YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Love Song for Illusion (2024)EP4.PP.HDTV.720P(CM).mp4

388.82 MB N/A video/mp4 705 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
{18+}Where the Truth Lies
6.2

IMDb Rating/(6.4) ဒီဇာတ်ကားလေးကတော့ Genie awardနဲ့ Directorဆုရပြီး Nomination တွေအများကြီး ဝင်ထားတဲ့ကားလေးဖြစ်ပါတယ်။ ဟာသလောကရဲ့တွဲဖက်နှစ်ဦးဖြစ်တဲ့ ဗင့်စ်ကောလင်းနဲ့ လန်နီမော်ရစ်တို့နှစ်ယောက် ဒိတ်ဒိတ်ကြဲအောင်မြင်နေချိန်မှာ ကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရပါတယ်။ သူတို့နဲ့အသိအကျွမ်းဖြစ်တဲ့ မော်ရေးအိုဖလဲတ်တီတစ်ယောက် သူတို့ရဲ့ဟိုတယ်ခန်းထဲမှာ ဆေးလွန်ပြီးသေဆုံးနေတာကိုတွေ့ရှိလိုက်ပြီး နှစ်ယောက်သားတွဲဖက်တွေအဖြစ်ကနေ ခွာပြဲခဲ့ကြပါတယ်။ ဆယ်ငါးနှစ်ကြာပြီးတဲ့နောက်မှာတော့ ကယ်ရန်ဆိုတဲ့ဂျာနယ်လစ်‌တစ်ယောက်က စာအုပ်ရေးဖို့ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့သလဲ လျှို့၀ှက်ဆန်းကြယ်နေတဲ့ ကောင်မလေးရဲ့သေဆုံးမှုကရော ရိုးရဲ့လားဆိုတာကို နောက်ကြောင်းပြန်လိုက်ရင်း အတိတ်ကကိစ္စတွေက ထင်သလိုရိုးရှင်းရဲ့လားဆိုတာကို စိတ်၀င်တစားနဲ့ခံစားရမှာဖြစ်ပါတယ်။ (၂၀၀၅)ခုနှစ်ကထွက်ထားပြီး Imdb rating 6.4ရထားတဲ့ ဒီcrime/thriller/mystery ဇာတ်လမ်းလေးမှာ နာမည်ကြီးမင်းသားကြီးတွေဖြစ်တဲ့ Kevin Baconနဲ့ Colin Firthတို့အပြိုင်ကြဲထားတဲ့အပြင် မင်းသမီးချော Alison Lohmanနဲ့ Rachel Blanchardတို့ရဲ့နုပျိုလတ်ဆတ်တဲ့အလှအပတွေကို ရင်သပ်ရှုမောဖွယ်ခံစားရဦးမှာပါ။ (ကိုယ်လုံးတီးဇာတ်၀င်ခန်းတွေ အနည်းငယ်ပါ၀င်တာကြောင့် မိသားစုနဲ့မကြည့်ရှုမိဖို့ သတိချပ်လိုစေပါတယ်) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ Soe Thiri Sweပဲဖြစ်ပါတယ်။) File size…(1.4 GB)/(666 MB) Quality….WEB-DL-1080p/ 720p Format…mp4 Duration….01:46:45 Subtitle….Myanmar Subtitle (Hardsub) Encoder….AKH Translated by Soe Thiri Swe

Action • Crime • Drama • Thriller
6.2 2005 107 mins
{18+}Where the Truth Lies
S.O.S Mamis 2: Mosquita Muerta
Toy Story 4
7.5

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Adventure • Animation • Family • Fantasy
7.5 2019 100 mins
Toy Story 4
God’s Time
6.5

