YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Love.Scout.2025.E08.1080p.WEB-DL.[RMC].mp4

1.08 GB 1080p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Blind Side
7.7

The Blind Side (2009) IMDb Rating (7.7) / Rotten Tomatoes (66%) မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။ American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့ အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes

Crime • Thriller
7.7 2009 129 mins
The Blind Side
The Possession
6

ခရစ်ယာန်သရဲကို ဗမာဘုန်းကြီး နိုင်ပါ့မလားဆိုပြီး ဟီးဟီးဟားဟားနဲ့ ဟာသ ပြောဖူးကြတယ်မို့လား။ ဒီကားထဲက သရဲက အဲ့လို သရဲ။ဘယ်ဘုရားပြေးကပ်ရမှန်း မသိအောင်ကို ကြမ်းတာ။သူတို့ အခေါ်အရတော့ ဂျင်(မကောင်းဆိုးဝါး)ပေါ့။ အဲ့တာကလည်း အကြောင်းရှိတယ်။ ဒီဇာတ်ကား ဇာတ်အိမ်တည်ရာ တူရကီက ဟိုးနှစ်ပေါင်းထောင်ချီ ကတည်းက Abrahamic Religions လို့ခေါ်တဲ့ ဂျူး၊ခရစ်ယာန် နဲ့ အစ္စလာမ်ဘာသာတွေ ထွန်းကားခဲ့တဲ့ နေရာ။ဆိုတော့ သရဲကလည်း ကြမ်းပြီပေါ့။ဘာသာ(၃)ခုလုံးက ဘုရားတွေကို ဆင်းကယ်ကြပါဆို သလိုမျိုးပဲ။အလာရှင်မြတ်ကို တိုင်တည်ပါ၏ ဖြစ်လိုက် ၊သခင်ယေရှု၏ နာမတော်တွင် ဖြစ်လိုက်ရယ်။ဆိုတော့ ဇာတ်ကားအကြောင်း ဆက်ကြရအောင်။ ဒီကားကတော့ Dabbe series တွေထဲမှာ (၄)ကား မြောက်ပေါ့။ ပြီးတော့ အကြမ်းဆုံး ကြောက်စရာအကောင်းဆုံး ကားလို့လည်း ညွှန်းကြတယ်။ ဇာတ်လမ်းအစမှာ ဖရော့အာကတ်လို့ခေါ်တဲ့ ဟောဂျာ(ပရောဂဆရာ) တစ်ယောက်က အက်ဘရူလို့ ခေါ်တဲ့ စိတ်ရောဂါကုဆရာဝန်မ တစ်ယောက်ကို ဖိတ်ပြီး ဂျင်အပူးခံထားရတဲ့ လူနာတစ်ယောက်ကို ပရောဂ နှင်ပြတယ်။စဉ်းစားကြည့်ဗျာ။ပရောဂဆရာက လူနာကို မှော်တို့ ဓာတ်တို့ နတ်တို့နဲ့ ကုတယ်။ဆရာဝန်မက ဆေးတို့ ဘာတို့နဲ့ သိပ္ပံနည်းကျ ကုတယ်။ပရောဂဆရာအမြင်မှာ သရဲပူးတယ်ဆိုပေမယ့် ဆရာဝန်မအမြင် မှာတော့ စိတ်ကစဉ့်ကလျားဖြစ်တယ်။လူတစ်ကိုယ် စိတ်အမျိုးမျိုးဖြစ် တယ်ပေါ့။အဲ့မှာ ပရောဂဆရာ သူ့ကို ဖိတ်ပြီး ကုပြတဲ့ လူနာက ပျောက်သွားရော။ဆရာဝန်မကတော့ လုပ်ဇာတ်ကြီး မယုံဘူးပေါ့။ပြီးတော့ ရှင်ဟာ လူလိမ်မဟုတ်ဘူးဆိုရင် သူခေါ်လာပေးမယ့် လူနာကို ကုပြပါဆိုပြီး စိမ်ခေါ်တယ်။ အဲ့လူနာက သူနဲ့ တူမလိုရင်းနှီးတဲ့ ကလေးမလေး။မင်္ဂလာဆောင်တဲ့နေ့မှာ အကောင်းကြီးကနေ ထဖောက်ပြီး လူရာချီရှေ့မှာ သတို့သားကို ဓားနဲ့ ထိုးသတ်ပလိုက်တာ။ အဲ့နောက်တော့ အရူးထောင်ရောက်သွားရော။အဲ့မှာလည်း ဘယ်ဆရာဝန်မှ ကုလို့မရတဲ့သူ။ ဒါနဲ့ ပယောဂဆရာကလည်း စိမ်လိုက်ပေါ့။နှစ်ယောက်သား ကင်မရာတွေ မှတ်တမ်းတင်ပစ္စည်းတွေနဲ့ အဲ့ကောင်မလေးဆီ ချီတက်ကြရရော။ အဲ့ဒီမှာပဲ ငါးပါးရော သံဃာစင်ရော မှောက်တာပဲ။ ဘာဖြစ်မလဲ သိချင်တော့ ကိုယ့်ဟာကိုယ် ဆက်ကြည့်ကြပါ :3 IMDB လည်း 6.8 ရထားပြီး ဘာသာပြန်တဲ့ ကျွန်တော်လည်း ညဘက်မပြန်ရဲလို့ နေ့ခင်းဘက် ပြန်ထားတဲ့ ကားဆိုတော့ သရဲကားကြိုက်တဲ့သူတွေ သေချာပေါက် အကြိုက်တွေ့ပါလိမ့်မယ်။ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…1.26GB / 472MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 14m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damein

