YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Macha Anda(2022)Ep.15.mp4

481 MB N/A video/mp4 292 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dragon Sword
10

ဒီတစ်ခါ အမောလည်းပြေ ခေါင်းလည်းစားစေမယ့် ဟာသကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဉ်းလေး မိတ်ဆက်ပေးရမယ်ဆိုရင် ဖုယန်ဆိုတဲ့ကောင်လေးဟာ သေဆုံးသွားခဲ့ပါတယ်.... ဟုတ်ပါတယ် ဆေးရုံမှာ ဝိညာဉ်နဲ့ ကိုယ်၊ ရုပ်နဲ့နာမ်ကွဲသွားပြီး အသက်ပျောက်သွားခဲ့တဲ့အချိန်မှာပဲ... သေမင်းလိုလို ဘာလိုလို ဝတ်စုံနက်ကြီးနဲ့လူတစ်ဦးကလွဲပြီး ဘယ်သူမှ သူ့ကိုမမြင်ရဖြစ်နေတာကြောင့် စကားသွားပြောရာကနေ ... ငါနဲ့ မသေမျိုးကျင့်စဉ် ကျင့်မလား ချက်ချင်းငရဲသွားမလားလို့ အမေးခံလိုက်ရတယ်.... ဒီလိုအမေးခံရရင် ဘယ်သူကများ ငရဲတန်းသွားမယ်ဖြေမှာလဲနော်.... ဖုယန်လည်း နောက်ဆုံးမှာ ကျင့်စဉ်ကျင့်ဖို့ ရွေးခဲ့ရာကနေ အချိန်စက်ဝန်းမန္တန်အရ ဘယ်ရောက်မှန်းမသိရောက်သွားရာကနေ... ပထမဆုံး ဓားပျံလေးက ပြောင်းလဲသွားတဲ့ ဓားဝိညာဉ်ကို ကြွေသွားတာက တစ်မျိုး... ဘိုးတော်ဘုရားခေတ်ကိုပြန်ရောက်ပြီး လေ့ကျင့်မှုတွေကို လေ့ကျင့်ရတာက တစ်မျိုး... နောက်ပြီး မသေမျိုး စစ်ဆေးခြင်းစာမေးပွဲ ကျရင် ဝိညာဉ်ပျက်စီးသွားမယ်တာကြီးကလည်းရှိနေတော့... မသေမျိုးဖြစ်အောင် ဘယ်လိုတွေကျင့်မှာလဲ.... သူစာမေးပွဲတွေကို အောင်ပါ့မလား... ဘာစာမေးပွဲတွေလဲ... နောက်ပြီး အဆုံးသတ်တော့မှာ အိပ်မက်ကြီးဆိုပြီးပဲ အဖျားရှူးသွားမလားဆိုတာ ဇာတ်လမ်းလေးဒေါင်းပြီး ပေါက်ပေါက်လေးစားရင်း ကြည့်ပြီး အဖြေထုတ်လိုက်တော့နော်... [ Reviewed by Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Drama • Romance
10 2018 86 mins
Dragon Sword
I am a SWAT woman
7.5

CM ရဲ့ တရုတ်ကားဖန်လေးတွေအတွက် အမျိုးသမီးရဲမေအသားပေး ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... အမျိုးသမီးရဲမေတွေဟာ အလုပ်သဘာဝနဲ့ အားနွဲ့သူအမျိုးသမီးမအပ်စပ်ဘူးဆိုတဲ့ ဆင်ခြေတွေ စကားလုံးတွေကြား ရုန်းကန်ရင်း သက်သေပြနေကြသူတွေပေါ့.. ဒီကားလေးလည်း ဒီလိုပါပဲ... ဒီဇာတ်လမ်းထဲက ရှန့်နန်ဆိုတဲ့ ရဲမေလောင်းကို အထက်က ဆရာ... လုပ်ဖော်ကိုင်ဖက်တွေအားလုံးက အထင်မကြီး မိန်းကလေးဆိုပြီး လျှော့တွက်တဲ့အပြင် ချစ်သူရည်းစားကအစ သူ့အလုပ်အကိုင်အပေါ် လေးစားမှုတစ်စက်လေးမှမရှိဘဲ အလုပ်ကို လက်လျှော့ဖို့ ဖျောင်းဖျနေခဲ့တာပေါ့... ဒီလိုနဲ့တစ်နေ့မှာ သူ့ရည်းစားအလုပ်လုပ်နေတဲ့ လုံခြုံရေးစနစ်ကုမ္ပဏီက ကျင်းပတဲ့ ကျောက်မျက်ရတနာပွဲကို အတက်မှာ အနုကြမ်းစီးခံရချိန်နဲ့တိုးပြီး ရှန့်နန်လည်း ဓားစာခံတွေထဲ ရောယောင်ပါခဲ့တာပေါ့... ကဲ ရှန့်နန်တစ်ယောက် အနုကြမ်းသမားတွေကို ရင်ဆိုင်နိုင်မှာသေချာပေမယ့် ဘယ်လိုရင်ဆိုင်မယ်ဆိုတာနဲ့ နောက်ပြီး သူမျှော်လင့်နေတဲ့ လေးစားမှုရမလားဆိုတာ ဇာတ်လမ်းလေးကြည့်မှ သိရမှာမို့ ဇာတ်ကားလေးကြည့်လိုက်ကြတော့နော်... [ Reviewed By Chu Chu ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Animation • Family • TV Movie
7.5 2022 77 mins
I am a SWAT woman
The Highwaymen
6.7

တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်.... မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်... သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့် ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်... ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ.... ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်.. တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သား အပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာ ခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်.. ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်... နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂) ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာ ဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့် ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်.. ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်... ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ... ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့် အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်... File Size : (1GB) and (357MB) Quality : WEB-DL 720p, Format…mp4 Duration…02:12:00 Genre : Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Yoonwahwah Theint Encoded by Phyo Pyae

Drama • Sci-Fi & Fantasy
6.7 2019 133 mins
The Highwaymen
Kadaisi Vivasayi
8.8

Kadaisi Vivasayi (2021) IMDb 8.8 2021ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းတကားကို တင်ဆက်ပေးချင်ပါတယ် ဗီဂျေးစည်သူပတီတို့ ယိုဂီဘာဘူကြီးတို့လို နာမည်ကြီးတွေလည်းပါတာမို့ ကြည့်ရတာ တန်နေမှာပါ မိုးခေါင်ရေရှားတဲ့ရွာလေးတစ်ရွာနဲ့..ချိုးဖို့ရေရရင်တောင် ပျော်နေရှာတဲ့ရွာသားတွေ ဒီလိုမိုးခေါင်နေတာက နှစ်အတော်ကြာပြီဖြစ်ပြီး ဘုရားတွေလည်းစုံအောင်ပတ်ဆုတောင်းလည်း ဘာမှထူးမလာတဲ့သူတို့ ..ဖြစ်ချင်တော့ မိုးမရွာဘဲ ရွာရဲ့အထည်ဝါဆုံးသစ်ပင်ကြီးကို မိုးကြိုးပစ်ချလိုက်လို့ မီးကျွမ်းသွားလေရဲ့ ဒါနဲ့ ရွာထဲကရှေ့မီနောက်မီတွေက နတ်ဘုရားမစိတ်ဆိုးနေလို့ ရိုးရာကန်တော့ပွဲလုပ်ရမယ်ဆိုပြီးစီစဉ်ခိုင်းပါတော့တယ် ဗီဂျေးစည်သူပတီကတော့ ချစ်ရတဲ့ကောင်မလေးကအဆိပ်သောက်သေသွားလို့ တစ်ဝက်ရူးချင်နေတဲ့လူပေါ့ အရူးစကားမှန်တတ်တယ်ဆိုတဲ့အတိုင်း ရူးပေမဲ့ ပြောသမျှကအမှန်တွေ.. ရွာကိုဘီလ်ဂိတ်ရောက်လာတယ်ပြောတော့ ဘယ်သူမှမယုံကြပေမဲ့ တကယ်သတင်းထဲပါလာမှ လူတိုင်းကိုအံ့ဩသွားစေတဲ့ ပညာရှိအရူးပေါ့ နတ်မင်း အရှင်တွေနဲ့တောင် စကားစမြည်ပြောနိုင်တဲ့ သူ့ပါဝါကတော်ရုံမဟုတ်.. ဆိုတော့ မိုးခေါင်တဲ့ရွာကိုရောက်လာတဲ့ဗိဂျေးနဲ့ ဒီရိုးရာပွဲ ဘာဆက်ဖြစ်သွားမလဲ မိုးခေါ်ပွဲရော အဆင်ပြေပြေပြီးနိုင်ပါ့မလား ကြားထဲ Plot twist တွေလည်း ပါတာဖြစ်လို့ အပြေးသာဒေါင်းကြည့်လိုက်ပါတော့ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo ~ V )တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2021
Kadaisi Vivasayi
Matcha & Vanilla
6.6

Matcha & Vanilla (2021) Matcha လို့ခေါ်တဲ့ လက်ဖက်စိမ်းက ခါးသက်တဲ့အရသာရှိပြီး Vanilla အရသာကတော့ ချိုအီတဲ့ဘက်ကဖြစ်ပါတယ်။ ဒီလို ဆန့်ကျင်ဘက် မလိုက်ဖက်ဘူးလို့ ထင်ရတဲ့အရာနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါမှာ ထူးခြားတဲ့ နှစ်သက်ဖွယ်ရာ အရသာတစ်ခုထွက်လာသလို ဒီလို ချိုတလှည့် ခါးတလှည့် အရသာကပဲ ဘဝဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ရည်ညွှန်းနေသလိုပါပဲ။ ယုခိနဲ့ အအိဆိုတဲ့ အမျိုးသမီးနှစ်ယောက်က လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံခဲ့ကြတာပါ။ ဘဝအမောတွေကို အပြန်အလှန် ဖေးမနိုင်စွမ်းရှိတဲ့ သူတို့နှစ်ယောက်က ချစ်သူတွေဖြစ်သွားကြပြီး အတူနေထိုင်လာကြတာ ခုဆို ၁၀နှစ်တောင် ရှိပါပြီ။ ယုခိက ပန်းချီဆရာမတစ်ယောက်ဖြစ်ပြီးတော့ ပန်းချီကားတွေကို အချိန်ယူပြီး စိတ်နှစ်ရေးဆွဲလေ့ရှိတဲ့သူတစ်ယောက်ပါ။ ယုခိရော အအိရော ၂ယောက်လုံးက ပန်းချီကားတွေကို သူတို့နှစ်ယောက်ရဲ့သားသမီးတွေလို့ မှတ်ယူထားကြတာပါ။ ယုခိက ချောင်းတွေဆက်တိုက်ဆိုးလာလို့ ဆေးစစ်ကြည့်ရင်းနဲ့ ကင်ဆာနောက်ဆုံးအဆင့် ရှိနေတာကို သိလိုက်ရပါတယ်။ ရှေးရိုးစွဲအတွေးအခေါ်ရှိသူတွေ အများအပြားရှိနေတဲ့ဂျပန်မှာ လိင်တူစုံတွဲအတွက် သာမန်အခြေအနေမှာတောင် ရင်ဆိုင်ကြုံတွေ့ရတာတွေက ခက်ခဲပါတယ်။ ခုလို ကင်ဆာနဲ့ ထိပ်တိုက်တွေ့ရချိန်မှာ ငွေကြေးအခက်အခဲတွေနဲ့ ပြဿနာအစုံကို သူတို့နှစ်ဦး ဘယ်လိုရုန်းကန်ကျော်ဖြတ်ရမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ အခုဆိုရင် ဂျပန်မှာ Same Sex Marriage တွေကို တစ်မြို့ပြီးတစ်မြို့က လက်ခံလာကြပါပြီ။ ဒါပေမဲ့ ဥပဒေအရ တရားဝင်အသိအမှတ်မပြုသေးတဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်နေရပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 855MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 24Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

