YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love.in.Contract.S01E12.1080p(CM).mp4

721.55 MB N/A video/mp4 721 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghosty
4.5

IMDb. 6.8/10 . Cm ပရိသတ်တွေအတွက် ဘိုင်ရာဗာရုပ်ရှင်ထဲကမင်းသမီး ကာဂျယ်အက်ဂါဝယ်ရဲ့ အသစ်ထွက် တမီလ်စကားပြော comedy, horror ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အာရ်သီဆိုတဲ့ ရဲစုံထောက်မလေးဟာ အင်မတန်မှ တလွဲလုပ်တတ်လွန်းတဲ့သူပါ။ တစ်နေ့မှာတော့ သူ့အဖေရဲမှူး အငြိမ်းစားမယူခင် ခက်ခက်ခဲခဲ ဖမ်းခဲ့ဖူးတဲ့ ဒါ့စ်ဆိုတဲ့ ရာဇဝတ်ကောင်တစ်ယောက်ဟာ ထောင်ဖောက်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီသတင်း ကြားတဲ့အချိန်ကနေစပြီး အာရ်သီဟာ ဒါးစ်ကို အသည်းအသန် လိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သူဟာ ဒါးစ်နောက်ကိုလိုက်ရင်း တလွဲတချော်တွေဖြစ်ပြီးနောက်ပိုင်း သူ့ရဲ့အိမ်မှာ အပမှီသလို မသိုးမသန့်ကိစ္စတွေ ကြုံလာရပါတော့တယ်။ ဒီ Ghosty ဆိုတဲ့ သရဲ၊ ဟာသရုပ်ရှင်လေးဟာ ကာဂျယ် ကလေးမွေးပြီးနောက်ပိုင်း ပထမဆုံးပြန်ထွက်လာတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း ကြည့်လို့အဆင်ပြေတဲ့အပြင် ကာဂျယ်ကလည်း အစွမ်းကုန်လှနေတဲ့အတွက် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ်...။ File size…2.4GB / 1.2GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin~ BpL~ Yunni~ Cherry~Zwe Yan Naing

Comedy • Romance
4.5 2023 134 mins
Ghosty
1: Nenokkadine
6.2

အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ဝန်ကြီးချုပ်မင်းသား မဟေရှ်ဘာဘူရဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်.... ဒီဇာတ်ကားမှာတော့ ပုံရိပ်တွေကို မြင်ယောင်နေတဲ့ ရော့ခ်စတားတစ်ယောက်ပေါ့... အပြင်မှာတကယ်မရှိတာကို ရှိနေသလို သူက မြင်ယောင်နေရတယ်... သူ့မိဘတွေကို လူသုံးယောက်က သတ်သွားတယ် သတ်သွားတဲ့ လူတွေကို သူက လိုက်သတ်တယ် ဒါပေမဲ့ အဲ့ဒါဟာ တကယ်မဟုတ်ဘဲ သူ့စိတ်ကူးသက်သက်သာဖြစ်တယ်လို့ လူတွေက ပြောကြတယ်.... ငယ်ငယ်လေးကတည်းက မိဘမရှိ တစ်ကောင်ကြွက်လို့ လူတွေကပြောကြပေမယ့် သူလက် မခံခဲ့ဘူး သူ့မှာမိဘတွေရှိတယ် သူ့မိဘတွေအသတ်ခံခဲ့ရတယ်လို့ပဲ ယုံကြည်ထားတယ်.... ဒီတော့ အဲ့ဒီလူသုံးယောက်ကို လက်စားချေရမယ်ပေါ့.... စိတ်ကူးနဲ့လက်တွေ့ကြားဝေခွဲရခက်နေတဲ့သူဟာ တကယ်ပဲ မိဘတွေအသတ်ခံခဲ့ရတာလား.... ဒါမှမဟုတ် သူ့မှာမိဘတွေရော ရှိရဲ့လား.... ရှိတယ်ဆိုရင်ရော လက်စားချေနိုင်ပါ့မလားဆိုတာကို ဒီဇာတ်ကားထဲမှာ လှည့်ကွက်ပေါင်းများစွာနဲ့ မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်.... File size…3.4GB  / 1.76GB Quality…1080p BluRay UNCUT / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Romance
6.2 2014 176 mins
1: Nenokkadine
At Eternity's Gate
6.9

အချိန်မှားပြီးမွေးဖွားခဲ့တဲ့........... ခေတ်အဆက်ဆက်...တည်မြဲနေဦးမယ့်............ ပန်းချီကားတို့ရဲ့ ဖန်တီးရှင်...ဗင်းဆင့်ဗန်ဂိုး............ ဗန်ဂိုးဟာ ဒတ်ချ်လူမျိုးပန်းချီဆရာတစ်ယောက်ပါ...... သူ့ရဲ့စိတ်ခံစားချက်ကို အရောင်များနဲ့ဖော်ပြတတ်သူဖြစ်ပြီး...... သူ့ရဲ့ပန်းချီကားတွေမှာ ပြင်းပြတဲ့စိတ်ဆန္ဒကို ကြက်သီးထဖွယ်တွေ့မြင်ရတတ်ပါတယ်....... သူဟာပန်းချီကို အလွန်ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး အသက် ၂၇နှစ်မှစတင်ပြီး ပန်းချီဆွဲခဲ့တာပါ..... လောကမှ နာမည်အကျော်ကြားဆုံးနဲ့ ကံအဆိုးဆုံး ပန်းချီဆရာတစ်ယောက်ဆိုရင်လည်း မမှားပါဘူး ဘာလို့လဲဆိုတော့ သူဟာ အချိန်မှားပြီးမွေးဖွားလာခဲ့လို့ပါပဲ...... သူ့ခေတ်က ပန်းချီပညာရှင်အများစုက သူ့ကို အသိအမှတ်မပြုခဲ့ကြပေမယ့် ခေတ်သစ်ပန်းချီဆရာတွေကတော့ သူ့ပန်းချီကားတွေရဲ့ထူးခြားချက်ကို အသိအမှတ်မပြုဘဲ မနေနိုင်ကြပါဘူး သူ့ပန်းချီကားတွေဟာ သူသေဆုံးပြီး နှစ်၃၀ဆယ်ခန့်ကြာမှ စတင်နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ် ဘဝတစ်လျှောက်လုံး ဆင်းရဲနွမ်းပါးစွာနေလာခဲ့ရပြီး သေသွားသည့်တိုင်အောင် သူ့ကို ဘယ်သူကမှ အသိအမှတ်မပြုခဲ့ပါဘူး ဒါပေမယ့် ၁၀နှစ်လုံးလုံး ပန်းချီဆွဲတဲ့အလုပ်ကို စိတ်ဓာတ်ကြံ့ခိုင်စွာနဲ့ ဇောက်ချလုပ်ခဲ့ပါတယ် အသက် ၃၇နှစ်မှာသေဆုံးခဲ့ပြီး ......... ပန်းချီဆွဲခဲ့တဲ့ ၁၀နှစ်တာ ကာလတစ်လျှောက်မှာ ပန်းချီကားချပ်ပေါင်း ၁၆၀၀ခန့်ရေးဆွဲခဲ့ပါတယ် ပန်းချီကားတိုင်းဟာ သူပြောပြချင်တဲ့ အကြောင်းအရာတွေ သူဖော်ပြချင်တဲ့ စိတ်ခံစားမှုအခြေအနေတွေ ပြည့်နှက်နေပါတယ် သူအသက်ရှင်စဉ်ကာလတစ်လျှောက်မှာ ပန်းချီကားက ၁ချပ်ပဲရောင်းခဲ့ရပါတယ် အဲ့ဒါတောင်မှ သူ့မိတ်ဆွေနာမည်ကြီး ပန်းချီဆရာတစ်ယောက်က ခင်မင်မှုသဘောနဲ့ဝယ်ယူခဲ့တာပါ အစမှာပြောခဲ့သလိုပဲ သူဟာ အချိန်မှားပြီး မွေးဖွားလာခဲ့တာပါ အခုချိန်မှာဆိုရင်တော့ သူ မသေခင်ကရေးဆွဲခဲ့တဲ့ "Portrait of Dr Gachet" ဆိုတဲ့ ပန်းချီကားဟာ ဒေါ်လာ ၁၀၀ မီလီယံကျော်တန်ကြေးရှိပါတယ် ဒါတွေကတော့ ဇာတ်ကားလေးမကြည့်ခင် သိထားသင့်တဲ့ သူ့ရဲ့သနားစဖွယ် ဇာတ်ကြောင်းလေးတစ်ခုပါ....... ဒီဇာတ်ကားလေးထဲမှာတော့ အနုပညာကိုရူးသွပ်ပြီး သိပ်ကိုသံယောဇဉ်ကြီးမားတဲ့ ဗင်ဆင့်ကိုဂရုဏာသက်ဖွယ် တွေ့ရှိရမှာပါ ဒီဇာတ်ကားလေးဟာ အနုပညာရှင်ကြီး ဗင်ဆင့်ဗန်ဂိုးရဲ့ အတ္ထုပ္ပတ္တိဆိုရင်လည်း မမှားပါဘူး... ဒါ့အပြင် ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်ဆင့်ဗန်ဂိုးရဲ့ အနုပညာအပေါ်သဘောထားနဲ့ ခိုင်မာတဲ့စိတ်ဓာတ်ကို ဒီဇာတ်ကားထဲမှာ လေးစားဖွယ်တွေ့ရှိရမှာပဲဖြစ်ပါတယ်.... File Size : ( 957 MB) & ( 231 MB) Quality : Web-DL 720p Running Time :1hr 34 min Format : Mp4 Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King Encoded by Moe Myint Lwin

6.9 2018 111 mins
At Eternity's Gate
Midsommar
7.2

ဒါကတော့စောင့်ကြည့်သူများပြားပြီး ထွက်ထားတာမကြာသေးတဲ့ rating ကောင်းတွေနင်းကန်ရထားတဲ့ Drama/Thrillerကားတစ်ကားပါ မနှစ်က Hereditaryနဲ့ပွဲ ထွက်ပြီး အကောင်း'နဲ့ ဝေဖန်မှုတွေရခဲ့တဲ့ ဒါရိုကတာာ Ari Asterရဲ့ ဒုတိယမြောက်ကားပါ မိသားစုကိစ္စကြောင့် စိတ်အားငယ်နေတဲ့ ဒန္နီဆိုတဲ့ကောင်မလေးတစ်ယောက်ရယ် သူ့ကိုအာရုံနောက်နေပြီး ဆက်ဆံရေး သိပ်အဆင်မပြေတဲ့ သူ့ရည်းစားခရစ်ရွန်ရယ်၊ စာတမ်စာတမ်းပြုစုဖို့အားသန်နေတဲ့ သာသာယာယာနေတတ်တဲ့ ကောလိပ်ကျောင်းသားတွေ သူတို့သူငယ်ချင်း ရဲ့အိမ်ကို နွေရာသီ မှာ လိုက်လည်ကြပါတော့တယ် ပလ္လင်ရဲ့အိမ်ပေမယ့် ဆွီဒင်နိုင်ငံရဲ့ ဝေးလန်တဲ့နေရာမှာရှိပြီး ကိုယ့်ယဉ်ကျေးမှု ကိုယ့်ယုံကြည်မှု နဲ့သီးခြားရှိနေတဲ့ အုပ်စုတစ်ခုဖြစ်နေပြီး ထူးဆန်းတဲ့ပွဲတော် ကို ကိုးရက်ကြာ ကျင်းပတဲ့နေရာတစ်ခုပါ အစကတော့သူတို့တွေအဲ့ပွဲတော်ကို ဆင်နွှဲ ဖ်ု့သွားကြပေမယ့် နေရာတိုင်းမှာထူးးဆန်းပြီး ခြောက်ခြားစရာတွေကြုံလာရပါတယ် လှပမှုတွေ မသတီစရာတွေနဲ့ ထိတ်လန့်မှုတွေကို တစ်ပြိုင်တည်းခံစားကြည့်ရှုရမယ့် Ari Asterရဲ့ masterpieceလက်ရာဇာတ်ကားတစ်ကားပါပဲ ဒီဇာတ်ကားက ဒါရိုက်တာရဲ့ထုံးစံအတိုင်း နည်းနည်းစားလို့ ကြည့်ပြီးရင် spoilers alertတွေ ပြန်ရှင်းပြတာတွေကို googleမှာရှာကြည့်လို့ရပါတယ် File Size : ( 1 GB ) Quality :  WEB-DL 720p Running Time : 2 hr 27 min Format : Mp4 Genre : Drama , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by  Moe Lay Encoded by Moe Myint Lwin

Drama • Mystery
7.2 2019 147 mins
Midsommar
Scooby-Doo! and the Witch’s Ghost
7.2

Scooby-Doo! and the Witch’s Ghost (1999) ============================== IMDb Rating – 7.2/10 Scooby Doo ကားဖြစ်လို့ အားလုံးကို ထွေထွေထူးထူး မိတ်ဆက်နေစရာတော့ မလိုတော့ဘူး ထင်ပါတယ် ။ ဒီကားမှာတော့ Scooby Doo တို့ တစ်သိုက် ဂမ္ဘီရစာရေး ဆရာ ဘန် ရေဗင်ခရော့ဆိုသူနဲ့ ဆုံမိကြပြီး .. စာရေးဆရာရဲ့ ဇာတိမြို့ကို အလည်လိုက်ဖို့ အကြောင်းဖန်လာကြပါတယ်။ ဒါပေမဲ့ မြို့ကိုရောက်တော့ သိလိုက်ရတဲ့ သတင်းဆန်းက စာရေးဆရာရဲ့ ဘိုးဘေးတစ်ဦးဖြစ်သူ ဆာရာ ရေဗင်ခရော့ရဲ့ ဝိညာဉ်က တစ်မြို့လုံးကို ခြောက်လှန့်နေပါသတဲ့။ ဒီလိုနဲ့ ဒီလျှို့ ဝှက်ဆန်းကြယ် ဖြစ်ရပ်ကို အဖြေရှာဖို့ဟာ Scooby Doo တို့ အုပ်စုရဲ့ တာဝန်တစ်ရပ် ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း Scooby တို့အတွဲကတော့ မွှေမြဲမွှေဆဲပေါ့လေ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(1.1 GB) / (634 MB) / (393 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 06mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Comedy, Family Translator…….Act Molemy Encoder……….SWM

Action • Drama • Romance • Thriller • War
7.2 1999
Scooby-Doo! and the Witch’s Ghost
Frozen River
7.1

Frozen River ဆိုတဲ့ဇာတ်ကားက 2008 ခုနှစ်မှာထွက်ရှိထားပြီး rating 7.1 ရထားတဲ့ Crime နဲ့ Mystery အမျိုးအစားဖြစ်ပါတယ်။ ယောကျာ်းဖြစ်သူက စုထားတဲ့ငွေတွေအကုန်ယူပြီးတော့ ထွက်ပြေးသွားတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးနှစ်ယောက်နဲ့အမေဖြစ်သူဟာ ကလေးတွေကို သေချာတောင်မကျွေးမွေးနိုင်တော့လို့ဒုက္ခရောက်ရပါတော့တယ်။ အရေးတကြီးပိုက်ဆံလိုနေတဲ့ အမေဖြစ်သူဟာ ပိုက်ဆံကိုရတဲ့နည်းနဲ့ရှာမှရမဲ့ အခြေအနေဖြစ်နေတာမလို့လူမျိုးခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး နိုင်ငံခြားသားလူမျိုးခြားတွေကို နိုင်ငံထဲလူမှောင်ခိုခေါ်သွင်းဖို့ဖြစ်လာရပါတော့တယ်။ အဲဒီနောက်ပိုင်း ဘာတွေ့ကြုံလာရမလဲ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး………. File size…(1.8 GB)/(890 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

