YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Love.Syndrome.S01E03.1080p.CM.mp4

495.2 MB 1080p video/mp4 20 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Palmer
8.1

ဇာတ်ကားအကျဉ်းပြောရမယ်ဆိုရင်တော့ ထောင်ထွက်တစ်ဦးနဲ့ အိမ်တွင်းရေးအဆင်မပြေတဲ့ ကလေးတစ်ယောက် ရဲ့အကြောင်းပေါ့။ ပါးလ်မာ က ထောင်ထဲ (၁၂)ကျော်နေခဲ့ပြီးမှ ခံဝန်နဲ့လွတ်လာသူဖြစ်ပြီး သူ့အဖွားအိမ်၊ သူ့ဇာတိမြို့မှာပဲ ပြန်လာနေခဲ့တယ်။ ဆမ် ဆိုတာကတော့ ပါးလ်မာရဲ့အိမ်ဘေးမှာနေတဲ့ ကလေး။ ဆမ့်အမေက ဆေးသမား၊ ပထွေးဖြစ်သူ ကလဲ အချိုးမပြေ။ မိသားစုအခြေအနေလုံးဝမကောင်းတဲ့ ကလေးတစ်ယောက်။ ထောင်ထွက် ပါးလ်မာနဲ့ အိမ်တွင်းရေး အဆင်မပြေတဲ့ ဆမ် တို့နှစ်ယောက်ရဲ့အကြောင်းကို ခပ်ငြိမ့်ငြိမ့်လေးနဲ့ တင်ဆက်သွားတဲ့ Drama ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဒီလို Drama ကားမျိုးကြည့်ရတာ စိတ်ထဲအတော်လေး ကျေနပ်သွားမိတယ်။ IMDB rating (7.3/10) ၊ Rotten Tomato ကလည်း (74 %) ဆိုတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းဖြစ်မယ်ဆိုတာတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ပါးလ်မာ အဖြစ် သရုပ်ဆောင်ထားသူကတော့ အဆိုတော်/သရုပ်ဆောင် Justin Timberlake ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jack ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 50min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator – Jack Encoder – SWM

Drama • Sci-Fi & Fantasy
8.1 2021 110 mins
Palmer
The Mothman Prophecies
6.4

ဂျွန်ကလိုင်းက ဝါရှင်တန်ဒီစီပို့စ်သတင်းဌာနရဲ့ အောင်မြင်တဲ့ သတင်းထောက်ဖြစ်သလို သာယာတဲ့အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက်ပါ။ တစ်ညမှာ သူနဲ့ဇနီးသည်တို့ ‌အိမ်ပြန်လာစဉ် ကားမတော်တဆမှုနဲ့ ဇနီးဖြစ်သူဆုံးပါးသွား ပါတယ်။ သေခါနီးအချိန် ဇနီးသည်က ကားတိုက်မှုမဖြစ်ခင် သူမြင်ခဲ့တဲ့ အရာတစ်ခုကို ဂျွန်ရောမြင်ခဲ့ရဲ့လားလို့ မေးခွန်း ထုတ်သွားခဲ့သလို ဂျွန်ကိုယ်တိုင်လည်း ဇနီးသည် ဝှက်ခဲ့တဲ့ ပဟေဠိကို အဖြေရှာမရဘဲ အချိန်၂နှစ်ကုန်သွားပါတယ်။ ၂နှစ်ကြာတဲ့အထိ ဇနီးဖြစ်သူသေဆုံးမှုကနေ ရုန်းမထွက်နိုင် ဖြစ်နေတဲ့ ဂျွန်ဟာ တစ်ညမှာအလုပ်ခရီးသွားရင်း ကားပျက် သွားလို့ နီးရာအိမ်ကို အကူအညီဝင်တောင်းခဲ့ရာ မထင်မှတ် ထားတဲ့ ကိစ္စတစ်ခုကို သိလိုက်ရပါတယ်။ အိမ်ပိုင်ရှင်တွေက ဂျွန်ကို ၃ညဆက်တိုက် မနက်၂နာရီခွဲတိုင်း တံခါးလာခေါက် တဲ့ Stalkerအဖြစ်စွပ်စွဲဖမ်းဆီးပြီး ရဲလက်အပ်လိုက်တာပါ။ ဒါ့အပြင် သူရောက်နေတဲ့နေရာက ဝါရှင်တန်နဲ့မိုင်၄၀၀ကျော် ဝေးတဲ့ အိုဟိုင်းယိုးဖြစ်နေတာပါ။ မနက်၁နာရီထိုးမှ အိမ်ကစထွက်လာပေမယ့် မနက်၂:၃၀မှာ နေ့ဝက်ခရီးလောက် မောင်းရမယ့် အိုဟိုင်းယိုးကိရောက်နေ သလို အရှေ့၂ရက်လောက်ကတည်းက သူတို့ကိုနှောင့်ယှက် နေသူအဖြစ် အိမ်ရှင်တွေက စွပ်စွဲနေတာကြောင့် ဂျွန်လည်း ဘူမသိကိုးမသိ ရဲဖမ်းခံလိုက်ရပါတယ်။ အဆိုပါရဲနဲ့ စကား စပ်မိတဲ့အခါ ဒီမြို့မှာလည်း ထူးဆန်းတဲ့အရာ‌ကို မြင်တွေ့ နေသူတွေရှိကြောင်း သိလိုက်ရတဲ့အခါ ဇနီးဖြစ်သူပြောခဲ့တဲ့ ပဟေဠိဆန်တဲ့ အရာအကြောင်း စဉ်းစားမိပြီး ဇနီးသည်ရဲ့ ပုံမှန်မဟုတ်တဲ့သေဆုံးမှုနဲ့ ထိုပဟေဠိဖြစ်တည်မှုအကြောင်း လိုက်လံစုံစမ်းရာမှ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်တွေထဲ ဝင်တိုးမိသွားပါတော့တယ်။

