YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Love is Written In the Stars E14 (1080p) CM.mp4

561.39 MB 1080p video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spinning Gold
5.2

Spinning Gold (2023) ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။ "မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့" သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ချဲ့ကားပြောထားတာလေးတွေရှိမယ် ဇာတ်လမ်းသွားကောင်းအောင်ပြင်ဆင်ထားတာလေးတွေရှိမယ်။ ဒါပေမဲ့သားတစ်ယောက် အဖေတစ်ယောက်အတွက်အမှတ်တရဖန်တီးထားတဲ့ အမှန်တွေမဟုတ်ရင်တောင် အမှန်တွေပဲဖြစ်တဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရင်း တစ်ခေတ်တစ်ခါကအဆိုကျော်ကြီးတွေ သူတို့သီချင်းတွေနဲ့လဲရင်းနှီးခွင့်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 538MB Format… mp4 Duration…. 2h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
5.2 2023 137 mins
Spinning Gold
The Liar and His Lover
7.6

လူတစ်​ယောက်အ​ပေါ် ထားရှိတဲ့ မ​​ကျေနပ်ချက်နဲ့ နာကျည်းမှု​ကို တခြားသူတစ်​ယောက်အ​ပေါ် ပုံချလိုက်ချင်တဲ့ အချိန်ဆိုတာ ရှိဖူးကြလား၊ ကိုယ်ချစ်တဲ့သူရဲ့ သစ္စာ​ဖောက်မှုကို တခြားသူရဲ့ အချစ်ကိုရင်းပြီး အရွဲ့တိုက်ပြတာမျိုး​ပေါ့။ Aki ဆိုတဲ့ကောင်​လေးလည်း ဒီလိုအဖြစ်မျိုး ကြုံ​တွေ့​နေရတာပါ။ အပြင်ပန်းမှာ​တော့ ဂျပန်ကနာမည်​ကျော်တီးဝိုင်း Crude Playရဲ့ ပင်တိုင်​တေး​​ရေး၊ ဂီတပိုင်းပါရမီရှင်တစ်​ယောက်ဆို​ပေမယ့် ချစ်သူနဲ့ ပရိုဂျူဆာရဲ့ သစ္စာမဲ့မှု၊ သူ့ဂီတကို တန်ဖိုးမထားမှု​တွေ​ကြောင့် ဂီတ​လောကက​ အပြီးတိုင် ပျောက်ကွယ်​နေချင်သူ​ပေါ့။ ဒီလိုနဲ့ တစ်​နေ့မှာ Rikoဆိုတဲ့ မိန်းက​လေးနဲ့ဆုံ​တွေ့ခဲ့တယ်။ သူ့ရဲ့စိတ်ဒဏ်ရာကို " မြင်မြင်ချင်းအချစ် "ဆိုတဲ့ စကားတစ်ခွန်းနဲ့အတူ ဖြူစင်ရိုးသားတဲ့ အထက်တန်း​ကျောင်းသူ​လေးရဲ့ နှလုံးသားကို ​သွေးတိုးစမ်းကြည့်ခဲ့တယ်။ ပါရမီရှင် ​တေး​​ရေးဆရာဆိုတဲ့ ဘဝသရုပ်မှန်ကို ဖုံးကွယ်ပြီး ဂီတကိုမုန်းသူ၊ သီချင်းဆိုတဲ့ မိန်းက​​လေး​တွေကို မုန်းတဲ့သူအဖြစ် မုသာဝါဒ​တွေနဲ့ ချဉ်းကပ်ခဲ့တယ်။ သူက ကောင်မ​​လေးရဲ့ခံစားချက်ကို အသုံးချရုံသက်သက်ပါပဲ။ ဒါ​ပေမဲ့ က​လေးမ​လေးက သူ့အ​ပေါ် တကယ်​မေတ္တာသက်ဝင်သွားတဲ့အခါ၊ သူကိုယ်တိုင်လည်း ချစ်ဟန်​​ဆောင်ရင်း မသိစိတ်ကတကယ်ချစ်မိသွားတဲ့အခါ အရာရာဟာ ပြန်လည်ပြင်​ဆင်ဖို့ အချိန်မီပါဦးမလား၊ အရာအားလုံး ​နောက်ကျသွားခဲ့ပြီလား၊ အချစ်ကိုရှောင်​​ပြေးချင်လို့ အလိမ်အညာ​တွေ သုံးခဲ့ကာမှ အချစ်နဲ့ ထပ်ထိပ်တိုက်တိုးတဲ့အခါ Akiတစ်​ယောက် ဘယ်လိုဆက်လုပ်မလဲ။ 2013 ခုနှစ်ကထွက်ရှိခဲ့တဲ့ Japan Musical Romanceကား​လေး ဖြစ်ပြီး ဇာတ်လမ်းတစ်ပုဒ်လုံးကို ​တေးသီချင်း​တွေနဲ့ထုံမွှမ်းထားတဲ့ ရုပ်ရှင်​လေးပဲဖြစ်ပါတယ်။ ​Aki​ နေရာက သရုပ်​ဆောင်သူက​တော့ အ​ထွေအထူး​ပြောစရာမလိုတဲ့ Rurouni Kenshin မင်းသားTakeru Satohပဲဖြစ်ပါတယ်။ ဂျပန်က ပရိတ်သတ်​တွေ​ရော နိုင်ငံတကာက ပရိတ်သတ်​တွေကြားမှာပါ ​ရေပန်းစားခဲ့တဲ့ဇာတ်ကားဖြစ်ပြီး 2009 ခုနှစ်ထွက် "Kanojo wa Uso o Aishisugiteru" manga ကို Live Adaptation အဖြစိ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ 2017မှာ​တော့ ​တောင်ကိုရီးယားက Lee Hyun Woo, Song Kang, Joyတို့နဲ့အတူ Remake Drama အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပြီး မြန်မာပရိတ်သတ် ​တွေကြား ​ရေပန်းစားခဲ့ပါ​သေးတယ်။ Musical and Romanceဖြစ်တာနဲ့အညီ OSTတစ်ပုဒ်ချင်းစီက သိပ်ကိုလှပပြီး ဇာတ်လမ်းနဲ့ လိုက်ဖက်ညီ​နေခဲ့တာပါ။ ​ နောက်ဆုံး OSTဖြစ်တဲ့ Chippoke na Ai no Uta (သေးငယ်တဲ့ ချစ်ခြင်းရဲ့သံစဉ်ဖွဲ့သီချင်း)က တကယ်ကိုနား​ထောင်လို့​ကောင်းသလို နာမည်လည်း​ တော်​တော်ရခဲ့တာပဲဖြစ်ပါတယ်။ IMDb 6.7ရရှိထားတဲ့ အချစ်ဇာတ်လမ်းလှလှ​လေးတစ်ပုဒ်နဲ့ စိတ်အပန်း​ဖြေလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Romance, Musical Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 850MB and 189MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....August