7.1 2008
Frozen River
Dounia et la princesse d’Alep
6.8

ကိုယ့်​မွေးရပ်​မြေမှာ ​နေထိုင်ဖို့ရာ မဖြစ်နိုင်​တော့လို့ နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာ​ကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခ​တွေကြား ​မွေးဖွားလာတဲ့ Dounia ​​​​လေးဟာ တ​​နေ့မှာ​တော့ လှပလွန်းတဲ့ သူမရဲ့ ​မွေးရပ်​မြေ Aleppoမြို့ ကို စွန့်ခွာဖို့ဖြစ်လာပါ​တော့တယ်။ ကံ​ကောင်း​စေတဲ့ Barake စေ့​လေး​တွေကို လက်ထဲဆုပ်လို့၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို့ ​မြေးအဖွားတစ်စု ​လျှောက်ရပါ​တော့မယ်။ Dounia ​လေး အိမ်အသစ်ကိုရှာ​တွေ့ပါ့မလား။ တခြား​သော Dounia ​လေး​လို က​လေး​လေးတွေ​ရော ဘယ်နှ​ယောက်​တောင်ရှိ​နေဦးမလဲ။ Syriaနိုင်ငံ Aleppoမြို့ဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d’Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်​တွေ၊ ရိုးရာ အစားအ​သောက်​​တွေ၊ ယဥ်​ကျေးမှု​တွေ၊ ယုံကြည်သက်ဝင်မှု​တွေကို ချစ်စဖွယ် ပုံ​ဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် မြင်​တွေ့ရမှာပါ။ နက်ရှိုင်းတဲ့ မိသားစုချစ်ခြင်း​မေတ္တာ​တွေ၊ ချစ်​သောသူများ၊ ​နေရပ်ဌာ​နေနှင့် ခွဲခွာရခြင်း ပဋိ​ဒေဝ​၊ ​ရွှေ့​​ပြောင်းဒုက္ခသည်​တွေရဲ့ ​ဝေဒနာ​တွေကို လှပ​သေသပ်စွာ ဖန်တီးပုံ​ဖော်ထားတဲ့ ပြင်သစ်စကား​ပြော animated ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:12:00 Genre… Animation, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Summer Lin

