YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Love Is In The Air (2020)EP44.WEB-DL.1080P(CM).mp4

1.05 GB N/A video/mp4 68 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ponniyin Selvan: Part II
6.9

Ponniyin Selvan: Part II (2023) IMDb 8.1/10 ၂၀၂၂ တုန်းက အားလုံးစောင့်မျှော်နေခဲ့ကြတဲ့ Ponniyin Selvan part II ထွက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာ ဗစ်ကရမ်..ဂျယန်းရဗီ..ကာသီ..စတဲ့နာမည်ကြီးမင်းသားတွေအပြင် မင်းသမီးကြီးတွေဖြစ်ကြတဲ့ အရ်ှဝါရီယားရိုင်းနဲ့ ထရီရှားတို့က အဓိကပါဝင်သရုပ်ဆောင်ထားသလို နောက်ထပ်လည်း သရုပ်ဆောင်ပေါင်းများစွာက ပါဝင်အားဖြည့်ထားပါတယ်... ရုံတင်ငွေ ကုဋေ သန်း ၃၂၅ ထိရထားတာမို့ ထပ်ပြီးစဥ်းစားစရာလိုမနေတော့ဘူးနော်။ ဇာတ်လမ်းလေးကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အရင်က ချိုလာမင်းဆက်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားပါတယ်... တန်ဂျာဗူးပြည်ကို မင်းလုပ်စိုးစံတဲ့ ချိုလာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါးဖွားမြင်ခဲ့တယ် သားတော်နှစ်ပါးကလည်း စစ်ရေးစစ်အရာမှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းကျင်သလို သမီးတော်လေး ကွန်ဒဗေးကလည်း လိမ်မာပါးနပ်ဉာဏ်ရှိသူပါ... သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတဟာ ခြေလျှင်ရဲမက်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ်ကို ချဲ့ထွင်ဖို့ စွန့်စားတိုက်ခိုက်နေတဲ့အချိန်... သားတော်အငယ် အရွန်းမိုဇီဟာလည်း ရေတပ်သင်္ဘောကြီးတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်... ဒီတောအတွင်း ချိုလာဧကရာဇ်မင်းကြီး ဆွန်ဒရချိုဇာဟာ အိပ်ရာထဲလဲပြီး နာမကျန်းဖြစ်နေခဲ့တယ်... ဒီလိုမိသားစုတကွဲတပြားဖြစ်နေတဲ့အချိန် နွားကွဲရင် ကျားဆွဲဆိုသလို လုပ်ကြံမယ့် သူလျှိုတွေဟာ တန်ဂျာဗူးတိုင်းပြည်ထဲကို အလျှိုလျှိုဝင်လာခဲ့ပါပြီ... ဒါကို ရိပ်စားမိတဲ့ ဘုရင်ဟာ သားတော်တွေကို ပြန်ခေါ်လာနိုင်ခဲ့ပါ့မလား...။ သူတို့ရဲ့အသက်တွေ ပေးဆပ်လိုက်ရမှာလား...။ ချိုလာမင်းဆက်ကြီး ဘာတွေဆက်ဖြစ်လာမလဲပေါ့။ Part II မှာတော့ အရွန်းမိုဇီဟာ ခမည်းတော်ရဲ့အမိန့်အရ အကျဥ်းသင်္ဘောနဲ့ပြန်လာခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ မုန်တိုင်းကြောင့် သင်္ဘောပျက်ပြီး ရက်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အာရွန်းမိုဇီ တကယ်ပဲ သေဆုံးသွားခဲ့ပြီလား။ ဒီတော့ နောင်တော် အာဒိတကလည်း ဒါက နန်ဒီယာရဲ့ ကြိုးကိုင်မှုလို့ယူဆပြီး ကြားထဲက ပဋိပက္ခတွေ တင်းမာလာခဲ့တပေါ့။ ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး တိုင်းပြည်ရဲ့အာဏာကို သိမ်းဖို့ကြိုးစားနေတဲ့ လူတွေကတစ်ဖက်။ ထက်မြက်ပြီးပါးနပ်လှတဲ့ ဘုရင်မ နန်ဒီယာကရော ဘယ်လို ဆက်အကွက်ရွေ့မလဲ။ ဒီလိုတိုက်ရေးခိုက်ရေးတွေအပြင် အပြင်အဆင်အလှအပတွေကိုပါ Part II မှ မြင်တွေ့ရဦးမှာဖြစ်လို့ ကြည့်ရတန်တဲ့ ကားလေးတစ်ကားဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်... အညွှန်းရေးသားထားပေးတာကတာ့ Hayman ဖြစ်ပြီး ဘာသာပြန်တွေကတော့ Hayman,Khin,Saii,Yin Yin တို့ဖြစ်ပါတယ် File size…8.58GB / 4GB /1.6GB Quality…4k HEVC WEB DL / 1080p WEB DL / 720p Format…mp4 Duration….2h 44m Subtitle….Myanmar Subtitle (Hard Sub) Encoder…YK Translated by Hayman,Khin,Saii,YH