Crime • Thriller
7.6 2013 117 mins
The Liar and His Lover
Hotel Transylvania 3: Summer Vacation
6.9

IMDb - 6.3/10_____Rotten - 62% သွေးစုပ်ဖုတ်ကောင်ကြီး ဒရက်ကူလာခေါ် ဒရက်ဟာ မုဆိုးဖို ဖြစ်ပြီး နောက်ပိုင်းမှာ အထီးကျန်  ဝေဒနာ ခံစားနေရတာကြောင့် သူ့ သမီးမေးဗစ္စက သူ့အတွက် ချစ်သူအသစ် ရှာပေးရင်း ပင်လယ်ကူး အပျော်စီးသင်္ဘောကြီးနဲ့ အပန်းဖြေခရီးထွက်ဖို့ စီစဉ်ပေးပါတယ်။ ဒရက်၊မေးဗစ္စနဲ့ သူမခင်ပွန်းဂျော်နီတို့ ဦးဆောင်ပြီး ဒရက်မိသားစုပိုင် ဟိုတယ်မှာ လာတည်းတဲ့ ဧည့်သည်တွေအားလုံး ဂယ်လက်ဇီသင်္ဘောကြီးနဲ့ ခရီးထွက်ကြတော့  ချောမောလှပတဲ့ လူသားရေယာဉ်မှူး အဲရစ်ကာကို ဒရက်က မြင်မြင်ချင်း ချစ်မိသွားတယ်။ ဒရက်အလစ်မှာ  အဲရစ်ကာက သင်္ဘောအောက်ထပ်မှ ာ ပုန်းပြီး လိုက်ပါလာတဲ့ သူမအဘိုး ဗင်ဟဲလ်ဆင်းနဲ့ သွားတွေ့တယ်။ ဗင်ဟာ သွေးစုပ်ဖုတ်ကောင်နဲ့ တ ခြား ကြောက်စရာ သတ္တဝါကောင်တွေ အားလုံးကို မျိုးဖြုတ်သုတ် သင်ဖို့ အမြဲကြိုးစားနေသူ ဖြစ်တယ်။ သည်တစ်ခါတော့ ရှေးဟောင်းရေ အောက်မြို့တော် အက်လန်းတစ် မှာ ရှိတဲ့ အဖျက်လက်နက်ကို ရယူပြီးရင် သတ္တဝါကောင်အားလုံးသတ်ဖို့ အကြံဖြင့် အဲရစ်ကာကို အဲဒါသွားယူခိုင်းပါတယ်။ ဒရက်ကို အလျင်စလိုမ သတ်ဖြတ်ဖို့ ဗင်က မှာတာ အဲရစ်ကာက မလိုက်နာဘဲ ၎င်းကို နည်းမျိုးစုံနဲ့သတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ ဒရက်က ကျွန်းလေးပေါ်မှာ နှစ်ယောက်အတူချိန်းတွေ့ဖို့ ပြောတော့ အဲရစ်ကာက ၎င်းကို သတ်ခွင့်ရမယ်ထင်ပြီး လက်ခံကာ ညစာစားကြတယ်။ သိပ်မကြာခင်မှာ အဲရစ်ကာကို မေးဗစ္စက သံသယဝင်စပြုလာတယ်။ အက်လန်းတစ်မြို့ဟောင်း ကြီးဆီမှာ ဂယ်လက်ဇီသင်္ဘောဆိုက်တော့ အဲဒါကြီးကို ကာဆီနိုအသွင်ပြောင်းထားပုံတွေ့ကြရပြီး အဲရစ်ကာက မြေအောက်အုတ်ဂူ ထဲက အဖျက်လက်နက်ကို ရှာဖွေရယူတယ်။ သူမနောက် လိုက်ချောင်းတဲ့ မေးဗစ္စကိုတော့ ဘိုးဘွားအမွေပစ္စည်းပါလို့ လိမ်ပြောတယ်။ အဲရစ်ကာက အဖျက်လက် နက်ကို အဘိုးဖြစ်သူ ဗင့်လက်ထဲ ပေးအပ်ပြီး ဗင်က သီချင်းဖွင့်တဲ့ ဒီဂျေကို ဖယ်ရှားကာ အဖျက်လက် နက်ကို ဖွင့်လိုက်တဲ့အခါ သတ္တဝါ အားလုံးကို တိုက်ခိုက်သတ်ဖြတ်မယ့် ရေအောက်သတ္တဝါကောင် ကြီး ခရာကင်လည်း နှစ်ပေါင်းများစွာအိပ်ပျော်နေရာက နိုးလာပြီး ရေ ပြင်အထက် ဘွားခနဲ ပေါ်လာတဲ့ အခါမှာတော့ ဂျင်နဒီတာတာကော့ဗ်စကီးနဲ့ မိုက်ကယ်မက်ကူးလားတို့ရဲ့ ဇာတ် ညွှန်းကို ဂျင်နဒီက စီစဉ်ရိုက်ကူးပြီး အာဒမ်ဆင်းဒလား၊ ဆဲလီးနားဂိုး မက်ဇ်၊ကက်သရင်းဟန်းနဲ့ အင်ဒီဆင်းဘာ့ဂ်တို့က အသံဖြင့် သရုပ် ဆောင်ပေးထားကြတဲ့ သည်ဇာတ်ကားဟာ ၂၀၁၁ ခုနှစ်က စတင်အောင်မြင်မှုရခဲ့တဲ့ သရီးဒီကာ တွန်းဇာတ်ကားတွေရဲ့ အဆက် တတိယမြောက် ဇာတ်ကားဖြစ်ပြီး IMdb အဆင့် ၆.၃/၁၀ ရရှိကာ ဝေဖန်ရေးဆရာတချို့သာ ချီးမွမ်းထားပေမဲ့ ကာတွန်းရုပ်ရှင်ချစ်သူ အားလုံး နှစ်သက်မယ့် ကာတွန်း ဇာတ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ kumudranews မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (750 MB) Quality : Blu-Ray 720p Running Time : 1hr 37min Format : Mp4 Genre : Adventure, Animation, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-BLOW Translated by Zuel Khant Twin Encoded by Thanhtike Zaw

Crime • Sci-Fi & Fantasy
6.9 2018 97 mins
Hotel Transylvania 3: Summer Vacation
Dragon sword: Ancient battlefield
6

