YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Made In Korea (2025) E02 720p DSNP WEB-DL [RMC].mp4

616.1 MB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Belle
7.2

Belle (2013) ~ IMDb - 7.3/10, RT - 85%, Meta - 64% ~ အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။ လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ စတေးပြီးတော့ အသက်အာမခံ လျော်ကြေးတောင်းတဲ့အမှုကို ဦးရီးတော် တရားသူကြီးချုပ်က ကိုင်တွယ်ရတယ်။ ကျွန်တွေအပေါ် ဇုန်းသင်္ဘောရဲ့ ရက်စက်ယုတ်မာမှုတွေကို သိလိုက်ရတဲ့ ဘဲလ်ဟာ တရားမျှတမှု ပေါ်ပေါက်ရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်လေး ဒဗီးနီးယားကို ကူညီပေးရင်း ချစ်မိသွားပါတယ်။ ဒါပေမဲ့ မျိုးရိုးအဆင့်အတန်းမြင့်တဲ့သူနဲ့ပဲ လက်ထပ်စေချင်တဲ့ မိသားစုကြောင့် ဘဲလ်ဟာ လူဖြူ မျိုးရိုးနိမ့်လေး ဒဗီးနီးယားအပေါ် ချစ်စိတ်တွေဖုံးကွယ်ထားရတယ်။ ဒါ့အပြင် လူမည်းကျွန်တွေ တရားမျှတမှုရရှိရေးအတွက် ဦးရီးတော်အရင်းနဲ့လဲ ရင်ဆိုင်ဆန့်ကျင်နေရတယ်။ ဒီလို Conflict တွေကြားထဲမှာ ဘဲလ်တစ်ယောက် ဘာကို ဘယ်လို ရွေးချယ်သွားမလဲ... သူချစ်ရတဲ့သူအပြင် လူမည်းတွေအတွက်လည်း သူလိုချင်တဲ့ တရားမျှတမှုကိုရော ရရှိနိုင်ပါ့မလား... ဆိုတာ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1GB, 450MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 40Min Genre - Biography, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
7.2 2013 105 mins
Belle
Stranger Than Fiction
7.3

လူတိုင်း ဘဝမှာ ကြိုးစားနေကြတာ ရုန်းကန်လှုပ်ရှားနေကြတာက နောက်တော့ ပိုကောင်းတဲ့ ဘဝမှာနေနိုင်မှာပါ ဒီနေ့ သိပ်အဆင်မပြေပေမဲ့ မနက်ဖြန်တော့ ပိုကောင်းလာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးကြောင့် ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ ဘဝက အဆုံးသတ်ကို ကြိုရေးထားပြီးသား ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေမယ်ဆို ဘယ်လို အသက်ဆက်ရှင်ကြမလဲ ဟာရိုးခရစ်ခ်က IRS က စာရင်းစစ်တစ်ဦးပါ။ သူ့ဘဝက တစ်‌နေ့တစ်နေ့ ဘာထူးခြားမှုမှမရှိဘဲ ပုံသေကားချပ်ကြီးအတိုင်းပါပဲ။ တစ်နေ့မှာတော့ သူ့လုပ်တဲ့အပြုအမူတိုင်းကို ဇာတ်ကြောင်းပြန်ပြောပြနေတဲ့ အသံတစ်ခုကို သတိထားလိုက်မိပါတယ်။ တုန်လှုပ်စရာကောင်းတာက သူ မကြာခင် သေရတော့မယ်လို့ ဇာတ်ကြောင်းပြန်နေတဲ့အသံက ပြောလိုက်ပါတယ်။ ဇာတ်လမ်းတစ်ခုထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ပါတယ်။ သူရောက်နေတဲ့ ဇာတ်လမ်းက ဟာသဇာတ်မြူလား အလွမ်းဇာတ်လား။ ဘာပဲဖြစ်ဖြစ် စာရေးဆရာကို ရှာပြီး မကြာခင်သေရတော့မယ်ဆိုတဲ့ ဇာတ်သိမ်းကို ပြောင်းဖို့ ကြိုးစားမှဖြစ်မယ်။ ဒါပေမဲ့ သူ့အကြောင်း ဝတ္ထုရေးနေတဲ့ စာရေးဆရာက အဓိကဇာတ်ကောင်တိုင်းက သေပြီး အဆုံးသတ်တတ်တဲ့ ကာရန်အိုက်ဖယ်လ်ပါ။ သူ့ဘဝက အလွမ်းဇာတ်ဖြစ်မှာ သေချာသလောက်ပါပဲ။ ဒီတော့ သေရမယ်ဆိုတာ အသေအချာသိနေတဲ့ ဟာရိုးတစ်ယောက် သူ့ဘဝကို အတတ်နိုင်ဆုံး သူ ရှင်သန်ချင်တဲ့အတိုင်း ရှင်သန်မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဟာရိုး သေရတော့မှာလား စာရေးဆရာ စိတ်ပြောင်းပြီး ဟာရိုးကို အသက်ရှင်ခွင့်ပေးမလား နောက်ဆုံး ဘယ်လို အဆုံးသတ်သွားမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးနော် File size…(1.9 GB)/(1 GB)/(540 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:53:00 Genre...Drama, Comedy, Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phy Myat Thwe

