YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Like the Galaxy E07 CM.mp4

232.42 MB N/A video/mp4 2386 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jothi
7

IMDb 9.1/10 ရထားတဲ့ တမီးလ်ကားကောင်း Thriller ကားသစ် လေးလာပါပြီ ကမ္ဘာတစ်ဝှမ်းမှာ ကလေးပျောက် ကလေးလူကုန်ကူးခံရမှုတွေ များလာခြင်းမှာ ဂျိုသီတိုမြိုလေးလည်း ခြွင်းချက်မရှိခဲ့ပါဘူး ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဂျိုသီက သူမွေးဖွားလာမယ့် ကလေးလေး မတော်တဆ ပြန်ပေးဆွဲခံရရင် ဘယ်လိုလုပ်မလဲလို တွေးပူနေတဲ့မိခင်တစ်ယောက်ဖြစ်နေရာကနေ သူယောကျ်ားဆရာဝန်ဖြစ်သူ အဝေးကို အလုပ်ကိစ္စနဲ့သွားရချိန် တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ သူစိတ်ပူခဲ့တဲ့အတိုင်းထက်အလွန် မွေးတောင်မမွေးရသေးတဲ့ကလေးကို အတင်းအကြပ် ဗိုက်ဖွင့်ပြီး ထုတ်ယူပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် ညကြီးမိုးချုပ် မိုးကာဝတ်ပြီး ပညာသည်တစ်ယောက်ရဲ့ လက်ရာအတိုင် း သေသပ်စွာ ဗိုက်ခွဲထုတ်ယူကလေးမွေးပြီး လျှိဝှက်စွာလာရောက် ပြန်ပေးဆွဲသွားတဲ့ တရားခံက ဘယ်သူလဲဆိုတာကို မြိုနယ်ရဲမှူး ရှက်သီနဲ့အဖွဲ အပြင်းအထန်ထုတ်ဖော်ကြရတော့တယ် စစ်ဆေးချက်တွေ သက်သေတွေ မှတ်တမ်းတွေအရ တရားခံဖြစ်နိုင်တဲ့ သံသယရှိသူတွေကို လိုက်ရှာရင်း သံသယရှိသူအရေအတွက်များလာတဲ့အခါ ရဲမှူးရှက်သီရဲ့ မာနကို ထိခိုက်လာသလိုဖြစ်လာတယ် တရားခံသံသယရှိသူတွေရော ဘယ်နှယောက်တိုးလာပြီး တရားခံအစစ်ကဘယ်သူလဲ ရဲမှူးဖြစ်သူရဲ့ မာနထိခိုက်ခံရမှုကို ရဲမှူးက တရားခံကို ဖမ်းပြပြီး အစွမ်းပြနိုင်မှာလား စတာတွေကို အတော်လေး စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ Run time လည်း သိပ်မကြာတဲ့အပြင် လူအင်အားများများနဲ့ ခပ်သွက်သွက်လေး ရိုက်ကူးတင်ဆက်ထားတာမို ကြည့်ရတာ တော်တော်မြိုင်ပါတယ် တချိုအပိုင်းလေးတွေတော့ သွေးထွက်သံယိုလေးတွေရှိလို သက်ဆိုင်သူများ သတိထားကြည့်ရင် အဆင်ပြေပါလိမ့်မယ် File size…5.68GB / 1.76GB / 854MB Quality…4k UHD HEVC  / 1080p True WEB DL  AAC 5.1CH  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jerrica & Kham Mon & Thet Ko

Animation • Comedy • Family
7 2022 115 mins
Jothi
Haywire
5.7

ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်. . မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲက မင်းသမီးချောလေး Gina Carano ပါဗျာ... တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ... ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက် သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့ အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီး သူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့ အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်.. File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Mystery • Thriller
5.7 2011 93 mins
Haywire
Argantara
1.8

