YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Unexpected E23 CM.mp4

215.4 MB N/A video/mp4 221 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Delicious Romance
5.7

အရမ်းချစ်ကြတဲ့သူငယ်ချင်းသုံးယောက်ရဲ့အချစ်ရေးနဲ့အလုပ်အကိုင်တွေကို ဘယ်လိုတွေကျော်ဖြတ်ပြီးကိုင်တွယ်ကြလဲဆိုတာကို တင်ဆက်ထားတဲ့ မိန်းကလေးတွေအတွက်အင်အားဖြစ်စေမယ့် အချစ်ဒရာမာကားလေးကိုCMမှတင်ဆက်ပေးလိုက်ပါတယ်။ -သာမန်မိန်းကလေးတစ်ယောက်ဖြစ်တဲ့ Liu Jing ဟာ စံပြစားသောက်ဆိုင်တစ်ခုဖွင့်လှစ်သော်လည်း အခြေနေမကောင်းတဲ့စီးပွားရေးအခြေအနေကြောင့် လမ်းကြောင်းပြောင်းဖို့တွေးနေခဲ့တယ်။ -လှပသောမိန်းကလေးဖြစ်တဲ့ Fang Xinဟာ သူဟာအလုပ်မှာ အလှပြဖို့ပဲအသုံးဝင်တာ မဟုတ်ကြောင်း သက်သေပြဖို့ စိတ်အားထက်သန်နေခဲ့ပေမယ့် ကိုယ်ဝန်ရလာလို့ သူ့ဘဝစည်းချက်တွေပျက်သွားပါတယ်။ -သန်မာတဲ့မိန်းကလေးဖြစ်တဲ့ Xia Mengက အနိုင်ရမှုနဲ့နေသားကျနေပေမယ့် အရှုံးကို ဘယ်လိုလက်ခံရမလဲဆိုတာ နားမလည်နိုင်သေးပါဘူး… ဘဝမှာဒုက္ခလေးတွေအမြဲကြုံနိုင်ပေမယ့်...... သူငယ်ချင်းကောင်းဆိုတာကတော့ စိတ်ဓာတ်ခိုင်မာပြီး သတ္တိရှိရှိနဲ့ရှေ့ကို ဆက်လျှောက်ဖို့ ယုံကြည်မှုတစ်ခုပါပဲ...... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama , Romance Runtime : 2h 1 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Horror • Mystery
5.7 2023 121 mins
Delicious Romance
In from the Side
6.8

ဒီကားကတော့ ရက်ဘီကစားပွဲကို အခြေတည်ထားတဲ့အနောက်တိုင်း BL ကားပဲဖြစ်ပါတယ်။ လန်ဒန် ဂေးရက်ဘီကစားသမား B အဖွဲ့က အတွေ့အကြုံမရှိသေးတဲ့ ကစားသမားအသစ် မာ့ခ်နဲ့ A အဖွဲ့ကစတားဖြစ်တဲ့ဝါရန်တို့ဟာ ကလပ်ရဲ့ပါတီတစ်ခုမှာ အရက်မူးပြီးငြိစွန်းသွားခဲ့ပါတယ်။ နှစ်ယောက်လုံးမှာ ပိုင်ရှင်ကိုယ်စီရှိနေတာသိပေမယ့် စထားတဲ့ဇာတ်လမ်းကို မရပ်နိုင်ဘဲ ပါတနာတွေရဲ့နောက်ကွယ်မှာရော ရက်ဘီအဖွဲ့ဝင်တွေမသိအောင်ပါ ခိုးကြောင်ခိုးဝှက်နဲ့ နှစ်ပါးသွားနေကြတာပေါ့။ ဒီလိုနဲ့ သူတို့ရဲ့ဖောက်ပြန်တဲ့ဇာတ်လမ်းက ဘူးပေါ်သလိုပေါ်သွားပြီး ကစားပွဲကိုပါထိခိုက်လာတဲ့အခါမှာတော့ ခိုးစားကြတဲ့ဆရာသမားတွေ ဘယ်လိုတိုင်ပတ်သွားမလဲ ဘယ်လိုပြန်ဖြေရှင်းကြမလဲ သူတို့ပါတနာတွေကရော သစ္စာဖောက်ခဲ့တဲ့သူတို့ကို ခွင့်လွှတ်ပေးကြမလားဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။ Genre..... Drama, Sport Quality…. 1080p | 720p | 480p File size… 2.1GB | 1GB | 529MB Format… mp4 Duration…. 2h 14min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August

Crime • Drama • TV Movie
6.8 2022 134 mins
In from the Side
Ram Gopal Varma Ki Aag
2.1

ကလည်းက ချလည်းချပြီး ဘောလိဝုဒ်ရဲ့အကျော်မော် မင်းသားနှစ်ယောက်ဖြစ်တဲ့ အမီတာဘချမ်းနဲ့ဗီဂျေးတို့ အပြိုင်ကြဲထားတဲ့ အဟောင်းထဲက ဇာတ်ကောင်းတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ မင်းသားတွေဖြစ်တဲ့ ဟီရိုနဲ့ရာ့ဂ်ျတို့ဟာ လက်ရှိအလုပ်ကပြုတ်လာပြီး မွန်ဘိုင်းကိုရောက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ရရာအလုပ်၀င်လုပ်ရင်း ဒုစရိုက်ဂိုဏ်းတစ်ခုနဲ့ ချိတ်ဆက်မိသွားတဲ့အခါမှာ သူတို့သူငယ်ချင်းနှစ်ယောက် ရဲတွေနဲ့ပူးပေါင်းပြီး လူဆိုးတွေကိုဘယ်လိုနှိမ်နှင်းသွားမလဲဆိုတာကို အသည်းတယားယားနဲ့ ကြည့်နေရမှာပါ။ ဇာတ်ကားရဲ့အဓိကဗီလိန်ဖြစ်တဲ့ ဘာ့ဘန်းရဲ့ သရုပ်ဆောင်ချက်တွေကလည်း ကိုယ်တိုင်ပါကြက်သီးထမိလောက်အောင်ကို ပီပြင်လွန်းတဲ့အပြင် မင်းသားနှစ်ယောက်ရဲ့စော်ရှိတ်ပုံတွေကလည်း နှစ်ချို့FAဂေါင်းကြီးတို့အတွက် မနာလိုလွန်းချင်စရာတွေဖြစ်နေမှာပါ။ ဒီကားမှာလူသတ်တာ၊ကြမ်းတာ၊ရမ်းတာတင်မကပဲ အပြင်ဘက်မှာ ဘယ်လောက်ပဲကြမ်းတမ်းနေမှာစေ အတွင်းထဲမှာတော့ချစ်တတ်တဲ့စိတ်က လူတိုင်းမှာရှိနေပါတယ်ဆိုတာကိုပါ ရိုက်ပြသွားပါသေးတယ်။ ခေါင်းယမ်းပြီးစကားမပြောပေမယ့် ခါးယမ်းပြီး က သေးတာမို့ အိန္ဒိယကားချစ်သူတွေအတွက် အိန္ဒိယကားအရသာလည်း ခံစားနေရဦးမှာပါ။ File size…2.8GB / 1.4GB Quality…1080p WEBRIP AAC2.0CH / 720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko

