YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

LoveSick (UNCUT) S01E01 1080p CM.mp4

656.99 MB 1080p video/mp4 26 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
You Do You
6.5

You Do You(2023) ***************** ကိုယ့်ဘဝမှာ ကိုယ်သာလျှင်ပဲ့ကိုင်ရှင်ပါ။ သူများတွေ ဘယ်လိုပဲပြောနေနေ ဘယ်လိုပဲယူဆဆ၊ ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြကြိုးစားရင်း ပြာပုံထဲကျနေပြန်ရုန်းထနေရမှာပါ။ ဒီဇာတ်လမ်းလေးကတော့ အဲ့လိုခံယူချက်လေးနဲ့ ဖက်ရှင်လောကထဲ လျှောက်လှမ်းချင်တဲ့ အမျိုးသမီးလေး မာဗေ့ဗ်ရဲ့ ဇာတ်လမ်းလေးကိုရိုက်ကူးပြထားတာပါ။ မာဗေ့ဗ်ဟာ တီထွင်ဖန်တီးမှုဉာဏ်ရှိပြီး ဖက်ရှင်လောကမှာ အခြေချရပ်တည်ချင်သူလေးပါ။ သို့ပေမဲ့ အမေဖြစ်သူကတော့ ရုံးထိုင်အလုပ်တစ်ခုခုကိုအခြေတကျလုပ်စေချင်တာမို့ အလုပ်အင်တာဗြူးတွေခဏခဏဖြေခိုင်းပါတယ်။ ဖြေခိုင်းတိုင်းလည်း မာဗေ့ဗ်တစ်‌ယောက် အမေ့ရဲ့ဘီဒိုကြီးထဲက အဝတ်အစားလှလှတွေထုတ်ဝတ်သွားပြီး အင်တာဗြူးကို ကျအောင်ဖြေလေ့ရှိပါတယ်။ တကယ့်သမီးအလိမ္မာလေးပါပဲ။ မာဗေ့ဗ်ရဲ့ အမေဖြစ်သူဟာ တစ်ချိန်က ထိတ်ထိတ်ကြဲ နာမည်ကြီးသတင်းထောက်ပါ။ သိတဲ့အတိုင်းအပင်မြင့်လေ လေတိုက်လေဆိုတော့ ကြိတ်ပြီးမုန်းနေတဲ့ရန်ဖက်တွေလည်းရှိတာပါပဲ။ ဒီလိုနဲ့ တစ်နေ့ကျတော့ အဲ့ဒီရန်ဖက်ဖြစ်သူဟာ အကွက်ကျကျစီစဥ်ပြီး မာဗေ့ဗ်တို့မိသားစုကို လမ်းဘေးရောက်အောင်ကြံပါတော့တယ်။ မာဗေ့ဗ်တစ်ယောက် ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ၊ ဒီရန်ဖက်ဆိုသူကရောဘယ်သူလဲ၊ ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို လူငယ်ဆန်ဆန်ပေါ့ပေါ့ပါးပါး ဖက်ရှင်လေးတွေနဲ့ လိုက်ပါကြည့်ရှုလို့ရမယ့် Comedy Romanceကားလေးတစ်ကားပါပဲ။ File Size :(1.5GB) and (680MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…01:40:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy • Drama
6.5 2023 99 mins
You Do You
Good Deal
6.3

ဇာတ်ကားလေးရဲ့ နာမည်က Good Deal ဆိုတဲ့အတိုင်း အပေးအယူ အရောင်းအဝယ်တွေ လုပ်ကြတဲ့ ကားလေးပေါ့။ ဘယ်သူတွေက ဘာအတွက်ကြောင့် ရောင်းပြီး ဘယ်သူတွေက ဘာလို့ ဝယ်ခဲ့ကြတာလဲ ဆိုတဲ့ အချက်က ဒီဇာတ်ကားကို စိတ်ဝင်စားစရာ ကောင်းစေတယ်။ အပေးအယူ အရောင်းအဝယ်လုပ်ကြတဲ့ ပစ္စည်း ၅မျိုးအ‌ကြောင်းကို တစ်ခန်းပြီး တစ်ခန်းစီ ပြပေးထားတာက သာမန် ဒရာမာတွေနဲ့ မတူဘဲကွဲပြားနေတဲ့အချက်ဖြစ်ပြီး မတူကွဲပြားတဲ့ ပုံစံမျိုးနဲ့ ရိုက်ကူးထားတာကြောင့် အပေးအယူတစ်ခုပြီးသွားတိုင်း စိတ်ထဲ တစ်မျိုးလေး ခံစားရစေမယ့် ဇာတ်ကားမျိုးပါ။ ပုံမှန်နဲ့ မတူညီတဲ့ ပြောပြရခက်တဲ့ ရသတစ်မျိုးကို အသစ်အဆန်း ခံစားကြည့်ချင်တဲ့သူတွေအနေနဲ့ ဒီကား‌ကို သေချာပေါက် ကြည့်သင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Miri ပါ။) File Size          : 2.1GB, 723MB, 364MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 58mins Genre              : Drama Translated by Miri Encoded by Kinnov