Argantara (2022) ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းမှာ စာတော်ပြီး လိမ္မာယဉ်ကျေးတဲ့ Syera နဲ့ ကျောင်းရဲ့လူဆိုးလေး Arga ရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ Arga က သူ့သူငယ်ချင်းအဖွဲ့နဲ့ ဆိုင်ကယ်အမြဲတမ်းပတ်စီးနေပြီးတော့ အမြဲတမ်းရန်ဖြစ်နေလို့ Syera က သူ့ကို မကြည့်မရပါဘူး။ ဒါပေမဲ့ Arga ရဲ့အဖေ မဆုံးခင်မှာ Syera ရဲ့အဖေနဲ့ သူငယ်ချင်းအချင်းချင်းထားခဲ့ကြတဲ့ကတိကြောင့် သူတို့နှစ်ယောက် အသက်မပြည့်သေးခင်မှာ လက်ထပ်ရဖို့ဖြစ်လာပါတယ်။ ကျောင်းကသိသွားရင် ကျောင်းထုတ်ခံရမှာစိုးလို့ လက်ထပ်တဲ့ကိစ္စကို လျှို့ဝှက်ထားပေမယ့် အနေနီးစပ်မှုကြောင့် ချစ်မိသွားကြပြီး Syera က ကိုယ်ဝန်ရှိသွားပါတယ်။ Syera ကိုယ်ဝန်ရှိလာတဲ့အချိန်မှာပဲ Arga တို့အဖွဲ့နဲ့မတည့်တဲ့ တခြားဂိုဏ်းတစ်ခုက ဆက်တိုက်ရန်ပြုလာတာကြောင့် Arga က သူ့သူငယ်ချင်းတွေကိုပဲ အချိန်ပေးနေလို့ဆိုပြီး အိမ်ထောင်ရေးအဆင်မပြေတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ Syera ရဲ့ကိုယ်ဝန်ကြောင့် ကျောင်းထုတ်ခံရမလား၊ Arga ရဲ့ ရန်ပွဲတွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ကြရအောင်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။

Action & Adventure • Sci-Fi & Fantasy
1.8 2022 105 mins
Argantara
Little Women
7.9

ဒီတစ်ခါတော့ စူပါဟီးရိုးတွေ၊ ဆန်းပြားတဲ့အချစ်ဇာတ်လမ်းတွေ၊ လှည့်ကွက်တွေဆိုတာတွေကို မေ့ပြီး အရိုးရှင်းဆုံး အလှပဆုံးလေး ခံစားကြည့်ရအောင်။ Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန် စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီး ရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။ မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။ စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့ Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ ဇတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လို လူဘဝတွေအကြောင်းကို အေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။ မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။ တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။ Saoirse Ronan, Emma Watson, Florence Pugh, Eliza Scanlen, Laura Dern, Timothee Chalamet, Meryl Streep နဲ့ အခြား ဆရာ့ဆရာကြီးတွေပါဝင်ထားပါတယ်။ cast နာမည်နဲ့တင် ဖျားလောက်စရာကောင်းသလို အော်စကာ ၆ ဆု ဆန်ကာတင်တာလည်းလွန်တယ်မထင်ပါဘူး။ ဒါလေး ဘာသာပြန်တင်ပေးခွင့်ရတာ ဝမ်းသာပါတယ်။ ကြိုက်တတ်တဲ့သူတွေ အားပေးနိုင်ပါပြီ။ File Size : ( 1 GB , 368 MB ) Quality : WEB-DL 720p Running Time : 2 hr 15 min Format : Mp4 Genre : Drama , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama
7.9 2019 135 mins
Little Women
Look Both Ways
6.4