6.8 2023
Dounia et la princesse d’Alep
Furiosa: A Mad Max Saga
7.8

ကမ္ဘာကျော် Mad Max ရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ ဖြူရီအိုဆာ လာပါပြီ။ ဒါရိုက်တာ ဂျော့မေလာ ရိုက်ကူးထားပြီး မင်းသမီး အာညာတေလာဂျွိုင်း နဲ့ ခရစ်ဟမ်းဆွာ့တို့ ပါဝင်ထားပါတယ်။ IMDb 7.8 အထိ ရရှိထားတာမို့ ရုံတင်ကားတွေထဲမှာတော့ အကောင်းစားလို့ပြောရမှာပါပဲ။ Mad Max နဲ့ မပူးပေါင်းခင် ဖြူရီအိုဆာရဲ့ ရာဇဝင်ကို ပြန်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Mad Max ဇာတ်ကား(၄)ကားစလုံးကို 4K BluRay နဲ့ထပ်မံတင်ဆက်လိုက်ပါတယ်။ Mad Max ဇာတ်ကားအကုန်လုံးကို https://channelmyanmar.to/?s=mad+max မှာ Download ရယူပါ။) +++++++++++++++++++++++ Mad Max ဇာတ်ကားအကုန်လုံးအတွက် ပြည့်စုံလှတဲ့ အောက်ပါအညွှန်းကို International Movie News – IMN Facebook Page ကနေကူးယူဖော်ပြလိုက်ပါတယ်။ +++++++++++++++++++++++ Mad Max: Fury Roadဒီ review ကို မဖတ်ခင် အရင်ဆုံး မေးခွန်းတစ်ခု မေးချင်ပါတယ်။ “သင် Action Movies များကို ကြိုက်ပါသလား?” ကြိုက်တယ်ဆိုရင် နောက်ထပ် မေးခွန်းတစ်ခုကတော့ “သင် ထို Action Movies တွေကို ဘယ်လောက်ထိ နှစ်သက်ပါသလဲ?” အရမ်းကိုနှစ်သက်တယ်ဆိုရင်တော့ ဒီ ရုပ်ရှင်ဟာ သင့်အတွက်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်လောက်က ထွက်ရှိခဲ့တဲ့ Action Movies တွေထဲက သင်ကြည့်ဖူးသမျှ Action Movies တွေထဲမှာ ဘယ်ရုပ်ရှင်ဟာ အကောင်းဆုံးလဲလို့အရင်တွေးကြည့်လိုက်ပါ။ သင်တွေးမိလိုက်တဲ့ ထိုရုပ်ရှင်ထက် ယခု ဒီ Mad Max: Fury Road ရုပ်ရှင်ဟာ ပိုကောင်းတယ်ဆိုတာ သေချာတပ်အပ် ကျွန်တော် ရဲရဲကြီး ပြောဆိုနိုင်ပါတယ်။Mad Max ဆိုတာ ဘယ်သူကို ပြောတာလဲ? Max Rockatansky ဆိုတဲ့ လူတစ်ယောက်ကိုပြောတာပါ။ ဒါဆိုထိုသူက ဘယ်သူလဲ? သူဘယ်သူဖြစ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့အရင်ကားဟောင်း 3 ကားဖြစ်တဲ့ Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေမှာ သိခဲ့ပြီး ဖြစ်ပါတယ်။ Max သည် ကမ္ဘာကြီး မပျက်ဆီးခင်က အမှန်တရားရဲ့ဘက်တော်သားလို့အမည်ရတဲ့ ရဲတစ်ဦးဖြစ်ခဲ့သည်။ သူ့တွင် တွယ်တာစရာ မိန်းမနှင့် သားလေးတစ်ဦးပါဝင်သော မိသားစုလေးရှိခဲ့သည်။ ဒါတွေကို ကျွန်တော်တို့ပထမဆုံး Mad Max (1979) တွင် တွေ့ခဲ့ရသည်။ သူသည် ထိုရုပ်ရှင်ထဲတွင် ရဲဌာနမှ အငြိမ်းစားယူရန် မကြာခဏ တောင်းဆိုခဲ့သည်မှာ ထိုမိသားစုလေးအတွက်ပင်ဖြစ်သည်။ သို့သော် ကံမကောင်းခဲ့သော သူ့အတွက် သူ့ရဲ့ ထိုမိသားစုကလေးကို ဆုံးရှုံးရသောအခါ ရုပ်ရှင်ရဲ့The Third Act လောက်မှာ သူ့ရဲ့Antihero တစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သော စရိုက်ကို တွေ့မြင်ခဲ့ရပြန်သည်။ ထိုရုပ်ရှင်သည် Director George Miller ရဲ့ပထမဆုံး ရုပ်ရှင်ဖြစ်ခဲ့သည်။ သူသည် အရင်က ဆေးကျောင်းသားတစ်ယောက် ဖြစ်ခဲ့သည်။ $350,000 ဆိုသော Budget ကလေးနဲ့အောင်မြင်သွားချက်က ထိုခေတ်က $100 Million နီးပါးပြန်လည်ရရှိခဲ့သည်။ ထို့ကြောင့် The Blair Witch Project ဆိုသော သရဲကား မထွက်ခင်ထိ Mad Max ရုပ်ရှင်သည် အမြတ်ပမာဏ အများဆုံးရရှိသော ရုပ်ရှင်တစ်ကားဖြစ်ခဲ့လေသည်။ဒုတိယ ဇာတ်ကား Mad Max: Road Warrior (1981) ဇာတ်ကားစတော့ ကမ္ဘာကြီးသည် ပျက်စီးသွားခဲ့ပြီး Max ကိုလည်း လမ်းပေါ်မှာ တစ်ဦးတည်း ဦးတည်ချက်မဲ့ သွားနေသော ခရီးသည်ကြီးတစ်ဦးအဖြစ် မြင်တွေ့ခဲ့ရတော့တယ်။ သူသည် မိမိနှင့်မဆိုင်ရင် ဝင်မပါသောသူ ကြမ်းတမ်းသော လောကကြီးတွင် မည်ကဲ့သို့အသက်ဆက်ရှင်ရမည်ကို ကောင်းမွန်စွာ သိသောသူ စကားနည်းသွားသောသူ အဖြစ် ကျွန်တော်တို့သူ့ရဲ့ တည်ငြိမ်သော စရိုက်ကို မြင်ခဲ့ကြရပြန်တယ်။ အစားစရာ၊ ရေ၊ နေထိုင်စရာနေရာတစ်ခု နှင့် Petrol တို့ကို လိုအပ်ချက်သည် ထိုရုပ်ရှင်ရဲ့အဓိက ဇာတ်လမ်းပင်ဖြစ်ခဲ့သည်။ သူ့ရဲ့ခရီးစဉ်ရဲ့တစ်နေရာတွင် သူသည် ဓာတ်ဆီများကို ပိုင်ဆိုင်ထား၍ အခြေတကျ နေထိုင်နေကြသော လူတစ်စုနှင့် ထိုဓာတ်ဆီများကို လိုချင်နေကြသော အကြမ်းဖက်ဒုစရိုက် အုပ်စု တစ်စုတို့ရဲ့ကြားထဲကို ရောက်ရှိခဲ့လေသည်။ ဒီရုပ်ရှင်သည် Mad Max ဆိုသော ဇာတ်ကောင်ကို Icon တစ်ခုအဖြစ် အသွင်ပြောင်းပေးခဲ့သော ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပေ။တတိယ ဇာတ်ကား Mad Max: Beyond Thunderdome (1985) စပြန်တော့လည်း သူ့ကို အရင်ကလို တစ်ဦးတည်း သွားလာနေတဲ့ ခရီးသည်ကြီးတစ်ယောက် အဖြစ်စတင်ခဲ့ကာ မိမိရဲ့ပိုင်ဆိုင်သော အရာများကို လုယူခံရခြင်းမှ ထိုအရာများကို ပြန်လည် လဲယူရန် Society တစ်ခုနှင့် အပေးအယူ လုပ်ခဲ့သည်။ အုပ်ချုပ်မှုဆိုသော ခေါင်းဆောင်ပိုင်းကို လုယူနေကြသော လူများကို သူတွေ့ခဲ့သည်။ ထို့အပြင် ပျက်စီးသွားသော ကမ္ဘာကြီးရဲ့သရုပ်မှန်လောကကြီးနှင့် ဝေးကွာသောတစ်နေရာတွင် ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြပြီး အဖြစ်မှန်ကို မသိခဲ့ကြတဲ့ လူတစ်စုကိုလည်း သူ တွေ့ခဲ့ပြန်သလို ကျွန်တော်တို့လည်း တွေ့ခဲ့ရပါတယ်။ထိုပြီးခဲ့တဲ့ ဇာတ်ကား 3 ကားကို ပြန်လည်တွေးတောကြည့်မယ်ဆိုရင် အဓိက Theme က “အိမ်” ဆိုတဲ့ အရာလေးတစ်ခု နဲ့အသက်ဆက်လက်ရှင်သန်နေထိုင်နိင်ခြင်း တို့ပဲဖြစ်ပါတယ်။ လူတိုင်းသည် မိမိတို့ရဲ့အိမ် မိသားစု ဆိုတဲ့ အရာများကို မက်မောလေ့ရှိတတ်ကြပါတယ်။ အကယ်၍ ကမ္ဘာကြီး ပျက်ဆီးသွားခဲ့ရင်တောင် နေထိုင်စရာ အသက်ရှင်စရာ ကို လုယူ၍သော်လည်းကောင်း ရှာဖွေ၍သော်လည်းကောင်း တစ်နည်းနည်းနဲ့ရရှိအောင် ပြုမူဆောင်ရွက်ကြမည်မှာ လူသားတိုင်းပင်ဖြစ်ပါတယ်။ ထို့အတူပါပဲ။ ယခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Mad Mac: Fury Road (2015) ဇာတ်ကားတွင်လည်း အဓိက နောက်ခံကျောရိုး ဇာတ်လမ်းနဲ့ဒီရုပ်ရှင်ဇာတ်လမ်းရဲ့အဓိကရည်ရွယ်ချက်က “Home” ဆိုသော “အိမ်” ဆိုသည့် လူသားတွေ အသက်ရှင် နေထိုင်ကြမည့်နေရာတစ်ခုကို ရှာပုံတော်ဖွင့်နေကြတဲ့ အမျိုးသမီးတစ်စုရဲ့အကြောင်းကို တင်ပြထားပါတယ်။ ဒါဆို ထို မိန်းမတစ်စုနဲ့တစ်ကိုယ်တော် ခရီးသည်ကြီး Max တို့နဲ့ဘယ်လိုများ စပ်ဆက် နေတာပါလဲ?ဇာတ်လမ်းအစမှာ Max ကို စတင်တွေ့ရသည်။ သူသည် မည်သည့်နေရာက လာခဲ့သည်ဆိုတာကို ဇာတ်လမ်းက ပြောမသွား။ ဒါပေမဲ့သူသည် War Boys ဆိုသော လူတစ်စုထံမှ ပြေးနေရသည်ဆိုတာကိုတော့ နောက်အခန်းတွေမှ စ၍ သိခဲ့ရသည်။ သူထို War Boys ဆိုသူတွေရဲ့ဖမ်းဆီးခြင်းကို ခံရတော့ ထိုသူတို့ရဲ့ခေါင်းဆောင်ကြီးဖြစ်သူ Inmortan Joe ဆိုသော လူကြီးဆီသို့ခေါ်ဆောင်သွားခံရသည်။ ထို Inmortan Joe သည် သူနေထိုင်ရာ မြို့ဟု ခေါ်ဆိုရမည့် Society တစ်ခုတွင် အာဏာရှိသောသူ အရာအားလုံးကို ထိန်းချုပ်ထားသူ တစ်ဦးဖြစ်သည်။ ထိုအနီးအနားတဝိုက်တွင် နေထိုင်သူ အားလုံးသည် သူ့ရဲ့အစားအစာ နှင့် ရေ ထောက်ပံမှုကို လိုအပ်နေသော လူများပင် ဖြစ်သည်။ ထို့အပြင်သူသည် သူ့ရဲ့မျိုးပွားရန်အတွက် မိန်းမငယ်များကို ဖမ်းဆီးထားကာ War Boys ဟုခေါ်သော သူ့ရဲ့တပည့်တပန်းများ (သို့) မျိုးပွားထားသော သားများသည် စစ်တိုက်ခိုက်ရန်နှင့် အကြမ်းဖက်မှုများ ပြုလုပ်ရန်အပြင် ထို Inmortan Joe အတွက် အသက်စတေးပေးကာ တာဝန်ထမ်းဆောင်နိုင်လျှင် မြင့်မြတ်သော အောင်မြင်သော ဂုဏ်ရှိသော အလုပ်တစ်ခုဟု အယူဝါဒသစ်တစ်ခု မှိုင်းတိုက်ခံထားရသော လူငယ် ယောင်္ကျားလေးများပင် ဖြစ်သည်။Max ရဲ့သွေးသည် Universal Blood ဆိုသည်ကို သူတို့သိကြသောအခါ ထို War Boys များထဲမှ နာမကျန်းဖြစ်နေသည့် Nux ဆိုသော လူငယ် War Boy တစ်ဦးအတွက် သွေးထောက်ပံပေးနေရသော လူတစ်ဦးအဖြစ် ဖမ်းဆီးခြင်း ခံထားရသည်။ (Universal Blood Donner ဆိုသည်မှာ သွေးအမျိုးအစား O – များကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပြီး ကျန်သော သွေးအမျိုးအစားအားလုံးကို သွင်းနိုင်သည်။ Universal Blood Recipients များကတော့ AB+ သွေးအမျိုးအစားကို ပိုင်ဆိုင်သော သူများပင် ဖြစ်ပါသည်။ အတိအကျ အသေးစိပ်ကိုတော့ ဆရာဝန်များ ပိုသိကြပါတယ်။)ဒီနေရာတွင် Furiosa ဆိုသော အမျိုးသမီးကို ကျွန်တော်တို့စတင်ပြီး တွေ့ခဲ့ရသည်။ သူမသည် ဒီရုပ်ရှင်ရဲ့အသက်ဟုခေါ်ဆိုရလောက်တဲ့ အဓိက ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်း ဖြစ်ပေါ်လာရပုံနဲ့နောက်ဆက်တွဲ အကျိုးရလာဒ်များအားလုံးသည် သူမကြောင့်ပင်ဖြစ်သည်။ သူမရဲ့ပုံကို ပြောရမယ်ဆိုရင် အရပ်အမောင်း ကောင်းမွန်ကာ ဆံပင်မရှိ ရဲ့ရင့်သော ထက်မြက်သော အမျိုးသမီးတစ်ဦး အသွင်ရှိသည်။ သူမရဲ့လက်ဝဲဘက် လက်မရှိ၍ စက်လက်အတု တစ်ချောင်းကို တပ်ဆင်ထားရသည်။ သူမသည် Inmortan Joe အတွက် Gasoline သွားယူရန် ကြီးမားသော Rig ကြီးကိုမောင်းနှင်ကာ ထွက်သွားကာ သွားရမည့်လမ်းမှ ကွဲထွက်သွားသောအခါ Inmortan Joe သည် သူ့ရဲ့အမြတ်နိုးဆုံး အရေးကြီးဆုံး အလိုအပ်ဆုံး ပစ္စည်း 5 ခုပျောက်ဆုံးသွားကာ ထိုပစ္စည်းများသည် Furiosa နှင့်အတူ ပါသွားကြပြီကို သိလိုက်သောအခါ သူ့ရဲ့စစ်တပ်တစ်ခုလုံးကို ခေါ်ဆောင်ကာ Furiosa နောက်သို့လိုက်လံလေတော့သည်။ ဒါဆို Furiosa နဲ့အတူ ပါသွားကြတဲ့ တန်ဖိုးရှိ အရာ 5 ခုသည် ဘာတွေနည်း? Angharad Splendid, Capable, Cheedo, Toast နှင့် Dag ဟုအမည်ရသော Inmortan Joe မျိုးပွားရန် ဖမ်းဆီးထားသော သူ့ရဲ့မိန်းမများဖြစ်သော အမျိုးသမီးငယ်များပင် ဖြစ်ပေသည်။တိုက်ပွဲတွင် Inmortan Joe အတွက် သေဆုံးရလျှင် ဂုဏ်ယူစရာဟု ထင်မှတ်မှားနေသော ဖျားနေနေသည့် War Boy – Nux သည် နေမကောင်းသည့် ကြားထဲကပင် Max ကို သူမောင်းနှင်ရမည့် ကားရှေ့တွင် မက်တပ်ရပ်စေလျှက် သွေးသွင်း၍ ကားမောင်းကာ ထွက်ပြေးသွားသော Furiosa တို့ကားနောက်ကို လိုက်လံဖမ်းဆီးတဲ့ အဖွဲ့ထဲတွင် လိုက်ပါလာလေသည်။ ပြင်းထန်သော တိုက်ပွဲများနှင့် တွေ့ဆုံနေကြပြီး ရှေ့တွင် ကြီးမား၍ အန္တာရယ် အလွန်ကြီးမားသော သဲမုန်တိုင်းကြီးတစ်ခုထဲသို့Furiosa တို့Rig ကြီးမောင်းနှင်သွားချိန်တွင် Max နှင့်အတူ Nux ပါ လိုက်ပါ မောင်းနှင်သွားကြသောအခါ….