YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Mae Pu Priao (2023) (Ep12)_1080p.mp4

910.26 MB N/A video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Phantoms
5.4

မြို့ငယ်လေးတစ်ခုက ရှိသမျှ‌လူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။ မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေ‌သူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ... လူသားမျိုးနွယ်ရဲ့ မျိုးတုံး‌ပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။ တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။ ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl Harbor (2001) ရဲ့ မင်းသားကြီး၊ Good Will Hunting (1997) ရဲ့ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာ၊ ရွှေကမ္ဘာလုံးဆု သုံးဆုရှင်ကြီးက ဦးဆောင်ပါဝင်ထားပါတယ်။ မင်းသမီးကတော့ Horror Films Queen ဖြစ်တဲ့ သရဲကားထိပ်ခေါင်တင် Rose McGowan ပါပဲ။ Scream (1996) နဲ့ Devil in the Flash (1998) တို့ရဲ့ အကြီးအကျယ်အောင်မြင်ခဲ့သူ မင်းသမီးကြီးပါ။ အခြား သရုပ်ဆောင်များအနေနဲ့ Lawrence of Arabia (1962) ရဲ့ မင်းသားကြီး Peter O'Toole ရယ်၊ Joanna Going တို့လိုသရုပ်ဆောင်များနဲ့ ဝေဝေဆာဆာရိုက်ကူးထားလို့ ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားဟောင်းလေးပါလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 840MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
5.4 1998 91 mins
Phantoms
The Lord of the Rings: The Fellowship of the Ring
8.4

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(8.1 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:48:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Drama • Sci-Fi & Fantasy
8.4 2001 179 mins
The Lord of the Rings: The Fellowship of the Ring
The Last Letter from Your Lover
6.7

The Last Letter from Your Lover(2021) ************************************* “ဘာလို့လဲ အချစ်ရယ် မင်းမရှိတဲ့အချိန်တွေမှာ ကိုယ်ဟာ ဘာကြောင့်များ အသက်မဲ့သလို ခံစားနေရတာလဲ” ====အန်းနက်စ်ဟယ်မင်ဝေး=== မင်းနဲ့ကိုယ်ဟာ အမှတ်မထင်တွေ့ဆုံခဲ့ရပြီး မင်းဟာ ကိုယ့်အတွက်မဟုတ်သလို ကိုယ်ဟာ လောင်မြိုက်မှုတွေကြားမှာ နေသားတကျ။ အမည်တပ်မရတဲ့ ကိုယ်တို့ရဲ့ဆက်ဆံရေးတွေကို တိတ်တခိုးပုံဖော်ရင်း ဆုပ်ကိုင်စရာ မယ်မယ်ရရမရှိတာကိုတောင် ကိုယ် လောဘကြီးချင်နေမိတယ်။ တားမြစ်ထားတဲ့ ကိုယ်တို့ရဲ့အချစ်ကို မရမကတည်ဆောက်ရင်း မင်း ကိုယ့်ဆီရောက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်စောင့်နေဆဲပါ။ သတင်းစာတိုက်တစ်ခုရဲ့ ဂျာနယ်လစ်ဖြစ်သူ အယ်လီဟာ အမျိုးသမီးအယ်ဒီတာတစ်ယောက်ဆုံးသွားလို့ အဲဒီအယ်ဒီတာအကြောင်းဖော်ပြဖို့ သူချန်ထားခဲ့တဲ့စာတမ်းတွေကို လှန်လှောရင်း အမှတ်မထင် စာတစ်စောင်တွေ့လိုက်ရပါတယ်။ ထပ်ပြီးမွှေနှောက်ရင်း ဒီလိုပေးစားအများအပြားကို ထပ်တွေ့ခဲ့ရပြီး ဒီစာတွေထဲမှာ ၁၉၆၅ခုနှစ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကိန်းအောင်းနေတာ သိလိုက်ရပါတယ်။ ဒီတော့ အယ်လီဟာ ဒီစာတွေရဲ့ပိုင်ရှင်တွေ ဘာဆက်ဖြစ်သွားလဲဆိုတာ သိရှိဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကိုပဲ ပါဝင်စီးမျောစေလိုတာကြောင့် ဒီလောက်ပဲ ပြောပြပါရစေခင်ဗျာ။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုဟာ Me Before Youရဲ့ စာရေးဆရာမဖြစ်တဲ့ Jojo Moyesပဲ ရေးသားထားတာကြောင့် အချစ်ဇာတ်လမ်းစစ်စစ်တစ်ပုဒ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။ သရုပ်ဆောင်အတွေအနေနဲ့ကလည်း တေလာဆွစ်ရဲ့ London boyလေး Joe Alwyn၊ Fantastic Beasts ဇာတ်ကားတွေထဲက Newtရဲ့အစ်ကိုအဖြစ်သရုပ်ဆောင်သူ Callum Turner၊ Divergent series တွေရဲ့မင်းသမီး Shailene Woodleyနဲ့ The Theory of Everythingထဲက မင်းသမီး Felicity Jones စတဲ့ နာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ အချစ်ကားစစ်စစ်ကိုမှ ကြိုက်တဲ့သူတစ်ယောက်ဆို ကြည့်မိရင် လုံးဝနောင်တမရဘူးဆိုတာ အာမခံပါတယ်ခင်ဗျာ။ File Size : (1.5 GB) and (595 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:50:00 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by JANE Encoded by Phyo Pyae

