YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Love Foever After(2022)Ep.26.mp4

455.59 MB 720p video/mp4 171 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Daily Police

CM ပရိသတ်တွေအတွက် ရဲသားတွေရဲ့ နေစဉ်နေထိုင်မှုပုံစံကို သဘာဝကျကျရိုက်ထားတဲ့ Daily Police ဆိုတဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့- အလှဆုံးရဲမေအဖြစ် ဂုဏ်ပြုခံရသူ လီလုဟာ မှုခင်းရဲတပ်ဖွဲထဲ ဝင်ချင်ပေမဲ့ ကင်းလှည့်တပ်ဖွဲထဲမှာ အစားထိုး အဖွဲခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။ အခြေခံပတ်ဝန်းကျင်ကို ရောက်သွားတဲ့ လီလုဟာ ကောလာဟလတွေနဲ့ အထင်လွှမှုတွေကြားထဲကနေ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားပြီး ပြည်သူတွေအတွက် အခက်အခဲတွေကို ဖြေရှင်းပေးခဲ့ပါတယ်။ တစ်ရက်ပြီးတစ်ရက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းဆောင်တာများထဲမှာ လီလုတစ်ယောက် အဖွဲဝင်တွေကို စည်းလုံးလာအောင် ဘယ်လိုကြိုးစားခဲ့သလဲ...... ပြည်သူတွေရဲ့ လုံခြုံမှုအတွက် ဘယ်လို ကြိုစားခဲ့သလဲဆိုတာကို...... ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုပဲ ကြည့်ရှုခံစားလိုက်ရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 35 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Comedy • Drama • Romance
null 2023 95 mins
Daily Police
East of Eden
7.6

~ IMDb - 7.8/10, Rotten Tomatoes - 86% ~ ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။ သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက်‌ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။ ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။ Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 58Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Crime • Drama
7.6 1955 115 mins
East of Eden
Trick or Treat Scooby-Doo!
7.2

Comedy , Horror စကူဘီဒူးရဲ့ မူလလက်ရာနဲ့ animation လေးထွက်လာပါတယ်။ ဟော်လိုးဝင်းရာသီဖြစ်တာကြောင့် စကူဘီဒူးတို့ အရင်ဖြေရှင်းခဲ့တဲ့အမှုတွေနဲ့ မတူဘဲ ပိုမိုထူးခြားစေမှာပါ... ပြီးတော့ အားလုံးဝေဖန်နေကြတဲ့ Velma Character ကိုလည်း Lesbian တစ်ယောက်အနေနဲ့ စတင်မြင်တွေ့ရမှာပါ ဇာတ်လမ်းအကျဉ်းကတော့ စကူဘီဒူးတို့ဟာ လူဆိုးတွေအားလုံးကို နောက်ကွယ်ကနေ ဝတ်စုံတွေလုပ်ပြီး ကြိုးကိုင်နေတဲ့ ဉာဏ်ကြီးရှင် ဒုစရိုက်သမားကြီး ကိုကိုဒီရာဘလိုကို ဖမ်းဆီးအပြီးမှာ ဖြေရှင်းစရာအမှုတွေ မရှိတော့တဲ့အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေကြပါတယ်... ဒီလိုနဲ့ သူတို့အတွက် ဟော်လိုးဝင်းမှာ အရင် Villain တွေနဲ့မတူတဲ့ ဖြေရှင်းစရာ အမှုအသစ်ကြီးတစ်ခုပေါ်လာတဲ့အခါမှာတော့ စကူဘီနဲ့ရှက်ဂီတို့ရဲ့ အလွဲလွဲ အချော်ချော်တွေနဲ့အတူ Mystery Inc အဖွဲ့ ဘယ်လို ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) Genre..... Adventure , Animation, Comedy Quality…. 1080p | 720p | 480p File size… 1.3GB | 682MB | 391MB Format… mp4 Duration….1h 12min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Drama • Romance
7.2 2022 78 mins
Trick or Treat Scooby-Doo!
Fading Gigolo
5.8

