YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Loving You E19 1080p WEB-DL CM.mp4

673.38 MB N/A video/mp4 30 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Good Woman
6.3

ဒီဇာတ်လမ်းဟာ တစ်ခေတ်တခါက စာပေလောကမှာ ကျော်ကြား ခဲ့ဖူးသူ စာရေးဆရာကြီး Oscar Wilde ရဲ့ Lady Windermere's Fan ဆိုတဲ့ ပြဇာတ်ကို ပြန်လည် အသက်သွင်းရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ဒီ ၂၀၀၄ ဗားရှင်းဟာ လေးကြိမ်မြောက်ထွက်ရှိလာတဲ့ screen version လည်း ဖြစ်ပါတယ်။ သူ့မတိုင်ခင်က ပြဇာတ်ရဲ့ မူရင်း နာမည်နဲ့ အသံတိတ်ရုပ်ရှင်အပါအဝင် The Fan ဆိုတဲ့ နာမည်နဲ့ နှစ်ခါတိတိ ရုပ်ရှင်တွေထွက်ဖူးခဲ့ပြီးသားဖြစ်ပါတယ်။ ဒီ ၂၀၀၄ ရုပ်ရှင်မှာတော့ မင်းသမီး Helen Hunt နဲ့ Scarlett Johansson တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မူရင်းပြဇာတ်ရဲ့ နာမည်က Lady Windermere's Fan ဆိုတဲ့ အတိုင်း အဖြစ်အပျက်တွေ အားလုံးရဲ့ နိဒါန်းကတော့ Mr Win- dermere တစ်ယောက် ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက် ရွေးချယ်လို့ ဝယ်ခဲ့တဲ့ ဒီယပ်တောင်လေး တစ်ချောင်းက စတင်ပါတယ်။ ဒီယပ် တောင်လေးဟာ သူနဲ့ Mrs Erlynne တို့ရဲ့ တွေ့ဆုံမှုဆိုလည်း မ မှားပါဘူး။ "ကျွန်မသာ ရှင့်မိန်းမဆိုရင် ဒီယပ်တောင်လေးကို လို ချင်မိမှာ " ဆိုတဲ့ စကားနဲ့အတူယပ်တောင်ထားဟန်အမျိုးမျိုးကို လုပ်ပြရင်း သူ့ကို ရေလာမြောင်းပေးသလို လုပ်နေဟန်ရှိတဲ့ Mrs Erlynne နဲ့ ပတ်သတ်ဖို့အကြောင်းများကလည်း ပါလာခဲ့သည်ပေါ့။ ဒီလိုနဲ့ အချစ်မောင်နှံလေးတွေ ဖြစ်ကြတဲ့ ခင်ပွန်းဖြစ်သူ Mr Wind- ermere သူ့ရဲ့ ချစ်လှစွာသော ဇနီး Mrs Windermere ကြားမှာ ယောင်္ကျားတွေကို မြှူဆွယ်သူလို့ နာမည်ဆိုးနဲ့ ကျော်ကြာသူ Mrs Erlynne ရောက်လာတဲ့အခါ ကတိသစ္စာတွေဟာ ခိုင်မြဲဦးမလား..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size..........(3.0 GB) / (690 MB) / (390 MB) Quality............WEB-DL 1080p / 720p / 480P Duration.........1Hr 33Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Comedy, Romance Translator.......Act Molemy Encoder..........SWM

Drama
6.3 2004 94 mins
A Good Woman
Crazy Flower in Dragon Palace
5.8

ယခုခေတ် လူသားတွေအသုံးပြုနေတဲ့အရာတွေဟာ အတိတ်က အစပြုခဲ့တာဖြစ်ပါတယ်၊တစ်ချိန်ကပစ္စုပန်ဟာ အခုအချိန်မှာ အတိတ်ဖြစ်သလို လက်ရှိပစ္စုပန်ဟာလည်း အနာဂတ်မှာ အတိတ်အဖြစ်ကျန်ရစ်ခဲ့မှာပါပဲ… ဒါတွေအားလုံးကိုစိတ်ကြိုက်ပြောင်းလဲနိုင်မဲ့အရာရှိရင်ရော? “အချိန်ခြားယန္တရားစက်ကွင်း”ဟာ ဖြစ်ရပ်တွေကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ လူသားတွေမမြင်နိုင်တဲ့တစ်နေရာမှာတည်ရှိနေတဲ့ ဒဏ္ဍာရီလာ မှော်လက်နက်တစ်ခုဖြစ်ပါသတဲ့။ ရှေးဟောင်းပစ္စည်းတွေကို သုတေသနလုပ်တဲ့ ပါမောက္ခဆိုသူဟာ လမ်းခရီးမှာ အန္တရာယ်ကျရောက်ခဲ့တဲ့အတွက် _ လင်ရှီးယွီ၊လင်လဲ့ယောင်းနဲ့ပေ့ကျီးတိုသုံးဦးပါဝင်တဲ့ ကယ်ဆယ်ရေးအဖွဲကိုအကူညီတောင်းခဲ့ပါတယ်… ✓အမှုတစ်ခုဟာ လိုက်လေပေါ်လေဆိုသလို ပါမောက္ခကိုကယ်တင်ရုံနဲ့ပြီးသွားမလား? -သဲလွန်စဇစ်မြစ်ကနေ ရွက်ပုန်းသီးကိုပဲရှာတွေ့သွားနိုင်မလား ✓အတိတ်မှာရော ဘယ်လိုရာဇဝင်တွေရှိခဲ့ပြီး အနာဂတ်ရောဘာတွေကြုံတွေ့ရဦးမလဲ?