Drama • BL
6.9 2023 165 mins
Ponniyin Selvan: Part II
Merrill's Marauders
6.2

ဒုတိယကမ္ဘာစစ်အတွင်းက ဗမာပြည်စစ်မြေပြင် Burma Campaign ရဲ့ နာမည်ကြီးတိုက်ပွဲဖြစ်တဲ့ မြစ်ကြီးနားတိုက်ပွဲကိုဆင်နွှဲခဲ့တဲ့ ဗိုလ်ချုပ် Merrill နဲ့ သူ့ရဲ့တပ်ဖွဲ့ Merrill's Marauders အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကားပါ...ဂျပန်တွေလက်ထဲက မြစ်ကြီးနားကို သိမ်းဖို့ ပြောက်ကျားတပ်ဖွဲ့ ၂ ဖွဲ့ ဖွဲ့ခဲ့ပြီး တစ်ခုက မရောက်ဒါးတပ်ဖွဲ့နဲ့ နောက်တစ်ဖွဲ့က Levi Scout (Kachin Scout) လို့ခေါ်တဲ့ ကချင်လူမျိုးတွေအများဆုံးပါဝင်တဲ့တပ်ဖွဲ့ပါ။ "ယမ်းငွေ့ဟာ ပန်းမွေ့ယာဖြစ်မလာနိုင်ဘူး" တဲ့။ "စစ်တိုက်တယ်ဆိုမှတော့ ပန်းတွေနဲ့ပေါက်ကြတာမှ မဟုတ်ဘဲလေ"။ "စစ်" ဆိုတဲ့ ကဗျာခေါင်းစဉ်လေးအောက်မှာ "ဒုံးဒုံးဒက်ဒက်၊ တုံးလုံးပက်လက်" ဆိုပြီး နှစ်ကြောင်းထဲနဲ့ စစ်ရဲ့ အနိဌာရုံကို ထင်ဟပ်နိုင်သလိုပေါ့။ လူတွေဟာ စစ်တိုက်ဝါသနာ ပါသလားမသိ။ အခုထိ ကမ္ဘာ့စစ်ပွဲကြီး နှစ်ကြိမ်ဖြစ်ပြီးသွားပြီ။ ဒါပေမဲ့ စစ်တိုက်တယ်ဆိုတာနဲ့ လူအများပြေးမြင်တာက ကျည်ဆံတွေ ပလူပျံနေတုန်း ပြေးကြ လွှားကြ၊ သွေးသံရဲရဲ သေပွဲဝင်ကြ၊ ကိုယ့်ရဲဘော် ကျဆုံးသွားတဲ့အခါ မျက်ဝန်းနီကြီးတွေနဲ့ အံတင်းတင်းကြိတ်ပြီး မိုက်ရူးရဲ ရှေ့တက်ပစ်ခတ်ကြ။ ဒါပေမဲ့ ဒီကားမှာတော့ အဲဒီမြင်ကွင်းတွေကို သိပ်ပြီး မြင်ရဖို့မရှိပါဘူး။ စစ်တိုက်တယ်ဆိုတာ သေနတ်နဲ့ပစ်ရဲရမယ်။ ကိုယ့်ကိုကျည်ဆံမှန်ရင်လည်း သေရဲရမယ်။ သေရဲသတ်ရဲရမယ်ဆိုတာနဲ့တင် ပြီးတာမဟုတ်ဘူး။ ရိက္ခာမလုံလောက်၊ အဖျားရောဂါထူနေဆဲမှာ လမ်းခရီးကြမ်းကြီးကို တိုက်ပွဲဝင်လက်နက်၊ ကျည်ဆံ၊ လက်နက်ကြီးတွေကို အပါသယ်ပြီး ချီတက်နိုင်တာကလည်း သိပ်အရေးပါတဲ့ စစ်ရေးစွမ်းရည်တစ်ခုပါ။ ဒီဇာတ်ကားကတော့ ဖက်ဆစ်နာဇီဂျာမန်တပ်နဲ့ ဂျပန်တပ်တို့ကို ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်တပ်ပေါင်းစုနဲ့ ပြန်လည်ထိုးစစ်ဆင် ဟန့်တားရတဲ့အကြောင်းပါပဲ။ ဂျာမန်တပ်တွေကလည်း ကမ္ဘာ့အရှေ့ခြမ်းကို လမ်းပွင့်အောင် အပြင်းအထန် တိုက်စစ်ဆင်လာပြီး ဂျပန်ကလည်း ဂျာမန်တပ်တွေနဲ့ ပူးပေါင်းနိုင်အောင် ကမ္ဘာ့အနောက်ခြမ်းကို ချီတက်နေချိန်ပေါ့။ ဗမာပြည် (မြန်မာနိုင်ငံ) ကနေ ဆုတ်ခွာခဲ့ရတဲ့ ဗြိတိလျှတပ်တွေဟာ မဟာမိတ်အဖွဲ့တွေနဲ့ စုပေါင်းပြီး အိန္ဒိယကနေ ဗမာပြည် မြစ်ကြီးနားကိုပြန်သိမ်းဖို့ ကြိုးစားရပါတယ်။ ဂျပန်ဟာ ဗမာပြည်ကိုသိမ်းပိုက်ပြီးတော့ လေကြောင်းအချက်အချာကျရာမြို့ဖြစ်တဲ့ မြစ်ကြီးနားကို အပိုင်တပ်ထိုင်ထားတယ်။ ဂျပန်ဘုရင့်တပ်မတော် အမှတ် (၁၈) လို တိုက်ခိုက်ရေး နာမည်ကြီးတပ်ကိုယ်တိုင် ထိမ်းထားခြင်းဖြစ်လို့ မြစ်ကြီးနားရဲ့ အရေးပါပုံကို ခန့်မှန်းနိုင်ပါတယ်။ အဲဒီမှာပဲ စေတနာ့ဝန်ထမ်းလုပ်လာတဲ့ လူမျိုးပေါင်းစုံကို အမှတ် (၅၃၀၇) တပ်ပေါင်းစု (ယာယီ) အဖြစ်ဖွဲ့စည်းခဲ့ပြီး အင်အားသုံးထောင်ရှိပါတယ်။ ဗမာပြည်ကို ပြန်သိမ်းဖို့ကြိုးစားတဲ့ တပ်တွေထဲက တစ်စိတ်တပိုင်းဖြစ်လာခဲ့တာပေါ့။ သူတို့တပ်ကြီးဟာ ဂျပန်နယ်မြေထဲကို မိုင် (၂၀၀) ကျော်အထိ အင်မတန်ကြမ်းတမ်းတဲ့ တောတောင်ခရီကြမ်းနှင်လို့ တိတ်တဆိတ်ချဉ်းကပ်ဝင်ရောက်လာပြီး ဂျပန်တွေရဲ့ ရိက္ခာထောက်စခန်းဖြစ်တဲ့ Walawbum ကို သိမ်းပိုက်ခဲ့ကြတယ်။ သူတို့ရဲ့ ချီတက်ရေးနဲ့ စစ်ဆင်ရေးဟာ ကြမ်းတမ်းလွန်းလို့ အကြီးအကျယ်စစ်ပန်းနေကြပေမယ့် သူတို့ဟာ Shaduzup က ရထားဘူတာကို စိမ့်နွံအိုင်မြေထဲကိုဖြတ်ပြီး ချီတက်ရပြန်ပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ သုံးသပ်ချက်ကတော့ စစ်တိုက်ရန် မဖြစ်နိုင်လောက်အောင် ကိုယ်ကျန်းမာရေး စိတ်ကျန်းမာရေး မရှိကြသော ဂျုံးဂျုံးကျ တပ်သားများပေါ့။ ကိုယ့်သူငယ်ချင်း ကိုယ့်မိတ်ဆွေတွေဟာ ကိုယ့်ရှေ့မှာပဲ သေကြကြေကြလွန်းတော့ လူတွေဟာ စိတ်ခံစားချက်တွေ ထုံသွားကြတယ်။ လူတစ်ယောက်လဲသေတယ်။ ငုံကြည့်လိုက်ကြတယ်။ ပြီးတော့ ကိုယ်နဲ့မဆိုင်သလို ဆက်လျှောက်သွားကြတယ်။ မျက်ရည်ခြူ စစ်ပေါကားတွေလို မေးရိုးကြီးတွေထောင်မနေဘူး။ လက်စားချေမယ်ကွလည်း မအော်ဘူး။ သတ်စရာရှိ သတ်လိုက်ကြတယ်။ သေစရာရှိ သေလိုက်ကြတယ်။ ကဲ ဂျုံးဂျုံးကျစစ်သားကြီးတွေနဲ့ သူတို့ရဲ့ နှလုံးရောဂါသည် ဗိုလ်ချုပ် (အမှန်ကတော့ ဗိုလ်မှူးချုပ် ပါ။ အဲဒီအခါက စစ်တပ်မှာ အခေါ်ရခက်တဲ့ ရှည်တဲ့ရာထူးဆိုရင် ခေါ်ရလွယ်တဲ့ တစ်ဆင့်မြင့်ရာထူးတပ်ခေါ်လိုက်ကြတာပါပဲ။) တို့ဟာ နောက်ထပ် မိုင် ၃၀၀ လောက်ကျန်သေးတဲ့ မြစ်ကြီးနားကို စစ်ပန်းလွန်းလို့ သေလုဆဲဆဲအခြေအနေမှာ ဝင်တိုက်ပေးဖို့ တောင်းဆိုခံရပါတယ်။ အစတည်းက ဖွဲ့ထားတဲ့တပ်က စစ်ပြန်တွေကို ပြန်စုစည်းထားတဲ့ စေတနာ့ဝန်ထမ်းတပ်။ စေတနာ့ဝန်ထမ်းတပ်ဆိုတာက လစာမရတဲ့ တပ်လို့ပြောတာ မဟုတ်ပါဘူး။ ခက်ခဲကြမ်းတမ်းတဲ့ စစ်ဆင်ရေးကို ဝါရင့်ပုဂ္ဂိုလ်ကြီးတွေက တိုက်ပေးပါ့မယ်ဆိုပြီး ကမ္ဘာပေါ်မှာ ဖက်ဆစ်စနစ်မစိုးမိုးဖို့ စေတနာ့ဝန်ထမ်း တိုက်ပေးတာကိုပြောတာပါ။ သူတို့ဟာ မဖြစ်နိုင်တာကို လုပ်ပြခဲ့ကြတယ်။ ကမ္ဘာ့အခက်ခဲ အကြမ်းတမ်းဆုံး ခရီးကြမ်းကြီးကို အပြင်းအထန်စစ်ပန်းနေတုန်းမှာ ချီတက်ခဲ့ကြပြီး ရောက်ရောက်ချင်း မြစ်ကြီးနားကိုသိမ်းတဲ့ တိုက်ပွဲကြီးကိုလည်း ဆင်နွှဲနိုင်ခဲ့တယ်။ ပြီးတော့ မြစ်ကြီးနားကို သိမ်းပိုက်နိုင်ခဲ့တယ်။ အမေရိကန်အစိုးရရဲ့ ဂုဏ်အယူရဆုံး တပ်ဖွဲ့ကြီးပေါ့။ သူတို့ကို သူတို့ဗိုလ်ချုပ်နာမည် မီရီလ် ကို အစွဲပြုပြီး "မီရီလ် ရဲ့ လှည့်လှည်ကျက်စား သားရဲများ" လို့ အမည်ပေးခဲ့ကြပါတယ်။ ဇာတ်ကားရဲ့ အမည်ဖြစ်သလို သူတို့တပ်ရဲ့ အမည်လည်းဖြစ်ပါတယ်။ မရောက်ဒါးတပ်ဖွဲ့ကြီးမှာ ချင်းလူမျိုးတွေနဲ့ ကချင်လူမျိုးတွေ ပါဝင်တိုက်ပွဲဝင်ခဲ့ပြီး သူရဲကောင်းဆုတံဆိပ်တွေလည်း ရခဲ့ကြပါတယ်။ ‌ရုပ်ရှင်ပညာ မထွန်းကားသေးတဲ့အချိန်က ရိုက်ကူးခဲ့တာဖြစ်လို့ အားနည်းချက်တွေ ရှိနေပေမယ့် သမိုင်းကြောင်းအရရော၊ ရုပ်ရှင်ရသအရရော ကြည့်ရှုသင့်တဲ့ ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားတာပါ။) File size…(2.3 GB)/(900 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:38:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Crime • Thriller
6.2 1962 98 mins
Merrill's Marauders
Spies in Disguise
7.6