Action
6 2012 92 mins
The Possession
Wendell & Wild
6.8

IMDb Rating - 6.5/10 ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ်‌ စက်စက်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ ကလေးမလေးကို ကက်သလစ်‌ကျောင်းအုပ် ဖာသာတစ်ယောက်က သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့ မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင် သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။ အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင် ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက် ကြည့်ရှုပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Settမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(2.32 GB) / (925 MB) / (550 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........Zin Phyo Aung

Crime • Drama • Thriller
6.8 2022 107 mins
Wendell & Wild
Home Coming
6.6

ဒီနေ့မှာဆိုရင်တော့ Channel Myanmar က ပရိသတ်ကြီးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့က ရုံတင်ခဲ့ပြီး ရုံဝင်ငွေ ၁.၅ ဘီလီယံကျော်ရရှိခဲ့တဲ့《Home Coming》 ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ Numedia နိုင်ငံစစ်ပွဲဖြစ်စဥ် အချိန်ကာလ , သံရုံးမှာ လူအင်အားမမျှသောကြောင့် စစ်ပွဲအတွင်းက တရုတ် ပြည်သူတွေကိုသာ ကယ်ဆယ်ဖို့ စီစဥ်ထားပေမဲ့လဲ အဆင်မပြေခဲ့ပါဘူး တစ်ဆက်ထဲမှာပဲ အဲဒီနေ့ကမှ ဇာတိမြေကို ပြန်ဖို့စိတ်ကူးထားတဲ့ သံတမန်ဝန်ကြီးချုပ်ဟောင်း ဇုံးတဝေ နဲ့ နိုင်ငံရေးဌာနမှ လူသစ်တစ်ဦးဖြစ်တဲ့ ချန်လန် တို့ဟာ အန္တရာယ်ကြားထဲကနေပြီးတော့ တာဝန်တွေကို သက်စွန့်ဆံဖျား လုပ်ကိုင်ပေးခဲ့ကြပြီး မိမိတို့ အိမ်ပြန်မည့် အခွင့်အရေးကို လက်လွှတ်ကာ စစ်ပွဲအတွင်းက ပြည်သူများ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးဖို့အတွက် နေရစ်ခဲ့ကြပါတယ် အဲဒီနောက်မှာတော့ တာဝန်တွေကို ကြိုးစားလုပ်ကိုင်ရင်း တာဝန်ပြီးဆုံးသွားပြီလို့ ထင်နေပေမဲ့ နောက်ထပ် စစ်ပွဲအတွင်းမှာ ပိတ်မိနေတဲ့ တစ်ပြည်ထဲသား လူတစ်စု ရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ပိုင်ဟွ ဆိုသူရဲ့ ဦးဆောင်လမ်းပြမှုနဲ့ အတူတူ နယ်စပ်ရွှေ့ပြောင်းရေး စခန်းကို သွားရောက်ခဲ့ကြပါတော့တယ် အရေးပေါ်ဖြစ်နေတဲ့ အခြေအနေအောက်မှာ နှစ်ယောက်သားဟာ အိမ်ပြန်ဖို့ အခွင့်အရေးကို ထပ်မံစွန့်လွှတ်ခဲ့ကြပြီးတော့ စစ်ပွဲအတွင်းထပ်မံခြေချခဲ့ပြန်ပါတော့တယ် အဲဒီနောက်မှာတော့ ------------ ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁.၅ ဘီလီယံ​ကျော်ရရှိခဲ့သည့်အပြင် နာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ ကျန်းယိ ဝမ်ကျွင့်ခိုင်(TFBOYS အဖွဲ့ခေါင်းဆောင်) နဲ့ ယင်းထောင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးဖြစ်တာမို့ လုံးဝကို လက်မလွှတ်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်နော် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Thriller Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Animation • Science Fiction • Thriller
6.6 2022 137 mins
Home Coming
Nitram
6.9

