဈေးကအစ သေနတ်တွေတကြော်ကြော်အော်ရောင်းအောင်မြင်‌နေသည်ထိပါပဲ ပြသနာဆိုတာလေးက ဇာတ်လမ်းတိုင်းမှာမပါမဖြစ်ဆိုတော့ သူအဲဒီလို သေနတ်ရောင်းဝယ်ခွင့်ပါမစ်ချပေးခဲ့တဲ့အချိန်မှာ လာဘ်စားမှုလေးတွေရှိခဲ့ပါတယ် အဲဒီအမှုသက်သေရှိတဲ့သူတစ်ယောက်နဲ့ ဝန်ကြီးနဲ့က ဟိုတယ်တစ်ခုရဲ့ အခန်း ၆၉၆၉ မှာဆုံတွေ့ဖို့စီစဉ်ကြပြီး အဲဒါကို အေးဂျင့်တွေကလဲ စောင့်ကြည့်နေကြပါတယ် ဒါပေမယ့် အခန်း၆၉၆၉ ကိုလာတဲ့သူတွေက သူတို့ချည်းပဲလားဆိုတော့မဟုတ်ပါဘူး တခြားလူတွေပါ ပါဝင်လာတဲ့အခါမှာ..... ကောင်းမွန်တဲ့ ဇာတ်လမ်းဇာတ်ကွက်နဲ့ စိတ်ဝင်စားဖွယ်ရာဇာတ်ကြောင်းအရ ဒီဇာတ်ကားလေးဟာ ကြည့်လို့ကောင်းမယ့်အနေအထားပါ အတည်ပေါက်ဟာသထလုပ်တာတွေက ဇာတ်လမ်းကိုပေါ့သလိုဖြစ်စေပေမဲ့ တခါတလေတော့လည်း ကျွန်တော်တို့ ဇာတ်လမ်းတွေကို အတည်ပေါက်ကြီး ခံစားကြည့်ရှုနေရတာစိတ်ကုန်နေလောက်ပါပြီ အဲဒီတော့ ဂျက်ကီချမ်းကားတွေလိုပဲ ရီလဲရီရမယ် အက်ရှင်တွေလဲပါမယ် စပိုင်ဇာတ်လမ်းလေးလဲပါမယ် မင်းသမီးချောချောလေးတွေလဲ ကြည့်ချင်တယ်ဆိုရင် ဒီဇာတ်ကားကသင့်အတွက်ပါပဲမိတ်ဆွေ....... File size…2.27GB  / 1.17GB Quality…1080p HQ HDRIP /720p Format…mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~SaiThu Rein~Khin Khin

Action • Adventure • Crime • Fantasy
6.2 2022 154 mins
Happy Birthday
Discontinued
4.9