ဇာတ်လမ်းတစ်ခုလုံးသည် လိုက်တမ်းပြေးတမ်း တစ်ခုပင်ဖြစ်သည်။ ထိုအမျိုးသမီးလေး 5 ဦးကို Furiosa ခေါ်ဆောင်လာခဲ့သော နေရာသည် သူမကြီးပြင်းခဲ့သည့် နေရာတစ်ခုကိုပင်ဖြစ်သည်။ သူတို့ခေါ်တော့ “Green Place” ဆိုပြီး စိမ်းလန်းစိုပြေတဲ့ နေရာလို့တင်စားခေါ်ဝေါ်ကြတဲ့ အိပ်မက်ဆန်ဆန် နေရာတစ်ခုပင် ဖြစ်တယ်။ Nuclear War ကြောင့် ပျက်ဆီးသွားတဲ့ ကမ္ဘာမြေကြီးသည် နေရာတိုင်းတွင် ခြောက်ကပ်နေသည်။ အပင်များ မပေါက် နေထိုင်ရန်ခက်ခဲ ကြမ်းတမ်းသော လူများ အုပ်စိုးနေတဲ့ လောကကြီးမှာ ငြိမ်းချမ်းအေးဆေးတဲ့ စိမ်းလန်းစိုပြေတဲ့ နေရာတစ်နေရာလေးသည် ထိုကာလရဲ့လူသားတိုင်းအတွက်တော့ အိပ်မက်ဆန်ဆန် နေရာလေးတစ်ခုပင်ဖြစ်သည်။ Furiosa နဲ့ထိုအမျိုးသမီးလေး 5 ယောက်တို့ခရီးကြမ်းကြီးရဲ့ပန်းတိုင်သည် ထိုနေရာပင် ဖြစ်သည်။ သူမတို့ထိုနေရာကို ရောက်ကြပါ့မလား ဆိုတာကိုတော့ စာဖတ်သူတို့ပဲ သည်းထတ်ရင်တဖိုဖိုနဲ့ဆက်လက် ကြည့်လိုက်ပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ Director George Miller ဒီရုပ်ရှင်ကို ရိုက်ကူးရန် စိတ်ကူးရှိခဲ့သည်မှာ Wikipedia မှာ ဖတ်ရသလောက်ဆိုရင် 1998 ခုနှစ်ကတည်းက Los Angles မြို့ရဲ့လမ်းစုံတစ်နေရာမှာ လမ်းလျှောက်နေခဲ့ရင်းနဲ့စတင်ခဲ့တာလို့ဖတ်ရပါတယ်။ အဲ့ဒီ့နောက် တစ်နှစ်လောက်ကြာတော့ Australia ကိုပြန်တဲ့ လေယာဉ်ပေါ်မှာ သူ ဒီဇာတ်လမ်းတစ်ခုလုံးကို ရခဲ့ပါတယ်။ 2001 ခုနှစ်က 20th Century Fox နဲ့ရိုက်ကူးကြမယ်လို့စတင်ခဲ့ကြပေမဲ့ September 11 အရေးကြောင့် US Dollar ဈေးတွေ Australia Dollar ဈေးတွေထက် အဆမတန်ကျကာ Budget မခိုင်ပဲဖြစ်ခဲ့ရကာ ရပ်နားခဲ့ရပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ 2003 ခုနှစ်မှာ US Dollar 100 Million Budget နဲ့စတင်ရိုက်ကူးဖို့ခွင့်ပြုချက်ရခဲ့ပေမဲ့ Iraq စစ်ပွဲတွေ စတင်လာပြန်သောကြောင့် နိုင်ငံရေးအရ Nuclear War ဆိုတဲ့အရာနဲ့ဇာတ်လမ်းနဲ့ဆက်နွယ်နေခဲ့ပြန်သောကြောင့် နောက်တစ်ကြိမ် ရိုက်ကူးရေးကို ရပ်နားခဲ့ရပြန်ပါတယ်။ ထိုအခါမှာတော့ Original Max ဖြစ်တဲ့ မင်းသား Mel Gibson က ရိုက်ကူးရေး ရပ်နားလာရသောကြောင့် ထိုဇာတ်ကားကို ရိုက်ကူးရန် စိတ်ဝင်စားမှူ မရှိခဲ့တော့ပါဘူး။ နောက်တစ်ကြိမ် 2007 လောက်မှုာ ထပ်မံရိုက်ကူးဖို့George Miller ကြိုးစားပါတယ်။ ဒီတစ်ခါတော့ အသက်အရွယ်ကြီးလာတဲ့ Mel Gibson နေရာမှာ Heath Ledger နဲ့Max ဇာတ်ကောင်ကို ရိုက်ကူးမယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမဲ့2008 မှာ Heath Ledger သေဆုံးသွားတော့ 2009 ခုနှစ်မှာ Tom Hardy ကို ရွေးချယ်ခဲ့ကြပါတယ်။ 2011 ခုနှစ်မှာ Australia နိုင်ငံမှာ ကြီးမားတဲ့ မိုးရွာသွန်းမှူကြောင့် သူတို့ရိုက်ကူးရန် စီစဉ်ထားကြတဲ့ Broken Hill သည် ပျက်ဆီးသွားခဲ့ပြီး အရင်က ကန္တရသဖွယ် ဖြစ်တည်နေသော ထိုနေရာသည် ပန်းများဖြင့် ဝေဆာကုန်သောကြောင့် ဇာတ်လမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်ကာ ရိုက်ကူးရေးကို Namibia နိုင်ငံသို့ရွေ့ပြောင်းခဲ့ရပြန်သည်။ ဒါပေမဲ့ 2012 ခုနှစ် July လ မတိုင်ခင်အထိ အကြောင်းအမျိုးမျိုးကြောင့် ရိုက်ကူးရေး မစတင်နိုင်ခဲ့ကြပြန်ပါဘူး။ 2012 July လောက်မှ စတင်ကာ Namibia နိင်ငံနှင့် Western Sydney တို့တွင် ရိုက်ကူးခဲ့ကာ 17th December 2012 တွင်ပြီးဆုံးခဲ့၍ ရက်ပေါင်း 120 ကြာမြင့်ခဲ့သည်။ ဒါပေမဲ့ 2013 ခုနှစ် အစောပိုင်းလောက်မှာ Namibia ရဲ့Namibian Coast Conservation and Management သည် ထိုရုပ်ရှင်လာရောက်ရိုက်ကူးသွားခဲ့ခြင်းသည် သူတို့ရဲ့Namib ကန္တရကြီးကို ပျက်စီးစေခဲ့ပြီး ထိုအရပ်ရှိ အပင်များ တရိစ္ဆာန်များကို ပျက်ဆီးစေခဲ့သည်ဟု စွပ်စွဲကာ Mad Max Fury Road ရုပ်ရှင်ရိုက်ကူးရေး အဖွဲ့သားများသည် တိုင်ကြားခြင်းခံခဲ့ရသည်။ ထို့နောက် November 2013 မှာ သူတို့ထိုရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခဲ့ကြရပြန်ပါတယ်။ ယခု May 2015 မှာတော့ ကျွန်တော်တို့ထို အခက်အခဲပေါင်း မြောက်မြားစွာက အောင်မြင်စွာ ထွက်ရှိနိုင်လာတဲ့ ထိုရုပ်ရှင်ကို ကြည့်နိုင်ကြပြီလေ။ဒီရုပ်ရှင်က Mad Max ရဲ့ဇာတ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းသဘောအရ အမျိုးသမီးတွေကို ဦးစားပေးထားသော ဇာတ်ကားဖြစ်သည့် အားလျော်စွာ ကျွန်တော် ထို အမျိုးသမီးဇာတ်ကောင် 6 ယောက်ကို လေ့လာကြည့်ခဲ့ပါတယ်။Imperator Furiosaထိုဇာတ်ကောင်ကို မင်းသမီး Charlize Theron က သရုပ်ဆောင်ထားပါတယ်။ သူမသည် ပထမဆုံး Mad Max ရုပ်ရှင်ကားကို အသက် 8 နှစ်တွင် မပြည့်မစုံ ကြည့်ခဲ့ရသည်။ သူမသည် ထိုဇာတ်ကောင်ကို ရိုက်ကူးနေစဉ်က သူမစိတ်ပူနေခဲ့သည်မှာ တတိယဇာတ်ကားဖြစ်တဲ့ Mad Max: Beyond Thunderdome ဇာတ်ကားထဲက Tina Turner ရဲ့ဇာတ်ကောင်ဖြစ်တဲ့ Aunty Enitity နှင့် ဇာတ်ကောင်စရိုက်ပုံစံခြင်း ဆင်တူနေမှာကို စိုးရိမ်နေခဲ့ပါတယ်။ ဒါပေမဲ့ မတူညီပါ။ ဟိုတစ်ယောက်က အာဏာကို လိုချင်သောသူ။ သူမရဲ့ ဇာတ်ကောင်ကတော့ အမျိုးသမီး 5 ယောက်ကို ကိုယ်ချင်းစာသောသူ၊ ငယ်စဉ်အခါက မိခင်နှင့်အတူ လူဆိုးများရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရ၍ အိမ်နှင့်ဝေးကွာနေခဲ့ရသူ၊ သူမဘဝရဲ့တစ်ချိန်တစ်ခါတုန်းက တိုက်ပွဲတစ်ခုတွင် အကြောင်းတစ်ခုခုကြောင့် သူမရဲ့လက်ဝဲဘက် လက်ကို ဆုံးရှုံးခဲ့ရသောသူ၊ ဝမ်းနည်းရမည့်အချိန်တွင် မျက်ရည်ဝဲခဲ့ပေမဲ့ စိတ်ဓာတ်ပြတ်သားကာ မိမိဆက်လက်လုပ်ဆောင်ရမည့် အလုပ်တစ်ခုကို ပြီးဆုံးအောင် လုပ်ခဲ့သူ၊ ကြမ်းတမ်းသော လောကကြီးတွင် ကြီးပြင်းလာခဲ့၍ လူတိုင်းကိုမယုံကြည်တတ်ကာ အခြေအနေနှင့် အချိန်အခါအလိုက် မှန်ကန်ဆုံးနှင့် ရဲ့ရင့်ဆုံး လုပ်ဆောင်နိုင်ခဲ့သော အမျိုးသမီးဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်။ သေချာပါတယ်။ ရုပ်ရှင်သမိုင်းရဲ့Legendary Woman Warrior စာရင်းထဲတွင် Imperator Furiosa သည် ပါလာခဲ့မည်မှာ သေချာပါတယ်။ Charlize Theron သည် ထိုဇာတ်ကောင်အတွက် သူမရဲ့ဆံပင်တွေကို ရိတ်ခဲ့ပါတယ်။ သူမပြောတာကတော့ ရိုက်ကူးနေစဉ် လက်တစ်ဘက်ပြတ်နေတဲ့ လူတစ်ယောက်အဖြစ် သရုပ်ဆောင်ခဲ့ရတာ အခက်ခဲဆုံးပါတဲ့။ Splendid ယောင်္ကျားလေးတော်တော်များများ ဒီရုပ်ရှင်ကို သွားကြည့်ကြတဲ့ ရည်ရွယ်ချက်တွေ အများကြီးထဲက တစ်ခုကတော့ ထို ဇာတ်ကောင်ကို သရုပ်ဆောင်ထားတဲ့ Rosie Hutington-Whiteley ကြောင့်ပဲဖြစ်မယ်လို့ထင်ပါတယ်။ အရင်က Victoria Secret ရဲ့Model တစ်ယောက်ဖြစ်ခဲ့တဲ့ သူမအတွက်တော့ ဒီဇာတ်ကားသည် ဒုတိယမြောက် ရုပ်ရှင်ပဲဖြစ်ပါတယ်။ ပထမရုပ်ရှင်ကတော့ Transformers: Dark of the Moon ပဲဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ သူမသည် ဒီရုပ်ရှင်တွင် သရုပ်ဆောင်မှုအပိုင်းမှာ အလွန်တိုးတက်လာတယ်လို့ ထင်ပါတယ်။ သူမရဲ့ပြောချက်အရတော့ Charlize Theron နဲ့တွဲပြီး သရုပ်ဆောင်ခဲ့ရတာ သူမအတွက်တော့ Inspiration တစ်ခုဖြစ်တယ်လို့သိခဲ့ရပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက ထိုအမျိုးသမီးလေး 5 ယောက်ရဲ့နာမည်တွေကို ပေးထားတာ ထိုနာမည်တွေက သူတို့ရဲ့ဇာတ်ကောင်စရိုက်တွေနဲ့သက်ဆိုင်နေတယ်လို့ကျွန်တော် မြင်မိတယ်။ Splendid ဇာတ်ကောင်သည် တစ်ကယ်ကိုပင် ရုပ်ရှင်ထဲတွင် Splendid ဖြစ်ခဲ့သည်။ Capable ထိုဇာတ်ကောင်ကိုတော့ Riley Keough က သရုပ်ဆောင်ခဲ့ပါတယ်။ ထိုဇာတ်ကောင်သည် အတွေးသမားတစ်ယောက်ဖြစ်သည်။ သူမရဲ့Nickname ကတော့ “Brainy” ၊ Capable ဆိုသော နာမည်အတိုင်း လမ်းတစ်လျှောက် ပြဿနာတွေပေါ်ပေါက်လာလျှင် ဖြေရှင်းနိုင်သူ တစ်ယောက်ပင်ဖြစ်သည်။ 6 လ လောက် Namibian ကန္တရမှာ အင်္ကျ ီခပ်ပါးပါးကို ဝတ်ဆင်ခဲ့ရတဲ့ မင်းသမီး Riley Keough တစ်ယောက် အအေးဒဏ်ကို မခံနိုင်ခဲ့သောကြောင့် Hypothermia ဆိုတဲ့ ရောဂါကို ခံခဲ့ရပါတယ်။ The Dag ဒီဇာတ်ကောင်ကို Abbey Lee ဆိုသော အရင်က Model တစ်ယောက်ဖြစ်ခဲ့သော အမျိုးသမီး သရုပ်ဆောင်ခဲ့ပြီး သူမရဲ့ထို Dag ဆိုသော နာမည်အတိုင်း ထိုဇာတ်ကောင်သည် အများနှင့် မသက်ဆိုင်သော ပုံစံမျိုးပင်ဖြစ်သည်။ ပတ်ဝန်းကျင်နှင့် သိပ်မစပ်အပ်လှပေ။ ဒီဇာတ်ကားသည် ထိုမင်းသမီးအတွက်တော့ ပထမဆုံး ရုပ်ရှင်ပင်ဖြစ်သည်။ သူမသည် ရောဂါတော့မရရှိခဲ့။ သို့သော် ရိုက်ကူးနေစဉ်တော့ ခါးဒဏ်ရာ ရရှိခဲ့သည်။ Fragile ဒီဇာတ်ကောင်ရဲ့နာမည်ကလည်း ထိုဇာတ်ကောင်ရဲ့စရိုက်ကို ဖော်ပြနေသည်။ ထိုဇာတ်ကောင်သည် ထို အမျိုးသမီး 5 ယောက်ထဲတွင် အသက်ငယ်ဆုံး ဇာတ်ကောင်ဖြစ်သည့်အားလျော်စွာ အလွယ်တကူ Fragile ဖြစ်နိင်သည်။ သူမရဲ့ထိုဇာတ်ကောင်သည် တစ်ခြားသူများရဲ့အကူအညီ လိုအပ်သော ဇာတ်ကောင်ပင် ဖြစ်သည်။ ထိုဇာတ်ကောင်ကို Courtney Eaton က သရုပ်ဆောင်ထားပြီး သူမ Audition မလုပ်ခင်က သူမသည် Mad Men tv series အတွက် သရုပ်ဆောင်ရမည်လို့ထင်နေခဲ့တာ သူမရဲ့အဖေက “No, Mad Max! This is huge!” လို့ဝမ်းပန်းတသာနဲ့ပြောဆိုခဲ့လို့သူမသည် အရင်က 3 ကားကို ပြန်ကြည့်ခဲ့သည်။ ဒီရုပ်ရှင်ကို စရိုက်တော့ သူမသည်လည်း 16 နှစ် သာသာပဲရှိသေးသည့်အတိုင်း ထိုအုပ်စုထဲတွင် သူမသည် ကလေးသာသာ ဖြစ်နေခဲ့သည်။ သူမရဲ့ပြောချက်အရတော့ Rosie Hutington-Whiteley သည် ရုပ်ရှင်ထဲမှာရော အပြင်မှာပါ သူမရဲ့အမေ တစ်ယောက်လို့ဖြစ်နေခဲ့သည်တဲ့။ Toast နောက်ဆုံးတစ်ယောက်ကတော့ Toast ဆိုတဲ့ ဇာတ်ကောင်။ ထိုဇာတ်ရုပ်ကို သရုပ်ဆောင်ထားတာက Zoe Kravitz ။ ထို 5 ယောက်ထဲတွင် သူမရဲ့ဇာတ်ကောင်သည် အရဲရင့်ဆုံး ဇာတ်ကောင်။ Furiosa ရဲ့Splendid ပြီးရင် အားထားရဆုံးတစ်ယောက်။ သူမသည် ဒီဇာတ်ကားအတွက် ဒုတိယမြောက် ရွေးချယ်ခံရတဲ့ မင်းသမီးတစ်ဦး ပင်ဖြစ်သည်။ Zoe Kravitz သည် Max Max Fury Road ဇာတ်ကားကို ပြီးခဲ့သည့် နှစ်က Online မှာ ပထမဆုံး Trailer ကို ကြည့်ခဲ့ရတော့ ဝမ်းသာလွန်းလို့ငိုခါနီးဖြစ်ခဲ့သူတစ်ဦး။ အခက်အခဲတွေ မျိုးစုံထဲက အောင်မြင်စွာ ကျော်ဖြတ်ပြီး ယခုကဲ့သို့ရုပ်ရှင်ဖြစ်လာတော့ သူမသည် “I almost cried when I saw the trailer, just because I actually can’t believe it’s happening.” ဟု ပြောခဲ့လေသည်။ယခု စတုတ္ထမြောက် Mad Max ရုပ်ရှင်သည် အရင် 3 ကားရဲ့အကောင်းဆုံးသော အရာများကို ပြည့်စုံအောင် ပါဝင်ထားသည်။ ပထမဆုံးကားရဲ့Vengeance Theme နဲ့သည်းထိပ်ရင်ဖိုစွာ ကြည့်ခဲ့ရတာတွေ .. ဒုတိယမြောက်ကားရဲ့အကောင်းဆုံးသော Car Chase Action Scenes တွေ နဲ့တတိယမြောက်ကားရဲ့Apocalyptic ဆန်သော အရာများ အားလုံးကို တစ်စုတစ်ပေါင်းထဲ ပါဝင်ထားသည်။ ရိုက်ကူးခဲ့သော Director George Miller ရဲ့ကျွမ်းကျင်မှုများ ဟုတင်စားရလောက်တဲ့ အချက်တွေသည် ဒီရုပ်ရှင်ကို ကြည့်နေသော ပရိသတ်တွေသည် ဇာတ်လမ်းစပြီဆိုတာနဲ့ရုပ်ရှင်ထဲကို စိတ်ဝင်စားနိုင်မှူကို 100% အပြည့်ပေးစေနိုင်ခဲ့သည်။ ရုပ်ရှင်ကြည့်နေစဉ် ရုံထဲတွင် စကားပြောသံတစ်သံလေးတောင် မကြားခဲ့ရ။ အပေါ့အပါးထသွားသော သူများပင် မရှိခဲ့ကြ။ လူတိုင်းရဲ့စိတ်များသည် Max တို့ရဲ့ခရီးစဉ်နှင့်အတူ မျောပါသွားခဲ့ကြပုံရသည်။ ထို့အပြင် ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ရင်ထိတ်ခဲ့ရဆုံး မျက်လုံးများ ပြူးကျယ်လာသည် အထိ သည်းထိတ်ရင်ဖို အဖြစ်ခဲ့ရဆုံး ရုပ်ရှင်တစ်ကားဖြစ်ခဲ့သည်။ မှတ်မိသလေက် ပြီးခဲ့သော နှစ်တွေက ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲတွင် ထိုကဲ့သို့သော ခံစားချက်မျိုးပေးစွမ်းနိုင်ခဲ့သော ရုပ်ရှင်များမှာ Argo နှင့် Gravity တို့ပဲဖြစ်ပါတယ်။ အခုဆို ကျွန်တော် ထိုရုပ်ရှင်ကို ကြည့်ပြီးခဲ့သည်မှာ 5 ရက်ပင် ကျော်လွန်လာခဲ့ပါပြီ။ သို့ပေမဲ့ ထိုရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ… Dialogues တွေ… ဇာတ်ကောင်တွေ… Actions တွေ… Stunts တွေ အားလုံးဟာ ကျွန်တော့်ရဲ့ခေါင်းထဲတွင် ထပ်ခါထပ်ခါ ပေါ်နေသည်။ မေ့ဖျောက်၍ မရ။ ပြောရမယ်ဆိုရင် ဘိန်းသုံးထားသော လူတစ်ယောက်လို ခံစားခဲ့ရသည်။ ကျွန်တော့်ရဲ့စိတ်သည် ရုပ်ရှင်ပြီးသွားသော အခါ ပတ်ဝန်းကျင်ကို မေ့ပျောက်သွားသည်။ Max ရဲ့ကမ္ဘာပျက်ထဲတွင် ကျန်ရစ်နေခဲ့ကာ မျောလွင့်နေခဲ့သည်။ ထိုမျှလောက် ကျွန်တော် နှစ်သက်ခဲ့သော ရုပ်ရှင်တစ်ကားပင် ဖြစ်သည်။ အမှန်အတိုင်းပြောရရင် Mad Max သည် ကျွန်တော်တို့လို ယောင်္ကျားလေးများ အထူးနှစ်သက်သော ရုပ်ရှင် ဖြစ်ပေမဲ့ ဇာတ်လမ်းအရ ပြန်ကြည့်မယ်ဆိုရင် Feminist ဆန်သော Theme ကို ပို၍ အရေးပေးထားသောကြောင့် အမျိုးသမီးပရိသတ်တွေလည်း နှစ်သက်လိ်မ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဒီရုပ်ရှင်ရဲ့ဇာတ်ညွှန်းသည် စာသားများမဟုတ်။ စာမျက်နှာ 300 ခန့်ရှိသော Storyboard များပင်ဖြစ်သည်။ Storyboard ဆိုသည်မှာ Artists များက ဆွဲပေးသော ဇာတ်လမ်း ရဲ့ပုံများဖြစ်သည်။ Concept Art ကို စတင် ဖန်တီးခဲ့တာကတော့ Brendan McCarthy ဆိုသော ပန်းချီဆရာတစ်ယောက်ပဲဖြစ်ပြီး ကျန်သော Drawings ပေါင်း 3500 ခန့်လောက်ကို Mark Sexton, Peter Pound နှင့် တစ်ခြား Storyboards Artist 2 ယောက်တို့နဲ့ဆွဲခဲ့ပေသည်။ ထို Storyboards များကြောင့် Directions တွေ Camera Movements တွေကို သာမာန်ဇာတ်ညွှန်းတစ်ပုဒ် ရေးသလို ရေးစရာမလိုတော့ပေ။ သူတို့ရဲ့ပြောဆိုချက်အရ ထို Storyboards များကိုပဲ ပြင်ဆင်ခဲ့ချိန်ဟာ အချိန်ကာလ 3 နှစ်ခန့်ကြာမြင့်ခဲ့ရပါတယ်လို့သိရပါတယ်။ထို့အပြင် Mad Max Fury Road သည် ယနေ့ခေတ်ရုပ်ရှင်များတွင် အလွန်တရာ ရှားပါးသွားပြီဖြစ်တဲ့ Practical Effects များကို တွင်တွင်ကြီး အသုံးပြုခဲ့သည်။ ယနေ့ခေတ်ရဲ့Action Movies အများစု (သို့မဟုတ်) Superheroes နှင့် တခြား Sci-fi ရုပ်ရှင်များတွင် CGI Effects များကိုသာ အလွယ်တကူ အသုံးပြုခဲ့ကြပေမဲ့ ယခု ဒီရုပ်ရှင်ရဲ့90% သော Actions ခန်းများ Stunts များသည် အမှန်တကယ် လုပ်ဆောင် ပုံဖော် ရိုက်ကူးခဲ့ကြသော Actions များ Stunts များပင်ဖြစ်သည်။ အဲ့ဒါကြောင့်လည်း ရုပ်ရှင်ကြည့်တော့ ပရိသတ်တွေရဲ့စိတ်ထဲမှာ အသက်ပါ နေခဲ့ခြင်းပင်။ ထို Stunts များသည် အလွန်တရာ အန္တရာယ်ရှိသောကြောင့် မရိုက်ကူးခင် သူတို့အစီအစဉ်တကျ ဆွဲကာ စဉ်းစားရသည်။ ထို့နောက် စမ်းသပ်ရသည်။ အောင်မြင်ပြီဆိုတော့မှ ရိုက်ကူးကြသည်။အရင်က မင်းသားကြီး Mel Gibson နဲ့ရိုက်ကူးခဲ့တဲ့ ထို Max ဆိုသော ဇာတ်ကောင်နေရာတွင် Tom Hardy က အစားထိုး ရိုက်ကူးခဲ့သည်။ Tom Hardy ကို ယခုရုပ်ရှင်တွင်တော့ ထူးခြားသော သရုပ်ဆောင်မှုကို မတွေ့ခဲ့ရပေ။ သို့သော် ဇာတ်ကောင်ကိုတော့ လေးစားစွာ သရုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ သူနှင့် ထိုဇာတ်ကောင် လိုက်ဖက်ရဲ့လားလို့မေးရင် လိုက်ဖက်လား မလိုက်ဖက်လားတော့ မသိ။ သို့ပေမဲ့ လိုက်ဖက်အောင် သူသရုပ်ဆောင်နိုင်ခဲ့သည်။ ဒါပေမဲ့ ကျွန်တော် စောစောက ပြောခဲ့သည့်အတိုင်း ဒီရုပ်ရှင်မှာ အထူးခြားဆုံး သရုပ်ဆောင်နိုင်သွားခဲ့သည်မှာ မင်းသမီး Charliez Theron ပင်ဖြစ်သည်။ သူမသည် သူမပါဝင်သော ဇာတ်ကားတိုင်းတွင် ထိုနည်းလည်းကောင်းပင် အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်သည်မှာ သူမရဲ့ထူးခြားတဲ့ ပါရမီတစ်ခုပဲဖြစ်သည်။ ထိုကားထဲတွင် ကျွန်တော် နောက်ထပ်ကြိုက်နှစ်သက်မိခဲ့တဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ War Boy Nux ပဲဖြစ်သည်။ ထိုဇာတ်ကောင်ကို မင်းသား Nicholas Hoult က သရုပ်ဆောင်ထားပြီး တစ်ကယ်ကို လိုက်ဖက်ပါတယ်လို့ထင်မိတယ်။ ထိုဇာတ်ကောင်ပြောသွားသော စကားများသည် ယခုထက်ထိ ကျွန်တော့် မေ့လို့မရပေ။ ထိုစကားတွေရဲ့အဓိပ္ပာယ်များထက် ထိုစကားတွေကို သူပြောခဲ့တဲ့ဇာတ်ဝင်ခန်းတွေမှာ သူပြောခဲ့တဲ့ စကားတွေနဲ့အလွန် လိုက်ဖက်ခဲ့သောကြောင့် မေ့မရနိုင်သော စကားများဖြစ်ခဲ့ခြင်းပင်။ Nicholas Hoult သည် သူသရုပ်ဆောင်ရမည့် နေ့ရက်တိုင်းတွင် သူ့ရဲ့အပြင်လောကနဲ့မတူညီသော ဇာတ်ကောင်ကို ပြင်ဆင်ရန်အတွက် Make-up ပြင်ဆင်ချိန် အမြဲတမ်း 2 နာရီခန့်ကြာမြင့်ခဲ့ပါတယ်။ ရိုက်ကူးရေးကာလတစ်လျှောက် ပိန်လှီနေသော ခန္ဓာကိုယ် ရရှိအောင် နေ့တိုင်း ကြိုးခုန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ပထမဆုံး Mad Max ဇာတ်ကားထဲက လူဆိုးခေါင်းဆောင် Toecutter အဖြစ် သရုပ်ဆောင်ခဲ့သော Hugh Keays-Byrne ကပဲ လူဆိုးကြီး Inmortan Joe အဖြစ် သရုပ်ဆောင်ပေးခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားကောင်းများတွင် Definite Moments ဆိုသော အခန်းများ အနည်းဆုံး တစ်ခန်းလောက် ပါဝင်ကြပါသည်။ သို့ကြောင့် ဒီရုပ်ရှင်သည်လည်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်သည့် အလျှောက် Definite Moments များ တစ်ခန်းထက်မနည်း ပါဝင်ခဲ့သည်။ ဘယ်အခန်းတွေလဲဆိုတာကိုတော့ Spoiler ကို ရှောင်ကျည်သည့် အတိုင်း ပြောမပြတော့ပါ။ ထို့အပြင် ကျွန်တော် ရုပ်ရှင်တစ်ကားကြည့်ပြီးတိုင်း အမြဲ ပြုလုပ်လေ့ရှိသော ဇာတ်သိမ်းခန်းကို ပြန်လည် စဉ်းစားခြင်းနဲ့တစ်ခြား ဇာတ်သိမ်းပုံတွေကို တွေးတောမိတယ်။ နောက်ဆုံး အဖြေပေါ်လာတာက ဒီရုပ်ရှင်ရဲ့ဇာတ်သိမ်းသည် အလွန်ကို ပြီးပြည့်စုံပြီး ရုပ်ရှင်နှင့်လိုက်ဖက်သည်။ အပြောပြောစရာ တစ်ကွက်မှ မရှိသော ဇာတ်သိမ်းပင် ဖြစ်သည်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကဆိုရင် ဇာတ်လမ်းစပြီး 