IMDb Rating - 7.2/10 , Rotten Tomatoes - 90% 1996မှာ ဩစတေးလျက ပေါ့အာသာ သမိုင်း၀င်ဆိုက်မှာ လူ၃၅သေဆုံးပြီး ၂၃ယောက် ဒဏ်ရာရခဲ့တဲ့ အစုအပြုံလိုက် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတစ်ယောက်တည်းကသတ်တဲ့ လူသတ်မှုတွေထဲ ဩစတေးလျသမိုင်းရဲ့ အဆိုး ရွားဆုံးလူသတ်မှုဖြစ်ခဲ့ပြီး ကမ္ဘာ့အဆိုးဆုံးလူသတ်မှုတွေထဲကလည်း တစ်ခုအပါအ၀င် ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ဩစတေးလျရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း တင်းကြပ်လိုက်ရပါတယ်။ ဒီဥပဒေကို ပြည်သူတွေကလည်း လိုလိုလားလား လက်ခံ လိုက်ကြပါတယ်။ လက်နက်လက်၀ယ်ကိုင်ဆောင်ထားသူ ၆သိန်းလေးသောင်းဆီက ဩစတေးလျအစိုးရဟာ လက်နက်တွေ ပြန်လည်သိမ်းယူ ဖျက်ဆီးခဲ့ပါတယ်။ အဆိုးရွားဆုံး လူသတ်မှုကြီးကို ကြုံထားရတာမို့ ဘယ်ပြည်နယ် ဘယ်နယ်မြေကမှ ဒါကို စောဒက မတက်ခဲ့ကြပါဘူး။ ဒီလူသတ်မှုကို ကျူးလွန်ခဲ့တဲ့သူကတော့ Martin John Bryant ဆိုတဲ့ ဩစတေးလျသားပါ။ ဒီပြစ်မှုအတွက် Martinဟာ ၃၅သက်၃၅ကျွန်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး ထပ်တိုး ၁၆၅၂နှစ်ပါ ချမှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ရဲ့နာမည် "Nitram"ဟာ သူ့နာမည် Martinကို နောက်ပြန်ရေးထားတာပါပဲ။ Martinဟာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှု ရှိနေသူဖြစ်ပြီး ငယ်စဉ်ကတည်းက ကျောင်းမှာ ကလေးတွေ အနိုင်ကျင့်ခံခဲ့ရသူပါ။ မွေးထားတဲ့ အမေကိုယ်တိုင်က သူ့ကိုသိပ်အမြင် မကြည်သလို ပတ်၀န်းကျင်ကလည်း သူ့ကိုအမြင်မကြည်ပါဘူး။ သူ့ဘက်မှာ ရပ်တည် ခဲ့တဲ့သူဟာ သူ့အဖေပဲရှိခဲ့ပါတယ်။ Nitramဟာ Martinလို စိတ်ပိုင်းဆိုင်ရာချို့ယွင်းသူကနေ ဩစတေးလျရဲ့ အဆိုးရွားဆုံးလူသတ်မှုကို လုပ်ခဲ့တဲ့သူအဖြစ်ကို ဘယ်လိုဦးတည်လာခဲ့လဲ ဆိုတာကို Martinရဲ့ စိတ်ပိုင်းဆိုင်ရာကို အဓိကထား ပုံဖော်ပြထားတဲ့ Psychological Drama ရုပ်ရှင်ပါပဲ။ Martinကို ပရိသတ်က အသင့်အတင့် နားလည်နိုင်အောင်ပါ ပြထားပြီး စိတ်ချို့ယွင်းနေသူတွေကို မည်သို့မည်ပုံ မလုပ်သင့်တာကိုလည်း မသိမသာ ပုံဖော်ထားပါတယ်။ ဩစတေးလျဒါရိုက်တာ Justin Kurzel က ရိုက်ကူးထားပြီး ဒီရုပ်ရှင်ကို Kurzelရဲ့ မက္ကဘတ်လို့လည်း ဆိုကြပါတယ်။ ဒါရိုက်တာရော သရုပ်ဆောင်တွေရော ကောင်းကောင်းလက်စွမ်းပြထားပြီး မင်းသားဆို ဝေဖန်ရေးသမားတွေ ချီးကျူးတာ တော်တော်ခံခဲ့ရပါတယ်။ Martin နေရာက ပြောင်မြောက်စွာ သရုပ်ဆောင်တဲ့ Caleb Landry Jonesဟာ ကိန်းမှာလည်း Best Actorဆုရခဲ့ပါတယ်။ Nitramဟာ Requiem for a Dreamတို့ Magnoliaတို့ A Clockwork Orangeလို Disturbing အတော်ဖြစ်စေတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး သြစတေးလျရုပ်ရှင်ဆုပေးပွဲမှာ Best Film, Best Direction, Best Actor, Best Actress, Best Supporting Actor နဲ့Best Supporting Actressဆုတွေကို ရခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.76 GB) / (991 MB) / (602 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – WiRa Aung Encoder – SWM