မူရီဆိုတဲ့လူကြီးဟာ မျိုးရိုးအလိုက် အမွေလက်ဆင့်ကမ်းရခဲ့တဲ့ စာအုပ်ဆိုင်လေးကို ပိတ်လိုက်ရပါပြီ။ သူ့ဆီမှာ ပိုက်ဆံလိုပြီး အလုပ်ပေါင်းစုံလုပ်ပြီး ရုပ်အဖြောင့်အတောင့်ကြီး မဟုတ်ပေမဲ့ လူကြီးလူကောင်းဆန်ပြီး မိန်းမကျောနပ်တဲ့ ဖီရိုရာဗန်တေးဆိုတဲ့ မိတ်ဆွေလည်း ရှိပါတယ်။ တစ်ရက်ကျ သူ ပြနေကြ အရေပြားဆရာဝန်မဆီကနေ ထူးခြားတဲ့ ဖိတ်ကြားချက်ကို သိလိုက်ရပါတယ် အဲဒါကတော့ သူ့ သူငယ်ချင်းမ တစ်ယောက်နဲ့ သုံးပါးသွားကဖို့ မင်းသားတစ်ပါး လိုအပ်နေတာပါတဲ့။ အဲဒါ မူရီဆိုတဲ့ ဘဲကြီးက အသိရှိတယ်ပေါ့ ဒီတိုင်းတော့ မရနိုင်ဘူး အခကြေးငွေတော့ ပေးရလောက်မယ်ဆိုပြီး ဖီရိုရာဗန်တေးကို မင်းလုပ်ပါလား မင်းဆို ဖြစ်နိုင်တယ်ဆိုပြီး ယောက်ျားဖျာသည်လိုင်းသွင်းပါတော့တယ်။ အစပိုင်းတော့ ဆရာသမားလည်း ငြင်းတာပေါ့ နောက်ကျ စမ်းကြည့်မယ်ဆိုပြီး လုပ်ရာကနေ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ ဂျူးလူမျိုးတွေနဲ့ လူမျိုးရေး ဘာသာရေး စည်းကမ်းတင်းကြပ်ပုံတွေလည်း ဗဟုသုတရပါတယ်။ မင်းသားနေရာကတော့ Transformer ကားတွေထဲက ရယ်ရတဲ့ Agent Simmon ကြီး သရုပ်ဆောင်ပေးထားပြီး Sexy သိပ်ဆန်တဲ့ မင်းသမီးကြီး Sharon Stone နဲ့ အကိတ်မင်းသမီး Sofia Vergara တို့လည်း ဆက်ဆီကျကျ ပါဝင်ထားပေးပါသေးတယ်။ ယောက်ျားဖျာခေါင်း/ဖျာ ကားဖြစ်တဲ့အတွက် အိပ်ရာပေါ်ကအခန်းတချို့ ပါဝင်ပြီး သတိထား ကြည့်ရှုစေလိုပါတယ်ဗျ။

Drama • Horror • Mystery
5.8 2013 90 mins
Fading Gigolo
Silverstar

ရှုခင်းလှလှလေးများနဲ့ ကျေးလက်အငွေ့အသက်လေးတွေ ပါဝင်တဲ့ ဒတ်ချ်စကားပြော ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် Silverstar ဆိုတဲ့မြင်းလေးနဲ့ Esmee ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးကြားထဲက ထူးခြားတဲ့ဆက်နွယ်မှုအကြောင်းကို စွန့်စားခန်းဆန်ဆန် တင်ဆက်ထားပါတယ်. Look at it from the bright side ဆိုတဲ့အတိုင်း နေရောင်ခြည်၊ စိုက်ခင်းလေးများ၊ လေပြည်ညင်းနဲ့ တောလမ်းကလေးများကို တစ်လှည့် ခံစားရင်း.ပစ္စုပ္ပန်မျက်မြင်က ဘဝကိုပဲ ပွေ့ဖက်ရင်း. မြင်းကုန်းနှီးပေါ်က လွတ်လပ်မှု၊ ဆံဖျားနဲ့ မျက်နှာကို တိုက်ခတ်နေတဲ့ လေပြည်ရဲ့ အရိုင်းဆန်မှု၊ ဆက်ကျော်သက်ဘဝ တဇွတ်ထိုးဆန်မှု၊ မိသားစုနဲ့ချစ်မေတ္တာ စသည်တို့ကို အချိုးညီစွာ ထင်ဟပ်ပြသထားတဲ့ နိုင်ငံခြားစကားပြောဇာတ်ကားကောင်းလေး တစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…(2.22GB) / (1.16GB) /625.35MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre…Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sai Sumali