ကာတွန်းကား ကောင်းကောင်းကြည့်ချင်တဲ့ သူတွေအတွက် လာပါပြီ။ ရယ်လည်းရယ်ရတယ် ဇာတ်လမ်းလည်းမိုက်တယ်။ အသံသရုပ်ဆောင်ထားသူတွေကတော့ မပြောရင်တောင် အသံကြားတာနဲ့ သိမယ့် ၂ ယောက်ပါပဲ။ ဝယ်လ် စမစ်သ် ရယ် တွမ် ဟော်လန် ရယ်ပါ။ တကယ်လိုက်ဖက်တဲ့ သူတွေပါပဲ။ ဝယ်လ်စမစ်သ်က လန့်စ်စတာလင်ဆိုတဲ့ အရမ်းတော်တဲ့ စပိုင်တစ်ယောက်။ သူက အရမ်းတော်ပေမယ့် တစ်ကိုယ်တော်ပဲ လှုပ်ရှားတတ်တဲ့သူ။ တွမ်ဟော်လန်ကတော့ ဝေါ်တာ ဘက်ကက် ဆိုတဲ့ ဉာဏ်ကြီးရှင်တီထွင်သူ အူကြောင်ကြောင် ကောင်လေး အဖြစ် အသံသရုပ်ဆောင်ထားပါတယ်။ ဝေါ်တာရဲ့ တီထွင်ချက်တွေကို အေဂျင်စီမှာ ဘယ်သူမှ အထင်မကြီးတဲ့အပြင် လန့်စ်ကိုပါ ပြဿနာ သွားလုပ်မိလို့ အလုပ်ဖြုတ်ခံလိုက်ရတော့တယ်။ ဒါပေမယ့် လန့်စ်နဲ့ မျက်နှာတူ လူဆိုးတစ်ယောက်ကြောင့် လန့်စ် တစ်ယောက် အထင်လွဲခံရပြီး ထွက်ပြေးရတဲ့အခါမှာ မလွှဲမရှောင်သာ ဝေါ်တာနဲ့ပူးပေါင်းပြီး အလွဲလွဲအချော်ချော်နဲ့ လူဆိုးကို အမိဖမ်းဖို့ ကြိုးစားရပါတော့တယ်။ File Size : ( 948 MB , 345 MB ) Quality : BluRay 720p Running Time : 1 hr 42 min Format : Mp4 Genre : Animation , Action , Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama
7.6 2019 102 mins
Spies in Disguise
Broken People
3