5.8 2023
Crazy Flower in Dragon Palace
Johan Falk: Blood Diamonds
7

Johan Falk ဆိုတာကတော့ 1999 ခုနှစ်ကနေ 2015 အထိ အပိုင်း 20 ထုတ်လွှင့်ခဲ့တဲ့ ဆွီဒင် ရဲအက်ရှင်ရုပ်ရှင်စီးရီးကြီးဖြစ်ပါတယ်။ အခုကတော့ CM ပရိသတ်ကြီးအတွက် 2015 မှာထွက်ရှိခဲ့တဲ့ Blodsdiamanter ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထူးစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့ (ဂျီအက်စ်အိုင်) မာဖီးယားဂိုဏ်းတွေရဲ့ လက်နက်မှောင်ခိုတင်ပို့မှုကို စုံစမ်းနေပါတယ်။ မာဖီးယားတွေရဲ့ လှုပ်ရှားမှုကိုသိဖို့အတွက်လည်း ရဲတစ်ယောက်ကို အသွင်ယူခိုင်းပြီး မာဖီယားလက်ဝှေ့ကလပ်ထဲမှာ စုံစမ်းခိုင်းထားပါသေးတယ်။ ဂျိုဟန် ဖော့ခ်ကတော့ လတ်ဗီးယားနိုင်ငံမှာဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ရုရှားမာဖီးယားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး သူတို့ခိုင်းတာကို လုပ်ပေးခိုင်းနေပါတယ်။ ဒီအချိန်မှာ လက်ဝှေ့ကလပ်မှာ တပ်ထားတဲ့ အသံဖမ်းစက်ကို တွေ့သွားပြီး အသွင်ယူထားတဲ့ ရဲအပါအဝင် တခြားလူသုံးယောက်ကိုပါ မာဖီးယားတွေက ခေါ်သွားတဲ့အခါ ပြန်ကယ်ထုတ်ဖို့လုပ်ကြတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်ဝင်ခန်းတွေကလည်း အစစ်အတိုင်းဖြစ်နေတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အကြမ်းစားတွေမလို့ အက်ရှင်ကားကြိုက်တဲ့လူတွေသဘောကျစေမဲ့ ကားကောင်းတစ်ကားပါ။ File size…(848 Mb) Quality….Webrip 720p Format…mp4 Duration….01:39:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

7 2015
Johan Falk: Blood Diamonds
Monkey Man (မွန်ဘိုင်း John Wick)

အိန္ဒိယ အက်ရှင်ဇာတ်ကြမ်းတစ်ခု ထွက်လာပါပြီ။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ သရုပ်ဆာင်အဖြစ် Slumdog Millionaire ထဲက ဂျာမဲအကြီးကောင်လေးအဖြစ် သိကြတဲ့ Dev Patel ပါဝင်ထားပါတယ်။ Dev Patel ဟာ ၁၀နှစ်သားကတည်းက တိုက်ကွမ်ဒိုသမားဖြစ်ခဲ့ပြီး ၁၆ နှစ်သားမှာ ခါးပတ်နက်ဖြစ်နေပါပြီ။ ဒီရုပ်ရှင်ဟာ အစက နက်ဖလစ်မှာ တင်ဖို့ ရိုက်ထားတာ ဖြစ်ပေမဲ့ Jordan Peele ကြည့်မိသွားပြီး ဒါမျိုးကားက ရုံပါတင်သင့်တယ်လို့ ယူဆလို့ နက်ဖလစ်ဆီကနေ ရုံတင်နိုင်အောင် စီစဉ်ပေးခဲ့တာပါ။ ဒါရိုက်တာမင်းသားရဲ့အပြောအရတော့ အက်ရှင်အများစုမှာ ဖြစ်တတ်တဲ့ ဇာတ်အိမ်မခိုင်မာတာကို ပြင်ထားပြီး ဇာတ်အိမ်ခိုင်ခိုင်၊ နောက်ကြောင်းခိုင်ခိုင်နဲ့ အိန္ဒိယဓလေ့တွေ ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။ အပြောအဆိုနဲ့ အတိုက်အခိုက်ခန်းတွေကြမ်းလို့ ကလေးငယ်တွေအတွက်တော့ မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်း မြေအောက်လက်ဝှေ့ဝိုင်းတွေမှာ လုပ်ပွဲတွေ အထိုးခံပြီး ငွေရှာလေ့ရှိတဲ့ မျောက်မျက်နှာနဲ့လူငယ်လေးတစ်ယောက်။ ရင်ထဲမှာ အမုန်းတွေကလဲ့စားတွေနဲ့ပြည့်နေပြီး အထိုးခံစရာ နာစရာကိုရှာရင်းအသက်ရှင်နေတဲ့လူတစ်ယောက်၊ ဘာသာရေးအကြောင်းပြ၊ ဘာသာရေးသမားနဲ့ နိုင်ငံရေးသမားတို့ ရဲနဲ့ပေါင်းပြီး မြေမတရားသိမ်း၊ မိခင်ကို သတ်ဖြတ်ခဲ့တာတွေအတွက် တသက်လုံး အငြိုးတွေနဲ့ ကြီးပြင်းလာတဲ့လူတစ်ယောက်။ တနေ့မှာတော့ သူ့ရဲ့ကလဲ့စားနဲ့အတူ အခြားသူတွေအတွက်ပါ တိုက်ခိုက်ပေးဖို့ အကြောင်းပြချက်တွေရှိလာပါတယ်။ သူလက်စားချေချင်တဲ့လူတွေကလည်း အိန္ဒိယရဲ့ ဩဇာအကြီးဆုံးအသိုင်းအဝိုင်းဖြစ်နေပြီး ဂရုဆရာတော်ကြီး၊ ရဲမှူးချုပ်နဲ့၊ ပါတီကြီးတစ်ခုတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်နေတော့ ရဲတွေ လုံခြုံရေးတွေနဲ့ လူမိုက်တွေကို ရအောင်ကျော်ဖြတ်ပြီး လက်စားချေဖို့ကြိုးစားပုံတွေကို ပြထားတာပါပဲ။ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မှာပါ၊ File size…(5.8GB) /(2.1 GB)/(1 GB) Quality….WEB-DL 4K HEVC /Webrip 1080p / 720p Format…mp4 Duration….02:01:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson , Ka Naung Translated by Mr Anderson