10 Minutes လောက်ကစပြီး မိမိကိုယ်မိမိ Max ရဲ့ကမ္ဘာထဲကို ရောက်ရှိသွားသလို ခံစားရတယ်လို့ပြောပါတယ်။ သူပြောတာ မှန်ပါတယ်။ ဇာတ်လမ်းစတင်ပုံ အလွန်ကောင်းမွန်ပြီး အစကတည်းကနေ အဆုံးထိ ပရိသတ်ကို Max တို့နှင့် Inmortan Joe တို့ရဲ့ပြေးပွဲ လိုက်ပွဲကြီးထဲကို စိတ်တွေပါသွားခဲ့ကြသည်။ သေချာပါတယ်။ ကြည့်နေခဲ့သူ ပရိသတ်တိုင်းသည် ထိုဇာတ်ကားထဲက ဇာတ်ကောင်တစ်ယောက်ဟု မသိစိတ်ထဲတွင် မသိမသာ ထင်နေခဲ့မှာဆိုတာပါပဲ။ယခုရေးမည့်အကြောင်းအရာသည် Review မဟုတ်တော့ပါ။ ထို့ကြောင့် Spoiler ရှောင်ချင်သူများ ကျော်သွားကြပါလို့တိုက်တွန်းပါတယ်။ ကျွန်တော် ဒီကားကို ကြည့်ပြီးခဲ့ချိန်တွင် ဘဝင်မကျခဲ့သော အချက်တစ်ခုကို ဆွေးနွေးချင်ပြီး ကျွန်တော့်ရဲ့ထင်မြင်ယူဆချက်တစ်ခုကို ပြောပြချင်လို့ပါ။ ဘာအကြောင်းအရာလည်းဆိုတော့ အရင် Mad Max 3 ကားနဲ့ဒီကားနဲ့မတူညီပဲ ကွဲပြားနေတဲ့ အချက်တွေပါ။ အရင် 3 ကားကို ကြည့်ပြီးသူများ နားလည်ကြမှာ ဖြစ်ပါတယ်။ပထမဆုံး Mad Max ဇာတ်ကားတွင် Max တွင်ရှိခဲ့သော ကလေးငယ်မှာ သားယောင်္ကျားလေးဖြစ်သည်။ ထိုကလေးငယ်နှင့် သူ့ရဲ့ဇနီးကို Toecutter တို့လူမိုက်တစ်စု ဆိုင်ကယ်များ ကားများနှင့် တိုက်သတ်ခဲ့သောကြောင့် သေခဲ့ပြီး ဖြစ်သည်။ ထို့နောက် နောက်ထပ် 2 ကားတွင်လည်း သူသည် မိန်းမရသွားသည်ကို မပြခဲ့ပေ။ တစ်ကိုယ်တော် သမားတစ်ယောက် အဖြစ်သာ တင်ပြခဲ့သည်။ သို့ပေမဲ့ ယခု Mad Max Fury Road တွင်တော့ Max ရဲ့Flashback အခန်းများတွင် သေဆုံးသွားသော သူ့ရဲ့ကလေးမှာ အတော်အတန် ကြီးနေပြီဖြစ်သော သမီးမိန်းကလေးပင် ဖြစ်သည်။ ထိုကဲ့သို့George Miller ဘာကြောင့် ပြောင်းလဲခဲ့သည်ကို ကျွန်တော် ဘဝင်မကျခဲ့။ ထို့ကြောင့် ဒီကားသည် Remake လား Sequel လား ဆိုတာကို ရှာဖတ်ကြည့်ခဲ့တော့လည်း George Miller က မည်ကဲ့သို့မှ ပြောမသွားခဲ့။ Max သည် Legendary Warrior တစ်ယောက် ဖြစ်သည့်အတိုင်း ယခုဇာတ်လမ်းသည်လည်း သူ့ခရီးစဉ်ကြီးရဲ့တစ်ချိန်တစ်နေရာက ဇာတ်လမ်းတစ်ခုပဲဖြစ်သည်။ ထို့ကြောင့် Sequel လည်း မဟုတ်။ Reboot လည်းမဟုတ်၊ Remake လည်းမဟုတ်၊ Prequel လည်းမဟုတ် ဟု သူကပြောကြားခဲ့သည်။ ဒါဆိုရင် ဘာလို့Max ရဲ့ကလေးဇာတ်ကောင်ကို ပြောင်းလဲခဲ့ရသနည်း?အဖြေကို ကျွန်တော် စဉ်းစားမိတော့ ခေါင်းထဲပေါ်လာတာက ယခု Mad Max Fury Road ထဲက Max သည် Original Mad Max 3 ကားထဲက Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင် မဟုတ်နိုင်ပေ။ တစ်ခြား ဇာတ်ကောင်တစ်ယောက်ပင် ဖြစ်နိုင်သည်။ ဒါဆိုရင် မည်သူနည်း? ကျွန်တော် တွေးမိလိုက်တာ Mad Max 2: The Road Warrior ဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid ဆိုသော ကလေးငယ်တစ်ယောက် အသက်ကြီးသွားသော ဇာတ်ကောင်ပင် ဖြစ်မည်လို့ကျွန်တော် ထင်လိုက်မိပါတယ်။ ဒါနဲ့Internet မှာ ရှာဖတ်ကြည့်လိုက်တော့ ကျွန်တော့်လိုပဲ စဉ်းစားမိတဲ့ လူတစ်ယောက် ရေးထားတာကို ဖတ်မိလိုက်ပြီး သူ့ရဲ့Idea နဲ့ကျွန်တော့်ရဲ့Idea တွေတူညီလို့ကျွန်တော် ရှင်းပြလိုက်ပါရစေ။ပထမအချက်က Mad Max Fury Road ဇာတ်ကားရဲ့အစောပိုင်းမှာ Max ကို War Boys တွေဖမ်းဆီးစဉ် Max ရဲ့နောက်ကျော်မှာ ထိုးထားတဲ့ Tattoo တွေကို အရင်ဆုံးပြောပါရစေ။ ထို Tattoo အခန်းတွင် သူ့ရဲ့Blood Type နဲ့တစ်ခြား ကျန်းမာရေးနှင့် သက်ဆိုင်သော အချက်အလက်များ ကို ရေးထားသည်။ ပြသခဲ့သော အခန်းသည် အလွန်တိုတောင်းသောကြောင့် အရာအားလုံးကို လိုက်ဖတ်ရန် မလွယ်ကူလှပေ။ ထို Tattoo များထဲတွင် တွေ့လိုက်ရသည်မှာ Day 12045 ဆိုသော အရာလည်း ပါဝင်သည်။ ဒါဆို Max ရဲ့အသက်သည် ယခု Fury Road ထဲတွင် 33 နှစ်ခန့်သာသာပဲရှိပါအုံးမည်။ George Miller တစ်ခါပြောဖူးတာကို မှတ်မိသလောက်ဆိုရင် ယခု Fury Road သည် ကမ္ဘာပျက် Apocalypse ဖြစ်ပြီး နှစ်ပေါင်း 40 ကျော် 50 ခန့်လောက်မှာ ဇာတ်အိမ်တည်ထားတယ်လို့ပြောခဲ့ဖူးပါတယ်။ ဒါကို ပြန်တွေးကြည့်မယ်ဆိုရင် ပထမဆုံး Mad Max ဇာတ်ကားတွင် ကမ္ဘာမပျက်သေးပေ။ ဒါဆို သူပြောပုံအရဆိုရင် Mel Gibson သရုပ်ဆောင်ခဲ့သော Max ဇာတ်ကောင်သည် ယခု Fury Road Timeline တွင် အသက် 70 ကျော်ခန့်ပင် ဖြစ်နေလောက်ပေသည်။ ဒါကို ကြည့်ခြင်းအားဖြင့် ယခု Fury Road တွင် ကျွန်တော်တို့တွေ့ခဲ့ရသော Max သည် အရင်က ကျွန်တော်တို့တွေ့ခဲ့ရသော Mel Gibson ရဲ့ဇာတ်ကောင် Max မဟုတ်တော့ပေ။ ဒါဆိုရင် ယခုဇာတ်ကောင်သည် ကျွန်တော်တို့ဒုတိယဇာတ်ကားတွင် တွေ့ခဲ့ရသော The Feral Kid လို့ယူဆမိပါသလဲဆိုရင် ထိုဒုတိယဇာတ်ကားတွင် ထိုကလေးလေးသည် Max ကို အလွန်အထင်ကြီးခဲ့သော ဇာတ်ကောင်တစ်ယောက်ဖြစ်ခဲ့ပြီး ထိုဇာတ်လမ်းရဲ့ဇာတ်ကြောင်းပြောသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုကလေးဇာတ်ကောင်သည် Timeline အရ ကမ္ဘာကြီးပျက်ဆီးသွားပြီးမှ မွေးဖွားခဲ့သော ဇာတ်ကောင်ဖြစ်သောကြောင့် ယခု Fury Road timeline တွင်ထို ဇာတ်ကောင်ရဲ့အသက်သည်လည်း 30 ကျော်ခန့်ပင် ဖြစ်နိုင်လောက်ပေသည်။ နောက်ထပ် ဖြစ်နိုင်ချေရှိသော Theory တစ်ခုမှာ ထို ဒုတိယဇာတ်ကားတွင် Max က Feral Kid ကလေးကို ပေးခဲ့သော Music Box လေးပင်ဖြစ်သည်။ ထို Music Box ကလေးကို ယခု Fury Road ထဲတွင် ပါဝင်သော အမျိုးသမီးငယ် 5 ယောက်ထဲက တစ်ယောက်ရဲ့လက်ထဲတွင် ကစားနေသည်ကိုပါ ကျွန်တော်တို့တွေ့ခဲ့ရပြန်သည်။ ဒါဆိုရင် ကျိန်းသေပါတယ်။ ယခု ဒီ Fury Road နှင့် ဒုတိယဇာတ်ကား The Road Warrior ဇာတ်ကားတို့တွင် ဆက်နွယ်ချက်တစ်ခုခု ရှိနေသည်ဆိုတာ။ယခု Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်သည် သူ့ရဲ့နာမည်ကို မေးသောအခါ ပြောဖို့တွန့်ဆုတ်နေခဲ့သည်။ သူ့ရဲ့နာမည်သည် အရေးမကြီးဟု ပြောခဲ့သည်။ နောက်ဆုံးအခန်းတွင်မှ သေမလား ရှင်မလားမသိ အသက်လုနေရသော Furiosa ကို သူနာမည်သည် Max ဟုပြောခဲ့သည်။ အကယ်၍ ကျွန်တော်တို့Theory မှန်ကန်ပါက Tom Hardy ရဲ့ဇာတ်ကောင်သည် သူငယ်စဉ်က သိခဲ့ရသော Max ဆိုသောလူတစ်ယောက်ရဲ့နာမည်ကို ယူသုံးလိုက်ခြင်းပင်ဖြစ်ပေသည်။ ဘာကြောင့်လဲဆိုရင် ထို Max သည် သူငယ်စဉ်က အားကျခဲ့သော Role Model တစ်ယောက်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။ဒါပေမဲ့ ထိုဒုတိယဇာတ်ကား အပြီးတွင် ဇာတ်ကြောင်းပြောသူ Feral Kid ရဲ့ဇာတ်ကြောင်းပြောပြချက်အရ သူတို့ထွက်ပြေးလွတ်မြောက်သွားသော အုပ်စုသည် နောင်တစ်ချိန်တွင် Great Northern Tribe ဟုဖြစ်လာပြီး သူသည်လည်း ထို အဖွဲ့ရဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ဒါကို ထို Internet က ပြောထားသောသူနှင့် ကျွန်တော့်ရဲ့တွေးတောချက်အရဆိုရင် ထို Feral Kid သည်ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ကာ မိန်းမနှင့် သမီးလေးတစ်ယောက် ရခဲ့ပေမဲ့ သူ့ရဲ့အမှားတစ်ခုကြောင့် သူ့ရဲ့မိသားစုအပါအဝင် ထို အဖွဲ့တစ်ခုလုံးသေဆုံးသွားခဲ့ရပြီး သူသည်လည်း တစ်ကိုယ်ရည် လွတ်မြောက်ပြီး လှည့်လာသွားလာနေသော လူတစ်ယောက်ဖြစ်လာနိင်သည်ဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် Fury Road ထဲတွင် Tom Hardy ရဲ့ဇာတ်ကောင်ရဲ့စိတ်ကူးတွေထဲတွင် သေဆုံးသွားသော သူ့ရဲ့သမီးကို မြင်တွေ့နေခြင်းပင် ဖြစ်သည်။ အမှန်ဆို Max တွင် သမီးမရှိခဲ့။ သားတစ်ယောက်သာ ရှိခဲ့သည်။ ထိုသားသည်လည်း မွေးကာစအရွယ်ကတည်းကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ယခုကျွန်တော် ပြောပြချက်များသည် ကျွန်တော်အပါအဝင် တစ်ခြား Fans တွေရဲ့Fans’ Theory တစ်ခုသာ ဖြစ်ပေသည်။ အမှန်ဟု တပ်အပ်မပြောဆိုနိုင်ပေ။ အမှန်ကိုတော့ Director George Miller တစ်ယောက်တည်းသာ သိနိင်ပေသည်။ သူသည် ထို Character ကို ပြောင်းခဲ့တာလား? တစ်ခြား Character ကိုပဲ အစားထိုး ပြောင်းလဲ အသုံးပြုခဲ့တာလား? ပြောင်းလဲခဲ့တယ်ဆိုရင်လည်း နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီးရှိနိုင်ပါသေးသည်။Director George Miller ရဲ့ပြောဆိုချက်အရ နောက်ဇာတ်ကားအသစ်ရဲ့နာမည်သည် Mad Max: The Watseland ဖြစ်ပြီး မည့်သည့်အချိန်တွင် ထွက်ရှိမည်ကိုတော့ မပြောပြသွားပေ။ ဘာပဲဖြစ်ဖြစ်ပါ။ ယခု Fury Road ကဲ့သို့အဘက်ဘက်က အပြစ်ကင်း၍ အလွန်တရာ ကောင်းမွန်လှပြီး ကြည့်ပြီးသူတိုင်း အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားမျိုး Sequel ကို လူတိုင်းစောင့်မျှော် ကြည့်ရူချင်ကြမှာ အမှန်ပါပဲ။ ကျွန်တော်တို့မေးခဲ့သော လျှို့ဝှက်ချက်များကိုလည်း နောက်အသစ်ထွက်မဲ့ ရုပ်ရှင်များတွင် ဖြေရှင်းနိူင်ပါစေလို့ပဲ မျှော်လင့်ရင်း ဒီနှစ်ရဲ့အကောင်းဆုံး Action ဇာတ်ကား ကျွန်တော် ဒီနှစ်ကြည့်ဖူးသမျှရုပ်ရှင်တွေရဲ့အကြိုက်ဆုံး 4 ကားတွင် တစ်ကားအပါအဝင်ဖြစ်သော ယခု ဒီ Mad Max: Fury Road review ရှည်ကြီးကို ဒီမှာတင်ပဲ ရပ်နားခွင့် ပြုပါ။ File size…(9 GB) /(3.4 GB)/(1.7 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mp4 Duration….02:28:00 Genre… Action, Adventure, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder…. Garfield Translated by Mr. Anderson