2.1 2007 163 mins
Ram Gopal Varma Ki Aag
Women of the White Buffalo

အ​မေရိကကို ဒီမိုက​ရေစီဘိုး​တော်နိုင်ငံ၊ လူ့အခွင့်အ​ရေးကို တန်ဖိုး အထားဆုံး နိုင်ငံ​တွေထဲက တစ်ခုအဖြစ်ပြောကြလျှင် လူတချို့က ရယ်ကြလိမ့်မည်၊ ထိုလူ​တွေက တခြားမဟုတ် အ​မေရိကန်နိုင်ငံမှာ ​နေထိုင်ကြတဲ့ ယူအက်စ်နိုင်ငံသား​​တွေလို့ ​ပြောရင် နည်းနည်း​တော့ ဆန်း​နေလိမ့်မည်၊ နိုင်ငံသားဟုဆိုရာ​တွင် ကိုလံဘတ်စ်​ရောက်ပြီး ​​နောက်ပိုင်း တစ်စတစ်စ​ ရောက်လာသည့် ဥ​ရောပမျိုးစပ်များကို ​ပြောတာမဟုတ်​ပေ၊ အင်ဒီးယန်းအပါအဝင် ​အ​မေရိကတိုက်ဟူ၍ ရှိကတည်း​က ​နေထိုင်လာကြသည့် ​ဒေသခံ တိုင်းရင်းသားများကို ဆိုလိုခြင်းဖြစ်သည်။ အင်ဒီးယန်းသားတို့ ဤသို့ ခံစားရသည်မှာ အ​​ကြောင်းရှိသည်၊ ကိုလံဘတ်စ် အ​မေရိကတိုက်ကို စတင်​တွေ့ရှိခဲ့သည့် ၁၄၉၂တွင် သန်း၈၀​ကျော်ရှိခဲ့​သော ​​​ဒေသခံတိုင်းရင်းသားများသည် ၂၁ရာစု အ​စောပိုင်း​တွင် ၉၀%​ကျော် ဆုံးရှုံးသွားပြီး ​​သိန်းဂဏန်းခန့်သာ ကျန်ရစ်​​တော့သည်အထိ ဥ​ရောပမျိုးစပ် - အ​မေရိကန်များသည် ​ဒေသခံ အ​မေရိကန်နိုင်ငံသား စစ်စစ်များအ​ပေါ် ဖိနှပ်ချိုးနှိမ်မှု ​ပေါင်းစုံ ကျူးလွန်ခဲ့သည်၊ နယ်​မြေများကို သိမ်းပိုက်ပြီး သီးသန့် နယ်​မြေငယ်များ ဖွဲ့စည်းပြီး ပြည်မပြည်သူများနှင့် အဆက်ဖြတ် ခဲ့သည်၊ ဒါတင်မကဘဲ နိုင်ငံသားစာရင်းက​နေ ​ဖျောက်ပစ်ဖို့အထိ စနစ်တကျ​ဆောင်ရွက်ခဲ့သည်၊ စာအဖြစ်သာ​ပြောရရင် ယုံနိုင်စရာမရှိ​​ပေမယ့် အင်ဒီးယန်းနွယ် ဖြစ်သည့် လာကိုတာမျိုးနွယ်များသည် ဒီလိုဖိနှိပ်မှုဒဏ်များကို အဆိုးဆုံး ခံစားခဲ့ရသူ​တွေဖြစ်သည်၊ ယခုDocumentaryတွင် အထက်ပါ ဖိနှိပ်မှုများအပြင် အ​မေရိကန်သမိုင်း၏ အရုပ်ဆိုး အကျည်းတန်ဆုံးWounded Knee လူမျိုးတုံးသတ်ဖြတ်မှုနှင့် လာကိုတာလူမျိုးများနှင့် တခြားအင်ဒီးယန်းတို့ ခံစားခဲ့ရသည့် နိုင်ထက်စီးနင်းမှုများအ​ကြောင်း စိတ်ဝင်စားဖွယ်​တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ File size…1.46GB / 633MB Quality…1080p AMZ WEB DL AAC5.1CH / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX

Comedy • Romance
0 2022 86 mins
Women of the White Buffalo
Wolfwalkers
8.3

IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။  အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း  Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Romance
8.3 2020 103 mins
Wolfwalkers
Dangal
8

Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း "နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။" ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးကယောကျာ်းလေးဖြစ်ရမယ်တဲ့။ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက်မွေးလာခဲ့တာ ၄ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ဒါပေမဲ့....... တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး သမီးတွေကိုနပန်းသင်ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။နောက်နေ့ မနက်၅နာရီကစပြီး သံမဏိစည်းကမ်းတွေနဲ့ လေ့ကျင့်ရေးတွေစပါတော့တယ်။အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေသမှာနေထိုင်ပြီး ရှေးရိုးစွဲအယူတွေကြားမှာ မိန်းကလေးနှစ်ယောက်ကို နပန်းသင်ပေးတယ်ဆိုရတာကတော့ ကောင်းကင်ကကြယ်ကိုဆွတ်ခူးရသလိုပါပဲ။အတိုက်အခိုက်၊ဝေဖန်ရှုံချမှုတွေနဲ့ မနာလိုမှုတွေရှိနေပေမယ့် Mahavir တစ်ယောက်ကတော့ ပတ်ဝန်းကျင်ပြောတာကို ဂရုမစိုက်ပဲ အလုပ်နဲ့သက်သေပြဖို့ကြိုးစားပါတော့တယ်။သမီးနှစ်ယောက်ကတော့ ငယ်ရွယ်သူပီပီ ပျော်ပျော်ပါးပါးနေချင်ပေမယ့် ဖခင်ရဲ့ သံမဏိစည်းကမ်းကတော့ တစ်ပြားမှမလျှော့ပါဘူး။ဒီလိုနဲ့ လေကျင့်လာခဲ့ရာမှ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကိုရောက်လာပါတော့တယ်။မိန်းကလေးနပန်းသမားမရှိတဲ့ ကျေးရွာမှာတော့ နပန်းပြိုင်ပွဲရဲ့ ပြိုင်ဘက်တွေက ယောကျာ်းလေးတွေကြီးပါပဲ။မိန်းကလေးမလို့ ပြိုင်ပွဲဝင်ခွင့်တော်တော်များများမှာ ငြင်းပယ်ခံရပေမယ့် ပထမဆုံးယှဉ်ပြိုင်နိုင်တဲ့ပွဲမှာ ယောကျာ်းလေးပြိုင်ဘက်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး ပြည်နယ်အဆင့်ရောက်ကာ ပြည်နယ်အဆင့်မှာပါ ရွှေတံဆိပ်ဆုရခဲ့ပြီး နိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံရပါတော့တယ်။ နိုင်ငံလက်ရွေးစင်ဖြစ်လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ Mahavir အတွက်ကတော့ လေ့ကျင့်ရေးအထောက်အပံ့အပြည့်အစုံရှိတဲ့ မြို့ကြီးမှာ စခန်းသွင်းလေ့ကျင့်လိုတဲ့ သမီးကြီး Geeta ရဲ့ ဆန္ဒကိုလိုက်လျောပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ဖခင်ရဲ့ သံမဏိစည်းကမ်းကနေလွတ်မြောက်ပြီး လွတ်လွတ်လပ်လပ်နေရတဲ့ Geeta အတွက်ကတော့ အရာရာကပျော်ရွှင်ဖွယ်ရာအတိပါ။နည်းပြဆရာအသစ်နဲ့လေ့ကျင့်ရပြီး သူ့အဖေသင်ပေးတာတွေထက်ပိုကောင်းတယ်လို့လည်း မှတ်ယူလာခဲ့ပါတယ်။တစ်ရက်ခွင့်ရလို့ အိမ်အပြန်မှာ သူအဖေ့ရဲ့နည်းစနစ်တွေက ခေတ်နောက်ကြနေပြီး အလုပ်မဖြစ်တော့ဘူးဟုပြောလာသောအခါ သားအဖနှစ်ယောက်မှာ စိတ်ဝမ်းကွဲသွားပါတော့တယ်။ဒါပေမဲ့ Geeta တစ်ယောက်သူ့ဆရာရဲ့နည်းစနစ်တွေအတိုင်း နိုင်ငံတကာပွဲကို သွားရောက်ယှဉ်ပြိုင်ပေမဲ့ ပထမအဆင့်ကနေထွက်ခဲ့ရပါတော့တယ်။သူ့ရဲ့ လက်ရွေးစင်ဘဝကိုလည်း ဆိုးရွားတဲ့ရလဒ်က ခြိမ်းခြောက်လာပါတော့တယ်။နောက်ဆုံးအခွင့်ရေးကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ 2010 Commonwealth Games မှာ ဆုတံဆိပ်ရယူနိုင်ရေးပါ။ဒီလိုအချိနိမှာ သတိရမိတာကတော့ အဖေဖြစ်သူကိုပါပဲ။အဖေဖြစ်သူကလည်း သမီးဖြစ်သူကို ခွင့်လွှတ်ပေးပြီး ဆုတံဆိပ်ရယူပေးဖို့အတွက် အစွမ်းကုန်ကူညီပါတော့တယ်။သူတို့သားအဖနှစ်ယောက်လုံးမျှော်လင့်တဲ့ ရွှေတံဆိပ်ဆုက ရယူနိုင်မလား......... ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလည်း....... အောင်မြင်အောင်လုပ်ဆောင်နိုင်မလားဆိုတာကတော့........... ဇာတ်ကားအကြောင်းနဲ့ ရိုက်ကူးထုတ်လုပ်မှု Dangal ဇာတ်ကားက 3 idiots, PK,Every child is special ဇာတ်ကားနဲ့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီးဖြစ်တဲ့ မင်သား Aamir Khan ရဲ့ နောက်ဆုံးထွက် ဇာတ်ကားတစ်ကားဖြစ်ရုံသာမက တကယ့်အဖြစ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ sport biopic ဇာတ်ကားလည်းဖြစ်ပါတယ်။ဒီဇာတ်ကားမထွက်ခင်မှာ မင်းသားရဲ့ body training video ကို တော်တော်များများ ကြည့်ပြီးသဘောကျခဲ့ပါတယ်။၂ နှစ်နေမှ ရုပ်ရှင်ကားထွက်ရှိတဲ့ မင်းသားကြီးကတော့ ဇာတ်ကားရိုက်ကူးရာမှာ အသေအချာကိုရိုက်ကူးတဲ့ မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထုတ်လုပ်သူတွေကတော့ Walt Disney production,Aamir Khan Production,UTV Motion Picture တိူ့ပဲဖြစ်ပြီး ဒီဇာတ်ကားကို အဓိကရိုက်ကူးဖို့ စဉ်းစားမိသူကတော့ Disney ရဲ့ ထုတ်လုပ်သူတွေပဲဖြစ်ပါတယ်။ဒါရိုက်တာ Nitesh Tiwari ကတော့ Disney ရဲ့ ရိုက်ချင်တဲ့အကြောင်းကို တကယ့်လက်တွေ့က Mahavir မိသားစုနဲ့ တိုင်ပင်ပြီး သေချာမေးမြန်းကာ ဇာတ်ညွန်းရေးပြီး ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။မင်းသားအဖြစ်ကတော့ Aamir Khan