YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love Endures E15 720p WEB-DL CM.mp4

268.63 MB N/A video/mp4 136 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pavan: The Rise - Part 1
7.4

ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။ အင်တာနက်မှာတော့ ဒီနေ့မှ ပူပူနွေးနွေး ထွက်ရှိလာခဲ့တာပါ။ နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါသေးတယ်။ သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသလောက် မာနကြီးသလို ဘုဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင် ဘာကိုမှ အလျှော့မပေးတတ်သလို အမျှော်အမြင်လည်း အတော်ကြီးရှာတယ်။ အဲ့လိုလူတစ်ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီရောင်စန္ဒကူးပင်ကို မှော်ခိုရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက CM ပရိသတ်ကြီးတို့ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီကားကို ဝေဖန်ရေးဆရာများက ချီးကျုးထားကြပြီး အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ သရုပ်ဖော်နိုင်ခြင်းကို အထူးသဘောကျနှစ်သက်နေကြပါတယ်။ Box Office မှာလည်း ၀ငျငွေများစွာ ရရှိနေပြီး အောင်မြင်မှုအပေါင်း သရဖူဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲပြောပြော လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်ကောင်းမကောင်း ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းလိုပါတယ်။ အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကိုတော့ February 2022 မှာ ရိုက်ကူးရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မစောင့်ရမှာသေချာပါတယ်နော်။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပါတယ်) File size 5.2GB / 3.7GB / 2.2GB Quality  4K HEVC / 1080p/ 720p Formatmp4 / mkv Duration.2h 59m Subtitle.Myanmar Subtitle ( Hard Sub) Encoder.YK Translated by Thet Hnin & Eliza & Lwin Htoo Aung & Poe

Comedy • Romance
7.4 2021 179 mins
Pavan: The Rise - Part 1
Atithi Bhooto Bhava
9

ဒီတစ်ခေါက်မှာတော့ တိုက်ဂါးရဲ့အဖေမင်းသားကြီး Jackie Shroff ပါဝင်ထားပြီး Modern Love ရဲ့အချစ်မင်းသား Pratik Gandhi ပါဝင်သရုပ်ဆောင်ထားတဲ့ Atithi Bhooto Bhava ( တစေဧည့်သည် )ဆိုတဲ့ဇာတ်ကားလေးပါ.... IMDB မှာလည်း 6.5 ရထားတော့ Rating လေးလည်းမဆိုးလှပါဘူး ဇာတ်ကားလေးကိုမိတ်ဆက်ပေးရရင် .ဆရီကန့် ( Pratik Gandhi )က ဟာသပြောတဲ့သူတစ်ယောက်ဖြစ်ပြီး နက်သရာ ( Sharmin Segal )ကတော့ လေယာဥ်မယ်တစ်ယောက်ပေါ့... ချစ်သူသက်တမ်း၄နှစ်ရှိခဲ့ပေမယ့် ဆရီက နက်သရာ့ကိုတန်ဖိုးမထားခဲ့ပါဘူး။ ဆရီ နဲ့နက်သရာက ငယ်ငယ်ထဲက ချစ်ခဲ့တဲ့ စုံတွဲတွေပါ။ ချစ်စ ခင်စ ကြင်နာစ တကွဲစီနေနေရတဲ့အချိန်မှာ အမှတ်တရ နေ့တိုင်း အပြန်အလှန်လက်ဆောင်ပေးရင်း ကြည်နူးစရာဖြတ်သန်းခဲ့ကြတာပါ။ သူတို့နှစ်ယောက်က ကြောင်နဲ့ကြွက်လိုပဲ မတည့်အတူနေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်လဲသံယောဇဥ်မပြတ်နိုင်ကြပါဘူး ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စကားများကြလို့ ဆရီကအရက်သောက်ပြီးမူးလာတဲ့တစ်ညမှာ မာခန်ဆင်း ( Jackie Shroff)နဲ့ တွေ့ခဲ့ကြပြီး မာခန်က သူ့ရဲ့ငယ်ချစ်ဦးမန်ဂျူးနဲ့ပြန်လည်ဆုံစည်းနိုင်ဖို့ ဆရီ့ဆီမှာအကူအညီတောင်းခဲ့ပါတယ် 1975ခုနှစ်မှာအစပြုထားပြီး 2021ခုနှစ်မှာဇာတ်အိမ်ဖွဲ့ထားတဲ့ဒီဇာတ်ကားလေးမှာ ဆရီ့ကိုဘာလို့မာခန်က အဘိုးလို့ခေါ်တာလဲ... မာခန်နဲ့မန်ဂျူးကို ဆရီကဘယ်လိုဆုံစည်းအောင်ကူညီပေးမှာလဲ...... စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုမျိုးလဲ ဘယ်လောက်ထိခိုင်မြဲသလဲ... ဟာသလေးနှောပြီးရိုက်ကူးထားလို့ကြည့်လို့ကောင်းတဲ့ရုပ်ရှင်လေးဖြစ်လို့ လိုက်ပါစီးမျောခံစားလိုက်ပါဦး။ File size…1.78GB / 866MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 53mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & ThuRa & Shwe Pyae & lwin Htoo & Kevin