0 2024
Monkey Man (မွန်ဘိုင်း John Wick)
Biyaheng Langit
6.1

ခေတ်ပေါ်ဇာတ်ကားတွေနဲ့ငြီးငွေ့နေကြပြီဆိုရင် အဟောင်းထဲကအကောင်း ဂန္ဓဝင်စာရင်းဝင်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဘဲရ်ဆိုတဲ့ မိန်းမလှလေးဟာလူလတ်တန်းလွှာအသိုင်းအဝိုင်းကလာပြီးလက်ရှိအချိန်မှာတော့ သူ့မိခင်ဖြစ်သူရှိရာ အမေရိကားကိုလိုက်သွားဖို့ငွေလိုနေပါတယ်။အဲ့ဒီအတွက် အဘွားဖြစ်သူကျက်စားတတ်တဲ့ ကတ်စီနိုတွေဆီလိုက်သွားရာကနေ အတုမြင်အတတ်သင်ပြီးလောင်းကစားနဲ့ငွေရှာဖို့အကြံရလာခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဒန်နီဆိုတဲ့လူရှုပ်လေးတစ်ယောက်နဲ့ဆုံခဲ့မိတာပါ။ဒန်နီဟာရထားလမ်းဘေးကပျံကျရပ်ကွက်မှာနေပြီးသူ့ဇစ်မြစ်ကိုလည်း ဘယ်သူမှမသိကြပါဘူး။လတ်တလောမှာလည်းသူတို့မြို့ရဲ့လောင်းကစားဝိုင်းတွေကိုအပိုင်ကိုင်ထားတဲ့ ဂန်းစတားတစ်ယောက်ဆီမှာဆက်ကြေးကောက်တဲ့အလုပ်လုပ်နေတာပါ။ ဘဲရ်နဲ့ဒန်နီနှစ်ယောက်ပေါင်းပြီးကံကိုစမ်းဖို့ကြံခဲ့ပေမယ့် ကံတရားက သူတို့ဘက်မပါပဲအကြွေးမတင်သင့်တဲ့လူတွေဆီမှာ အကြွေးတင်သွားခဲ့တဲ့နောက်တော့ နောက်ဆက်တွဲတွေကိုရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ကြမ်းတမ်းတဲ့အချစ်နယ်လွန်ခန်းတစ်ချို့ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်ပါ။ BIYAHENG LANGIT ဟာသူ့ခေတ်သူ့အခါကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပြီး အဲ့ဒီခုနှစ်ဖိလစ်ပိုင်ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဆုကြီးခြောက်ဆုရရှိထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(3.7GB)/(2.1B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.1 2000
Biyaheng Langit
7.2

Shooter (2007) ဒီတစ်ခါ အလှည့်ကျတဲ့ old but gold ကားကတော့ IMDB 7.1/10 ရရှိထားတဲ့ Ted မင်းသားကြီး Mark Wahlberg ရဲ့ Thriller/Action ကားလေးပဲဖြစ်ပါတယ်။ ဆွယ်ဂါက တောအုပ်ထဲမှာ သူချစ်တဲ့ခွေးလေးနဲ့ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေတဲ့ အငြိမ်းစား ကျွမ်းကျင်လက်ဖြောင့်သေနတ်သမားတစ်ဦးပါ။ လွန်ခဲ့တဲ့ ၃ နှစ်က စစ်ဆင်ရေးတစ်ခုမှာ အဖြစ်ဆိုးတစ်ခုနဲ့ ကြုံခဲ့ရတာကြောင့် တပ်ထဲကနေ အငြိမ်းစားယူခဲ့တယ်လို့ ဆိုရမှာပေါ့လေ။ အေးချမ်းတဲ့သူ့ဘဝထဲကို “သမ္မတကို လုပ်ကြံဖို့ အစီအစဉ်ဆွဲပေးပါ”ဆိုပြီး ဆိုင်းမဆင့် ဘုံမဆင့် ရောက်ရှိလာခဲ့သူကတော့ ဗိုလ်မှူး ဂျွန်ဆင်ပါ။ သမ္မတကို စိတ်မဝင်စားသလို အေးချမ်းစွာနေလိုတဲ့ ဆွယ်ဂါတစ်ယောက် နောက်ဆုံးကျ ဗိုလ်မှူး ဂျွန်ဆင်ရဲ့ အပြောမှာ မျောပြီး အစီအစဉ်ကို သဘောတူလိုက်မိရာမှာတော့.. သူ့ကို စောင့်ကြိုနေခဲ့တဲ့ လှည့်ကွက်တွေနဲ့ အစီအစဉ်ကဘာများလဲ.. သမ္မတကို လုပ်ကြံတဲ့အစီအစဉ်ကရော အထမြောက်အောင်မြင်သွားမှာလား.. သူ့ရဲ့တစ်ချိန်က ကျွမ်းကျင်မှုတွေကို အကျိုးရှိရှိ အသုံးချပြီး အရည်အချင်းရှိရှိနဲ့ သူ့ကိုဆင်ထားတဲ့ ထောင်ချောက်ထဲကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား.. ဆိုတာကိုတော့ နိုင်ငံရေးလှည့်ကွက်မျိုးစုံနဲ့ ဆွယ်ဂါ့ရဲ့စွန့်စားခန်းတွေကို ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦးနော်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Emily မှတင်ဆက်ထားပါတယ်။)

Romance • Comedy
7.2 2007
Shooter
Pariah Vol. 1
6.9

Pariah (2024) ( ခွေးချစ်ကြသူများ ) IMDb 6.4/10 ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဘင်္ဂါလီအက်ရှင်ကားဖြစ်ပြီး လမ်းဘေးခွေးများကို မတရားဆက်ဆံမှုများကို ဆန့်ကျင်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူတွေနဲ့ထိတွေ့ဆက်ဆံမှုမရှိ စကားပြောဆိုမှုမရှိတဲ့ ကြေးစားလူမိုက်ဆန်ဆန်လူတစ်ယော်ဟာ လမ်းဘေးခွေးများကို နေ့စဉ် ကြင်နာစွာစောင့်ရှောက်ပေးတတ်တဲ့ အဘွားကြီးတစ်ယောက်ရဲ့ဆိုင်မှာ နေ့စဉ်ထမင်းစားလေ့ရှိပါတယ်။ အဲဒီလိုပဲ ခွေးလေးတွေကို ဆေးတိုက်ပြီး ဆေးကုသပေးနေတဲ့ အဖွဲ့တစ်ခုလည်းရှိပါသေးတယ်။ တစ်ရက်မှာတော့ ခွေးလေခွေးလွင့်တွေရှိနေတာကို မကျေနပ်တဲ့ ရပ်ကွက်ထဲကလူတွေနဲ့ ခွေးချစ်သူတွေထိပ်တိုက်တွေ့ကာ စကားများကြပါတော့တယ်။ တစ်ဖက်မှာလည်း လမ်းဘေးခွေးများကို ခွေးကုန်ကူးနေသော မာဖီးယားအဖွဲ့တစ်ခုကိုလည်း ရိုက်ပြထားပါသေးတယ်။ ဒီလိုနဲ့ လူနဲ့မတည့်တဲ့မင်းသား ၊ ခွေးလေခွေးလွင့်များနဲ့ ခွေးကုန်ကူးသူတွေဟာ ဘယ်ကဘယ်လိုဆက်စပ်ပြီး အတိုက်အခိုက်ဦးစားပေး အက်ရှင်ဇာတ်ကားအဖြစ် ဘယ်လိုပုံဖော်ထားသလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဗျာ.. ဒီဇာတ်ကားက အက်ရှင်ကားဆိုပေမဲ့ အတိုက်အခိုက်တွေကိုတင်ခံစားကြည့်ရှုရမှာမဟုတ်ဘဲ လူနဲ့တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်တွေနဲ့ လူသားတွေဟာသက်ရှိတိုင်းအပေါ်မှာ ဂရုဏာတရားထားတတ်ဖို့လိုအပ်ကြောင်းနဲ့ လမ်းဘေးခွေးလေးတွေဟာလည်း သက်ရှိဖြစ်တာကြောင့် သက်ညှာသနားပေးသင့်ကြောင်း ပညာပေးရိုက်ကူးထားတာကြောင့် တော်တော်လေးကြည့်ပျော်တဲ့ ဇာတ်ကားတစ်ခုအနေနဲ့ CMဘောလိ၀ုဒ်ပရိသတ်ကြီးတို့ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ.. ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှပဲ ဖြစ်ပါတယ် )