~ Rotten Tomatoes - 89% ~ ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာကြီးက ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တဲ့ အနာဂတ်မျိုးနွယ်စုတစ်ခုက ဖန်တီးကြိုးကိုင်ထားတဲ့ Simulated Reality တစ်ခု ဖြစ်နေမယ်လို့ တွေးဖူးကြတယ်မလား.. အနာဂတ်လူသားတွေဟာ Variables တွေ ပြောင်းလဲသွားရင် ဘယ်လိုတွေ ဖြစ်လာနိုင်လဲဆိုတာကို စမ်းသပ်ဖို့ Simulation ဘီလျံပေါင်းများစွာ ဖန်တီးခဲ့ပြီးတော့ ကျွန်တော်တို့ကမ္ဘာဟာ အဲဒီဘီလျံပေါင်းများစွာထဲက တစ်ခုပဲ ဖြစ်တယ်။ ဒီကမ္ဘာကြီးက တကယ်ပဲ Simulated Reality ဖြစ်တယ်ဆိုတာကို အဆိုပါ Creators တွေက လူသားအားလုံးကို အသိပေးလိုက်တယ်။ ပြဿနာက အဲဒီ Simulation ကြီးက တစ်ပတ်အတွင်း ရပ်တန့်သွားတော့မှာ။ Creators တွေက လူသားတွေအတွက် ရွေးချယ်စရာ ၂ခုပေးတယ်။ မင်းတို့သိခဲ့ဖူးတဲ့ လူတွေအားလုံးနဲ့ အရာအားလုံး မရှိတော့ပဲ လူက ထိန်းချုပ်စရာမလိုတဲ့ ဒီကမ္ဘာကြီးထဲမှာ ဆက်ပြီး ရှင်သန်ဖို့ကြိုးစားမလား ဒါမှမဟုတ် ရှုပ်ထွေးနက်နဲတဲ့ သိမှုတွေ မရှိတော့ဘဲ မင်းဘဝရဲ့ အကောင်းဆုံး အမှတ်တရ ၅ခုပဲ သိထားပြီး အေးချမ်းနေမယ့် ပျော်စရာနိဗ္ဗာန်ဘုံအသစ်တစ်ခုဆီ ပြောင်းမလား... တသက်လုံးနေထိုင်လာခဲ့တဲ့ ကမ္ဘာကြီးက Simulation ကြီးဖြစ်နေတာ သိလိုက်ရတော့ လူတိုင်းနီးပါးက စိုးရိမ်ကြောင့်ကြမှုဖြစ်ခဲ့ကြပေမယ့် ဆာရာက စိတ်အေးသွားရတယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးကို အဆင့်မြင့်လူသားတွေက ထိန်းချုပ်နေတာဖြစ်လို့ သူလုပ်မိခဲ့တဲ့ အမှားတွေက သူ့ကြောင့်မဟုတ်ပဲ Creator တွေကြောင့်ပဲဆိုတာ နားလည်သွားလို့ သူ့မှာ ဘာ Guilty မှ မရှိတော့ဘူး။ ကမ္ဘာကြီးမှာ ဆက်နေမယ်ဆိုရင် ဒီကမ္ဘာကို ဖျားနာအောင်လုပ်နေတဲ့ Toxic လူတွေလဲမရှိတော့ အေးအေးချမ်းချမ်းနဲ့ ဆက်လက်ရှင်သန်နိုင်မယ်။ ထွက်သွားမယ်ဆိုရင်လဲ ပျော်စရာအမှတ်တရ ၅ခုပဲရှိမယ့် အတိသုခဘုံထဲက သိမှုလေးနဲ့ ဘာအာရုံနောက်စရာမှ ရှိတော့မှာမဟုတ်ဘူးပေါ့… ခင်ဗျားဆိုရင်ရော ဘာကိုရွေးချယ်မလဲ... ဆာရာကရော ဘာကိုရွေးချယ်မယ်ထင်လဲ... ဆာရာရဲ့ ရွေးချယ်မှုက တကယ်ပဲ သူထင်သလို ဖြစ်ရဲ့လား... ကမ္ဘာကြီးကရော ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ... ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦးနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 790MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 31Min Genre - Comedy, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Crime • TV Movie • Thriller
4.9 2022 92 mins
Discontinued
Tibetan Raiders
6.3

CM ချစ် တရုတ်ကားဖန်လေးတွေအတွက် ဒီတစ်ခေါက် Tibetan Rider ဆိုတဲ့ ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင် ကယ်ဆာဘုရင်ရဲ့ ကောင်းကင်ဓားကို လေ့လာစူးစမ်းသူ ရှီးရှီးဟာဆိုရင် ငယ်ငယ်တည်းက သူ့အဖေပရော်ဖက်ဆာရဲ့ စကားတွေကြောင့် ကယ်ဆာဘုရင်နဲ့ ကောင်ကင်ဓားအပေါ်စွဲလန်းနေတဲ့အပြင်မှာမှ ဖခင်ဖြစ်သူကလည်း ဒီလေ့လာမှုကြောင့် သေဆုံးခဲ့ရတာကြောင့် မပြီးဆုံးတဲ့တာဝန်တစ်ခုလို သတ်မှတ်ပြီး အဆုံးထိ လေ့လာနေသူတစ်ဦးပေါ့.. . ဒီလိုနဲ့ သူဟာ သဲလွန်စတွေအတိုင်း ရှီချွီကို သွားဖို့လုပ်ရာနေ မာချန်ဆိုသူနဲ့ ကားငှားရင်ဆုံးခဲ့တာပါ... မာချန်နဲ့ အစပိုင်းမှာ မသင့်မြတ်ပေမယ့် တဖြည်းဖြည်း အဆင်ပြေလာရာကနေ ရှီးရှီး လေ့လာမှုမှာ တစ်နေရာက ပါဝင်ကူညီတဲ့အဆင့်ထိဖြစ်လာခဲ့တာပေါ့... တစ်ဖက်မှာလည်း ရှီးရှီးနောက်ကို ရှေးဟောင်းသုတေသီတို့ရဲ့ အဖျက်သမားအဖွဲ့ကလိုက်နှောင့်ယှက်တဲ့ဒဏ်လည်းရှိနေသေးတာမို့... ရှီးရှီးတို့ အဆုံးသတ်မှာ လေ့လာမှုအောင်မြင်ပါ့မလား... တမ်းတနေတဲ့ ကောင်းကင်ဓားရော ရှာတွေ့ပါ့မလား... နောက်ပြီး ရှီးရှီးအဖေကရော ဘာကြောင့်သေသွားရတယ်ဆိုတာ ဒီဇာတ်ကားလေး ဒေါင်းကြည့်ပြီး ခံစားကြည့်လိုက်ကြပါ... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure , Fantasy Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Comedy • Horror
6.3 2022 90 mins
Tibetan Raiders
Heaven
5.9