ဒီဇာတ်ကားလေးကသုံးကားရှိပါတယ်နော် အတွဲ ၁ ကို ဒီမှာ ကြည့်ပါ အတွဲ ၂ ကို ဒီမှာ ကြည့်ပါ သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျင့်စဥ်ကျင့်ကြံနေသူ ဖူယန် ဟာ ရှေးခေတ်စစ်မြေပြင်ဆီကို သွားရောက်ခဲ့ပါတယ် ။ သွားရာလမ်းကြောင်းမှာ အာကာသ အပ်ကွဲကြောင်းကြီးတွေနဲ့ ခဏ ခဏ တွေ့ဆုံပြီး အကြိမ်ကြိမ်လွတ်မြောက်ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ လူတစ်ပိုင်း သားရဲတစ်ပိုင်း နယ်မြေထဲကို မတော်တဆဆိုသလို ကျရောက်သွားခဲ့ပြီး သူတော်စင်အရှင်လင်ထာနဲ့တွေ့ဆုံကာ အဂ္ဂိရတ်ပညာကို အမွေကို ဆက်ခံခဲ့ပါတော့တယ် ။ သူတို့တွေ အတူတူပူးပေါင်းမိပြီး အန္တရာယ် အရမ်းကြီးမားတဲ့ ရှေးခေတ် စစ်မြေပြင်ဆီကို ခရီးဆက် စွန့်စားခဲ့ ဝင်ခဲ့တဲ့ အချိန်မှာတော့ – ❏ လမ်းတစ်လျှောက်မှာ သားရဲ မိစ္ဆာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အခါ သူတို့တွေ ဘယ်လိုရင်ဆိုင်မလဲ ? ❏ ရှားပါးရတနာတွေတွေ့လာတဲ့ အခါမှာရော သူတို့တွေ ဘယ်လို အသုံးချမလဲ ? ❏ နောက်ဆုံးမှာ သူတော်စင်လင်ထာရဲ့ လမ်းညွှန်မှုအောက်မှာ ဘယ်လို ကျင့်စဥ်တွေ ကျင့်ကြံသွားမလဲ ? ဆိုတာ S 3 မှာ အတူတူကြည့်ရှုလိုက်ရအောင်ပါနော် ။

Action • Science Fiction
6 2023
Dragon sword: Ancient battlefield
Gulmohar
8

Gulmohar 2023 IMDb-8.1/10 မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ် မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း ‌သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ် သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ

8 2023 132 mins
Gulmohar
Season of the Witch
5.4

14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့စောင့်တပ်တွေရဲ့ ဖမ်းတာကို ခံလိုက်ရတယ်။ အဲဒီမြို့ရဲ့ ဘုန်းတော်ကြီးချုပ်က Bhemen နဲ့ Felson တို့ကို စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို Severac ဆိုတဲ့ ဘုန်းတော်ကြီးတွေရှိနေတဲ့ နေရာ ပို့ပေးဖို့ အပေးအယူလုပ်တယ်။ ဒါပေမယ့် Bhemen နဲ့ Felson တို့က ချက်ချင်း လက်မခံခဲ့ပါဘူး။ နောက်ဆုံးကြမှ စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးကို မျှမျှတတ တရားရင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့ Bhemen ရဲ့ တောင်းဆိုချက်ကို လက်ခံတော့မှ ခရီးထွက်ဖို့ ပြင်ကြတော့တယ်။ Severac ဆီ ပို့ဆောင်ခံရမယ့် မိန်းကလေးက တကယ်ပဲ စုန်းမလား အပြစ်မရှိပဲ စွပ်စွဲခံရတာလား လိုက်ပါပို့ဆောင်မယ့် ခရီးစဉ်မှာ Bhemen နဲ့ Felson တို့ အပြင် အခြား ဘယ်သူတွေရော လိုက်ကြမလဲ ဒီခရီးစဉ်တစ်လျှောက် အဆင်ပြေပြေ အဆုံးသတ်မလား ခရီးစဉ် အဆုံးမှာ ဘယ်လို အရာတွေကရော စောင့်နေမလဲ Bhemen နဲ့ Felson တို့ကရော ရှေ့တန်းစစ်တိုက်နေရာကနေ ဘာတွေဖြစ်ခဲ့လို့ ဒီလို အဖြစ်တွေကို လိုက်ပါ လုပ်ဆောင်နေရတာလဲ ဆိုတဲ့ အကြောင်းတွေကို အတွေးပေါင်းများစွာ နဲ့ Season of The Witch – 2011 ကို အဆုံးထိ ကြည့်ဖို့ တိုက်တွန်းပါရစေ။ Bhemen အဖြစ် သရုပ်ဆောင်ထားတာကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားကြီး Nicholas Cage ပဲ ဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Adventure, Fantasy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dream Walker