6.6 2021 84 mins
Matcha & Vanilla
One and Only
7

CM ပရိသတ်ကြီးတွေကို ဉာဏ်ကွန့်မြူးလို့ကောင်းတဲ့ လူငယ်ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်တယ်။ နာမည်ကတော့ One and Only ဖြစ်ပြီးတော့ ဒီနှစ်မှ ရုံတင်ခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားထဲမှာဆိုရင် အဓိက သရုပ်ဆောင်တွေအနေနဲ့ စီနီယာဟွမ်ပေါ်နဲ့ နာမည်ကြီးတရုတ်မင်းသား ဝမ်ရိပေါ်တို့က တင်းလေ့နဲ့ ချန်ရှိုးတို့အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ တင်းလေ့က ချန်ရှိုးကို တွေ့ရာကနေ စပါတယ်။ ချန်ရှိုးက လူငယ်အကသမားဖြစ်ပြီးတော့ အိပ်မက်တွေနောက်ကို လိုက်နေတဲ့ကောင်လေးပါ။ တစ်နေ့မှာ သူက တင်းလေ့ရဲ့ အကအဖွဲ့ထဲ ဝင်ခွင့်ရသွားတဲ့အခါ မတူညီတဲ့ အရည်အချင်းအမျိုးမျိုးရှိတဲ့ အကကျွမ်းကျင်သူတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ချန်ရှိုးအနေနဲ့ အကပြိုင်ပွဲတွေမှာ ပါဝင်ချင်တာက တစ်ဘဝစာအိပ်မက်လိုမျိုးဖြစ်ခဲ့ပြီးတော့ အဲဒီအတွက် ကြိုးစားရာမှာ သူ မျှော်လင့်သလို မချောမွေ့ခဲ့ပါဘူး။ မိသားစုနဲ့ အိပ်မက်တွေကြားမှာ ရောက်နေရတဲ့အခါ သူ့အနေနဲ့ ဘာကို ရွေးချယ်မလဲ၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဟောဒီ One and Only ရုပ်ရှင်ထဲမှာပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါနော်။ မြူးကြွကြွ ကကွက်တွေကို ကြည့်ရှုရမှာဖြစ်တဲ့အပြင် လူငယ်တစ်ယောက်ရဲ့ ရုန်းကန်လှုပ်ရှားပုံတွေကို တွေ့မြင်ရမှာဖြစ်တဲ့အတွက် inspiration ယူလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမလို့ အားလုံးကြည့်ရှုကြဖို့ recommend ပေးပါတယ်နော်။