Imdb-6.7/10 ဒီဇာတ်ကားမှာတော့ အခြားဘောလိဝုဒ် လူသတ်သမားရှာဖွေတဲ့ကားတွေနဲ့မတူညီဘဲ လူသတ်သမားလူဆိုးကိုကြိုတင်ပြထားတာတွေ အရိပ်အမြွက်ပြောထားတာတွေနည်းနည်းလေးမှ မရှိတဲ့ စုံစမ်းရေးရဲအရာရှိတစ်ယောက်ရဲ့ အမှုကိုနည်းစနစ်ကျကျလိုက်လံစုံစမ်းဖော်ထုတ်ပုံကို အသေးစိတ်စိတ်ဝင်စားဖွယ်ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ် စုံစမ်းစစ်ဆေးရေးရဲအရာရှိပီတာကူရီရှင်းကယ် ‌ တနေ့မှာတောအုပ်ထဲမှာပုပ်ပွသေဆုံးနေတဲ့အလောင်းတစ်လောင်းကို ရှာတွေ့ရာကနေ အဲ့ဒီအလောင်းကနေရနိုင်သမျှသဲလွန်စတွေကိုအသုံးချပြီး လူသတ်သမားကိုလိုက်ဖို့ကြံစည်ပါတော့တယ် ရဲအရာရှိပီတာက ဖြောင့်မတ်ပြီးအလုပ်ကြိုးစားတဲ့ရဲတစ်ယောက်ဖြစ်ကာ သူ့အမေနဲ့သူ့ရဲ့မိတဆိုးသားလေးပဲရှိတဲ့မိသားစုကိုတောင် ‌အချိန်မပေးနိုင်ဘဲ အေးတိအေးစက်‌ဆက်ဆံတတ်တဲ့အလုပ်ကြိုးစားသူတစ်ဦး ဖြစ်ပါတယ် ဒီကားမှာတော့ ဗီလိန်နဲ့ဇာတ်လိုက် battleဆိုင်တာတွေ Tempoအတက်အကျဖြစ်အောင် အဓိကမရိုက်ပြထားဘဲ ရဲအရာရှိတစ်ဦးရဲ့ဘဝကို ထင်ဟပ်စေမဲ့လူမှုရေးတာဝန်လစ်ဟင်းမှုတွေ ဖွင့်မပြောပေမဲ့ခံစားတတ်တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာတွေ(စာရေးသူရဲ့ အဖေအတိုင်းပါပဲ)၊ကို ကွက်ကွက်ကွင်းကွင်း အသားပေးရိုက်ပြထားလို့ ကြည့်ရှုသင့်တဲ့ drama mystery ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File size…1.8GB / 861MB Quality…1080p HQ AVC AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & Allena & Kham Mon & Kevin Ag & Yunni

Mystery • Thriller
5.9 2019 90 mins
Heaven
Pirates of the Caribbean: Dead Man's Chest
7.3