5.4 2011
Season of the Witch
Meg 2: The Trench
6

မင်းသား ဂျေဆန်စတက်သန်ရဲ့ ငမန်းကား ဒုတိယပိုင်းလာပါပြီ။ ဒီအပိုင်းက ပထမဆုံးငမန်းကားလောက် ငမန်းအရသာမပေးတဲ့အတွက် rating နည်းပြီး ရုံဝင်ငွေနည်းနေပေမဲ့ အက်ရှင် ဟာသကားအဆင့်အနေနဲ့ဆို ဖျော်ဖြေမှုပေးနိုင်တဲ့ ကားကောင်းလို့ ပြောလို့ရပါတယ်။ ဂျေဆန်နဲ့အတူ တရုတ် မင်းသား ဝူကျင်းလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကျောက်မင်ဟာ သမုဒ္ဒရာထိန်းသိမ်းရေးနဲ့လေ့လာရေးအဖွဲ့ကြီးကို တည်ထောင်ထားတဲ့သူဖြစ်ပါတယ်။ ဂျိုးနက်ဖမ်းမိခဲ့တဲ့ မက်ဂါလိုဒန်ငမန်း ပေါက်စလေးကိုလည်း မွေးထားပေးတဲ့သူပါပဲ။ အဲဒီအဖွဲ့အစည်းကနေ ပင်လယ်ရေအောက် ပေ ၂၅၀၀၀ ကျော်ကို သွားဖို့ ယာဉ်တွေနဲ့ ဝတ်စုံတွေ တီထွင်ပြီး ကျောက်မင်နဲ့ဂျိုးနက်တို့ ရေနက်တူးမြောင်းကြီးထဲကို လေ့လာရေး ခရီးအတူထွက်ခဲ့ကြပါတော့တယ်။ ဒါပေမဲ့ ခရီးလမ်းက မချောမွေ့ဘဲ မက် ငမန်းတွေနဲ့တွေ့ ယာဉ်တွေပျက် ရန်သူတွေတွေ့ပြီး အသက်ရှင်ဖို့ ရုန်းကန်ကြရတဲ့အခါ… File size… 5GB/2.35 GB / 1.01 GB Quality…WEB-DL 4K HEVC./1080p 5.1 CH / 720p Format…mp4 Duration….1h 56m Genre ….. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6 2023 116 mins
Meg 2: The Trench
The Graduate
8

“မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ” အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။ လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။ “ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ” “ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်” “ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့” “လာမပေးတာကောင်းလိမ့်မယ်ဗျာ” အီလိန်းအခန်းထဲတင်ပဲ လာခဲ့ ” ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့ အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။ မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက် ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက် အလွတ်မရုန်းနိုင်ခဲ့ပြန်။ ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့ အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။ သူမ ကဘယ်သူလဲ… သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့ လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။ သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။ သူ(မ) ငတ်မွတ်နေတယ်။ ဆာလောင်နေတယ် ။ တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ ဒုက္ခလည်းမရှိခဲ့။ တစ်ဖန်သုခလည်း မရှိပြန်။ သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။ မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။ Dee Dee Dee…Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင် ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့ Simon & Garfunkel ရဲ့သီချင်းများနဲ့ တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။ အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။ အိမ်ဟုတ်မနေဘူး။ နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ ဒီလိုနဲ့ သူကြိမ်ဖန်များစွာ ဒီလမ်းမတွေထက်လျှောက်နေခဲ့တာ ကြောင်ခံတွင်းပျက်ကြီးတောင် ဖြစ်နေခဲ့ပြီ။ ဘေးလူတွေကတော့ ဝိုင်းသနားကြမှာပါတဲ့ မစ္စရော်ဘင်ဆင်။ ဒါပေမဲ့ ဒီအပြစ်တွေကျူးလွန်ထားတဲ့ လျှို့ဝှက်ချက်ကိုဘယ်လောက်ဖုံးဖုံး ကိုယ်တိုင်ကတော့ သိနေတာပါပဲ။ ဘုရားသခင်ကတော့နားလည်မှာပါ။ နောက်ငရဲမီးမှာမလောင်မြိုက်ချင်ရင် နွံတွင်းကထွက်ပြီး ဘုရားမှာဆုတောင်းရင် မီနိုင်ပါဦးမယ်။ ဒီမှာစဥ်းစားစရာက သူ(မ) ဒီလိုလုပ်ခဲ့တာပေါင်းမနည်းတော့ပေမဲ့ ဘာလို့မိတ်ဆွေသူငယ်ချင်းရဲ့ သားလေးကျမှ မလွှတ်နိုင်တခဲခဲဖြစ်ရတာလဲ။ လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုဆေးမဲခြယ်ပြီး ကိုယ့်ဆန္ဒပြည့်ဝဖို့ကို သမီးရဲ့ချစ်သူနဲ့တောင် ကွဲအောင်လုပ်တဲ့ထိ မာနထားခဲ့ရတာလဲ။ ကိုယ့်သမီးကိုတောင် ကိုယ်မနာလိုဖြစ်မိခဲ့ရတာလဲ။ ဒီတစ်နေရာမှာ သမီးနဲ့ထိုယောကျ်ားမပေါင်းရဖို့အရေးဇောက သားအမိသံယောဇဥ်ကိုပါ ရန်မီးခြားစေတဲ့အထိဖြစ်သွားရတယ်။ ဒီပြဿနာမီးအားလုံးရှို့စေလောက်တဲ့ အထိ မစ္စရော်ဘင်ဆင်ဘာလို့အတ္တကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာလဲ။ မစ္စရော်ဘင်ဆင်တစ်ယောက်မခံစားနိုင်တော့ဘူး။ မျက်မြင်ရှေ့မှာတင် ကိုယ်တပ်မက်ရတဲ့ယောကျ်ားတစ်ယောက်က ကိုယ့်ကိုကျော်ပြီး သမီးကိုစွဲလမ်းသွားတဲ့ အဖြစ်က မစ္စရော်ဘင်ဆင်ကို ခေါင်းကြီးစေခဲ့တယ်။ အတ္တကို အထွတ်အထိပ်ရောက်စေခဲ့တယ်။ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့မစ္စရော်ဘင်ဆင်တစ်ယောက် မရရတဲ့နည်းနဲ့ အနိုင်ယူဖို့ကြိုးစားရင်းနဲ့ ဒဿဂီရိဖြစ်ခဲ့ပုံကို ဒါရိုက်တာကပီပြင်စွာ သရုပ်ဖော်သွားတယ်။ တစ်ဖက်ကကြည့်ရင်တော့ ယောကျ်ားကလည်းကိုယ့်ကိုမတပ်မက် အချစ်ရေးမှာလည်းအနိုင်မရ မေတ္တာငတ်မွတ်အထီးကျန်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ သနားစရာဇာတ်လမ်းလို့လည်း ပြောလိုက်လို့ရပါဦးမယ်။ သရုပ်ဆောင်တွေအဖြစ်နဲ့ Dustin Hoffman၊ Katharine Ross နဲ့ မစ္စရော်ဘင်ဆင်အဖြစ် Anne Bancroft တို့ကပါဝင်သရုပ်ဖော်ထားပါတယ်။ နောက်ခံသီချင်းတွေအနေနဲ့လည်း ဇာတ်လမ်းသရုပ်ဖော်သီချင်းဖြစ်တဲ့ Mrs.Robinson အပြင် Scarborough Fair ၊ April comes she will တို့လို Simon & Garfunkel ရဲ့လက်ရာမြောက်တေးသွားတွေ ထည့်သွင်းထားတာ အလွန်သဘောကျစရာကောင်းပါတယ်။ April, come she will When streams are ripe and swelled with rain May, she will stay Resting in my arms again June, she’ll change her tune In restless walks she’ll prowl the night July, she will fly And give no warning to her flight တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ကိုဂီတများအပါအဝင် ပရိသတ်များအပြည့်အဝခံစားနိုင်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်နှင့်အညွန်းရေးသားသူကတော့ Nwe Hnin Thazin ဖြစ်ပါတယ်) File size… 1.49 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