0 2022
Silverstar
The Baker
5.9

Hellboy ရုပ်ရှင်နဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Ron Perlmanရဲ့ 2022ထွက် အက်ရှင် ဇာတ်ကားဖြစ်ပါတယ်။ ​ ဇာတ်လမ်းက မုန့်ဖုတ်သမားကြီးဆီကို သူနဲ့စကားမပြော အဆက်အသွယ်မလုပ်တာကြာပြီဖြစ်တဲ့ သူ့သားက တစ်ရက်မှာရောက်လာပြီး သူ့​ကလေးကို ခဏကြည့်ပေးထားဖို့တောင်းဆိုလာပါတယ်။သူ့မှာ မြေးမလေး ရှိနေမှန်းတောင်မသိနေခဲ့တဲ့ မုန့်ဖုတ်သမားကြီးက စကားလုံးဝမပြောတဲ့ မြေးမလေးကို ကြည့်ထားပေးလိုက်ပါတယ်။ သားဖြစ်သူက မူးယစ်ဂိုဏ်းတစ်ခုနဲ့ ပတ်သတ်မိပြီး ပျောက်ဆုံးသွားတဲ့အခါမှာ သားဖြစ်သူကိုလည်း ရေဆုံးမိုးဆုံး လိုက်ရှာရင်း မြေးမလေးကိုလည်း အန္တရာယ်ကလည်း ကာကွယ်ပေးရင်းနဲ့ ဘယ်လိုသံယောဇဥ်ဖြစ်သွားမလဲကြည့်ရမှာပါ။ အက်ရှင်ခန်းတွေလည်း များစွာပါဝင်ပြီး family ကြည့်လို့လည်းသင့်တော်ပါတယ်။ ဇာတ်လမ်းလေးကပဲ ဆွဲခေါ်သွားမှာဆိုတော့ အများကြီးညွှန်းနေစရာမလိုလောက်ဘူးထင်ပါတယ်။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun

5.9 2022
The Baker
Martyrs
7

သေဆုံးခြင်းနောက်ကွယ်က တမလွန်ဘဝဟာ ဘယ်လိုရှိမယ်ဆိုတာ မိတ်ဆွေတို့ တွေးကြည့်ဖူးကြလားခင်ဗျ။ ဘာသာတိုင်းမှာ သေလွန်ပြီးရင် ရောက်ရှိမယ့် နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ ငရဲ၊ နတ်ပြည်၊ ဗြမ္မာပြည် အစရှိသဖြင့် ဘုံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတွေးကြည့်ရင် သေခါနီးအသက်ငင်နေချိန်မျိုးမှာ လူတွေဘာမြင်ရမလဲ သေဆုံးခြင်းက အဆုံးသတ်လား၊ ဒါမှမဟုတ် စတင်ခြင်းလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။ ဒီဇာတ်ကားအစမှာတော့ လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။ ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ဖုန်းခေါ်တဲ့အချိန်မှာ သူငယ်ချင်းကောင်းဖြစ်တဲ့ အန်နာက လိုက်လာခဲ့ပြီး အပြစ်မဲ့တဲ့မိသားစုကို သတ်ပစ်လိုက်တဲ့အတွက် မခံစားနိုင် သူ့သူငယ်ချင်းထောင်ကျမှာကိုလည်း မကြည့်ရက်ဘဲ အလောင်းတွေကို လက်စဖျောက်ပစ်ဖို့လုပ်ပါတော့တယ်။ ဒီလိုလက်စဖျောက်နေရင်းနဲ့ အဲဒီအိမ်မှာ စနစ်တကျတည်ဆောက်ထားတဲ့ လျှို့ဝှက်မြေအောက်ခန်းကို တွေ့လိုက်ရပြီး ဆင်းသွားတဲ့အခါမှာ အမှောင်ခန်းထဲမှာ အလုံပိတ်ပြီး နှိပ်စက်ခံထားရတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ပြီး ဒီမိသားစုဟာ သူထင်သလို အပြစ်မကင်းဘဲ လူစီပြောတာ မှန်နေခဲ့ကြောင်းသိလိုက်ရပြီး ထိုကောင်မလေးကို ကယ်ထုတ်လာပါတော့တယ်။ အန်နာတစ်ယောက် ဒီပြဿနာ ဒီမိသားစုနဲ့ ပြီးပြီထင်ခဲ့ပေမယ့် နောက်ထပ်လူတွေထပ်ရောက်လာပါတော့တယ်။ ဒီအချိန်မှာ ဒီကိစ္စဟာ မိသားစုတစ်စုဆိုက်ကိုဖောက်ပြီး လူတွေဖမ်းဆီးနှိပ်စက်နေတာမဟုတ်ဘဲ နောက်ကွယ်မှာ (နည်းစနစ်တကျ ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့် နာကျင်မှုခံနိုင်ရည်ကိုကျော်လွန်ပြီး သေလွန်ပြီးကာလအပိုင်းအခြားကို ရှုမြင်နိုင်သူ) မာတာဆိုတဲ့ဖြစ်တည်မှုကို မွေးဖွားလာစေပြီး သေလွန်ပြီးရင် ဘာဆက်ဖြစ်မယ်ဆိုတာကို သိချင်ကြတဲ့ ယုံကြည်မှုတစ်ခုကို စွဲကိုင်ထားကြတဲ့ လူကုံထံအသိုင်းအဝိုင်းက ကြေးရတတ်တွေပါဝင်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခုလုံး ရှိနေမှန်း သိလိုက်ရပါတော့တယ်။ ဒီလိုနဲ့ အန်နာဟာ သူလူစီ့ကိုကယ်ချင်ခဲ့တဲ့ငရဲတွင်းထဲကို သူပါ ကျရောက်သွားပါတော့တယ်။ ဒီတော့ သူမဟာ ဘယ်လိုမွန်းကြပ်စရာကောင်းအောင် နှိပ်စက်ခံရမလဲ၊ ဒီငရဲတွင်းထဲကနေ လွှတ်မြောက်နိုင်မလား၊ ဒီမာတာဆိုတဲ့ဖြစ်တည်မှုကရော တစ်ကယ်တည်ရှိတာလားဆိုတာကို စိတ်ကျဉ်းကြပ် ဖိစီးဖွယ် အသက်ရှုမဝကြည့်ရမယ့် Horror ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ IMDb မှာ Rating 7/10 ရရှိထားပြီး စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်နဲ့ တည်ဆောက်ထားပြီး နိုင်ငံတကာက အကြီးအကျယ်အားပေး ဆွေးနွေးကြတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မြန်မြန်သာ ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7 2008
Martyrs
Opponent
6.6