God’s Time(2022) **************** ဒက်ဗ်ဟာ ဆေးစွဲသူတွေအတွက် ပြုလုပ်တဲ့ပြန်လည်ထူထောင်ရေးတွေ့ဆုံပွဲတွေ ကို အမြဲမပြတ်တက်ရောက်လေ့ရှိသူဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး တွေ့ဆုံပွဲမှာ ခင်မင်ခဲ့တဲ့သူငယ်ချင်းဖြစ်သူ လူကာ ခေါ် လူဝီနဲ့ လူအများကို လိုက်ကူညီလေ့ရှိပေမယ့် အမြဲတမ်း အလွဲတွေဖြစ်တတ်ပါတယ်။ လူကာကတော့ သရုပ်ဆောင်ဖြစ်ချင်သူ တစ်ဦး ဖြစ်ပြီးလူရွေးပွဲတွေအမြဲဝင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တွေ့ဆုံပွဲမှာ ရက်ဟီနာ ဆို တဲ့ကောင်မလေးက သူ့အရင်ရည်းစားကို သတ်ပစ်ချင်ကြောင်း ပြောမိလိုက်ပါတယ်။ ဒါကို ဒက်ဗ်က အဲ့ကောင်မလေး လူမသတ်မိအောင် အတင်းလိုက်တားပါတော့တယ်။ လူကာက တော့ အမြဲတမ်းလွဲတတ်တဲ့ဒက်ဗ်ကို လန့်နေလို့မပါချင်ပေမယ့် နောက်ဆုံးမှာ လိုက်ပါကူ ညီရပါတော့တယ်။ အမြဲလွဲနေကျ ဒက်ဗ် ဘာတွေထပ်လွဲမလဲဆိုတာ တခွီခွီနဲ့ စောင့်ကြည့် ရမှာဖြစ်ပါတယ်။ လူငယ်တွေကြားမှဖြစ်နေကျ စိတ်ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အလွဲအမှား တွေကို ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ရိုက်ပြထားတာဖြစ်ပါတယ်။ File Size : (2.9GB) and (995MB) Quality : AMZN.WEB-DL.1080P5.1Ch, 720p Format…mp4 Duration…01:23:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo(Kop) Encoded by Phyo Pyae