6.3 2022 118 mins
Good Deal
Jaadugar
6.6

ဒီနေ့မှာတော့ IMDb 7.2/10 ရ အိန္ဒိယ Comedy, Fantasy ကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ “Jaadugar” .. “မျက်လှည့်ဆရာ” လို့အဓိပ္ပာယ်ရပြီး ထူးထူးဆန်းဆန်းပဲ အားကစားနဲ့မျက်လှည့်ပညာ ဘာမှမဆိုင်တဲ့အရာနှစ်ခုကိုပေါင်းစပ်သရုပ်ဖော်ထားပြီးရိုက်ကူးထားတာပါ Neemuch လို့ခေါ်တဲ့ မြို့လေးက အိန္ဒိယနိုင်ငံရဲ့ဘောလုံးအားကစားချစ်မြတ်နိုးသူများ ဆုံစည်းရာမြို့ငယ်လေးပေါ့။ နှစ်စဥ်နှစ်တိုင်းလည်း အိမ်နီးချင်းမြို့တွေနဲ့ပြိုင်ပွဲတွေကျင်းပသလို အဲဒီပြိုင်ပွဲမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအမျိုးမျိုးလုပ်ကိုင်တဲ့ ယောက်ျားသားတွေ ဝင်ရောက်ကစားကြတာပေါ့။ အဲဒီထဲမှာ Meenu တော့မပါခဲ့ပါဘူး။ အဖေဖြစ်သူက မြို့ရဲ့ “ငွေတံဆိပ်ဘုရင်” ဂိုးသမားတစ်ဦးဖြစ်ခဲ့ပေမယ့် သူ့အဖေနဲ့အမေကိုသေရတာ ဒီဘောလုံးကြောင့်လို့စိတ်ထဲစွဲနေပြီး Meenu တစ်ယောက်ဘောလုံးကိုယောင်လို့တောင်မကန်ဘဲနဲ့ ငယ်စဥ်တည်းကအိပ်မက်ဖြစ်တဲ့ မျက်လှည့်ပညာရှင်ဖြစ်ဖို့အရေးကိုပဲ ကြိုးစားနေခဲ့တာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ ဘဝရဲ့နောက်ဆုံးအချစ်ကိုရှာတွေ့သွားပြီး အချစ်ရဲ့စေခိုင်းမှုနဲ့ ဘောလုံးပြိုင်ပွဲရဲ့ဖလားဆုကြီးကိုအရယူမှဖြစ်တော့မယ့် အခြေအနေရောက်ရှိလာပါတော့တယ်။ ဒီတော့ ဘောလုံးဆိုခြေဖျားနဲ့တောင်မထိခဲ့တဲ့ Meenu ရယ် .. နှစ်အတော်ကြာ ဘာဆုမှမရဘဲ ဘိတ်ချေးဖြစ်နေတဲ့သူတို့အသင်းရယ် .. ဘယ်လိုအလွဲတွေနဲ့နှစ်ပါးသွားကုန်ကြမလဲဆိုတာတော့ ကိုယ်တိုင်ရှုစားရင်းရယ်မောလိုက်ပါတော့။ File size…2.68GB / 1.27GB Quality…1080p NF WEB DL AAC5.1CH / 720p  Format…mp4 Duration….2h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & Guu Guu & Yunni & Lai laii

