YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Love Next Door (2024) E05 WEB-DL 720p [CM].mp4

586.87 MB N/A video/mp4 1168 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blue Velvet
7.6

‘Blue Velvet’ ဆိုတာ တကယ်တော့ တစ်ခေတ်တစ်ခါက အရမ်းကိုနာမည်ကြီးခဲ့တဲ့ Bobby Vintonရဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါရိုက်တာအတွက် ဒီရုပ်ရှင်ရေးဖို့ စိတ်ကူးရချိန်တုန်းက ခံစားရတဲ့ mood တစ်ခုဖြစ်တဲ့အပြင် ရုပ်ရှင်ထဲမှာပါ ဒီသီချင်းကို အဓိက နေရာက ထည့်သုံးထားတာမို့ ရုပ်ရှင်နာမည်ဖြစ်လာခဲ့တာပါ။ Surrealism နဲ့ neo-noir film တို့ရဲ့ ဘိုးအေကြီး David Lynch ရဲ့ လက်ရာတစ်ခုဖြစ်ပြီး ၁၉၈၆ ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ဝေဖန်ရေး ဆရာတွေက သတ်မှတ်ခဲ့ကြပါတယ်။ လင့်ချ်ဘိုးတော်နဲ့ ပတ်သတ်ရင် အဝေးပြေးလမ်းမကြီးပေါ် အခြေခံထားတဲ့ ရုပ်ရှင်ကိုတောင် “Straight Story” လား “Lost Highway” လားဆိုတာမျိုး အရသာက သိသိသာသာကွဲမှာမို့ ဒီကားဟာတော့ ဒုတိယတစ်မျိုးထဲကလို့ ကြိုပြောထားချင်ပါတယ်။ Mulholland Drive ကြိုက်တဲ့သူတွေ အတွက်လည်း အံကိုက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဖခင်ဖြစ်သူ ရုတ်တရက် လေဖြတ်သွားလို့ နယ်မြို့လေးကို ပြန်လာတဲ့ ကောလိပ်ကျောင်းသားလေး တစ်ယာက် နားရွက်ပြတ်တစ်ဖက်ကို ကောက်ရပြီးနောက်ပိုင်း သူ့ရဲ့ စူးစမ်း လိုစိတ်ကြောင့် လျှို့ဝှက်နက်နဲမှုတွေထဲ တစ်စတစ်စကျွံဝင်သွားရင်း သူ မမြင်ယောင်ကြည့်ဖူးတဲ့ ကမ္ဘာတစ်ခုစီ ဦးတည်သွားမိသွားတဲ့အကြောင်းပါ…။ တကယ်တမ်းတွေးကြည့်ရင်တော့ 'Blue Velvet' ဆိုတာ ဖရိုဖရဲဖြစ်နေတဲ့ လောကကြီးပါပဲ။ အပြစ်ကင်းသလိုလို အေးချမ်းနေတဲ့ အမေရိကန် မြို့ငယ်လေးရဲ့ အမှောင်ခြမ်းဥပစာပေါ့။ ဒီကားမှာ ယစ်မူးစေတဲ့ ပြင်းပြင်း ထန်ထန် လိင်ပိုင်းဆိုင်ရာတိမ်းညွှတ်မှုကို ပေါ်ပေါ်တင်တင် သရုပ်ဖော်သွားပြီး အမှတ်သင်္ကေတ (Symbolism) တွေလည်း အများကြီး သုံးထားပါတယ်။ Blue Velvet ဟာ အမေရိကန် surrealism ရုပ်ရှင်တွေရဲ့ အကောင်းဆုံး သာဓကအနေနဲ့ရော ၈၀ပြည့်နှစ်တွေရဲ့ ကောင်းဆုံး ရုပ်ရှင်တစ်ခုအနေနဲ့ရော သတ်မှတ်ခံထားရပေမယ့်လည်း တစ်ချိန်တည်းမှာ တစ်ချို့သော အမေရိကန် ဝေဖန်ရေးဆရာတွေကတော့ လိင်ကိစ္စနဲ့ အကြမ်းဖက်မှုတွေကို ခပ်စိပ်စိပ် ချဉ်းကပ်ထားတာမို့ အနုပညာလက်ရာအဖြစ်ကနေ ယုတ်လျော့သွားတယ်လို့ ဆိုကြပြန်ပါတယ်။ ဘယ်လောက်ရယ်ရလဲဆို တစ်ချို့ဆို ညစ်ညမ်းကား လို့တောင် သမုတ်ခဲ့ကြပါသေးတယ် တဲ့။ ကြိုက်/မကြိုက်ကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ့်အရာမို့ ဒေါင်းကြည့်လိုက်ကြပါဦးနော့်.. ဒီထဲမှာ သီချင်း ကောင်းတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင်ပါသမို့ လုံးဝတန်မယ်ဆိုတာတော့ လုံးဝ အာမခံပါတယ်။ File size…1.63GB / 678MB Quality…Blu-Ray 1080P 5.1CH  / 720p Format…mp4 Duration….2h Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Z

Action • Animation • Science Fiction
7.6 1986 120 mins
Blue Velvet
Desert Monster
6