Action • Crime
6.7 2021
The Last Letter from Your Lover
God’s Time
6.5

God’s Time(2022) **************** ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကို အမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ လူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။ လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကို သတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင် အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့် နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာ တခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။ File Size : (2.9GB) and (995MB) Quality : AMZN.WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:23:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

6.5 2022
God’s Time
From the Ashes
5.2

From the Ashes (2024) ဒီကားလေးကိုတော့ ဆော်ဒီအာရေဗျမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးသီးသန့်ကျောင်းတစ်ကျောင်း မီးလောင်တဲ့အကြောင်း ဖြစ်ပါတယ်။ မီးလောင်နေတုန်း ဆရာမတွေရော ကျောင်းသူတွေရော ဝရုန်းသုန်းကားတွေဖြစ်၊ အဲဒါအပြင်ကို စတိုခန်းထဲမှာပိတ်မိနေတဲ့ ကျောင်းရဲ့စံပြကျောင်းသူလေး အသက်သေဆုံးသွားတာကြောင့် ကျောင်းအုပ်ဆရာမကြီးက တရားခံရှာပုံတော်ဖွင့်တာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ သင်ခန်းစာတွေပါတဲ့ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီကားလေးက‌ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ တစ်နာရီခွဲစာအချိန်လေးမှာ ပေးချင်တဲ့မက်ဆေ့ဂ်တွေ သင်ခန်းစာတွေ တပြုံတခေါင်းကြီး ပြွတ်သိပ်ထည့်တာကို အားရပါးရကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 745MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 32Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.2 2024
From the Ashes
Dark Windows

Drama နဲ့ Horror အစိတ်အပိုင်းတို့ အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ် ‘တေလီ’ ‘မိုနီကာ’ ‘ပီတာ’ ‘အာလီ’ တို့ သူငယ်ချင်း ၄ ယောက်သား ကားပေါ်မှာ… အာလီ့ ကို ဝိုင်းစကြနောက်ကြရင်း အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတယ် ဒါကို ‘တေလီ’ က အပြစ်ရှိစိတ်ကြောင့် ဖြေမဆည်နိုင်ဖြစ်နေတဲ့အတွက် မိုနီကာ၊ ပီတာတို့က ဖြောင်းဖျပြီး… နယ်ဘက်က ဘိုးဘွားပိုင်အိမ်လေးကို စိတ်ပြေလက်ပျောက် ခရီးထွက်လာတယ် လွမ်းစရာ၊ နာစရာတို့ကို ပျော်စရာနဲ့ဖုံးပြီး မေ့ဖျောက်ပြီး လာခဲ့တဲ့ အပျော်ခရီးလေးကနေ… အပြစ်ရှိစိတ်၊ ပူဆွေးခြင်းတို့က သူတို့ကို ဆက်လက်ခြောက်လှန့်လို့ အိမ်လေးကလည်း အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ် ခေါ်သံသဲ့သဲ့ကြားနေရသလို အာလီတစ္ဆေက သူတို့ကို ဘယ်လိုဆက်ပြီး ဒုက္ခပေးသွားမလဲဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်အားပေးလိုက်ပါဦး File size…(919 Mb)/(525 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:20:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Drama • Crime • Thriller
0 2023 80 mins
Dark Windows
Cursed