Action • Adventure • Thriller
6.9 2021 112 mins
Nitram
The Twilight Saga: Eclipse
6.2

စာရေးဆရာ Stephenie Meyer ရဲ့ Twilight ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Twilight Saga ရုပ်ရှင်ကားတွေဟာ သူ့ခေတ်အခါမှာ ပရိသတ်အားပေးမှုကို သောက်သောက်လဲ ရရှိခဲ့ပြီး လူငယ်တွေကြားမှာ အတော်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် franchise တစ်ခု ဖြစ်ပါတယ်။ မင်းသား Robert Pattinson နဲ့ Taylor Lautner ၊ မင်းသမီး Kristen Stewart တို့ ဦးဆောင်ပါဝင်ခဲ့ပြီး Twilight Saga ရဲ့ ပထမဆုံးရုပ်ရှင် Twilight ရုပ်ရှင်ကားကို ၂၀၀၈မှာ စတင်ရိုက်ကူးခဲ့ပါတယ်... Twilight Saga: New Moon(2009), Twilight Saga: Eclipse(2010),Twilight Saga: Breaking Dawn Part 1 (2011) နဲ့ Twilight Saga: Breaking Dawn Part 2 (2012) ဆိုပြီး စုစုပေါင်း ၅ ကားထုတ်လုပ်ရိုက်ကူးခဲ့ပါတယ်။ သွေးစုတ်ဖုတ်ကောင်၊ သမန်းဝံပုလွေ၊ လူသား စတဲ့ မတူညီတဲ့ လောကတွေအကြားက ချစ်ခြင်းမေတ္တာအကြောင်းကို ရိုမန့်တစ်ဆန်ဆန်တင်ဆက်ထားပြီး သရုပ်ဆောင်တွေရော ဇာတ်လမ်းရော ဒိုင်ယာလော့ခ်တွေရော ထိမိလှတာကြောင့် ပရိတ်သတ်တွေရဲ့ အသည်းစွဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ File size…(2 GB) /(1.1 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:03:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Comedy • Drama • Romance
6.2 2010 124 mins
The Twilight Saga: Eclipse
Coco Before Chanel
6.7

Chanelဆိုတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ Coco Chanel။ ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာလို့ ရှာလိုက်ရင်ပဲ အခုချိန်ထိ Coco Chanelက ထိပ်ဆုံးမှာ နေရာယူထားဆဲပါ။ Coco Chanelဆိုတာ ပြင်သစ်အမျိုးသမီး Gabrielle Bonheur Chanelပဲဖြစ်ပါတယ်။ သူ့ကို ၁၈၈၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ကလေးဘ၀မှာပဲ မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူက သူတို့ညီမနှစ်ယောက်ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ထားခဲ့ပါတယ်။ အရွယ်ရောက်လာတဲ့အချိန်မှာတော့ မိဘမဲ့ဂေဟာက တတ်မြောက်လာခဲ့တဲ့ အပ်ချုပ်ပညာရပ်နဲ့ အလုပ်လုပ်ရပြီး ညဘက်တွေဆို စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေရင်း ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရပါတယ်။ စစချင်းမှာ ဦးထုတ်တွေကို ဒီဇိုင်းထုတ်ပြီး ရောင်းချရာကနေစတင်ခဲ့တယ်။ စတိုင်လ်ဘောင်းဘီတွေဟာ အမျိုးသမီးတွေအတွက်လို့ မထင်ကြတဲ့ခေတ်တစ်ခုကို Coco Chanelက ပြောင်းလဲပေးခဲ့ပြီး ဖက်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုကမ္ဘာ့ဖက်ရှင်လောကရဲ့ အကျော်ကြားဆုံးအမျိုးသမီးတစ်ယောက်ရဲ့ ကလေးဘ၀ကစလို့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ဘ၀အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုကြပါဦး။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by PT