Broken People (2023) လူတစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိကြဖို့ အချိန်ဘယ်လောက်လိုပါသလဲ… လူတစ်ယောက်နဲ့ တစ်ယောက်ကြား အခိုင်မာဆုံးကြိုးတွေ ချည်ဖြစ်ဖို့ ရာသီဘယ်နှလီ ဖြတ်သန်းကြရမလဲ... တချို့တွေအဖို့ နှစ်နဲ့ချီ ဖြည်းဖြည်းချင်း ညှိယူသိယူကြရတဲ့ နားလည်မှုတွေ၊ တစ်ကြိုးချင်းရစ်ရင်းသီရင်းက ချည်နှောင်ခဲ့ရတဲ့ ရင်းနှီးမှုတွေဟာ... တချို့များအတွက်ကျတော့လည်း ဝီစကီတစ်ခွက်ပဲ လိုပါတယ်။ တစ်ခါတစ်ခါ ရင်ဖွင့်ချင်တာတွေရှိတဲ့အခါ ကိုယ့်အသိအဝန်းအဝိုင်းထဲက လူတစ်ယောက်ဆီမှာ ဖွင့်ချရတာထက် ကိုယ့်ကိုလုံးဝမသိတဲ့ လူစိမ်းတစ်ယောက်ဆီမှာ အိပ်သွန်ဖာမှောက်ပြောပြရတာက ပိုလို့ သက်တောင့်သက်သာရှိပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၅မိနစ်က သူစိမ်းတစ်ယောက်ဟာလည်း သင့်ဘဝရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။ ဒီဇာတ်ကားအကြောင်းကို မပြောပြချင်ပါဘူး။ ဘာလို့ဆို ဒါဟာ သူစိမ်း၂ယောက်ကြားက ရင်းနှီးမှု မီးပွင့်လေးကို တတိယလူ(အပြင်လူ)နေရာကနေ စောင့်ကြည့်ရတဲ့ ဖီလင်လေးနဲ့ မျောရမှာမို့ပါ။ သူစိမ်း၂ယောက်... ဘားတစ်ခု... ဝီစကီခွက် ခပ်များများ... (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action & Adventure • Drama • Sci-Fi & Fantasy
3 2023 95 mins
Broken People
The Love of the Ferry: New Legend of Liao Zhai
6.1

ဒီတစ်ခါမှာတော့ CMပရိသတ်ကြီးကို မြေခွေးမိစ္ဆာမလေးနဲ့ စာသင်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟိုးရှေးရှေးလွန်ခဲ့နှစ်ပေါင်းတစ်ထောင်လောက်တုန်းက မြေခွေးမိစ္ဆာတစ်ကောင်ဟာ နေရာအနှံ့ဒုက္ခပေးလို့နေသတဲ့ နတ်ဆရာကြီးတစ်ယောက်ကမြေခွေးမိစ္ဆာကိုနှိမ်နင်းပြီး အစီအရင်နဲ့ပိတ်လှောင်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကြင်နာတတ်တဲ့ကလေးလေးတစ်ယောက်ဟာ မြေခွေးလေးနာကျင်နေတာမကြည့်ရက်လို့ ကူညီလိုက်ရာမှ မြေခွေးမိစ္ဆာကြီးကလွတ်သွားပါတော့တယ်။ စာသင်သားလေးဝမ်ဝိန်ဟာ မြို့တော်မှတော်ဝင်စာမေးပွဲဖြေဖို့သွားရင်း ဆောင်ကြာမြိုင်ကမိန်းကလေးယာထိုနဲ့တွေ့ဆုံပြီး စုံမက်ခဲ့ကြတယ်။ ဝမ်ဝိန်ကမထင်မှတ်ပဲ ယာထိုမိန်းကလေးရဲ့ မိခင်ဖြစ်သူကမြေခွေးမိစ္ဆာဆိုတာကိုသိလိုက်ရပါတော့တယ်…… ဒီလိုနဲ့ချစ်သူမိန်းကလေးရဲ့အကူအညီနဲ့ထွက်ပြေးလွတ်မြောက်ခဲ့ရပါတယ်။ ယာထိုလေးကတော့မိခင်ရဲ့နှိပ်စက်ခြင်းကိုခံရပါတော့တယ်။ ဘဝခြားတဲ့သူတို့ရဲ့အချစ်ဇာတ်လမ်းလေးဟာ ချိုမြိန်ခြင်းနဲ့အဆုံးသတ်မလား ခါးသည်းမှုတွေနဲ့အဆုံးသတ်မလားဆိုတာကို ရင်သတ်ရှုမောဖွယ်ကြည့်လိုက်ကြပါနော်

Horror • Thriller
6.1 2022
The Love of the Ferry: New Legend of Liao Zhai
MFKZ
6.7