Now You See me , Social Nwtwork တို့နဲ့နာမည်ကြီးခဲ့တဲ့ Jesse Eisenberg ရဲ့ ၂၀၀၅ ခုနှစ်ကထွက်ခဲ့တဲ့ သမန်းဝံပုလွေဇာတ်ကားလေးဖြစ်ပါတယ် အယ်လီနဲ့ ဂျင်မီတို့ မောင်နှစ်မ ၂ ယောက်ဟာ အိမ်ပြန်လမ်းမှာ အမျိုးသမီးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိလို့ ထွက်ကြည့်ရာကနေ သတ္တဝါကြီးတစ်ကောင် ကိုက်တာခံလိုက်ရပါတယ် နောက်တော့ သူတို့ကိုကိုက်လိုက်တာ သမန်းဝံပုလွေတစ်ကောင်မှန်းသိလာပါတယ် သူတို့ မောင်နှစ်မ ၂ ယောက်လည်း လပြည့်နေ့ သန်းခေါင်ယံညမှာ…ဝံပုလွေအဖြစ် ပြောင်းလဲသွားမဲ့ ကျိန်စာကို ဖြေဖျက်ဖို့ ကြိုးစားရင်း သူတို့ကို တိုက်ခိုက်ခဲ့တဲ့ မူရင်းဝံပုလွေကောင်ကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်… Cursed ဆိုတဲ့အတိုင်း ဒီဝံပုလွေကျိန်စာကို ဘယ်လိုကြိုးစား ပယ်ဖျက်သွားမလဲဆိုတာ ကြည့်ရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.7 GB)/(899 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Horror, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

0 2005
Cursed
Your Mother’s Son
5.6

Your Mother’s Son (2024)==================မကြာခင်လာတော့မယ့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကားတစ်စီးဖြတ်မောင်းသွား၊ လှုံ့ဆော်သွားသလို၊လက်ကမ်းစာစောင်တွေပါဝေသွားပေမယ့် ဆင်းရဲပြီးတစ်နေ့စာတစ်နေ့အနိုင်နိုင်ရှာစားနေရတဲ့ ရွာသားတွေကတော့ ဘာကိုမှဂရုမစိုက်နိုင် သတိမထားမိနိုင်ပါဘူး။အဲ့ဒီရွာမှာသက်လတ်ပိုင်းအမျိုးသမီး ဆာရာနေထိုင်ပါတယ်။ဆာရာဟာ တစ်ချိန်ကကျောင်းဆရာမတစ်ယောက်ဖြစ်ခဲ့ပြီး အခုချိန်မှာတော့ ကိုဗစ်ကပ်ဆိုက်နေတဲ့အတွက် ကျောင်းသားတွေကို အွန်လိုင်းကနေ စာသင်သလို၊တစ်ဖက်ကလည်း အွန်လိုင်းပေါ်ကပဲ မုန့်ရောင်း၊အဝတ်လျှော်တဲ့ အလုပ်တွေကိုပါ မနေမနားလုပ်ကိုင်ရုန်းကန်နေသူပါ။သူ့မှာဆယ်ကျော်သက်သားတစ်ယောက်ရှိပြီး မကြာသေးခင်ကမှ သူအလုပ်လုပ်နေတဲ့စားသောက်ဆိုင်ပိတ်ခံထားရလို့ အလုပ်ပြုတ်ထားပါတယ်။ဒါပေမယ့်လည်းအလုပ်ရှာဖို့မကြိုးစားသလို ဆာရာရဲ့အလုပ်တွေကိုလည်း ဝင်မကူပဲ အိပ်ယာထဲမှာပဲ လူးလှိမ့်နေရင်းအချိန်ကုန်တတ်ပါတယ်။ဆာရာ့ဆီမှာ မုန့်လုပ်၊အဝတ်လျှော်အကူလုပ်နေတဲ့ အေမီဆိုတဲ့ကောင်မလေးနဲ့လည်း အီစီကလီဆက်ဆံရေးရှိပါသေးတယ်။ ဒါပေမယ့်လည်း ဒါတွေဟာ အပြင်က သူတို့အပေါ်မြင်ရတဲ့ အမြင်ပဲဖြစ်ပါတယ်။ တကယ်တမ်းအိမ်တွင်းထဲမှာတော့..။တကယ်တမ်းတော့ ဆာရာနဲ့သူ့သားလို့အများကိုပေးသိထားတဲ့ အမ်မန်းတို့ဟာ လင်မယားတွေဖြစ်ပါတယ်။သားအမိအသက်အရွယ်လောက် ကွာနေတဲ့အတွက်ပတ်ဝန်းကျင်ရဲ့စူးစမ်းမှုတွေကိုရှောင်ဖို့အတွက် ဒီလိုပဲသတင်းလွှင့်ထားတာဖြစ်ပါတယ်။သူတို့ဟာ တစ်နေရာမှာအမြဲမနေပဲ လူတွေသိလာ ရင်းနှီးလာပြီဆိုရင် တစ်ခြားနေရာကိုရွှေ့ပြောင်းနေထိုင်လေ့ရှိပါတယ်။တစ်နေ့တော့ ဆာရာစာသင်နေတဲ့ကျောင်းသားတစ်ယောက်ကို သူ့အိမ်ကိုဖိတ်ခေါ်လာရာကနေ နဂိုကတည်းက တအုံနွေးနွေးဖြစ်နေတဲ့ မနာလိုမှု၊ ဖောက်ပြန်မှု၊ ရမ္မက်တွေဟာ အဆုံးစွန်အထိအကြမ်းဖက်ပေါက်ကွဲထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(1GB)/(500MB)Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:40:00 Genre_Adult, Drama, Family Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Thriller
5.6 2024
Your Mother’s Son
My Little Bride
7.1

