YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Lying (2025) S01E23 1080p.mp4

528.99 MB N/A video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crater
6.7

တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ သေကြောင်းကြံလိုက်တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းအုပ်ထဲက အဲဒီကောင်လေးက အိုမီဂါကို သွားဖို့အကြောင်းဖန်လာတယ်။ မသွားခင်မှာ သူတို့အချိန်၂ရက်ရသွားပြီး သူ့အဖေသွားစေချင်တဲ့ အမိုးခုံးအပြင်ဘက်က လကမ္ဘာချိုင့်ကြီးဆီ သူ့သူငယ်ချင်းတွေနဲ့ စွန့်စားခန်းဖွင့်ကြတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေ စွန့်လွှတ်မှုတွေနဲ့ ချစ်စဖွယ်ရော အသည်းငြိချင်စရာရောကောင်းအောင် ရိုက်ပြသွားတယ်။ ကလေးသရုပ်ဆောင်တွေက သူ့ဟာနဲ့သူကောင်းကြတဲ့အပြင် ခရစ်အီဗန်ရဲ့ Gifted ထဲက မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမလေးတဖြစ်လဲ Mckenna Grace ရဲ့ ချစ်စရာမျက်နှာလေးကို မြင်ကြရမှာပါ။ ဒီလိုကားတွေဟာ ရှားရှားပါးပါးထွက်လာတတ်တဲ့ကားတွေမို့ ကိုယ်တိုင်ရော ကလေးတွေကိုရော ကျိန်းသေကြည့်သင့်ပြသင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာမှမရရင်တောင် စိတ်ကိုနွေးထွေးသွားစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Adventure, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2023 104 mins
Crater
Of an Age
7.5

IMDb Rating - 7.2/10 Rotten Tomatoes - 87% နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ် လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရ တဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျား ရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီ လေးပါတဲ့။ ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲ ဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့ နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ... ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေ ကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(2.5 GB) / (955 MB) / (511 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......May Thet Khine Soe Encoder..........Zin Phyo Aung

Drama
7.5 2023 100 mins
Of an Age
L.A. Confidential
7.8

IMDb....8.3.....Rotten...99% ဒီကား မှာ အဓိကမင်းသား ၃ယောက်ပါတယ်...Russell Crowe,Kevin Spaceyနဲ့ Guy Pearce ရယ်.. .သူတို့တွေသရုပ်ဆောင်ကောင်းကြသလို နာမည်ကြီးအထင်ကရကားတွေမှာ ပါဝင်ခဲ့တာကို တော်တော်များများသိကြမယ်ထင်တယ် .. သူ့တို့(၃)ယောက်ဟာ စုံထောက်ရဲအရာရှိတွေပါ...ဇာတ်ကားအစမှာ သူတို့(၃)ယောက်ရဲ့ခံယူချက် အလုပ်အပေါ်မှာထားတဲ့စိတ်ထားတွေကို တဖြည်းဖြည်းပြသွားတယ်....အဲ့ဒီ အခန်းတွေပါးပါးလေးပြသပြီးတဲ့နောက်မှာတော့ အစုလိုက်အပြုံလိုက်သတ်ခံလိုက်ရတဲ့ လူသတ်မှု ကြီးဆီရောက်သွားတယ်..လူသတ်မှုကြီးဟာ စုံထောက်ရဲအရာရှိဖြစ်တဲ့ သူတို့(၃)ယောက်ခေါင်းပေါ်ရောက်လာပါတယ်...လူသတ်မှုဟာ ဆိုင်တစ်ဆိုင်ထဲမှာ ရက်ရက်စက်စက်ပစ်သတ်ခံလိုက်ရတာပါ. ..သေဆုံးသူတွေထဲမှာ ရဲစုံထောက်တစ်ယောက်တောင်ပါ ပါတယ်.... ကြည့်ရှူတဲ့သူဟာ ဇာတ်ကောင် ၃ ယောက်နောက်ကိုအပြေးအလွှားလိုက်ရ သလို ဘယ်သူသတ်လဲပါ တစ်ဆက်ထဲ အဖြေထုတ်နေရတ ယ်... လူ(၃)ယောက်ရဲ့အမြင်ကိုခင်ဗျားတစ်ယောက်ထဲ ခံစားရင် အမှုကိုလည်းလက်လှမ်းမှီသလောက်ခင်ဗျားဟာ ကော်ဖီပူပူနွေးနွေးလေးသောက်ရင်း အတွေးတွေ လွန့်လူးနေလိမ့်မယ်. ..နောက်တစ်ခုက ဒီကားကြည့်နေစဉ် ဇာတ်ကောင်တွေနာမည်တွေကို အသေအချာလေးမှတ်ပြီး ကြည့်သင့်ပါတယ်. ..ဘာလို့ဆို အရေးကြီးတဲ့အကြောင်းအရာတော်တော်များနဲ့ဇာတ်ကောင်နာမည်တွေဟာ စကားပြောခန်းတွေနဲ့ပုံဖော်ထားလို့ပါ..ပြီးတော့ ဒီကားထဲက မင်းသမီး kim Basinger က အော်စကာ(ဇာတ်ပို့ဆု)ရရှိခဲ့သလို အကောင်းဆုံးရုပ်ရှင်ဇာတ်ညွန်းဆုလည်းရရှိခဲ့ပါတယ်.. နောက်တစ်ခု ခင်ဗျားတို့ သတိထားမိမှာက Russell Crowe ရဲ့ မျက်လုံးတွေပါပဲ.. .သူ့မျက်လုံးတွေက ယုန်ငယ်လေးဟန်...ပြောရရင် Beautiful mind ကားထဲက ပါမောက္ခတစ်ယောက်ရဲ့ဟန်ပန်..သူ့ရဲ့ ပင်ကိုယ်ဟန်ပဲလား မသိ.. .သို့ပေမယ့် အဲ့မျက်လုံးတွေကနေ အချိန်တော်တော်များများ မုန်ယိုနေတဲ့ ဆင်ရိုင်းတစ်ကောင်လိုပေါက်ကွဲရက်စက်ပြတာ .. ဒီဘဲကြီးသရုပ်ဆောင်တာ လန်းလှချည်လားလို့ ခင်ဗျားတို့ မှတ်ချက်ချမိမှာ အသေအချာပဲ.... File Size : (2.5GB) And (910 MB) Quality : Blu-Ray 720p Format…mp4 Duration…02:18:00 Genre : Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Oung Xix Ming Encoded by Phyo Pyae