Comedy • Family
6.6 2022 167 mins
Jaadugar
Moonshot
6.9

ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C hannel Myanmar ပရိသတ်ကြီးက ဆက်ကြည့်ပြီး ကြည့်ရှုခံစားကြရမှာ ဖြစ်ပါတယ်။ အညွှန်းကိုတော့ Loon Swal Eain က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Loon Swal Eain နဲ့ Leonard Lin တို့ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Romance, Sci-Fi Quality….WEB-DL 1080p and 720p File size… Format…mp4 Duration….1h 44min Subtitle….Myanmar Subtitle (Hardsub) Translator ..... Looon Swal Eain and Leonard Lin Encoder ..... August

6.9 2022 104 mins
Moonshot
The Apology
6.5

သမီးပျောက်ထားတာ နှစ် ၂၀ တောင်ကြာသွားပြီဖြစ်တဲ့ အမေဖြစ်သူဒါလင်း။ နှစ်တွေဆယ်နဲ့ချီသွားပေမယ့်လည်း သမီးဖြစ်သူကို တစ်နေ့နေ့တော့ရှာတွေ့မှာပါဆိုတဲ့စိတ်နဲ့ နေထိုင်လာခဲ့ပါတယ်။ နှစ်ပေါင်း ၂၀ ကြာပြီးမှ ပထမဆုံးအကြိမ်အဖြစ် ခရစ်စမတ်စားသောက်ပွဲလုပ်ဖို့ စီစဉ်နေတုန်း အရင်တုန်းကခဲအိုဖြစ်ခဲ့တဲ့သူက အိမ်ကိုမမျှော်လင့်ဘဲရောက်လာတဲ့အခါ... ဒီနှစ်တွေထဲ သမီးလေးအတွက်တရားခံကို ဒါလင်းဘာလုပ်ချင်မလဲ။ သေလောက်အောင်သတ်ပစ်ချင်နေမလား ဒါမှမဟုတ် တောင်းပန်တာကိုပဲလိုချင်တာလား... Breaking Bad ကမင်းသမီး Anna Gunn ကပါဝင်သရုပ်ဆောင်ထားပါတယ် File size…(1.2GB)  / (`492MB) / (284MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Drama
6.5 2022 91 mins
The Apology
[18+] Under Your Bed
6.2

မိဆုက အမြဲတမ်း လူအများရဲ့လစ်လျူရှုခြင်း မေ့လျော့ခြင်းကို ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ပါ သူတက္ကသိုလ်တက်နေစဉ္တစ်လျှောက်လုံးမှာ သူ့ကို သတိထားမိပြီး သူ့နာမည်ကို ပထမဆုံးခေါ်ပေးခဲ့တဲ့သူက ချီဟီရိုဆိုတဲ့ ကောင်မလေးပါပဲ မိဆုဟာ သူမကို ပြန်တွေ့ရဖို့ကို အမြဲမျှော်လင့်နေခဲ့ပါတယ် ၁၁ ကြာတဲ့အထိ မေ့မရရှိနေပြီး သူမဘယ်မှာရှိနေမလဲ စုံစမ်းခဲ့ပါတယ် ပြန်တွေ့ရတဲ့အချိန်မှာတော့ ချီဟီရိုဟာ အများကြီးပြောင်းလဲသွားပါပြီ မိဆုဟာ သူမကို အမြဲမြင်ခွင့်ရရှိဖို့ သူမရဲ့အိမ်နားကိုပြောင်းရွှေ့လာခဲ့ပြီး အမြဲလိုလို ချီဟီရိုရဲ့အိမ်ကို ချောင်းကြည့်နေခဲ့ပါတယ် အဲဒီလိုနေ့စဉ်ချောင်းကြည့်ရင်းက ဘာဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါပြီ ။ File Size__(1.8GB) / (900MB) Quality__1080p, 720p IMDb Rating__5.8/10 Format__mp4 Duration__01:38:00 Type__Adult, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Drama • History • War
6.2 2019 98 mins
[18+] Under Your Bed
The Demon Hunter

၂၀၂၂ ခုနှစ်ကတော့ တရုတ်ကားလေးတွေ နည်းနည်းပြန်ဦးမော့လာတဲ့နှစ်လို့ထင်မိပါတယ် ။ အရင်ကြည့်နေကျလို မိတ်ကပ်အဖွေးသားတွေ CGI အထူးပြုလုပ်ချက်တွေအများကြီးနဲ့ ထိုင်ရာမထသရုပ်ဆောင်ချက်တွေ သိပ်မပါတော့ဘဲ သဘာဝဆန်လာတယ်လို့မြင်မိတဲ့ နောက်ထပ်ကားကောင်းလေးတစ်ကားထွက်လာပါပြီ။ The Demon Hunter ဆိုတဲ့နာမည်အတိုင်း မကောင်းဆိုးဝါးဖမ်းပွဲလေးပေါ့။ မကောင်းဆိုးဝါးအများကြီးမပါပါဘူး.. ချောချောလေးတစ်ယောက်တည်းပါ။ အဲ့ဒီတစ်ယောက်တည်းကပဲ အစီအစဉ်တွေအကုန်ချထားပြီး လုံယွမ်တိုင်းပြည်ကြီးတစ်ခုလုံးကို ပျက်ဆီးသွားအောင်လုပ်ပါတော့တယ်။ လုံယွမ်ပြည်ကြီးမှာ ကျိုင်းကောင်ကပ်ဆိုးတွေရော ဝမ်းရောဂါကပ်ဘေးတွေပါဖြစ်နေရတဲ့အထဲ မင်းကြီးကပါ နဂါးအဖြစ်ပြောင်းလဲသွားပြီး အဝေးကိုပျံထွက်သွားပါတယ်။ ပြည်သူတွေအတွက် လုပ်ပေးမယ့်ဆုတောင်းပွဲကလည်း နောက်သုံးရက်နေရင်စပါပြီ။ ဒီလိုမျိုးမူမမှန်တဲ့ပျောက်ဆုံးမှုတွေနဲ့ မိုးကောင်းကင်ကအပြစ်ပေးတဲ့ကပ်ဆိုးတွေကို စုံစမ်းစစ်ဆေးဖို့ နက္ခတ်ဌာနမှစစ်ဆေးရေးမှူး ပိုင်ယိထုန် နဲ့ မင်းကြီးအပေါ်ကိုသစ္စာစောင့်သိတဲ့ လင်လုံတို့ တာဝန်ယူလိုက်တဲ့အခါမှာတော့...... အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။ Genre.....Thriller, Drama, Fantasy Quality….WEB-DL 1080p and 720p File size…1.2GB, 763MB, 244MB Format…mp4 Duration….1h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... JoJoVa Encoder ..... August

Action • Drama
0 2022 79 mins
The Demon Hunter
Scooby-Doo! And Krypto, Too!