My Little Bride (2004) IMDb Rating (7)/Rotten Tomotoes (70%) ဒီဇာတ်ကားလေးကတော့ ကိုရီးယားကားတွေကို ကမ္ဘာကသတိထားမိစေခဲ့တဲ့ ၂၀၀၀ ခုနှစ်နှောင်းပိုင်း အချစ်ဟာသရုပ်ရှင်ကားလေးဖြစ်ပြီး ကိုရီးယားလှိုင်း စတင်လှုပ်ခတ်မှုမှာ နေရာတစ်နေရာကပါဝင်ခဲ့ပါတယ်။ ချစ်စရာအမူအယာတွေနဲ့ ကိုရီးယားတို့ရဲ့ ရှေးရိုးစွဲရိုးရာယဉ်ကျေးမှု လူမှုဘဝနေထိုင်မှုပုံစံတချို့ကို ပေါ့ပေါ့ပါးပါးမိတ်ဆက်နိုင်ခဲ့ပြီး ကြည့်မိသူတိုင်းမှတ်မိလွယ်စေခဲ့ပါတယ်။ အဓိက သရုပ်ဆာင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ နာမည်ကြီးတဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားမှာ Kim Rae Won ရဲ့ အစ်ကိုကြီးတစ်ယောက်လို ရုပ်တည်ကြီးနဲ့ ပေါက်ကရတွေရော နစ်နာခံမှုတွေရောမြင်တွေ့ရမှာဖြစ်ပြီး Moon Geun Young ရဲ့ ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုးဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေက အဓိကအသက်ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မတူညီတဲ့တွဲဖက်မှုဟာ ကြည့်နေတဲ့သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လိုအချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူးသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေးတခုဖြစ်ပြီး ငယ်ဘဝရဲ့အမှတ်တရဇာတ်ကားလေးမလို့ 1080p Quality နဲ့ပြန်လည်တင်ဆက်လိုက်ပါတယ်။