2011တုန်းက ထွက်တဲ့ A Seperation ဆိုတဲ့ အီရန် ရုပ်ရှင်ကားကိုကြည့်ဖူးရင် ဒီရုပ်ရှင်မင်းသား Payman Maadi ကို သိကြမှာပါ။ ဒီကားထဲမှာ သူက အီရန်ဒုက္ခသည် နပန်းသမားဟောင်း Iman အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းက ဒုက္ခသည်တွေရဲ့ ဘဝကို နောက်ခံထားရိုက်ထားပေမယ့် Imanရဲ့ ပဋိပက္ခတစ်ခုကိုလည်း ထည့်သွင်းရိုက်ကူးထားပါတယ်။ အီရန်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ကြည့်နေရတယ်လို့ မခံစားရဘဲ လက်တွေ့ဘဝကိုကြည့်နေရသလို နစ်ဝင်စီးမြောသွားစေမယ့်ကားပါ။ ဇာတ်လမ်းအနေနဲ့ Iman ရယ် သူ့မိန်းမနဲ့ သမီးလေးနှစ်ယောက်က အီရန်နိုင်ငံကနေ ဆွီဒင်နိုင်ငံကို ဒုက္ခသည်အနေနဲ့ ထွက်ပြေးခဲ့ပါ တယ်။ ဆွီဒင်မှာ နိုင်ငံရေးခိုလှုံခွင့်ရဖို့အတွက် တစ်ခုပြီး တစ်ခု ကြိုးစားပါတယ်။ နောက်ဆုံးမှာ ဆွီဒင်နိုင်ငံအတွက် နပန်းပြိုင်ပွဲဝင်ပေးရင် နေထိုင်ခွင့်ရမယ်အထင်နဲ့ နပန်းကိုပြန်လေ့ကျင့်ခဲ့ပါတယ်။ သူမေ့ချင်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်နဲ့ သူကိုယ်တိုင် သူ့ကိုယ်သူဝန်မခံချင်ဘဲ ထွက်ပြေးနေတဲ့ အရာက ဘာများလဲ။ သူတို့မိသားစုရော ဘာဆက်ဖြစ်မှာလဲ သိရဖို့ ရုပ်ရှင်ကိုပဲ ဆက်ကြည့်ရှုလိုက်ပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Horror • Fantasy
6.6 2023
Opponent
Just for Showmance
6.6