Drama • Romance • Thriller
7.8 1997 138 mins
L.A. Confidential
The Curious Case of Tianjin
10

ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ချင်ဖန်ဟာတရုတ်ရိုးရာသမားတော်တစ်ယောက်ဖြစ်ပြီး ကျင်းမန်ဆိပ်ကမ်းမှာနေပါတယ်။ငြိမ်းချမ်းရေးကိုလိုလားပြီးအေး​အေးဆေးဆေးနေချင်သူပေါ့။ ​ဆိပ်ကမ်းရဲ့အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ "ရိက္ခာပို့ဆောင်ရေးအဖွဲ့" နဲ့ "ချင်းလုံအဖွဲ့" တို့ စားကျက်လုရင်းရန်ပွဲတွေဖြစ်ကြတဲ့အခါမှာ ချင်ဖန်ဟာဘုမသိဘမသိဝင်ပါမိရော။ သူဟာဖျန်ဖြေဖို့ရည်ရွယ်ချက်နဲ့ဝင်ပါခဲ့ပေမယ့်၊ မထင်မှတ်ထားစွာဘဲ လူနှစ်ယောက်သေသွားတဲ့အခါ မှော်အတတ်သုံးတယ်လို့စွပ်စွဲခံရပြီးထောင်နန်းစံရပါလေရော။ သူ့ရဲ့အပြစ်ကင်းမှုကိုသက်သေပြဖို့​ထောင်ထဲကခိုးထွက်ပြီး ရင်ခွဲရုံမှာအလောင်းခွဲစိတ်တာကိုသွားကြည့်နေတဲ့အချိန်မှာပဲ ဆေးတစ်မျိုးကြောင့်မေ့မျောသွားပါတော့တယ်။ အလောင်းကလည်းပျောက်ဆုံးသွားတယ်။ အကုသိုလ်ဟာအဖော်အပေါင်းနဲ့လာတယ်ဆိုသလိုပဲ သူ့ဘာသာသူမေ့မျောပြီး ဆောင်ကြာမြိုင်တစ်ခုကိုဘယ်လိုရောက်လို့ရောက်မှန်းမသိ နှပ်နေစဥ်မှာပဲ၊ အဲ့ဒီညမှာဆိပ်ကမ်းကလူတချို့ဟာ ထိန်းချုပ်ခံရသလို အသိစိတ်မရှိတော့တဲ့ပုံစံတွေနဲ့ရေထဲခုန်ချပြီးသေသွားကြရော။ ဆိုတော့ တစ်မှုပေါ်တစ်မှုဆင့်ပြီး လူသတ်မှု၊ အလောင်းခိုးမှု၊ ထောင်ဖောက်မှုတွေအပြင် ၊ လူအများရဲ့မှော်အတတ်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ပါထပ်လောင်းလာတဲ့အခါမှာတော့… ချင်ဖန်ဟာသူ့ရဲ့ဖြူစင်မှုကိုသက်​သေပြဖို့အတွက်ကြိုးစားရပါတော့တယ်။ ဒီအမှုတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ။ မှော်အတတ်တွေနဲ့ရောသက်ဆိုင်နေတာလား။ ချင်ဖန်ကရောဒီထူးဆန်းတဲ့အမှုတွေကိုဖော်ထုတ်နိုင်ပါ့မလား။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime
10 2022 83 mins
The Curious Case of Tianjin
Needle in a Timestack
5.5