Action • Science Fiction
6.4 2002
The Mothman Prophecies
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong
5.7

ဒါကတော့ The Prequel of Gold Convoyers ရဲ့(၈)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် မင်ခေတ် ကျားကျင့်နှစ်အတွင်းမှာ ဂျပန်ဓားပြတွေက တဖြည်းဖြည်း တိုးများလာပြီး မြောက်ပိုင်းလျောင်တုန်းမှ တောင်ပိုင်း မင်ယွဲ့ကမ်းစပ်တစ်လျှောက် ဂျပန်ဓားပြတွေရဲ့ ကျူးကျော်တိုက်ခိုက်မှုကိုခံနေရပါတယ်။ ဂျပန်ဓားပြတွေ မင်တိုင်းပြည်နယ်မြေကို ကျူးကျော်နေတဲ့အချိန်မှပဲ ဂျပန်ပြည်တွင်းစစ်ကလည်း အလွန်ဆိုးရွားနေပါတယ်။ ဖျင်အန်းပို့ဆောင်ရေးမှ ဂူဖျင်အန်းတို့ဟာ လျောင်တုန်းကို ပို့ဆောင်ရေးအတွက် ရောက်လာပါတယ်။ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဝမ်ကျောက်ရှင်းဟာ ဟန့်လင်ရွာအနီးကို တာဝန်​ထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ ဂျပန်ဓားပြတွေ လုံကျိုးဖက်က ဝင်ရောက်လာပြီးနောက်မှာတော့ မင်တိုင်းပြည်နဲ့ ဂျိုဆွန်နယ်စပ်ကို ကျူးကျော်နေခဲ့ပြီး မင်တိုင်းပြည်ရဲ့ တတိယအဆင့်ရှိ ပွဲတော်သဘင်ဝန် ကုန်းအန်းဖူဟာ ဂျိုဆွန်က အပြန်လမ်းမှာ ဂျပန်ဓားပြတွေနဲ့တွေ့ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။ ကိုယ်ရံတော်တပ်ခေါင်းဆောင်က ဝမ်ကျောက်ရှင်းကို ကုန်းအန်းဖူကို တွေ့အောင်ရှာပြီး လျောင်ယန်ကို ပို့ဆောင်ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ဒုက္ခသည်တွေက အကူအညီတောင်းတာကို ကုန်းအန်းဖူက မျက်ကွယ်ပြုခဲ့လို့ ဂူဖျင်အန်းက ဒုက္ခသည်တွေကို လျောင်ယန်ကို အခမဲ့ပို့ဆောင်ပေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့လဲ လမ်းတစ်လျှောက် ဂျပန်နင်ဂျာတွေရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ ဂူဖျင်အန်းတို့တတွေ လျောင်ယန်ကို လုံခြုံစွာပြန်ရောက်ပါ့မလား…… လမ်းတစ်လျှောက်လိုက်လာတဲ့ နင်ဂျာတွေကရော ဘာကိုလိုချင်လို့ လိုက်နေကြသလဲ…… အတွေးအခေါ်ခြင်း မတူကြတဲ့အခါ အရာရှိကို ဦးစားပေးသင့်လား ပြည်သူတွေကို ဦးစားပေးသင့်သလား…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှု ခံစားလိုက်ရအောင်နော်။