Action • Drama • History
9 2022 113 mins
Atithi Bhooto Bhava
Against the Ice
6.8

IMDb Rating - 7.8/10 ကဲ ဖြစ်ရပ်မှန်ရုပ်ရှင်လေး တစ်ခုလောက် ကြည့်လိုက်ရအောင်။ အာတိတ် မြောက်ဝင်ရိုးစွန်းမှာ အမေရိကန်နဲ့ ဒိန်းမတ်တွေ နယ်မြေသစ်တွေကို ရှာဖွေ နေကြတဲ့ခေတ်ပေါ့။ ဂရင်းလန်းရဲ့ အနောက်မြောက်ပိုင်းကို အမေရိကန်ဟာ သူတို့တွေ့ရှိထားပြီး နယ်နိမိတ်ပိုင်းခြားထားတဲ့ ရေမြောင်းကြီးတစ်ခု ရှိပါတယ် ဆိုပြီး အဆိုပြုလာပါတယ်။ ဒါကို ဒိန်းမတ်နယ်မြေသစ်ရှာဖွေရေး လူစွန့်စား အဖွဲ့တစ်ဖွဲ့က မဟုတ်မမှန်ကြောင်း သက်သေပြဖို့ ကြိုးစားရင် ပျောက်ဆုံးသွား ခဲ့တယ်။ ဆိုးရွားလွန်းတဲ့ ရေခဲပြင်ရာသီဥတုနဲ့ အသက်ရှင်ဖို့ ခက်လွန်းတဲ့ ဒီနယ်မြေတွေထဲမှာ ပျောက်ဆုံးသွားတဲ့ အဖွဲ့ကိုရှာဖွေရင်း ဒိန်းမတ်ရဲ့မြေကို အမေရိကန်မပိုင်ဆိုင်စေဖို့ သက်သေပြဖို့ ကြိုးစားခဲ့တဲ့ လူစွန့်စားနှစ်ဦးရဲ့ စိတ်ဓာတ်၊ စွန့်စားမှု၊ သူငယ်ချင်းသံယောဇဉ်တွေကို ရိုက်ကူးပြသထားတာပဲ ဖြစ်ပါတယ်။ သူတို့နေရာကနေ ဝင်ခံစားရင် ရင်တဖိုဖိုကြည့်ရမှာမို့ အားပေး လိုက်ပါဦး။ ဒီကားမှာ Game of Throne ထဲက Jaime Lannister က အဓိကဇာတ်ကောင် နေရာကနေ သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size - (1.17 GB) / (560 MB) / (362 MB) Quality – WebDL 1080p / 720p/480p Duration - 1h 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Drama, History Translator – Mr.Anderson Encoder – SWM