Scooby-Doo! and Krypto, too! (2023) Leaked Version (Official မဟုတ်ဘဲ Leak လာတာဖြစ်တဲ့အတွက် 1080p မရတာကို နားလည်စေချင်ပါတယ်။ 720p တောင်မှ ကြည့်လို့ပြေအောင် ချဲ့ကုတ်ထားရပါတယ်) မော်ဒန်ခေတ် Animation ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Studio တွေရဲ့ ပြိုင်ဆိုင်မှုတွေ Fan တွေရဲ့ ပေါက်ကွဲအားတွေနဲ့ အတူ Animation တွေဟာ ရုပ်ရှင်ဇာတ်ခုံမြင့်ပေါ်မှာ အလုအယက် နေရာယူလာကြပါပြီ။ ခွေခေတ် VCD ခေတ်တွေကနေ Streaming Service ကို ကူးပြောင်းလာတဲ့ ကာလမှာ Writer တွေ Producer တွေဟာလည်း Animation တွေကို တစ်ခေတ်ဆန်းတဲ့နည်းနဲ့ ခေတ်နဲ့လည်း လိုက်လျောညီထွေအောင် ရိုက်ရင်း ပရိသတ်တွေဆီကို အမြင်သစ်နဲ့ ယူဆောင်လာခဲ့ကြတယ်။ သို့ပေမဲ့လို့ Streaming Service တွေ မပေါ်ခင် ကျွန်တော်တို့ Generation ရဲ့ ငယ်ဘဝ ပျော်စံရာကြီးဖြစ်ခဲ့တဲ့ ခွေခေတ်မှာလည်း WALL-E တို့လိုမျိုး "Animation ဟာ ရိုးရိုးကာတွန်းဆိုတာထက် မပိုဘူး” ဆိုပြီး ကြည့်ရှူသူတွေရဲ့ အတွေးတွေကို ရိုက်ခတ်ပစ်လိုက်တဲ့ ရုပ်ရှင်တွေကိုလည်း စတူဒီယိုကြီးတွေက risk ယူပြီး ဖန်တီးခဲ့ကြသလို Toy Story, Up အစရှိတဲ့ ကွန်ပျုတာသုံး 3D Animation တွေနဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝကို ပြည့်စုံစေခဲ့ကြတယ်ပေါ့ဗျာ။ လောလောလတ်လတ် Oscar Best Animated Feature မှာ ပီနိုချီရိုကို အမြင်သစ်နဲ့ ဖော်ပြထားတဲ့ရုပ်ရှင်နဲ့ ဆုရသွားခဲ့တဲ့ Guillermo ကြီးကလည်း Animation တွေဟာ Pure Cinema ဖြစ်ပြီး ဖန်တီးသူတွေကိုလည်း နည်းပညာသမားတွေအဖြစ် မမြင်ဘဲ အနုပညာရှင်တွေအဖြစ် မြင်ပေးဖို့ ပြောခဲ့ပါသေးတယ်။ အခုမော်ဒန်ခေတ်လို မရေမတွက်နိုင်တဲ့ ကွာလတီကောင်းကောင်း Animation ရုပ်ရှင်တွေ ကြီးစိုးလာချိန်မှာ တစ်ချိန်က ကျွန်တော်တို့ ကျုရှင်ကနေ အိမ်ကိုပြန်လာတိုင်း လွယ်အိတ်ပစ်ချပြီး တီဗီရှေ့ မျောနေခဲ့ရတဲ့ ကာတွန်းကားတွေကိုလည်း ဘယ်မေ့ထားကြနိုင်လိမ့်မှာတုန်းဗျာ။ အဲဒီထဲမှာမှ Scooby-Doo အပါအဝင် Tom & Jerry, Mickey Mouse, Peter Pan, Cinderella တို့ဟာ ကျွန်တော်တို့ ငယ်ဘဝကို အကြီးအကျယ် ရိုက်ခတ်စေခဲ့တဲ့ အမှတ်တရတွေပေါ့။ နောက်ပိုင်းတော့ Remake တွေ Live-Action တွေနဲ့ ဒီဇာတ်ကောင်တွေကို ပိတ်ကားထက်ပေါ် တဖန် ပြန်ခေါ်လာဖို့ ကြိုးစားခဲ့ကြပေမယ့်လည်း ထင်သလောက် အရာမရောက်ခဲ့ရတဲ့ ရုပ်ရှင်တွေ မနည်းတော့ပါဘူး။ ဒီလိုနဲ့ မှေးမှိန်စ ပြုလာပြီဖြစ်တဲ့ ငယ်ဘဝ အမှတ်တရတွေထဲမှာ Scooby-Doo ကလည်း တစ်ထောင့် တစ်နေရာကနေ ပြည့်စုံစေခဲ့ဖူးတာ ငြင်းရက်စရာမရှိပါဘူး။ ချစ်စရာခွေးလေးတစ်ကောင်ရယ် လူငယ်လေးယောက်ရယ် အပြာရောင် တောက်တောက် ဗန်ကားလေးတစ်စီးရယ်နဲ့ အမြို့မြို့အနယ်နယ်က သရဲခြောက်နေပါတယ်ဆိုတဲ့ နေရာတွေကို ဓာတ်မီးကိုယ်စီနဲ့ ပတ်အဖြေရှာတဲ့ဇာတ်ဟာ ဖန်တရာတေနေတဲ့ ဇာတ်ပေမယ့် သရဲတစ်ကောင်ပေါ်လာတိုင်း ဒူးတုန်အောင်ကြောက်ရသလို စကူဘီဒူးနဲ့ ရှက်ဂီနှစ်ကောင်ပေါင်းပြီး မွှေတာကိုလည်း အကြိမ်ကြိမ်အဖန်ဖန် ရယ်မောခဲ့ကြတာ အရိုးသားဆုံးအမှန်တရားတွေပေါ့။ အလယ်က ဇာတ်အိမ်တွေ ဘယ်လိုပြောင်းပြောင်း ဗားရှင်းအသစ်တွေ အထပ်ထပ်အကာကာ ဘယ်လိုပဲလုပ်လုပ် Universe ကြီးတွေနဲ့ Collaboration အကြိမ်ကြိမ်လုပ်ခဲ့တဲ့တိုင် မရိုးမအီနိုင်အောင် မျောပါသွားခဲ့ကြတာပဲ မဟုတ်လား။ ဒီတစ်ခါက Collaboration ကတော့ စကူဘီဒူးတင်မက ခရစ္စပတိုလည်း ပါသဟေး ဆိုတဲ့အတိုင်း စကူဘီဒူးနဲ့ DC ပါ။ ပြောရရင် DC က နာမည်ကြီးတော်တော်များများလည်း ပါပါတယ်။ ဘတ်မန်း စူပါမန်း ဂျက်စတစ်လိဂ် လက်စ်လူသာ ဂျိုကာ ဟာလေကွင်း ဂျန်နရယ်ဇော့ လူးဝစ်လိန်း အစရှိသဖြင့်ပါ။ ဇာတ်ကတော့ ဒီလိုစပါတယ်... Hall of Justice ကနေ စူပါမန်းတို့အဖွဲ့ ရုတ်တရက်ကြီးပျောက်ချင်းမလှပျောက်သွားကြပါတယ်။ သူတို့မရှိတော့တဲ့ Hall of Justice မှာ သရဲတွေပါခြောက်လာပါတယ်။ ဒီတော့ လူးဝစ်လိန်းဟာ သတင်းထောက်ပီပီ အဆက်အသွယ်စုံလေတော့ နာမည်ကျော်သရဲစုံထောက်အဖွဲ့ကြီးကို ဒီအမှုကိုဖြေရှင်းဖို့ ဖိတ်ကြားလိုက်ပါတယ်။ စကူဘီဒူးတို့အဖွဲ့ပါပဲ။ စူပါဗီလိန်တွေသောင်းကျန်းနေတဲ့မြို့ပေါ် စကူဘီတို့ အမှုလာဖြေရှင်းတဲ့အခါ သူ့သခင်ကိုရှာနေတဲ့ ခရစ္စပတိုနဲ့တိုးကြပါလေရော။ စကူဘီနဲ့ ခရစ္စပတိုဆိုတဲ့ ခွေးလေး၂ကောင် စူပါမန်းတို့ကို ကယ်နိုင်မလား ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ခရစ္စပတိုဟာ သိပ်ချစ်ဖို့ကောင်းလွန်းနေတော့ ဒီကားကို အားလုံးသဘောကျကြမှာ သေချာသလောက်ပါပဲ။ (အညွှန်းရေး‌ပေးထားသူက‌တော့ Linn Ko Maung ဖြစ်ပြီး ဇာတ်ကားကိုတော့ Scooby Dooby မှ ပြန်ဆိုပေးထားပါတယ်) Size - 1.5GB, 630MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 18Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Scooby Dooby Encoded by Doo