6.5 2022
God’s Time
Scott Pilgrim vs. the World
7.5

Scott Pilgrim vs. the World (2010) ~ IMDb – 7.5/10, Rotten Tomatoes – 82% ~ ခင်ဗျားတို့အတွက် စီနီမာ (ရုပ်ရှင်) ဆိုတာ ဘာများလဲ။ မက်ဆေ့တစ်သီတစ်သန်းနဲ့ကားတွေလား။ ကြီးကျယ်ခမ်းနားလှတဲ့ ဆက်တင်ကြီးတွေ သိပ်ကောင်းတဲ့ စီဂျီအိုင်တွေ တပြုံတမကြီးသုံးထားတဲ့ ခမ်းကြီးနားကြီးကားတွေလား။ ကျွန်တော့်အတွက်တော့ စီနီမာဟာ အရသာရှိနေခြင်းပဲ။ ခမ်းနားချင်မှလည်း ခမ်းနားမယ်၊ ဘာတစ်ခုမှမပါဘဲ ပြကွက်တစ်ကွက်တည်းကိုပဲ အကြာကြီးပြချင်လည်းပြမယ်၊ သောက်တလွဲတွေချည်း ပြောချင်လည်းပြောမယ်၊ ဂလည်အူကြောင်ပြကွက်တွေ ပြချင်လည်းပြမယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ကို ကြည့်လိုက်လို့ အရသာတော်တော်ကြီးရှိနေပြီဆိုရင် အဲဒီရုပ်ရှင်ဟာ ရုပ်ရှင်စစ်တယ်။ စီနီမာဖြစ်တယ်လို့ပဲ ပုဂ္ဂလိကအရ သတ်မှတ်လိုက်တာပဲ။ Scott Pilgrim vs. the World ဟာ အဲဒီစီနီမာအရသာ အပြည့်ရှိနေတဲ့ကားပေါ့။ မသိတဲ့လူဆို ဘာမှမဟုတ်ဘူးထင်ရင်း ကြည့်နေရင်း ကြည့်နေရင်း အရသာက တဖြည်းဖြည်းတက်လာမယ့် ရုပ်ရှင်မျိုးပဲ။ နောက်တစ်ချက်အားဖြင့်တော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ ပြန်မရနိုင်တော့တဲ့ ကျွန်တော်တို့ငယ်ငယ်က ရုပ်ရှင်တွေမှာရှိနေခဲ့တဲ့ အငွေ့အသက်မျိုးပေးနိုင်တဲ့ကားလို့ ပြောလို့ရပါတယ်။ အဲဒီအငွေ့အသက်ကို ခင်ဗျား ဇာတ်လမ်းကတင်မဟုတ်ဘဲ သရုပ်ဆောင်တွေဆီကပါ ရလိမ့်မယ်။ Chris Evans, Brie Larson, Mary Elizabeth Winstead, Aubrey Plaza, Brandon Routh, Ellen Wong, Alison Pill နဲ့ Anna Kendrick တို့ကို ခင်ဗျား ဘယ်တော့မှ ထပ်မမြင်ရတော့မယ့်ပုံစံတွေနဲ့ မြင်ရလိမ့်မယ်။ မြင်ရရင်တောင် ဒီလိုမဟုတ်ဘဲ ကြောင်တောင်တောင်ဖြစ်နေမှာပဲ။ စကော့အဖြစ်သရုပ်ဆောင်တဲ့ Michael Cera ကိုလည်း ခင်ဗျား ဒီလိုပုံစံနဲ့ထပ်မြင်ရတော့မှာမဟုတ်ဘူး။ ပိုထူးတာက Jason Schwartzman ပဲ။ ဝက်စ်အန်ဒါဆန်ကားတွေတိုင်းပါခဲ့ဖူးတဲ့ သူ့ကို ဒီမှာမြင်ရတဲ့အဖြစ်မျိုးက ကြောင်တောင်တောင်တော့နိုင်ပေမဲ့ မိုက်လည်းမိုက်နေတယ်။ ပါတဲ့ပုံစံကလည်း စားတာကိုး။ မဆန်းပါဘူး ဂရပ်ဖစ်နိုဗယ်ကို ပြန်ရိုက်ထားပြီး စာအုပ်ကို အပြည့်အဝသစ္စာရှိထားတော့ ကြောင်တောင်တောင်ကြီးလုပ်ပြမနေမှကို ဆန်းနေမှာ။ ဇာတ်လမ်းအကျဉ်းကတော့ ရှင်းရှင်းလေးပဲ။ Scott Pilgrim ဆိုတဲ့ကောင်လေးက ကောင်မလေးတစ်ယောက်ကိုချစ်မိတယ်။ သူ့အချစ်ကိုရဖို့ အဲဒီကောင်မလေးရဲ့ ဆိုးရွားလှတဲ့ ရည်းစားဟောင်းခုနှစ်ယောက်ကို အနိုင်ပိုင်းရတယ်။ ဒါတွေကို ဂီတာဟီးရိုးလိုလို စထွိဖိုက်တာလိုလို မြင်ရုံနဲ့ Nostalgia ဖြစ်မယ့် အကွက်ဆန်းကြီးတွေနဲ့ချည်းပြသွားတာ။ တစ်ခါတလေ နိုင်ပုံနိုင်နည်းတွေကလည်း တော်တော်ဂလည်အူကြောင်နိုင်တယ်။ ဒါပေမဲ့ သူ့ Inner Logic ထဲဆို‌တော့ “လခွမ်းဟ” ဆိုပြီး ဖြစ်သွားရုံကလွဲ ကြည့်ကောင်းနေတာပါပဲ။ ဆက်တင်တွေကလည်း တော်တော် Nostalgia ဖြစ်တယ်။ ဒါကြောင့်လည်း တချို့က Scott Pilgrim vs. the World ကို စီနီမာရဲ့ တစ်ထောင့်တစ်နေရာက စီနီမာစစ်စစ် အရသာပေးနိုင်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလို့ဆိုကြတယ်။ ဂရပ်ဖစ်နိုဗယ်ကို ရိုက်ပြီး ဒီလိုခပ်ကြမ်းကြမ်း လှလှပပ ရုပ်ရှင်ထွက်လာတာလည်း ကြက်ကန်းဆန်အိုးတိုးတာတော့မဟုတ်ဘူး။ Edgar Wright ကိုယ်တိုင် ရိုက်ကူး ဇာတ်ညွှန်းဝင်ရေး ပရိုဂျူဆာပါလုပ်ထားသကိုး။ ဒီဘဲက Satirical ဖလင်တွေမှာ ဂျွတ်လေတော့ ဒီကားကလည်း သူနဲ့အပြည့်အဝလည်း ကီးကိုက်သွားတယ်။ ဒီဘဲရိုက်တဲ့ကားတွေအကုန်ကလည်း ကြည့်လို့တော်တော်ကောင်းတဲ့ ကားတွေချည်း။ Shaun of the Dead, Hot Fuzz နဲ့ The World’s End ဆိုတဲ့ နာမည်ကျော် Cornetto Trilogy နဲ့ Baby Driver တို့လို ကားတွေကို ရိုက်ခဲ့တဲ့အပြင် သူရိုက်ခဲ့တဲ့ပုံစံတွေကနေ ကွဲထွက်ပြီးရိုက်ခဲ့တဲ့ Last Night in Soho ကလည်း တော်တော်လေး ကောင်းခဲ့တယ်။ ဒီလိုဘဲက အသက်သွင်းထားတဲ့ ကားဆိုတော့လည်း ဒီလိုထွက်လာတာပါပဲ။ Scott Pilgrim vs. the World ဟာ Edgar Wright ရဲ့ မာစတာပိစ်အဖြစ်ဆုံးရုပ်ရှင်ဖြစ်သလို စီနီမာရဲ့ စီနီမာစစ်မှန်တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ ဒီကားရဲ့အရသာမျိုးက ဒီကားမှာပဲရနိုင်တာမို့ Comic Book Movies တွေကြိုက်ရဲ့နဲ့ ဒီကား မကြည့်ဘူးဆိုတာက ဘယ်လိုမှမဖြစ်သင့်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 7.75GB(HDR), 8.77GB(SDR), 2.75GB, 1.25GB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 52Min Genre – Action, Comedy, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y, Ka Naung