ကလေးတွေအတွက် မဟုတ်တဲ့ animation တွေကြည့်ဖူးကြမယ်ထင်ပါတယ်။ ဒီ Mutafukaz လို့ခေါ်တဲ့ ‌animation ‌ကလဲ အဲဒီလိုပါပဲ။ Dark ဖြစ်တယ်၊ အသုံးအနှုန်းတွေရိုင်းတယ်၊ သွေးထွက်သံယိုတွေများတယ်။ Rick and Morty တို့လို show မျိုးတွေကြိုက်တတ်ရင် ကြည့်သင့်တယ်ဗျ။ ဇာတ်လမ်းအနေနဲ့ကတော့ Angelino, Vinz နဲ့ Willy လို့ခေါ်တဲ့ အသွင်မတူ ပုံစံတစ်ယောက်တစ်မျိုးနဲ့ သူငယ်ချင်းသုံးယောက် ‌Dark Meat City လို့ခေါ်တဲ့ ဆိုးဆိုးရွားရွားမြို့မှာနေကြပါတယ် Angelino က အချိုးမပြေလို့ အလုပ်ကမမြဲ၊ Vinz ကကျတော့ သူ့အသွင်ကြောင့် ဘယ်သူမှအလုပ်မခန့်တဲ့ အခြေအနေဖြစ်နေလို့ အတူတူနေကြတဲ့ Vinz နဲ့ Angelino က စီးပွားရေးအဆင်မပြေလှပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်ကယ်စီးရင်း စော်ငမ်းမိတဲ့ Angelino တစ်ယောက်ဆိုင်ကယ်တိုက်ပြီးတော့ super power တွေရလာပါတော့တယ်။ ဇာတ်လမ်းက အဲဒီမှာ စရှုပ်တာပါ။ ‌ spoiler မိမှာဆိုးလို့ ဘယ်လိုရှုပ်တာလဲသိချင်ရင်တော့ ဇာတ်လမ်းကိုပဲ ကြည့်လိုက်ကြဖို့ တိုက်တွန်းပါတယ်ဗျာ။ ‌ ပေါက်ကရတွေအရမ်းပြောတဲ့ Willy နဲ့ Vinz ကြောင့်ရော ထူးခြားတဲ့ ဇာတ်လမ်းကြောင့်ရော ကြည့်နေရင်း မပျင်းသွားဖို့တော့ အာမခံပါတယ်။ Rating အနေနဲ့လဲ Animation တစ်ကားအနေနဲ့ IMDB 6.7 ရထားတော့ မဆိုးလှဘူးလို့ ပြောလို့ရပါတယ်။ မှတ်ချက် – ဇာတ်လမ်းက R-rated ဖြစ်တာကြောင့်ရယ် အရသာမပျက်ရလေအောင် မူရင်းအတိုင်း ခပ်ရိုင်းရိုင်း ဘာသာပြန်ထားတာရယ်ကြောင့် ကလေးများကြည့်ရန် အဆင်မပြေပါခင်ဗျာ။ File size… 1.2 GB / 624 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac

6.7 2017 95 mins
MFKZ
Lost But Win
5.9

ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်‌ပြိုင်ပွဲတိုင်းမှာ ရှုံးပွဲမရှိ ချန်ပီယံဆုချည်းပဲရခဲ့တဲ့ အားဟွာ အရင်က ဖုန်းယွင်ဆိုင်ကယ်အသင်းမှာ ညီအစ်ကိုဖြစ်ခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ခုလုံးမပြောမဆိုပျောက်ကွယ်သွားခဲ့တဲ့ အားထန် အားဟွာနဲ့အားထန်တို့၂ဦးဟာ ဖုန်းယွင်ဆိုင်ကယ်အသင်းရဲ့ အားကိုးရတဲ့ ပြိုင်ပွဲဝင်တွေဖြစ်ပြီးတော့ အကြောင်းအရင်းအမျိုးမျိုးကြောင်း အားထန်ကမပြောမဆိုပျောက်သွားပြီး အားဟွာတစ်ယောက်တည်း အသင်းနာမည်ကိုဆက်လက်ထိန်းသိမ်းခဲ့ရပါတယ် ။ ဒီလိုနဲ့အားဟွာတစ်ယောက်ဆယ်စုနှစ်တစ်ခုလုံး ဆိုင်ကယ်မောင်းတာကိုလက်မလျှော့ခဲ့ဘဲ ချန်ပီယံဆုတွေချည်းယူခဲ့ပါတယ် ။ တစ်နေ့မှာတော့ ဟောင်ကောင် -ကျူးဟိုင်-မကာအို စူပါချန်ပီယံဆုပြိုင်ပွဲကြီးမှာ အားဟွာက ချန်ပီယံဆုထပ်ရသွားခဲ့ပါတယ် ။ အဲဒီ‌နေ့မှာ ဆယ်နှစ်လောက်သတင်းမရ ပျောက်ကွယ်သွားခဲ့တဲ့ အားထန်ကပြန်ပေါ်လာပြီးတော့ ချန်ပီယံအားဟွာကိုစိန်ခေါ်မည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ဇာတ်လမ်းထဲမှာတော့ ဇာတ်လမ်းနာမည်အတိုင်း Lost but win ဘယ်လိုဖြစ်သွားမလဲဆိုတာရယ် ၊ ငယ်ငယ်ကတည်းက ဘယ်တော့မှ အားဟွာကိုမနိုင်ခဲ့တဲ့ အားထန်တစ်ယောက် ဘယ်လိုအနိုင်ယူသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။

Drama • History • Romance
5.9 2024
Lost But Win
Lucky Hearts
5.6

ဒီနေ့တော့ Lucky hearts ဆိုတဲ့ ပေါ့ပေါ့ပါးပါး Romance Comedy ကားလေးနဲ့မိတ်တက်ပေးပါရစေ စိတ်ပြေလက်ပျောက် ရယ်မောရစေမယ့်အချစ်ဟာသဇာတ်မြူးလေးပါပဲ ဇာတ်လမ်းအညွှန်းကတော့ သဘာဝအလှကုန်တွေဖန်တီးတဲ့နေရာမှာ ပါရမီပါတဲ့ ရိုစီအန်း။ သူ့ကြောင့် အနီးနားကလူတွေကံကောင်းတတ်ကြလို့ lucky charmလေးလို့ခေါ်ကြပေမယ့် သူ့မှာတော့ အချစ်ရေးကျိန်စာသင့်နေသလို အလွဲလွဲအချော်ချော်ဖြစ်နေကျပါ။ Lucky clover ဆိုတဲ့သူ့ကိုယ်ပိုင် မိတ်ကပ်ကုမ္ပဏီလေး ဆက်လည်ပတ်ဖို့ ရင်းနှီးမြှုပ်နှံသူရှာရင်းနဲ့ ဆိုင်မွန် ဆိုတဲ့ လူချောလေးနဲ့ဆုံမိရာမှ ရိုစီအန်းရဲ့ အမြဲတမ်းဆိုးနေတတ်တဲ့ အချစ်ရေးကံတစ်ပတ်ပြန်လည်လာမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