Drama • Fantasy
6.8 2022 101 mins
Against the Ice
Black Butler
7.1

Black Butler(2014) ***************** လက်စားချေတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ၂၀၁၄ ကထွက်ရှိခဲ့တဲ့ Black Bulter ဆိုတဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို မိတ်ဆက်ပေးပါရစေ။ အမေနဲ့အဖေနှစ်ယောက်လုံး အသတ်ခံရပြီးနောက် ကံကောင်းစွာလွတ်မြောက်သွားခဲ့တဲ့ ရှီအိုရီ ဆိုတဲ့ကောင်မလေးဟာ ယောက်ျားလေးဟန်ဆောင်ပြီး မိသားစုဆီကိုပြန်လာခဲ့ပါတယ်။ ဒီလိုပြန်လာနိုင်ဖို့ သူ့ရဲ့ဝိညာဥ်ကို နတ်ဆိုးဆီကိုရောင်းစားခဲ့ပြီး နတ်ဆိုးနဲ့အတူပြန်လာခဲ့တာပါ။ ငယ်ရွယ်တဲ့ကောင်မလေးဟာ နတ်ဆိုးနဲ့အတူ သူ့မိဘတွေရဲ့သေဆုံးမှုကို ဘယ်လိုစုံစမ်းပြီး လက်စားပြန်ချေမလဲ။ နည်းပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေ၊ အထက်တန်းအလွှာတွေကြားကရှုပ်ထွေးမှုတွေနဲ့အတူ ခမ်မိုက်မိုက် အက်ရှင်ခန်းတွေ Plot Twist တွေနဲ့မို့ ကြည့်သင့်ပါကြောင်း File Size :(2.7GB)(1GB) and (353MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