6.7 2009 110 mins
Coco Before Chanel
A Christmas Carol
6.8

A Christmas Carol(2009) IMDb….6.8, ,,,, ဒီAnimation,ဇာတ်ကားကို တစ်ဝက်လောက်ပဲကြည့်ရသေးတယ် .. အံအားသင့်လောက်စရာတွေတွေ့လို့ ဒီကားနဲ့ ပတ်သက်တာတွေ စုံစမ်းကြည့်တော့ Charles Dickens ရဲ့နာမည်ကြီးဝတ္ထုဖြစ်နေတဲ့အပြင် ဒါရိုက်တာကလည်း Forrest Gump ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ဖြစ်နေတယ်……ဒါကြောင့်လည်း Best Animated Film ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၃)ဆုလည်းရရှိခဲ့တယ်… Jim Carrey အသံပိုင်းသရုပ်ဆောင်ထားပါတယ်… …Ebenezer Scrooge ဆိုတဲ့အဘိုးကြီးတစ်ယောက်ရှိတယ်… …သူကတစ်ကိုယ်တည်းသမားကြီးဖြစ်ပြီး အတ္တလည်းအလွန်ကြီးတယ် ..ငွေကလွဲလို့ တခြားဘာကိုမှမမြင်… ခရစ်စမတ်ကာလမှာပျော်ပါးနေတဲ့သူတွေကို အရူးတွေ သေတာမှကောင်းလိမ့်မယ်လို့တောင်တွေးတတ်တဲ့သူ…. ဒီလိုအယူအဆတွေ ပိုင်ဆိုင်ထားတဲ့ အဘိုးကြီးဟာ တစ်နေ့မှာတော့ သူတစ်သက်မှာ လုံးဝမမျှော်လင့်တာတွေဖြစ်တော့တာပဲ… ဒီကားက ခလေးသူငယ်တွေအတွက်တင်မဟုတ်ဘဲ လူကြီးတွေလည်း ကြည့်ပြီးကြိုက်သွားမှာပေါ.. ပြောရရင်လူကြီးတွေအတွက်က ပိုပြီးတောင်ရသမြောက်လိမ့်မယ်ထင်ပါတယ်.. ခလေးတွေအတွက်တော့ ကြည့်လို့လှတဲ့ကားတစ်ကားပေါ့ဗျာ… ကိုင်းခံစားကြည့်လိုက်ပါဦးနော်… File Size : (735MB/1.6GB) Quality : Blu-Ray 720p/1080p Format…mp4 Duration…01:36:00 Genre : Animation, Drama, Family | Subtitle : Myanmar Subtitle (Hard Sub) Translated by Thaw Thaw Wai Oo Encoded by Heather Oo