6.9 2024 135 mins
Pariah Vol. 1
In Between Seasons
6.1

In Between Seasons (2018) ************************* BL ကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် မိခင်မေတ္တာနဲ့ သူငယ်ချင်းနှစ်ယောက်ကြားက သံယောဇဉ်အကြောင်းကို ရိုက်ကူးဖော်ပြထားတဲ့ In Between Seasons ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် .. အိမ်ရှင်မတစ်ဦးဖြစ်တဲ့မီဂယောင်းဟာ ခင်ပွန်းဖြစ်သူနဲ့ အနေဝေးပြီးတော့ တစ်ဦးတည်း‌သောသားလေး ဆူဟျွန်းကို တစ်ယောက်တည်း ပြုစုပျိုးထောင်ခဲ့ပါတယ်။ တစ်ရက်မှာတော့ ဆူဟျွန်းက အတန်းဖော်သူငယ်ချင်းဖြစ်တဲ့ ယောင်းဂျွန်းကိုသူနဲ့အတူ နေဖို့အတွက် အိမ်ကို ခေါ်လာခဲ့ပါတော့တယ်။ နှစ်အတော်ကြာအတူတူနေခဲ့ပြီးတော့ စစ်မှုထမ်းဖို့အတွက် ယောင်းဂျွန်းက အရင် သွားခဲ့ပြီး ဆူဟျွန်းက နောက်မှ ဝင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆူဟျွန်း စစ်မှုထမ်းပြီးတဲ့နောက် သူတို့နှစ်ယောက်က အတူတူခရီးထွက်ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပြီး ဆူဟျွန်းက ကိုမာဖြစ်သွားတာကြောင့် မိခင်ဖြစ်သူကတော့ သူ့သား ဒီလိုဖြစ်သွားအတွက် ယောင်းဂျွန်းကို အပြစ်တင်ခဲ့ပါတယ်။ ဒီတော့ မီဂယောင်းက သူ့ကို ခွင့်လွှတ်ဖို့အတွက် ယောင်းဂျွန်းအနေနဲ့ ဘယ်လိုတွေ ကြိုးစားမလဲ။ ဆူဟျွန်းနဲ့ ယောင်းဂျွန်းရဲ့ဆက်ဆံရေးကို မီဂယောင်းက ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရှုလိုက်ပါဦးနော် .. (ဇာတ်လမ်းအညွှန်းကို Estel မှရေးသားထားပါတယ်) File size…791MB / 356MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.1 2018
In Between Seasons
Primal Rage
5

အတိတ်က အပြစ်ကြွေးတစ်ခုကြောင့် ထောင်ဒဏ်ကျခံနေရသူ မက်စ်ကို ကိုယ်တိုင်သွားကြိုခဲ့တဲ့ ဇနီးဖြစ်သူ အက်ရှလေရဲ့ ဇာတ်ဝင်ခန်းနဲ့ ဒီဇာတ်လမ်းကို စဖွင့်ထားပါတယ်။ သူ့ရဲ့မျက်ကွယ်မှာ အရွယ်ရောက်ပြီး ကျောင်းတက်စပြုနေတဲ့သားဖြစ်သူကို ပြန်တွေ့ဖို့ မက်စ်နဲ့ အက်ရှလေတို့ဟာ အမေရိကန်အရှေ့မြောက်ပိုင်းက တောအုပ်ကို ဖြတ်သန်းပြီးဖောက်လုပ်ထားတဲ့လမ်းကတစ်ဆင့် ပြန်လာခဲ့ပါတယ်။ ဓာတ်ဆီဆိုင်အရောက်မှာပဲ ဆီဖြည့်အနားယူနေရင်းက တောအုပ်ထဲကို အမဲလိုက်ခရီးထွက်မယ့် မုဆိုးတစ်သိုက်နဲ့ ထိပ်တိုက်တွေ့ခဲ့ပေမယ့် အချင်းများမယ့်ရန်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ ထိုနေရာတစ်ဝိုက်မှာပဲ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နယ်ခံရဲမှူးကြီးကိုယ်တိုင် လိုက်လံစုံစမ်းနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။ နှင်းလူရဲ့လက်ချက်ဖြစ်ကြောင်း တဖွဖွပြောနေတဲ့ ဓာတ်ဆီဆိုင်စာရေးရဲ့စကားကို ရူးနှမ်းပေါကြောင်တဲ့စကားအဖြစ်သာ ယူဆနေခဲ့ပါတယ်။ မက်စ်နဲ့အက်ရှလေတို့ ခရီးပြန်ဆက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဝတ်လစ်စလစ်နဲ့ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ ထိုလူရဲ့ဒဏ်ရာတွေက သူတို့ကားနဲ့တိုက်တာနဲ့တင် ဒီလောက်မဆိုးရွားနိုင်မှန်း သိသာနေတာကြောင့် အက်ရှလေက ရဲကို ဖုန်းဆက်ဖို့ပြောပြခဲ့ပါတယ်။ ထောင်ကနေ ပူပူနွေးနွေးလွတ်လာတဲ့ မက်စ်အနေနဲ့ကတော့ ပြဿနာကို ရှောင်ရှားဖို့ ဖြောင့်ဖြခဲ့ပေမယ့် တောအုပ်ထဲကနေ လှမ်းပစ်လိုက်တဲ့ ခဲလုံးစာမိပြီး တောင်စောင်းကနေတစ်ဆင့် ရေစီးမြန်တဲ့ချောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ ရေစီးထဲကို မေ့ပြီးမျောပါသွားတဲ့ မက်စ်နောက်ကို အက်ရှလေက မဆိုင်းမတွဘဲ ခုန်ဆင်းလိုက်ပါ ကယ်ဆယ်ခဲ့ပါတယ်။ အက်ရှလေ ခေါ်ဆိုထားတဲ့ ၉၁၁ ကောလ်ကြောင့် အခင်းဖြစ်ရာကို ရောက်လာတဲ့ ရဲမှူးကြီးဟာ လူစိမ်းကိုလည်း မတွေ့ရ၊ ဖုန်းခေါ်ထားတဲ့ အက်ရှလေတို့ရဲ့ကားကိုသာ တောင်စောင်းအောက်မှာ တွေ့ခဲ့ရပါတယ်။ ပါကင်ဂီယာထိုးထားတဲ့ကားကိုတောင်စောင်းအောက်ရောက်အောင်ပို့ဖို့ဆိုတာ အရမ်းအားသန်တဲ့လူတစ်ယောက် တွန်းမှသာ ဖြစ်နိုင်ခြေရှိကြောင်း သိသွားတဲ့အချိန်မှာတော့ ဒေသခံအမေရိကန်တွေဖြစ်တဲ့ ရက်ဒ်အင်ဒီးယန်းတို့ရဲ့ ဒဏ္ဍာရီဖြစ်တဲ့ အို-မာ (ခေါ်) နှင်းလူရဲ့အကြောင်းကို လစ်လျူရှုထားလို့မရတဲ့ အခြေအနေရောက်လာခဲ့ပါတယ်။ ရေစီးထဲ မျောပါသွားတဲ့ မက်စ်နဲ့အက်ရှလေ၊ အို-မာရဲ့အကြောင်းကို စုံစမ်းမယ့် ရဲမှူးကြီးနဲ့ တောအုပ်ထဲကို အမဲလိုက်သွားကြတဲ့ တောသားမုဆိုးတစ်သိုက်တို့ရဲ့ ကံကြမ္မာတွေ ဘယ်လိုဆက်နွယ်နေမလဲဆိုတာကို ဆက်လက်ရှုစားနိုင်ဖို့ CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.9 GB, 863 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Crime
5 2018 106 mins
Primal Rage
N.E.S.T.