ဒီနေ့မှာတော့ CM က ပရိသတ်ကြီးကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာထွက်ရှိခဲ့တဲ့ “desert monster” ဆိုတဲ့ ဇာတ်ကားလေးပါ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရမယ်ဆိုရင်တော့ - “အေးချမ်းစွာနေထိုင်လာခဲ့ကြတဲ့သဲကန္တာရ ကျေးရွာလေးတစ်ခုဆီကို ဗီဇပြောင်း သားရဲတွေ ရောက်ရှိလာခြင်းကနေပြီးတော့ အစပြုပါတယ် အဲဒီရွာငယ်လေးမှာနေထိုင်ကြတဲ့ အများစုဟာဆိုရင် မုဆိုးလုပ်ငန်းကို လုပ်ကိုင်ပြီးတော့ အသက်မွေးဝမ်းကြောင်းပြုကြတဲ့သူတွေပါ ဗီဇပြောင်းသားရဲတွေ ရောက်ရှိလာပြီးတဲ့နောက်မှာတော့ ကျေးရွာက ရွာသူ ရွာသားတွေဟာ ထူးဆန်းတဲ့ ရောဂါတစ်ခုကို ခံစားရပါတော့တယ် အသက်တွေ တစ်ချောင်းပြီး တစ်ချောင်းဆုံးရှုံးနေစဥ်မှာတော့ “ယင်းဇီ” လို့ခေါ်တဲ့ မိန်းမပျိုလေးဟာ သူ့ရဲ့မုဆိုးအပေါင်းအပါတွေနဲ့ အတူတူ သူတို့ကျေးရွာလေးကိုကယ်တင်ဖို့အတွက် မူလဗီဇပြောင်းဖြေဆေးရည်ကို သွားရှာဖို့ ထွက်လာခဲ့ပါတော့တယ် ​ အဲဒီအချိန်မှာ သူတို့တွေလိုချင်တဲ့ မူလဗီဇပြောင်းဖြေဆေးရည်ကို ရရှိဖို့အတွက် ဗီဇပြောင်းသားရဲတွေရဲ့ခေါင်းဆောင် မိခင်သားရဲကြီးကို ဖမ်းဆီမှ ဖြစ်မဲ့ အခြေအနေနဲ့ ကြုံတွေလာရတဲ့အခါမှာတော့ -” ❐ ဘာတွေဆက်ဖြစ်ကြမှာလဲ ? ❐ အသံကြားနိုင်စွမ်းလဲကောင်း / အနံ့ခံနိုင်စွမ်းအားလဲကောင်းတဲ့ ဗီဇပြောင်းသားရဲတွေကိုရော သူတို့ အဖွဲ့လေးရင်ဆိုင်နိုင်ပါ့မလား ? ❐ ကဒ်ဆိုးကြီးကျရောက်နေတဲ့ သူတို့ကျေးရွာလေးကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ဒီဇာတ်ကားလေးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြပါဦးရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Drama • Thriller
6 2022 73 mins
Desert Monster
Where the Wild Things Are
6.5

ကလေးဘဝဆိုတာ ၊ လူ့ဘဝရဲ့ နိဗ္ဗာန်ဘုံတဲ့။ ပြီးတော့ ကလေးဘဝဆိုတာ အပူပင်ကင်းတယ်လို့လဲ ပြောကြတယ်။ ဒါပေမယ့် အဲဒါ တကယ်ရော ဟုတ်ရဲ့လား။ ဒီယူဆချက်‌တွေဟာ broken familyတွေ၊ family issue တွေများတဲ့ မိသားစုတွေမှာ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေ အတွက်တော့ မှန်မယ် မထင်ပါဘူး။ မိသားစုတစ်စု ပြိုကွဲသွားတဲ့အခါ ထိလွယ်ရှလွယ်တဲ့ ကလေးလေးတွေဟာ ပိုပြီးတော့ ထိခိုက်ခံစားကြရပါတယ်။ ကလေးသဘာဝ စိတ်ခံစားချက်တွေကို ထုတ်မပြောပြတတ်ကြပေမယ့်၊ အတွင်းစိတ်မှာ‌တော့ စိတ်ဒဏ်ရာတွေ ရနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ broken familyတစ်ခုက မက်စ်ဆိုတဲ့ ဆယ်နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို အပီပြင်ဆုံး အထိမိဆုံးနဲ့ အနုပညာမြောက်အောင် ပညာသားပါပါ ပုံဖော်ရိုက်ကူးထားပါတယ်။ မြင်နေကျ မဲပြာပုဆိုး family drama အကွက်တွေ တစ်ကွက်မှမပါပဲနဲ့ ဒီဇာတ်ကားလေးက သင့်ကို မျက်ရည်ဝဲအောင် လုပ်ပြပါလိမ့်မယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်း တင်ဆက်ပုံကလဲ တခြား ရုပ်ရှင် အများစုနဲ့မတူပဲ ထူးခြား ကွဲထွက်ပြီး ကြည့်ပြီးတာနဲ့ တစ်သက်မမေ့မယ့် ကားမျိုးဖြစ်တာမို့ ကျွန်တော်ကတော့ highly recommendပါ။ မင်းသားကြီး Tom Hanksကိုယ်တိုင် producerအနေနဲ့ပါဝင်ပြီး ဒေါ်လာ သန်း100 အကုန်ကျခံ ရိုက်ကူးထားပါတယ်။ ဒါရိုက်တာကလဲ ဒီလို တမူထူးခြားတဲ့ ကားတွေကို ရိုက်တတ်တဲ့ Spike Jonzeပါ။ သူ့ကိုတော့ Her(2013) ကားနဲ့ အများစု သိကြမှာပါ။ ငွေကြေးအရ အမြတ်သိပ်မထွက်ခဲ့ပေမယ့် အနုပညာပိုင်းအရ အတော်လေး အောင်မြင်ခဲ့ပြီး ၂၀၀၉ခုနှစ်ရဲ့ အကောင်းဆုံ း ရုပ်ရှင်တွေစာရင်းတွေမှာ အမြဲ top 10က ပါလေ့ရှိတဲ့ ရုပ်ရှင်ပါ။ ကလေးဖတ် ရုပ်ပြစာအုပ်ကို အခြေခံပြီး ရိုက်ထားတာဖြစ်ပေမယ့် ၊ ကလေး လူကြီးမရွေး ကြည့်လို့ အဆင်ပြေပါတယ်။ တကယ်လို့သာ သင်ဟာ broken family တစ်ခုမှာ ကြီးပြင်းခဲ့တဲ့ကလေး ဒါမှမဟုတ် ကိုယ်တိုင်က အိမ်ထောင်ရေး အဆင်မပြေတဲ့ မိဘမျိုး ဖြစ်နေခဲ့ရင်တော့ ဒီဇာတ်ကားလေးကို သေသေချာချာ အချိန်ယူပြီး အနည်းဆုံး နှစ်ခေါက်လောက် ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုပေးထားတာကတော့ Kaung Khant Winဖြစ်ပါတယ်။ File size…1.57GB /750MB Quality…1080pBluRay AAC5.1CH / 720p Format…mp4 Duration….1h 41m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Kaung Khant Win