Fantasy • Horror • Thriller
7.3 2006 113 mins
Stranger Than Fiction
The Extraordinary Adventures of Adèle Blanc-Sec
6.2

ဒီပြင်သစ်ကားက အခွီကားပါ... ရီနေရပါတယ်။ မံမီတွေရော... ရှေးခေတ်က ငှက်တွေရော ...မှော်ပညာတွေရော... စွန့်စားခန်းတွေရောနဲ့ တကယ်ကိုကြည့်လို့ကောင်းတဲ့ Comedy ဇာတ်ကားပါ။ ဇာတ်လမ်းကတော့.... အဒဲဆိုတာ ပြင်သစ်က နာမည်ကျော် ဆောင်းပါးရေးတဲ့ဆရာမပါ။ သူ့မှာအရမ်းချစ်ရတဲ့အမွှာညီမတစ်ယောက်ရှိပါတယ်... သူမရဲနမော်နမဲ့တစ်ခုကြောင့် သူ့ညီမခမျာ ခေတ်ဆရာဝန်တွေမကုနိုင်တော့တဲ့ ဝေဒနာရပြီး သေလုမျောပါးဖြစ်နေရှာပါတယ် ...ဒါကိုမရှုစိမ့်တော့တော့တဲ့အဆုံး သူ့ညီမကို ရှေးခေတ်မှော်ပညာနဲ့ အသက်ပြန်သွင်းဖို့ အဒဲတစ်ယောက် အီဂျစ်က မံမီတွေနောက်ကို လိုက်ပါတော့တယ်... သူ့ညီမကိုအသက်ပြန်သွင်းဖို့ မံမီတွေကို အသက်ပြန်သွင်းမယ့် အဒဲရဲ့ မဟာအကြံအစည်ကြီး စွန့်စားခန်းတို့ရဲ့ထုံးစံအတိုင်း အခက်အခဲတွေကြားထဲက အောင်မြင်နိုင်ပါ့မလားဆိုတာ....အလွဲလွဲအချော်ချော်တွေနဲ့ အတည်ပေါက်နဲ့ရီနေရမယ့် ဇာတ်လမ်းဖြစ်ပါတယ်။ File size…(1.9 GB) and (850 MB) Quality….BluRay 1080p and 720p Format…mp4 Duration….01:45:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Brownie

Comedy • Family
6.2 2010 105 mins
The Extraordinary Adventures of Adèle Blanc-Sec
[18+]I Am Love
6.9

(မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..) 2009 ခုနှစ်က ထွက်ရှိခဲ့တဲ့ အီတလီ အချစ်ဒရာမာ ဇာတ်ကားဖြစ်ပြီး ဆုပေါင်း ၁၆ ဆုရရှိထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင် အမ်မာအဖြစ် နာမည်ကျော်မင်းသမီးကြီး Tilda Swinton ကပါဝင်သရုပ်ဆောင်ထားပါတယ်။ အမ်မာက ချစ်ခင်ရတဲ့မွေးရပ်မြေ ရရှားကို ချန်ရစ်ပြီး ချစ်သူ တန်ခရီဒီနဲ့ လက်ထပ်ဖို့ အီတလီကို သျှောင်နောက်ဆံထုံးပါ လိုက်လာခဲ့ရှာသူပါ။ ခင်ပွန်းဖြစ်သူ တန်ခရီဒီရဲ့မိသားစုက အီတလီနိုင်ငံရဲ့ ကြေးရတတ် စက်ရုံပိုင်ရှင်တွေဖြစ်ကြတာကြောင့် သူ့ဘဝကလည်း အပူအပင်မရှိတဲ့ သူဌေးကတော်အဖြစ် သားနှစ်ယောက် သမီးတစ်ယောက်ထွန်းကားခဲ့ပြီး သားသမီးတွေလည်း ကိုယ်စီ အရွယ်ရောက်ကုန်ကြပါပြီ။ ဒါပေမဲ့ အမ်မာဟာ မပျော်ရွှင်နိုင်ပဲ ဆန္ဒမပြည့်ဝသလို၊ တစ်ခုခုလိုအပ်နေသလို ဟာတာတာ ခံစားနေရပါတယ်။ သားဖြစ်သူ အယ်ဒိုနဲ့ ဆက်စပ်ပြီး သူ့ရင်ထဲက အဲဒီကွက်လပ်ကို ဖြည့်ပေးတဲ့သူတစ်ယောက်ပေါ်လာချိန်မှာ သူ့ဘဝရဲ့ တစ်ဆစ်ချိုးအပြောင်းအလဲတွေက ဘာဖြစ်မလဲဆိုတာ… File Size : (2.9GB) (816 MB) and (312 MB) Quality : Blu-Ray 1080P5.1CH, 720p Format…mp4 Duration…02:00:00 Genre : Drama  , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by DS Encoded by SD

Crime • Drama • Mystery • Thriller
6.9 2009 120 mins
[18+]I Am Love
The Eden Theory
4