7 2023
One and Only
Wings of Desire
7.9

Wings of Desire (1987) ~ IMDb – 7.9/10, RT – 95%, Meta – 79% ~ Directed by “Wim Wenders” လူများစုကတော့ Wim Wenders ကို လက်ရှိပူပူနွေးနွေးထွက်ထားတဲ့ ဂျပန်ရုပ်ရှင် Perfect Days နဲ့ ပိုရင်းနှီးနေကြလောက်မလားမသိဘူး။ ဒါပေမဲ့ ဝန်ဒါးရဲ့ မာစတာပိစ်ရုပ်ရှင်ဆိုရင်တော့ Wings of Desire လို့ပဲ ပြောကြရမှာပဲ။ တစ်နည်းပြောရရင် Wenders ကိုယ်တိုင်ထက် သူ့ရုပ်ရှင် Wings of Desire နဲ့ WoD ရဲ့ Remake ဖြစ်တဲ့ City of Angels ကိုတောင် လူသိပိုများရင် များလောက်မယ်။ ဘာပြောပြော Wings of Desire ဟာ Greatest Movies of All Time တွေထဲက တစ်ကားဖြစ်ခဲ့တယ်။ Wings of Desire နဲ့ ဝန်ဒါးဟာ Cannes မှာရော European Film Awards မှာရော အကောင်းဆုံး ဒါရိုက်တာဆု ရထားခဲ့တယ်။ ဇာတ်ရဲ့အကြောင်းအရာကိုပြောပြရင်တောင် ဒီဇာတ်ရဲ့ အကြောင်းအရာဖြစ်မယ်လို့ ကျွန်တော်တော့မထင်ဘူး။ ဒီရုပ်ရှင်ကရတဲ့ စီးကူးမှုဟာလည်း ဇာတ်ရဲ့အကြောင်းအရာ ဟုတ်မနေဘူး။ တာကော့စကီးရုပ်ရှင် ကြည့်နေသရသလား ထင်မှတ်မှားရလောက်အောင် ရုပ်ရှင်ကို Poetic Narrations တွေ ကဗျာတွေ Poetic ဆန်တဲ့အပြတွေနဲ့ အသက်သွင်းထားတယ်။ စတိလောက် ဇာတ်အကြောင်းအရာပြောရရင်တော့ ဘာလင်မြို့က တမန်တော်တစ်ယောက်ရဲ့ လူတွေရဲ့ဘဝတွေကို မြင်နေရခြင်း၊ လူတွေရဲ့အတွေးတွေကို ကြားနေရခြင်းတွေကနေ အဲဒီလူတွေရဲ့ ဝေဒနာတွေ ခံစားချက်တွေကို စီးကူးမိနေတဲ့ အကြောင်းပဲ။ ပြောရရင် အဲဒီတမန်တော်ဟာ စစချင်းမှာ ဒီလူတွေရဲ့ ခံစားချက်တွေကို ဖော်ပြဖို့ ကြားခံလိုမျိုးဖြစ်နေခဲ့တယ်။ သူ့ရှေ့က တမန်တော်ကားတွေမှာတော့ တမန်တော်တွေဟာ လူတွေဘဝရဲ့ အနည်းနဲ့အများတော့ ဝင်ရောက်စွက်ဖက် ပြုပြင်ပြောင်းလဲပေးနိုင်ပေမဲ့ Wings of Desire က တမန်တော်တွေကတော့ မြင်နေ ကြားနေ ဘေးက ကရုဏာသက်နေရုံကလွဲ ဘာမှမလုပ်ပေးနိုင်ဘူး။ It’s a Wonderful Life တို့လို ရုပ်ရှင်တွေထဲက တမန်တော်တွေကနေ ကွဲထွက်သွားတဲ့အရာပေါ့။ ပိုကွဲထွက်တာက ဒီမှာက တမန်တော်ဆိုတဲ့ ဖြစ်တည်မှုထက် လူရဲ့ လက်ရှိပစ္စုပ္ပန်တည့်တည့်မှာ အရသာကို ခံစားနိုင်ခွင့်ရှိတာက ပိုအလေးသာကြောင်းပြောထားတာမျိုးတွေပဲ။ ကော်ဖီနဲ့စီးကရက်ကို တွဲဖက်သောက်သုံးရတဲ့ ဘာနဲ့မှမတူတဲ့အရသာမျိုးကို မင်းမြည်းစေချင်စမ်းတယ်ဆိုတာမျိုးတွေပေါ့။ ဘဝကို အရသာခံတယ်လို့ ပြောရမယ်။ ဒါက Perfect Days အရင်ကြည့်ထားတဲ့လူတွေဆို ကောင်းကောင်းသိမှာပဲ။ Perfect Days မှာ ရှင်သန်နေတဲ့ဘဝကို ကောင်းကောင်းကြီး အရသာခံပြထားတယ်။ နောက် ဒီရုပ်ရှင်ရဲ့ ဇာတ်ကောင်တွေထဲမှာရော လိုကေးရှင်းမှာရော ဘာလင်တံတိုင်းကြီးလည်းပါထားတယ်။ အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီကို ပိုင်းခြားထားတဲ့ တံတိုင်းကြီးပေါ့။ ၁၉၆၁ကနေ စပိုင်းခြားထားတဲ့ ဒီတံတိုင်းကြီးဟာ Wings of Desire ထွက်ပြီး နှစ်နှစ်အကြာ ၁၉၈၉ မှပဲ ဖြိုချခဲ့တယ်။ Wings of Desire က တစ်ချို့လူတွေရဲ့ ဝေဒနာတွေဟာ ဒီပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးနဲ့ မကင်းတာကိုလည်း ကျွန်တော်တို့ မြင်နိုင်တယ်။ ဒီရုပ်ရှင်မှာ တမန်တော်တွေဟာ အရောင်တွေကို မမြင်နိုင်တဲ့အတွက် တမန်တော်ဘက်ခြမ်းအကုန်နီးပါးက အဖြူအမည်းနဲ့ပြထားပြီး နတ်သက်လျှောလူဖြစ်သွားတဲ့နောက် အရောင်နဲ့ပဲပြခဲ့တယ်။ စီနီမာတိုဂရပ်ဖာက Henri Alekan… သူလည်း သူ့ခေတ်ရဲ့ အကြီးကျယ်ဆုံး စီနီမာတိုဂရပ်ဖာတွေထဲပါတယ်။ ဒီရုပ်ရှင်ရဲ့ အပြတွေမှာ သူ့ကိုယ်ပိုင်တီထွင်မှုတွေနဲ့ ရိုက်ကူးထားတာတွေလည်း ပါခဲ့တယ်။ French New Wave ရဲ့ တစ်တပ်တစ်အားလည်းဖြစ်ခဲ့တယ်။ ဒီရုပ်ရှင်အတွက် သူသုံးခဲ့တဲ့ Filter ကလည်း တော်တော်လန်းတယ် သူ့အဘွားရဲ့ စတော်ကင်အစုတ်ကြီး။ နောက် ဒီရုပ်ရှင်မှာ Nick Cave & the Bad Seeds တို့ရဲ့ Concert တစ်ခုပါတယ်။ ဝန်ဒါးအဆိုအရတော့ နစ်ကေ့ပွဲမပါဘဲ ဘာလင်ကို သူမရိုက်ပြနိုင်ဘူးလို့ဆိုတယ်။ နတ်သက်ကြွေ တမန်တော်တွေဟာ ဒီရုပ်ရှင်ထဲတင် အများကြီးရှိကြောင်းပြောခဲ့သလို ရုပ်ရှင်ရဲ့အဆုံးမှာ ဝန်ဒါးက ” Dedicated to all the former Angels, but especially to Yasujiro, François, Andrei ” လို့ အပိတ်စာတန်းထိုးထားခဲ့တယ်။ ဒီသုံးယောက်ကတော့ သူ သဘောအကျဆုံး အလေးစားဆုံး ဒါရိုက်တာတွေဖြစ်တဲ့ Yasujiro Ozu, François Truffaut နဲ့ Andrei Tarkovsky တို့တွေပါပဲ။ ဒီတော့ သူပြောချင်တဲ့ တမန်တော်ဆိုတာ တမန်တော်ဟုတ်ရဲ့လားလို့တော့ မေးခွန်းထုတ်စရာရှိနေလိမ့်မယ်။ ဝန်ဒါးဟာ အိုဇုကို တော်တော်ချစ်တာကြောင့်ပဲ ဂျပန်ကားကို ဂျပန်ကားစစ်စစ်ဖြစ်အောင် ရိုက်ပြနိုင်ခဲ့သလို Wings of Desire ကိုယ်တိုင်ကလည်း Tarkovsky ရုပ်ရှင်တစ်ကားကြည့်ရတဲ့ အငွေ့အသက်တော်တော်လေးရနေတဲ့ ရုပ်ရှင်ပါပဲ။ Truffaut ရုပ်ရှင်တွေလို လူတွေရဲ့ဘဝကို မြင်စေနိုင်စွမ်းမျိုးလည်းပါနေတယ်လို့ဆိုတယ်။ Wings of Desire ဟာ ပြန်ပြောပြဖို့တော်တော်ခက်တဲ့ ရုပ်ရှင်တစ်ကားပါ။ ကျွန်တော် ပြန်ပြောပြတတ်သလောက်ပြောရရင်တော့ ဝန်ဒါးရဲ့ သူချစ်တဲ့ဒါရိုက်တာတွေကို Homage ပေးပြီး သူချစ်တဲ့ပိုင်းခြားခံထားရတဲ့ဘာလင်ကို၊ သူချစ်တဲ့နာကျင်ကြေကွဲနေကြတဲ့ ဘာလင်က လူတွေကို၊ သူချစ်တဲ့ ရှင်သန်ခြင်းရဲ့အရသာကို ရိုက်ပြထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 935MB Quality – 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 2H 8Min Genre – Drama, Fantasy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1987 128 mins
Wings of Desire
Luxembourg, Luxembourg