Crime • Mystery • Thriller
0 2023 78 mins
Scooby-Doo! And Krypto, Too!
Doraemon: Nobita’s Little Star Wars

Doraemon: Nobita’s Little Star Wars ———————————————————– ကျွန်တော်တို့ကလေးဘဝရဲ့အချစ်တော် ကြောင်စက်ရုပ်လေးဒိုရေမွန်ရဲ့ ဒီကားဟောင်းလေးကတော့ မူရင်း Star Wars ဇာတ်ကားတွေကို parody သဘောနဲ့ရိုက်ထားတာလို့ ယူဆလို့ရပါတယ်။ ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာမရှိတဲ့ ဒိုရေမွန်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းအစမှာ အာကာသတစ်နေရာမှာ တိုက်ပွဲဖြစ်နေပုံနဲ့အစပျိုးထားပြီးနောက် ကမ္ဘာမြေပေါ်မှာတော့ နိုဘိတတို့သူငယ်ချင်းတစ်သိုက်ဟာ အရုပ်တွေ ပုံစံငယ်လေးတွေနဲ့ အာကာသတိုက်ပွဲဆိုပြီး ဆော့ကစားနေကြတာပေါ့။ အဲဒီလိုသူတို့ကစားကွင်းကို ကစားစရာဆိုဒ်ဒုံးပျံယာဥ်အစစ်နဲ့အတူ ပါပီဆိုတဲ့ဂြိုဟ်သားပိစိလေးရောက်ချလာပြီး သူဟာသူ့ဂြိုဟ်ကနေထွက်ပြေးလာတဲ့သမ္မတဖြစ်ကြောင်းနဲ့ သူ့ကိုဖမ်းဖို့လိုက်လာတဲ့ ရန်သူတွေပါလာကြောင်း ပြောပြတဲ့အခါမှာတော့ ဒိုရေမွန်တို့တွေဟာ ပါပီကိုကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အဖမ်းခံလိုက်ရလို့ သူ့ဂြိုဟ်အထိပါ လိုက်ကယ်ရတဲ့အခါမှာတော့ ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာ…