ဒီတစ်ခါတော့ ကပ္ပတိန်ဂျက်စပဲရိုးတစ်ယောက် အကြွေးဆပ်ဖို့ အချိန်ကျပြီလို့ အသိပေးခံထားရပါပြီ.. ဘယ်သူ့ကို အကြွေးတင်နေတာလဲဆိုတော့ ငရဲက သင်္ဘောသားတွေနဲ့အတူ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့ ပင်လယ်သရဲကြီး ဒေဗီဂျုန်းဆီမှာပါ ဖျက်ထိုးဉာဏ်ကောင်းတဲ့ဂျက်တစ်ယောက် ပြေးလို့ မလွတ်တဲ့ အနေအထားရောက်နေတာပါ ဒီတော့ သူ့ကိုယ်သူ ကယ်တင်ဖို့ ဂျက်ကြံရဖန်ရပြန်ပါတယ်.. ဝေလ်တန်နာနဲ့ အဲလစ်ဇဘတ်သ်ဆွမ်းဆီကနေ မဖြစ်မနေအကူအညီ ယူမှရမှာပါ သူတို့ကရော ကြည်ကြည်ဖြူဖြူ ကူညီပါ့မလား ... ဒီကြားထဲ ဘယ်လိုအခက်အခဲတွေ ကြုံရလဲ ဂျက်ဘယ်လိုတွေ မဲဆွယ်လိုက်လဲဆိုတာတွေကတော့ ထုံးစံအတိုင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ဟာသကွက်လေးတွေ တိုက်ခန်းခိုက်ခန်းလေးတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမှာပါ ... ဂျက်ရဲ့ အဓိက မစ်ရှင်ကတော့ ဒေဗီဂျုန်းရဲ့ ဖွက်ထားတဲ့ နှလုံးသားကို ရှာဖွေဖို့ပါ ဒေဗီဂျုန်းမှာလည်း နှလုံးသားရေးရာ လျှို့ဝှက်ချက်လေးတွေက ရှိနေပါသေးတယ်... ဒါ့အပြင် ဝေလ်တန်နာတစ်ယောက် ဂျက်နဲ့အတူ ထူးဆန်းပြီး ကြောက်စရာစွန့်စားခန်းကို လိုက်ပေးလိုက်ရတာကိုလည်း ရင်ခုန်စိတ်လှုပ်ရှားစရာ ကြည့်ရှုရမှာပါ ဒေဗီဂျုန်းရဲ့ တစ္ဆေသင်္ဘောကြီးပေါ်မှာ ဘာတွေ ရှိနေတာလဲဆိုတာလည်း စိတ်ဝင်စားစရာမို့ ဇာတ်လမ်းလေးထဲမှာသာ ကြည့်လိုက်ပါတော့... ဇာတ်လမ်းအညွှန်းကိုတော့ ညီမငယ် May Tharaphi Lwin  ကရေးသားပေးထားပါတယ်. File Size :(8.8GB) (2.97GB) and (1.5GB) Quality : Blu-Ray 4K HEVC,1080p 5.1CH,720P Format…mp4 Duration…02:31:00 Genre :  Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Science Fiction
7.3 2006 151 mins
Pirates of the Caribbean: Dead Man's Chest
PULAU (2023)
6