Luxembourg, Luxembourg (2023) ဥရောပရုပ်ရှင်တွေထဲကနေ ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်တဲ့ ယူကရိန်းနိုင်ငံက ရိုက်ကူးထုတ်လုပ်ထားတဲ့ Drama ရုပ်ရှင်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ IMDb rating 7.9, Rotten Tomatoes 83% ရရှိထားပါတယ်။ Drama ရုပ်ရှင် ကြိုက်နှစ်သက်သူဆိုရင်တော့ မိုးရွာတဲ့နေ့မှာ အိပ်ရာထဲကနေ အေးဆေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်မျိုးလို့ ပြောချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကိုလာနဲ့ ဗက်စ်ယာတို့ဟာ ယူကရိန်းက အမြွှာညီအစ်ကိုတွေပါ။ ဘာမှမရှိတဲ့မြို့လေးမှာ ရှင်သန်ကြီးပြင်းကြရင်း ဗက်စ်ယာကတော့ ရဲဝန်ထမ်းဖြစ်သွားပြီး ကိုလာကတော့ ဘတ်စ်ကားလည်း မောင်းသလို ကြုံရာအလုပ်တွေလုပ်သလို လူဆိုးလေးတစ်ယောက်ဖြစ်နေပါတယ် ။ တစ်နေ့မှာ ကိုလာ့ဆီကို သူ့အဖေ လူဇင်ဘတ်နိုင်ငံမှာ မတော်တမှုအကြီးကြီးဖြစ်ကြောင်း သေလုမျောပါးဖြစ်နေကြောင်း ယူကရိန်းကောင်စစ်ဝန်ရုံးမှ ဆက်သွယ်လာပါတယ်။ အဲဒါနဲ့ ကိုလာလည်း လူဇင်ဘတ်ကို သွားဖို့လုပ်ပါတယ် ဒါပေမယ့် အမေဖြစ်သူနဲ့ ဗက်စ်ယာတို့ကတော့ မသွားဖို့တားပါတယ်။ ကိုလာကတော့ သွားဖို့ အတင်းလုပ်ပါတော့တယ်…… အညွှန်းန့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.6GB | 739B Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