5.6 2023
Lucky Hearts
A Whole Life / Ein Ganzes leben

ယခုအခါတက်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် ဂျာမနီဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်….ဆုတစ်ခုရရှိထားပြီးဇကာတင် ၁၀ ခုရရှိထားပါတယ် ဇာတ်ကားရဲ့နာမည်ကတော့ ဘဝတစ်ခု(A Whole Life) လို့အမည်ရပါတယ်….အမည်အတိုင်းပဲ ဒီဇာတ်ကားဟာ လူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုရိုက်ပြထားတာပါ…. ဇာတ်လမ်းရဲ့အစကတော့ ၂၀ ရာစုနှစ်လောက်မှာစပါတယ်….အဓိကဇာတ်ကောင်ဖြစ်တဲ့ အန်ဒရီယာစ်အက်ဂါလို့အမည်ရတဲ့ မိဘမဲ့ကလေးလေးဟာ သူရဲ့ဦးလေးဖြစ်သူဆီကိုရောက်ရှိလာခဲပါတယ်….ဦးလေးဖြစ်သူဟာသူ့ကိုမိသားစုဝင်လို့မသတ်မှတ်ပဲ အလုပ်သမားတစ်ယောက်အနေနဲ့သာခိုင်းစေပါတယ်….တခါတလေရိုက်နှက်တာမျိုးလည်းရှိပါတယ်….သူအရွယ်ရောက်လာတဲ့အခါမှာတော့ဦးလေးဖြစ်သူဆီကနေထွက်ခွာသွားပြီး သူ့ခြေထောက်ပေါ်သူရပ်တည်ခဲ့ပါတယ်… ဇာတ်လမ်းဟာ အန်ဒရီယာစ်အက်ဂါရဲ့ဘဝဖြတ်သန်းရပုံ….လောကဓံအနိမ့်အမြင်‌ကြုံတွေ့ရပုံကို ငယ်စဥ်ကနေသေဆုံးတဲ့အထိရိုက်ပြထားပါတယ်….ခံစားကြည့်ကြပါခင်ဗျာ…. File size…(1.8 GB)/(897 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
A Whole Life / Ein Ganzes leben
The Platform El hoyo
7

The Platform (2019) El hoyo IMDb Rating (7.0) / Rotten Tomatoes (81%) ဒီရုပ်ရှင်ကတော့ Netflix က စပိန်ရုပ်ရှင်ကားပါ။ တကယ့်ကို မှောင်မိုက်တဲ့ Thriller အမျိုးအစားဖြစ်လို့ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းကတော့… Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်.. ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊ တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး…… သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။ Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။ အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ… အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ… လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ…စတဲ့တွေးစရာလေးတွေနဲ့ ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။

History • Drama
7 2019
The Platform El hoyo
[18+] Undergrads
5

အယ်လီနဲ့ဆိုဖီတို့ဟာ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အယ်လီကတော့ ဆိုဖီအပေါ်တိတ်တခိုးသံယောဇဉ်တွယ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုဖီတစ်ယောက်ရည်းစားရသွားတာကိုသိလိုက်ရတဲ့နောက် အယ်လီလည်း အားကျမခံကောင်လေးတစ်ယောက်နဲ့လိင်မှုကိစ္စသက်သက် အပျော်သဘောတွဲဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ဆိုဖီမှာ ကိုယ်ဝန်ရှိနေခဲ့ပြီး သူ့ချစ်သူက တာဝန်မယူဘူးဆိုတာရယ် အဲ့ဒီချစ်သူဆိုတာ သူတို့ကျောင်းက ဆရာတစ်ယောက်ဖြစ်နေတာရယ်ကို အယ်လီသိလိုက်ရတဲ့အချိန်မှာတော့ သူ့ခံစားချက်တွေပေါက်ကွဲထွက်ကုန်ပါတော့တယ်။ အယ်လီနဲ့ဆိုဖီအဖြစ် နောက်ပေါက်တွေထဲက မခေလှတဲ့ Rica Gonzales နဲ့ Athena Red တို့ဦးဆောင်ပါဝင်ထားတာမို့ အားပေးရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:06:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5 2024 65 mins
[18+] Undergrads
Wallace & Gromit: The Curse of the Were-Rabbit
7.5

ဒီကားကတော့ Wallace and Gromit Film Series ထဲမှ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဝေါလေ့စ်တို့နေထိုင်တဲ့ပတ်ဝန်းကျင်ကလူတွေဟာ တော့တင်ဟမ်ခန်းမမှာ နှစ်စဉ် အသီးအနှံပြပွဲကို ထုံးတမ်းစဉ်လာတစ်ခုအဖြစ် ကျဉ်းပကြပါတယ်။ တစ်နှစ်တာလုံးလုံး ကိုယ့်ရဲ့အသီးအနှံတွေကိုပိုးမွေးသလိုမွေးပြီး အကြီးကြီးဖြစ်အောင်စိုက်ပျိုးရင်း ပြိုင်ပွဲမှာ ဆုကိုဆွတ်ခူးနိုင်ဖို့အတွက်ကြိုးစားကြရပါတယ်။ ဒါပေမဲ့ ဒီလိုအသီးအနှံမျိုးကောင်းတွေကိုစိုက်ပျိုးကြတဲ့အခါ သီးနှံဖျက်ကောင်တွေဖြစ်တဲ့ ခရု၊ ငန်း၊ ယုန်စတဲ့ သတ္တဝါတွေကို ဆွဲဆောင်ပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ ဝေါလေ့စ်နဲ့ဂရိုမစ်က သီးနှံဖျက် ယုန်တွေကိုလိုက်လံရှင်းလင်းရင်း ဒီယုန်တွေရဲ့ပြဿနာကို ပျောက်ကွယ်သွားအောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုကို စမ်းသပ်ရင်း တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ ဆက်လက်ကြည့်ရှုကြပါဦး။ File size… 1.6 GB / 780 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Adventure / Animation / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Vader ft Riley

Drama • Comedy • Fantasy
7.5 2005 85 mins
Wallace & Gromit: The Curse of the Were-Rabbit
Laila