အခုခေတ်မှာအင်တာနက်တွေကိုလူတိုင်းသုံးလာတာနဲ့အမျှ အွန်လိုင်း Influencer ဆိုတာကလည်းအလုပ်တစ်ခုဖြစ်လာပါပြီ။ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးသထက်ကြီးအောင်ကြိုးစားရင်း ထုတ်ကုန်တွေထုတ်ရောင်းတာ စပွန်ဆာတွေကြော်ငြာပေးတာအစရှိသဖြင့်နဲ့ငွေဝင်လမ်းကြောင်းရှာဖွေရပါတယ်။ အခုတင်ဆက်ပေးမဲ့ Just For Showmance ဆိုတဲ့ဇာတ်ကားထဲက တယ်ရာဆိုတဲ့ အမျိုးသမီးကလည်း Influencer တစ်ယောက်ဖြစ်ပြီး ဒီနေ့မှာပဲသူ့ရဲ့ Skincare တွေကိုပွဲထုတ်ရောင်းချခဲ့ပါတယ်။အဲ့ဒီအပြင်ကိုမှ သူ့မှာ တီဗီအစီအစဉ်တင်ဆက်သူဖြစ်ချင်တဲ့အိပ်မက်လည်းရှိပြီး လူရွေးပွဲ တွေလည်းဝင်ရွေးခံထားပါတယ်။ဒါပေမယ့် သူက လိုအပ်သလောက်နာမည် သိပ်မကြီးတဲ့အတွက် သူ့ပစ္စည်းတွေအများကြီးမရောင်းရတဲ့အပြင် တီဗီအစီအစဉ် တင်ဆက်သူဖြစ်ဖို့လည်းရွေးချယ်မခံရပါဘူး။အဲ့ဒီအချိန်မှာပဲကံကောင်းစွာနဲ့ Happily Ever After ဆိုတဲ့အစီအစဉ်တစ်ခုမှာပါဝင်ဖို့ သူ့ဆီဖုန်းဆက်လာခဲ့ ပါတယ်။Happily Ever After ဆိုတာကတစ်ခါမှ မမြင်မတွေ့ဖူးတဲ့သူ နှစ်ယောက်ကို လက်ထပ်ပေးတဲ့တီဗီရှိုး အစီအစဉ်တစ်ခုဖြစ်ပြီး အဲ့ဒီမှာပါဝင်ရင် နာမည်ကြီးမှာ မလို့တယ်ရာလည်း နှစ်ခါပြန်စဉ်းစားမနေပဲ လက်ခံလိုက်ပါ တော့တယ်။ဒါပေမယ့် သူ့ရည်ရွယ်ချက်က နာမည်ကြီးလာဖို့ပဲဖြစ်ပြီး လက်ထပ်ဖို့ မဟုတ်တဲ့အတွက်သူနဲ့ချိတ်ပေးမဲ့ လူကိုစုံစမ်းပြီးသွားညှိနှိုင်းခဲ့ ပါတော့တယ်။သူနဲ့ချိတ်ပေးမဲ့ လူကတော့ကျေးလက်မှာ နေထိုင်တဲ့ဂျိုးဆိုတဲ့ မုဆိုးဖိုကလေးအဖေလူရိုးလေးဖြစ်ပြီး သမီးလေးတစ်ယောက်ရှိပါတယ်။ အဲ့ဒီသမီးလေးကသွက်လက်ပြီး သူ့အဖေကိုအတင်းတိုက်တွန်းတာကြောင့် ဂျိုးလည်းလက်ခံလိုက်ရပြီး တကယ်တမ်းသူတို့ကြားမှာ သံယောဇဉ်တွေ တွယ်လာကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို Romantic ဆန်ဆန်ကြည့်ရှုရမဲ့ IMDb Rating 6.9 ရရှိထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File size…1.72 GB / 693 MB Quality…AMZN WEB-DL 1080p / 720p Format…mp4 Duration….1h 23m Genre ….. Romance , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.6 2023
Just for Showmance
Vaazha: Biopic of a Billion Boys
7.4