0 2023
Luxembourg, Luxembourg
Technoboys

ဇာတ်လမ်းအကျဉ်းကတော့ 1990 ဝန်းကျင်လောက်က နာမည်ကြီးခဲ့တဲ့ Technoboys ဆိုတဲ့ မက္ကဆီကိုယောက်ျားလေးအဆိုတော်အဖွဲ့ဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် အဖွဲ့ခေါင်းဆောင် Allan ရဲ့ Melenaဆိုတဲ့ အဆိုတော်ကောင်မ‌လေးနဲ့ အချစ်ရေးပြဿနာကြောင့် ချက်ချင်းနာမည်ပျက်ခဲ့ရပြီး Technoboys လည်း ပျက်သွားခဲ့ရပါတယ်။ နှစ်နှစ်ဆယ်‌ကြာပြီးနောက် Technoboys နာမည်ဟာ Loyalty Free ဖြစ်လာပြီးနောက် Allan နဲ့ သူ့ရဲ့ Manager အသစ်ဖြစ်တဲ့ George တို့က Copyright ကို ဝယ်ယူလိုက်ပြီး Technoboys ကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းကြပုံတွေကို ဟာသဆန်ဆန်ကြရမယ့် မက္ကဆီကို Dark Comedy ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ ဒီထဲမှာ Politic တွေ LGBTQ တွေကို ဒဲ့ Shade တာတွေပါတွေ့ရမှာဖြစ်ပြီး နာမည်ကြီးအောင်မြင်နေတဲ့သူတွေရဲ့နောက်ကွယ်က ဆိုးဝါးတဲ့ ဖြစ်ရပ်မှန်တွေကိုပါတွေ့ရမှာဖြစ်ပါတယ်။ IMDB မှာလည်း 5.3 ထိရထားတဲ့ Latino ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ် File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:49:00 Genre… Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

0 2024 109 mins
Technoboys
Carry-On
6.7

Carry-On (2024) IMDb Rating (6.7) / Rotten Tomatoes (88%) Kingsman မင်းသား Taron Egerton နဲ့ Ozark ထဲက မင်းသားကြီးJason Bateman တို့ပါဝင်ထားတဲ့ လေယာဉ်အကြမ်းဖက် ပြန်ပေးဆွဲ Carry- on ထွက်လာပါတယ်။ အီသန်ကိုပက်ခ်က ခရစ်စမတ်မှာ သူ ၃ နှစ်တာ လေဆိပ်စစ်ဆေးရေးဝန်ထမ်းအဖြစ်လုပ်ခဲ့တဲ့ အလုပ်ကနေထွက်ပြီး ရဲသင်တန်းတက်ဖို့ ဒွိဟတွေဖြစ်နေပါတယ်။ ဒါပေမယ့် သူနောက်ဆုံးအလုပ်ထွက်စာတင်မယ့်နေ့မှ အထက်လူကြီးက သူ့ကို ရာထူးတစ်ဆင့်မြှင့်ပြီး အိတ်တွေကို စကန်ဖတ်စက်နဲ့ စစ်ဆေးရတဲ့နေရာမှာ အစမ်းခန့်ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ သူ့နောက်ဆုံးနေ့မှာပဲ လူ ၂၅၀ ပါဝင်တဲ့ လေယာဉ်ကို ဇီဝဓာတ်ငွေ့နဲ့အဆိပ်ခတ်ပြီး လေယာဉ်ပေါ်မှာ ပါတဲ့ အမတ်ကို ရုရှားစပိုင်က လုပ်ကြံဖို့ ကြိုးစားပါတယ်။ ပြဿနာတစ်ခုရှိတာက အဆိပ်ဗုံးထည့်ထားတဲ့အိတ်ကို စကန်ဖတ်စက်မှာဖြတ်လို့မရတာပါ။ ဒီအတွက် အဲ့ဒီနေ့မှာ အစားထိုး စကန်ဖတ်စက်ကိုင်ရတဲ့ အီသန်ကိုပက်ခ်ကို လုပ်ကြံရေးသမားက အမျိုးမျိုးအကြပ်ကိုင်ခြိမ်းခြောက်ပြီး လေယာဉ်ပေါ်တက်ဖို့ ကြိုးစားပါတယ်။ ကျဉ်းထဲကြပ်ထဲရောက်နေတဲ့ အီသန်တစ်ယောက် ဒီအခြေအနေက ဘယ်လိုရုံးထွက် စွန့်စားသွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာကြည့်ရမယ့် Thriller ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size…(7.9 GB) / (2.3 GB) / (1.2 GB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Mystery, Thriller Duration….02:00:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thiha Yan Naing