Thriller
6.5 2009 101 mins
Where the Wild Things Are
Fight Back To School

ဒီဇာတ်လမ်းကတော့ အထွေအထူးမိတ်ဆက်ပေးစရာမလိုပါဘူး မင်းသားကြီး Stephen Chowရဲ့ နာမည်ကြီး Trilogyဖြစ်တဲ့ Fight Back to Schoolကို tribute ပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ - ခေါင်းဆောင်မင်းသားက မူရင်းFight Back to Schoolမှာ Turtleအဖြစ်ပါဝင်ခဲ့တဲ့ ဟာသ သရုပ်ဆောင်Gabriel Wong - မင်းသမီးကတော့ From Vegas to Macauထဲက မင်းသမီး Kimmy Tongပဲဖြစ်ပြီး - Wong Yet Feiနဲ့ Law Kar Yingတို့လို Stephen Chowရဲ့ ဇာတ်လမ်းတွေနဲ့ မစိမ်းတဲ့ နာမည်ကြီးဇာတ်ပို့တွေကို ပြန်သုံးထားတဲ့အတွက် ရယ်မောရမှာတော့ သေချာပါတယ်။ SWATအဖွဲ့ဝင် ကျန်းဟောင်ဟာ မတော်တဆမှုတစ်ခုကြောင့် ရာထူးအချခံရချိန် အရေးပေါ်အမှုကြီးတစ်ခုအတွက် အသွင်ယူထောက်လှမ်းဖို့ အခွင့်ကြုံလာပါတယ်။ သူအသွင်ယူစုံစမ်းရင်းကာကွယ်ပေးရမယ့်သူက ရဲဘက်က သက်သေထွက်ဆိုပေးမယ့် ပိုကာဂိုဏ်းရဲ့ စာရင်းကိုင် ဟွမ်ရှောင်ကွေရဲ့သမီး အထက်တန်းကျောင်းသူ ဟွမ်ရင်းပါ။ ကျန်းဟောင်အနေနဲ့ ပိုကာဂိုဏ်းကြီးရဲ့ပစ်မှတ်ထားခံနေရတဲ့ ဟွမ်ရင်းကိုကာကွယ်ဖို့ ရဲအဖြစ်မှသည် အထက်တန်းကျောင်းသား အသွင်ယူရပါတော့တယ် ကျန်းဟောင်အနေနဲ့ ဟွမ်ရင်းကိုကာကွယ်နိုင်မလား၊ ပိုကာဂိုဏ်းကို ချေမှုန်းနိုင်မလား၊ ဒီကိစ္စက ဟွမ်ရင်းဘေးကင်းရုံနဲ့ ရိုးရိုးလေးပြီးသွားမှာလား တခြားဘာလျှို့ဝှက်ချက်များ ရှိသေးလဲဆိုတာကို Fight Back to School ထုံးစံအတိုင်း အက်ရှင်နဲ့ ဟာသနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size__(1.6GB) / (800MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:33:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Comedy • Drama • Romance
0 2021 93 mins
Fight Back To School
The Outpost
6.9