Drama • Crime
6.8 2009 94 mins
A Christmas Carol
Amanat
6.6

Amanat (2022) ရုရှားစကားပြော သမိုင်းနောက်ခံ ဇာတ်ကားကောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ် ၁၉ ရာစုအလယ် ၁၈၁၇-၁၈၆၄ က Caucasian စစ်ပွဲ (ရုရှားအင်ပါယာနဲ့ Caucasus လူမျိုးတို့ရဲ့စစ်ပွဲ) ကို အခြေတည်ထားပါတယ် တောင်ပေါ်သား အစ္စလာမ်မျိုးနွယ် Caucasus တို့ရဲ့ခေါင်းဆောင်က သူတို့နယ်ကို ရုရှားတပ်တွေ ဝိုင်းလာတဲ့အချိန် သူတို့ခေါင်းဆောင် Imma Shamil က သူ့ရဲ့သားဖြစ်သူ Jamalutdin ကို ဓားစာခံအဖြစ် စေလွှတ်ခဲ့ပါတယ် အသက်ကိုးနှစ်အရွယ်မှာ Jamal တစ်ယောက် စစ်မှုရေးရာကျောင်းမှာ တက်ရောက်ပြီး ရုရှားအရာရှိတစ်ယောက်ဖြစ်လာခဲ့တယ် အဲဒီရုရှားမြေမှာပဲ အရာရှိတစ်ယောက်ရဲ့သမီးဖြစ်သူ Lisa နဲ့ချစ်ကြိုက်ခဲ့ပါတယ် Jamal က ရုရှား officer တစ်ယောက်ဖြစ်ပေမယ့် စစ်ကို ရွံမုန်းပြီး ငြိမ်းချမ်းရေးကို လိုလားတဲ့သူပါ တစ်နေ့တော့ “တာဝန်ဝတ္တရား”နဲ့ “သူ့ချစ်သူ Lisa” နှစ်ခုကြား ခက်ခက်ခဲခဲရွေးချယ်ရတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာတော့ …. ၁၉ ရာစုနောက်ခံ အချစ်ဇာတ်လမ်းကို “စစ်နဲ့ငြိမ်းချမ်းရေး” တို့နဲ့ ရောယှက်ပြီး အလွမ်း/အဆွေး/ခွဲခွာခြင်း/စွန့်လွှတ်ခြင်းတို့ကို သေချာပုံဖော်ထားတာမို့ ကြည့်ရတာနောင်တမရစေနိုင်မယ့် ရှားမှရှား ရုရှားဇာတ်ကားလေးပါ File size…(2 GB)/(1.05 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Biography, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

Fantasy • Action • Horror
6.6 2022 120 mins
Amanat
Sijjin 5 (or) Siccin 5
5

Siccin 5 (2018) IMDB : 5 Genre: Horror/Thriller Siccin Film Series ရဲ့ ၅ ကားမြောက်ဖြစ်တဲ့ Siccin 5 ဟာအတော်လေးကိုကြည့်ကောင်းတဲ့ တူရီကီစကားပြော Horror ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ Siccin ရဲ့ထုံးစံအတိုင်း ကြည့်တဲ့လူကိုစိတ်ပျက်စေမှာမဟုတ်ပါဘူး။ ဇာတ်ညွှန်း ဟေလာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ မွေးလာကတည်းက ထူးဆန်းမှုတွေနဲ့ကြုံနေရတဲ့ကလေးဖြစ်ပါတယ်။ မွေးကတည်းက အဖေမရှိ၊ အဘိုးမရှိတဲ့ ဖတဆိုးလေးဖြစ်ပါတယ်။ သူ့မှာ အဒေါ်တစ်ယောက်ရှိပါတယ်။ သူ(မ)ရဲ့အဒေါ်ဟာ ဆီလင်း ဆိုတဲ့ ယောကျ်ားတစ်ယောက်နဲ့ချစ်ကျွမ်းဝင်နေပြီး မကြာခင်ယူတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ယူမှာကို တားမြစ်ချင်နေတဲ့လူတွေရှိပါတယ်။ သူတို့ကဘယ်သူများလဲ။ ဘာကြောင့်တားချင်တာလဲ။ Siccin ရဲ့ထုံးစံအတိုင်း ဇာတ်လမ်းက မရိုးဘူးလို့ပြောချင်ပါတယ်။ File size… 1.2 GB / 616 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 32m Genre ….. Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