6.7 2024
Carry-On
The Last House on the Left
5.8

(လိင်မှုဆိုင်ရာ အကြမ်းဖက်မြင်ကွင်းများ၊ ပွင့်လင်းမြင်သာသော ပြကွက်များ ပါဝင်သောကြောင့် မိသားစုနှင့် ကြည့်ရှုရန် မသင့်တော်ပါ) ဒေါက်တာကြီး ဂျွန်တို့ရဲ့ သမီးတော်ကလေး မယ်ရီ ၁၇ နှစ် ပြည့်လေပြီ။ မြီးကောက်ပေါက် ဆယ်ကျော်သက်ဖြစ်သူပီပီ မြို့ထဲကို ရှိုးပွဲသွားကြည့်ချင်နေတော့ လွှတ်လိုက်ရတာပေါ့။ သိတဲ့အတိုင်း မယ်ရီနဲ့အတူတူ ပေါင်းသင်းနေတဲ့ကလေးမလေးက အသွက်တစ်လိုင်းဖြစ်ပြီး နေတာလည်း မြို့ဆင်ခြေဖုံးရပ်ကွက်ဆိုတော့ ရှိုးပွဲမကြည့်ခင်လေး ဆေးခြောက်သောက်ချင်ရာကနေ လိုက်ရှာကြရော။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ တကယ့်အာဂ လူသတ်သမား လူဆိုးလူမိုက်ကြီး ၂ ယောက်ကို ခပ်ငယ်ငယ်လူရွယ်လေးရယ် အမျိုးသမီးတစ်ဦးရယ်က ထောင်ဖောက်ပြေးတာ ကူညီပေးပြီး လွတ်မြောက်နေတဲ့အချိန်။ ဆယ်ကျော်သက်သမီးပျိုလေး နှစ်ယောက်ရယ် ဒီ ဝရမ်းပြေးတွေရယ် ဘယ်လို ဆုံတွေ့ကြမလဲ မိဘနှစ်ပါးကရော ဘယ်လိုအရေးကြီးတဲ့နေရာကနေ ပါဝင်လာမလဲ ရဲတွေကရော ဘာလုပ်မလဲ စသဖြင့် တင်ဆက်ထားတဲ့ ခေတ်ဟောင်းရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ File Size : 6.9 GB, 2.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Crime, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

5.8 1972 84 mins
The Last House on the Left
Laws of Man
4.3

Laws of Man (2025) ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲရဲ့အစောပိုင်းကာလအချိန်..။ ဖရန့်ခ်နဲ့ တွမ်မီဆိုတဲ့ ယူအက်စ်မာရှယ်နှစ်ယောက် နီဗားဒါးပြည်နယ်က မြို့လေးတစ်မြို့မှာ ၀ရမ်းပြေးတရားခံတစ်ယောက်နောက်ကို လိုက်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သက်သေတစ်မှုန်တစ်စိမှ မတွေ့ရတဲ့အပြင် ရှိခဲ့ဖူးတဲ့တစ်ခုတည်းသောသက်သေကလည်း ရုံးမီးလောင်တဲ့ထဲ ပါသွားတယ်ဆိုတော့ တရားခံကိုဖမ်းဖို့ အကျပ်ရိုက်နေခဲ့ကြတယ်။ မြေယာအတွက်နဲ့ပဲ လူသတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သူတို့ထင်ထားတဲ့တရားခံက သူတို့ထင်မှတ်မထားတဲ့ ကိစ္စကြီးတစ်ခုမှာပါနေတာကို သိရတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.1 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Thriller, War Duration….01:39:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Thriller • Crime • Mystery • Action
4.3 2025 91 mins
Laws of Man
With You in the Future
6.3