Drama
5.7 2010
The Prequel of Gold Convoyers 8: A Beacon Fire in LiaoDong
My First Summer
6.7

My First Summer (2020) မိန်းကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လှပစွာရိုက်ကူးထားတဲ့ GL ရုပ်ရှင်ကားလေးဖြစ်ပြီး Rotten tomato လည်း 89% ရထားပါတယ်။ မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပျင်းလာခဲ့ရပြီး လောကကြီးအကြောင်း ဘာမှနားမလည်တဲ့ အသက် ၁၆ နှစ်အရွယ်ကောင်မလေး ကလော်ဒီရာ… မျက်စိရှေ့မှာတင် အမေရေနစ်သေဆုံးသွားတာကြောင့် နေ့ရက်တိုင်းကို စိတ်ဒဏ်ရာတွေနဲ့ တစ်ယောက်တည်း ကျော်ဖြတ်နေရတဲ့ အချိန်မှာ ရွယ်တူ ၁၆ နှစ်အရွယ် တက်တက်ကြွကြွနေတတ်တဲ့ ကောင်မလေး ဂရေ့စ်နဲ့တွေ့ခဲ့ပါတယ်။ အထီးကျန်ပြီး အလင်းရောင်မရှိ အုံ့မှိုင်းနေတဲ့ ကလော်ဒီရာရဲ့ဘဝကို ဂရေ့စ်တစ်ယောက်က ပျော်ရွှင်မှုနဲ့ အလင်းရောင်လေးတွေပေးခဲ့ပါတယ်။ နေ့စဉ် အတူတူအချိန်ဖြုန်းကြရင်းနဲ့ ကောင်မလေးနှစ်ယောက်ကြားမှာ သံယောစဉ်ကတစ်ဆင့် ချစ်ခြင်းမေတ္တာပေါ်ပေါက်လာပုံလေးကို လှလှပပလေး ရိုက်ကူးပြထားတဲ့ အပြင် ချစ်ခြင်းမေတ္တာဟာ ဝမ်းနည်းမှုတွေကို ကုစားပေးနိုင်ပြီးတော့ မထင်မှတ်တဲ့နေရာမှလည်း ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာနိုင်ကြောင်းကို ရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ပြီးရင် လုံးဝနောင်တရမှာမဟုတ်တာမလို့ GL သဘောကျတဲ့သူတွေအတွက်တော့ ကားကောင်းလေးတစ်ကားဖြစ်မှာပါ File size… 8.7 GB / 2.2 GB / 989 MB Quality… Web-DL 4K /1080p / 720p Format… mp4 , mkv Duration…. 1h 20m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

Action • Adventure • Drama • Romance
6.7 2020 78 mins
My First Summer
Fighter
7.9

Fighter 2023 (သွေးမာဖီယားဂိုဏ်းနှင့် ဖိုက်တာ) IMDb- 7.9/10 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ မှောင်ခိုလုပ်ငန်းတွေအများကြီးရှိတဲ့အထဲကနေ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို မှောင်ခိုလုပ်တဲ့ သွေးမာဖီးယားဂိုဏ်းကို ဖြိုခွင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။ ပြည်သူတွေက စေတနာနဲ့လှူထားတဲ့ သွေးတွေကို ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတော်တော်များများ ပါဝင်ထားပြီး သွေးမှောင်ခိုလုပ်တဲ့ မာဖီးယားဂိုဏ်းတစ်ခုအကြောင်းကို ဖိုက်တာဆိုတဲ့ဘလော့ခ်တစ်ခုကနေ မြင်ပြီးတော့ အမှုလိုက်ရာကနေ ဒီကိစ္စဟာ လူသိများလာပါတော့တယ်။ ဒီလို တရားမဝင်အမှုတွေရဲ့အကြောင်းကို ရေးသားတင်ပြနေတဲ့သူကတော့ မိုဟွတ်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်ပေါ့။ သူ့ရဲ့ထုံးစံအတိုင်း ဒီသွေးမှောင်ခိုကိစ္စကိုလည်း သူဟာ ရေးသားတင်ပြလိုက်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့အမေဟာ ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်……. သူ့အမေကို ပြန်ပေးဆွဲသွားတဲ့သူတွေနောက်ကို ဘယ်လိုခြေရာခံလိုက်မလဲ ….. သူ့အမေ ပြန်ပေးဆွဲခံရတဲ့နောက်ကွယ်မှာ သွေးမှောင်ခိုဂိုဏ်းက ပါဝင်ပတ်သတ်နေမလား …… တရားမဝင်သွေးမှောင်ခိုဂိုဏ်းကိုရော ဘယ်လိုတွေ နှိမ်နင်းသွားဦးမလဲ ……. ဆိုတာတွေကို ကြည့်ရှုရမယ့် ရှယ်ဖြဲရှယ်ကြမ်းမယ့် အက်ရှင်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Fighter
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Attack Jiajin Mountain
5.7