Laila 2025 (အလှဖန်တီးရှင် ဆိုနူ) ဆိုနူဆိုတဲ့ကောင်လေးဟာ မြို့ဟောင်းလေးတစ်ခုမှာ အလှပြင်ဆိုင်လေးဖွင့်ထားပါတယ်။ သူဟာ သူ့ဖောက်သည်တွေအတွက် ဝန်ဆောင်မှုပေးတာ ကောင်းလွန်းလို့ သူတို့မြို့လေးရဲ့ အမျိုးသမီးတွေကြားမှာ ရေပန်းစားနေတာပေါ့။ တချို့ဆိုရင် ဆိုနူနဲ့ယှဉ်ပြီးတော့ သူတို့ယောက်ျားတွေကို ရှင်တို့က ကြမ်းတမ်းလိုက်တာ ဆိုနူဆို နူးနူးညံ့ညံ့လေး ကျွန်မတို့ကို ကိုင်တွယ်ပေးတာဆိုတာမျိုးတွေ ပြောလာတဲ့အတွက် ယောက်ျားထုကြီးကတော့ ကြည့်မရဖြစ်နေတာပေါ့။ ဒီလိုနဲ့ ဆိုနူတို့အိမ်ကို SI အရာရှိရင် မယားငယ်တစ်ယောက်က သူ့ကိုယ်သူ ဆရာကြီးစတိုင်နဲ့ လာချိုးနေတဲ့အတွက် ဆိုနူတစ်ယောက် မယားကြီးကို ခေါ်ပေးလိုက်ရာက လမ်းလယ်ခေါင်မှာတင် ပြဿနာတွေတက်ပါတော့တယ်။ အဲဒီမှာတင် SI အရာရှိကြီးဟာ ဆိုနူးကြောင့်နဲ့ သူ့မယားကြီးရော မယားငယ်ရောက သူ့ကို ထားသွားတဲ့အပြင် အရှက်ပါကွဲရတဲ့အတွက်ကြောင့် ဆိုနူကို အငြိုးထားပါတော့တယ်။ ဒီလိုနဲ့ SI အရာရှိကြီးက ဆိုနူအပေါ်မှာ ဘယ်လိုတွေ လက်တုံ့ပြန်လက်စားချေမလဲ …. ဆိုနူတစ်ယောက် ဘာတွေ ကြုံတွေ့ရဦးမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ Cym ~ V ~ KKKZ ~ ZweYan တို့ပဲ ဖြစ်ပါတယ်)

Drama • Comedy
0 2025 134 mins
Laila
A Dog’s Will O Auto da Compadecida
8.6

A Dog’s Will (2000) IMDb Rating (8.6) / Rotten Tomatoes (94%) ဂန္တဝင်ဇာတ်ကားအဖြစ်အသိအမှတ်ပြုခံထားရတဲ့ ဘရာဇီး ဇတ်ကားကောင်း အမေရိကန်ဟောလီဝုဒ်ဇာတ်ကား ကိုးရီးယားဇတ်ကား တရုတ်ဇတ်ကားဘောလီဝုဒ် ဇတ်ကားတွေနဲ့ရိုးနေပြီဆိုရင်တော့ တောင်အမေရိကတိုက် ဘရားဇီးနိုင်ငံကဇတ်ကားလေးတစ်ကား ကိုညွှန်းပေးချင်ပါတယ်။ ဒီဇတ်ကားက နာမည်ကြီးပြဇာတ်ကိုပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ဇတ်ကောင်တွေရဲ့ သရုပ်ဆောင်တာကသမရိုးကျ ကားတွေနဲ့ကွဲထွက်နေမှာဖြစ်ပါတယ်။ ဒါကလည်းဇာတ်ကားရဲ့ဆွဲဆောင်မှုဖြစ်ပါတယ်။ ဟာသဆန်သလို တစ်ချို့နေရာတွေမှာ ကရုဏာသက်ရမှာဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ အယူအဆတွေလည်းပါပါတယ်။ အစိုးရကို သရော်ထားတဲ့ အကွက်တွေလည်းပါပါတယ်။ ဟာသဆန်တဲ့ ဇတ်ကားဖြစ်ပေမဲ့ တစ်ချို့အခန်းတွေက ဂီတတွေကတော့ ဝမ်းနည်းစရာ ခံစားရစေပါတယ်။ ဇတ်လမ်းအကျဥ်း ဘရာဇီးလ်နိုင်ငံမြောက်ပိုင်း မြို့လေးတစ်မြို့မှာ ဂျက်ခ်နဲ့ ချီကို သူငယ်ချင်းနှစ်ယောက်က ပေါင်မုန့်ဖိုတစ်ခုမှာဝင်လုပ်ကြပါတယ်။ ဂျက်ခ်ကဆင်းရဲပေမဲ့ဥာဏ်ကောင်းတဲ့သူဖြစ်ပါတယ်။မုန့်ဖုတ်သမားယူရီကိုရဲ့ဇနီးဒိုရာမှာခွေးမလေးတစ်ကောင်ရှိပါတယ်။ဒိုရာက နောက်မီးလင်းတတ်သူဖြစ်ပါတယ်။ ခွေးမလေး စားရတဲ့ အစာက ဂျက်ခ်တို့စားရတဲ့ အစားအသောက်တွေထက်ကောင်းနေတာပါ။ခွေးမလေးနေမကောင်းဖြစ်လို့ ကတ်သလစ်ဘုန်းတော်ကြီး ဆီဆာရိုကို ကောင်းချီးပေးဖို့ဂျက်ခ်ကိုပြောခိုင်းပါတယ်။ ဖာသာက ငြင်းပါတယ်။ ဗိုလ်မှူးရဲ့ခွေးလို့ညာပြောတာနဲ့လုပ်ပေးမယ်ဖြစ်သွားပြန်ပါတယ်။ ကောင်းချီးပေးဖို့လာတော့ခွေးကသေနေပြီဖြစ်သလိုဒိုရာကခွေးကိုခရစ်ယာန်ထုံးစံနဲ့မြှုပ်ပေးဖို့တောင်းဆိုပါတယ်။ဗိုလ်မှူးရဲ့ခွေးမဟုတ်လို့မလုပ်ပေးဘူးလို့ဖာသာကပြောလိုက်ပါတယ်။ ဂျက်ခ်ကဖာသာကို ခွေးမလေးရဲ့ဆန္ဒအရတရားဝင် ဒီလိုလုပ်ဖို့စာရွက်ပေါ်မှာနှိပ်ထားတွေရှိပြီး ဖာသာအတွက်ရော ဘစ်ရှော့အတွက်ပါငွေတွေပေးဖို့ထားခဲ့တယ်ဆိုတာနဲ့အသုဘကိုလုပ်ပေးဖြစ်သွားပါတယ်။ ဗိုလ်မှူးက သူ့သမီးနေမကောင်းလို့ဖာသာကို ကောင်းချီးလာပေးခိုင်းတဲ့အခါ ဂျက်ခ် ဇာတ်လမ်းရှုပ်ထားတာကြောင့် အလွဲတွေဖြစ်ကုန်ပြီး ဗိုလ်မှူးကစိတ်ဆိုးပြီးဂိုဏ်းအုပ် ဘစ်ရှော့ကိုတိုင်ပါတယ်။ နောက်တော့ မြို့ကိုစစ်တပ် တပ်စုတစ်စုရောက်လာသလို ဗိုလ်မှူးသမီး ရိုစင်းဟာလည်း ရောက်လာပါတယ်။ သူ့ကို တပ်ကြပ် နဲ့ ဗလကြီးဗင့်စ်က ကြိုက်ပါတယ်။ချီကိုနဲ့ ရိုစင်းဟာဆုံမိပြီး နှစ်ယောက်စိတ်ဝင်စားသွားကြပါတယ်။ ဂျက်ခ်ကတပ်ကြပ်နဲ့ဗင့်စ်ရဲ့ပိုးကြေးပန်းကြေးလက်ဆောင်တွေကိုရိုစင်းဟာဆီယူသွားပေးပြီးချီကိုအတွက်ပါအကွက်တွေ ထွင်ပေးပါတယ်။ ဗိုလ်မှူးက ရိုစင်းဟာကို လက်ထပ်ဖို့ဖိအားပေးလာပါတယ်။ ချီကိုက ဂျက်ခ်ရဲ့အကူအညီနဲ့ ရိုစင်းဟာကို လက်ထပ်ရဖို့ ကြိုးစားလာပါတယ်။ မြို့ထဲကို ဓားပြတွေက ဝင်ဖို့ကြိုးစားလာပါတယ်။ ဗိုလ်မှူးနဲ့ ချီကိုတို့ဘာဆက်ဖြစ်မလဲဓားပြတွေနဲ့ မြို့သားတွေဘာဆက်ဖြစ်မလဲ။ ချီကိုနဲ့ ရိုစင်းဟာ တို့ဘာဆက်ဖြစ်မလဲဆိုတာကတော့ ဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ဒိုင်ယာလော့အမိုက်စားတွေ ဂျက်ခ် နဲ့ ချီကိုတို့ရဲ့ သရုပ်ဆောင်အမိုက်စားတွေနဲ့ ဟာသအမိုက်စားတွေကိုကြည့်ကြည့်လိုက်ရင်း ဘရာဇီးရုပ်ရှင်ကိုမြည်းစမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (3.3 GB) / (1.9 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Fantasy Duration….01:42:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