Look Both Ways (2022) ================= IMDb Rating – 6.4/10 ဘဝအတွက် ရေရှည်စီမံကိန်းတွေဆွဲပြီး စနစ်တကျ တည်ဆောက် ထားပေမယ့် ကံကြမ္မာအပြောင်းအလဲတစ်ခုကြောင့် စီမံကိန်းတွေ ပျက်စီးသွားပြီး မထင်မှတ်ထားတဲ့ လမ်းကြောင်းပေါ် ရောက်သွားရတဲ့ အဖြစ်မျိုးက အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်မှာပါ။ ဘဝမျှော်မှန်းချက်တွေအပြည့်နဲ့ နက် ဆိုတဲ့ ကောင်မလေးတစ်ယောက် ကလည်း ဘွဲ့ရရင် အယ်လ်အေမှာ အလုပ်သွားလုပ်မယ်ဆိုပြီး ငါးနှစ်တာ စီမံကိန်းတွေနဲ့ လူငယ်တစ်ယောက်ပါ။ နက် တို့ ဘွဲ့ရတဲ့ ပါတီညမှာ သူငယ်ချင်းဖြစ်သူ ဂေ့ဘ်နဲ့ လူငယ်သဘာဝ ကျူးလွန်မိကြပြီး အကာအကွယ်သုံးကြပေမယ့် မမျှော်လင့်ဘဲ နက် တစ်ယောက် ကိုယ်ဝန်ရှိသွားခဲ့တယ်။ ဗိုက်ထဲမှာ လူမမည်ကလေးလေးတစ်ယောက် ကပ်တွယ်နေပြီဆိုတာ သိလိုက်ရတဲ့ နက် အတွက် သူ့ရဲ့ ငါးနှစ်တာ စီမံကိန်းကို ပစ်ပြီး မိဘတွေ အိမ်ကိုပြန် ဂေ့ဘ်နဲ့တူတူ ကလေးကို စောင့်ရှောက်ဖို့ ကြိုးစားရပါတော့တယ်။ မိခင်တစ်ဖြစ်လဲ နက်ဟာ သူငယ်ချင်းတွေ အယ်လ်အေမှာ အလုပ်လုပ် နေကြတဲ့ ပုံတွေကို မြင်တိုင်း အဲဒီမှာ ရှိနေသင့်တဲ့ သူ့ရဲ့ဘဝနဲ့ လက်ရှိမိခင် ဘဝကို ယှဉ်တွေးကြည့်ပုံတွေကို မြင်တွေ့ရမှာပါ။ တစ်ခါတရံမှာ ဘဝဟာ ကိုယ်ထင်ထားသလို ဖြစ်မလာပေမယ့်လည်း ရတဲ့ဘဝမှာ ဘယ်လို အကောင်းဆုံးကြိုးစားရပ်တည်သင့်လဲဆိုတဲ့ အရာ တွေကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးမို့ လူငယ်ပရိသတ်တွေ အကြိုက် တွေ့ကြမယ်လို့ ထင်ပါတယ်။ Netflix ကနေ အသစ်ထွက်ရှိလာတဲ့ IMDb Rating 6.4/10 ရထားတဲ့ လူငယ်ကိုယ်စားပြုဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နက်အဖြစ် မင်းသမီးချောလေး Lili Reinhartက သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soeမှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naingတို့ဖြစ်ပါတယ်)

Comedy • Family
6.4 2022
Look Both Ways
Night Moves
6

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

6 2013
Night Moves
Tinker Bell and the Lost Treasure
6.6

Tinker Bell and the Lost Treasure (2009) ============================ IMDb Rating – 6.6/10 အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မော စရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက် တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ် ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြား မျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့ အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ် ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့ တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေး ရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့ နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.72 GB) / (860 MB) / (512 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 21Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Myaing Encoder……….SWM

Horror • Drama
6.6 2009
Tinker Bell and the Lost Treasure
In the Land of Blood and Honey