ကိုပဲ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်ရဲ့မင်းသားရဲ့ဇာတ်ရုပ်က အိန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော နပန်းအားကစားနည်းကနေ ရွှေတံဆိပ်ဆုရခဲ့တဲ့ Geeta Phogat ရဲ့ နည်းပြတစ်ဖြစ်လည်း ဖခင် Mahavir Singh Phogat ရဲ့ အကြောင်းပါ။ဒါပေမဲ့ တကယ့် အပြင်မှာ Mahavir ရဲ့ သရုပ်က အသက်၆၀ အရွယ် ခပ်ဝဝအဖိုးကြီးတစ်ယောက်ပါ။မင်းသား Aamir Khan ကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ညွန်းကိုရတဲ့အချိန် 2014 ခုနှစ်မှာတော့ အသက်၅၀ အရွယ်ရှိပြီး Dohm 3 ရိုက်ကူးပြီးစကာလဖြစ်တာကြောင့် ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ လူငယ်စတိုင်ဖြစ်နေပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းကို သိမ်းထားပြီး သူအသက်၆၀ အရွယ်ရောက်မှာ ရိုက်ကူးမယ်ဆိုပြီး သူ့ရဲ့နာမည်အကြီးဆုံးနဲ့ ဝင်ငွေအများဆုံးရရှိခဲ့တဲ့ PK ဇာတ်ကားကို ရိုက်ကူးခဲ့ပါတယ်။ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ဒီဇာတ်ညွန်းကို မထုတ်နိုင်ခဲ့ပါဘူး။နောက်ဆုံးတော့ မင်းသားက ဒီဇာတ်ကားကိုရိုက်ကူးပါတော့တယ်။ဇာတ်ကားရိုက်ကူးရာမှာ ပီပြင်စေရန်အတွက် PK ရိုက်ကူးပြီး 65kg ရှိတဲ့ ခန္ဓာကိုယ်ကို 95 Kg ထိရောက်အောင် လေးလတိတိ အလေးချိန်တိုးအောင်လုပ်ခဲ့ပြီး တကယ်နည်းပြဆရာပုံအတိုင်း ဗိုက်ရွဲရွဲ ဝတုတ်တုတ်အဖိုးကြီးပုံဖြစ်အောင် ပြောင်းလဲခဲ့ပါတယ်။ဒီ့ထက်ပိုပြီး လေးစားဖို့ကောင်းတာကတော့ 15 စက္ကန့်သာပါတဲ့ ငယ်ဘဝဇာတ်ဝင်ခန်း fight scence အတွက် နောက်ထပ်လေးလတိုင်တိုင် ဝိတ်လျှော့ပြီး six pack ထွက်အောင်လေ့ကျင့်ခဲ့ပါတယ်။တကယ်ကို အဲ့သြလေးစားဖို့ကောင်းတဲ့ မင်းသားရဲ့အနုပညာအပေါ်ရိုးသားမှုပါပဲ။ ဒီဇာတ်ကားအတွက် ပြင်ဆင်ခဲ့တာက မင်းသား Aamir Khan တစ်ယောက်တည်းတော့မဟုတ်ပါဘူး။Geeta နေရာမှာသရုပ်ဆောင်တဲ့ မင်းသမီး Fatima Sana Shaikh အပါအဝင် နပန်းပြိုင်ပွဲဝင်မယ့် သရုပ်ဆောင်တိုင်း 2015 Junior Indian women's wrestling team coach Kripa Shan Patel Bishnoiနဲ့ နပန်းနဲ့ပတ်သတ်တဲ့ သင်တင်းမှာ တက်ရောက်သင်ကြားခဲ့ရပါတယ်။နောက်ပြီး မင်းသမီး ရဲ့ ရှည်လျားလှပတဲ့ဆံပင်ကိုလည်း နှစ်ကြိမ်တိုင်တိုင်ညှပ်ခဲ့ရပြီး နပန်းသမား ပုံစံပီသအောင် လေ့ကျင့်ခန်းများလည်း လုပ်ဆောင်ခဲ့ရပါတယ်။အဲ့လိုသေချာပြင်ဆင်မှုကြောင့် ဇာတ်ကားအတွင်းမှာ ဇာတ်ကောင်နဲ့တစ်သားတည်းကြပြီး ပရိသတ်သဘောကျစေခဲ့ပါတယ်။ ရိုက်ကူးချိန်ကတော့ ပထမရိုက်ကူးမှုကလေးလကြာမြင့်ခဲ့ပြီး မင်းသားရဲ့ body training အပြီးကျန်ရှိတဲ့ ရိုက်ကူးမှုကတော့ ၁လ နီးပါးကြာမြင့်ခဲ့ပါတယ်။စုစုပေါင်း ရိုက်ကူးမှုကြာချိန်ကတော့ ၉လ ကျော်ကြာမြင့်ခဲ့ပါတယ်။ ဝင်ငွေအပိုင်းမှာဆိုရင်လည်း ရုံစတင်တဲ့ December 23 ကနေပြီး ယနေ့ January 9 ရက်နေ့ရောက်တဲ့အချိန် ၂ ပတ်ခွဲအတွင်းမှာပဲ အိန္ဒိယနိုင်ငံရဲ့ တစ်သတ်တာ ဝင်ငွေအများဆုံးရုပ်ရှင်ဇာတ်ကားအဖြစ် သန်း၈၀ ကျော်နဲ့ စံချိန်တင်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ယခင်စံချိန်အဟောင်းကတော့ မင်းသားရဲ့ Aamir Khan ရဲ့ 2014 က ထွက်ရှိခဲ့တဲ့ PK ဇာတ်ကားပဲဖြစ်ပြီး သူတင်ထားတဲ့စံချိန်ကို သူကိုယ်တိုင်ပဲ ပြန်ချိုးခဲ့တဲ့ အဲ့သြဖွယ်ရလဒ်ပဲဖြစ်ပါတယ်။ဒီဇာတ်ကားက ပထမဆုံး ဒေါ်လာ သန်း၁၀၀ ကျော်ဝင်ငွေရမယ့် အိန္ဒိယဇာတ်ကားဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခံနေရပါတယ်။ယခုစံချိန်အတိုင်းဆိုရင်လည်း စံချိန်တင်နိုင်ဖို့လည်း ရှိပါတယ်။ ဇာတ်ကားအပေါ်သုံးသပ်ချက် ဒီဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Aamir Khan ကတော့ ဒီဇာတ်ကားက ဖိနှိပ်ခံနေရတဲ့ အိန္ဒိယအမျိုးသမီးထုကို ကိုယ်စားပြုတယ်လို့ပြောပါတယ်။အိန္ဒိယနိုင်ငံမှာက မြို့ုကြီးမှာကလွဲရင် ကျန်တဲ့ဒေသကမိန်းကလေးအပေါ် မိဘတွေ အထူးသဖြင့် ယောကျာ်လေးဖြစ်တဲ့အဖေတွေရဲ့ အမြင်ကတော့ အိမ်မှုကိစ္စလုပ်နိုင်ပြီး အရွယ်ရောက်တာနဲ့ ယောကျာ်းယူပြီး ကလေးမွေးဖို့ဆိုတာက ရှေးကနေ အခုထိစွဲမြဲနေတုန်းပါပဲ။ဒီဇာတ်ကားထဲက ဇာတ်ကောင် Mahavir ကတော့ သူ့သမီးတွေကို ပညာသင်ခိုင်းပြီး နပန်းအားကစားမှာပါ ရွှေတံဆိပ်ဆုရအောင် လုပ်နိုင်ခဲ့တဲ့အတွက် စံပြအတုယူစရာပဲဖြစ်ပါတယ်။ အိန္ဒိယမှာ အမျိုးသမီးတွေနပန်းအားကစားဖြစ်ဖို့ ကြီးမားတဲ့အဟန့်အတားကတော့ အကျီကြောင့်ပဲဖြစ်ပါတယ်။ရှေးရိုးစွဲတွေရဲ့ အမြင်ကြောင့် ထိန်းချုပ်မှုများတဲ့နိုင်ငံမှာတော့ နပန်းအားကစားနည်းသာမက တစ်ခြားအားကစားနည်းမှာလည်း မိန်းကလေးတွေက နေရာမရပါဘူး။မင်းသား Aamir Khan ကတော့ ဒီဇာတ်ကားက မိန်းကလေးတွေက ယောကျာ်းလေးတွေနဲ့ တန်းတူအခွင့်အရေးရရင် မိန်းကလေးတွေကလည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ဆိုတာကို