N.E.S.T (2025) “အသိုက်အမြုံ” မှုခင်း စုံထောက် ပရိသတ်တို့အတွက် ဆန်းကြယ်တဲ့ဇာတ်မြှုပ်ကွက်တွေနဲ့ စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ဗစ်ရှဝပ်က အဖြစ်မှန်မပေါ်‌ သေးတဲ့ အမှုတစ်ခုကို လိုက်ဖို့ကြုံလာပါတယ် ဒီအမှုရဲ့သဲလွန်စတွေက မသေချာမရေရာသလို သဘာဝလွန်ဆန်သလိုနဲ့ ဖြစ်ခဲ့စဉ်အချိန်ကလည်း ကောက်ချက်မချနိုင်ခဲ့ကြပါဘူး ဖြစ်စဉ်ကို နစ်နာသူဆတ်တယာရဲ့ ဇနီးဖြစ်သူ ဆာဗီက ပြောပြထားပါတယ်အဖြစ်ကဒီလိုပါ တစ်ည သူ့‌ခင်ပွန်းဖြစ်သူဆတ်တယာက အိမ်ပြန်နောက်ကျပါတယ် သူဖုန်းခေါ်တော့လည်း မကိုင်ပြန်ပါဘူးပြန်ရောက်လာချိန်မှ သူ့ကိုပြောတာက သူ့ကား လမ်းမှာပျက်လို့ အနီးနားက အိမ်တစ်အိမ်မှာ အကူအညီတောင်းရင်း ပြင်ဆင်ရင်း စကားစမြည်ပြောဆိုရင်း နောက်ကျသွားတာပါတဲ့ ဒီနေ့ခေတ်မှာ လူကောင်းတွေဟာ ရှားပါးလာ‌ပေမဲ့သဘောမနောကောင်းသူ သက်လတ်ပိုင်းအရွယ် လိုကီဆိုတဲ့သူက သူ့ကိုကူညီခဲ့ကြောင်း ဆတ်တယာက တစ်ညလုံးတစ်ဖွဖွပြောနေပါတယ် သူ့မိန်းမကတော့ သူကဆေးစွဲဖူးသူတစ်ဦးမို့ တစ်နေရာမှာ မူးယစ်ဆေးသုံးနေတယ်ပဲထင်တာပါတဲ့ သူ့ကိုမယုံရင် မနက်ဖြန် သူတို့ပျိူးခင်းက အပင်လေးတစ်ပင်ကိုသွားပေးရင်း လိုကီနဲ့မိတ်ဆက်ပေးပါမယ်ဆိုပြီး နောက်နေ့မနက်ကျ နှစ်ယောက်သား ထွက်လာပါတော့တယ် ရောက်မှသိလိုက်ရတာက အဲဒီနေရာမှာ ဘာအိမ်မှရှိမနေတာပါ အနီးနားကသူတွေကလည်း သူတို့တစ်သက်လုံး ဒီနေရာမှာ ဘာအိမ်မှမရှိခဲ့ပါလို့ပဲ ပြောနေကြပါတယ် သူတို့တွေ့ခဲ့တာဆိုလို့ အဲဒီညက အိမ်ထဲမှာ ဆတ်တယာတွေ့ခဲ့တဲ့ လိပ်ပြာပုံရှိတဲ့ ရင်ထိုးအရွယ် ပစ္စည်းလေးတစ်ခုပါပဲ အဲဒီညမှာ ဆာဗီက အသံတစ်သံကိုကြားလိုက်ပါတယ် အဲဒီညကစလို့ ဆတ်တယာအိမ်ပြန်မရောက်လာတာ သုံးရက်ရှိပါပြီ သူ့ဘာသာထွက်သွားတာလား တစ်ယောက်ယောက် သူ့ကိုပြန်ပေးဆွဲသွားတာလားဆိုတာလည်း ဆာဗီကမသိပါဘူး အဲဒီလိုနဲ့ စုံထောက်ဗစ်ရှဝပ်နဲ့သူ့ပါတနာစုံထောက်ဆီ ရောက်ရှိလာတာပါ အဲဒီတော့ ဆတ်တယာကပဲထင်ယောင်ထင်မှားဖြစ်တာလား သူတို့အိမ်ထောင်ရေးကပဲမပြေလည်မှုရှိနေခဲ့တာလား လိုကီဆိုတဲ့သူနဲ့ သူ့အိမ်ကရောဘယ်လိုလဲ……..…………………………………… စတဲ့မေးခွန်းတွေရဲ့အဖြေကိုသိရဖို့ ဒီဇာတ်လမ်းလေးထဲမှာ အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Cym~Alexia~KKKZ~STAR တို့ပဲဖြစ်ပါတယ် )