The Outpost Rotten Tomato 91% IMDB 6.6 Metacritic 72% စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာ Rating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ်  ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့် တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။ စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီး ကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။ မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။ မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။ Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။ သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့် သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။ နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။ အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့ လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ လုပ်နေတဲ့ကောင်လေးအဖြစ်မြင်ရမှာဖြစ်ပြီးတော့ အခု ဒီထဲမှာတော့ တကယ့်ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်သားတယောက်အဖြစ်မြင်ရမှာပါ။ သူ့အရင်စစ်ကားကတော့ Fury ပါပဲ။ နောက်မင်းသားတယောက်ကတော့ Orlando Bloomပါ။ သူကတော့ The lord of the rings တို့ Pirate of the Caribbean ထဲမှာကတည်းက သိပြီးသားဆိုတော့ သိပ်ပြောစရာမလိုပါဘူး။ ဇာတ်လမ်းအကြောင်းလေး ပြောလိုက်ရအောင်။ ဇာတ်လမ်းကတော့ Jake Tapperရေးထားတဲ့ The Outpost :An untold story of American Valor ဆိုတဲ့ ဖြစ်ရပ်မှန်စာအုပ်ကို ပြန်ရိုက်ထားတာပါ။ များသောအားဖြင့် အမေရိကန်စစ်တပ်ဆိုတာနဲ့ စစ်အင်အားကြီးပြီးတော့ နည်းဗျူဟာ မဟာဗျူဟာတွေမှာ အရမ်းတော်တဲ့စစ်တပ်တခုအဖြစ်မြင်ကြတာများပါတယ်။ အဲဒါအမြဲတမ်းရော မှန်ပါရဲ့လား။ ဒီကားမှာတော့ အဲဒီအကြောင်းကို ပြသသွားပါတယ်။ အထက်လူကြီးက မြေပုံကိုကြည့် လေဆာပွိုင့်လေးပြပြီး အလုပ်လုပ်နေတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အမှားအယွင်းတွေအကြောင်း။ Red Platoonဆိုတဲ့ တပ်စုလေးရယ် အာဖဂန်နစ္စတန်ရဲ့ နယ်စွန်က တပ်စခန်းလေးတခုရယ် တာလီဘန်တွေရယ် ပေါင်းစုံလိုက်တဲ့အခါမှာတော့ အခုဒီ The outpost ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါပဲ။ ဇာတ်လမ်းအဖွင့်မှာတော့ နယ်စွန်တပ်စခန်းလေးမှာ တာဝန်ကျတဲ့ စစ်သားတဖွဲ့ကို ဟယ်လီကော်ပတာတွေနဲ့ လာပို့တယ်။ သူတို့ကိုလာပို့တာကလည်း ညဘက်ပဲပို့လို့ရလို့။ သူတို့တပ်ဖွဲ့ ရောက်တဲ့အခါမှာတော့ ရှိနေတဲ့သူတွေနဲ့နှုတ်ဆက်ကြ နေမယ့်နေရာရှာကြပေါ့။ မနက်ရောက်လို့ အပြင်ထွက်ကြည့်တဲ့အခါမှာတော့ သူတို့တပ်စခန်းက တောင်ကြားမှာ တည်ဆောက်ထားတယ်။ စစ်ရဲ့သဘောတရားနဲ့ရိုးရိုးလေးကြည့်မယ်ဆိုရင်တောင် ဖြစ်နိုင်ရင် ရန်သူကို အပေါ်စီးမှာ မထားသင့်ဘူးမလား။ အခုတော့ ကိုယ်ကြိုက်တဲ့နေရာ စခန်းဆောက်လို့ရတဲ့ကိစ္စကို ဘယ်နှယ့်လုပ် တောင်ကြားအောက်ခြေမှာ လာတည်ထားရသလဲတော့ အထက်က ရွှေဉာဏ်တော်စူးရောက်သူတွေပဲ သိနိုင်မယ်။ စစ်သားဆိုတာကလည်း ပေးအပ်တဲ့အမိန့်တာဝန်ကို ထမ်းဆောင်ရမှာဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ။ သူတို့စခန်းကိုတော့ နေ့တိုင်းနီးပါး ရန်သူတွေက လာလာပစ်ကြတယ်။ အားနေ သေနတ်ပစ်လာစမ်းတယ်ထင်ပါတယ်။ မော်တာနဲ့ပစ်မှပဲ ပြန်ပြေးသွားကြတာများတယ်။ အဲလိုနဲ့ သူတို့တပ်ဖွဲ့က အရာရှိတွေလည်း တယောက်ပြီး တယောက်ပြောင်းသွားကြပြီး အာဖဂန်ရွေးကောက်ပွဲပြီးနောက် သူတို့တပ်တွေ ရုပ်သိမ်းကာနီး ဆဲဆဲစခန်းမှာ တပ်ကြပ်သာ ရာထူးအကြီးဆုံးရှိတဲ့ အချိန်2009ခုနှစ် October 3ရက်နေ့ မှာပဲ တိုက်ပွဲတခုဖြစ်ပေါ်လာခဲ့တော့တယ်။ သူတို့မှာ ရှိတာက စုစုပေါင်းအမေရိကန် စစ်သည် 40ကျော်နဲ့ အာဖဂန်စစ်သည် ANA တွေ 50 ကျော်လောက်ပဲရှိတဲ့နေရာ။ ဝင်တိုက်တဲ့ တာလီဘန်တွေကတော့ 300 လောက်ရှိမယ်။ နေရာအရလည်း အသာစီးမရ လူအင်အားနဲ့ လက်နက်အင်အားလည်းကွာ လေကြောင်းပစ်ကူကလည်း ချက်ချင်းမလာနိုင်တဲ့နေရာ။ ဒီကြားထဲ ANA လို့ခေါ်တဲ့ အာဖဂန်စစ်သားတွေက အကုန်ထွက်ပြေးသွားကြတော့ လေကြောင်းပစ်ကူနဲ့ တပ်ကူတွေ လာတဲ့အထိ သူတို့ ခံတိုက်ထားနိုင်မလားဆိုတာကိုတော့ ဆက်လက် ရှုစားလိုက်ကြပါအုံး။ File Size : ( 1 GB , 358 MB) Quality : WEB DL 720p Running Time : 2 hr 03 min Format : Mp4 Genre : Drama , History , War Subtitle : Myanmar Subtitle (Hard Sub) Translated by NightFury Encoded by Moe Myint Lwin