8 1967 106 mins
The Graduate
Mangkujiwo 2
7.1

Mangkujiwo 2 (2023) (မှန်သရဲ) IMDb 7.4/10 မျှော်လင့်စောင့်စားနေခဲ့တဲ့ မှန်သရဲကတော့ ၂အနေနဲ့ ထွက်ရှိလို့လာခဲ့ပါပြီ အရင်က ၁ ကို ပြန်လည်အစဖော်ပေးရမယ်ဆိုရင် စုန်းမအဖြစ် သမုတ်ပြီး လူတောမတိုးအောင်အခန်းထဲပိတ်ခံရပြီး နတ်ဆိုးသားကောင်ဖြစ်ခဲ့ရတဲ့ ကွန်တီနဲ့ အမေ့အတွက်လက်စားချေခဲ့တဲ့ သူ့သမီးလေးအူမာ.. အူမာရဲ့သဘာဝလွန်စွမ်းအားကတော့ ဒေါသထွက်ပြီဆိုတာနဲ့ လူစိတ်ပျောက်ပြီး ခွန်အားတွေအဆမတန်ကြီးထွားလာတာပါပဲ ဒါကို သူ့အမေက ဝင်ကူညီပေးတယ်လို့မှတ်ယူထားသူပေါ့ ပထမပိုင်းမှာ ပြီးဆုံးသွားတဲ့ နတ်ဆိုးရိုးရာတွေကို ဒုတိယပိုင်းမှာ ဘယ်သူတွေက ထပ်မံပြီးလှုပ်နှိုးအသက်သွင်းကြမလဲ ဒီမှာ ထပ်မံပေါ်ပေါက်လာမဲ့ လူစွမ်းကောင်းကတော့ ရင်ဘာ .. ၆နှစ်တစ်ခါပူဇော်လေ့ရှိတဲ့ယဇ်ပူဇော်ပွဲထဲ အဖေဖြစ်သူပါ ပါဝင်ခဲ့ရလို့ ကလဲ့စားချေဖို့အတွက် လိုက်လံရှာဖွေရင်း အူမာနဲ့တွေ့ဆုံဖို့ အကြောင်းဖန်လာတယ် ဝိညာဉ်တွေကိုမြင်ရတဲ့အူမာနဲ့ ခေတ်ပညာတတ် သိပ္ပံဆန်ဆန်တွေးတတ်တဲ့ ရင်ဘာတို့၂ယောက် ဘယ်လိုပူးပေါင်းသွားကြမလဲ အူမာ့ဘဝရဲ့ဇာတ်လမ်းမှန်ကို စုံစမ်းရင်းသိလာရတဲ့ အမှန်တရားတွေနဲ့ သူတို့ထိန်းသိမ်းရမဲ့ ပရလောကနဲ့ မျက်မှောက်ခေတ်ကိုဆက်စပ်နေတဲ့ ဒီမန်ကူဂျီဝိုမှန်ကြီးကို သူတို့ကာကွယ်နိုင်ပါ့မလား အဖေ့အတွက်လက်စားချေမှုကိုရော အောင်မြင်နိုင်ပါ့မလားဆိုတာတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ပဲဖြစ်ပါတယ် ) Genre….. Horror Quality…. 1080p | 720p File size… 1.7GB | 734MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. Yunni Encoder ….. Aaron