Vaazha – Biopic of a Billion Boys(2024) “အပယ်ခံသူငယ်ချင်းများ” IMDb 7.4 ပရိသတ်တို့အတွက် မလေယာလမ် coming-of-age ဟာသဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်လိုက်ပါတယ် လူတိုင်းခံစားနားလည်နိုင်မယ့် ဒီဇာတ်ကားလေးဟာဆိုရင် ရုံဝင်ငွေ ၁၀ ဆ ပြန်ရထားတာပဲ ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ ပတ်ဝန်းကျင်က ဖယ်ကျဥ်ထားတဲ့ သူငယ်ချင်းငါးယောက် ကျောင်းသားလူငယ်ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ… ကျောင်းစာလည်းမတော်သလို ကျောင်းအုပ်ရုံးခန်းကို အိမ်ဦးကြမ်းပြင်လို ထပ်ချည်တလဲ သွားနေရတဲ့ သူတို့ဘော်ဒါတွေ အချစ်ကို စတင်ထိတွေ့တာစလို့ ကျောင်းရန်ပွဲတွေအလယ်နဲ့ … ငယ်ရွယ်စဥ်ကလေးဘဝမှသည် ကြီးကောင်ဝင်တဲ့ လူပျိုအရွယ်၊ ဒီမှတစ်ဆင့် လူလတ်ပိုင်းအထိ ပြောင်းလဲရင့်ကျက်လာပုံ၊ အချစ်၊ အလွမ်းအလီလီတို့အဆုံး တွေ့မြင်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ

7.4 2024 125 mins
Vaazha: Biopic of a Billion Boys
Thunder Chase
6

မိုးကြိုး (Thunder) ဟာ နိုင်ငံခြားမှာ ပုဂ္ဂလိက လုံခြုံရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတစ်ယောက်ပါ။ သူ့သား လီယို (Leo) ဟာ နိုင်ငံခြားက ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် အသုံးချခံရပြီး လူသတ်အမဲလိုက်ကစားပွဲမှာ စည်းကမ်းချက်တစ်ခုအဖြစ် အသုံးပြုခံရပါတယ်။ မိုးကြိုးနဲ့ သူ့သူငယ်ချင်း နှစ်ယောက်ဟာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေကို ယူဆောင်ပြီး နိုင်ငံခြားက တောအုပ်ထဲကို ဝင်ရောက်ခဲ့ပြီး တိုက်ပွဲတွေ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သားဖြစ်သူကို ကယ်တင်နိုင်ခဲ့ပေမယ့် ညီဖြစ်သူက ဓားစာခံဖြစ်သွားပါတယ်။ ဒီလိုခက်ခဲတဲ့အခြေအနေမှာတော့ မိုးကြိုးဟာ သူ့အသက်နဲ့ လဲလှယ်ဖို့ ဆန္ဒရှိခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ သူကယ်တင်ခဲ့ဖူးတဲ့ အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့ပါတယ်။ သူမဟာ အမဲလိုက်သတ်ဖြတ်ရေး အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ဖြစ်နေတာ ပေါ်လွင်လာခဲ့ပါတယ်။ သူမက ကယ်တင်ဖို့ လာတာလား၊ ဒုက္ခပေးဖို့လာတာလား။ ဒါမှမဟုတ် သွေးဆာနေတဲ့ ရန်သူကို ရင်ဆိုင်ရတဲ့အခြေအနေကို ပြောင်းလဲနိုင်မှာလား