Drama • Fantasy
7.1 2004 115 mins
My Little Bride
Dinosaur
6.4

Dinosaur (2000) IMDb Rating (6.4) / Rotten Tomatoes (65%) ဆုတွေအများကြီးရထားတဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ နာမည်ကြီး live-action အင်နီးမေးရှင်း ဇတ်ကားကောင်းတစ်ခု.. ကမ္ဘာပေါ်မှာ ဒိုင်နိုဆောတွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း ၂၄၅ နှစ်ကပေါ်လာခဲ့ပြီးလွန်ခဲ့တဲ့ နှစ် ၆၆သန်းမှာမျိုးတုန်းပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ ဒိုနိုဆောဆိုတဲ့နာမည်ဟာ ဂရိဘာသာစကားကနေဆင်းသက်လာပြီးကြောက်စရာကောင်းတဲ့ အိမ်မြှောင်ကြီးလို့အဓိပ္ပါယ်ရပါတယ် ။ ဒိုင်နိုဆောတိုင်းကတော့ ကြောက်စရာကောင်းနေတာမဟုတ်ပါဘူး။ ရုပ်ကြွင်းတွေကနေဖော်ထုတ်ချက်အရ ဒိုင်နိုဆောတွေဟာတစ်ကယ်ရှိခဲ့တဲ့သတ္တဝါတွေဖြစ်ပြီး မျိုးစိပ် ၇၀၀ နဲ့ အမည်အတိအကျပေးနိုင်တာ မျိုးစိပ် ၃၀၀ ရှိပါတယ်။ လီးမာကောင်လေးတွေကတော့ မျောက်နဲ့တူပေမယ့် မျောက်မဟုတ်ပါဘူး ။သူ့ကို လူ မျောက် မျောက်ဝံတွေနဲ့အတူ ပရိုင်းမိတ်အုပ်စုထဲပဲထည့်ထားပါတယ် လီးမာတွေကဒိုင်နိုဆောတွေမျိုးမတုန်းခင် လွန်ခဲ့တဲ့နှစ် ၆၅ကနေ၇၅သန်းအတွင်းပေါ်လာခဲ့တယ်လို့ဆိုကြပါတယ်။ ဇတ်လမ်းအကျဥ်း လွန်ခဲ့နှစ်ပေါင်း၆၅သန်းခန့်ကလီးမာသတ္တဝါလင်မယား”ယာ”နဲ့“ပလီယို”ကတစ်နေ့မှာဒိုင်နိုဆောဥတစ်လုံးကိုတွေ့လို့ လွှင့်ပစ်မယ်လုပ်တုန်း မလွှင့်ပစ်နိုင်ပဲ ဥထဲကနေဒိုနိုဆောလေးပေါက်လာတဲ့အခါ သူတို့ရဲ့မွေးစားသားလေး “အလက်ဒါ” ဖြစ်လာပါတယ် ။ အလက်ဒါလေးကအသီးအရွက်စား ဂျက်ကာဆောရပ်စ် အမျိုးအစားဒိုင်နိုဆောလေးပါ။သူက iguanodonမျိုးထဲပါပါတယ်။ ပလီယိုတို့မှာ“ဇင်နီ”ဆိုတဲ့သားတစ်ယောက်နဲ့ “ဆူရီ” ဆိုတဲ့သမီးလေးတစ်ယောက်ရှိပါတယ်။အလက်ဒါလေးအရွယ်ရောက်လာပါတယ်။လီးမားလေးတွေနဲ့ဆော့ကစားပျော်ရွှင်နေပါတယ် ။တစ်ခါမှတော့ တစ်ခြားဒိုင်နိုဆောတွေကိုသူမတွေ့ဖူးသေးပါဘူး။ ဇင်နီလေးကလည်းကြင်ဖက်ရှာဖို့ကြိုးစားပေမယ့် မရရှာပါဘူး။ အဲဒီနေ့မှာပဲကောင်းကင်က ဥက္ကာခဲတွေ မီးလုံးတွေကျလာပြီးတစ်တောလုံးပျက်စီးမီးလောင်တော့” ယာ”တို့ မိသားစုလေးယောက်နဲ့ အလက်ဒါတို့အသက်လုထွက်ပြေးရပါတယ်။ ထွက်ပြေးရင်းနောက်ကနေစားဖို့လိုက်လာတဲ့ကာနိုတောရပ်စ်အသားစားဒိုင်နိုဆောတွေလက်ကနေလွတ်အောင်အသက်လုပြေးရပြန်ပါတယ်။ သိပ်မကြာခင်မှာပဲ တစ်ခြားဒိုင်နိုဆောအုပ်နဲ့သွားတွေ့ပါတယ် ။ သူတို့က ဥဥပြီးအသိုက်လုပ်မယ့် နေရာကိုသွားနေကြတာပါ။ နောက်ကျကျန်ရစ်တဲ့သက်ကြီးဒိုင်နိုဆောတွေကို အလက်ဒါကစောင့်ခေါ်ပေးပါတယ် ။ သူတို့ကအမှီမလိုက်နိုင်လို့စောင့်ခေါ်ပေးဖို့ အုပ်စုခေါင်းဆောင်“ခရွန်”ကိုပြောတဲ့အခါခရွန်ကလက်မခံပါဘူး ။ အလက်ဒါက ခရွန့်ရဲ့ ညီမ” နီးရာ” နဲ့စတွေ့ပါတယ်။ အသားစားကာနိုတောရစ်ပ်တွေက နောက်ကဆက်လိုက်လာပါတယ်။ အလက်ဒါတို့အုပ်စုဘာတွေကြုံရမလဲခရွန်တို့အုပ်စုဘာတွေဖြစ်ကြမလဲ ဥဥပြီးအသိုက်လုပ်မယ့်နေရာကဘယ်လိုမျိုးလဲ ရောက်ရောရောက်ကြပါ့မလားဆိုတာကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်ကြပါ။ ဇတ်ကားမှာ သဘောကျမိတဲ့အချက်တွေဒီကားမှာတေးဂီတပိုင်းကိုကြိုက်ပါတယ်။ ဥက္ကာပျံဥက္ကာခဲတွေကျပြီးတစ်တောလုံးမီးလောင်လို့ကျန်တဲ့သူတွေအကုန်သေဆုံးကုန်တာကို ဝမ်းပမ်းတနည်းငေးကြည့်နေကြတဲ့အခန်းမှာသုံးထားတဲ့ဂီတကတကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဇတ်ကားသမိုင်းကိုရှာကြည့်တော့ ဒီဇတ်ကားရဲ့ တေးဂီတကဆုတွေရထားပါတယ်။ နောက်ခံ အသံသရုပ်ဆောင်တွေကလည်းတစ်အားကောင်းပါတယ်။ သဘာဝကျသလိုဆွဲဆောင်မှုရှိပြီးဇတ်ကောင်တွေကအသက်ဝင်လာပါတယ်။ အလက်ဒါအဖြစ်သရုပ်ဆောင်တဲ့Daniel Bernard Sweeney ရဲ့အသံချိုချိုလေးက သဘောကျစရာကောင်းပါတယ်။ ဇတ်သိမ်းမှာပလီယိုပြောတဲ့စကားလေးတွေကလည်းတကယ်ကိုနှစ်သက်စရာကောင်းပါတယ်။ ဟုတ်ပါတယ် ဒီရုပ်ရှင်လေးကြောင့်ပဲပရိသတ်တွေက “သူတို့ရဲ့အဲဒီမှာရှိခဲ့တဲ့ချိန်တွေကိုနည်းနည်းလေးဖြစ်ဖြစ်နောင်မှာအမှတ်ရနေကြမှာပါ” ကွန်ပြူတာနဲ့ ဇတ်ကောင်တွေကိုဖန်တီးထားပေမယ့်နောက်ခံကတော့ရိုက်ကွင်းအစစ်တွေကိုသုံးထားပြီးဗင်နီဇွဲလားနိုင်ငံ အမျိုသားဥယျဥ်နဲ့အိန်ဂျယ်ရေတံခွန်ကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်ထဲကနေရာတွေ ဖလော်ရီဒါပြည်နယ်ထဲကနေရာတွေ ဟာဝိုင်ယီကျွန်းစုထဲကကျွန်းနှစ်ကျွန်းသြစတေးလျနိုင်ငံနေရာတစ်ချို့ ဆမ်မိုအာကမ်းခြေနဲ့ဂျော်ဒန်နိုင်ငံရိုက်ကွင်းတွေပါပါတယ်။ ဒါကြောင့်မို့ ရူခင်းရူကွက်တွေကတကယ်ကို သဘာဝကျလှပနေတာပါ။ ဒါရိုက်တာက Eric Leighton နဲ့RalphZondag ဖြစ်ပါတယ်။ တကယ်ကိုကောင်းပါတယ် ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.6 GB) / (930 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Drama, Family Duration….01:22:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Action
6.4 2000 82 mins
Dinosaur
My Fault: London
6.2