Comedy • Horror • Science Fiction
6.9 2020 123 mins
The Outpost
The Battle at Lake Changjin I
6.2

တရုတ်မှာထုတ်လုပ်ရေးကုန်ကျစရိတ်အများဆုံးဇာတ်ကားဖြစ်တဲ့ စစ်ကားကြီးကို CMပရိသတ်ကြီးကိုတင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာကုန်ကျစရိတ်အများဆုံးဖြစ်သလို ရုံတင်ဝင်ငွေ ဒေါ်လာ ၉၁၃သန်းထိရရှိခဲ့ပြီး တရုတ်နိုင်ငံအတွင်းရောင်းအားအကောင်းဆုံးဇာတ်ကားလဲဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းကိုပြောရမယ်ဆိုရင်တော့ အမေရိကန်စစ်တပ်ကိုတော်လှန်ဖို့မြောက်ကိုရီးယားကိုကူတိုက်တဲ့ ဒုတိယစစ်ပွဲအတွင်းမှာ Chang Jin ရေကန်တိုက်ပွဲကို နောက်ခံထားပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အအေးဓာတ်လွန်ကဲတဲ့ပတ်ဝန်းကျင်အောက်မှာ တရုတ်စစ်တပ်ဟာ သံမဏိလိုမာကျောတဲ့စိတ်ဓာတ်နဲ့ အကြောက်အလန့်မရှိတိုက်ပွဲဝင်ပြီး စစ်ရေးအခြေနေကိုပြောင်းပြန်လှန်ခဲ့ပုံကို တခန်းတနားရိုက်ကူးထားတာဖြစ်ပါတယ်။ တရုတ်သမိုင်းမှာရဲဘော်တွေရဲ့ပေးဆပ်စွန့်စားခဲ့ပုံကို တင်ဆက်ပုံတွေကပီပြင်ပြီး နာမည်ကြီးသရုပ်ဆောင်တွေပါဝင်သလို သရုပ်ဆောင်ချက်တွေကလဲအပိုအလိုမရှိတဲ့အပြင် ပျိုမေတို့ရဲ့အသဲကျော်ပဲလှော် TF BOYSမှJackson Yeeလေးလဲပါဝင်သရုပ်ဆောင်ထားတဲ့အတွက် ကြည့်ဖို့ထိုက်တန်စစ်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်။

Drama • History • Thriller
6.2 2021
The Battle at Lake Changjin I
Checkin’ It Twice
7

Checkin’ It Twice (2023) ================== IMDb Rating – 7.0/10 ခရစ်စမတ်နားနီးလာပြီဆိုတော့ ခရစ်စမတ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရေခဲပြင် ဟော်ကီ ကစားသမား ဘရစ်နဲ့ အိမ်ခြံမြေအကျိူးဆောင် အက်ရှလေတို့ နှစ်ယောက်သား ခရစ်စမတ်ပိတ်ရက်ပြန်ကျရင်းနဲ့ မြို့တစ်မြို့မှာ သွားစုံမိရင်း အကြောင်းကြောင်းတွေကြောင့် ရင်းနှီး ဖို့အကြောင်းဖန်လာခဲ့သည်ပေါ့။ တခြားအချစ်ဒရမ်မာကားတွေလို မဟုတ်ပဲ အသက် ၃၀ ကျော် အပျိုကြီး လူပျိူကြီး စာရင်းထဲဝင်ဖို့ ဆိုင်းပြင်းနေတဲ့ လူနှစ်ယောက် ကြားက ဇာတ်လမ်းလေးပေါ့။ နှစ်ယောက်သားရဲ့ ဘဝအခြေအနေ ဇာတ်ကြောင်းတွေနဲ့ မိသားစုနွေးထွေးမှုလေးတွေကို စုပေါင်းတင် ဆက်ထားတဲ့ ကားလေးဖြစ်လို့ အေးအေးဆေးဆေးလေးနဲ့ ခရစ်စ မတ်အချစ်ကားလေး ခံစားချင်သူတွေအတွက် သင့်တော်တဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.82 GB) / (672 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thetti Tun Encoder……….SWM