Drama
6 2021
Thunder Chase
Martyrs

ီုဇာတ်လမ်းဟာ ဒါရိုက်တာ Pascal Laugier ရဲ့ ၂၀၀၈ ခုနှစ်ထွက်ရုပ်ရှင်ကို အမည်မပြောင်းလဲဘဲ Remake ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်.။ လူစီဟာ ကလေးဘဝအရွယ်မှာ သူ့ကို ညှင်းပန်းနှိပ်စက်နေတဲ့ လူတစ်စုရဲ့လက်ထဲကနေလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်.။ သူ့ကို နှိပ်စက်ရာ အကျဉ်းခန်းကို ရဲတွေကို ညွှန်ပြနိုင်ခဲ့ပေ့မယ် ထူးဆန်းစွာပဲ ခြေရာလက်ရာတစ်ခုမှမကျန်တဲ့ အဆောက်အဦးတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ လူစီဟာ စိန့်မေရီမိဘမဲ့ကလေးကျောင်းမှာ ကြီးပြင်းခဲ့ရပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအန်နာကိုလည်း အဲဒီမှာပဲ တွေ့ဆုံခဲ့ပါတယ်.။ ငယ်ရွယ်တဲ့အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် မကောင်းဆိုးဝါးတွေကို အမြဲတမ်းမြင်ယောင်နေပြီး စိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ စိတ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။ အန်နာတစ်ယောက်သာ သူ့အတွက် ဘဝသဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၀ နှစ်အကြာ လူစီအရွယ်ရောက်လာတော့ သူ့ကိုဖမ်းဆီးသွားသူ မိသားစုကို ရှာတွေ့ခဲ့ပါတယ်။ နှစ်များစွာကြာမြင့်ခဲ့ပေမယ့် သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူရဲ့ မျက်လုံးတွေကို မှတ်မိနေခဲ့ပါတယ်။ တစ်မိသားစုလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ခဲ့ပြီးနောက် သူ့သူငယ်ချင်း အန်နာကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ အန်နာရောက်လာတဲ့အချိန်မှာ မသေချာမရေရာတဲ့ထင်ကြေးတစ်ခုတည်းနဲ့ မိသားတစ်စုလုံးကို သတ်ဖြတ်ခဲ့တဲ့ လူစီကို ခွင့်မလွှတ်နိုင်ခဲ့ဘဲ သူ့အပေါ် ဆက်မကူညီနိုင်တော့ကြောင်းပြောကာ ထွက်သွားဖို့ ပြင်ခဲ့ပါတယ်.။ သူ့ကို နှိပ်စက်ခဲ့တဲ့သူတွေအပေါ် လက်စားပြန်ချေလိုက်ရင် သူမြင်နေရတဲ့ မကောင်းဆိုးဝါးနဲ့ စိတ်ဒဏ်ရာတွေပျောက်ကွယ်သွားမယ်လို့ လူစီကတော့ တစ်ထစ်ချယုံကြည်နေပါတယ်။ တကယ်တမ်းမှာတော့ သူ့စိတ်သူမထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကို ပြန်ရန်မူလာချိန်မှာတော့ အန်နာကပဲဖေးမကူညီခဲ့ရပြန်ပါတယ်။ နောက်တော့ အလောင်းတွေကို ဖျောက်ဖျက်ပြီး အခင်းဖြစ်တဲ့အိမ်ကို နဂိုမူလအတိုင်း ခြေရာလက်ရာမပျက် ပြန်လည်ထားရှိတဲ့အချိန်မှာပဲ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်… လူစီထင်ထားသမျှ အားလုံးမှန်နေခဲ့ကြောင်း သိရှိခဲ့ပြီးနောက် ဆမ် ဆိုတဲ့ ကလေးမလေးကိုပါ ရှာတွေ့ခဲ့ပါတယ်..။ အန်နာက လူစီအိပ်ပျော်နေတုန်း ၉-၁-၁ ကို ဖုန်းခေါ်ဆိုထားခဲ့တဲ့အတွက် လူတစ်စုက အိမ်ကို ချဉ်းကပ်လာခဲ့ပါတယ်။ ကိစ္စက သူတို့ထင်မှတ်ထားသလို သာမန်ပြန်ပေးဆွဲ ညှင်းပန်းနှိပ်စက်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုရှိနေမှန်းသိလိုက်ရပါတယ်.။ လူတွေကို ညှင်းပန်းသတ်ဖြတ်ရင်းနဲ့ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးသောလျှို့ဝှက်ချက်ကို ရှာဖွေမယ့် လူတစ်စုရဲ့ ရည်ရွယ်ချက်က အကြောင်းမဲ့သတ်ဖြတ်တာထက် ပိုပြီးကျောချမ်းစရာကောင်းလွန်းနေတဲ့အချက်ကလည်း ဒီဇာတ်ကားကို လက်မလွှတ်ဘဲကြည့်ရှုသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတော့တယ်။ File size… 1.1 GB / 543 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Drama • Romance • Comedy
0 2015
Martyrs
White Tiger
5.7

White Tiger (2012) ******************* ဒီတင့်ကတော့ ဂျာမန်တို့ရဲ့ White Tiger ဆိုတဲ့တင့်ပါ…. M4 Sherman တွေကို အားပါတရဖျက်ဆီးပြသွားတာ ကြည့်ဖူးတဲ့သူတွေသိမှာပါ] တစ်စီးတည်းက ဖျက်ဆီးသွားတော့ ရုရှားတင့်တပ်က အကြီးအကဲတွေနဲ့ နည်းပညာသမားတွေအတွက်တော့ တကယ့်သွေးပျက်စရာပါပဲ… ပျောက်ကျားစစ်ပုံစံဆင်နွဲနေတဲ့ ဒီ White Tiger ကြီးကြောင့် များစွာအထိနာနေတဲ့ရုရှားတွေဟာ တန်ပြန်တိုက်ခိုက်ဖို့ တင့်တပ်ဖွဲစီစဉ်ပါတော့တယ်.. ဒီအထဲမှာတော့ အတွေ့အကြုံများစွာရှိနေတဲ့ တင့်ကား(၁၅)စီးတိုက်ခိုက်ခံရစဉ် မသေဘဲ ကျန်ရစ်ခဲ့တဲ့ ယာဉ်မောင်းတစ်ဦးကို ခေါင်းဆောင်ခန့်ပြီး တိုက်ခိုက်ဖို့ကြံရွယ်ကြတယ်… ကိုင်း သူတို့အောင်မြင်မလားဆိုတာကိုတော့…ဇာတ်ကားထဲမှာ ဆက်လက်စောင့်ကြည့်လိုက်ပါဦး တင့်ကား စစ်ကားတွေမှ သဘောကြတဲ့သူတွေအတွက် ကားကောင်းတစ်ကားဖြစ်လို့ ခံစားကြည့်လိုက်ပါဦး…. File Size : 2.49GB / 1.01GB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:44:00 Genres : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Heather Oo