My Fault: London (2025) IMDb Rating (6.2) ဒီရုပ်ရှင်ကတော့ အလန်းစားလူငယ် Cast တွေနဲ့ ရိုက်ကူးထားတဲ့အချစ်အနမ်းခပ်ကြမ်းကြမ်း ဒရမ်မာကားကောင်းဖြစ်ပါတယ်။ ငယ်ငယ်ထဲက ကွဲသွားပြီး အင်္ဂလန်မှာ နောက်အိမ်ထောင်ကျသွားတဲ့ မိခင်ရဲ့လှမ်းခေါ်မှုကြောင့်အမေရိကန် ဖလော်ရီဒါကနေ အင်္ဂလန်က အမေနောက်ကို လိုက်သွားဖို့ နိုအာဆိုတဲ့ ကောင်မလေးမှာ ကံပါလာပါတယ်။ သူနေရာမယ့် အိမ်မှာ သူ့ပထွေးနဲ့ သူ့ရဲ့သားဖြစ်သူ နစ်ခ်တို့နဲ့ အတူနေဖို့ရှိလာတယ်။ နစ်ခ်က မြေအောက်လက်ဝှေ့ဝိုင်းတွေထိုး ကားတွေပြိုင်မောင်းတတ်တဲ့ RK Bad Boy လေးပေါ့ရောက်ခါစတော့ နိုအာနဲ့ နစ်ခ်တို့ ဘယ်လိုမှ အစေးမတည့်ပေမဲ့ နောက်ပိုင်းအနေနီးလို့ ကိစ္စတစ်ခုကနေတစ်ခု တစ်ခုသံယောဇဉ်တွေတွယ်ပြီးအကြောင်းတိုက်ဆိုင်လာတဲ့အခါ ဘာတွေဆက်ဖြစ်သွားမလဲ ကြည့်ရှုရမယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(7.6 GB) / (2 GB) / (1 GB) Quality….Web-Dl 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo, Thiha Yan Naing