အနာဂတ်ကာလမှာ အချိန်ခရီးသွားခြင်းကိုအောင်မြင်ခဲ့ကြပါတယ်။ ပိုက်ဆံရှိတဲ့ သူဌေးတွေကတော့ ပိုက်ဆံအများကြီးပုံပေးရင်း အတိတ်ကိုပြန်သွားပြီး သမိုင်းဝင်ဖြစ်ရပ်တွေကိုကြည့်ကြတာ၊ အတိတ်ကို မတော်တဆ (သို့) တမင်ပြောင်းလဲတာမျိုးတွေ လုပ်ပစ်ကြလေ့ရှိပါတယ်။ သူတို့ပြောင်းလဲလိုက်တာတိုင်းက အနာဂတ်အချိန်ကို အချိန်ကူးပြောင်းမှုဆိုတွေလှိုင်းတွေနဲ့ရိုက်ခတ် လေ့ရှိပြီး တချို့လူတွေ၊ ဖြစ်ရပ်တွေက ပြောင်းလဲသွားတတ်ကြပါတယ်။ နစ်ခ်နဲ့ ဂျန်နင်ကတော့ ပျော်ရွှင်စွနေထိုင်နေကြတဲ့အတွဲလေးဖြစ်ပြီး လတ်တလောလေးမှာတင် အချိန်ကူးပြောင်းမှုလှိုင်းသုံးခုလောက် ရိုက်ခတ်တာခံထားရတာပါ။ ဒီလိုနဲ့ နစ်ခ်ကလည်း ဂျန်နင်ရဲ့ ခင်ပွန်းဟောင်း သူဌေး တွမ်မီက အချိန်ခရီးသွားပြီး သူတို့ရဲ့ ဖြစ်တည်မှုကိုဖျောက်ဖျက်အောင်လုပ်ဖို့ ကြိုးစားနေတယ်လို့ သံသယဝင်လာခဲ့ပါတော့တယ်။ တနေ့မှာတော့ နစ်ခ်နဲ့ဂျန်နင်တို့ ခရီးသွားဖို့လုပ်နေကြတုန်းမှာပဲ အချိန်ကူးပြောင်းမှုလှိုင်းရိုက်ခတ်တာကိုခံလိုက်ရပြီ ဂျန်နင်က တွမ်မီဆီကိုပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ နစ်ခ်လည်း အနာဂတ်ကာလအချိန်မှာပဲ ပိတ်မိနေမလား၊ သူ့မိန်းမဂျန်နင်ကို ပြန်ရအောင်ကြိုးစားမလား၊ သူ့မိန်းမနဲ့အတူ ပြန်ရှိနေနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။

Drama • Thriller
5.5 2021 111 mins
Needle in a Timestack
Deathgasm
6.3

ဒီဇာတ်ကားကြီးက နည်းနည်းတော့စားတယ်ဗျ။Horror ရယ် comedy ရယ်ကို ရောထားတာ။ တစ်ကားလုံး သွေးထွက်သံယိုတွေရယ် သောက်ပေါက်ကရတွေရယ်ချည်းပဲ။သတ်တာဖြတ်တာဆိုရင်လည်း တစ်ကားလုံးနီးပါးပဲ။အူတွေအထွေးလိုက်ထွက်ကျလာရတာနဲ့ ခေါင်းကို ပုဆိန်ကြီးနဲ့ နှစ်ခြမ်းခြမ်းလိုက်ရတာနဲ့။မထင်မှတ်ထားတဲ့အချိန် ပေါက်ကရထထလုပ်လို့ ခွီရတာတွေလည်း အများကြီးပဲ။ထားပါတော့ ဇာတ်လမ်းအကျဉ်း ပြောရအောင်။ ဘရိုဒီဆိုတဲ့ Heavy Metalတွေကို ကြိုက်တတ်တဲ့ ဆယ်ကျော်သက် ဘဲတစ်ဗွေရှိတယ်ပေါ့ဗျာ။အဲ့ဘဲဘဝကြီးက စုတ်ပြတ်သတ်လို့။ဘယ်လိုလဲဆို အမေက စိတ်ရောဂါသည်(အရူးထောင်မှာ)။သူကဦးလေးနဲ့ ကပ်နေရတယ်။အဲ့ဦးလေးရဲ့ သားက သူ့ကို ကျောင်းမှာရော အိမ်မှာရော အမြဲတမ်းအနိုင်ကျင့်တယ်။သူ့မှာရှိတဲ့ စိတ်ထွက်ပေါက်ဆိုလို့ Metal တွေတီးပြီး ဝုန်းဒိုင်းကြဲရတာတစ်ခုပဲ ရှိတယ်။(ဒါတောင် Christian သူ့ဦးလေးက နတ်ဆိုးဂီတတွေဆိုပြီး လာလာပြဿနာရှာသေးတယ်) ဘရိုဒီ့မှာ ဇက်ဆိုတဲ့ အကိုလိုခင်ရတဲ့ ဘော်ဒါတစ်ကောင်ရှိတယ်။အဲ့ကောင်က ဇိုးဆိုမှ ဇိုး။ကျောင်းမှာကျောင်းသားတစ်ယောက်ကို ထောက်ဆူးနဲ့ထိုးလို့ ကျောင်းထုတ်ခံရတယ်။အဲ့နောက် သူ့အဖေ work shop မှာအလုပ်လုပ်တယ်။လာပြင်တဲ့ကားတွေဆီက ရသမျှ ဖြုတ်ခိုးတယ်။လမ်းမှာ ရပ်ထားတဲ့လူနာတင်ကားဆီက ဆီခိုးထုတ်တယ်။အဲ့လိုကောင်။သူကလည်း metal သမား။ပြောရရင် ဇလေးလည်းရှိ ဝါသနာလေးလည်းတူ အထာလေးလဲကျဆိုတော့ စုတ်ပြတ်နေတဲ့ ဘရိုဒီ့ ဘဝကြီးမှာ ဇက်ကအားကျရတဲ့ဘဲပေါ့ဗျာ။ တစ်ရက်ကျ ဇက် နဲ့ ဘရိုဒီရဲ့လက်ထဲကို Black Hymn ဆိုတဲ့ Metal သီချင်းနုတ်(စ်)တစ်ခုရောက်လာတယ်။အဲ့နုတ်(စ်)က အေးလို့ လို့ခေါ်တဲ့ ကမ္ဘာဦးနတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်တဲ့ သီချင်း။ဒီကောင်တွေကတော့ ဘာသိမှာလဲ။ဂစ်တာကြီးတွေကိုင်ပြီး တဗျင်းဗျင်း ဖြဲကြတာပေါ့။ အဲ့မှာ သောက်ပြဿနာတွေတက်ပါလေရော ။တစ်မြို့လုံးသွေးတွေအန်၊နတ်ဆိုးတွေ ဝင်ပူးခံရ၊လူတွေကို လိုက်သတ်နဲ့ ဝရုန်းသုန်းကားတွေကို ဖြစ်လို့။ပိုဆိုးတာက အဲ့တာတွေက အေးလို့ ထမြောက်ခြင်းကိုကြိုဆိုတဲ့ သဘောပဲရှိသေးတာ။ကြိုဆိုတာတောင် ကပ်ဆိုက်နေပြီဆိုတော့ ရောက်သာလာရင် ဘယ်လိုနေမလဲ စဉ်းစားကြည့်ပေါ့ဗျာ။ ဘရိုဒီ နဲ့ ဇက်တို့ ငပေနှစ်ကောင် ဝရုန်းသုန်းကား မြို့ကြီးထဲမှာ ဘာတွေဆက်လုပ်ကြမလဲ။အေးလို့နဲ့တွေ့ရင်ရော ဘာတွေဖြစ်ကြမလဲဆိုတာတော့ ဒီဇာတ်ကားမှာပဲ ဆက်ကြည့်ကြပါ။ 18+ words တွေဖောဖောသီသီ ပါတဲ့အပြင် တစ်ကားလုံးသွေးထွက်သံယိုတွေနဲ့ သတ်ဖြတ်နေကြတာဆိုတော့ ကလေးတွေကိုတော့ ပေးမကြည့်နဲ့ပေါ့ဗျာ။ကိုယ်က အဲ့လိုတွေကိုလည်း မြင်ချင်တယ်။Metal သီချင်းတွေကိုလည်း သဘောကျတယ်၊ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး ဘာတွေးစရာမှမပါတာမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကိုသာ ကြည့်။ File size…1.47GB / 584.5MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