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Romance/Comedy အမျိုးအစား စပိန်စကားပြောရုပ်ရှင် ကားလေးပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ကွာရှင်းလုနီးလင်မယားနှစ်ယောက်ဆီ ဖူးစာရေးနတ်ကျူးပစ်ရောက်လာပြီး ၎င်းတို့ရဲ့ မပြေလည်တဲ့ ပစ္စုပ္ပန်အချစ်ခရီးကို ပြင်ဆင်ဖို့အတွက် အတိတ်ဆီအချိန်ခရီး သွားကာ ကူညီပို့ဆောင်ပေးမယ့် အကြောင်းလေးကို ရိုက်ကူး တင်ဆက်ထားတာပဲဖြစ်ပါတယ်… Carlos နဲ့ Elena ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး အိမ်ထောင်ရေးတစ်ခုတည်ထောင်ခဲ့ ကြသူတွေဖြစ်ပါတယ်.. အချစ်တွေအပြည့်နဲ့ စတင်ခဲ့တဲ့သူတို့ရဲ့ အချစ်ခရီးလမ်းဟာ အိမ်ထောင်ပြုအပြီး ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ တစ်ယောက်ကို တစ်ယောက် အရင်ကသဘောကျခဲ့တဲ့ အရာတွေဟာ အခု အချိန်မှာ လုံးဝသည်းမခံနိုင်စရာတွေဖြစ်ကာလာပါတော့တယ် Elena ဟာ ဂီတသမားတစ်ယောက်ဖြစ်ပြီး Carlos နဲ့စတင်တွေ့ဆုံ ခဲ့တဲ့နေရာဟာလည်း Carlos နှစ်ခြိုက်ခဲ့တဲ့ဂီတပွဲတစ်ခုသာဖြစ်ပါတယ် သို့သော်လည်း အိမ်ထောင်ပြုပြီးချိန်မှာတော့ အရင်ကသဘောကျခဲ့တဲ့ Elena ရဲ့ဂီတတွေဟာ Carlos အတွက်လက်မခံနိုင်စရာဖြစ်လာတဲ့ အပြင် နေအိမ်အတွင်း သီချင်းမဖွင့်ရ စည်းမျဉ်းတွေပါထုတ်လာကာ ဖူးစာရေးနတ်ရဲ့အမှားအယွင်းသာဖြစ်ကြောင်း အပြစ်ပုံချပြီး ကွာရှင်းဖို့အထိဖြစ်လာခဲ့ပါတယ်.. ၎င်းတို့နှစ်ယောက်ကွာရှင်းစာချုပ်ပေါ် လက်မှတ်ထိုးတော့မယ့်အချိန် မတိုင်မီမှာလေးမှာပဲ ကျူးပစ်လို့ အမည်ခံတဲ့ ထူးထူးဆန်းဆန်း လူတစ်ယောက် အိမ်ထဲကို ရုတ်တရက်ရောက်ရှိလာပြီး သူ့အမှား မဟုတ်ကြောင်း ငြင်းဆိုလျက် Carlos နဲ့ Elena တို့ရဲ့ ငယ်ဘဝဆီ အချိန်ခရီးနဲ့ လိုက်လံပို့ဆောင်ပေးပြီး နှစ်ယောက်သားချစ်ကျွမ်း မဝင်အောင် ကြိုးပမ်းခြင်းဖြင့် ပစ္စုပ္ပန်ကိုပြုပြင်နိုင်ကြောင်း စိန်ခေါ်ပါ တော့တယ် ထိုသို့နှင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အကြာက ၁၉၉၄ ခုနှစ်ရဲ့ Carlos နဲ့ Elena တို့ တွေ့ဆုံချိန် ရက်တစ်ရက်ဆီ ရောက်သွားတဲ့ အခိုက် ဆယ်ကျော်သက်အရွယ် ကိုယ်စီကို မြင်ကြရတဲ့အခါမှာတော့…… ဒီကားလေးမှာဆိုရင် အိမ်ထောင်ရေးရဲ့ ဖြစ်တတ်တဲ့သဘာဝနဲ့ ပြောင်းလဲခြင်းတရားတွေအကြောင်းကို ရိုမန့်တစ်ဆန်စွာလက်တွေ့ ကျကျရိုက်ကူးပြသထားပြီး တစ်ယောက်ဘဝထဲတစ်ယောက်ရောက် ရှိလာစက အချစ်မီးတောက်များဟာ အိမ်ထောင်ရေးဘဝမှာ ငြိမ်း သွားနိုင်ကြောင်း ချစ်ခင်ခဲ့ကြချိန်မူလအစက တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ နားလည်မှုနဲ့ချစ်ခြင်းမေတ္တာကို ပြန်လည် အောက်မေ့ရင်း အနည်ထိုင်သွားတဲ့ အချစ်တွေကို လှုပ်နှိုးနိုင်ဖွယ် တင်ဆက်ပုံဖော်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ လက် မလွတ်ရလေအောင် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……… File size… (1.54 GB) / (823 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • Family
6.3 2025 91 mins
With You in the Future
That Obscure Object of Desire Cet obscur objet du désir
7.8

That Obscure Object of Desire (1977) IMDb Rating (7.8) / Rotten Tomatoes (97%) ပြင်သစ် Surrealist လှုပ်ရှားမှုတွေရဲ့အဓိကခေါင်းဆောင်တစ်ယောက်၊ Surrealism လက်ရာတွေရဲ့နာမည်ကျော်ဖန်တီးရှင် ဒါရိုက်တာကြီး Luis Buñuel ရဲ့နောက်ဆုံးလက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာရုပ်ရှင်သမိုင်းမှာ ဂန္ဓဝင်လက်ရာတစ်ခုဖြစ်ပြီးအကောင်းဆုံး နိုင်ငံခြားဘာသာစကားပြောရုပ်ရှင်ဆုနဲ့အကောင်းဆုံးဇာတ်ညွှန်းဆုတို့အော်စကာ ဆန်ကာတင်ဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အိမ်အကူအသစ်မိန်းမလှလေး ကွန်ချီတာကိုအရူးအမူးစွဲလန်းသွားမိတဲ့ ပြင်သစ်လူကုံထံတစ်ယောက်နဲ့ နားလည်ရခက်ပြီး ပဟေဠိဆန်တဲ့၊ သူ့ကိုအချိုတွေပေးလိုက် အဆိပ်တွေကျွေးလိုက် ဆက်ဆံတတ်တဲ့ ကွန်ချီတာတို့ရဲ့အကြောင်းကိုဟာသနှောပြီးတင်ဆက်ထားတာပါ။ ကွန်ချီတာရဲ့ပဟေဠိဆန်တဲ့စရိုက်နှစ်မျိုးအဖြစ် ဇာတ်ကောင်တစ်ကောင်တည်းကို မင်းသမီးနှစ်ဦးက အလှည့်ကျသရုပ်ဆောင်ထားတာကလည်းထူးခြားချက်တစ်ခုပါပဲ။ Surrealism အမျိုးအစားလို့ဆိုတဲ့အတွက်လည်း ဇာတ်လမ်းနဲ့မသက်ဆိုင်ဘူးလို့ထင်ရတဲ့ နိမိတ်ပုံတွေ ၊ ပြကွက်တွေကိုလည်းတွေ့မြင်ရပါလိမ့်မယ်။ မြည်းစမ်းကြည့်သင့်တဲ့ လက်ရာတစ်ခုပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(3.1 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:44:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
7.8 1977 103 mins
That Obscure Object of Desire Cet obscur objet du désir