ဒီရုပ်ရှင်ရဲ့ Genre ကတော့ Sci-Fi Horror ပါ။ ဒီ Genre က ကားတွေက နှယ်နှယ်ရရ ကားတွေတော့ မဟုတ်ပါဘူး။ နာမည်ကျော် Alien Franchise ကြီးဟာ ဒီ Genre က ကားတွေပါပဲ။ World war Z, I am Legend, The Thing, The Mist လိုကားတွေကလည်း ဒီ Genre ထဲပါသေးတယ်။ ပြောရရင်တော့ဗျာ Sci-Fi Horror ကားတွေက လန်းတတ်တယ်ပေါ့။ သူငယ်ချင်း၂ယောက် ကျောင်းပိတ်တဲ့တစ်နွေမှာ မြို့နားက နေရာလေးတစ်ခုကို အလည်သွားကြတယ်။ သွားတုန်းက ၂ယောက်ပေမဲ့ အပြန်မှာတော့ တစ်ယောက်တည်း ပြန်လာနိုင်ခဲ့တယ်။ အဲဒီတော့ ပြန်လာတဲ့တစ်ယောက်ကို ရဲတွေက စစ်လားဆေးလားလုပ်တာ‌ပေါ့။ 2016 မှာထွက်ခဲ့တဲ့ Arrival ဇာတ်ကားလိုလို ဘာလိုလိုနဲ့ ဒီရုပ်ရှင်မှာ ကောင်လေးဟာ ပျောက်သွားတဲ့ သူငယ်ချင်းနဲ့ ရဲတွေကြားဗျာများရင်း ဘယ်လို အရာတွေနဲ့ ကြုံတွေ့ရမလဲ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါ။ ဇာတ်ကားနာမည်ကိုက အေဒင်သီဝရီလို့ နာမည်အလန်းပေးထားတာမို့ ကမ္ဘာဦးအစက အေဒင်ဥယျာဉ်ကြီးရဲ့ ဘယ်လိုသီဝရီတွေကို ဖော်ထုတ် အဖြေညှိပြမလဲ အသည်းတအေးအေးနဲ့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 860MB Quality - 1080p, 720p IMDb Rating - 4.7/10 Format - mp4 Duration - 1H 47Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Drama
4 2021 107 mins
The Eden Theory
To Be Killed by a High School Girl
4.8

Dissociative Identity Disorder ဆိုတာကို တော်တော်များများ ရင်းနှီးကြမယ်လို့ထင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေအတွက်ပြောရရင်တော့ ဒီ (DID) လို့ခေါ်တဲ့စိတ်ရောဂါဟာ လူတစ်ယောက်တည်းမှာတင် အမူအကျင့်စရိုက်တွေ အနည်းဆုံးနှစ်မျိုးနဲ့ အထက်ရှိနေတတ်တာမျိုးပါ။ လူတစ်ကိုယ် စိတ်အမျိုးမျိုးနဲ့ပေါ့။ ဥပမာပြောရရင် အသက် ၁၀ နှစ်အရွယ်ကလေးမလေး မှာနောက်ထပ်စိတ်ကိုယ်ခွဲ ၂ ယောက်ရှိတယ်ဆိုပါစို့။ အဲကိုယ်ခွဲနှစ်ယောက်က မူလလူနဲ့အကျင့်စရိုက်အားဖြင့်လုံးဝဆန့်ကျင့်ဘက်ဖြစ်နေတာမျိုးပါ။ တစ်ယောက်ကကြမ်းကြမ်းတမ်းတမ်း မာဖီးယားဖြစ်နေပြီး နောက်တစ်ယောက်က အကသင်ဆရာမဖြစ်ချင်ဖြစ်နေနိုင်တာမျိုးပေါ့။ ဒီ Disorder ကကိုယ့်မသိစိတ်ကနေ ပေါက်ပွားလာတဲ့ personality တွေဖြစ်တာနဲ့အညီ ကိုယ့်ရဲ့အတိတ်ကနာကျင်မှုတွေ မဖြစ်နိုင်တဲ့ဆန္ဒတွေအပေါ်မူတည်ပြီး သူတို့တွေကမတူညီတဲ့အသက်အရွယ်တွေ၊ gender တွေ၊ mindset တွေလည်းရှိကြပါသေးတယ်။ DID ဖြစ်နေတဲ့သူတွေဟာ ထိတ်လန့်မှုတစ်ခုခုကြောင့် personality ပြောင်းသွားတဲ့အခါ သူတို့ကိုယ်ခွဲတွေရဲ့လုပ်ဆောင်ချက်တွေကို သတိပြန်ရလာရင်မမှတ်မိကြတော့တာများပါတယ်။ တနည်းအားဖြင့် ကိုယ်ခွဲကလူသတ်လိုက်ပေမယ့် မူလကိုယ်က ဘာမှမသိတာမျိုးပါ။ (မြင်သာအောင်ပြောရရင် Marvel ရဲ့ Moon Knight နဲ့ကိုရီးယားဒရာမာ Kill Me Heal Me တို့ထဲက အဓိကဇာတ်ကောင်တွေလိုပေါ့။) ဘာလို့ဒါတွေပြောနေရတာလဲဆိုတော့ အခုဒီကားထဲမှာပါတဲ့ဇာတ်ကောင်ကလည်းအဲလိုစိတ်ရောဂါဖြစ်နေလို့ပါ။ ဇာတ်ကားနာမည်ကြီးကြည့်ပြီး ကိုယ့်လိုမျိုး ကြောင်သွားတဲ့သူများရှိကြမလားပဲ။ အထက်တန်းကျောင်းသူလေးသတ်တာခံချင်တယ်ဆိုတော့အဆန်းကြီးပေါ့ ဒီကောင်ကဆိုက်ကိုလား တဏှာရူးလား တစ်ခုခုဖြစ်ရမယ်ပေါ့။ နောက်မှသိရတာက အဓိကဇာတ်ကောင်ကျောင်းဆရာက Autassassinophilia ဆိုတဲ့ တခြားလူတစ်ယောက်ရဲ့သတ်တာခံရတဲ့အပေါ် ကာမသာယာမှုခံစားရခြင်းဆိုတဲ့ ရှားပါးတဲ့စိတ်ရောဂါခံစားနေရသူပါ။ တခြားမိန်းမချောလေးတွေနဲ့ဆိုအဲလိုစိတ်မပေါ်ဘဲ အထက်တန်းကျောင်းသူဆီမှာပဲ အသတ်ခံရချင်တဲ့သူဟာ သူ့ပစ်မှတ် တက်ရောက်နေတဲ့ အထက်တန်းကျောင်းမှာ ဆရာအဖြစ်ဝင်ရောက်လာပြီး အသတ်ခံရဖို့ကြိုးစားရင်း သူ့အကြံအစည်အောင်မြင်သွားမလား၊ရှုံးနိမ့်သွားမလားဆိုတာ... ဇာတ်လမ်းကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတာမလို့ ဂျပန်မချောချောလေးတွေကို မျက်စိအစာကျွေးရင်း ကြည့်ရှုခံစားပေးကြပါဦးဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moe Pwint Phyu ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 674MB | 289MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moe Pwint Phyu Encoder ..... August