6.3 2015 86 mins
Deathgasm
[21+] Paranormal Sexperiments
5.1

Blair Williams ကိုတော့ သိမယ်ထင်ပါတယ် သူရဲ့ ဟန်ပန်နဲ့ ခန္ဓာကိုယ်အချိုးစားကြောင့် နာမည်ကြီးပါတယ် အခု သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ သူမှာ အမွေရထားတဲ့ အိမ်ကြီးတစ်လုံး ရှိပါတယ် ဒေသတွင်းမှာတော့ သရဲခြောက်တဲ့အိမ်ကြီးဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားပါတယ် သူမ အိမ်ထဲဝင်ဝင်ချင်းမှာပဲ ထူးဆန်းတဲ့ပန်းချီကားကိုတွေ့ရင်ပဲ ကြက်သီးမွေးညင်းထပါတော့တယ် တကယ်တော့ အဲဒီဓာတ်ပုံထဲကလူက သူပူးကပ်ရမဲ့ သူ့ကိုစောင့်ဆိုင်းနေပြီး ငရဲတံခါးဖွင့်ချင်နေသူပါ ဒါပေမဲ့ ပူးပြီးချင်းမှာပဲ သူ့မှာ လိင်ဆန္ဒကို အရင်ခံစားချင်တဲ့ အတွေး ဝင်လာချိန်မှာတော့ DS fans တွေအကြိုက်ဖြစ်လို့ တင်ဆက်လိုက်ပါတယ်