ပြသနိုင်ဖို့အတွက် ရိုက်ကူးထားသလို တကယ်လည်းပေါ်လွင်ပြီး ကောင်းမွန်လှပါတယ်။ နောက်ပြီး ရေပန်းမစားတဲ့ အမေ့လျော့ခံနပန်းအားကစားနှင့် ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာကြောင့် ကြိုသိနေတဲ့ဇာတ်လမ်းကို စိတ်ဝင်စားလာအောင် ရေးထားတဲ့ဇာတ်ညွန်းကိုတော့ တော်တော်ချီးကျူးးမိပါတယ်။အရင်ကနပန်းနဲ့ပတ်သတ်တဲ့ ဇာတ်ကားတွေကို ကြည့်ခဲ့ရပေမယ့် သေချာနားမလည်ခဲ့ပါဘူး။ဒီဇာတ်ကားထဲမှာတော့ နပန်းအားကစားနည်းရဲ့ အမှတ်ပေးပုံ၊ဘယ်လိုယှဉ်ပြိုင်ရသလဲ၊အချိန်ဘယ်လောက်ရတယ်ဆိုတာကို အချိန်၃ မိနစ်အတွင်းမှာပဲ နားလည်အောင်ရှင်းပြနိုင်သလို နောက်ပိုင်းနပန်းပြိုင်တဲ့အချိန်မှာ အမှတ်ဘယ်လောက်ရလည်းဆိုတာကို ကိုယ်တိုင်တွက်ချက်နိုင်ခဲ့ပါတယ်။ဒီဇာတ်ကားကြည့်ပြီး နပန်းအားကစားနည်းကို စိတ်ဝင်စားလာမိပါတယ်။ ဒါရိုက်တာနဲ့ဇာတ်ညွန်းတာဝန်ယူထားတဲ Nitesh Tiwari ကတော့ သေချာကြိုးပမ်းပြီးရိုက်ကူးထားသလို မင်းသား Aamir Khan နဲ့ မင်းသမီး Fatima Sana Shaikh အပါအဝင် သရုပ်ဆောင်တိုင်းရဲ့ သရုပ်ဆောင်မှုက လက်တွေ့နဲ့တစ်သားတည်းကြပါတယ်။နောက်ပြီးဇာတ်ဝင်တေးသိချင်းတွေလည်း ကောင်းပြီးအဓိပ္ပါယ်ရှိပါတယ်။ကလေးနှစ်ယောက် Training လုပ်တဲ့အချိန်မှာ သုံးတဲ့ဇာတ်ဝင်သီချင်းမှာဆိုရင် သူတို့အဖေက ဘောလီးဝုဒ်က အဆိုးဆုံးဗီလိန်ထက် ပိုဆိုးတဲ့သူဖြစ်ကြောင်း ဆိုထားတာက ချစ်စဖွယ်လေးပါ။ နောက်ပြီး နပန်းပြိုင်တဲ့အချိန်မှာ ကစားသမားတွေရဲ့လှုပ်ရှားမှုကို ရိုက်ကူးတာတော်တော်ကောင်းပါတယ်။ခံစစ်ကစားပုံ၊တိုက်စစ်ဆင်ပုံ၊အယောင်ပြပုံ၊ကိုင်ပေါက်ပုံတွေ ရိုက်ကူးထားတာက တကယ့်ကိုအပြင်မှာ ကြည့်ရှု့နေရတဲ့အတိုင်းပါပဲ။အသက်ဝင်လှပါတယ်။ တစ်လက်စတည်းတွေးမိတာက ကျွန်တော်တို့နိုင်ငံရဲ့ အားကစားအကြောင်းပါပဲ။လူတိုင်းကြိုက်တဲ့ အမျိုးသားဘောလုံးအသင်းကိုသာ ပိုက်ဆံတော်တော်များများသုံးစွဲပြီး ကျန်တဲ့ အားကစားနည်းတွေကို ပံပိုးမှုအားနည်းခဲ့တာကို မျက်ကွယ်ပြိုပြီး ဆီးဂိမ်းပြိုင်ပွဲတွေမှာ ဆုတံဆိပ်ရယူချင်တဲ့ လူကြီးမင်းများနှင့် ကျွန်တော်အပါအဝင်ပရိသတ်တွေကတော့ ဒီဇာတ်ကားကိုကြည့်မိတဲ့အချိန်မှာ နိုင်ငံအတွက်ပေးဆပ်ပြီး ရွေရယူပေးဖို့ ခက်ခက်ခဲခကြိုးပမ်းနေတဲ့ အားကစားသမားတွေကိုလည်း အားနာမိပြီး အရှက်ရမိပါတယ်။အနီးစပ်ဆုံး အမျိုးသမီးဘောလုံးအသင်းတောင်မှ ပံပိုးမှု အပြည့်မရခဲ့ပါဘူး။ ကျွန်တော်တို့နိုင်ငံမှာလည်း အာရှအဆင့်၊အိုလံပစ်အဆင့်ထိရောက်နိုင်တဲ့ နပန်းအားကစားသမားတွေရှိပါတယ်။ကျွန်တော်အမှတ်မမှားဘူးဆိုရင် 2013 နေပြည်တော်ဆီးဂိမ်းမှာ နပန်းအားကစားနညိးကနေ ဆုတံဆိပ်များစွာရခဲ့သလို 2015 စင်ကာပူဆီဂိမ်းတုန်းကလည်း ဆုတံဆိပ်ရခဲ့ပါတယ်။ဒါပေမဲ့ သူတို့တွေအတွက် ချီးမြှောက်မှု၊ဘဝအာမခံချက်အတွက် အာမခံမှုရရှိခဲ့လားဆိုတာကတော့ မသိခဲ့ပါဘူး။နိုင်ငံအတွက်ပေးဆပ်ပြီး ဂုဏ်ဆောင်နေတဲ့ အားကစားသမားတွေအကုန် တန်းတူညီမျှအကျိုးခံစားခွင့်ရပါစေလို့လည်း မျှော်လင့်ပါတယ်။ ဒီဇာတ်ကားကတော့ ရသအစုံကိုခံစားရမယ့် ဇာတ်ကားပါ။ပျော်ရွှင်စရာတွေ၊စိတ်ဓာတ်တတ်ကြွစရာတွေ ပါသလို ဝမ်းနည်းဖွယ်အခန်းတွေလည်းပါပါတယ်။ဇာတ်ဝင်ခန်းတစ်ခန်းကတော့ တော်တော်လေး ဝမ်းနည်းဖွယ်ကောင်ပါတယ်။ဇာတ်လမ်းရဲ့အဓိကအသက်ဖြစ်လို့ မပြောတော့ပါဘူး။ကိုယ်တိုင်သာခံစားကြည့်လိူက်ပါ။အနိမ့်အမြင့်အတတ်အကျအစုံပါတဲ့ ဇာတ်ကားက ပရိသတ်ကိုကောင်းကောင်းဖော်ဖြေနိုင်ပါတယ်။ရုပ်ရှင်ဇာတ်ကားကြာချိန် ၁၅၀ မိနစ်အတွင်း တစ်ချက်မှ အာရုံမလွတ်အောင်ဖမ်းစားနိုင်ပါတယ်။ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး ထွက်ရှိတဲ့အချိန်ကစပြီး ဝေဖန်ရေးတွေရဲ့ ချီးကျုုးမှုကိုခံခဲ့ရပြီး ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားအဖြစ်လည်း ညွန်းဆိုခဲ့ပါတယ်။IMDB မှာ rating 9.2 ရနေပြီး Rottan Tomatoes ကတော့ 82 ပေးထားပါတယ်။ဒါက အိန္ဒိယဇာတ်ကားတစ်ကားအတွက်တော့ အမြင့်ဆုံး Rating တွေပဲဖြစ်ပါတယ်။နောက်ပြီး မင်းသား Aamir Khan ကြောင့်လည်း ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Dangal ဇာတ်ကားက ပုံမှန်ဇာတ်ကားတွေထက်ပိုပါတယ်။ကြည့်ပြီးခဏမေ့ပျောက်သွားမယ့် ဇာတ်ကားမျိုးမဟုတ်ပါဘူး။ Aamir Khan ရဲ့ ဇာတ်ကားတွေအတိုင်း ကြည့်ုပြီး ပြောနေရမယ့်ဇာတ်ကားမျိုးပါ။အမျိုးသမီးတွေရဲ့ အခွင့်ရေးတွေ၊ဖိနှိပ်ချုပ်ချယ်မှုတွေ၊ခွဲခြားဆက်ဆံမှုတွေအကြောင်းကို အကောင်းဆုံးပြသနိုင်တဲ့ဇာတ်ကားတစ်ကားပါ။ဒါကြောင့်မလို့ ဒီဇာတ်ကားကို ကြည့်ရှုပြီး စိတ်ဓာတ်ခွန်အားတစ်စုံတစ်ရာရနိုင်ပါစေလို့ပြောရင်း...............။ Reviewd by ZKK File size…(2.6 GB)/(1.3 GB) Quality….BluRay HEVC 1080p / 720p Format…mp4 Duration….02:41:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Tariq L Walker