Romance • Comedy
7.8 2024
Furiosa: A Mad Max Saga
How to Make Millions Before Grandma Dies Lahn Mah
8.4

How to Make Millions Before Grandma Dies (2024) Lahn Mah IMDb Rating (8.4) ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။ GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့ ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။ How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။ အနုပညာအရလဲ အောင်မြင်မှုကြီးမားခဲ့ပြီး ကြည့်ဖူးတဲ့လူတိုင်းနီးပါးက နှလုံးသားချင်းနီးစပ်တဲ့ရုပ်ရှင်လို့သတ်မှတ်ကြသလို IMDb Rating မှာလဲ လူပေါင်း ၃ထောင်ကျော်မှ Rating (8.4/10) ထိ ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့…. M ဆိုတဲ့ ကောင်လေးဟာ ဂိမ်းပဲစိတ်ဝင်တစားဆော့နေတတ်တဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး လူငယ်ပီပီ ဘာကိုမှအလေးအနက်သိပ်မထားတတ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စားဘဝကိုဖြတ်သန်းနေသူပါ။ တစ်နေ့တော့ သူ့သူငယ်ချင်းတယောက် အမွေရတာကိုအားကျပြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ သူ့အဘွားရဲ့နောက်ဆုံးအချိန်တွေကို သွားပြုစုဖို့ကြံစည်ပါတော့တယ်။ ဒါမှ အဘွားဖြစ်သူရဲ့အမွေတွေကို သူရရှိနိုင်မယ်လို့ယူဆခဲ့လို့ပါပဲ။ ဘဝရဲ့နောက်ဆုံးအချိန်တွေကို သိသိကြီးနဲ့ဖြတ်သန်းတော့မယ် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကရော ဘာတွေဖြစ်မလဲ…. လူ့လောကကြီးထဲကို ရောက်လာပြီး မိသားစုတစ်ခု အိမ်တစ်အိမ်ကိုတည်ထောင်ခဲ့ပြီး အိုမင်းလာချိန်မှာ လူ့လောကထဲကနေထွက်ခွာရတော့မယ့် လူတစ်ယောက်အတွေးမှာ ဘယ်လိုအရာတွေရှိနေမလဲ…. လူ့လောကထဲကိုခုမှကျင်လည်မယ့် မြေးနဲ့ လူ့လောကကိုနှုတ်ဆက်တော့မယ့် အဘွားတို့ရဲ့ကြားက မေတ္တာတရားတွေ မေ့လျော့နေကြတဲ့ မိသားစုအကြောင်းတွေ …ရင်နာနာနဲ့ရယ်ရမယ့် လူ့လောကအကြောင်းတွေ ဒါတွေဒါတွေနဲ့ ဒီရုပ်ရှင်ကားက ရုပ်ရှင်ဆိုတာထက် မိမိတို့ရဲ့ဘဝကိုပါ ထင်ဟပ်သလိုဖြစ်လာခဲ့တဲ့အခါမှာတော့….။ အားလုံးတစ်ရှူးလေးတွေသုတ်ပြီး ငိုကြရတဲ့ မေတ္တာဖွဲ့ဘဝဇာတ်လမ်းဖြစ်လာပါတော့တယ်။ M အဖြစ် မင်းသားချော Billkin က သရုပ်ဆောင်ထားပြီး သဘာဝကျလွန်းတာကြောင့် အားလုံးရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ CM ပရိတ်သတ်တွေအတွက် Netflix က ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Engsub ကနေကြည့်ပြီး ဘာသာပြန်ထားရလို့ ထိုင်းဘာသာစကားအရလိုအပ်ချက်ရှိခဲ့ရင် နားလည်ကြည့်ရှုခံစားပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

8.4 2024
How to Make Millions Before Grandma Dies Lahn Mah
Glengarry Glen Ross
7.7

IMDb – 7.7/10 နဲ့ Rotten Tomatoes – 95% အထိ ရရှိထားတဲ့ Old but Gold လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ “ပူလစ်ဇာ” ဆုရ ပြဇာတ်တစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ရုပ်ရှင်မှာလည်း Oscar nomination တစ်ခု အပါအဝင် ဆုပေါင်း ၈ ဆု ရရှိခဲ့ပြီး ၁၄ ဆု ဇကာတင်ချိတ်ခဲ့တာမို့ ၁၉၉၀ ခုနှစ်တစ်ဝိုက် အကောင်းဆုံးရုပ်ရှင်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ Cast မှာလည်း Godfather ကြီး Al Pacino, Horrible Boss ကြီး Kevin Spacey, The Rock ရုပ်ရှင်ထဲက နှလုံးလှလူမိုက်ကြီး Ed Harris တို့အပါအဝင် ဟောလိဝုဒ်ရဲ့ထိပ်တန်းမင်းသား/ဇာတ်ပို့ သရုပ်ဆောင်တွေချည်း အသုံးပြုထားတာမို့ ကြည့်ရတာ အင်မတန်မှ စီးစီးပိုင်ပိုင်ရှိလှမှာပါ။ • ဇာတ်လမ်းအကျဉ်း • ဇာတ်လမ်းကတော့ အိမ်ခြံမြေအရောင်းကိုယ်စားလှယ် လေးယောက်ရဲ့ဘဝထဲက နှစ်ရက်တာအတွင်း ဖြစ်ပျက်သွားတဲ့အကြောင်းအရာတွေပါ။ ပြောရရင် သူတို့ရဲ့အေဂျင်စီက လတ်တလော အင်မတန်အရောင်းထိုင်းနေပါတယ်။ မြေကွက်တွေက ဘယ်လိုရောင်းရောင်း မထွက်တာမို့ အကြံအိုက်နေကြတုန်းမှာ၊ အေဂျင်စီပိုင်ရှင်တွေဆီကနေ တစ်ပါတ်အတွင်း ရောင်းအားအကောင်းဆုံးကိုယ်စားလှယ် နှစ်ယောက်ကလွဲလို့ ကျန်တဲ့လူတွေ အကုန်အလုပ်ဖြုတ်မယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ကျလာတဲ့အခါ… ထမင်းအိုးမကွဲဖို့အရေး ဒီလေးယောက် ဘယ်လိုတွေရုန်းကန်ရမလဲ၊ ဉာဏ်နီ ဉာဏ်ဝါ ဉာဏ်ရောင်စုံဖြာပြီး တစ်ယောက်နဲ့တစ်ယောက် ဘယ်လို‌တွေကျော်ကြ ခွကြမလဲဆိုတာကို Al Pacino တို့တစ်သိုက်ရဲ့ သဘာဝကျလှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ဖန်သားပြင်ပေါ်မှာ ဆက်လက်ရှုစားပေးကြပါဦးခင်ဗျာ။ File size…(2.1 GB)/(951 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:40:00 Genre… Workplace drama, Crime, Drama, Mystery, Financial drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

7.7 1992 100 mins
Glengarry Glen Ross
An Urban Allegory
6.8

ဒီဇာတ်လမ်းတိုလေးကတော့ နာမည်ကြီးအီတလီရုပ်ရှင်ရိုက်ကူးသူ”Alice Rohrwacher”က ရိုက်ကူးထားပြီး ပြင်သစ်မှာဇာတ်အိမ်တည်ထားပါတယ် ဒီဇာတ်လမ်းလေးက ရှေးဂရိဒဿနပညာရှင်ကြီး”Plato”ရဲ့ “The Allegory of the cave”ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပါတယ် “မွေးကတည်းက လှိုဏ်ခေါင်းကြီးတစ်ခုထဲမှာ သံကြိုးတွေနဲ့ချုပ်နှောင်ခံထားရသူတွေ, သူတို့ကလှိုဏ်ခေါင်းထဲမှာရှိတဲ့အရိပ်တွေကိုပဲ ပုံရိပ်အစစ်လို့ထင်မှတ်နေကြပါတယ် သူတို့ထဲကတစ်ယောက်ယောက်သာ ချုပ်နှောင်ထားတဲ့သံကြိုးတွေကိုဖြုတ်ပြီး လှိုဏ်ခေါင်းအပြင်ကိုထွက်ပြေးလွတ်မြောက်သွားရင် ဘာဆက်ဖြစ်မလဲ……” ကပြဖျော်ဖြေသူတစ်ဦးမှာ ပြဇတာ်တစ်ခုလူရွေးပွဲကိုသွားရာမှာ သူမရဲ့သားလေးဖျားနေတယ်လို့ကျောင်းကဖုန်းဆက်လို့ဝင်ခေါ်ရာကနေ လူရွေးပွဲကိုနောက်ကျမှရောက်သွားပါတယ် သူရောက်သွားတဲ့အခါ ဒါရိုက်တာကြီးကို တောင်းပန်ပြီး သူ့ကိုလူရွေးပွဲဝင်ပြိုင်ခွင့်ပေးဖို့တောင်းဆိုပါတယ် ဒါရိုက်တာကြီးကခွင့်ပြုပြီး သူမရဲ့ခုနစ်နှစ်အရွယ်သားလေးကို Platoရဲ့ “The allegory of the cave”ထဲမှာပါတဲ့ မေးခွန်းရဲ့အဖြေကိုပြောပြလိုက်ပါတယ် “ချုပ်နှောင်မှုမှလွတ်မြောက်လာတဲ့အကျဥ်းသား ဘာဆက်ဖြစ်မလဲ”ဆိုတာကိုပေါ့ File size…(510 Mb)/(210 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:21:00 Genre… Drama, Fantasy, Short Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

Drama • Romance • Adventure
6.8 2024 21 mins
An Urban Allegory
Bring It On
6.2

Bring It On (2000) IMDb Rating (6.2) / Rotten Tomatoes (65%) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်​နှစ်ကျော်​တွေ​က trend တစ်ခု​လိုမျိုး အများ​အပြား​ ထွက်ရှိ​ခဲ့တဲ့​ အမေရိကန်​ Teen/Comedy ရုပ်ရှင်​ကား​တွေထဲက ဇာတ်​ကားကောင်း​လေး​တစ်ကား ဖြစ်​ပါတယ်​။ Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်​ခဲ့တဲ့ မင်း​သမီး​က ဒီ​ဇာတ်​ကား​မှာ အဓိက​ဇာတ်​ကောင်​ Torrence အဖြစ်​ ပါဝင်​ထားပါတယ်​။ 90s born တွေ​အနေနဲ့​ ၂၀၀၀ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီ​ဇာတ်ကား​လေးကို ကြည့်​ရင်း​ လွမ်း​ဆွတ်​ဖွယ်​ ခံစားချက်​တစ်​ခုကို​ ရရှိ​မယ်​လို့​ ထင်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ Torrence ဟာ အထက်​တန်း​ကျောင်း​ ကိုယ်​စား​ပြု​ နာမည်​ကျော်​ Cheerleader အသင်းတစ်ခု​ရဲ့ အဖွဲ့​ဝင်​တစ်​ဦး​ဖြစ်​ပါတယ်။ အသင်း​ရဲ့ ကပ္ပတိန်​ဖြစ်​သူ Big Red က ကောလိပ်​တက်ရမှာ ဖြစ်​တဲ့အတွက်​ လစ်လပ်​သွား​တဲ့ ကပ္ပတိန်​နေရာကို​ ရွေးကောက်ကြရမှာ Torrence တစ်ယောက်​ အရွေးခံရပါတော့တယ်။ ကပ္ပတိန်​အဖြစ်​ တာဝန်​ယူ​တဲ့နေ့မှာပဲ အသင်း​သူတစ်ယောက်​ လေ့ကျင့်​ရင်း​နဲ့ ဒဏ်ရာရ​သွား​လို့​ Missy လို့​ခေါ်​တဲ့ ဂျွမ်း​ဘား အလွန်​ကျွမ်းကျင်​သူ ကျောင်း​သူသစ်နဲ့ လူစားထိုးလိုက်ရပါတယ်။ ဒီလို​နဲ့ နိုင်ငံ​လုံး​ဆိုင်ရာ​ Cheerleader ပြိုင်ပွဲ​အတွက်​ လေ့ကျင့်​ပြင်ဆင်​နေရင်း​နဲ့ Torrence တစ်ယောက်​ သူတို့​အသင်း​ အသုံးပြု​တဲ့ ကကွက်တွေက East Compton က Clovers အသင်း​ရဲ့ ကကွက်တွေနဲ့ တူညီ​နေကြောင်း​ သိလိုက်ရ​ပါတော့​တယ်​။ အကြောင်း​ကတော့​ ကပ္ပတိန်​ဟောင်း​ဖြစ်သူ​ Big Red​ က Clovers အသင်း​ရဲ့ ဖျော်ဖြေ​ပွဲတွေကို ဗီဒီယို​ရိုက်ကူး​ပြီး က​ကွက်​တွေကို ခိုး​ယူခဲ့လို့ဖြစ်ပါတယ်။ ဒီကကွက်တွေကြောင့် Torrence​ တို့​အသင်း​ဟာ နိုင်ငံ​လုံး​ဆိုင်ရာ​ ပြိုင်ပွဲ​တွေ​မှာ ချန်ပီယံ​ဖြစ်​ခဲ့တာပါ။ ဒီနှစ်​မှာ​တော့ ကလို​ဗာ​အသင်း​ကလည်း ဝင်​ပြိုင်​မှာဖြစ်ပြီး Torrence​ တို့​အသင်း​ကို ချေမှုန်း​မယ်လို့ ကြိမ်းဝါးပါတော့တယ်။ ဒီလိုနဲ့​ ကပ္ပတိန်​အသစ်​စက်​စက် Torrence​ တစ်ယောက်​ က​ကွက်​အသစ်​တွေ​ ဖန်တီး​ဖို့ ကြိုးစား​ရပါတော့တယ်။ Torrence​ အနေနဲ့​ ဒီပြဿနာကို ဖြေရှင်း​နိုင်​ပါ့မလား၊ စည်း​လုံး​မှု​ပြို​ကွဲ​နေတဲ့ အသင်း​ကို စည်း​ရုံး​ပြီး ဖိုင်​နယ်​ကို အရောက်ပို့နိုင်ပါ့မလားဆိုတာကို ဟာသ​နှော​ပြီး​ ကြည့်​ရှု​ရမှာ ဖြစ်ပါတယ်​။ အမေရိကန်​အထက်​တန်း​ကျောင်း​သားဘဝ၊ အချစ်​ရေး​နဲ့ လူမှုရေး​ ရုန်းကန်​မှုတွေကို ပေါ့ပါ့ပါးပါး တင်​ဆက်​ထား​တဲ့​ ကြည့်​ပျော်သော ဇာတ်လမ်း​ကောင်း​လေး​တစ်ပုဒ်​ဖြစ်​ပါတယ်​။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(3.2 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim

Drama • Thriller
6.2 2000 98 mins
Bring It On
500 Days of Summer
7.7

ဇာတ်လမ်းကိုတော့ Movies-we watch,we feel. Facebook Page မှ Ko Waihin Htoon ရဲ့ ခံစားမှုဆောင်းပါးနဲ့ မိတ်ဆက်ပေးပါရစေ။ ——————————————————— (500) Days of Summer အား တကျော့ပြန် ခံစားကြည့်ခြင်း (review မဟုတ်ပါ။ ဇာတ်ကားကို ကြည့်၍ ခံစားချက်များကို ရေးသားထားခြင်းပင်ဖြစ်ပါသည်။) အချစ်နဲ့ပတ်သက်ရင် ခံစားတတ်သူတိုင်း အချစ်ကို ခံစားတတ်ကြတယ်။ ဒါပေမဲ့ ခံစားချက် မရှိတဲ့ မည်သူရှိလဲ? မည်သူမှ မရှိပါ။ လူတိုင်းဟာ ခံစားချက်တွေရှိတဲ့ သူတွေပါပဲ။ ဒါဆိုရင် လူတိုင်းဟာ အချစ်ကို ခံစားဖူးကြမှာပေ့ါ။ အမှန်ပါပဲ။ လူ့ဘဝရဲ့တစ်ချိုးတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ အရာနဲ့ဆက်နွယ်ခဲ့ဖူးကြတဲ့ သူတွေပါပဲ။ ဒါဆိုရင် အချစ်ဆိုတာဘာလဲ? မည်သူမှတော့ တိကျတဲ့ အဖြေကို မပေးစွမ်းနိုင်ခဲ့ပြန်ဘူး။ ကိုယ်ပိုင်ခံစားချက်တွေနဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကပဲ လူသားအသီးသီးကို သက်ဆိုင်တဲ့ စာသားတွေ စကားလုံးတွေနဲ့အချစ်ဆိုတဲ့ အရာကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြတယ်။ ရုပ်ဆိုးတဲ့လူတစ်ယောက်ကို ချစ်ခဲ့တဲ့ လူဆိုရင် အချစ်မှာ မျက်စိမပါဘူး။ ရင်ကွဲခံရဖူးတဲ့ လူတွေဆိုရင် အချစ်ဟာ အဆိပ်ပဲ။ အချစ်မှာ ကံကောင်းတဲ့ သူတွေဆိုရင်တော့ အချစ်ဟာ လောကနဲ့ လူသားတွေအတွက် ပျော်ရွှင်မှုပေးနိုင်သောအရာ။ အချစ်ကို လိုအပ်နေတဲ့ အထီးကျန်သမားတွေကတော့ အချစ်ဆိုတာ လူသားတွေအတွက် မရှိမဖြစ် လိုအပ်သော အရာ။ သစ္စာဖောက်ချင်တဲ့ လူသားတွေကတော့ အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့ဆို… စသည်ဖြင့်ပေ့ါ အချစ်ဋီကာကို အမျိုးစုံ အဓိပ္ပာယ်ပြန်ကြတယ်။ ကျွန်တော် Romantic Comedy ဆိုတဲ့ ရုပ်ရှင်အမျိုးအစားနဲ့Sport ဆိုတဲ့ ရုပ်ရှင်အမျိုးအစားကို တတ်နိုင်သလောက် ရှောင်ပါတယ်။ စိတ်ကူးယဉ်ဆန်တဲ့ အချစ်ရုပ်ရှင်တွေဟာ လက်တွေ့လောကနဲ့သွေဖွယ်နေတတ်လေ့ရှိပါတယ်။ ကျွန်တော် အမျိုးသမီးထုကို စော်ကားခြင်း မဟုတ်ပါ။ ဒါပေမဲ့ အချစ်နဲ့ပတ်သက်ရင် အမြဲတမ်း ပို၍ စိတ်ကူးယဉ်လေ့ ရှိတတ် ကြ တဲ့ လူသားတွေ ဖြစ်သည့်အားလျော်စွာ သူမတို့ရဲ့ အကြိုက် အချစ်ကားတွေသည် သူမတို့ဘက်မှနေ၍ အမြဲ ရိုက်ကူးတင်ပြလေ့ရှိသည်။ ဒါကို ကျွန်တော် မနှစ်သက်။ ထို့ကြောင့် မည်သည့် အချစ်ကားမျိုးမဆို ကျွန်တော် မကြည့်။ နောက်ဆုံး ကုန်ကုန်ပြောရ မယ် ဆိုရင် မနှစ်က လူကြိုက်အရမ်းများသွားခဲ့တဲ့ The Faults in our Stars ကို ကျွန်တော် အခုထိ မကြည့်ရသေး။ ကြည့်ဖို့လည်း စိတ်ကူးမရှိသေး။ ကျွန်ေ်တာ့် ဘဝမှာ အချစ်ရုပ်ရှင်နဲ့ပက်သက်ပြီး တစ်ကားတည်းကိုပဲ အရမ်းနှစ်သက်ခဲ့တယ်။ ထိုတစ်ကားတည်းကိုပဲ အကြိမ်ရေ 20 ထက်မနည်း ကြည့်ခဲ့ဖူးတယ်။ ယခုအချိန်ထိလည်း ကြည့်နေတုန်းပဲ။ ကြည့်တိုင်းလည်း တစ်ခါမှ ရိုးအီသွားတယ်ဆိုတာ မရှိခဲ့ပြန်ဘူး။ ပိုတိုးပြီးတောင် ကြိုက်လာပြန်ပါသေးတယ်။ အခုလို အချစ်ကားတွေ မကြည့်တတ်တဲ့ ကျွန်တော်ကို မည်သည့် အချစ်ကား ယခုလို ဖြစ်စေခဲ့သလဲဆိုတော့ ရုပ်ရှင်နာမည်က ကျွန်တော်နဲ့ခင်တဲ့သူတိုင်း သိကြတဲ့ (500) Days of Summer။ (500) Days of Summer ဆိုတဲ့ ရုပ်ရှင်ကားဟာ ပရိသတ်တော်တော်များများ သိပြီးသားဖြစ်တဲ့ 2009 ခုနှစ်ရဲ့Sleeper Hit Movie ဖြစ်လာတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ကျွန်တော်တို့လို အသည်းကွဲခဲ့ဖူးတဲ့ ယောင်္ကျားလေးတွေအတွက်တော့ ဒီဇာတ်ကားလေးဟာ ခံစားချက်တွေ တိုက်ဆိုင်နိူင်ပြီး ခံစားမှုအပြည့်ကို ပေးနိူင်ပါတယ်။ ကျွန်တောိ ဒီဇာတ်ကားကိုကြည့်ပြီး မငိုခဲ့ပါဘူး။ ဒါပေမဲ့ တော်တော်ခံစားခဲ့ရပါတယ်။ ခံစားချက်မျိုးစုံ နဲ့ခံစားခဲ့ရတာကြောင့် ဘာကြောင့် ခံစားခဲ့ရတာလဲ ဆိုတာတောင် မသိခဲ့ရပါဘူး။ ဘာကြောင့် ကျွန်တော် ထိုရုပ်ရှင်ကို အရမ်းနှစ်သက်ရပါသလဲ? ကျွန်တော် စောစောက ပြောခဲ့သလိုပဲ။ အချစ်ကားတွေသည် အမျိုးသမီးတွေအကြိုက်ဖြစ်အောင် အမျိုးသမီးတွေရဲ့အမြင်တွေဘက်ကပဲ ရိုက်ပြခဲ့ကြသည်။ ကျွန်တော်တို့လို အမျိူးသားတွေ ဘက်ကကြတော့ ဘာကြောင့် မတင်ပြခဲ့ကြတာလည်း။ ဒါမေးခွန်းကို တော်လှန်ခဲ့တဲ့ သာမာန်အချစ်ကားတွေရဲ့ရေးစီးကြောင်းကို တော်လှန်ခဲ့တဲ့ တစ်ကားတည်းသော ကျွန်တော်ကြည့်ဖူးသော အချစ်ရုပ်ရှင်သည် (500) Days of Summer ပင်ဖြစ်သည်။ ထိုအချက်သည် ထိုရုပ်ရှင်ကို နှစ်သက်မိတဲ့ ပထမဆုံးသော အချက်ပင်ဖြစ်သည်။ မိန်းကလေးတွေသည် အချစ်ကို စိတ်ကူးပိုယဉ်တတ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ယောင်္ကျားလေးတွေက အချစ်ကို ပိုခံစားတတ်ကြပါတယ်။ ထိုရုပ်ရှင်ထဲက Tom ဆိုသော လူငယ်လေးရဲ့ ဇာတ်ကောင်ကို ကျွန်တော်ကြည့်နေရင်း ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်ယောင်လာမိတယ်။ ကျွန်တော့်ဘဝရဲ့အဖြစ်အပျက်တစ်ခုကို ကျွန်တော်ပြန်မြင်ယောင် လာမိတယ်။ ကျွန်တော် Summer ဆိုသော မိန်းကလေးတစ်ယောက်နှင့် ဘဝတွင် တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါဆိုရင် ခံစားချက်ခြင်း တူညီတယ်ဆိုသော ခေါင်းစဉ်နဲ့ဒီရုပ်ရှင်နှစ်သက်မိတဲ့ ဒုတိယ အချက်ပင်ဖြစ်ပါတယ်။ တတိယ အချက်ကို ပြောကြည့်ရအောင်။ ဒီကားသည် သာမာန်ရုပ်ရှင်တွေလို တင်ဆက်ထားခြင်းမဟုတ်။ 99% သော အချစ်ကားတိုင်းသည် Timeline ကို Linear Style ဖြင့် တင်ပြလေ့ရှိသည်။ ဘာကြောင့်လဲ? တင်ပြရတာ လွယ်ကူတာကိုး။ ဒါပေမဲ့ (500) Days of Summer ကတော့ ဇာတ်ကြောင်းပြောပြချက်ကို Non-Linear Storytelling Style ဖြင့် တင်ပြထားတယ်။ ဒီအချက်က ပေါ့ပျက်ပျက်ကြည့်ရင် ရုပ်ရှင်ကို ရှုပ်ထွေးသွားစေပေမဲ့ သေသေချာချာ စိတ်ဝင်စားစွာ ကြည့်ပါက ရုပ်ရှင် ဇာတ်ကြောင်းကို ပိုမိုလွယ်ကူစွာ နားလည်စေခဲ့တယ်။ ဇာတ်ညွှန်းသည် အလွန်ကို Smart ဖြစ်လွန်းသော ဇာတ်ညွှန်း။ ကျွန်တော် အကြိုက်ဆုံး ဇာတ်ညွှန်း။ ဘာကြောင့် non-linear နဲ့တင်ပြခဲ့သလဲလို့ဆိုရင် အတိတ်နဲ့ပစ္စပ္ပန် ကို ယှဉ်ပြချင်တဲ့ သဘော။ ဟိုး တစ်ချိန်က ဒီလို ဖြစ်ခဲ့ပေမဲ့ ယခုအခါ ထိုကဲ့သို့သော မဟုတ်။ ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့ဖြစ်စဉ်တွေကို မြင်သာစေခဲ့တယ်။ ထို့အပြင် ထို Timeline နှစ်ခု အမြဲ ယှဉ်ပြချက်များသည် Tom ရဲ့ခံစားချက်တွေကို ကျွန်တော်တို့ပို၍ မြင်သာစေခဲ့တယ်။ ဒါက တတိယ အချက်။ နောက်တစ်ချက်က ဇာတ်ကောင်များ။ ဇာတ်ရံများကို ကျွန်တော် မပြောလို။ ဒါပေမဲ့ Tom နဲ့Summer တို့အကြောင်းကို တော့ ကျွန်တော် ပြောချင်ပါတယ်။ ပြောရမယ်ဆိုရင် ဇာတ်လမ်းကို ပြောင်းလဲပစ်စေခဲ့တဲ့ Character Developments တွေ တွေ့ခဲ့ရတယ်။ ဒီအချက်တွေကပဲ ရုပ်ရှင်ရဲ့ပင်မပဲဖြစ်တယ်။ Summer သည် အချစ်ကို မယုံကြည်ခဲ့သူ။ အချစ်ဆိုတာ လက်တွေ့လောကတွင် မရှိ။ စိတ်ကူးယဉ် Fantasy သက်သက်ပဲဟု ငယ်ရွယ်စဉ်က အိမ်ထောင်ရေး အဆင်မပြေဖြစ်ခဲ့သော သူမရဲ့မိဘနှစ်ပါးကို ကြည့်ပြီး အချစ်ကိုထိုကဲ့သို့သတ်မှတ်ခဲ့သူ။ Tom ကတော့ သူမနှင့် ဆန့်ကျင်ဘက်။ ငယ်ရွယ်စဉ် ကလေးဘဝတုန်းက British Pop Songs တွေနဲ့ရုပ်ရှင်တွေကို ကြည့်ပြီး အချစ်စစ်ဆိုသော အရာကို ယုံကြည်သူတစ်ဦး။ ဒါပေမဲ့ လောကမှာ သိတဲ့အတိုင်း အရာအားလုံးဟာ ပြောင်းလဲတတ်တဲ့ သဘောသဘာဝရှိသည့် အားလျော်စွာ သူတို့နှစ်ယောက်ရဲ့ဇာတ်ကောင်စရိုက် ပြောင်းလဲမှုသည် ဇာတ်လမ်းကို ပို၍ အားသာစေခဲ့ပြန်သည်။ Summer ကို ကျွန်တော် မမုန်း။ သူမသည် လက်တွေ့ဆန်သော မိန်းကလေးတစ်ဦး။ သူမသည် အေးစက်သော နှလုံးသား ပိုင်ရှင် မိန်းကလေးတစ်ဦးဖြစ်ခဲ့ပေမဲ့ သူမသည် Tom ကို ဘယ်တုန်းကမှ လိမ်လည်လှည့်ဖြားခဲ့သောသူ မဟုတ်ခဲ့။ ရိုးသားသော သူတစ်ယောက် ဖြစ်ခဲ့သည်။ Tom ကိုလည်း ကျွန်တော်မမုန်း။ သူသည် ကျွန်တော့်ရဲ့ဆင်တူ Fictional Character တစ်ဦး။ ဒါသည် စတုတ္ထအချက်။ ပဉ္စမအချက်ကို ပြောရမည်ဆိုရင် ဇာတ်လမ်းမှာ သူတို့ပြောသွားကြတဲ့ စကားတွေ။ အပြင်လောက နဲ့အရမ်းကို စက်နွယ်နေသော အကြောင်းအရာ ဖြစ်ရပ်မှန်တွေကို လှပ၍ ထိမိသော စကားလုံးများဖြင့် တန်ဆာဆင်ကာ ပြောဆိုသွားခဲ့ကြသည်။ ထိုစကားလုံးတွေနှင့်ပဲ ကျွန်တော်ရယ်မောခဲ့ရသည်။ ထိုစကားလုံးတွေနဲ့ပဲ ကျွန်တော် တစ်ကိုယ်တည်း သဘောတူ၍ ခေါင်းတွေ ငြိမ့်ခဲ့ရသည်။ ထို့အပြင် ထိုစကားလုံးတွေနဲ့ပဲ တစ်ကိုယ်တည်း ငိုကြွေးခဲ့ရသည်။ ဥပမာ… “Some people are meant to fall in love with each other, but not meant to be together.” ဆိုတဲ့ စာသားလေးသည် ရင်ကို ခွဲကာ နှလုံးသားကို ဆောက်နဲ့ထွင်းခံရသလို့အောင့်သက်သက်ဖြစ်သေခဲ့တယ်။ “I need to know that you’re not gonna wake up in the morning and feel differently.” ဒါကိုလည်း စဉ်းစားကြည့်မယ်ဆိုရင် သူ့ကို အချစ်စစ်နဲ့မချစ်ဘူးဆိုတာကို သိတဲ့ Tom က သိသိရက်နဲ့မသေချာတတ်တဲ့ အနာဂတ်နဲ့ပြောင်းလဲတတ်တဲ့ လူသားတွေရဲ့စရိုက်ကို သိသောကြောင့် သေချာအောင် မေးခဲ့တဲ့ အမေးလေး တစ်ခု။ “Either she’s an evil, emotionless, miserable human being, or she’s a robot.” မည်မျှလောက် အသည်းကွဲကာ နာကျည်းနေသလဲဆိုတဲ့ ခံစားချက်တွေ။ “Do you ever do this, you think back on all the times you’ve had with someone and you just replay it in your head over and over again and you look for those first signs of trouble?” ဒီစကားလေးကတော့ Relationship တစ်ခုမှ ရှိနေတဲ့ ယောင်္ကျားလေးတိုင်းရဲ့ စဉ်ဆက်မပြတ် မေးမြန်းနေတဲ့ မေးခွန်းလေးတစ်ခု။ မိမိနဲ့ပတ်သက်ပြီး တစ်ဘက်လူရဲ့ပြောင်းလဲလာတဲ့ ဆက်ဆံမှုတွေကို ကြုံတွေ့လာရတဲ့ အခါ ကျွန်တော်တို့တွေ အမြဲ ထိုကဲ့သို့လုပ်လေ့ရှိတတ်ကြပါတယ်။ ” Just because she likes the same bizzaro crap you do doesn’t mean she’s your soul mate.” ဒီစကားကို Tom ရဲ့ half younger sister က Tom ကို အမှန်တရားကို မြင်စေတဲ့ ရုတ်တရက် ပြောလိုက်တဲ့ စကား။ အရမ်းမှန်တယ်။ ကျွန်တော်တို့တွေ ငယ်စဉ်က ” ဟာ.. ဒီကောင်မလေးနဲ့ငါနဲ့အရာအားလုံးနီးပါး အကြိုက်ချင်းတူတယ်။ ငါတို့တွေ တစ်နေ့မှာ ရည်းစားဖြစ်ကြလိမ့်မယ်ဆိုပြီး ကိုယ့်ရဲ့Crush နဲ့ ကိုယ် အကြိုက်ချင်းတူရင် တွေးမိတဲ့ စိတ်ကူးလေးတွေပါ။ တစ်ကယ်တော့ ထိုအရာဟာ ဟာသပျက်လုံးတစ်ခုသာသာပါပဲ။ “I don’t want to get over her. I want to get her back.” Tom ရဲ့ မျှော်လင့်ချက်နဲ့ရှင်သန်ပုံကို သူ့ရဲ့စကားတွေကနေပြီး ကျွန်တော်တို့ဝိုင်းခံစားပေးခဲ့ကြတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့ချစ်သူတွေနဲ့ပြတ်စဲသွားပြီးကြတဲ့အခါ ယောင်္ကျားလေး အများစုဟာ ထို မိန်းကလေးတွေကို တော်ရုံနဲ့မမေ့နိုင်ကြပါဘူး။ ဝေးကွာသွားမှ ပို၍ တမ်းတလာတတ် ကြ ပါတယ်။ ဒါကြောင့် ထိုမိန်းကလေးတွေကို ပြန်လည် ရရှိအောင် ကြိုးစားတတ်ကြပြန်ပါတယ်။ “Look, I know you think she was the one, but I don’t. Now, I think you’re just remembering the good stuff. Next time you look back, I, uh, I really think you should look again.” ဒီစကားလေးကိုလည်း ထိုကလေးမလေးက Tom ကို အားပေးတဲ့ စကားပြောခဲ့တာပါပဲ။ ကျွန်တော် အကြိုက်ဆုံးစကားတွေမှာ ဒီစကားလေး ပါဝင်နေတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့မိမိကို ထားသွားတဲ့ ချစ်သူတွေကို တမ်းတနေမိတဲ့အခါ သူတို့ရဲ့ကောင်းကွက်တွေကိုပဲ ရွေးပြီးစဉ်းစားမိနေလို့ ကျွန်တော်တို့လူသားတွေ ခံစားနေ အသည်းကွဲနေရတာပါ။ တစ်ကယ်လို့သာ ဖြစ်ရပ်တွေ အကုန်လုံးသာ ကျွန်တော်တို့ပြန်မြင်ယောင် စဉ်းစားခြင်းဟာ ထိုထားသွားတဲ့ လူတွေကို မေ့ပျောက်နိုင်ဆုံး ဖြေဆေးတစ်ခုပါပဲ။ “Robin is better than the girl of my dreams. She’s real.” ဒီစကားသည် မှန်သလားဆိုရင် အရမ်းမှန်တယ်။ မိမိစိတ်ကူးထဲက ဖြစ်ချင်တဲ့ မိန်းကလေးတွေထက် မိမိနဲ့ယခုချစ်သူဖြစ်နေတဲ့ မိန်းကလေးက ပို၍ သာပါတယ်။ ဟုတ်တယ်လေ။ သူမက စိတ်ကူးထဲက မဟုတ်ပဲ ပြင်ပလောကမှာ ရှိနေသည့်အတွက်။ တွေးကြည့်လေ နားလည်လာစေပဲ။ “I love us.” ဒီစာသားလေးက မိမိကိုယ်ကို ချစ်ခြင်းလည်း မဟုတ်။ မိမိရဲ့ကောင်မလေးကိုချစ်ခြင်းလည်း မဟုတ်။ မိမိတို့နှစ်ဦးအတူတကွ ရှိနေခြင်း မိမိတို့နှစ်ယောက်ရဲ့အချစ်ကို ချစ်မြတ်နိုးခြင်းဆိုတာကို အရိုးရှင်းဆုံးနဲ့အလှပဆုံး အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်။ “So, what if I’d gone to the movies? What if I had gone somewhere else for lunch? What if I’d gotten there 10 minutes later? It was – it was meant to be. And… I just kept thinking… Tom was right.” အချစ်ဆိုတာ ဖူးစာဆိုတာ ရှိတယ်ဆိုတဲ့ စကားကို ပြောကြားသွားခဲ့တဲ့ Summer ရဲ့ပြောင်းလဲသွားခဲ့တဲ့ အမြင်ကို သူမ ပြောကြားသွားခဲ့တဲ့ စကားလေးတစ်ခွန်း။ ” Most days of the year are unremarkable. They begin, and they end, with no lasting memories made in between. Most days have no impact on the course of a life. May 23rd was a Wednesday.” “Tom walked to her apartment, intoxicated by the promise of the evening. He believed that this time his expectations would align with reality…” “There’s only two kinds of people in the world. There’s women, and there’s men. Summer Finn was a woman.” “If Tom had learned anything… it was that you can’t ascribe great cosmic significance to a simple earthly event. Coincidence, that’s all anything ever is, nothing more than coincidence… Tom had finally learned, there are no miracles. There’s no such thing as fate, nothing is meant to be. He knew, he was sure of it now.” ဒါတွေက Narrator ဆိုသော ဇာတ်ကြောင်းပြောသူရဲ့စာသားတွေ။ အရမ်းလှပြီး အရမ်းလည်း ကြိုက်တဲ့ စာသားတွေ။ “People change, feelings change, it doesn’t mean that the love once shared wasn’t true and real. It simply means that sometimes, when people grow, they grow apart.” ခံစားတတ်သူတွေအတွက် မျက်ရည်လွယ်စေတဲ့ စာသားလေးတစ်ခု။ ဒီရုပ်ရှင်ဟာ အရမ်းကို သဘာဝကျပြီး အရမ်းကို မှန်လွန်းတဲ့ ရုပ်ရှင်တစ်ခု။ “I just woke up one day, and I knew. What I was never sure of with you.” ဒီစကားလေးက Summer က Tom ကို နောက်ဆုံးတွေ့ကြတဲ့ အချိန်မှာ သူမကိုယ်တိုင်လည်း အဖြစ်မှန်ကို နားလည်သွားစေခဲ့တဲ့ စကား။ Tom ကိုလည်း အမှန်တရားကို သိသွားစေခဲ့တဲ့ စကား။ သူမဘာကို ပြောတယ်ဆိုတာ ကြည့်ဖူးသူတိုင်းသိကြပါတယ်။ ဒီအခန်းလေးမှာ သူမ ဒီစကားကို ပြောထွက်သွားတဲ့ အချိန်မှာ မျက်နှာတစ်ဘက်ကို လွှဲပြီး မျက်လုံးအိမ်မှ မျက်ရည်တွေ ဝဲသွားတဲ့ Tom လိုပဲ ကျွန်တော်လည်း မျက်ရည်တွေ ဝဲခဲ့ရပါတယ်။ ပြောင်းလဲသွားခဲ့သော Summer သည် နောက်ဆုံးဇာတ်သိမ်းအထိ Tom အပေါ်ခံစားချက်ကို မပြောင်းလဲသွားခဲ့ပေ။ ဆဌမ အချက်ကိုပြောရမယ်ဆိုရင် Expectation နဲ့Reality ကို ယှဉ်ပြသွားတဲ့ scene လေး။ အရမ်းကို ထိမိပြီး အရမ်းကို ယုတ္တိဆန်ပြီး အလွန် ခံစားစေတဲ့ scene လေး။ ရုပ်ရှင်သမိုင်းမှာ ဘယ်တော့မှ မေ့ပျောက်မရတဲ့ scene လေးတစ်ခု။ လူတိုင်းဟာ အရာတစ်ခု လုပ်တော့မယ်ဆိုရင် မျှော်လင့်ချက်ကလေးတွေ ရှိတတ်ကြပါတယ်။ ရည်မှန်းချက်မဟုတ်ပါဘူး။ ရည်မှန်းချက်က အလုပ်တစ်ခုကို မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့အရာ။ ဒါပေမဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စလေးတွေမှာတော့ ကျွန်တော်တို့လူသားတွေက မျှော်လင့်ချက်ကလေးတွေနဲ့ရှင်သန်တတ်ကြတယ်။ ဒါကို ဒီရုပ်ရှင်က ပြသသွားခဲ့တယ်။ ဒါပေမဲ့ မျှော်လင့်ချက်ကလေးတွေတိုင်းဟာ လက်တွေ့ဘဝတွေမှာ တစ်ခါတစ်ရံ ကွဲပြားသွားတတ်ကြတယ်ဆိုတာ ဒီကားမှာ ပြထားတဲ့ scene လေးက အရမ်းကို ဝမ်းနည်းစရာ ကောင်းလှပါတယ်။ သတ္တမ နှစ်သက်မိတဲ့ အချက်ကတော့ နောက်ခံ Soundtracks တွေ။ တစ်ကားလုံးကို Soundtracks ကောင်းကောင်းတွေနဲ့တင်ဆက်ထားတဲ့ ရုပ်ရှင်တွေကို မှတ်မိသလောက် ပြောရမယ်ဆိုရင် ဒီ (500) Days of Summer ရယ် The Boat that Rocked aka. Pirate Radio ရယ် Forrest Gump လောက်ရယ်ပဲ မှတ်မိတယ်။ Soundtracks တွေကို အရမ်းကြိုက်လို့Soundtracks အခွေကို ဝယ်ပြီး နားထောင်လာတယ်။ The Smiths, Regina Spektor, The Temper Trap, Simon & Garfunkel နဲ Carla Bruni တို့ဟာ ကျွန်တော့်ရဲ့Favorite အဆိုတော်တွေ စာရင်းထဲကို ဝင်မှန်းမသိ ဝင်ရောက်လာမိကြတယ်။ ထို့အပြင် The Graduate ရုပ်ရှင်ကို မကြည့်ရသေးတဲ့ ကျွန်တော့်ကို ထိုရုပ်ရှင်နဲ့မိတ်ဆက်ပေးကာ မဖြစ်မနေ ရှာကြည့်စေခဲ့တဲ့ အထိပါ။ အဠမအချက် နှစ်သက်မိတဲ့ အချက်ကတော့ Locations ရွေးချယ်တဲ့ သူတွေပဲ တော်တာလား? Cinematographer ကပဲ တော်တာလား? Director ကပဲ တော်တာလားတော့ မသိပါ။ Downtown Los Angles ကို လှအောင် ရိုက်ကူးနိုင်ခဲ့ကြပြန်ပါသေးတယ်။ အခန်းတိုင်း အခန်းတိုင်းသည် လှပသေသပ်ကာ စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် အမြင်ဆန်းသစ်နေလွန်းသည်။ နဝမ အချက်ကတော့ ဒီရုပ်ရှင်ကို ထပ်ခါထပ်ခါ သေသေချာချာ ကြည့်လာရင် သတိထားမိမှာကတော့ scenes တော်တော်များများမှာ Director သုံးထားသော အရောင်သည် အပြာရောင်များလွန်းသည်။ Wardrobe တွေမှာ ပိုများပါတယ်။ ပြချင်တာကတော့ ထိုအရောင်က Summer ရဲ့မျက်လုံးအရောင် အပြာရောင်ကို ဆက်စပ်စေနေတာဖြစ်ပြီး သဘောကတော့ Tom ရဲ့သူမအပေါ်ထားရှိတဲ့ ခံစားချက်တွေကို ကြည့်ရှုသူ ပရိသတ်တွေ နားလည်စေချင်တဲ့သဘောပါ။ Tom ရဲ့နေရာမှာ ဝင်ပြီး မသိမသာ ခံစားလာစေတဲ့ သဘောပါပဲ။ နောက်ဆုံး ဒသမ အချက်ကတော့ ဒီဇာတ်ကားသည် အချစ်ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး။ အချစ် အကြောင်း ဇာတ်လမ်းတစ်ခုပဲဖြစ်တယ်ဆိုတဲ့ “This is not a love story, this is a story about love.” ဆိုတဲ့ ရုပ်ရှင် Poster မှာဖော်ပြထားတဲ့ စာတန်းကလေးကိုပဲ။ လေးလေးနက်နက်တွေးတော ကြည့်ရင် ဘာကို ဆိုလိုချင်သလဲဆိုတာ နားလည်လာပါလိမ့်မယ်။ Director Marc Webb ရဲ့ပထမဆုံး Director အဖြစ်ပွဲဦးထွက် ဇာတ်ကားလေးဖြစ်ပြီး ကျွန် တော့်အမြင်မှာ ထို Director ရော မင်းသား Joseph Gordon-Levitt ရော မင်းသမီးဖြစ်သူ Zooey Deschanel တို့ရဲ့အကောင်းဆုံးဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 86% တောင် ရရှိခဲ့ပါတယ်။ ထိုအချက်တွေကြောင့် (500) Days of Summer သည် ကျွန်တော့်ရဲ့Personally အရ အနှစ်သက်ဆုံး Romantic Comedy ဇာတ်ကားလေးတစ်ကားဖြစ်လာပါတော့တယ်။ ~WH~ (ရုပ်ရှင်အညွှန်းကို Movies-we watch,we feel. Facebook Page မှ ကူးယူဖော်ပြပါသည်။)

7.7 2009 95 mins
500 Days of Summer