5.1 2016 81 mins
[21+] Paranormal Sexperiments
Jigarthanda DoubleX
8.4

Jigarthanda DoubleX (2023) IMDb-8.4/10 တောင်ပိုင်းပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင်ကားကြီးထွက်လာခဲ့ပါပြီ။ Jigarthanda (2014)ဆိုပြီး ရှေ့မှာ တစ်ကားရှိပါတယ်။ ဒါက Prequelအနေနဲ့ထွက်ရှိလာခဲ့တာဆိုတော့ ရှေ့ကားကြည့်မထားရသေးလည်း ကြည့်လို့ရပါတယ်ဗျ။ ပထမကားမှာတုန်းက ဆုတွေအများကြီးရ Remakeရုပ်ရှင်တွေ အများကြီးပြန်ရိုက်ကြနဲ့ အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ၁၉၇၃ခုနစ်မှာ ရဲဖြစ်ချင်ပေမယ့် ကံတရားရဲ့ရက်စက်မှုကြောင့် ထောင်သားဖြစ်သွားရသူ လေးယောက်။ တစ်ဦးချင်းစီမှာ ထင်မှတ်မထားတဲ့အဖြစ်အပျက်တွေနဲ့အတူ ထောင်ထဲကိုရောက်လာခဲ့ရတာပါ။ အဲဒီလေးယောက်ကို ထောင်ထဲကထွက်ဖို့နဲ့ ရဲအဖြစ် တာဝန်ထမ်းဆောင်ဖို့အခွင့်အရေးကိုပေးပြီး အစိုးရအတွက် လျှို့ဝှက်လူသတ်မစ်ရှင်တွေ လုပ်ခိုင်းတဲ့အခါ။ ၁၉၇၅မှာ နိုင်ငံခြားမင်းသား Clint Eastwoodရဲ့ဖန်အကြီးစား လူမိုက်ခေါင်းဆောင်ကြီးက အက်ရှင်ဟီးရိုးမင်းသားတစ်လက်ဖြစ်ချင်ဖို့ကြိုးစားနေတဲ့အချိန်။ အဲဒီလို မတူညီတဲ့အခြေအနေ မတူညီကြတဲ့အဖြစ်အပျက်တွေကနေပြီး ဘယ်လိုတွေပေါင်းစပ် ဖြစ်ပေါ်လာမလဲဆိုတာ ပထမရုပ်ရှင်ကားကြီးထက် ပိုပြီးအောင်မြင်တဲ့ရုပ်ရှင်ကားဖြစ်မလားဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.4 2023 172 mins
Jigarthanda DoubleX
Hellraiser: Inferno
5.4

Hellraiser: Inferno (2000) (function(f,b,n,j,x,e){})(); ရှေ့က Hellraiser တွေနဲ့ အများကြီးကွဲထွက်နေတဲ့ ဇာတ်ကားလေးပါ။ Body Horror ထက် ဇာတ်လမ်းအသားပေး Horror, Mystery, Crime ဇာတ်ကား ဆန်နေပါတယ်။ Cenobite တွေပါပြီး ငရဲအကြောင်းကို ခပ်ပါးပါးပြောပြသွားတာကလွဲပြီး စုံထောက်ကားပါပဲ။ ဒါရိုက်တာကတော့ Dr. Strange နဲ့ အခြား Sinister လို၊ The Exorcism of Emily Rose လို နာမည်ကျော် Horror ဇာတ်ကားတွေကို ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးထားတဲ့ Scott Derrickson ပါ။ Saw Franchise ရဲ့ Spiral ဇာတ်ကားက ဒီဇာတ်ကားကို မှီးထားတာလို့လည်း ပြောကြပါတယ်။ ဇာတ်လမ်းက အကျိုးအကြောင်းနဲ့ ယုတ္တိဗေဒကိုလက်ကိုင်ထားပြီး အရာတိုင်းကို အဖြေရှာရတာကို စွဲလန်းနေတဲ့ စုံထောက်တစ်ယောက် သေတ္တာနဲ့ တွေ့သွားတဲ့ အကြောင်းပါ။ Hellraiser အကြောင်းကို သိမထားရင်တော့ အဆုံးသတ်ကို နားလည်ဖို့အဆင်မပြေပါဘူး။ Hellraiser Franchise ရဲ့ ငါးကားမြောက်ဇာတ်ကားဖြစ်ပြီး ကျွန်တော့်အမြင်အရတော့ ရှေ့ကထွက်ဖူးသမျှထဲဇာတ်ကားတွေနဲ့ယှဉ်ရင် အကောင်းဆုံးလို့ ပြောချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 930MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 39Min Genre – Crime, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.4 2000 100 mins
Hellraiser: Inferno
Big Sleep
7

Big Sleep (2023) ******************* CM ပရိသတ်ကြီးတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ Busan International Film Festival မှာ (၃) ထပ်ကွမ်းဆုရရှိထားခဲ့တဲ့ ကိုရီးယားနိုင်ငံက အိမ်ပြေးလူငယ်တွေရဲ့ အနာဂတ်ပျောက်တဲ့ပုံစံကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိမ်ပြေးလူငယ်တစ်ယောက်နဲ့ သူ့ကိုဂရုစိုက်တဲ့ လူကြီးတစ်ယောက် ကြုံတွေ့ကြပြီး နှစ်ယောက်သား ဘယ်လိုတွေ ဘဝကိုရှင်သန်ဖြတ်သန်းကြမလဲဆိုတာကို ဇာတ်ကြောင်းအေးအေးလေးနဲ့ ကြည့်ရှုရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဟိုဆိုတဲ့ ကောင်လေးကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ ဂင်ဂီယောင်းက မနက်ခင်းအလုပ်သွားဖို့ လုပ်ရင်း သူ့အိမ်ရှေ့ကကွပ်ပျစ်မှာ အိပ်နေတဲ့ဂီဟိုကို တွေ့သွားပြီး အပြောကြမ်းပေမဲ့ စိတ်ထားကောင်းတဲ့ ဂီယောင်းဟာ ဂီဟိုကိုကြည့်ပြီး သူ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားတဲ့အတွက် ဂီဟိုကို သူ့အိမ်မှာ နေခွင့်ပြုခဲ့ပါတော့တယ်။ ကိုယ်တိုင်က အရှုံးသမားတစ်ယောက်လို နေနေတဲ့ ဂီယောင်းတစ်ယောက် သူ့ထက်ပိုအားနည်းတဲ့ ဂီဟိုကို ဘယ်လိုတွေ နှစ်သိမ့် ဂရုစိုက်ပေးမလဲဆိုတာကို ရင်ထဲထိထိ ကြည့်လိုက်ရ‌အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.54GB / 570MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