7 2023
Checkin’ It Twice
[18+] Nude Model

ကြော်ငြာတွေကို ဖန်တီးရတဲ့ ဒါရိုက်တာဂန်အင်နာက ကြော်ငြာတွေကို ဖန်တီးလိုက် သူ့ချစ်သူ ပရိုဂျူဆာလေးနဲ့ ချစ်ကြည်နူးလိုက်နဲ့ ဘဝလေးက သာယာနေတာပေါ့ ဒါပေမဲ့ တစ်နေ့မှာ သူ့အခန်းထဲမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားနဲ့ ပတ်သက်ပြီးတော့ သူ့ချစ်သူကောင်မလေးက ဘဝင်မကျကြောင်း ဖြုတ်ပစ်စေချင်ကြောင်း ပြောလာတယ် အဲဒီပန်းချီကားလေးက သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားဖြစ်ပြီးတော့ ကိုယ်လုံးတီးဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံဖြစ်တယ် အဲဒါက ဒါရိုက်တာဖြစ်ဖို မရွေးချယ်ခင်မှာ ပန်းချီဆရာဖြစ်ဖို စိတ်ကူးအိပ်မက်နဲ့ နောက်ဆုံး ရေးခြယ်ခဲ့တဲ့ ပန်းချီကားဖြစ်တာကြောင့် သူ့ချစ်သူ ဘဝင်မကျကြောင်းပြောတဲ့အခါမှာ အဲဒီပန်းချီကားရေးဆွဲခဲ့ပုံ အမှတ်တရတွကို ပြန်လည် အောက်မေ့လာခဲ့မိတယ် အဲဒီနောက်မှာ ပန်းချီကားထဲက မော်ဒယ်လေးနဲ့ ‌ပြန်ဆုံခဲ့တဲ့အခါမှာတော့ … ဘာတွေ ဆက်ဖြစ်မလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါနော် ချစ်ကြည်နူးပုံတွေ ကွက်ကွက်ကွင်းကွင်းပါတာမို မိသားစုနဲ့ ကြည့်ရှုဖို မသင့်တော်ပါဘူးနော် File Size : 1.44GB / 511MB Quality : WEB-DL 1080P / 720p Format…mp4 Duration…01:02:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2016
[18+] Nude Model
Following the Sound
6.1

Following The Sound (2023) ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဒါရိုက်တာSugita Kyoshi ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟာရုဆိုတဲ့ကောင်မ‌‌လေးဟာ ယူကီကိုရဲ့ မျက်နှာမှာ ဝမ်းနည်းနေတဲ့ပုံရိပ်တွေကို မြင်ရပြီး လမ်းမေးချင်ယောင်ဟန်ဆောင်ပြီး ယူကီနားအနားကို ချဉ်းကပ်ရင်း သူ့ရဲ့ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ပေးဖို့ ကြိုးစားပါတယ်။ ပြီးတော့ ဟာရုတက်နေတဲ့ ရုပ်ရှင်ဖန်တီးရေး သင်တန်းကနေ ကိုယ့်မိသားစု၊ သူငယ်ချင်း၊ ဒါမှမဟုတ် အပေါင်းအသင်းမိတ်ဆွေတွေအပေါ်ကို ပြောချင်တဲ့စကားလေးတွေကို ဇာတ်လမ်းအနေနဲ့ ဖန်တီးခိုင်းပါတယ်။ ဒီတော့ ဟာရုလေးဟာ ယူကီကိုရဲ့ အထီးကျန်ဆန်တဲ့ ဝမ်းနည်းမှု တွေကို ဖြေဖျောက်ပေးရင်း သင်တန်းကနေ လုပ်ခိုင်းလာတဲ့ ဇာတ်လမ်းကို ဘယ်လိုတွေ ပုံဖော်သွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Char Ou ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 874MB | 366MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Char Ou Encoder ….. Aaron