8.6 2000 104 mins
A Dog’s Will O Auto da Compadecida
Parannu Parannu Parannu Chellan
5.7

Parannu Parannu Parannu Chellan (2025) လွတ်လပ်စွာ ပျံသန်းဖို့ အချစ်ဆိုတာ တည်ငြိမ်အေးချမ်းမှုပါတဲ့ဒါပေမဲ့ နှစ်ကိုယ်တူဘဝ တည်ဆောက်ဖို့ရာမှာတော့ အချစ်တစ်ခုတည်းမဟုတ်တော့ဘဲ ညှိနှိုင်းစဉ်းစားရမှာတွေ ရှိလာပါတယ် ကမ္ဘာအဝှမ်းမှာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမျိုးရေးတွေ အမျိုးအစားစုံ ရှိသလိုပဲ အိန္ဒိယမှာလည်း တချို့သောသူတွေက ဒါတွေကို အလေးပေးနေဆဲပါပဲ ယောက်ျားလေးတစ်ယောက်ဟာ အဆင်ခြင်မဲ့ ရူးမိုက်စွာလုပ်ဆောင်လာတာရှိရင် ဒါဟာအချစ်ကြောင့်ပါပဲတဲ့ ရွာက သာမန်ကောင်လေးတစ်ယောက်က လူငယ်သဘာဝ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုက်မိပါတယ် ဒါပေမဲ့ကောင်မလေးတို့က မျိုးရိုးမြင့်ထဲကပါသူတို့အကြောင်းသိသွားတော့ သဘောလုံးဝမတူပါဘူး ကောင်လေးဖြစ်သူကိုအနုနည်းနဲ့ လှောင်ပြောင်သရော်တာတို့ ရှိသလို အကြမ်းနည်းနဲ့ ခြိမ်းခြောက်ဒုက္ခပေးတာတွေပါရှိလာပါတယ် ကောင်လေးကတော့ သူချစ်တဲ့သူနဲ့ခွဲခွာမှာမဟုတ်သလို အခွင့်ကြုံလာရင်လည်း လက်စားချေဖို့ တွေးတောနေတာပါ ခံစားချက်တွေ စစ်မှန် နက်ရှိုင်းနေတဲ့ စုံတွဲလေးကတော့ အခက်အခဲတွေကို အံတုကျော်လွှားရင်း သည်းမခံနိုင်လာတဲ့တစ်ရက်ကျ ခိုးရာလိုက်ပြေးဖို့ စီစဉ်ကြပါတော့တယ် အဲဒီအချိန်မှာပဲ သူတို့အစီအစဉ်ကို ကောင်မလေးဘက်က သိသွားဝာာမို့ သူတို့ကြံစည်ချက်အထမမြောက်ဖို့ ကောင်မလေးရဲ့မိသားစုက လုပ်ဆောင်ပါတော့တယ် ဒီဇာတ်လမ်းလေးက ၉၀ ခုနှစ်များဆီက ကျေးလက်တောရွာ ဓလေ့လေးကို ဇာတ်အိမ်တည်ထားတာပါ အဲဒီခေတ် အဲဒီပတ်ဝန်းကျင်နယ်ပယ်ရဲ့ အချစ်ကိုပုံဖော်ပုံလေးပေါ့လေ သူတို့စုံတွဲလေးရဲ့ ဘဝခရီးလမ်း ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Romance • TV Movie
5.7 2025 120 mins
Parannu Parannu Parannu Chellan