0 2025
N.E.S.T.
Pride & Prejudice
7.8

Pride & Prejudice (2005) IMDb Rating (7.8) / Rotten Tomatoes (87%) မင်းသမီး Keira Knightley ကို စတင်နာမည်ကြီးစေခဲ့တဲ့ရုပ်ရှင်ဖြစ်သလို အသက် ၂၀ အရွယ်လေးမှာ ရိုက်ထားတာမလို့ ဒီကားထဲမှာ အရမ်းချစ်စရာကောင်းနေတာ မြင်တွေ့ရမှာပါ။ မင်းသားကြီး Matthew Macfadyen နဲ့အတူ တခြားနာမည်ကြီးမင်းသမီးတွေဖြစ်ကြတဲ့ Rosamund Pike, Carey Mulligan,Jena Malone တို့လဲပါဝင်ထားပါတယ်။ ၁၈၁၃ ခုနှစ်တုန်းက Jane Austen ရေးသားခဲ့တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ ပြဌာန်းစာအုပ်တွေမှာလည်း ဖော်ပြခြင်းခံရတဲ့ နာမည်ကျော်ဝတ္ထုလေးကို 2005 ခုနှစ်မှာ ဒါရိုက်တာ Joe Wright က ဇာတ်လမ်းအဖြစ်အသက်သွင်းခဲ့တဲ့ဇာတ်ကားလေးပါ.. Drama အချစ်ဇာတ်လမ်းအေးအေးလေးတစ်ပုဒ်ဖြစ်ပေမယ့် စိတ်ဝင်စားစရာလေးပါ… ဇာတ်လမ်းလေးက ၁၈ရာစုနှောင်းပိုင်းဂျော်ဂျီယန် အင်္ဂလန်ခေတ် တစ်နည်းအားဖြင့်ပြောရရင် အတန်းစားခွဲတဲ့ခေတ်ပေါ့ ..အဲ့ခေတ်မှာအခြေတည်ထားပါတယ်… သာမန်လူတန်းစားဖြစ်ကြတဲ့ Bennet မိသားစုက သမီးတွေချည်းပဲ၅ယောက်မွေးထားတော့ သူတို့အမေရဲ့ဘဝမှာတစ်ခုတည်းသောမျှော်မှန်းချက်က သူ့သမီးတွေကိုလူချမ်းသာယောက်ျားတွေနဲ့ အိမ်ထောင်ပြုခိုင်းဖို့ပဲပေါ့.. အဓိကဇာတ်ဆောင်မင်းသမီးဖြစ်တဲ့ Elizabeth (Keira Knightly) ကညီအစ်မတွေတည်းမှာ ခပ်သွက်သွက်နဲ့ စိတ်ထဲရှိရာထုတ်ပြောရဲတဲ့ မိန်းကလေးပေါ့.. တစ်နေ့မှာသူတို့မြို့ကို အထက်တန်းလွှာထဲက လူပျိုလူလွတ်၂ယောက်ကရောက်လာတော့ သူ့သမီးတွေ အဆင်ပြေရေးအတွက် Bennet မိခင်ကြီးပျာယာတွေခတ်ပြီပေါ့… ဖြစ်ချင်တော့တော်ရုံသဘောမကျတတ်တဲ့ Elizabeth တစ်ယောက် မာနကြီးတဲ့ Mr.Darcy(Matthew Macfadyen) ဆိုတဲ့ အထက်တန်းလွှာလူပျိုတစ်ယောက်ကိုသဘောကျမိသွားတယ်ပေါ့ .. ဒီကားဟာ အဓိကနဲ့သာမညအပေါ်စဉ်းစားဆင်ခြင်နိုင်စွမ်းကိုအလေးပေးထားပါတယ်.. ရည်ရွယ်ချက်ကောင်းသလို ဇာတ်လမ်းထဲက ဒိုင်ယာလော့တွေကလည်း ပြောင်မြောက်ပါတယ်.. ပေးချင်တဲ့ Message လေးတွေကလည်း လှပလွန်းတော့ ခံစားကြည့်လိုက်ပါဦးလို့. အော်စကာ (၄)ဆုဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုပေါင်း (၁၃)ခုလည်းရရှိခဲ့ပါတယ်… ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် JtheKoala ဖြစ်ပါတယ်… (Open Matte Version နဲ့တင်ဆက်ထားတာမလို့ BluRay ထက်ပိုမိုပြည့်စုံပြီး Screen အပြည့်နဲ့ အပို View တွေပါမြင်ရမှာဖြစ်ပါတယ်။ 4K Version ကိုလဲ အကောင်းဆုံး ကြည်တောက်ရှင်း ရုပ်ထွက် Version ကိုရွေးချယ်တင်ဆက်ထားပေမယ့် ဒီ Version မှာတရုတ်စာအသေပါနေတာကိုတော့ ပြင်ဆင်နိုင်ခြင်းမရှိကြောင်း ကြိုတင်ရှင်းပြထားချင်ပါတယ်။ 1080p/720p ကိုတော့ Clean Version နဲ့ပဲ တင်ထားပါတယ်။)

Action • Thriller
7.8 2005 127 mins
Pride & Prejudice
The War to End All Wars – The Movie