5 2018
Sijjin 5 (or) Siccin 5
Victoria : Ek Rahasya aka Bhed Ek Rahasya
4.2

Bhed.Ek.Rahasya (2023) ပြန်ပေးသမားတစ်ယောက်ရဲ့အလှည့်အပြောင်း နိုင်ငံတွင်းမှာတင်မက ကမ္ဘာထိနာမည်ပေါက်‌လောက်အောင် အောင်မြင်တဲ့ ဆေးကုမ္ပဏီပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ကြီး ဆူဒါကာရာနာ ၊ စီးပွားရေးကိုအောင်မြင်အောင်လုပ်နိုင်သလို စီးပွားရေးလောကမှာ မလိုသူ့ကိုရန်သူမရှိပါဘူးဆိုတဲ့ သူဋ္ဌေးကြီးပေါ့ သူ့အထင်နဲ့မတူဘဲ သူ့လုပ်ငန်းကြောင့်ထိခိုက်နစ်နာဖူးပြီး မုန်းတီးနေသူတွေရှိနေသေးတယ်ဆိုတာပါပဲ ဆပ်တူက အဲဒီလူတွေထဲကတစ်ယောက်ပေါ့ ဆူဒါကာရာနာ့သမီးကိုပြန်ပေးဆွဲဖို့ ဆပ်တူ့ကို လာငှားတဲ့အချိန်မှာတော့ ဆပ်တူတို့ တစ်ချက်ခုပ်နှစ်ချက်ပြတ်။ ဒါပေမဲ့ သူဋ္ဌေးကြီးသမီးကိုပြန်ပေးဆွဲပြီးတဲ့အချိန်မှ သူသိလာရတဲ့အရာတွေက သူ့အထင်တွေနဲ့ကွဲလွဲနေချိန်မှာတော့…… ဆပ်တူကိုပြန်ပေးဆွဲခိုင်းတဲ့သူနဲ့ သူဋ္ဌေးကြီးကြားက ရန်ငြိုးတွေကဘာများဖြစ်မလဲ ဘယ်လိုအလှည့်အပြောင်းတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့….. အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ ToMo ~ Linn Lunn တို့ပဲဖြစ်ပါတယ်

4.2 2023
Victoria : Ek Rahasya aka Bhed Ek Rahasya
[18+] Donselya

အိုင်းရစ်ဆိုတာ အခုမှ ၁၈ နှစ်ပြည့်စအပျိုဖြန်းလေးတစ်ယောက်ဖြစ်ပြီး မိဘနှစ်ပါး၊ ညီမလေးတစ်ယောက်တို့နဲ့အတူနေထိုင်ပါတယ်။ သူတို့မိသားစုဟာ ဆင်းရဲလွန်းလို့စျေးထဲမှာ ခရုတွေရောင်းပြီးအသက်မွေးရတာဖြစ်တဲ့အတွက် ဆင်းရဲတွင်းကလွတ်ဖို့အမြဲတမ်းဆုတောင်းမျှော်လင့်နေကြတာပါ။ တစ်နေ့တော့ မုဆိုးဖိုသူဌေးကြီးတစ်ယောက် သူတို့အိမ်ရှေ့မှာ ကားဘီးပေါက်ရာကနေ သူ့အဖေရဲ့ဘီးဖာဆိုင်မှာလာပြင်တဲ့နောက် သူတို့ကံကြမ္မာတွေပြောင်းလဲဖို့ဖြစ်လာပါတယ်။ အဲ့ဒီမုဆိုးဖိုသူဌေးဟာ အိုင်းရစ်ကိုမှ မျက်စိကျပြီး အိုင်းရစ်သာအပျိုစစ်မယ်ဆိုရင် ငွေငါးသန်းနဲ့တောင်းရမ်းလက်ထပ်ဖို့ကမ်းလှမ်းလာခဲ့လို့ပါပဲ။ အိုင်းရစ်ဟာ တကယ်ပဲ ငါးသန်းတန်အပျိုစင်လေးလား? သူဌေးကြီးရဲ့ရည်ရွယ်ချက်ကရော ရိုးရှင်းရဲ့လား? သူတို့မိသားစုရဲ့ ကံကြမ္မာတကယ်ပဲပြောင်းလဲတော့မှာလားဆိုတာကို ဇာတ်ပို့မင်းသမီးလေးတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့တစ်ဂျိမ်းဂျိမ်းရှုစားရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (660 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:41:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