Crime • Drama
8 2016 161 mins
Dangal
Believers
6.3

(18+) Believers (2022) မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမယ့် ဂျပန်ရုပ်ရှင် Believers (2022) ကို CM မှာ ကြည့်လို့ရပါပြီနော်။ 18+ ဇာတ်ဝင်ခန်းတွေလည်း ပါတာမို့ လူကြီးမိဘတွေနဲ့အတူ မကြည့်ကြဖို့တော့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ညွှန်ကြားချက်ကြောင့် လူ ၃ ယောက်ဟာ ကျွန်းငယ်လေးတစ်ခုပေါ်မှာ သုံးယောက်တည်း နေခဲ့ကြရပါတယ်။ ဒီအစီအစဉ်ကိုတော့ “သီးခြားကျွန်း အစီအစဉ်” လို့ ခေါ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ယိုယွင်းနေတဲ့ သာမန်လူ့အဖွဲ့အစည်းကနေ ထွက်လာပြီး ဒီကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သန့်စင်ကြဖို့ပါ။ ဒါပေမဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါဝင်နေတဲ့ ဒီအဖွဲ့ဟာ တဖြည်းဖြည်းနဲ့ သာမန်လူသားတွေရဲ့လိင်စိတ်ဆန္ဒတွေကို တပ်မက်လာကြတဲ့ အခါမှာတော့ သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ သန့်စင်မှုကို အပြီးထိ လုပ်ဆောင်သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ဖြစ်ပေါ်လာတဲ့ တပ်မက်စိတ်တွေကြောင့် သူတို့ရဲ့ရည်ရွယ်ချက် ပျက်စီးသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 867MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Thet Win Encoder ….. Aaron