7.5 2010
Scott Pilgrim vs. the World
Under the Light
6

ဒီကားလေးက မှုခင်းကားကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးက အစိုးရအာဏာရှိသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကြား လက်တစ်လုံးခြား လူလည်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ထောင်ချောက် ဆင်ကြတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းလေးကိုတော့ ကျင်းချန်မြို့လယ်‌ခေါင်မှာ ဘတ်စကားတစ်စီးပြန်ပေးဆွဲခံရပြီး တရားခံက ဒုမြို့တော်ဝန်နဲ့တွေ့ခွင့်ပေးရင်ပေးမပေးရင် ဗုံးဖောက်မယ်ဆိုပြီး ချိန်းခြောက်မှုနဲ့အစဖွင့်ထားပါတယ် ။ ဒုမြို့တော်ဝန်က အခင်းဖြစ်ပွားရာကို ရောက်လာပြီး အချိန်မီတားဆီးဖို့လုပ်ပေမဲ့ မထင်မှတ်ဘဲ ဗုံးကထကွဲခဲ့ပါတယ်။ ဒီလိုနဲ့ဒီ‌ဗုံးပေါက်မှုကို စစ်ဆေးကြရာမှာ မထင်မှတ်ထားတဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ စီးပွားရေးနယ်ပယ်မှာ အာဏာရှိတဲ့ တကယ့်ထိပ်တန်းလူတွေပါဝင်ပတ်သတ်နေချိန်မှာတော့… အမှုတစ်ခုကနေ ဖုံးကွယ်ထားတဲ့အမှုပေါင်းများစွာကိုပါ မီးခိုးတောက်လျှောက် စုံစမ်းစစ်ဆေးကြမဲ့ စိတ်ဝင်စားဖွယ်စုံထောက်ဇာတ်လမ်းလေးဖြစ်ဖို့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ

6 2023
Under the Light
Thuppakki
8.1

Thuppakki (2012) “ပစ်မှတ်” IMDb – 8.1/10 ပြောထားတဲ့အတိုင်း ဗီဂျေးအသည်းစွဲ အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ဗီဂျေးစုစည်းမှုအနေနဲ့ ဗီဂျေးရဲ့ ဝေဖန်သံတွေနဲ့အတူ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ရုံတင်ကား အဟောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပြန်ပါပြီဗျ။ မင်းသမီးလေးကလည်း တောင်ပိုင်းကားတွေရော မြောက်ပိုင်းကားတွေမှာပါပါဝင်တဲ့ ခင်ဗျားတို့ရော ကျွန်တော်ရောချစ်ရတဲ့ ဘိုင်ရာဘာမင်းသမီးလို့ နာမည်ကြီးတဲ့ မင်းသမီးချောလေး ကာဂျဲအက်ဂါဝဲပဲဖြစ်ပါတယ်၊ ကွန်မန်ဒိုမင်းသား ဗီဒရွတ်လည်းပါဝင်အားဖြည့်ထားတာမို့ အဟောင်းထဲက အကောင်းတောင့်တနေတဲ့ ပရိသတ်ကြီးအကြိုက်တွေ့မဲ့ကားပါ ဗီဂျေးက ကတ်ရှ်မီးကနေ မွမ်ဘိုင်းကို ခွင့်နဲ့ပြန်လာခဲ့တဲ့စစ်သားတစ်ယောက်၊ ရထားဘူတာမှာပဲ မိသားစုက လာကြိုပြီး စေ့စပ်ကြောင်းလမ်းဖို့ရာအရေး အလျင်စလိုတန်းခေါ်ချင်းခံရရော။ အဲဒီမှာ မင်းသမီးကို တွေ့တွေ့ချင်း ဆောက်နဲ့ထွင်းဆိုသလို မကြိုက်နိုင်ဘူး ဟိုလိုဖြစ်တယ် ဒီလိုဖြစ်တယ်နဲ့ ကြေးများ။မင်းသမီးရဲ့ တကယ့်စရိုက်အမှန်ကိုမြင်သွားတော့ လွတ်တဲ့ငါး ကြီးရုံမက မိုနာ့ချ်ထဲမှာ ဖြတ်လျောက်ပါတဲ့ ဂေါ်ဇီလာကြီးလောက် ဖြစ်နေပါရောလား။ ဒီမှာတင်ပဲ တစ်ယောက်နဲ့တစ်ယောက် ရန်စကလေးတွေနဲ့ ဇာတ်လမ်းစတော့တာပေါ့။ ဒါက ဒရာမာတဖြတ်။ တစ်နေ့ ဗီဂျေးလမ်းမှာသွားနေတုန်း ဘတ်စ်ကား ဗုံးဖောက်ခွဲခံရတာနဲ့ကြုံ။ လက်သည်ကို ဖမ်းမိလိုက်ပေမဲ့ အကြောင်းကြောင်းတွေကြောင့် လွတ်သွားရာကနေ မီးခိုးကြွက်လျောက်လိုက်တဲ့အခါမှာ မထင်မှတ်ထားတာတွေဖြစ်။ဒါက အက်ရှင်တဖြတ်။ ဒီလို အချစ် ဒရာမာ အက်ရှင်ဇာတ်ကြမ်းကားကြီးကို ကြည့်ရှုကြပါဦး ချစ်သောရုပ်ရှင်ချစ်ပရိသတ်အပေါင်းတို့။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ Zwe ~ Alex ~ BpL ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.1 2012
Thuppakki
Star Wars: Episode VIII – The Last Jedi
7.5

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode VIII – The Last Jedi (2017) Star Wars: Episode VII – The Force Awakens (2015) ကနေ ဆက်ထားတာပါ။ နောက်ဆုံးသော ဂျဒိုင်းဖြစ်တဲ့ လုခ်စကိုင်းဝေါ်ကာကို သွားပြီးတွေ့ဆုံတဲ့ Rey, ဖါ့စ်အော်ဒါ ကို ဆက်တော်လှန်နေတဲ့ လေယာ၊ ပိုး၊ ဖင်းန် တို့ရဲ့ စွန့်စားခန်းတွေ လာပါတော့မယ်။ စနုတ်နဲ့ ကိုင်လိုရမ်တို့ကရော ဘယ်လိုတန်ပြန်လာမလဲပေါ့။ ဒီကားမှာ A New Hope, Empire strikes back နဲ့ Return of the jedi ထဲက အခိုက်အတန့်တွေကို ပြန်သတိရမိစေမယ့် အခန်းတွေပါလာပါလိမ့်မယ်။