7.1 2023
Mangkujiwo 2
Blue Jay
7.3

ဒီတခေါက်တင်ဆက်ပေးထားတာကတော့ American Horror Story, Ocean’s 8 စတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါ IMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူး ဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့ အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ် အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့ စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲ ကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့ စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ် အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကို ပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ် Before Sunrise လို ဇာတ်လမ်းသွားမျိုးကို သဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ် ဇာတ်ကြောင်းလေးကတော့… ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်း အိမ်ကိုပြန်ပြင်ပြီး ရောင်းဖို့အတွက် ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ် တနေ့ ဈေးဝယ်ထွက်ရင်း ဆိုင်မှာ သူ့အချစ်ဦးဖြစ်တဲ့ ငယ်သူငယ်ချင်း အမန်ဒါနဲ့ ပက်ပင်းတိုးပါတော့တယ် နှစ်ယောက်သား ပြန်နှုတ်ဆက်ကြရင်း တယောက်အကြောင်းတယောက်မေးကြရင်းကနေ ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦးနော် File size… 1.3 GB / 578 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio

7.3 2016 81 mins
Blue Jay
Panda Plan Xiong mao ji hua
5.6

Panda Plan (2024) IMDb Rating (5.6) မင်းသားကြီး ဂျက်ကီချန်းရဲ့ နောက်ဆုံးထွက် အက်ရှင် ဟာသကား အသစ်ပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဂျက်ကီချန်းဟာ အပြင်ကအတိုင်း ရုပ်ရှင်မင်းသား ဂျက်ကီချန်းအဖြစ်ပဲ ပါဝင်ထားပါတယ်။ ကမ္ဘာကျော်မင်းသားဖြစ်တာကြောင့် နိုရာတိရစ္ဆာန်ရုံက ကမ္ဘာကျော် ပန်ဒါလေးကို မွေးစားဖို့ဆိုပြီး ဖိတ်ခေါ်ခံရတာကနေ စပါတယ်။ အဲဒီ နိုရာတိရစ္ဆာန်ရုံမှာ ပွဲတက်နေတုန်း ဒီပန်ဒါလေးကိုပဲ အမေရိကန် သန်း ၁၀၀ ရဖို့ လာဖမ်းတဲ့ ကြေးစားလူမိုက်တွေ ရောက်လာပါတယ်။ ဂျက်ကီချန်းရယ် သူ့လက်ထောက်ဒေးဗစ်ရယ် ပန်ဒါထိန်းလေး ရှောင်ကျူးရယ် ပန်ဒါလေးကို ကယ်ဖို့ ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ဟာသတွေအက်ရှင်တွေနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ခါလည်း ဟိုးအရင်ကလိုပဲ ဖျော်ဖြေရေးကားဖြစ်လို့ အတည်ပေါက်လေးနက်တာတွေတော့ မြင်ရမှာမဟုတ်ပေမဲ့ ဂျက်ကီချန်းပါလို့ပဲ ကြည့်လို့ကောင်းနေဦးမှာပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(6 GB) / (1.9 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Comedy Duration….01:39:16 Subtitle….Myanmar Subtitle (Hardsub) Encoder….LK, Benjamin Translated by Mr. Anderson

Family • Comedy • Science Fiction
5.6 2024 99 mins
Panda Plan Xiong mao ji hua
Iron Man 2
6.9

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ Iron Man 2 (2010) IMDb Rating (6.9) / Rotten Tomatoes (72 %) MCU ရဲ့ တတိယမြောက်ရုပ်ရှင်ကားဖြစ်ပြီး Scarlett Johansson ရဲ့ Black Widow ဇာတ်ကောင်နဲ့ James Rhodes ရဲ့ War Machine လိုဇာတ်ကောင်တွေကိုထပ်မံမိတ်ဆက်ခဲ့ပါတယ်။ Budget $170–200 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $623.9 million ထိပြန်လည်ရရှိခဲ့ပြီး Robert Downey Jr. ရဲ့ Iron Man ဇာတ်ရုပ်က ပိုမိုပီပြင်လာပါတယ်။