ဒီကနေ့မှာတော့ CM ပရိတ်သတ်တွေအတွက် မင်းသမီးကြီး Angelina Jolie ကိုယ်တိုင် ဒါရိုက်တာလုပ်ထားတဲ့စစ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်အိမ်ကတော့ ဒုတိယကမ္ဘာစစ်အပြီး၁၉၉၀ နှောင်းပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ ဘော့စ်နီးယားစစ်ပွဲကိုကျောရိုးယူထားပြိီး တစ်ဖက်တချက်ကရန်သူတွေဖြစ်တဲ့ ဆာဗေးရီးရားဗိုလ်ကြီး ဒန်နီရယ်နှင့် ဘော့စ်နီးယားအရပ်သူမလေး အိုင်လာတို့ရဲ့အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ စစ်ကြီးမဖြစ်ခင်တည်းကသူတို့နှစ်ဦးဆုံခဲ့ချစ်ကြိုက်ခဲ့ကြပြီး၊ စစ်ဖြစ်လာတော့ အထက်ကအမိန့် အထူးသဖြင့်အဖေဖြစ်သူဗိုလ်ချုပ်ကြီးရဲ့ အမိန့်ကိုမလွန်ဆန်ရဲတဲ့ ဒန်နီရယ်ဟာတာဝန်အတိုင်းလုပ်ရပါတော့တယ် ၊ ထိုအချိန် စခန်းကိုဖမ်းခေါ်ခံလာရတဲ့ထဲ အိုင်လာ ပါလာတော့နှစ်ယောက်ပြန်ဆုံကြပြီး၊ ဒန်နီရယ်ကလည်းအိုင်လာကိုတတ်နိုင်သလောက်သူ့လက်အောက်မှာကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ အချစ်နဲ့စစ်မှာမတရားတာမရှိဘူးဆိုပေမဲ့လည်း သူတို့နှစ်ဦးအချစ်စစ်နဲ့တွေ့တဲ့အခါမှာ ကံကြမ္မာကမျက်နှာသာမပေးတော့ မတရားတာတွေပဲခါးစည်းခံလာရတဲ့အခါ နှစ်ယောက်အချစ်တည်မြဲနိုင်ပါ့မလား…..။ ဥရောပရဲ့ထိခိုက်ဆုံးရှုံးမှုအများဆုံးစစ်ပွဲတွေထဲမှတစ်ပွဲဖြစ်တဲ့ ဘော့စ်နီးယားစစ်ပွဲအကြောင်းနားလည်လွယ်အောင်ရိုက်ပြထားတာမို့လို့ စစ်ကားနဲ့သမိုင်းအကြောင်းစိတ်ဝင်စားသူတွေအတွက်ဆို ဒီဇာတ်ကားလေးအကြံပြုပေးချင်ပါတယ်၊ ( R*pe အခန်းများ၊အတူနေတဲ့အခန်းများပါတာမို့ မိသားစုနဲ့ကြည့်ရှု့ဖို့မသင့်တော်ပါဘူး) File size…(2.1 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Drama, Romance, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2011
In the Land of Blood and Honey
The Accused
7.1

The Accused (1988) ~ IMDb – 7.1/10, RT – 93%, Meta – 65% ~ “လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်” ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ လူတွေမှာပါ အပြစ်ရှိတယ်လို့ ယူဆတဲ့အတွက် ပုဒ်မ ၃၇၃ ကိုင်ပြီး တရားစွဲဖို့ကြိုးပမ်းကြတယ်။ ရုပ်ရှင်ကိုကြည့်ရင်တော့ တရားရင်ဆိုင်ကြတာပဲ ဆိုပေမဲ့ ဒီတရားခွင်ဟာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေအပေါ် လူတွေရဲ့အမြင်ကို ပွင့်စေခဲ့တယ်။ မုဒိမ်းမှုအတွက် ဆာရာအနေနဲ့ အရက်သောက်ထားတယ်၊ အတိုင်ရှို့ထားတယ်၊ ဝတ်ဆင်ပုံရိုင်းတယ်။ အဲဒီအချက်တွေကိုကိုင်ပြီး တရားခံတွေဘက်က မိန်းကလေးဟာ မုဒိမ်းကျင့်ခံရဖို့ ဖိတ်ခေါ်နေသလိုဖြစ်ကြောင်း ဖိပြောပြီး မုဒိမ်းတရားခံတွေကို ရမ်းကားမှုနဲ့ပဲ ထောင်သက်တို ချမှတ်စေခဲ့တာပေါ့။ Victim Blaming လုပ်လိုက်တာပါပဲ။ သိပ်ကိုမတရားမှန်းသိသာနေတာကြောင့် ရှေ့နေမာဖီအနေနဲ့ ဘေးက ရပ်ကြည့်အားပေးခဲ့တဲ့လူတွေကိုပါ တရားစွဲဖို့ဖြစ်လာခဲ့တယ်။ ဒီတရားခွင်က အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီလို ရာဇဝတ်အားပေးမှုမှာသာ နစ်နာသူဘက်ကနိုင်ရင် မုဒိမ်းမှုအစား ရမ်းကားမှုနဲ့ ထောင်ကျနေတဲ့ တရားခံ ၃ ယောက်ကပါ ထောင်ဒဏ်အပြည့်ကျခံရမယ်။ ဘေးကအားပေးတဲ့လူတွေလည်း ထိုက်သင့်တဲ့ထောင်ဒဏ်ကျခံရမယ်ပေါ့။ ဇာတ်လမ်းအရ ဖြစ်ရပ်မှန်ကို မှီငြမ်းထားတာဖြစ်တာကြောင့် Plot Twist တွေ ပါတယ်ဆိုရုံလောက်ပဲပါပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်က ပရိသတ်တွေကို ဟာခနဲ ဟင်ခနဲ ဖြစ်စေချင်တာမဟုတ်ဘဲ တရားဥပဒေကို ပိုနားလည်ကြဖို့နဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုတွေကဖြစ်လာတဲ့ နစ်နာသူဘက်က ခံစားချက်တွေကို နားလည်စေဖို့ ရည်ရွယ်ပါတယ်။ တရားဥပဒေရေးရာ ရုပ်ရှင်ဆိုပေမဲ့ ဥပဒေရေးရာ စကားရပ်တွေ ပြွတ်သိပ်သုံးထားတာမဟုတ်ဘဲ ဇာတ်လမ်းကို နောက်ဆုံးတရားခွင်အထိ စိတ်ဝင်စားစရာကောင်းအောင်ဆွဲခေါ်သွားနိုင်ပါတယ်။ အဖော်အချွတ်ပြကွက်တချို့နဲ့ ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတွေ ပါဝင်တာကြောင့် ကလေးသူငယ်များကြည့်ရှုရန်မသင့်တော်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 975MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 51Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Fantasy • Action • Thriller • Science Fiction • Horror
7.1 1988 111 mins
The Accused
Goodnight Mommy
5.7