7.5 2017
Star Wars: Episode VIII – The Last Jedi
Mulan II : The Final War
5.6

Mulan II (2004) Genre – Animation, Comedy, Adventure ဒီ ဒုတိယကားလေးမှာတော့ ချစ်သူ နှစ်ဦး ဖြစ်ကြတဲ့ Mulan နဲ့ ဗိုလ်ချုပ် Shang တို့ ပျော်ပျော်ပါးပါး လက်ထပ်မင်္ဂလာပွဲလေး ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ ဒါပေမဲ့ နှစ်ယောက်သား ပျော်ပွဲလေး မဆင်နွဲရသေးခင်မှာတင် အင်ပါယာကြီးက သူတို့ကို မင်းသမီး ၃ ပါးကို ကိုယ်ရံတော်လုပ်ရမယ့် လျှို့ဝှက်တာဝန်တစ်ခု ဆောင်ရွက်ခိုင်းလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ Mushu တစ်ကောင်လည်း အကယ်၍သာ Mulan က Li မျိုးနွယ်နဲ့ လက်ထပ်လိုက်မယ်ဆို သူ့ရဲ့အစောင့်အရှောက် မိသားစုတာဝန်လေး ပျောက်ပျက်သွားမှာစိုးတဲ့အတွက် အတွဲကြားကို ခလောက်ဆန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီမှာ မင်းသမီးလေးတွေက မချစ်မနှစ်သက်တဲ့လူတွေနဲ့ လက်ဆက်ရမှာကို Mulan အနေနဲ့လည်း ကိုယ်တွေ့ကြုံဖူးတဲ့အတွက် သဘောမတူရာကနေ အင်ပါယာအမိန့် ဖီဆန်ရမလားဆိုပြီး Shang နဲ့လည်း မေးခွန်းထုတ်စရာတွေ ဖြစ် ပြဿနာတက်တဲ့အချိန်မှာပဲ တစ်ဖက်မှာ မွန်ဂိုတွေက ကျူးကျော်လာတဲ့အခါမှာတော့ Mulan တို့တွေ ဘယ်လိုထပ်ပြီး စွန့်စားခန်းထွက်ရဦးမလဲဆိုတာ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာတွေ Mushu နေရာက Eddie Murphy တို့ကတော့ အပြောင်းအလဲ ဖြစ်ကုန်ပြီး Mulan နဲ့ Shang နေရာကတော့ အရင်အသံသရုပ်ဆောင်တွေပဲ ဖြစ်ကြပါတယ်။ ဟောလိဝုဒ်ထုံးစံအတိုင်း ဒုတိယကားဟာ မူလကားလောက် လက်စောင်းမထက်ပေမဲ့လည်း Mulan ချစ်သူတို့အတွက်တော့ အဆင်ပြေနေမှာတော့ အမှန်ပါ။

Adventure • Horror • Thriller • Science Fiction
5.6 2004
Mulan II : The Final War
[18+] Salsa Ni L

အယ်လ်က ငယ်ရွယ်လှပတဲ့ အကနည်းပြကောင်မလေးဖြစ်ပြီး သူ့ပါတနာ လူးကပ်စ်နဲ့အတူအကသင်တန်းတွေဖွင့် အကပြိုင်ပွဲတွေနဲ့ဝင်ငွေရှာပြီး အိမ်ကမောင်နှမငယ်တွေနဲ့မိဘကိုပြန်ထောက်ပံ့နေတာပါ။ လူးကပ်စ်က သူ့အပေါ်တိတ်တခိုးမေတ္တာရှိနေပေမယ့် ဘ၀နာခဲ့တဲ့ အယ်လ်ရဲ့အိမ်မက်ကတော့ လူချမ်းသာတစ်ယောက်နဲ့လက်ထပ်ပြီးဆင်းရဲတွင်းက လွတ်မြောက်ဖို့ပါပဲ။ အဲ့ဒီလိုနဲ့ အယ်လ်ဆီကို အမည်မဖော်တဲ့ လူတစ်ယောက်ဆီက တန်ဖိုးကြီးလက်ဆောင်တွေ မကြာမကြာရောက်ရှိလာတတ်ပြီး အယ်လ်ကလည်း အဲ့ဒီပုဂ္ဂိုလ်ကို သူ့ဘ၀ရဲ့ကယ်တင်ရှင်လို့စိတ်ကူးမျှော်လင့်ချက်တွေရင့်သန်လာတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(1.4 GB) / (600 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:01:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Thriller • Horror
0 2024 60 mins
[18+] Salsa Ni L
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate
Entrapment