0 2024 99 mins
[18+] Donselya
The Dead Thing
5

cm ရဲ့ Horror ပရိသတ်ကြီးကို ဇာတ်ကားကောင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက သာမန်သရဲကားတွေလို ပြူးပြူးပြဲပြဲ ခြောက်လှန့်ပြနေတဲ့ ဇာတ်ကား အမျိုးအစားမျိုး မဟုတ်ဘဲ အထီးကျန် ခြောက်သွေ့တဲ့ မိန်းကလေး တစ်ယောက်ရဲ့ ဘဝ၊ အင်တာနက်ဒိတ်တင်း အပျော်ဒိတ်တွေနဲ့ပဲ တွေ့ဆုံဆက်ဆံရင်း ပိုပိုပြီး အထီးကျန်လာတဲ့ လူနေမှုဘဝ၊ နေ့စဉ်နေ့တိုင်း လုပ်နေကျအလုပ်တွေကိုပဲ အသက်မပါ အပ်ကြောင်းထပ်အောင် လုပ်နေရင်း ပိတ်မိနေတဲ့ ခံစားချက်တွေ၊ လှပတဲ့ ချစ်ခြင်း မေတ္တာဟာ စွဲလန်းတပ်မက်ခြင်း အစွန်းရောက်သွားတဲ့အခါမှာ toxic ဆက်ဆံရေးတစ်ခုလို ပြောင်းလဲသွားပြီး ကိုယ်တိုင် ပျောက်ဆုံးသွားရတဲ့ ခံစားချက်တွေကို ထင်ဟပ်ရိုက်ကူး ထားတဲ့ ဇာတ်ကား တစ်ကားပါ။ ဇာတ်ကြောင်းက အဲလက်စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ ငြီးငွေ့ဖွယ်ကောင်းတဲ့ ရုံးပိုင်း စာရွက်စာတမ်းတွေကို စကင်ဖတ်ပေးရတဲ့ အလုပ်ကို ညဆိုင်း လုပ်ကိုင်ပါတယ်။ တစ်နေ့တော့ “ဖရစ်ရှင်” ဆိုတဲ့ အင်တာနက် ဒိတ်တင်အက်ပ် တစ်ခုကနေ ကိုင်လ်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ဒိတ်ဖြစ်ခဲ့ပါတယ်။ ခါတိုင်းသူတွေနဲ့ မတူဘဲ ခံစားချက်ချင်း တူညီပြီး ကြင်နာတတ်ပုံရတဲ့ ကိုင်လ်ကို အဲလက်စ်က ချစ်မိ သွားပြီး နောက်ထပ် တွေ့ဆုံဖို့ ကြိုးစားခဲ့ပေမယ့် ကိုင်လ်ဘက်က တုံ့ပြန်မှု မရှိခဲ့ပါဘူး။ အစွဲအလန်းကြီးတဲ့ အဲလက်စ်တစ်ယောက် ကိုင်လ်ကို အမှတ်မထင် ဘားတစ်ခုမှာ တခြားကောင်မလေး တစ်ယောက်နဲ့ ဒိတ်နေတာကို တွေ့ခဲ့ပြီး နောက်ယောင်ခံလိုက်ခဲ့ ပါတယ်။ ကိုင်လ် အလုပ်လုပ်တယ် ဆိုတဲ့ စားသောက်ဆိုင်မှာ သွားပြီး ကိုင်လ်အကြောင်း စုံစမ်းခဲ့တဲ့ အဲလက်စ်တစ်ယောက် သူမ လုံးဝထင်မထားတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုကို သိလိုက် ရပါတော့တယ်။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ အားပေးကြည့်ရှု ကြည့်ပါဦး ခင်ဗျ….။ File size… (1.40 GB) / (707 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama
5 2024 94 mins
The Dead Thing
Casino Raiders II
5.8

ဒီဇာတ်ကားက ပထမ Casino Raidersနဲ့ ဇာတ်လမ်းသွား လုံးဝမတူဘဲ ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကို ပြောင်းလဲ ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ပထမကားက Andy Liu ကပဲ ဒီဇာတ်ကားမှာတော့ Chicken Feetဆိုတဲ့ ဇာတ်ရုပ် နဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက‌တော့ ကစ်နဲ့ Chicken Feetဆိုတဲ့ ညီအစ်ကို ဖဲဝိဇ္ဇာ၂ယောက်နဲ့သူတို့ရဲ့ကျေးဇူးရှင် အန်ကယ်ဖန်းဆိုတဲ့ သင်္ဘောကာစီနိုသူဌေးတို့ကို ဂျိမ်းစ်ဆိုတဲ့ တိုင်းတပါးသား ဖဲဝိဇ္ဇာနဲ့ သူ့ဂိုဏ်းက အကောက်ကြံလိုက်လို့ ကစ်ကလည်း ထောင်ကျသွားသလို အန်ကယ်ဖန်းလည်း ပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ ဂျိမ်းစ်တို့က မ‌ကျေနပ်နိုင်ဘဲ အားလုံးကို အပြစ်ရှင်းပစ်ဖို့ လုပ်လာလို့ သူတို့ကို လက်စားချေဖို့ Chicken Feetနဲ့ ကစ် ညီအစ်ကို ၂‌ယောက်ကြိုးစားရင်း ဘယ်သူတွေ စတေးရမလဲ ဘာကို ထပ်ပြီးဆုံးရှုံးရဦးမလဲဆိုတာ ကြည့်ရမှာပါ။ File size… 3.1 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

5.8 1991 91 mins
Casino Raiders II