Goodnight Mommy (2022) ==================== IMDb Rating – 5.7/10 Horror ဆိုပေမဲ့ ပြူးပြူးပြဲပြဲကြောက်စရာတွေမပါဘဲ သို့လောသို့လော စိတ်ခြောက်ခြားစရာတွေ၊ မြှုပ်ကွက်တွေနဲ့အတူ သနားစရာ ဒရမ်လေးပါ ချိုးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကိုတော့ အဲလိယက်စ်နဲ့လူးကပ်စ်တို့အမြွှာညီအစ်ကိုဟာ ဖခင် ဆီမှာနေရာက မိခင်ရှိရာအိမ်ကို ရောက်လာကြပုံနဲ့ စထားပါတယ်။ အဲဒီမှာ မျက်နှာတစ်ခုလုံး ခွဲစိတ်ခံထားသလို မျက်နှာဖုံးတပ်ထားတဲ့ သူတို့အမေကို ထူးထူးဆန်းဆန်း တွေ့လိုက်ရပါတယ်။ အရင်နဲ့မတူဘဲ ပြောင်းလဲနေတဲ့ သူ တို့အမေရဲ့အပြုအမူ အပြောအဆိုတွေကြောင့် တဖြည်းဖြည်းနဲ့ ညီအစ်ကို နှစ်ယောက် သံသယ၀င်လာကြပါတယ်။ နောက်တော့ အခုသူတို့နဲ့ရှိနေသူဟာ သူတိုအမေမဟုတ်ဘူးဆိုတဲ့ သံသယ ပိုမိုခိုင်မာလာပါတယ်။ တစ်နေ့မှာ မိခင်ဖြစ်သူရဲ့ကြမ်းတမ်းတဲ့အပြုအမူတွေ ကြောင့် အိမ်ကထွက်ပြေးဖို့အထိ ကြိုးစားကြပါတယ်။ မိုးတွေလေတွေကြား ထဲ ထွက်ပြေးလာတဲ့ သူတို့ကို ရဲတွေက ကူညီကယ်ဆယ်ခဲ့ပေမဲ့ နောက်ဆုံး တော့ သူတို့အမေအိမ်ပဲ ပြန်ပို့လိုက်တဲ့အခါ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဇာတ်ကားကြည့်နေရင်းနဲ့ အမေဖြစ်သူက စိတ္တဇလား၊ ကလေးတွေကပဲ စိတ္တဇ လား၊ ဘယ်သူကဘာဖြစ်နေမလဲဆိုတာ သို့လောသို့လောအတွေးတွေနဲ့ တကယ် ကို စိတ်၀င်တစားကြည့်ရမဲ့ psychological horror ကားလေးမို့ တစ်ခါလောက် တော့ ကြည့်ဖြစ်အောင် ကြည့်ကြည့်စေချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.36 GB) / (450 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Horror Translator…….C’mon Encoder……….SWM