Drama
4.8 2022 110 mins
To Be Killed by a High School Girl
Groundhog Day
7.6

Groundhog Day လို့‌ခေါ်တဲ့ ဖေဖော်ဝါရီ ၂ရက်နေ့ဟာ မြောက်အမေရိကရဲ့ ပွဲတော်နေ့တစ်ခုပါပဲ။ Punxsutawney မြို့မှာ Punxsutawney Phil လို့ခေါ်တဲ့ ဂရောင်းဟော့လေး‌က နွေဦးပဲစောစော‌လာမလား ဆောင်းပဲရှည်မလား ဟောတာကို ကြည့်ပြီး ပါတီတွေပေးကြတဲ့နေ့ပေါ့။ အဲဒီနေ့မှာ နေရာအနှံ့က သတင်း‌သမားတွေ တီဗီအစီအစဉ် ကြေညာသူတွေ Punxsutawney ကို လာရောက်ကြတယ်။ ဒီရုပ်ရှင်ဟာ အဲဒီ Groundhog Day မှာ ပိတ်မိနေတဲ့ လူတစ်ယောက်အကြောင်းပေါ့။ တော်တော်လေးစောတဲ့ Time Loop ရုပ်ရှင်တစ်ကားဖြစ်သလို သူ့ဟန်ကို Theme အဖြစ်မှီးပြီး နောက်ပိုင်းသုံးလာကြတာတွေလည်း မနည်းပါဘူး။ Supernatural ထဲလည်း မှီးသုံးခဲ့ဖူးတယ်။ Groundhog Day ဟာ Classic တန်း၀င် Comedy ကားကောင်းတစ်ကားဖြစ်သလို ဝေဖန်ရေးသမား Roger Ebert အကြိုက်ဆုံးစာရင်းထဲ၀င်ခဲ့တဲ့ ရှားရှားပါးပါး Comedy ကားလည်း ဟုတ်ပါတယ်။ အဓိကဇာတ်​ဆောင်ကလည်း နာမည်ကျော် Bill Murray ဆိုတော့ ကောင်းမှာမပူရတော့ဘူး​ပေါ့။ ဇာတ်လမ်းလေးကလည်းဆန်းပါတယ်။ Bill ဟာ မိုးလေဝသကြေညာသူတစ်ယောက်ဖြစ်ပြီး မာနကြီး လက်​ပေါက်ကတ်သူပေါ့။ ရေတစ်၀က်ပဲရှိတဲ့ ဖန်ခွက်ကိုကြည့်ပြီး တစ်၀က်တောင်ရှိတယ်ပြောမယ့်လူရယ် တစ်၀က်ပဲရှိတယ် ပြောမယ့်လူရယ်ဆိုတဲ့ လူစား၂မျိူးမှာ သူဟာ ဒုတိယလူစားမျိူးပါပဲ။ ဒါနဲ့ပဲ တစ်ရက်ကျ ပန်ဆူ​​​တော်နီဆိုတဲ့ ဇနပုဒ်​လေး မှာ Groundhog Day ဆိုတဲ့ ရာသီပွဲတော်တစ်ပွဲကို သွားရောက်ရိုက်ကူးဖို့ အကြောင်းဖန်လာပါတယ်။ သူတို့အဖွဲ့သားတွေရောက်သွားကြပြီး Bill တစ်ယောက်ဟာ ထူးဆန်းစွာနဲ့ပဲ အဲဒီနေ့ကိုပဲ နေ့တိုင်း ဖြတ်သန်းနေရပါ​တော့တယ်။ သူဟာ Groundhog Day ဆိုတာကြီးကို နေ့တိုင်း ထပ်တလဲလဲ ကြုံနေရတဲ့ Time Loop သဘောမျိုးမှာနေနေရတယ်။ အဲဒီကနေ လွတ်လမ်းရှာရင်း ကြာလာတော့ စိတ်ဓါတ်တွေကျ၊ သတ်သေချင်စိတ်တွေပေါ်လာပါ​တော့တယ်။ အဲဒီနေ့ မနက်မှာဖွင့်တဲ့ Radioသံကြားရရင်ကို စိတ်က ဂယောက်ဂယက်တွေဖြစ်လာပြီး ဒီ Time Loop က​နေ ကျော်လွှားဖို့နည်းလမ်းကို အသည်းအသန်ရှာရပါတော့တယ်။ ရုပ်ရှင်ဟာ IMDB Rating 8.0 အထိရရှိထားပြီး Bill Murray ရဲ့ ဂန္တဝင်သရုပ်ဆောင်ချက်တွေ၊ ဘဝသင်ခန်းစာတွေကို ညိမ့်ညိမ့်လေးကြည့်သွားရမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျီစယ်မှုတစ်ခုဖြစ်တဲ့ ဒီ Time loop ရဲ့ ရည်ရွယ်ချက်ကို ရှာ​ဖွေရင်း ကိုယ်သာ ဒီလို တစ်ရက်ထဲကိုပဲ အကြိမ်ကြိမ်ကြုံခဲ့ရရင် ဘာ​တွေ လုပ်မလဲဆိုတာ စိတ်ကူးယဉ်လိုက်ကြစေချင်ပါတယ်။ Groundhog Day နဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမားတွေကတော့ "Groundhog Day ဟာ သူ့ပေးချင်တဲ့မက်ဆေ့နဲ့ သူ့ရည်ရွယ်ချက်ကို ထင်သာမြင်သာ ရှင်းရှင်းလင်းလင်းတွေ့နိုင်တဲ့ရုပ်ရှင်ပါပဲ။ သူ့ရဲ့ ပညာသားပါမှုကိုတော့ ချက်ချင်းကြီး သတိထားမိမှာမဟုတ်စေဘဲ မှတ်ဉာဏ်ထဲ အခြေကျရင်းနဲ့မှ သိလာမယ့် သဘောမျိုး " လို့ ဆိုကြပါတယ်။ ရုပ်ရှင်တစ်ကားကြည့်ပြီး ကိုယ့်ခံစားချက်ကို သေသေချာချာဖော်မပြတတ်ပေမဲ့ တူညီတဲ့ခံစားမှုတစ်ခုရတဲ့အခါ ဒီရုပ်ရှင်က Groundhog Day လို ရုပ်ရှင်မျိုးပဲဆိုပြီး ကိုယ့် မှတ်ဉာဏ်ထဲ Reference အနေနဲ့ ကိုးကားဖို့ ကျန်နေတဲ့ရုပ်ရှင်မျိုးလည်းဟုတ်တယ်လို့ ဆိုကြပါတယ်။ ရေတစ်၀က်ရှိတဲ့ ဖန်ခွက်တစ်ခွက်ကိုကြည့်ပြီး "တစ်၀က်တောင်ရှိတယ်"ဆိုတဲ့သူရော "တစ်၀က်ပဲရှိတယ်"ဆိုတဲ့သူရောဟာ အချိန်တစ်ခုမှာတော့ ရေအပြည့်ရှိတယ်လို့ ထင်မြင်သွားကြပါလိမ့်မယ်။ တကယ်ပြည့်မပြည့်တော့ ဘယ်သူမှမသိပေမဲ့ ချစ်ခြင်းကတော့ လိုနေတဲ့ရေတစ်၀က်ကို ဖြည့်ပေးသွားပါလိမ့်မယ်။ လောကကြီးကိုက ရေတစ်၀က်သာ ဖြည့်ထားတဲ့ ဖန်ခွက်ကြီးပဲမို့လို့ လူတွေဟာ ချစ်ခြင်းမေတ္တာကို လိုအပ်ခဲ့တာပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.2GB, 880MB, 440MB Quality - 1080p, 720p, 480p IMDb Rating - 8.0/10 Format - mp4 Duration - 1H 41Min Genre - Comedy, Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Crime • Drama
7.6 1993 101 mins
Groundhog Day
Rev
6

ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းက ရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။ အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီး အသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်း အလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ် ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲ ကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ် “မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။ သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူး ကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။ သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ် ကျွန်တော့်ကို စတွေ့တဲ့နေ့ကလည်းက သိပ်ကြည်ဟန်မရှိဘူး။ အဲဒီမှာ မမတစ်ယောက်လည်း ရှိနေပြန်တယ် သူကတော့ ချာလီရဲ့ကောင်မလေး အေဗာတဲ့၊ မစားသင့်တဲ့ အသီးမှန်း သိပေမဲ့လည်း မမရဲ့ ငြို့အားတွေအောက် ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော့်ဘဝဟာ Hot Dog ထဲက ဝက်အူချောင်းလိုပဲ တစ်ဖက်က ရဲတွေတသိုက်က စောင့်ကြည့်နေပြီး တစ်ဖက်ကလည်း ကားသူခိုးဂိုဏ်းလူမိုက်တွေကြား (ပိုဆိုးတာ ခေါင်းဆောင်ကောင်မလေးကို ခိုးစားနေသေးတယ်) ညှပ်နေခဲ့ပြီး ကျွန်တော် ဘာတွေဆက်ဖြစ်မယ် ဘာတွေလုပ်ပြမယ်ဆိုတာတော့ ခင်ဗျားတို့ပဲ ဆက်ကြည့်ပြီး ခံစားလိုက်ကြပါတော့……။