6.9 2010 124 mins
Iron Man 2
The Namesake
5.5

Namesake (2007) “နိုင်ငံရပ်ခြား တိုင်းတစ်ပါး” မင်းသား Irrfan Khan ရဲ့ အင်္ဂလိပ်စကားပြော အိန္ဒိယဇာတ်ကားဟောင်းလေး တစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် နယူးယောက်မှာနေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ အာရှုတ်ခ်ဟာ ရိုးရိုးအေးအေး အိန္ဒိယသူလေး အာရှီမာနဲ့ မိဘသဘောတူလက်ထပ်လိုက်ပြီးနောက် အာရှီမာတစ်ယောက် အမေရိကားကို ယောင်လည်လည်နဲ့ လိုက်လာရပါတယ် နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူညီတာကို အသားမကျနိုင်တဲ့ အာရှီမာရဲ့ ဒုက္ခနဲ့ အထီးကျန်ဝေဒနာကို ဘယ်လိုကုစားမလဲ သားကလေး ဂိုဂေါ် မွေးလာတဲ့အခါမှာလည်း အမေရိကန်ဖွား အိန္ဒိယလူမျိုး ကလေးတစ်ယောက်ရဲ့ ဘဝမှာရော ဘယ်လိုအခက်အခဲတွေကြုံရမလဲ ဒီရုပ်ရှင်လေးမှာ ခံစားကြည့်ရှုကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

History • Thriller
5.5 2007 122 mins
The Namesake
Jurassic Park
8.1

Jurassic Park (1993) မြန်မာစာတန်းထိုး ဒါရိုက်တာSteven Spielberg၏လက်ရာတစ်ခုဖြစ်သောJurassic Parkသည် IMDb 8.1နှင့်RT 91% ရရှိထားပြီး ဒိုင်နိုဆောရုပ်ရှင်များထဲတွင် ဇာတ်လမ်းဇာတ်အိမ် အခိုင်ဆုံးဖြစ်သည်ဟု မှတ်ချက်ပြုခြင်းခံခဲ့ရသည်။ ဒိုင်နိုဆောရုပ်ရှင်တို့၏ဘိုးအေကြီးလည်းဖြစ်ပြီး ဤဇာတ်လမ်းကိုအခြေခံ၍ နောက်ဆက်တွဲရုပ်ရှင် များစွာရိုက်ကူးခဲ့ကြသည်။ ဂျွန်ဟမ်ဦးဆောင်သောအသင်းသည် ကော်စတာရီကာကမ်းလွန်ရှိကျွန်းတစ်ကျွန်းကို ငှားရမ်း၍ ဒိုင်နိုဆောကမ္ဘာတစ်ခုတည်ဆောက်ခဲ့ကြသည်။ ထိုအပန်းဖြေစခန်းကြီးဖွင့်လှစ်လုလုအချိန်တွင် လုံခြုံရေးဆောင်ရွက်မှုအားနည်းချက်များကြောင့် လူသေဆုံးမှုများဖြစ်ပေါ်လာပြီး လျော်ကြေးငွေများစွာအသုံးပြုခဲ့ရသောကြောင့် ထောက်ပံ့သူရှယ်ယာရှင်များလက်တွန့်လာခဲ့ကြသည်။ ဤအခက်အခဲကိုဖြေရှင်းရန် သိပ္ပံပညာရှင်သုံးဦး၏ထောက်ခံကြောင်းလက်မှတ်များလိုအပ်လာပြီး ထိုကျွန်းကိုစစ်ဆေးလေ့လာရန်ရောက်ရှိလာခဲ့ကြသည်။ ထောက်ခံချက် ရမည် မရမည် ဆိုတာကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုခံစားကြည့်ကြပါ။ နှစ်ပေါင်းသန်းပေါင်း ၆၅ သန်းလောက်ကမျိုးတုန်းပျောက်ကွယ်သွားတဲ့ သတ္တဝါတွေကို သဘာဝတရားကိုလွန်ဆန်ပြီး ပြန်လည်ဖန်တီးတဲ့အခါမှာ ဘယ်လိုဘေးအန္တရာယ်ဆိုးတွေကျရောက်လာမလဲဆိုတာ ကြည့်လိုက်ရအောင်လား File Size : (5 GB MB) and (2 GB) Quality : Blu-ray 1080p / 720p Running Time : 2hr 07 min Format : Mp4 Genre :Adventure , Sci-Fi , Thriller Subtitle : Myanmar Subtitle (Hard Sub) Encoded by Thit San Khant

8.1 1993 127 mins
Jurassic Park