သရဲကားခပ်ကောင်းကောင်းကြိုက်သူတွေအတွက် လူသူမဲ့ကျွန်းပေါ်ကို အလည်ခေါ်သွားမဲ့ မလေးရှားသရဲကားကောင်းကောင်းလေးတစ်ကားပါ။ ဇာတ်ကြောင်းကတော့ ခက်တို့ သူငယ်ချင်း၇ယောက် အားလပ်ရက်အပန်းဖြေခရီးထွက်ရင်း လူသူမဲ့ကျွန်းကြီးတစ်ခုအနီးမှာရေသွားကူးဖြစ်ကြပါတယ်။ နယ်ခံလှေဆရာကြီးပြောပြတာတော့ အဲ့ဒီကျွန်းဟာ တားမြစ်ထားတဲ့ကျွန်း၊ လူသူမနေတဲ့အပြင် ကျွန်းရဲ့ သမိုင်းကလည်းမကောင်းလှဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက် အဲ့ကျွန်းပေါ်ကနေထိုင်သူတိုင်းဟာ ကျိန်စာမိသွားပြီး သေဆုံးသွားကြတာ အလောင်းတောင်ရှာမရဘူးတဲ့....။ ခက်တို့က လူငယ်တွေပီပီ စူးစမ်းသွားကြည့်ချင်ပေမယ့် လှေဆရာကြီးက လိုက်မပို့ရဲတာနဲ့မရောက်ဖြစ်ခဲ့ဘူး...။ ဖြစ်ချင်တော့ ဒီပုံပြင်ကိုမယုံတဲ့ အခြားလူငယ်အုပ်စုတစ်ခုနဲ့ စကားအချေအတင်ဖြစ်ရင်း အလောင်းအစားတစ်ခုလုပ်မိတယ်...။ လောင်းကြေးကတော့ ရှုံးတဲ့အဖွဲ့ အဲ့ကျွန်းမှာ တစ်ညသွားအိပ်ကြေး....။ ကံဆိုးချင်တော့ ခက်တို့အဖွဲ့ရှုံးသွားပြီး အဲဒီကျိန်စာသင့်လူသူမဲ့ကျွန်းမှာ တစ်ညသွားအိပ်ရပါတော့တယ်...။ မလေးရှားသရဲကားဖြစ်လို့ ကြောက်ဖို့မကောင်းမှာ မပူရတဲ့အပြင် သရုပ်ဆောင်လူငယ်တွေကလည်းအဆင်တွေချည်းပါ။ ခက်တို့ အုပ်စုရော အဲ့ကျွန်းပေါ်ကနေ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ပါ့မလားဆိုတော့....။ File Size : 2.36GB,1009MB Quality : WEB-DL 1080P,720p Format : mp4 Duration : 01:51:00 Genre : Horror, Thriller, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Tiff

Comedy • Horror • TV Movie • Thriller
6 2023 111 mins
PULAU (2023)
Dayı: Bir Adamın Hikâyesi
6.1

Dayi: Bir Adamin Hikayesi (2021) (ယောကျ်ားတစ်ယောက်ရဲ့ ဇာတ်လမ်း) IMDb – 6.1/10 ဆုပေါင်းများစွာရရှိဖူးတဲ့ မင်းသားကြီးတွေပါဝင်ထားတဲ့ တူရကီ ဂန်းစတားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံပြီး ပုံဖော်ထားတဲ့ရုပ်ရှင်။ ဒီရုပ်ရှင်ထွက်တဲ့အချိန်တုန်းက ဝေဖန်ရေးဆရာတွေနဲ့ ပရိသတ်တွေဆီကနေ အကောင်းဆုံးတူရကီရုပ်ရှင်တွေထဲကတစ်ကားလို့ ချီးကျူးခံခဲ့ရပါတယ်။ ချေဗာဟိရှ်က ထင်ရာစိုင်းတတ်ပြီး မှားနေတာကိုမြင်ရင် အမှန်ပြင်ပေးလိုက်ဖို့ဝန်မလေးတဲ့ ခပ်ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်။ အရွယ်ရောက်လာတဲ့ထိ တဇွတ်ထိုးနိုင်လွန်းလို့ အဖေဖြစ်သူက ဘာမှ လက်ကြောတင်းအောင် မလုပ်နိုင်တဲ့ကောင်ဆိုပြီး အမြင်မကြည်တာမို့ မိခင်ဖြစ်သူက အစ္စတန်ဘူလ်မှာကြီးပွားနေတဲ့ ရပ်ဆွေရပ်မျိုးလုပ်ငန်းရှင်တစ်ယောက်ဆီကို ပို့လိုက်ပါတယ်။ ဒီမှာပဲ ချေဗာဟိရှ်ရဲ့ဘ၀ တစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။ အစ္စတန်ဘူလ်က အစ်ကိုကြီးလိုခင်ရတဲ့ လုပ်ငန်းရှင်သူဌေးက ဒုစရိုက်လုပ်ငန်းတွေ လုပ်နေတဲ့အခါမှာ ချေဗာဟိရှ်ရဲ့ ထင်ရာစိုင်းတဲ့စိတ်နဲ့ ဒီလုပ်ငန်းတွေထဲမှာ ပါဝင်ပတ်သက်မိတဲ့အခါမှာတော့…။ (aungmo3han ဘာသာပြန်ပေးထားပါတယ်) Genre….. Action, Adventure, Drama Quality…. 1080p | 720p File size… 1.5GB | 675MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