Drama
6.3 2022
Believers
Target List
7.1

ခင်ပွန်းသည်က ဖောက်ပြန်တာခံရတဲ့ ဒွန်နာအတွက်တော့ သမီးလေးဂရေစီဟာ အရာရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကင်ဆာဆိုတဲ့နတ်ဆိုးက သမီးလေးကို သူ့ရဲ့ဘဝထဲကနေ ထပ်ပြီးတော့ ခေါ်ဆောင်သွားပြန်ပါတယ်။ အဲဒီအချိန်မှာ ဒွန်နာတစ်ယောက် WANDဆိုတဲ့ ကင်ဆာကုထုံးသစ်ကို စမ်းသပ်တီထွင်ဆဲကာလဖြစ်ပြီး သမီးလေးကိုမကယ်တင်နိုင်လိုက်ဘူးပေါ့။ ဒီလိုနဲ့ နှစ်ပေါင်းများစွာစမ်းသပ်ရင်း ဂရေစီဆုံးသွားပြီး ၃ နှစ်အကြာမှာ ‌နမူနာWANDကိုထုတ်လုပ်တဲ့အဆင့် လူသားတွေနဲ့စမ်းသပ်မှုစတင်မယ့်ကာလမှာ ထုတ်ကုန်ကို ကြေညာဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြေညာလိုက်တာက သူတို့ရဲ့သေမင်းကို ဖိတ်ခေါ်လိုက်တာမှန်း ဒီသု‌တေသနပညာရှင် ၅ ယောက်မသိနေတဲ့အခါ… ထုတ်ကုန်ကြေညာဖို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ညကနေစလို့ ဓာတ်ခွဲခန်းကို မီးလာရှို့ပြီး သုတေသနအဖွဲ့တွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားတွေရောက်လာချိန်မှာတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်နေတဲ့ ကလိုက်ဒ်နဲ့ ဒွန်နာကိုလုပ်ကြံတာပေမဲ့ ခင်ပွန်းဟောင်းကိုထိပြီး သီသီလေးလွတ်မြောက်လာတဲ့ဒီနှစ်ယောက် အသက်ဘေးလွတ်အောင်ရုန်းကန်ရင်း တရားခံကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။ Nerdပီပီ တစ်ခါတရံမှာ ဇီဇာကြောင် အူကြောင်ကြောင်အတွေးတွေနဲ့ကလိုက်ဒ်နဲ့ လက်ရဲဇာတ်ရဲ တဇွတ်ထိုးဆန်တဲ့ဒွန်နာတို့နှစ်ယောက်ရဲ့ တရားခံရှာပုံတော်ကို ဟာသလေးနှောလို့ အတူရှုစားလိုက်ရအောင်ပါ။ File size…(1.35 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

7.1 2023
Target List
White Lies, Black Lies
6

Suspense drama တွေကြိုက်တယ်ဆိုတဲ့သူတွေအတွက် ထိုင်ဝမ်ဇာတ်ကားကောင်းလေးတင်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေမှာ အဖြူရောင်မုသားတစ်ခုကိုဖုံးကွယ်ဖို့အတွက် မုသားတွေမဆုံးနိုင်အောင်ဆက်ပြောရတတ်တယ်။ မုသားတွေများလာတော့ တကယ့်အမှန်တရားဟာ ဘယ်လိုလဲဆိုတာဝေဝါးသွားတတ်တယ်။ ညတစ်ညမှာ ကောင်းရှုံမြို့ကဆံသဆိုင်တစ်ခုမှာ ဆိုင်ရှင်အမျိုးသမီးကို လည်လှီးတဲ့လူသတ်မှုဖြစ်ပွါးခဲ့တယ်။ခင်ပွန်းဖြစ်သူက ဆေးရုံကိုလာပို့ပေမယ့် အရေးပေါ်ခွဲစိတ်နေတုန်းမှာပဲ ထွက်ပြေးသွားခဲ့တယ်။ ရဲတွေကခင်ပွန်းဖြစ်တဲ့သူကို အဓိကသံသယရှိသူအနေနဲ့လိုက်ရှာကြပါတော့တယ်။ အထက်တန်းကျောင်းကငယ်ချစ်ဦးနဲ့ အသက်တွေကြီးမှပြန်ဆုံတဲ့အခါ အချစ်တွေမကုန်သေးတဲ့အတွက် အမှားတွေလုပ်မိခဲ့ကြတယ်။ မိန်းမဖြစ်တဲ့သူကသိသွားတဲ့အခါ စိတ်လိုက်မာန်ပါနဲ့ သတ်သေသွားတယ်လို့ထွက်ဆိုချက်ပေးပေမယ့် ရဲတွေကမယုံပဲဆက်စစ်ဆေးကြတယ်။ ဒါဟာတကယ်ပဲ မတော်တဆမှုလားရည်ရွယ်ချက်ရှိရှိလူသတ်မှုလား…… နောက်ကွယ်မှာဘယ်လိုဇာတ်လမ်းတွေရှိနေမလဲဆိုတာကို စိတ်ဝင်စားစရာတွေနဲ့ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်

6 2016
White Lies, Black Lies
Trick
5.4

Trick (2016) ဇာတ်ကားနာမည်အတိုင်း လှည့်ကွက်တွေအပြည့်နဲ့ Trick ဇာတ်လမ်းဟာ ကိုရီးယားနိုင်ငံရဲ့ မီဒီယာနယ်ပယ်က အကျင့်ပျက်ချစားမှုတွေအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းက‌တော့ သတင်းတင်ဆက်မှု နယ်ပယ်မှာ အောင်မြင်တဲ့ PD တစ်ဦးဖြစ်လာခဲ့တဲ့ အီဆော့ဂျင်ဟာ စားသောက်ကုန်လုပ်ငန်းတစ်ခုရဲ့သတင်းကို လူထုဆီ မှားယွင်းတင်ဆက်ခဲ့ပြီး လူ‌သေမှုပါ ဖြစ်စေခဲ့တဲ့အတွက် PD အလုပ်ကနေ နုတ်ထွက်ခဲ့ရပါတယ်။ အဲဒီလိုနဲ့ နှစ်အနည်းငယ်ကြာပြီးနောက်မှာတော့ ရုပ်သံလိုင်းတစ်ခုရဲ့သူဌေးဟာ အဆုတ်ကင်ဆာဖြစ်နေတဲ့အမျိုးသားနဲ့ ဇနီးဖြစ်သူတို့ရဲ့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့ အီဆော့ဂျင်ကို ကမ်းလှမ်းလာခဲ့တဲ့အခါမှာတော့…။ အီဆော့ဂျင်အနေနဲ့ မှတ်တမ်းရုပ်ရှင်ကို အောင်မြင်အောင်လုပ်ပြီး သူ့ရဲ့နာမည်ပျက်ကို ချေဖျက်နိုင်သွားမလား ဒါမှမဟုတ် ဘယ်လိုမထင်မှတ်ထားတာတွေများ ဖြစ်လာမလဲ ဆိုတာကတော့ အညွှန်းနဲ့တင် ဖော်ပြဖို့ မလုံလောက်တာမို့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး‌နော်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Hmwe ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 720p WEB-DL File size… 666MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Encoder ….. Aaron