5.7 2022 91 mins
Goodnight Mommy
Rakshana
7.8

Rakshana 2024 (ချိုချဉ်ကောင်လေးရဲ့ ကလဲ့စား) IMDb – 8.1/10 ကီရန်ဆိုတဲ့ကောင်မလေးနဲ့ ပရီယာဆိုတဲ့ကောင်မလေးဟာ အချစ်ရဆုံးသူငယ်ချင်းတွေပေါ့။ ကီရန်ဟာ ရဲအရာရှိစာမေးပွဲအောင်ပြီးတော့ တာဝန်ကျမှာကို စောင့်နေတဲ့အချိန်မှာ ပရီယာဟာ တိုက်ပေါ်ကနေ ပြုတ်ကျ သေဆုံးသွားခဲ့ရပါတယ်။ ကီရန်ဟာ သူ့သူငယ်ချင်းသေဆုံးမှုကို သွေးရိုးသားရိုးမဟုတ်ဘဲ လူသတ်မှုလို့ ကောက်ချက်ချခဲ့ပါတယ်။ အကြောင်းကတော့ သူ့သူငယ်ချင်းရဲ့ အလောင်းနားကို ပြုံးပြုံးကြီးကြည့်နေတဲ့ ချိုချဉ်စုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရလို့ပါပဲ။ ဒီလိုနဲ့ သူ့အချစ်ဆုံးသူငယ်ချင်းရဲ့ အမှုနောက်ကိုလိုက်ရင်း သူတာဝန်ကျတဲ့အချိန်မှာ ဒီလို အလားတူအမှုတွေနဲ့ ကြုံလာရတဲ့အချိန်မှာတော့ …….. ပရီယာရဲ့ သေဆုံးမှုနောက်ကွယ်ကအကြောင်းကို ကီရန်တစ်ယောက်ဖြေရှင်းနိုင်သွားမှာလား ….. ချိုချဉ်စုပ်နေတဲ့ ကောင်လေးကရော ဒီလူသတ်မှုနဲ့ ဘယ်လိုတွေ ဆက်စပ်နေလဲ …… ကီရန်တစ်ယောက် အမှုတွေကို ဘယ်လိုဖော်ထုတ် အဖြေရှာသွားမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.8 2024 139 mins
Rakshana
Richie Rich
5.4

Richie Rich (1994) ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။ သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။ ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။ ထပ်ပြီး ပြောရရင် ကစ်ဇုန်တို့ ပုတက်တို့ စွယ်စုံတို့က ကျွန်တော်တို့ ငယ်ဘဝကို တော်တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ရွှေသွေး၊ တတိုင်းမွှေး၊ မိုးသောက်ပန်းတို့လိုကာတွန်းတွေကတော့ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နေရာယူထားပေမဲ့လည်း သူတို့ကတော့ ဗမာကာတွန်းတွေများခဲ့တယ်။ ဇာတ်လမ်းတွေလည်းပိုကြမ်းသလို ကွာလတီလည်းပိုကောင်းတဲ့ ကစ်ဇုန်တို့ပုတက်တို့ကိုတော့ ပိုသဘောကျခဲ့ကြတာပေါ့။ ဘဲကပ်စေး၊ အချိန်ခရီးသွားစွန့်စားခန်းထွက်တဲ့ကြွက်၊ ဂျက်ဟတ်၊ ရစ်ချီရစ်၊ ငှက်ပျောသီးလူသား၊ စကူဘီဒူး၊ နောက်ဆုံး စပိုက်ဒါမန်းတို့ တင်းတိုက်တန်တို့လို စူပါဟီးရိုးဇာတ်လမ်းတွေအထိ ဒီဂျာနယ်တွေမှာ ကျွန်တော်တို့ အရင်ရင်းနှီးခဲ့တယ်လို့ ပြောရမယ်။ ကွာလတီကောင်းကောင်းနဲ့ နောက်မှထွက်တဲ့ အိန်ဂျယ်ဂျာနယ်တို့ ဘာတို့မှာလည်း ဒီလိုရင်းနှီးရတာတွေ ရှိသေးတယ်။ စွယ်စုံကတော့ ဇာတ်လမ်းအကောင်းဆုံး။ ကစ်ဇုန်နဲ့ပုတက်ကတော့ ကဏ္ဍအစုံဆုံးနဲ့ Panel တွေအလှဆုံး။ အဲဒီ့နောက် ပုတက်က လစဉ်ပြောင်းသွားတော့ တတိုင်းမွှေးဆန်ဆန် တွက်ပီတို့ မောင်မောင်ဇာတို့နဲ့ ပြောင်းထုတ်တဲ့အထိတော့ ကောမစ်ဂျာနယ်ခေတ်က ကောင်းခဲ့ပါသေးတယ်။ အခုတော့ ဘာမှမရှိကြတော့ဘူး။ ဒီ ရစ်ချီရစ် တဖြစ်လဲ မောင်ချမ်းသာ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ အမှတ်တရလို့ပဲ ပြောရမှာပါပဲ။ ဒီလိုခေတ်မှာ ဒါတွေပြန်ကြည့်ရတာကလည်း လွမ်းစရာကောင်းနေပြန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.45GB, 960MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 35Min Genre – Slapstick, Comedy, Family Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.4 1994
Richie Rich
Holy Punch
6.2