7 2023
Big Sleep
Wild Things: Foursome
4.4

Wild Things: Foursome (2010) IMDb Rating (4.4) / Rotten Tomatoes (23%) Wild Things (1998) ဟာ Erotic Thriller တွေခေတ်စားတဲ့ 90s နှောင်းပိုင်းမှာထွက်ခဲ့ပြီးအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်မှုအရှိန်အဝါကြောင့်ပဲနောက်ထပ် Sequel သုံးခုထပ်ထွက်လာနိုင်ခဲ့ပါတယ်။ နောက်ပိုင်းဇာတ်လမ်းတွေဟာ ပထမကားရဲ့ပုံစံအတော်များများကိုပြန်သုံးထားပြီး သရုပ်ဆောင်နဲ့အဓိကဇာတ်ကွက်တွေပဲ ကွဲပြားသွားတာဖြစ်တဲ့အတွက် သုံးကားလုံးဟာ သူ့ဟာနဲ့သူကြည့်ကောင်းကြပါတယ်။ နောက်ဆုံးကားနဲ့လေးကားမြောက်ဖြစ်တဲ့ Wild Things: Foursome 2010 မှာတော့..ကာဆင်ဝှိတ်လီဆိုတဲ့ ဖခင်ဖြစ်သူကိုမကျေမနပ်နဲ့အရွဲ့တိုက်ပြီး ပျော်ပါးသုံးဖြုန်းနေတဲ့ ပေါ့ပေါ့နေပေါ့ပေါ့စား သူဌေးသားလေးကိုတွေ့မြင်ရမှာပါ။ အဖေလစ်ပြီဆိုတာနဲ့ အိမ်ကြီးထဲမှာ ပါတီတွေပေးသလို ဘော်ဒါတွေ ပြိုင်ဘက်တွေနဲ့လည်းအလောင်းအစားနဲ့လှေပြိုင်ပွဲတွေ လုပ်လေ့ရှိတတ်ပါသေးတယ်။ တစ်နေ့တော့ ပြိုင်ကားဝါသနာပိုင်ရှင် သူ့ဖခင်ပြိုင်ကားမတော်တဆမှုနဲ့သေဆုံးခဲ့ရာကနေ သေတမ်းစာမှာ မျှော်လင့်မထားတဲ့အဖြစ်တွေနဲ့တွေ့ကြုံရပါတော့တယ်။ အဲ့ဒါကတော့ သူ့အဖေဟာ အသက် ၃၀ မပြည့်မချင်းလက်မထပ်ဘူးဆိုရင် သူ့အတွက် ငွေတစ်ပြားတစ်ချပ်မှထုတ်ယူသုံးစွဲခွင့်ပေးမထားတာပါပဲ။ အဲ့ဒီကြားမှာမှ ပါတီတစ်ခုမှာသူနဲ့အီစီကလီလုပ်ဖူးတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုမုဒိမ်းကျင့်ပါတယ်ဆိုပြီး စွပ်စွဲပြီး တရားရုံးအထိခေါ်လာတဲ့အချိန်မှာတော့ ချောင် ပိတ်မိသွားတဲ့ကာဆင်တစ်ယောက်ထွက်ပေါက်ရှာဖို့ဖြစ်လာခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ဒီဖြစ်စဉ်တွေအားလုံးဟာ ရိုးရှင်းရဲ့လား? ဘယ်ဖြစ်ရပ်ဟာ ဘယ်တစ်ယောက်ရဲ့လှည့်ကွက်အကြံအစည်လဲ? ဘယ်သူကရော ဘယ်လောက်အထိအပြစ်ကင်းနိုင်မှာလဲ အစရှိတာတွေကိုဇာတ်လမ်းထဲမှာ ဆက်ပြီးအဖြေရှာရမှာဖြစ်ပါတယ်။ (အရင်ကားတွေနဲ့မတူကွက်ကွက်ကွင်းကွင်းချစ်တင်းနှောခန်းတစ်ခုပါနေတဲ့အတွက်မိသားစုနဲ့ကြည့်ရင်သတိထားစေချင်ပါတယ်) (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(3.1 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Mystery Duration….01:33:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