Entrapment ကတော့ မင်းသားကြီး Sean Connery ရဲ့ ၁၉၉၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ thriller, crime အမျိုးအစား ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အာမခံကုမ္ပဏီအေးဂျန့် ဗာဂျီးနီးယား ဘာကာဆိုတဲ့အမျိုးသမီးငယ်လေးဟာ အခိုးခံလိုက်ရတဲ့နာမည်ကျော် တန်ဖိုးကြီးပန်းချီကားအမှုကိုစုံစမ်းနေရင်း သံသယဖြစ်စရာတရားခံကဟာ ဂန္တဝင်သူခိုးကြီးတစ်ဦးဖြစ်ကြောင်း သိလိုက်ရပြီးနောက် သူမအနေနဲ့ ဒီပန်းချီကားကိုပြန်ရဖို့ ဘယ်လိုတွေအကွက်ချစီစဉ်ပြီး သူခိုးကြီးအနားကိုရောက်သွားမလဲဆိုတာကို ဇာတ်အိမ်တည်ထားတာပါ… ဒါပေမယ့် ဒီကောင်မလေးကတစ်ကယ်ပဲအမှုစုံစမ်းနေတာလား တစ်ခြားဘာရည်ရွယ်ချက်တွေရှိနေသေးလဲ … ဂန္တဝင်သူခိုးကြီးကရော ကောင်မလေးရဲ့လှည့်ကွက်ကိုကြိုမမြင်နိုင်ဘူးလား … ဘယ်သူကဘယ်သူ့ကိုလှည့်စားအသုံးချနေတာလဲဆိုတာကို စိတ်ဝင်စားဖွယ် အကွက်ကျကျဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် … မင်းသားကြီး Sean Connery နဲ့ မင်းသမီးချော Catherine Zeta-Jones တို့ရဲ့တွဲဖက်ညီညီ chemistry မိမိသရုပ်ဆောင်ချက်တွေကို mind game ဆန်ဆန် action လန်းလန်း mission ကြမ်းကြမ်းတွေအပြင် romance လေးပါရောထားတော့ ရသစုံစုံနဲ့ Old but gold ဆိုတဲ့ဇာတ်ကားလေးတစ်ကားမို့ ကြည့်ရှူခံစားကြည့်လိုက်ကြပါဦး… File size…(1.5 GB)/(832 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance drama , Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakr Khin

Romance • Drama
0 1999
Entrapment
The Brave Little Toaster
7.2

ဒီဇာတ်လမ်းက ၁၉၈၇နှစ်ကထွက်ရှိခဲ့တဲ့ Animationကားဖြစ်ပြီး ဇာတ်လမ်းပုံစံထူးခြားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ် ဒီဇာတ်လမ်းက ပေါင်မုန့်မီးကင်စက်၊ရေဒီယို၊ဖုန်စုပ်စက်၊ မီးအိမ်နဲ့ စောင်ကလေးတစ်ထည်တို့ကို အခြေခံထားတာဖြစ်ပါတယ်။ သခင်ဖြစ်သူ ငယ်ငယ်ကတည်းက အတူတူရှိလာတဲ့ အဲဒီအိမ်သုံးပစ္စည်းတွေဟာ သခင်မရှိတော့တဲ့အချိန် တစ်နေ့ သခင်ပြန်လာနိုးနဲ့ အိမ်ဟောင်းလေးမှာပဲစောင့်မျှော်နေခဲ့ကြတာပါ။ ဒါပေမဲ့ အဲဒီအိမ်ဟောင်းလေးအရောင်းစာရင်းတင်ခံလိုက်ရပြီး သခင်ပြန်မလာနိုင်တာသေချာသွားတဲ့နောက် သူတို့ကိုယ်တိုင် သခင်နောက်ကိုလိုက်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ အဲဒီလိုနဲ့ပဲအသက်ဝင်နေတဲ့ အိမ်သုံးပစ္စည်းကလေးတွေရဲ့ နယ်အိမ်ကလေးကနေ မြို့ပြကြီးဆီသွားတဲ့ ခရီးကြမ်းမှာ ဘယ်လိုအခက်အခဲမျိုးတွေ စွန့်စားမှု‌တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 2.65 GB / 1.36 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation / Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

7.2 1987 90 mins
The Brave Little Toaster