0 1985 98 mins
Doraemon: Nobita’s Little Star Wars
Ugly
7.9

Ugly (2013) “အကျည်းတန်” ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာ‌စော်ကားမှု၊ ပြန်ပေးဆွဲမှု အစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်‌လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။ မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာ စနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။ ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။ လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါ ကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။ ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။ အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.9 2013 128 mins
Ugly
Not Friends
7.8

“သူငယ်ချင်း” မဟုတ်ခဲ့သော သူငယ်ချင်းများ (၂၀၂၄) “ပဲ” ဟာ ဂျုံကြိတ်စက်ရုံပိုင်ရှင်ရဲ့သားဖြစ်ပေမဲ့ မိဘလက်ငုပ်လက်ရင်းစီးပွားရေးကို အမုန်းကြီးမုန်းနေတဲ့သူပါ။ အကြောင်းအရင်းကတော့ ဂျုံစက်ရုံက အချဉ်ဖောက်တဲ့အနံ့ကြောင့် အင်္ကျီက ချဉ်စုတ်စုတ်အနံ့ရတယ်ဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့အတွက်ပါပဲ။ ဒီအင်္ကျီကိစ္စနဲ့ပဲ စော်ပစ်ခံရပြီး နောက်ဆုံး ရန်ဖြစ်လို့ ကျောင်းပြီးဖို့နောက်ဆုံးနှစ်ဝက်ကျမှ ကျောင်းပါပြောင်းခံရတဲ့အထိပါပဲ။ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အိမ်ရဲ့စီးပွားရေးကို ရွံပြနေတဲ့ပဲကိုလည်း အဖေဖြစ်သူက မကြည်ပါဘူး။ အခု ၁၂ တန်းအောင်ပြီးလို့တက္ကသိုလ်မတက်နိုင်ရင် ဂျုံကြိတ်စက်ရုံမှာ အလုပ်လုပ်ရမယ်လို့ကြိမ်းထားတာဖြစ်တဲ့အတွက် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အတန်းတက်လာတဲ့ “ပဲ” တစ်ယောက် အကြံအိုက်နေတာပေါ့။ တစ်နေ့ အတန်းထဲမှာ ဇာတ်လမ်းတိုပြိုင်ပွဲမှာ အရွေးခံရရင် တက္ကသိုလ်တန်းတက်ရမယ်ဆိုပြီး လာခေါ်တော့ ပဲတစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသွားပြီး ပရိသတ်ရင်ထဲထိအောင် လောလောလတ်လတ် နာရေးလုပ်ထားတဲ့ သူ့ဘေးကသူငယ်ချင်းဂျိုးအကြောင်း ဇာတ်လမ်းတိုရိုက်ဖို့လုပ်ပါတော့တယ်။ ဂျိုးအကြောင်းမေးရင် သဘောကျတယ်လို့လူတိုင်းဖြေကြပေမဲ့ တကယ်တမ်းဂျိုးအကြောင်းကို ဘယ်သူမှသေချာမသိနေကြတော့ “ပဲ” တစ်ယောက်အကြပ်ရိုက်နေချိန်မှ ဂျိုးရဲ့ဆုရဇာတ်ညွှန်းတိုအကြောင်း တစ်စွန်းတစ်စ သိလိုက်ရတဲ့အခါ…၊ ကိုယ်တိုင်ကလည်း အကြံကထွက်မလာ တစ်ဖက်ကလည်း ကျောင်းမှာဟိုးလေးတကျော်ဖြစ်တဲ့ကြားက ဂျိုးကိုအသုံးချချင်တဲ့ သူရဲ့မဟာအကြံကို ဂျိုးအကြောင်းကိုတကယ်သိတဲ့ဘိုကေးက သိသွားတဲ့သူကရှိနေပြန်တော့ ချော်လဲရောထိုင်ရင်း ဂျိုးရဲ့ဇာတ်ညွှန်းတိုကို ဇာတ်လမ်းတိုရိုက်ဖို့ဖြစ်သွားပါတော့တယ်။ ဒီဇာတ်လမ်းတိုရိုက်ဖို့ပြင်နေရင်းနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ၅၂၈ မမည်တဲ့ ရင်ထဲမရောက် သူငယ်ချင်း‌တစ်စု ဖော်ထုတ်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Char Ou, Hazel တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Drama, Comedy Quality…. 1080p | 720p File size… 1.3GB | 704MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung, Mary, Char Ou, Hazel Encoder ….. Aaron