Holy Punch (2024) ******************** Kdrama ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား The Worst of Evil ထဲက မင်းသား Ji Seung Hyun၊ The Tale of Lady Ok ထဲက မင်းသား Oh Dae Hwan တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါး Gangster အက်ရှင်ဟာသဇာတ်ကား အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ဝမ်ဂါလ်ဘီနဲ့ ဆမ်ဂေါရီလို့ ခေါ်တဲ့ ပြိုင်ဘက် ဂိုဏ်း၂ဂိုဏ်း ရှိပြီးတော့ သူဌေးဂျန်း ခေါင်းဆောင်တဲ့ ဝမ်ဂါလ်ဘီ ဂိုဏ်းမှာတော့ ဘတ်ဂယောင်းချော (Oh Dae Hwan) နဲ့ အီထယ်ယုံး (Lee Yong Kyu)တို့ ပါဝင်ကြပါတယ်။ တစ်နေ့မှာတော့ ဝမ်ဂါလ်ဘီဂိုဏ်းက ခေါင်းဆောင်ဂျန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာကြောင့် ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံးတို့ဟာလည်း အသီးသီး လွတ်မြောက်ရာကို ထွက်ပြေးခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဘတ်ဂယောင်းချောကတော့ ဘုရားကျောင်းတစ်ခုမှာ ပုန်းခိုနေရင်းကနေ သင်းအုပ်ဆရာ ရာထူးရရှိသွားပြီး အီထယ်ယုံးကတော့ ဘုန်းကြီးကျောင်းမှာ ဆရာတော်အဖြစ်နဲ့ ခိုကပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆမ်ဂေါရီ ဂိုဏ်းရဲ့ လူကုန်ကူးမှုကို လိုက်လံ စုံစမ်းနေတဲ့ စုံထောက်ချာ (Ji Seung Hyun) ဟာ အကြောင်းမလှစွာနဲ့ လေးသရဲ ပူးကပ်ခံနေပြန်ပါတယ်။ ဆမ်ဂေါရီ ဂိုဏ်းရဲ့ ခေါင်းဆောင်ကို လိုက်လံ ဖမ်းဆီးဖို့ရာအတွက် စုံထောက်ချာဟာ ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံး တို့ကိုပါ စစ်ကူခေါ်ရပါတော့တယ်။ လူကုန်ကူးတဲ့ ဂိုဏ်းကို လိုက်လံဖမ်းဆီးမဲ့ ခရီးစဉ်မှာ လူမိုက်လက်ထွက် သင်းအုပ်ဆရာနဲ့ ဆရာတော်၊ ကလေးသရဲ ဝင်ပူးခံနေရတဲ့ စုံထောက် သုံးယောက်ပေါင်းပြီး အလွဲပေါင်းများစွာကြုံ့တွေ့ရပုံကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်တာကြောင့် ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.63GB/ 750MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hsu Pyae Encoded by Tiff