6.1 2021
Dayı: Bir Adamın Hikâyesi
Chalet Girl
6.3

IMDB 6.3/10 Rotten Tomatoes 53% ဘာဂါဆိုင်မှာ အလုပ်လုပ်ရင်းတစ်လှည့် ထမင်းချက်၊ အဝတ်လျှော်ရင်းတစ်လှည့်နဲ့ အဖေကို ပြန်ကြည့်ရှုပေးနေတဲ့ စကိတ်ဘုတ်ချန်ပီယံဟောင်း မိတဆိုးသမီးလေး ကင်မ် မက်သျူးစ်…။ သူမရဲ့ဘဝဟာ မိခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာ သေဆုံးမှုအပြီးမှာ ငွေရှာဖို့ ရုန်းကန်ရင်းနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ တစ်နေ့မှာ သူမဟာ အယ်လ်ပ်စ်တောင်တန်းတွေရဲ့ အထက်တန်း အကျဆုံး အပန်းဖြေစံအိမ်မှာ အလုပ်လုပ်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့… သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်သာမက ဘယ်လို အတွေ့အကြုံအသစ်မျိုးကိုပါ ဆယ်ကျော်သက်ကောင်မလေး ကင်မ်တစ်ယောက် ရှာဖွေတွေ့ရှိမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size…2.04GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Romance , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6.3 2011
Chalet Girl
The Consequences of Love

IMDb Rating(7.5/10) The Consequences of Love ကိုတော့ ဇာတ်ကောင်တခုအပေါ်မှာအခြေပြုပြီးဇာတ်လမ်းတွေကိုဖန်တီးတဲ့နေရာမှာနာမည်ကြီးတဲ့ ဒါရိုက်တာ Paolo Sorrentino ကရိုက်ကူးထားတာပါ၊ ဆွတ်ဇာလန်နိုင်ငံက ဟိုတယ်တခုမှာဇာတ်အိမ်ကိုအခြေတည်ထားပြီး သတ်လက်ပိုင်းအရွယ် အထီးကျန်ဆန်နေတဲ့ Titta Di Girolamo အကြောင်းကိုရိုက်ကူးထားတာပါ၊ Titta ဟာ မာဖီးယား‌ေတွနဲ့ ငွေရေးကြေးရေးပြဿနာတွေကြောင့် ဟိုတယ်မှာအကျယ်ချုပ်သဘောမျိုးအနေနဲ့နေနေရတာပါ၊မိန်းမနဲ့ကွဲနေတာကြာပြီး သာသမီးတွေ‌ရှိပေမယ့် အထီးကျန်နေရတဲ့လူတယောက်ဖြစ်ပါတယ်၊ဒီလိုနဲ့ဟိုတယ်ဘားကောင်တာက Sofia တယောက်နဲ့ရင်းနှီးစပြုလာပါတော့တယ်၊ဒီရင်းနှီးမှုက Titta တယောက်ရဲ့အထီးကျန်ဆန်မှုတွေကိုကုစားသွားနိုင်မလား သူတို့နှစ်ယောက်ကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစောင့်ကြည့်သွားရမှာပါ၊ဇာတ်ကားကခပ်အေးအေးလေးနဲ့ တွေးတောနေတာတွေများတာမို့ ပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် ဒရမ်မာ၊အချစ်၊သည်းထိပ်ရင်ဖို ရသသုံးမျိုးလုံးကိုဖော်ကျုးထားတာကြောင့် ကြည့်ရူသင့်တယ့်ဇာတ်ကားလေးတကားပါ File size…(1.6 GB)/(866 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