Drama • Documentary
7.8 2023
Not Friends
Once Upon a Time in China II
7.3

ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာ ဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကို ရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။ လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို့ နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကို အယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကို ဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို့ အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို့ ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ သူတို့သွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်….. File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 1992
Once Upon a Time in China II
Good One
6.8

Good One ကတော့ ခရမ်းချဉ်သီးပုပ် rating 8.80/10 အထိရရှိထားတဲ့ Drama အမျိုးအစားရုပ်ရှင်ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်သုံးယောက်ရဲ့တောင်တက်ခရီးစဉ်တလျှောက်က သာယာလှပပြီးဆိတ်ငြိမ်တဲ့တောတောင်ရေမြေသဘာ၀တွေကို ရေစီးကျတဲ့အသံကအစ သာယာနာပျော်ဖွယ်ကောင်းအောင် ထိထိမိမိရိုက်ကူးထားသလို ကြည့်ရှုသူတွေရဲ့ခရီးထွက်ချင်စိတ်ကိုပါနှိုးဆွပေးနိုင်မှာပါ။ အဖေ့နောက်အိမ်ထောင်နဲ့အတူနေတဲ့ဆမ်ဟာ ကောလိပ်မတက်ခင်မှာ အဖေဖြစ်တဲ့ခရစ္စ၊ အဖေ့သူငယ်ချင်းမတ်၊ မတ်ရဲ့သားဒီလန်တို့နဲ့အတူ တောလမ်းတောင်တက်ခရီးကြမ်းနှင်ဖို့ထွက်ခွာလာခဲ့ပါတယ်။ ဒီလန်က မလိုက်နိုင်တော့တာကြောင့် ဆမ်၊ ခရစ္စနဲ့မတ်တို့သုံးယောက်ဟာ ကျောပိုးအိတ်တစ်လုံးစီနဲ့တောင်တက်ခရီးနှင်ကြရင်း ဆမ်နဲ့ခရစ္စကြားက သားအဖဆက်ဆံရေး၊ အိမ်ထောင်ကွဲခဲ့တဲ့မိဘတွေနဲ့ပတ်သက်လို့ ဆမ်ရဲ့ဝမ်းနည်းမှုတွေ၊ ဆမ်ကိုကြည့်ပြီး မတ်ရဲ့သားဖြစ်သူဒီလန်ကိုအားမလိုအားမရဖြစ်စိတ်တွေ၊ ခရစ္စနဲ့မတ်ကြားကသူငယ်ချင်းဆက်ဆံရေးတွေကို တောင်တက်ခရီးစဉ်တလျှောက်မှာ ကြည့်ရှုခံစားသွားရမှာဖြစ်ပါတယ်။ Good One ကတော့ လိမ္မာတဲ့သားသမီးကိုရည်ညွှန်းချင်တာဖြစ်နိုင်ပါတယ်။ လိမ္မာတဲ့သားသမီးတွေမှာလည်း ခံစားချက်တွေ၊ ဝမ်းနည်းစိတ်တွေ၊ နာကျည်းချက်တွေရှိနေနိုင်တာကို မီးမောင်းထိုးပြချင်တာဖြစ်လို့ Good One ဟာ Drama ကြိုက်ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းတစ်ခုဖြစ်သလို ရုပ်ရှင်ပွဲတော်တွေမှာလည်း ထူးချွန်ဆုတွေဆွတ်ခူးရရှိထားပါတယ်။ File size_(2.2GB)/(1GB) Quality_Blu-Ray 1080p HEVC / 720p Format_mkv/mp4 Duration_01:29:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by JULY

Horror • Comedy • Fantasy
6.8 2024 90 mins
Good One
Suzume Suzume no Tojimari
7.8

Suzume (2022) IMDb Rating (7.6) / Rotten Tomatoes (96%) နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့…… File size…(3.9 GB) / (1.7 GB) / (900 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Animation Duration….02:01:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Dr Nyan

7.8 2022 121 mins
Suzume Suzume no Tojimari