Comedy • Drama • Romance
5.7 2012 105 mins
White Tiger
Neela Nira Sooriyan (aka) Blue Sunshine
6.5

Neela Nira Sooriyan (aka) Blue Sunshine (2024) “ဖြစ်တည်မှု” သူများဝေဖန်မှာကိုဂရုမစိုက်ဘဲ ကိုယ့်ဖြစ်တည်မှုကိုလက်ခံပြီး ကိုယ့်ဘ၀ကိုယ်ရွေးချယ်ရဲတာလည်း လူတိုင်းမှာမရှိတဲ့ သတ္တိတစ်မျိုးပါပဲ။ အခုခေတ်မှာ အဲဒီလိုမျိုး အရှိအတိုင်းလက်ခံလာကြပြီဖြစ်တဲ့ LGBT ဖြစ်တည်မှုဟာ မထူးဆန်းတော့ပေမဲ့ အိန္ဒိယလို အစဉ်အလာကြီးပြီး ရှေးရိုးစွဲလူကြီးတွေများတဲ့နိုင်ငံမှာတော့ လုံး၀ကိုမလွယ်ကူတဲ့ကိစ္စပါ။ ဒီဇာတ်လမ်းကတော့ အမျိုးသမီးဘ၀ကိုပြောင်းလဲခံယူချင်တဲ့ ကျောင်းဆရာလေးတစ်ယောက်နဲ့ သူတို့ရဲ့ရှေးရိုးစွဲအသိုင်းအဝိုင်းအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ အာရာဗင်ဟာ မြို့ငယ်လေးတစ်မြို့က ရှေးရိုးစွဲအသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတဲ့ ကျောင်းဆရာလေးတစ်ယောက်ပါ။ ယောက်ျားလေးတစ်ယောက်အဖြစ် မွေးဖွားလာရပေမဲ့ အာရာဗင်အဖြစ်ချင်ဆုံးဆန္ဒကတော့ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ပါပဲ။ အဲဒီလိုမိန်းကလေးဘ၀ကိုပြောင်းလဲဖို့အတွက် ဟော်မုန်းဆေးတွေသောက်နေပြီး ဘ ာနူးဆိုတဲ့ မိန်းကလေးနာမည်တစ်ခုကိုလည်း သူ့ကိုယ်သူပေးထားပါသေးတယ်။ တစ်နေ့တော့ သူတို့အိမ်မှာ ငွေကြေးအကျပ်အတည်းကြောင့် ဖခင်ဖြစ်သူက ပိုက်ဆံသွားချေးရင်း သူဌေးတစ်ယောက်ရဲ့သမီးနဲ့အာရာဗင်ကို ပေးစားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီမှာပဲ အာရာဗင်တစ်ယောက် သူ့အိပ်မက်ဖြစ်တဲ့ အမျိုးသမီးဘ၀ကို အမြန်ပြောင်းလဲရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အာရာဗင်တစ်ယောက် ကျောင်းဆရာလေးအဖြစ်ကနေ ဆရာမအသွင်ပြောင်းလဲပြီး ဆာရီနဲ့ကျောင်းတက်လာတဲ့အခါ….။ LGBT ဖြစ်တည်မှု ဒါမှမဟုတ် လူတစ်ယောက်ရဲ့ သူ့ဘ၀သူရွေးချယ်ခွင့်ကို လက်မခံပေးတဲ့ အသိုင်းအဝိုင်းမျိုးမှာ အာရာဗင် တစ်ဖြစ်လဲ ဘာနူးတစ်ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ သူ့မိဘတွေနဲ့ ကျောင်းက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~V~ZweYan~ToMo ပါ။)

Drama
6.5 2024
Neela Nira Sooriyan (aka) Blue Sunshine