IMDb – 7/10 ပထမကမ္ဘာစစ်လို့ အသုံးအနှုန်းမပေါ်ခင်တုန်းက ၎င်းကိုမဟာစစ်ပွဲကြီး သို့မဟုတ် စစ်ပွဲအားလုံးကိုချုပ်ငြိမ်းစေမယ့်စစ်ပွဲလို့ ခေါ်ဆိုကြပါတယ်။ ၁၉၁၄ ခုနှစ်ကန ၁၉၁၈ ခုနှစ်အထိ စစ်သည်‌ပေါင်း ဆယ်သန်းလောက် သေကြေခဲ့ရပါတယ်။ ခေတ်မီလက်နက်ဆန်းတွေ၊ ဓာတုလက်နက်တွေ အစပြုသုံးစွဲခဲ့တာကြောင့် မကြုံစဖူး သေကြေဒဏ်ရာရတာတွေ များပြားခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ပထမကမ္ဘာစစ်ရဲ့အညတရဖြစ်ရပ်တွေကို Sabaton ဟဲဗီးမက်တယ်လ်အဖွဲ့ရဲ့ ဆယ်ခုမြောက်အယ်ဘမ် “The War to End All Wars” ထဲက မက်တယ်လ်သီချင်း အပြင်းစားတွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘယ်လ်ဂျီယမ်ဘုရင် ပထမမြောက် အဲလ်ဘတ်ရေးထားတဲ့ လက်ရေးစာရွက်လေးက စစ်မြေပြင်မှာ လွင့်ပျံသွားပြီး အခြားသောစစ်မြေပြင်တွေဆီ လည်ပတ်ချိတ်ဆက်သွားပြတာပါ။ အစဉ်အတိုင်း စီစဉ်ချပြရရင် ၁) အီဇာမြစ်တိုက်ပွဲ (ဘယ်လ်ဂျီယမ်နဲ့ ဂျာမနီ) ၁၉၁၄ ခုနှစ် အောက်တိုဘာလ ၂) ကိုလူဘာတာမြစ်တိုက်ပွဲ – သူရဲကောင်း မီလွန်ကာ ဆားဗစ်ခ်ျ (ဆားဘီးယားနဲ့ ဩစတို-ဟန်ဂေရီ) ၁၉၁၄ခုနှစ် နိုဝင်ဘာလ ၃) အနောက်ဖက်စစ်မျက်နှာပြင် ခရစ္စမတ်ယာယီစစ်ပြေငြိမ်းရေး – ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၄) ဂျာမန် မုန်တိုင်းအထူးတပ်ဖွဲ့ စစ်‌ဆင်ရေး – ၁၉၁၅ ခုနှစ် နွေဦးရာသီ ၅) ဂျဒ်လန် ရေတပ်တိုက်ပွဲ (ဗြိတိသျှနဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇွန်လ ၆) ဆွန်းမ် တိုက်ပွဲ – ဒုတိယဗိုလ်မှူးကြီး အေဒရီယန် ‌ဒီဝေါ့တ် (ဗြိတိန်+ပြင်သစ် နဲ့ ဂျာမနီ) ၁၉၁၆ ခုနှစ် ဇူလိုင်လ ၇) အဖြူရောင်သောကြာ‌နေ့ဖြစ်စဉ် – ၁၉၁၆ ခုနှစ် ဒီဇင်ဘာလ ၈) ဒွိုင်ရန်တိုက်ပွဲ (ဘူလ်ဂေးရီးယားနဲ့ ဗြိတိန်) – ၁၉၁၇ ခုနှစ် နွေဦးကာလ ၉) ဟာလမ် ငရဲသားစစ်သည် ဟန်နရီဂျွန်ဆင်၏ သူရဲကောင်းဆန်သော တိုက်ပွဲဝင်မှု – ၁၉၁၈ ခုနှစ် မေလ သုံးသပ်ရရင် အန်နီမေးရှင်းတွေက အရမ်းမကောင်းပေမယ့် ကြည့်ပျော်ပါတယ်။ ဒါ့အပြင် ဟဲဗီးလ်မက်တယ်လ်ကြိုက်သူတွေအတွက်ကတော့ အတိုင်းထက်အလွန် ဖြစ်ပါလိမ့်မယ်။ Yarnhub Animation Studio က ထုတ်လုပ်ပြီး ဇာတ်ညွှန်း Pär Sundström နဲ့ David Webb ဖြစ်ကာ ဒါရိုက်တာကတော့ Vadim Viner ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Comedy • Thriller • Drama
0 2024
The War to End All Wars – The Movie
Monster on a Plane
5.8

ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ အီတလီနိုင်ငံမှာကျင်းပတဲ့ Horrorant Film Festival မှာ Best Special Effects ဆု ရရှိခဲ့တဲ့ Monster Horror ကားလေးပဲဖြစ်ပါတယ်.. ဒါရိုက်တာ Ezra Tsegaye ဟာလည်း Horror အမျိုးအစားဇာတ်ကားများကို တစိုက်မတ်မတ်ရိုက်ကူးသူဖြစ်ပြီး ယခုဇာတ်ကားဟာ သူကိုယ်တိုင်ရေးသားရိုက်ကူးတဲ့ ကားလေးဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်း +++++++++++++ ရေသူမထုံးရေအိုင်ကျွန်းမှ ထွက်ခွာမယ့် ဟမ်ဘာ့ဂ်လေယာဉ်ဟာ ကျောင်းသားများ ဂီတသမားများ ပါမောက္ခများနှင့် ဆူဆူညံညံ လှုပ်လှုပ်ရှားရှားရှိနေပြီး လေယာဉ်မှူးဟာလည်း ပုံမှန်လုပ်ဆောင်နေကျအတိုင်း လေယာဉ်ပျံတက်ဖို့ စစ်ဆေးစရာတွေ စစ်ဆေးရင်း အလုပ်များလျက်ရှိနေခဲ့ပါတယ်.. တစ်ဖက်မှာလည်း ရဲအရာရှိနှစ်ယောက်တို့ဟာ ၎င်းလေယာဉ် ကျွန်းမှ မထွက်ခွာရန်တားမြစ်ဖို့ အပူတပြင်း ကြိုးစားနေခဲ့ပါတယ်.. ထိုသို့ရှိနေစဉ် ပါမောက္ခတစ်ယောက်ကတော့ စိုးရိမ်စိတ်အပြည့် ပေါ်လွင်နေတဲ့ မျက်နှာနဲ့ လေယာဉ်ထွက်ခွာဖို့ကိုသာ အလောတကြီးဖြစ်နေခဲ့ပါတယ်.. လေယာဉ်ပြေးလမ်းပေါ်မှ အရှိန်ယူပြီး ထွက်ခွာခဲ့တဲ့နောက်မှာတော့ အရာအားလုံးဟာ အေးဆေးလျက်… ခရီးသည်များ လေယာဉ်မယ်များ လေယာဉ်မှူးများဟာလည်း ကိုယ်စီအလုပ်ရှုပ်နေကြလျက်… ထိုအချိန်မှာပဲ လေယာဉ်စက်ခန်းသို့ စက်ချို့ယွင်းမှုတစ်ခု စစ်ဆေးရန်ရောက်လာသူ လေယာဉ်မောင် သောမတ်စ်တစ်ယောက် ဖွံ့ထွားတဲ့ရင်သားများနဲ့ ဝတ်လစ်စားလစ်အမျိုးသမီးတစ်ယောက်ကို တွေ့ရတဲ့အခါမှာတော့… ဒီရုပ်ရှင်ကားလေးဟာ လှည့်ကွက်များနဲ့ ဖမ်းစားထားတဲ့ Horror ကားလေးဖြစ်ပြီး သွေးသံရဲရဲရုပ်ရှင်များကို ကြိုက်နှစ်သက်သူ ပရိသတ်များ ရွေးချယ် ကြည့်ရှုဖွယ်ရာဖြစ်ပါတယ်.. ထို့အပြင် Best Special Effects လည်း ရရှိထားတဲ့ ဇာတ်ကားလေးလည်း ဖြစ်တာကြောင့် Horror ကားချစ်သူ ရုပ်ရှင်ပရိသတ်များ မြည်းစမ်းကြည့်ရှုနိုင်ဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.25 GB) / ( 762 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….46m Genre …..Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • History • Action
5.8 2024 88 mins
Monster on a Plane
The Station Agent
7.6