Action • Drama
0 2004
The Consequences of Love
The Killer
7.8

The Killer (1989) ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်… ဂျွန်ဝူးရဲ့ရွှေခေတ်…. ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ရရင်လည်း လူပီပီ နာပြကျင်ပြ ခံစားပြတယ်။ လူကိုး။ ခိုးကိုးရာမဲ့ချိန် တစ်ချိန်ချိန်မှာ စိတ်ရဲ့အမြင့်ကလည်း ပြုတ်ကျလာတတ်တာပဲ။ဒီအက်ရှင်ကားရဲ့ တစ်ချို့အခန်းတွေဟာ ရင်ထဲနင့်စရာ သိပ်ကောင်းတယ်။ ဂျွန်ဝူးဟာ သူ့ခေတ်သူ့အခါက တကယ်တော်ခဲ့တဲ့ ဆရာတစ်ပါးပါပဲ။ ရုပ်ရှင်ကိုတောင် ရိုက်နေရင်းမှ ဇာတ်ညွှန်းရေးခဲ့တဲ့သူ တစ်ယောက်ပါ။ နောက်ဒီရုပ်ရှင်ကို ရိုက်ရာမှာ ပီပီပြင်ပြင်ရှိစေဖို့ ဂျွန်ဝူးဟာ တကယ့်သေနတ်အစစ်တွေသုံးပြီး ရိုက်ခဲ့တယ်။ လမ်းမပေါ် ရိုက်တဲ့အချိန်ဆို ဖြတ်သွားဖြတ်လာ လူတွေကတောင် ဓားပြတိုက်နေတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါပဲ။ 1991မှာ အနောက်ကလူတွေက ဒန်ဇယ်ဝါရှင်တန်နဲ့ Remakeလုပ်ဖို့ ကြံခဲ့ကြပါတယ်။ နောက်ကျ ဟောလိဝုဒ်က ဒန်ဇယ်နဲ့ Remake လုပ်ဖို့ အဆင်မပြေတော့ ကီယာနူးရိဗ်ကို ငှားခဲ့ပေမဲ့ သူကတော့ ငြင်းလိုက်ပါတယ်။ မငြင်းရင်လည်း အဆင်ပြေမယ်မထင်ပါဘူး။ သို့ပေမဲ့ ကီယာနူးရိဗ်ဟာ John Wickမှာမှ The Killerကို Inspiration ယူခဲ့တယ်။ အစမှာတော့ ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ပြောကြတာကို နည်းနည်းလွန်တယ် ထင်မိပေမဲ့ ဇာတ်အသိမ်းမှာတော့ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး။ ဒါရိုက်တာဟာ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ့် အရသာတစ်ခုကို ထပ်ဆောင်းပေးခဲ့လိုက်ပြီ။ ဒီအရသာက ကျွန်တော် ဘယ်တော့မှ မေ့တော့မှာမဟုတ်တဲ့ အရသာတစ်ခုပဲ။ ရုပ်ရှင်အပြီးမှာ တစ်ခုသောစာသားကလေးကိုပဲ ကျွန်တော် ပြေး သတိရမိတယ်။ ” ဘဝသည် နာကျင်ဖွယ်အတိနဲ့ ကြင်နာတတ်ကြောင်း ပြလိမ့်ဦးမည်”တဲ့…… (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 890MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 51Min Type – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.8 1989 110 mins
The Killer
The Venice Murders
4.3