6.1 2023 84 mins
Following the Sound
Slow Video
6.3

၂၀၁၄ က ထွက်ရှိခဲ့တဲ့ ကိုးရီးယား ဟာသဒရာမာ ဇာတ်ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင် မင်းသားက အူကြောင်ကြောင် ဟာသ ဇာတ်ရုပ် တွေနဲ့ လူသိများတဲ့ ချာထယ်ဟွန်း ပါ၊ ဒီဇာတ်ကားမှာဆိုရင် ဇာတ်ကောင်စရိုက်ကို အပိုလိုမရှိ ကွက်တိကျအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျန်ဘူဆိုတဲ့ ကောင်လေးက ထူးဆန်းတဲ့ မျက်စိဝေဒနာ တစ်ခုကို အသက် ဆယ်နှစ်သားအရွယ်မှာ စပြီး ခံစားခဲ့ရပါတယ်။ သူ့ဝေဒနာက အာရုံစိုက်ပြီး ကြည့်လိုက်တဲ့အခါမှာ ရုပ်ရှင် အနှေးပြကွက်လိုမျိုး မြင်ကွင်းတွေကို မြင်ရတာပါ။ သူ့ကို ငကြောင်ဆိုပြီး ကျောင်းမှာ အနိုင်ကျင့်မှုတွေ ခံရပြီးနောက် အိမ်ထဲက အိမ်ပြင်မထွက်တော့ဘဲ တီဗီဇာတ်လမ်းတွဲတွေ ကြည့်ပြီး အခန်းထဲမှာ အချိန်ကုန်ဆုံးခဲ့ပါတယ်။ လူတွေနဲ့ အထိအတွေ့ သိပ်မရှိဘဲ အူကြောင်ကြောင်ငတိ ဂျန်ဘူက လုံခြုံရေး စီစီတီဗီတွေကို စောင့်ကြည့်ရတဲ့ ဌာနမှာ အချိန်ပိုင်း အလုပ်ရပြီးနောက် ဘယ်လိုအဖြစ်အပျက်တွေ ကြုံတွေ့ရမလဲ။ ကလေးဘဝက crush ခဲ့ရတဲ့ သူငယ်ချင်းမလေး ဆူမီနဲ့ လမ်းမှာ ပြန်တွေ့တဲ့အခါ ဘယ်လို အလွဲတွေ ဖြစ်ကြမလဲဆိုတာ ရယ်မောဖွယ် ဟာသလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…1.53GB / 736MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Romance • Comedy • Drama
6.3 2014
Slow Video
Zadra

ဇာဒရာကတော့ သာမာန်ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတယောက်ဖြစ်ပြီး အောင်မြင်တဲ့ ရက်ပါတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ။ သာမာန်ချိန်တွေမှာတော့ ပုံမှန်ဆယ်ကျော်သက်ကောင်မလေးဆိုပေမဲ့ မိုက်ကိုင်လိုက်ပြီဆိုတာနဲ့ သူ့ရဲ့ ပါရမီတွေထွက်လာပြီး အကောင်းဆုံးရက်ပ်တွေဆိုနိုင်ခဲ့ပါတယ်။ သူ့ကို နောက်ကွယ်ကနေ အားပေးနေကြတဲ့ ဘာ့တစ်ခ်ဆိုတဲ့ ရည်းစားကောင်လေးအပြင် ဂျက်စတိဆိုတဲ့ သူငယ်ချင်းကောင်မလေးလည်းရှိပါသေးတယ်။ ဒါပေမဲ့ ရက်ပ်လောကလို အမျိုးသားအများစုကြီးစိုးထားတဲ့ လောကမှာ ဇာဒရာ လိုတက်သစ်စရက်ပါမလေးတယောက်အနေနဲ့ အောင်မြင်ဖို့ကခက်ခဲလှပါတယ်။ ဒီလိုခက်ခဲတဲ့ အခြေအနေတွေကို ဇာဒရာတစ်ယောက် ဘယ်လိုကျော်ဖြတ်ပြီး သူ့အိပ်မက်တွေကို အကောင်အထည်ဖော်မလဲဆိုတာ လိုက်ပါစီးမြောကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.7 GB)/(840 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMR

0 2022
Zadra
The Unexpected Man
5.2

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့… ချန်ကျန်းဟာ အရမ်းတော်တဲ့သင်္ချာ ပညာရှင်တစ်ယောက်ဖြစ်ပါတယ် သူဟာ ဘဏ်မှာ စာရင်းသွင်းဖို့သွားရင်း ဘဏ်ဓားပြတိုက်မှုတစ်ခုကို ကြုံခဲ့ရပါတယ် အဲ့ဒီနောက်မှာ ရဲတွေကို လုယက်သူတွေကိုဖမ်းဖို့ မျက်မြင်သက်သေ တစ်ယောက်အနေနဲ့ သူ့ရဲ့သချာ်စွမ်းရည်ကိုအသုံးချကာ ကြီးမားစွာ အကူအညီပေးခဲ့ပြီး ကိန်းဂဏန်းဝိဇ္ဇာလို့ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပါတယ် အဲ့ဒီအချိန်မှာ အကြမ်းဖက်သမားတစ်ယောက်က ကိန်းဂဏန်းဝိဇ္ဇာချန်ကျန်းကို ရည်ရွယ်ပြီး မြို့ထဲမှာ ဗုံးတွေဆင်ကာ ပညာစမ်းပါတော့တယ် အကြမ်းဖက်သမားလက်ထဲကနေ အပြစ်မဲ့သူတွေကို ချန်ကျန်းတစ်ယောက် ရဲအရာရှိတွေနဲ့ပူးပေါင်းပြီး သူ့ပညာတွေကို ဘယ်လိုအသုံးချ ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်