The Station Agent (2003) ***************************** အရစ္စတိုတယ်ရဲ့ အဆိုအမိန့်တစ်ခုမှာ လူဟာ ပေါင်းသင်း ဆက်ဆံရေး သတ္တဝါပါတဲ့။ လူတိုင်းဟာ မတူညီတဲ့တိုက်ပွဲတွေကို ကိုယ့်ပုံစံနဲ့ကိုယ်ဆင်နွှဲနေကြရလို့ ပင်ပန်းအားငယ်လာချိန်မှာ စကားတွေကို ဝေဖန်မှုမရှိ နားထောင်ပေးမဲ့သူတစ်ယောက်၊ ပြင်ဆင်မရတဲ့ ကိုယ့်ဖြစ်တည်မှုကို ‌ ဝေဖန်ပိုင်းဆစ်မှုမရှိ ပကတိအတိုင်း လက်ခံမဲ့သူတစ်ယောက်၊ ကိုယ့်စိတ်ရဲ့ နာကျင်ခံစားရမှု အတိုင်းအတာကို တန်ဖိုးလျှော့ချမှုမရှိဘဲ နားလည်ပေးမဲ့သူတစ်ယောက်တော့ ဘဝမှာလိုကြစမြဲတဲ့လေ။ လူအဖွဲ့အစည်းနဲ့ ဝေးဝေးနေချင်ကြသူတိုင်းမှာ ကိုယ့်စိတ်ကို နားလည်ပေးမဲ့သူတစ်ယောက်ကို တောင်းတနေတဲ့ မသိစိတ်လည်း ကိန်းအောင်းနေတတ်လေ့ရှိစမြဲပဲမလား။ ယခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ပြဿနာကိုယ်စီနဲ့ လူ ၃ ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ အခက်အခဲတွေ အထီးကျန်ဆန်မှုတွေနဲ့ နားလည်မှုရှိတဲ့ ပေါင်းသင်းဆက်ဆံရေးရဲ့ အရေးပါမှုတွေကို ဖော်ထုတ်တင်ဆက်ထားပြီး သိမ်သိမ်မွေ့မွေ့ကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်သူ ဖင်းဘားဟာ မိတ်ဆွေဟင်နရီနဲ့အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဟင်နရီကွယ်လွန်တဲ့ အခါမှာတော့ နယူးဂျာစီပြည်နယ်အတွင်းက မီးရထားစက်ပြင်ရုံဟောင်းရှိရာ မြေဧကဝက်ကို အမွေရရှိခဲ့ပါတယ်။ လူပုကလေးတစ်ယောက်ဖြစ်နေသူအဖို့ သာမန်လူတို့ရဲ့ လှောင်ပြောင်သော၊ နှိမ့်ချသော၊ စက်ဆုပ်သော၊ သနားသော၊ ကရုဏာသက်သော စသည့် အမျိုးစုံသော စကားများ အကြည့်များကို ငြီးငွေ့နေပြီး၊ သာမန်လူတစ်ယောက်အဖြစ်သာ မြင်လိုခွင့်ကို အရေးမစိုက်ပေးသော လူအများနဲ့ ဝေးဝေးနေရန် အတွက်၊ မိတ်ဆွေထံမှ အမွေရသော ရထားစက်ပြင်ရုံဟောင်းဆီသို့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ရထားစက်ပြင်ဟောင်းအနီး ဟော့ဒေါ့ရောင်းချသူ ဂျိုးဟာတော့ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူဖြစ်ပြီး ကျန်းမာရေးချို့တဲ့သူ ဖခင်နှင့်အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရာရာကို စိတ်ကုန်ခမ်းနေသယောင် မျက်နှာထားနဲ့ အိုလစ်ဗီယာဟာ ဂျိုးရဲ့ ဖောက်သည်ဖြစ်နေပါတယ်။ တစ်ရက် ဖင်းဘားတစ်ယောက် လမ်းလျှောက်လာစဉ် လမ်းဘေးတစ်နေရာမှာ အိုလစ်ဗီယာ ကားနဲ့တိုက်မိမလိုဖြစ်ကာ ၎င်းတို့ ၃ ယောက် အချင်းချင်းသိကြဖို့ ဖြစ်လာပြီး မတူညီတဲ့ အခက်အခဲကိုယ်စီနဲ့ အထီးကျန်နေသူ သူစိမ်းပြင်ပြင် ၃ ယောက်တို့ ပတ်သက်ဆက်နွယ်ဖို့ ဖြစ်လာခဲ့ကြပါတော့တယ်။ ဒီကားဟာ အနုပညာလောကမှာ အော်စကာဆုအပါအဝင် ထူးချွန်ဆုများစွာသိမ်းပိုက်ထားတဲ့ ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ Tom McCarthy ရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ BAFTA အကောင်းဆုံးဇာတ်ညွှန်းဆုရရှိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးဆရာများအကြား အပေါင်းလက္ခဏာဆောင်ခဲ့တဲ့ရုပ်ရှင်ဖြစ်ကာ Tom McCarthy ရဲ့ အနုပညာအရည်အသွေးကို ပရိသတ်နဲ့ မိတ်ဆက်ပေးခဲ့တဲ့ ကားဆိုရင်လည်း မှားမှာမဟုတ်ပါဘူး။ စိတ်နှလုံးထိခိုက်ဖွယ်ရာ ဘဝများကို ပြုံးချင့်စဖွယ် အနုပညာမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးဖြစ်လို့ ရုပ်ရှင်ချစ်မြတ်နိုးသူ ပရိသတ်များ လက်လွှတ်မခံသင့်တဲ့ ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Ye Thiha Htetက ရေးသားထားပါတယ်) File Size – 2.77 GB/ 834 MB Quality – WEB-DL 1080p/ 720p Duration – 1h 29m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Ye Thiha Htet Encoded by – Treasure Htet

Comedy • Drama • Family • Romance
7.6 2003 88 mins
The Station Agent