The Venice Murders (2024) The Venice Murders ဆိုတဲ့ ခေါင်းစဉ်အတိုင်း အတိုင်း ဒီဇာတ်လမ်းရဲ့ ဇာတ်အိတ်ကို ဗင်းနစ်မှုက လူသတ်သမားတွေရဲ့ လူသတ်မှုအကြောင်း ဇာတ်အိမ်တည်ထားတာပါ။ တစ်နေ့မှာ စီလီယာလို့ခေါ်တဲ့ အမေရိကန်သူဟာလေး ဝင်ငွေကောင်းတဲ့အလုပ်ကို လုပ်နေလျက်နဲ့ ကျောင်းဆက်တက်ချင်လို့ ရှိသမျှစုငွေတွေအားလုံးနီးပါးကိုရင်းပြီး အီတလီမှာယဉ်ကျေးမှုအနုပညာဘာသာကို သင်ဖို့ အီတလီနိုင်ငံဗီးနစ်မြို့ကိုလာခဲ့ပါတယ်။ လာလာချင်းဖို့ ကံအားသင့်လျော်စွာနဲ့ သူတက်မယ့်ကျောင်းကနေပြီးတော့ သူ့ကိုလာကြိုပေးဖို့ မက်တီယိုဆိုတဲ့ကိုယ်စားလှယ်တစ်ယောက်ကို လွှတ်ပေးလိုက်ပါတယ်။ ဖြစ်ချင်တော့ ဒီကိုယ်စားလှယ်ဆိုတဲ့သူကို သူ့ရဲ့အခန်ဖော်ဖြစ်တဲ့ အီဗီကလည်း သိနေခဲ့ပါတယ်။ ဒီလိုနဲ့ မက်တီယိုနဲ့သိကြတဲ့ သူငယ်ချင်းနှစ်ယောက် တစ်ညမှာ ညစာအတူသွားစားခဲ့ကြပါတယ်။ ဒါပေမဲ့ ညစာစားအပြီး အီဗီကအရင်ပြန်သွားခဲ့ပါတယ်။ အီဗီ့ကိုစိုးရိမ်တကြီးနဲ့ အီဗီနောက်ကနေလိုက်ဖို့ကြိုးစားခဲ့ပေမယ့်လည်း အီဗီဟာအစမရှိအောင်ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့နောက်နေ့မနက်လည်း ကျောင်းဆောင်ကို အီဗီတစ်ယောက်ပြန်မရောက်လာတဲ့အခါမှာတော့ စီလီယာဟာ ရရာနည်းမျိုးစုံသုံးပြီး သူ့သူငယ်ချင်းကိုကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.6 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:26:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Drama
4.3 2024 85 mins
The Venice Murders
Happiness
7

Happiness (2007) ***************** IMDb….. 7.0 ဒီတစ်ခါမှာတော့ Hwang Jung-min၊ Im Soo-jung နဲ့ Gong Hyo-jin တို့လို တကယ့် ထိပ်တန်းသရုပ်ဆောင်တွေ ပါဝင်ထားပြီး သူ့ခေတ်သူ့အခါတုန်းက ရုံဝင် အရမ်းကောင်းခဲ့တဲ့ Happiness ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ပြိုးပြိုးပြက်ပြက် မီးရောင်တွေအောက်က ကလပ်ပိုင်ရှင် ယောင်းဆူ… ကလပ်ပိုင်ရှင်ပီပီ အရက်၊ဆေးလိပ် အကုန်သောက်ရာကနေ အသည်းခြောက်ရောဂါကဖြစ် စီးပွားရေးကလည်း တစ်စတစ်စ ဆုတ်ယုတ်လာပြီး နောက်ဆုံး နယ်မြို့လေးမှာရှိတဲ့ စောင့်ရှောက်ရေးဂေဟာမှာ နေဖို့ဖြစ်လာတော့တယ်။ ယောင်းဆူ စောင့်ရှောက်ရေးဂေဟာကို ရောက်လာပြီးနောက်မှာပဲ အဲဒီမှာရှိနေတဲ့ နာတာရှည်အဆုတ်ရောဂါသည်လေး အွန်ဟီးနဲ့ လူငယ်ချင်း သဘောကျရာကနေ နှစ်ယောက်အတူ အပြင်ထွက်နေဖို့ လုပ်ပါတော့တယ်။ ရောဂါသည်နှစ်ယောက် တစ်အိုးတစ်အိမ် ထူထောင်တာ အဆင်ပြေပါ့မလား.. မြို့ကြီးသားယောင်းဆူကရော နယ်ဘက်မှာ သူနေခဲ့တဲ့ ဘဝနဲ့ လုံးဝ မတူတော့တဲ့ ဘဝတစ်ခုမှာ နေနိုင်မှာလား.. ယောင်းဆူရဲ့ ရည်းစားဟောင်း ဆူယွန်းပေါ်လာတဲ့အခါမှာရော ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာတွေကို သရုပ်ဆောင်ချက် အမိုက်စားတွေနဲ့ လှလှပပ ပုံဖော်ထားတဲ့ကားလေးဖြစ်တဲ့အတွက် ကြည့်ကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ MMyo ပဲ ဖြစ်ပါတယ်။) File Size : 3.10GB/ 1.23GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:04:13 Genre : Romance, Life, Melodrama Subtitle : Myanmar Subtitle (Hard Sub) Translated by MMyo Encoded by Tiff

Drama • Adventure
7 2007 124 mins
Happiness