5.2 2021
The Unexpected Man
Wake up and Die

Wake up and Die (2011) ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ထွက် ကိုလံဘီယာ သည်းထိတ်ရင်ဖိုကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ … ကာမီလာဆိုတဲ့ ကောင်မလေးဟာ သူစိမ်းယောကျ်ားတစ်ယောက်ရဲ့ အိပ်ယာပေါ်မှာ နိုးလာပါတယ် ။ ဒီယောကျ်ားကို ဘားမှာတွေ့ပြီး သူ့အိမ်မှာတစ်ညတာအတူကုန်ဆုံးခဲ့တာပါ။ မနက်အိပ်ယာနိုးတဲ့အခါ ဒီသူစိမ်းယောကျ်ားက သဘောကောင်းသလိုရှိပေမယ့် သိပ်မကြာခင်မှာပဲ ကာမီလာကို အကြောင်းအရင်းမရှိသတ်ပစ်လိုက်ပါတယ်။ ကာမီလာဟာ သူ့အသတ်ခံရတဲ့မနက်မှာပဲ ပြန်ပြန်နိုးလာပြီး ထပ်ခါတလဲလဲ ဒီယောကျ်ားသတ်တာကိုခံရင်း သံသရာလည် ပြန်လမ်းမရှိဖြစ်နေပါတယ်။ ဒီယောကျ်ားက ဘယ်သူလဲ ။ ဘာကြောင့် ကာမီလာကို သတ်ချင်ရတာလဲ။ ကာမီလာတစ်ယောက် သူ့အကြောင်းကိုဘယ်လိုသိအောင်လုပ်ပြီး ဒီမရဏအိမ်ထဲကနေ ဘယ်လိုလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာ ရင်တမမနဲ့ကြည့်ရမှာပါ။ သည်းထိတ်ရင်ဖိုကြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် Wake Up and Die ဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ အဖော်အချွတ်ခန်းတွေပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့အဆင်မပြေနိုင်ပါ။ (Dark Side Production မှ တင်ဆက်သည်။)

Drama • History
0 2011
Wake up and Die
Death at a Funeral
5.7

Death at a Funeral (2010) IMDb…5.7 ရယ်မောစရာ ဇာတ်လမ်းကောင်းတွေကို ကြည့်ရှူချင်ကြတဲ့ ပရိတ်သတ်တွေအတွက် IMDb – 5.4/10 ရှိတဲ့ Death at a Funeral ဆိုတဲ့၂၀၁၀ထွက် ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးချင်ပါတယ်…. ရုပ်မြင်ရင်ကိုရယ်ဖို့ကောင်းနေတဲ့ Martin Lawrence ကြီးအပြင် အခြားနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာပါဝင်ထားလေရဲ့…. အသုဘနဲ့ဟာသဆိုတာ ဘယ်လိုမှမနီးစပ်နိုင်ဘူးလို့ ထင်စရာကောင်းတဲ့အရာတွေပါ… ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ အသုဘတစ်ခုကို ဖန်တီးလိုက်ကြပြီး နာမည်ကြီးလူမည်းဟာသသရုပ်ဆောင်တွေကို အသုဘတစ်ခုမှာ တွေ့ဆုံပေးလိုက်ခြင်းအားဖြင့် မရယ်မောဘဲ မနေနိုင်စေတဲ့ တလွဲတချော်ဖြစ်ရပ်တွေကိုအခြေတည်ပြီးတော့ ပေါ့ပေ့ါပါးပါး ရယ်မောစရာကိစ္စတွေထဲမှာ လေးနက်တဲ့လူ့ဘဝအဓိပ္ပာယ်တွေကို ပါးပါးလေးထည့်ထားတာ မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ လူမည်းတစ်ယောက်ဖြစ်တဲ့ အက်ဒ်ဝပ်ရဲ့ အသုဘမှာ လူမည်း လူဖြူမိတ်ဆွေတွေ လာရောက်ဆုံစည်းကြရင်း မသေခင်ကလျှို့ဝှက်ချက်တစ်ခုပေါ်ပေါက်လာတဲ့အခါ သူ့ရဲ့သားတွေ ဒီလျှို့ဝှက်ချက်ကို လိုက်လံဖုံးဖိကြတာပဲဖြစ်ပါတယ်… ကြည့်ရှုခံစားတော်မူကြပ…. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်… File Size : 2.65GB and 839MB Quality : 1080p HEVC and 720p Blu-Ray Format…mkv, mp4 Duration…01:30:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Aaron

Thriller • Crime • Mystery
5.7 2010 92 mins
Death at a Funeral
O’Dessa

CM ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ Stranger Things မှ Max Mayfield အဖြစ် ပရိသတ်တွေ ချစ်ခဲ့ကြတဲ့ Sadie Sink ရဲ့ “ODessa” ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို ဂီတသူရဲကောင်းတစ်ဦးအဖြစ် မြင်တွေရမှာပါ။ Max ဟာ ဒီကားထဲမှာ charater အသစ်တစ်မျိုးဖြစ်တဲ့ အိုဒက်ဆာ ဂယ်လိုဝေး အဖြစ် ပါ၀င်သရုပ်ဆောင်ထားပါတယ်။ စိတ်ကူးယဉ်ရုပ်ရှင်ဖြစ်တဲ့အတွက် ဇာတ်လမ်းဖွဲ့စည်းပုံက အနည်းငယ်ရှုပ်ထွေးနိုင်ပါတယ်။ ဒါပေမယ့် ဒီကားလေးဟာ Max(Sadie Sink) ရဲ့ ပရိသတ်တွေသာမက ဂီတ ကို ချစ်ပြီး စိတ်ကူးယဥ်ရုပ်ရှင်‌ တွေကြိုက်ကြတဲ့ ပရိတ်သတ်တွေအတွက် မလွတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်လို့ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ File size… (1.5 GB) / (967 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Music Drama, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

0 2025
O’Dessa