Crime • Drama • Mystery
6 2020 91 mins
Rev
The Roundup: Punishment
7

အားလုံးစောင့်မျှော်နေကြတဲ့ မာဒုန်ဆော့ ကားသစ်ကြီးလာပါပြီ…. ဒီတစ်ခါတော့ အမှုသစ်ကတော့ မူးယစ်ဆေးနဲ့ အွန်လိုင်းဂိမ်းလိမ်လည်တဲ့အမှုတွေကိုဖော်ထုတ်တဲ့ဇာတ်လမ်းဖြစ်ပါတယ်… အစပထမက အမှုသေးလေးလို့ထင်ခဲ့ပေမဲ့ လူသေမှုပေါင်းများစွာဟာ လောင်းကစားဂိမ်းနဲ့ဆက်စပ်နေတာကိုသိတဲ့အခါမှာတော့ စုံထောက်မာတို့ နည်းလမ်းမျိုးစုံနဲ့အမှုလိုက်ဖို့ကြိုးစားပါတော့တယ်… ဒီကားက ရယ်ရတဲ့အခန်းတွေများသလို အက်ရှင်ခန်းတွေလည်း တော်တော်ကြီးကိုကောင်းတာမို့ စောင့်မျှော်ရကြိုးနပ်လိမ့်မယ်လို့ထင်ပါတယ်… File size… 1.74GB / 871MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 49min Genre ….. Action, Crime,Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miri Stary, Hnin Wai, Treasure Htet & Tiff

Drama • Romance
7 2024 109 mins
The Roundup: Punishment
Le Samouraï
8

Le Samouraï (1967) ~ IMDb – 8/10, Rotten Tomatoes – 100% ~ Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။ Melville ဟာ Neo-noir တွေကို အရိုက်များခဲ့ပြီး နောက်ပိုင်း Neo-noir ကားတွေ Crime, Action ကားတွေရိုက်တဲ့ ဒါရိုက်တာတွေအားလုံးနီးပါးအပေါ် လွှမ်းမိုးမှုရှိခဲ့တယ်။ ဂျွန်ဝူးကတော့ The Killer ဆိုတဲ့ နာမည်နဲ့ ချောင်ယွန်ဖတ်ကိုသုံးပြီး ဇာတ်ကောင်ကိုနည်းနည်းမှီး ဇာတ်လမ်းကျောရိုးကိုနည်းနည်းမှီးပြီး ဒီအသွားအတိုင်းကို ပြန်ရိုက်ပြီး Heroic Bloodshed ကားတွေလို့ Genre ကွဲတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါလည်း ဆန်းတော့မဆန်းဘူး။ ဟောင်ကောင် Crime Action တွေဟာ ပြင်သစ်ကားတွေကို ပြန်လည်ဆန်းသစ်ပြီးရိုက်ထားခဲ့ကြတာများတယ်။ Infernal Affairs တို့ City on Fire တို့လည်း ဒီလိုပါပဲ။ ဖြစ်သင့်တဲ့ကိစ္စပဲမလား။ ဂိုးဒတ်တော့ပြောဖူးတာပဲ… ရုပ်ရှင်အတွက် အဓိကလိုတဲ့ Element က သေနတ်တစ်လက်နဲ့ မိန်းမလှတစ်ယောက်ဆိုပဲ။ အက်ရှင်နဲ့ လိင်မှုပေါ့။ Le Samouraï ဟာ ဘယ်လိုရုပ်ရှင်လဲဆို… Hitman တစ်ယောက်အကြောင်းသက်သက်ပဲ။ Hitman တစ်ယောက်က အလုပ်လက်ခံတယ်။ သူ့အလုပ်သူလုပ်တယ်။ ဒါကိုပြတဲ့အထိတော့ သိပ်တော့မဆန်းဘူး။ ဇာတ်ကောင်ပြောခဲ့သလိုပဲ။ လူသတ်ဖို့ငွေပေးထားလို့ သူက လူသတ်ပေးလိုက်ရုံပဲ။ ဒါပေမဲ့ အမှတ်မထင် အဲဒီအလုပ်က နောက်ဆက်တွဲပြဿနာတွေရှိလာတယ်။ ဒီပြဿနာတွေကို သူဖြေရှင်းတဲ့ပုံစံကနေ သူက ဘယ်လိုစိတ်ဓာတ်နဲ့ ဘယ်လိုလူမျိုးလဲဆိုတာကို ကာရိုက်တာတည်ဆောက်ပြသွားတယ်။ ဒီမှာထူးတာက သူ့အပြိုင်ဇာတ်ကောင်ဖြစ်တဲ့ ရဲအရာရှိကိုလည်း သူ့လောက်အချိန်မပေးထားပေမဲ့ သူ့လောက်နီးနီး ခိုင်မာအောင် အခန်းနည်းနည်းနဲ့ တည်ဆောက်ပြသွားတာပဲ။ မင်းသမီးကို သူလိုချင်တဲ့အတိုင်း ထွက်ဆိုလာအောင် နားချတဲ့အခန်းမှာ ဒီရဲဇာတ်ကောင်ကလည်း သူ့အလုပ်သူဖြစ်မြောက်ဖို့ ဘာမဆိုလုပ်မယ့်ဇာတ်ကောင်မျိုးဆိုတာကို မြင်သာစေခဲ့တယ်။ ဒါကြောင့်လည်း Hitman ဇာတ်ကောင်ရဲ့ အခြေအနေက ပိုကျပ်တည်းသွားသလို ကျပ်တည်းသွားတဲ့ အခြေအနေမှာ သူ့ခံယူချက်နဲ့ သူ့စိတ်ဓာတ်က ပိုထင်းလင်းလာတယ်။ ဒါကို Melville က အရိပ်တွေ အမှောင်တွေ အငြိမ်တွေသုံးပြီး ဒိုင်ယာလော့နည်းနည်းနဲ့ တင်ဆက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သေချာတာတော့ Le Samouraï မှာ သေနတ်တစ်လက်နဲ့ မိန်းမတစ်ယောက်ပါတယ်။ ဒါပေမဲ့ အဲဒီသေနတ်ကလည်း အငြိမ် အဲဒီမိန်းမကလည်း အငြိမ်ပဲ။ “Action is the enemy of Suspense” ဆိုတဲ့စကားရှိပေမဲ့ Le Samouraï ကတော့ Action မှာ Suspense တွေ တွဲလွဲခိုနေတဲ့ ရုပ်ရှင်လို့ပြောရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.4GB, 700MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 41Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
8 1967 105 mins
Le Samouraï
Kamui
5.6

Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။ IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့ တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.7 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by KK

5.6 2009
Kamui
Rumble Fish
7.1

ဒီကားကို ရိုက်ထားတဲ့ director ကတော့ တခြားမဟုတ်ဘဲ The Godfather trilogy ကို ရိုက်ကူးပေးခဲ့တဲ့ Francis Ford Coppola ပဲ ဖြစ်ပါတယ်။ S. E. Hinton ရဲ့ Rumble fish ဆိုတဲ့ ၀တ္ထုကိုပဲ ပြန်ရိုက်ထားပြီးတော့ cinematography မှာလည်း အတော်လေး ထူးခြားတဲ့ကားကောင်းတစ်ကားပါ။ ဘယ်လိုမျိုးထူးခြားလဲဆိုတော့ သူ့အခေတ်အခါမှာရော အခုခေတ်အခါမှာပါ တွေ့ရနည်းတဲ့ camera ရှုထောင့်တွေကနေ creative ဖြစ်ဖြစ်ပဲ ရိုက်ကူးပေးထားပါတယ်။ close up ရိုက်ချက်တွေဆိုရင် ကျွန်တော့်အတွက်တော့ တော်တော်လေး unique ဖြစ်ပါတယ်။ တချို့နေရာတွေဆိုရင် အပေါ်က ပင့်ရိုက်တာတွေ အောက်ကပင့်ရိုက်တာတွေက ကြည့်ရတာ တစ်မျိုးကြီးလို့ ခံစားရပေမယ့် သဘောကျမိတာတော့ အမှန်ပဲဗျ။ Main character အနေနဲ့က‌တော့ ဂျစ်ကန်ကန်ပေါ့ပျက်ပျက်နေတတ်တဲ့ လူငယ်တစ်‌ေယာက်လည်းဖြစ်၊ အကိုဖြစ်သူရဲ့ ကျော်ကြားမှုတွေ လွှမ်းမိုးခဲထားရတဲ့ ညီတစ်ယောက်လည်းဖြစ်တဲ့ Rusty James ဇာတ်ကောင်ကို Matt Dillon က သရုပ်ဆောင်ထားပြီးတော့… သူ့ရဲ့အကို လူထူးဆန်းလည်းဖြစ်တဲ့ Motorcycle boy အနေနဲ့ Mickey Rourke က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ကျွန်တော်တို့အချစ်တော်ကြီး Nic Cage ကလည်း support character အနေနဲ့ ပါထားပါသေးတယ်။ screen time တော့နည်းပေမယ့် ဘဲကြီးတာ၀န်ကျေကျေပဲ ရှယ်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဇာတ်လမ်းအကြောင်းကတော့ ကိုယ့်ဘာသာကြည့်ရင်း feel သင့်တဲ့ကားမလို့ ကိုယ်တိုင် သေချာခံစားပြီး ကြည့်လိုက်ပါလို့ပဲပြောချင်ပါတယ်။ Plot ကအရမ်းကြီးမရှုပ်ထွေးပေမယ့် philosophy ဆန်ဆန် ကားကောင်းတစ်ကားဖြစ်တာမလို့ CM ပရိတ်သတ်ကြီး ကော်ဖီလေးတစ်ခွက်‌ေလာက်ထဖျော်ပြီး ‌‌ေကာ်ဖီ‌‌ေလးအရသာခံရင်း chill လို့ရပါပြီခင်ဗျာ… (For parents: Nudity အနည်းငယ်ပါသည်) File size…(1.9 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Coming-of-Age, Crime, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wai Hlyun