တရုတ်ကွန်မြူနစ်တပ်တွေရဲ့တော်လှန်ရေးသမိုင်းမှာ အရေးကြီးတဲ့နှင်းတောင်ကြီးဖြစ်တဲ့ ကျာကျင်းတောင်ကိုကျော်နိုင်ဖို့လမ်းကြောင်းရှာတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ကျာကျင်းတောင်ရှိရာနယ် ရွာလေးမှာနေတဲ့တိဘက်တန်ရွာသားလေးက ကူမင်တန် စစ်သားစုဆောင်းရေးမှာပါသွားပြီး သူ့ဆန္ဒမပါပဲစစ်တက်ထဲဝင်ခဲ့ရတယ်။ အခွင့်အရေးရတာနဲ့ သူတို့ညီအစ်ကိုကထွက်ပြေးခဲ့ကြတယ် ဒါပေမယ့် အစ်ကိုဖြစ်သူက ကူမင်တန်တွေရဲ့သေနတ်အောက်မှာ သေခဲ့ရတယ်။ အဲ့ဒီအချိန်မှာ လူတစ်စုရောက်လာပြီး သူတို့ကိုကျာကျင်းတောင်ကိုခေါ်သွားပေးဖို့ လမ်းပြအဖြစ်ငှါးခဲ့တယ်။ လမ်းတစ်လျှောက် ရွာလုံးကျွတ်သတ်ဖြတ်တဲ့ ကူမင်တန်တွေရဲ့ စက်ဆုတ်ဖို့ကောင်းတဲ့လုပ်ရပ်တွေကိုမြင်ကြရတယ်။ ကူမင်တန်တွေရဲ့ရန်ကလွတ်အောင်ရှောင်ပြေးရင်း ကြမ်းတမ်းတဲ့တောလမ်းခရီးကို ကျော်ဖြတ်ရင်း တပ်ဖွဲ့ကြီးအတွက် ကျာကျင်းတောင်ကို မရောက်ရောက်အောင်သွားတဲ့ ကွန်မြူနစ်တွေရဲ့ဇွဲကိုပြတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

5.7 2024
Attack Jiajin Mountain
127 Hours
7.5

127 Hours (2010) IMDb Rating (7.5) / Rotten Tomatoes (93%) 127 hours တောင်တက်သမားတစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ 127 hours ဟာ Rating 7.5 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အေရွန်ရော်စတန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Franco ဟာ ဒီ 127 hours ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်မှာ အေရွန်တစ်ယောက် ဘယ်သူ့ကိုမှ မပြောဘဲ ကန်နွန်လမ်းကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို လမ်းပြပေးခဲ့ပါသေးတယ်။ ခွဲခွာပြီးနောက် မကြာခင်မှာပဲ အေရွန်တစ်ယောက် ချောက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပြီး သူ့လက်က ကျောက်တုံးကြားမှာ ညှပ်နေခဲ့ပါတယ်။ အေရွန်တစ်ယောက် သူ့မှာပါလာတဲ့ပစ္စည်းလေးတွေနဲ့ ဒီချောက်ထဲကနေ အပေါ်ကို ပြန်ရောက်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲ? ငါးရက်ကြာအောင် ချောက်ထဲမှာ ပိတ်မိနေတဲ့ အေရွန်တစ်ယောက် ၁၂၇ နာရီ ကြာပြီးတဲ့နောက်မှာ လွတ်မြောက်သွားတော့မှာလား? အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ခဲ့ရပုံတွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Biography, Drama, Thriller Duration….01:34:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Science Fiction • Thriller
7.5 2010 94 mins
127 Hours
The Tigger Movie
6.3