4.4 2010 92 mins
Wild Things: Foursome
Oru Kattil Oru Muri

Oru Kattil Oru Muri (2025) အခန်းလေးတစ်ခုက ခုတင်လေးရဲ့ ဒဏ္ဍာရီ “ပုန်းချင်တဲ့နေရာမှာသာပုန်း ငါတို့က မင်းကိုလိုက်ရှာပြီး အမှုန့်ကြိတ်မှာ” ရွတ်မန်ဂါဒန် ဆိုတဲ့ တက္ကစီဒရိုင်ဘာ‌လေးဟာ သူ့ကိုဒီလို အသေရရ အရှင်ရရ လိုက်ဖမ်းနေတဲ့ လူတစ်စုဆီက ထွက်ပြေးနေရပါတယ်။ သူက သူတို့တစ်ဆယ့်တစ်‌ယောက်ရဲ့ပိုက်ဆံနဲ့ ကုမ္ပဏီထောင်ပြီး ထွက်ပြေးနေလို့ပါတဲ့။ တစ်နေ့ကျ သူလည်း ကြံရာမရတာနဲ့ ကားနဲ့တိုက်ပြီး ထွက်ပြေးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ တိုက်ခန်းပိုင်ရှင်အစ်မကြီးက သူ့ခုတင်လေးပျက်လို့ ပြင်ဆရာဆီသွားပြင်နေတာပါ။ သူ့ခုတင်ကို သူ့ကလေးလေးလို အထိမခံဖြစ်နေလို့ လက်သမားဆရာခမျာလည်း အကြံအိုက်နေရတဲ့အပြင် အိမ်ကိုပြန်သယ်လာတော့လည်း ပစ္စည်းသယ်ပေးရတဲ့သူတွေကို ဖြည်ဖြည်းသယ်ဖို့ပဲအော်နေလေရဲ့။ သူ့မှာ စကားပြောဖော်ဆိုလို့ သူ့တိုက်ခန်းတစ်ခန်းကိုငှားနေတဲ့ မတ်ဒူမီယာဆိုတဲ့ အသက်နှစ်ဆယ်ဝန်းကျင်အရွယ် ကောင်မလေးပဲရှိတာပါ။ မတ်ဒူမီယာကလည်း နှစ်ဆယ်ကျော်အရွယ်လေးတွေရဲ့ ထုံးစံအတိုင်း မိဘနဲ့ဆက်ဆံရေးမပြေလည်လို့ ထွက်ပြေးလာပြီး ဆောက်လုပ်ရေးကုမ္ပဏီမှာ အလုပ်‌ရှာနေသူတစ်ဦးပါ။ ပိုင်ရှင်အစ်မကြီးက သူ့ခုတင်ကိုအထိမခံဖြစ်နေပေမဲ့ သူကိုယ်တိုင်ကျ မသုံးဘဲ သူ့ကိုပေးသုံးရတဲ့အကြောင်းရင်းကို မတ်ဒူမီယာကမေးတော့ အစ်မကြီးက သူ့ယောက်ျားနဲ့သူအတူသုံးခဲ့တဲ့ခုတင်လေးမို့ ကလေးလေးလို သူအရမ်းတန်ဖိုးထားရပေမဲ့ သူတစ်‌ယောက်တည်းတော့ ဒီခုတင်မှာ အိပ်မပျော်ပါဘူးတဲ့။ ဒီလိုနဲ့ အမျိုးသမီးနှစ်ယောက်ဟာ ကိုယ့်ဘဝဇာတ်ကြောင်းကိုယ် ရင်ဖွင့်ရင်း ခင်မင်ရင်းနှီးလာပါတော့တယ်။ အဲဒီအချိန်မှာ ရွတ်မန်ဂါဒန်က ပြေးရင်းလွှားရင်း သူတို့တိုက်ခန်းကို ရောက်ရှိလာပြီး ငှားရမ်းနေထိုင်‌ဖို့ဖြစ်လာပါတော့တယ်။ မနက်တစ်နေကုန်အလုပ်သွားပြီး ညမှတိုက်ခန်းပြန်လာတဲ့ မတ်ဒူမီယာ၊ တစ်ညလုံးအလုပ်လုပ်ရပြီး မနက်မှတိုက်ခန်းပြန်ရောက်တဲ့ ရွတ်မန်ဂါဒန်၊ တိုက်ခန်းပိုင်ရှင်အစ်မကြီး၊ သူတို့သုံးယောက် ဘယ်လိုဆက်စပ် သိကျွမ်းလာကြမလဲ၊ သူတို့ရဲ့ ထုတ်မပြောတဲ့ခံစားချက်တွေ၊ ဖုံးကွယ်ထားတဲ့အမှန်တရားတွေနဲ့ လက်ရှိအခြေအနေကိုဖြစ်လာစေတဲ့ သူတို့ရဲ့အတိတ်တွေကို သိရဖို့ရာ ရုပ်ရှင်မှာအဖြေထုတ်ရမှာမို့ ခံစားကြည့်ရှုကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Adventure • Drama • Thriller
0 2024
Oru Kattil Oru Muri
Office
6