Horror • Thriller
7.1 1983 94 mins
Rumble Fish
The Love Club Moms: Tory
6.1

The Love Club Moms: Tory (2025) IMDb Rating (6.1) 2025 ထဲထွက်ရှိထားတဲ့ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနဲ့ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ IMDb မှာလည်း6 အထိရရှိထားတာမလို့ကြည့်သင့်တဲ့ဇာတ်ကားလေးနော်။ ဇာတ်လမ်းအကျဉ်း Tory လို့်ခေါ်တဲ့ အောင်မြင်တဲ့စာတိုက်ပိုင်ရှင်အမျိုးသမီးမှာ သူချစ်ရတဲ့ Love Club လို့ခေါ်တဲ့ သူငယ်ချင်းလေးယောက်အဖွဲ့လေးရှိပါတယ်။ တစ်နေ့မှာ Alice ဆိုတဲ့ကလေးလေးကိုမွေးစားဖို့ဆုံးဖြတ်လိုက်ပြီးနောက် ကြေးများတတ်တဲ့သူမဟာ အချစ်ရေးမှာပိုပြီးတော့တောင်အဆင်မပြေဖြစ်လာပါတယ်။ ဒါနဲ့ပဲသူငယ်ချင်းတွေကသူမကို ကလေးထိန်း(Nanny) ရှာပေးဖို့လုပ်ကြရင်း တစ်ယောက်နဲ့မှအဆင်မပြေခဲ့ပေမဲ့ Finn ဆိုတဲ့ကောင်လေးနဲ့မှပဲသေဘောတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ Finn ကလည်းတကယ်တော့ ကလေးထိန်းလာလုပ်တာမဟုတ်ဘဲ သူမကိုစာမူလာပို့ချင်တဲ့စာရေးဆရာပေါက်စသာဖြစ်ပါတယ်။ Finn လည်း သူ့စာမူကိုမရမကပေးမယ်ဆိုပြီး သူနဲ့နီးစပ်အောင်ကလေးထိန်းအဖြစ်သာ ချော်လဲရောထိုင်လုပ်လိုက်ရင်း ဘာတွေဆက်ဖြစ်ကြမလဲ..? Finn နဲ့ Tory အဆင်ပြေပါ့မလား အဖေမရှိတဲ့ Alice အတွက်ရော Tory တစ်ယောက်အဖေရှာပေးနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားလေးကိုကြည့်ရူ့ဖို့တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Romance Duration…. 01:28:25 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by S4L

Romance • Drama • Music • War
6.1 2025
The Love Club Moms: Tory
Blood Rain
7.1

Blood Rain (2005) ***************** ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဂျိုဆွန်းခေတ်စုံထောက်ကားလေး တစ်ကားဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းကတော့ စက္ကူ ထုတ်လုပ်ရေး တွင်ကျယ်တဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အခြေခံထားပါတယ် ။ တစ်ရက်မှာတော့ ဘုရင့်ဆီ ဆက်သဖို့ ပြင်ဆင်ထားတဲ့ စက္ကူတွေတင်ထားတဲ့ လှေက မီးလောင်သွားခဲ့ပါတယ် ။ ဒီကိစ္စကြောင့် မြို့တော်ကနေ အထောက်တော် အရာရှိနှစ်ယောက် ဆင်းလာပြီး မီးလောင်မှုကို စစ်ဆေးဖော်ထုတ်ကြပါတယ် ။ ဒါပေမဲ့ တကယ့်ပြဿနာကတော့ သူတို့ရောက်လာပြီး နောက်နေ့ကစလို့ လူတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရတော့တာပါပဲ ။ သတ်ပုံသတ်နည်းကလည်း တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ၇ နှစ်က ဘရင်ဂျီဂိုဏ်းဝင်ပါလို့ စွပ်စွဲခံရပြီး ကွပ်မျက်ခံခဲ့ရတဲ့ သူကြီး ဂန်တို့ မိသားစု ကွပ်မျက်ခံခဲ့ရပုံတွေနဲ့ တစ်ပုံစံတည်း တူနေခဲ့တာပါ ။ ဒီအခါမှာတော့ နောက်ထပ် လူတွေမသေရဖို့အတွက် တရားခံကို ဖော်ထုတ်ဖို့ အရေးကြီးလာခဲ့ပါတယ် ။ ကိစ္စတွေက သူကြီးဂန် ကွပ်မျက်ခံရမှုနဲ့ ဆက်စပ်နေတဲ့အတွက် သူတို့ဟာ လွန်ခဲ့တဲ့ ၇ နှစ်က သူကြီးဂန်အမှုကို ပြန်အစဆွဲထုတ်စုံစမ်းကြပါတော့တယ် ။ ဒီလိုမျိုး ပြန်စုံစမ်းရင်းနဲ့ ဘယ်လိုထိတ်လန့်စရာ အမှန်တရားတွေကို တွေ့လာရမလဲ။ လူသတ်သမားကရော ဘယ်သူလဲ ဒါမှမဟုတ် ရွာသားတွေ ပြောသလို သူကြီးဂန်ရဲ့ အငြှိုးအတေးဝိညာဉ်ကပဲ ရွာသားတွေကို လက်စားချေနေတာလားဆိုတာကိုတော့ Blood Rain ရုပ်ရှင်မှာ ဆက်လက်ရှုစားလိုက်ကြပါဦးနော်။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…1.74GB / 940MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 59 min. Genre ….. Thriller, Historical, Mystery, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

Crime • Drama
7.1 2005 119 mins
Blood Rain