ဒီဇာတ်ကားလေးက ကျွန်တော်တို့ငယ်ငယ်က အတော်လေး သဘောကျခဲ့ရတဲ့ Winnie The Pooh ကာတွန်းဇာတ်လမ်း တွေထဲက Tiggerလေးကို အဓိကထားပြီး ရိုက်ကူးထားတဲ့Animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ အမြဲပျော်ပျော်နေတတ်ပြီး စပရိန်လိုမျိုး အမြီးတစ်ချောင်းနဲ့ အမြဲခုန်ပေါက်နေတတ်တဲ့၊ အမြဲရှေ့နောက်မကြည့်တတ်ဘဲ သူများတကာကို မရည်ရွယ်ဘဲ ဒုက္ခပေးမိသလို အမြဲတမ်း ဖြစ်တတ်တဲ့ Tiggerလေးတစ်ကောင် ဆောင်းတွင်းတစ်ခုကို အရောက်မှာတော့ သူ ငယ်စဉ်ကတည်းက မတွေ့ခဲ့ဖူးတဲ့ သူ့မိသားစုဝင်တွေကို ပြန်တွေ့ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာတာ‌ကြောင့် အပြောကျယ်လှတဲ့ ဧကတစ်ရာတောထဲမှာ မိသားစုပျာက်ရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ သူ့ကို ကူရှာပေးတဲ့သူကတော့ သားပိုက်ကောင်‌မေမေကြီး ကန်ဂါရဲ့သားလေး ရူးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ကောင်သားတစ်တောလုံးအနှံ့ ရှာပုံတော်ထွက်ရင်း သူတို့ရှာ‌နေကြတဲ့ တစ်ဂါးမိသားစုတွေနဲ့ ပြန်ဆုံတွေ့နိုင်ကြမှာလား။ ဘယ်လိုအလွဲအ‌ချော်တွေ ဖြစ်ကြဦးမလဲဆိုတာ မိသားစုနဲ့အတူ ငယ်ဘဝရဲ့အမှတ်တရအ‌နေနဲ့ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File Size : 1.8 GB, 942 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 17min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

Comedy • Romance
6.3 2000 77 mins
The Tigger Movie
The NeverEnding Story
7.3

မိတဆိုးသားလေး ဘတ်ရှန်ဟာ စိတ်ကူးယဉ်ဆန်တတ်ပေမဲ့ လက်တွေ့သမားကြီးအဖေကတော့ စိတ်ကူးယဉ်မဆန်တေ့ာဖို ရင့်ကျက်ပြီး ပြဿနာတွေကို ရှောင်မပြေးဘဲ စပြီးရင်ဆိုင်စေချင်တယ်။ တနေ့မှာ ကျောင်းက ကလေးတွေရဲ့ အနိုင်ကျင့်တာကိုမခံချင်တော့လို့ စာအုပ်ဆိုင်တစ်ဆိုင်မှာ ၀င်ပုန်းရာကနေ ဆိုင်ပိုင်ရှင်အဖိုးကြီးဖတ်‌နေတဲ့ ထူးခြားတဲ့စာအုပ်တစ်အုပ်ကို စိတ်၀င်စားမိပြီး ဆိုင်ရှင်မသိအောင် ယူလာခဲ့တယ်။ ဆိုင်ရှင်အဖိုးကြီးပြောတာကတော့ အဲဒီစာအုပ်ဟာ ဘတ်ရှန်ဖတ်နေကျစာအုပ်တွေလိုမျိုး မလုံခြုံဘူးတဲ့။ အမြဲတမ်း လုံခြုံတဲ့စာအုပ်တွေကိုပဲဖတ်နေခဲ့တဲ့ဘတ်ရှန်ဟာ ထိုစာအုပ်ကို ဖတ်ပြီးနောက်မှာ ဖန်တေးရှားဆိုတဲ့တိုင်းပြည်တစ်ပြည်အကြောင်းကိုသိရပြီး ဖတ်နေတဲ့စာအုပ်ဟာ သူနဲ့ဆက်စပ်မှုရှိတယ်ဆိုတာကို သိလာရတဲ့အခါမှာတော့…ဘယ်လိုစွန့်စားခန်းမျိုးတွေကို ကြုံတွေ့ရမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ File size…(7.7 GB)/ (1.5 GB)/(700 Mb) Quality….Blu-Ray 4K HEVC/ 1080p / 720p Format… mp4 Duration…. 01:42:00 Genre… Adventure, Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

7.3 1984 102 mins
The NeverEnding Story