Office (2015) **************** IMDb… 6.0 Channel Myanmar ရဲ့ Korean Movie ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက် 2015 ခုနှစ်က ထွက်ရှိထားတဲ့ Thriller ဇာတ်ကားလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး Park Sung-woong , Bae Seong-woo နဲ့ မင်းသမီး Go Ah-sung တို့ အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- အစားအသောက်ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ Kim Byeong-Gook (Bae Sung-Woo)ဟာ အလုပ်မှာ အားကိုးရပြီးတော့ မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကနေ အိမ်ကို ပြန်အရောက်မှာ ရုတ်တရက် သူ့ရဲ့ မိသားစုတစ်ခုလုံးကို တူနဲ့ ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပါတယ်။ Jong-Hoon (Park Sung-Woong) ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာ ဒီအမှုနဲ့ပက်သက်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ Kim Byeong-Gook နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အလုပ်သင်လေး Lee Mi-Rye (Ko Ah-Sung) အပြင် ဘယ်သူကမှ အသေးစိတ်တိတိကျကျ မဖြေကြားနိုင်ဘဲ တစ်ခုခုကို ဖုံးကွယ်ထားဟန်ရှိနေကြပါတယ်။ ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ကြောင့် ကုမ္ပဏီအတွင်းက လူတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလာရတဲ့အခါမှာတော့.. ကုမ္ပဏီဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူတွေကြားထဲက နိုင့်ထက်စီးနင်းလုပ်မှုတွေကို စိတ္တဇဆန်ဆန်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ‌ရေးသားထားပါတယ်။) File Size : 1.43GB/ 610MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:51:00 Genre : Thriller, Mystery, Horror, Psychological Subtitle : Myanmar Subtitle (Hard Sub) Translated by ToeTe Aung & Yati Naing Encoded by Tiff

Romance • Comedy • Fantasy
6 2015 111 mins
Office
The Dreamer

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ဘာသာစကားပြော Romance,drama ဇာတ်ကားလေးပါ…. အသက် ၆၀ အရွယ်ရှိပြီးတော့ မျက်လုံးတစ်ဖက်ပဲရှိတဲ့ ရာဖဲလ်ဟာ သူ့မိခင်နဲ့အတူနေထိုင်ပါတယ်…. သူဟာစံအိမ်ကြီးတစ်အိမ်ကိုကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး စံအိမ်ကြီးရဲ့ပိုင်ရှင်ဆုံးပြီးကထဲက သူတို့သားအမိနှစ်ယောက်ပဲ အေးအေးဆေးဆေးနေထိုင်လာခဲ့ကြပါတယ်…..မိုးတွေသည်းနေတဲ့တစ်ည စံအိမ်ကြီးရဲ့အမွေခံဖြစ်သူ ဂဲရန်စ့်ချပ်တဲလ်ဆိုတဲ့ အမျိုးသမီး အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ ရာဖဲလ်ရဲ့တည်ငြိမ်နေတဲ့ဘဝလေးစတင်လှုပ်ခတ်လာပါတော့တယ်…. File size…(1.2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Akm

Drama
0 2024
The Dreamer
Paradox
6.5

ထိုင်းမင်းသားတိုနီဂျာရဲ့ဇတ်ကားကောင်းလေတင်ဆက်ပေးလိုက်ပါတယ် တရုတ်နဲ့ထိုင်းဖက်စပ် ရိုက်ကူးထားတဲ့အက်ရှင်ကားကောင်းတစ်ကားပါ Ratingလည်းအလွန်မြင့်တာမို့ဇတ်ကားကောင်းတစ် ကားဆိုတာသံသယရှိစရာမလိုတော့ပါဘူး အားလုံးပဲ မှတ်မိကြမှာပါ ဂျက်ကီချမ်းနဲ့လူးဝစ်ကိုးတို့တွဲဖက်သရုပ်ဆောင်ထားတဲ့rob-b-hood ဇတ်ကားကိုပါ ဘယ်နှစ်ကြိမ်ပြန်ကြည့်ကြည့်မရိုးနိုင်တဲ့ဇတ်ကားလေးပါပဲ louis koo ကတော့ဒီဇတ်ကားမှာသူ့ရဲ့အကောင်းဆုံးလုပ်ဆောင်မှုတွေသရုပ်ဆောင်မှုတွေကိုသက်သေ ပြသွားခဲ့ပါတယ် ဇတ်လမ်းအစမှာတော့သမီးလေး ပျောက်ဆုံးသွားလို့သောကများနေတဲ့ဖခင်တစ်ယောက် သမီးလေးကိုပြန်လိုက်ရှာဖို့တရုတ်နိုင်ငံကနေထိုင်းနိုင်ငံကိုရောက်ရှိလာပြီးသမီးဖြစ်သူကိုပြန်လိုက်ရှာတဲ့အခါ ပြန်တွေ့နိုင်မှာလားထိုင်းမှာရှိနေတဲ့ရဲစုံထောက်နှစ် ယောက်ကကောသူ့ကိုကူညီနိုင်မှာလား ရက်စက်ကြမ်း ကြုတ်တဲ့လူဆိုးဂိုဏ်းတွေလက်ထဲကနေသမီးလေးကို ပြန်ရယူနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါ တိုနီဂျာရဲ့အက်ရှင်အကြမ်းအရမ်းတွေကိုလည်းပြန်လည်မြင် တွေ့ရမှာပါ ကောင်းမွန်ပြီးစိတ်ဝင်စားဖို့အရမ်းကောင်းတဲ့ဇတ်ကားတစ်ကားလို့ပြောကြားရင်းဒေါင်းကြည့်လိုက် ကြပါနော် File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Martial Arts, Action, Adventure, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Myint Oo

Comedy • Crime • Thriller
6.5 2017 99 mins
Paradox