Drama
5.4 2016
Trick
Twelve

Twelve (2010) ************* ဒီဇာတ်ကားက ဝှိုက်မိုက်ဆိုတဲ့ မူးယစ်ဆေးရောင်းတဲ့ လူငယ်တစ်ယောက်ရဲ့ အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်… အရင်ကတော့ သူက အရမ်း ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ဖြစ်ခဲ့ဖူးပေမဲ့ အခုတော့ ကျောင်းထွက်ပြီး သူ့အရင်က အတန်းဖော်တွေကို ဆေးခြောက်ရောင်းရင်း အသက်မွေးနေရတဲ့ သူတစ်ယောက် ဖြစ်သွားပါပြီ… သူ့အမေ သေဆုံးသွားတဲ့နောက်မှာ သူ့ဘဝက အောက်ကို ပိုပြီး ထိုးကျခဲ့တော့တာပါပဲ… သူ့ရဲ့ ဝမ်းကွဲညီဖြစ်သူကလည်း ဆေးရောင်းတဲ့ကောင်တစ်ယောက်ဆီမှာ အသတ်ခံလိုက်ရပါတယ်… အဲဒီမှာ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကအနေနဲ့ မူးယစ်ဆေးက လူငယ်တွေရဲ့ ဘဝကို ဘယ်လောက်ထိ ဖျက်ဆီးပစ်နိုင်လဲဆိုတာကို ပြောထားတာဖြစ်လို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပါ လို့ ပြောလိုက်ပါရစေ… အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်… File Size : 1.64GB / 700MB Quality : BluRay 1080p 5.1ch / 720p Duration : 1 hr. 38 min. Genre : Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by BZW Encoded by Heather Oo

0 2010 93 mins
Twelve
The Man Who Cried
6.1

The Man Who Cried (2000) IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။ တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။ သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာ ဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့.. နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ.. ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား.. အတ္တသမား ဒန်တေရော ဘာဆက်ဖြစ်မလဲ… ရုပ်ရှင်လေးမှာ ဆက်လက်ရှုစားကြည့်နော်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size… (2 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Music, Romance, War Duration….01:40:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny

Drama • Thriller • Mystery
6.1 2000 96 mins
The Man Who Cried
Hotel Pula
6.1

ဒီဇာတ်ကားလေးကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb rating 6.3/10 ရရှိထားတဲ့ drama အမျိုးအစား ရုပ်ရှင်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ++++++++++ ဘော့စနီးယားနိုင်ငံမှာ စစ်ဖြစ်ပွားပြီးတော့ ပြည်သူတွေလည်း ရက်ရက်စက်စက် အသတ်ဖြတ်ခံလာရတာမို့ ပြည်သူအများစုက အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခိုလှုံကြရပါတယ်။ မာဟီးရာ ကလည်း စစ်ဖြစ်လို့ ထွက်ပြေးလာခဲ့ရသူဖြစ်ပြီး အိမ်နီးချင်း ခရိုအေးရှားနိုင်ငံကိုရောက်လာပါတယ်။ စစ်ရှောင်ဒုက္ခသည်တွေများစွာရောက်လာတဲ့အခါမှာ တချိန်က ကမ္ဘာလှည့်ခရီးသွားတွေတည်းခိုတဲ့ ခရိုအေးရှားဟိုတယ်တွေလည်း စစ်ရှောင်တွေနေတဲ့အိမ်ယာတွေဖြစ်ကုန်ပါပြီ။ ဒီလိုနဲ့ပဲ ခရိုအေးရှန်းမလေး အူနာ နဲ့ မာဟီးရာ တို့ ဆုံတွေ့မိကြပါတော့တယ်။ လှိုင်းတွေလို လှုပ်ခတ်နေတဲ့ အခြေအနေဂယက်တွေကြားမှာ မာဟီးရာ နဲ့ အူနာတို့ ဘယ်လိုရှေ့ဆက်ကြမလဲ… ဘယ်လိုအခက်အခဲတွေကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာပါ။ File Size… (1.22 GB) / (779 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 35m Genre ….Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai

Romance • Comedy • Drama
6.1 2024 95 mins
Hotel Pula
The Girl with the Red Scarf
8.5

ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းဆိုတာ စာရေးပျင်းတဲ့ စာရေးဆရာတွေရဲ့ ဇာတ်သိမ်းထဲမှာပဲရှိတာ။ ပျော်ရွှင်စွာနေကြရတုန်းဆိုကတည်းက ဇာတ်မသိမ်းသေးလို့ပါ။ ဘယ်ဇာတ်လမ်းကမှ ပျော်ရွှင်စွာနဲ့ ဇာတ်သိမ်းကြရိုးထုံးစံမရှိပါဘူး။ ခွဲခွာခြင်း၊ နှုတ်ဆက်ရခြင်းတို့နဲ့ပဲ အမြဲတမ်း ဇာတ်သိမ်းကြရတာမျိုး။ ထာ၀ရဆိုတာကလည်း လူရယ်ဖြစ်တည်လာတဲ့အချိန်ရဲ့ တခဏသာပဲမလား။ အစ္စတန်ဘူမြို့ကြီးသား ကုန်ကားသမား အီလိယာ့စ်နဲ့ ကျေးလက်သူလေး အာစယာတို့ကြားက ချစ်ခြင်းမေတ္တာကိုတင်ဆက်ထားတဲ့ တူရကီအချစ်ဇာတ်လမ်း။ အနီရောင်ခေါင်းစည်းပဝါလေးနဲ့ ကျေးလက်သူလေးအာစယာကို မြင်မြင်ချင်းကတည်းက ကြွေခဲ့တဲ့ အီလိယာ့စ်တစ်ယောက် ပိုင်ဆိုင်ဖို့ကြိုးစားခဲ့ပြီး၊ နှစ်ယောက်သား အတူပေါင်းဖက်လို့ ပျော်ရွှင်စရာအချိန်တွေရှိခဲ့ပေမဲ့ ကြမ္မာဆိုးတို့မည်သည် အချိန်အခါမကြည့်ဘဲ ဝင်လာတတ်တာမို့ သူတို့ချစ်ခြင်းတရားလည်း ဘာတွေပဲကြုံကြုံ ပျော်ရွှင်စွာဇာတ်သိမ်းကြလေသတည်းနဲ့ ရပ်တန့်နေခဲ့မလားဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(950 Mb) Quality….Web-DL 1080p / 720p Format… mp4 Duration…. 01:30:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Horror • Thriller
8.5 1977 86 mins
The Girl with the Red Scarf