Action • Crime • Drama
6.2 2024 98 mins
Holy Punch
Ruslaan

Ruslaan (2024) ရူစလန်ဆိုတဲ့ကောင်လေးဟာ အကြမ်းဖက်သမားတစ်ဦးရဲ့ သားတစ်ယောက်ဖြစ်ပြီးတော့ သူ့အဖေက ကျောင်းတစ်ကျောင်းကို ဗုံးဖောက်ခွဲဖို့လုပ်ရာကနေ ဖမ်းဆီးခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အကြမ်းဖက်သမားတစ်ယောက်ရဲ့ သားဖြစ်တဲ့အတွက် ဘယ်ဆွေမျိုးကမှ လက်မခံချင်တဲ့သူဟာ မိဘမဲ့ကျောင်းကို ရောက်လို့သွားပါတယ်။ မိဘမဲ့ကျောင်းကို ရောက်ခဲ့ပေမဲ့ အကြမ်းဖက်သမားရဲ့သားဆိုတဲ့ အမဲစက်ကြီးက ထင်ကျန်ရစ်နေတော့ မိဘမဲ့ကျောင်းမှာတောင် အနိုင်ကျင့်ခံနေရပါတယ်။ ဒီအချိန်မှာ သူ့အဖေကို ဖမ်းဆီးခဲ့တဲ့ အရာရှိကြီးဟာ ရူစလန်လေးရောက်နေတဲ့ မိဘမဲ့ကျောင်းက ကလေးတွေကို အမြဲလိုလို မုန့်တွေ လာဝယ်ကျွေးတတ်သူဖြစ်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ ရူစလန်လေးကိုတွေ့သွားပါတယ်။ အဲဒီအရာရှိကြီးဟာ ကလေးမရနိုင်တဲ့သူဖြစ်ပြီး ရူစလန်လေးကို သနားသွားတဲ့အတွက် မွေးစားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရူစလန်လေးတစ်ယောက် ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းလာခဲ့ပြီး မွေးစားမိဘတွေဟာလည်း သားအရင်းတစ်ယောက်လို ချစ်ပေးကြရင်း ရူစလန်လေးကို အကြမ်းဖက်မှုတွေနဲ့ မပတ်သတ်ခိုင်းပဲ ဘဝကို‌ ပျော်ပျော်ပဲ နေခိုင်းခဲ့ပါတယ်။ သို့ပေမဲ့လည်း ငယ်ငယ်က ဒဏ်ရာတွေနဲ့ ရူစလန်တစ်ယောက်ဟာတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနိုင်ဖို့အတွက် သတင်းနှိုက်ပေးရတဲ့အလုပ်ကို လျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီတစ်ခုမှာ မိဘတွေမသိအောင်လုပ်လို့နေပါတော့တယ်။ အဲဒီအေဂျင်စီရဲ့ စေခိုင်းမှုအရ ကောလိပ်ကျောင်းတစ်ကျောင်းကို သွားရောက်ပြီး အစွန်းရောက်ကျောင်းသားတွေကြားမှာ သတင်းနှိုက်ဖို့ဖြစ်လာရင်းနဲ့ပဲ …… ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အတူ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Drama • Thriller • Mystery
0 2024 140 mins
Ruslaan
Poison Ivy: The New Seduction
4.8

Poison Ivy: The New Seduction (1997) IMDb Rating (4.8) / Rotten Tomatoes (36%) Poison Ivy: The New Seduction ကတော့ Poison Ivy စီးရီးရဲ့ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Kurt Voss နှင့် Karen Kelly ကရေးသားခဲ့ပါတယ်။ Violet အဖြစ် သရုပ်ဆောင်ထားတဲ့ အဓိက မင်းသမီးမှာ Jaime Pressly ဖြစ်ပါတယ်။ အခြားသရုပ်ဆောင်များတွင် Megan Edwards၊ Michael Des Barres နှင့် Greg Vaughan တို့ပါဝင်တယ်။ ဇာတ်လမ်းက ပထမဆုံးရုပ်ရှင်ထဲက Ivy ရဲ့ ညီမ Violet အကြောင်းပါ။ သူအမေကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့လိူ့ လက်စားချေဖို့ ချမ်းသာတဲ့မိသားစုအိမ်ကိုပြန်လာခဲ့ပါတယ်။ သူမိသားစုကို ထိန်းချုပ်ရန်နှင့် ဖျက်ဆီးဖို့အတွက်သူ့ရဲ့အရှက်သိက္ခာကို အသုံးပြုပါတယ််။ ဒီဇာတ်ကားမှာ ဒရာမာ၊ သည်းထိတ်ရင်ဖို နဲ့ အချစ်ဇာတ်လမ်းတွေ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့်၊ Poison Ivy: The New seduction က ဒရာမာမတွေပါဝင်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ကြည့်သင့်ပါတယ်။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar aung ဖြစ်ပါတယ်။) File size…(2.6 GB) / (850 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance,Thriller Duration….01:35:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Banyar aung

Action • Comedy
4.8 1997 93 mins
Poison Ivy: The New Seduction