Comedy • Drama
6.2 2025
My Fault: London
Vengeance
5

Vengeance (2006) **************** ဒီဇာတ်လမ်းကတော့ ထောင်ဖောက်ပြီး ထွက်ပြေးသွားတဲ့ ထောင်သားတွေကို လိုက်ဖမ်းရင်း ကျိန်စာသင့် သစ်တောထဲကို ရောက်သွားကြတဲ့ ရဲအဖွဲ့ရဲ့အကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်… Action, Fantasy, Horror, Thriller အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ကြည့်ရဦးမှာပါ… ထောင်သားတွေဟာ ထောင်ထဲကနေ ထွက်ပြေးလာတဲ့နောက် ရဲတွေရဲ လက်က လွတ်မြောက်ဖို့အတွက် မြန်မာနှင့် ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ သစ်တောကြီးကို ဖြတ်ပြီး မြန်မာနိုင်ငံထဲကို ဝင်ဖို့ ကြိုးစားကြပါတယ်… တစ်ဖက်မှာ ရဲအရာရှိအသစ်ကလည်း ရာဇဝတ်သားတွေကို ဖမ်းဆီးချင်တဲ့ စိတ်ဓာတ်တွေ တက်ကြွနေတာကြောင့် ရေဆုံးမြေဆုံး လိုက်လာပါတော့တယ်…သူတို့ မသိကြတာကတော့ အဲဒီသစ်တောကြီးထဲမှာ ထူးဆန်းတဲ့လူမျိုးစုတွေနဲ့ သတ္တဝါကြီးတွေ နေထိုင်နေကြတယ်ဆိုတာပါပဲ… ဒီလိုနဲ့ ထောင်သားအဖွဲ့နဲ့ ရဲအဖွဲ့တို့ ကျိန်စာသင့် သစ်တောကြီးထဲမှာ ဘယ်လိုအန္တရာယ်တွေ ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနှင့် ဘာသာပြန်သူကတော့ Okka ဖြစ်ပါတယ် File Size : 2.61GB / 1.05GB Quality : Blu-Ray 1080p 5.1ch / 720p Duration : 01:39:00 Genres : Action, Fantasy, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Okka Encoded by Heather Oo

Action • Crime • Drama
5 2006 99 mins
Vengeance
Uppercut

တိုက်ပွဲလို့ခေါ်တဲ့ စင်မြင့်ပေါ်က တိုးနှပ်ချက်တွေကို သင်ခန်းစာယူပြီး လက်ဝှေ့သမားဖြစ်ဖို့ အားကစား လေ့ကျင့်ခန်းလုပ်ရုံနဲ့တင် မဖြစ်နိုင်ကြောင်း သိရှိထားတဲ့ အဲလီးယက်ဟာ ပွဲစဥ်တစ်ခုမှာ ရှုံးနိမ့်သွားတာကြောင့် လက်ဝှေ့သမားဘဝကနေ အနားယူခဲ့တယ်။ တိုနီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချက်တွေကို လျစ်လျှူရှုပြီး လက်ဝှေ့သမားတစ်ယောက် ဖြစ်ချင်နေခဲ့ပါတယ်။ ဒီလိုနဲ့ တိုနီတစ်ယောက် အဲလီးယက်ရှိတဲ့ အားကစားရုံကိုလာပြီး သူ့ကိုလေ့ကျင့်ပေးစေချင်ကြောင်း ပြောလာတဲ့အခါမှာ လက်ဝှေ့သမားတစ်ယောက်ဆိုတာ ခန္ဓာကိုယ်တောင့်တင်းရုံနဲ့ မရကြောင်း လက်ဝှေ့သမားဖြစ်ဖို့ …… Habitude ဆိုတဲ့ အလေ့အကျင့် Agility ဆိုတဲ့အလျှင်နဲ့ Graditude ဆိုတဲ့ကျေးဇူးသိတတ်၊ကျေးဇူးတင်တတ်ခြင်းတို့ကို စွဲစွဲမြဲမြဲမှတ်ထားသင့်ကြောင်း ပြောပြလာခဲ့ပြီး တိုနီကို လေ့ကျင့်ပေးဖို့ လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ အဲလီးယက် ပထမဦးဆုံး လေ့ကျင့်ပေးမည့် မိန်းကလေးလက်ဝှေ့သမားဖြစ်တဲ့ တိုနီ့မှာ ဘယ်လိုနောက်ကြောင်းတွေ ရှိခဲ့လဲဆိုတာတော့….. File size…(1.6 GB)/(912 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Comedy • Drama
0 2025
Uppercut
When the Phone Rang Kada je zazvonio telefon
6

When the Phone Rang (2024) IMDb Rating (6.0) ဒီအဖြစ်အပျက်တွေဟာ စာအုပ်တွေ ရုပ်ရှင်တွေနဲ့ လူတစ်ချို့ရဲ့ မှတ်ဉာဏ်ထဲပဲ နိုင်ငံတစ်ခုအဖြစ်ကျန်တော့တဲ့ မရှိတော့တဲ့ နိုင်ငံတစ်ခုမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေလို့ဆိုတယ်။ ရုပ်ရှင်ထဲတော့ မပြောသွားပေမဲ့ ယူဂိုဆလားဗီးယားပါပဲ။ အဲဒီနိုင်ငံရဲ့ရှိနေခြင်းနဲ့ မရှိတော့ခြင်းကြားက ငွေကြေးအဖောင်းပွဆုံး အကြမ်းအဖက်ဆုံး မငြိမ်သက်ဆုံး အခြေအနေကိုဖြတ်သန်းခဲ့တဲ့ အမျိုးသမီးတစ်ယောက်က အဲဒီကာလအကြောင်း ဇာတ်ကြောင်းပြန်ပြောထားတယ်။ ဒီလိုကားတွေဟာ ပုံမှန်ဆိုရင်တော့ ဒိုကူမန်ထရီဆန်နေတာများပေမဲ့ ဒီတစ်ကားကတော့ ထူးထူးခြားခြား ကဗျာဆန်နေပါတယ်။ ဖုန်းသံမြည်လာတုန်းကဆိုတဲ့ စာကြောင်းနဲ့ပဲ အဖြစ်အပျက်တွေကို ထပ်ခါထပ်ခါ ချိတ်ဆက်ပြီး တင်ဆက်သွားတယ်။ အချိန်ကလည်းတိုတိုလေးပါပဲ ။ ဒါပေမဲ့ ပျက်တော့မယ် နိုင်ငံကြီးထဲက လူပေါင်းစုံကို မြင်နေခဲ့ရတယ်။ မလိုမပိုနဲ့ တင်ဆက်ပုံ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ပျက်လုဆဲဆဲလိုလိုဖြစ်နေတဲ့ နိုင်ငံထဲက လူတွေ ကြည့်ရင်တော့ ပိုအရသာရှိလောက်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.3 GB) / (890 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:13:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama
6 2024 73 mins
When the Phone Rang Kada je zazvonio telefon
Sisters on the Road
6.5

Sisters On the Road(2009) ************************* IMDb- 6.5 အခုတစ်ခါမှာတော့ 2009 ခုနှစ်ကထွက်ရှိခဲ့တဲ့ မိသားစုသရုပ်ဖော် ကားဟောင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Master’s Sun, When the Camellia Blooms ဇာတ်ကားတွေနဲ့ လူသိများကြတဲ့ မင်းသမီးကြီး (Gong Hyo Jin), မြေခွေးမလေး ကိုယ့်ချစ်သူဇာတ်ကားထဲက (Shin Min Ah)တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း *************** မိခင်ဖြစ်သူရဲ့ သေဆုံးမှုကြောင့် ဘတ်မြောင်အွန်းဟာ မွေးရပ်ဇာတိ ဂျယ်ဂျူကျွန်းကို ပြန်ရောက်လာခဲ့ရပါတယ်။ အမေ့ဈာပနပွဲပြီးတဲ့နောက်မှာတော့ မြောင်အွန်းဟာ အမေတူအဖေကွဲ အမဖြစ်သူ မြောင်ဂျူနဲ့အတူ ငယ်စဥ်ကတည်းက သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ အဖေဖြစ်သူကို ရှာဖွေဖို့ ခရီးလမ်းကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးလမ်းတစ်လျှောက်မှာ မြောင်အွန်းနဲ့မြောင်ဂျူတို့ ညီအမနှစ်ယောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ မြောင်အွန်းကရော သူ့ရဲ့အဖေကို ရှာတွေ့နိုင်ပါ့မလား။ မြောင်အွန်းအဖေကရော မြောင်အွန်းကို ဘာလို့များစွန့်ပစ်သွားရတာလဲ ဆိုတာကိုတော့ ဒီရုပ်ရှင်လေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ PanNu Thwayက ရေးသားထားပါတယ်) File Size – 1.83 GB/ 771 MB Quality – WEB-DL 1080p/ 720p Duration – 1h 31m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – PanNu Thway Encoded by – Treasure Htet

Horror
6.5 2009 96 mins
Sisters on the Road