Comedy • Horror
7.1 2014 119 mins
Black Butler
The Bang Bang Club
6.9

The Bang Bang Club (2010) အာဖရိကတိုက်ဟာ လူမျိုး‌ရေးပြဿနာတွေ၊ ပဋိပက္ခ‌တွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။ သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။ သတင်းသမား‌တွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ အစာရေစာငတ်လို့ သေအံ့မူးမူးဖြစ်နေတဲ့ ကလေးမလေးတစ်ယောက် လဲကျခါနီးမှာ လင်းတငှက်တစ်ကောင်က ဘေးမှာအသင့်စောင့်နေတဲ့အဖြစ်ကို ရိုက်ကူးထားတဲ့ဓာတ်ပုံတစ်ပုံက ကမ္ဘာကြီးကို ကိုင်လှုပ်လိုက်ပါတယ်။ သိပ်ကြောက်စရာကောင်းတဲ့အဖြစ်ကြီးကို ကမ္ဘာကြီးက မျက်ဝါးထင်ထင်တွေ့လိုက်ရအောင် တင်ဆက်နိုင်လိုက်တဲ့ ဓာတ်ပုံဟာ ပူလစ်ဇာဆုကို ဆွတ်ခူးသွားပါတယ်။ အဲဒီနောက်မှာပဲ ဓာတ်ပုံဆရာဟာ အဲဒီကလေးမကို မကူညီခဲ့လို့ ဝိုင်းဝန်းပြစ်တင်ခံရတဲ့ နောက်ဆက်တွဲအပိုင်းတွေလည်း ရှိတာပေါ့။ နောက်တစ်ပုံ ရှိသေးတယ်ဗျ။ ကိုယ့်လည်ပင်းကို လှီးမယ့်ဓားသမားက ကိုယ်နဲ့ နှစ်ပေအကွာမှာရှိတယ်။ သုံးလေးချက်လည်း လှမ်းခုတ်နေသေးတာနော်။ မထိလိုက်လို့ လည်ပြတ်မသွားသေးတာ။ အဲဒီမှာ ဓာတ်ဆီလောင်းပြီး မီးရှို့ခံလိုက်ရလို့ မီးလုံးကြီးတဝင်းဝင်းလောင်နေတဲ့သူက ကိုယ့်ရှေ့က ဖြတ်ပြေးတော့ ဆယ်ပေအကွာမှာရောက်နေပါသတဲ့။ လူကြီးမင်းတို့ ဘာလုပ်မလဲ။ သတင်းထောက်ရဲ့ခေါင်းထဲမှာ အတွေးတစ်ခုပဲ ရှိတယ်တဲ့နော်။ F 5.6 တဲ့။ သူတို့ခေတ်က ဖလင်ခေတ်။ Digital တွေမရှိဘူး။ ကင်မရာအလင်းဝင်ပေါက် အကျဉ်းအကျယ်က ကိုယ်တိုင်ချိန်ရတာ။ မီးတောက်လိုမျိုး အလင်းစူးစူးကိုရိုက်ရင် ‌shatter ပွင့်တဲ့အချိန် တိုရတယ်ဗျ။ ကြာသွားရင် ပုံက ဘာမှမပေါ်တော့ပဲ အဖြူပြင်ကြီးဖြစ်နေမှာ။ ဒီတော့ သတင်းထောက်က အလင်းဝင်ပေါက် အကျဉ်းဆုံးနဲ့ အမြန်ဆုံးဖြစ်တဲ့ F 5.6 setting ကိုပဲ ခေါင်းထဲတွေးမိသတဲ့။ တကယ့်ကောင်တွေပါဗျာ။ သူ့ရဲ့ မီးလောင်နေတဲ့လူဓာတ်ပုံကလည်း ပူလစ်ဇာဆု ရခဲ့တယ်ဗျ။ ထူးခြားတာက ဒီဓာတ်ပုံသမားနှစ်ယောက်လုံးက ဘန်းဘန်းကလပ်လို့ခေါ်တဲ့ သတင်းထောက်ဓာတ်ပုံဆရာအသင်းငယ်လေးထဲကပါ။ ဒီတော့ ဘန်းဘန်းကလပ် လို့ နာမည်ပေးထားတဲ့ ဟောဒီဇာတ်ကားက ဘာကိုရိုက်ကူးတင်ဆက်ထားတယ်ဆိုတာ လူကြီးမင်းတို့ကို ညွှန်းစရာမလိုလောက်တော့ပါဘူး။ Cast တွေကလည်း ရှယ်မိုက်တာမလို့ အခုချက်ချင်း Download ဆွဲပြီး ကြည့်သင့်တဲ့ဇာတ်ကားပါပဲခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 46Min Genre – Biography, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Crime • Thriller
6.9 2010
The Bang Bang Club
Older Gods
5.1

အမေရိကန် Horror စာရေးဆရာ H.P Lovecraftရဲ့ vibe မျိုးကို ခံစားချင်သူတွေအတွက် ကားကောင်းလေးပါ…။ အကြောင်းအရာကဘယ်လိုလဲဆိုတော့ စကြဝဠာကြီးနဲ့ ချိန်ဆနှိုင်းယှဥ်ကြည့်ရင် လူသားတွေဆိုတာ သိမ်နုပ်သေးငယ်လွန်းလို့ အရာသွင်းစရာတောင်မလိုအပ်ပါဘူး….။ လူသားတွေဆိုတာ အဖိုးမတန်လို့ သေမထူးနေမထူးတွေပေါ့…။ ဒီ့အပြင် လောကကြီးမှာ လက်ရှိဘုရားတွေထက် ရှေးကျတဲ့ Godတွေ၊ Cosmic beingsတွေ၊ တိတ္ထိတွေဆိုတာလည်း ရှိပါသေးတယ်…။ လူသားတွေဆိုတာ သူတို့ဆီက ကောင်းချီးပြုခံရဖို့အတွဥ် ယဇ်ကောင်သက်သက်ပါ….။ ဒီလိုဆိုရင် အသက်ရှင်နေလို့၊ အလုပ်လုပ်နေလို့ ဘာထူးနေဦးမလဲ….။ ကိုယ်ချစ်တဲ့သူတွေနားနေလို့၊ ကြိုးစားရုန်းကန်နေလို့ဘာများ ထူးခြားသွားနေဦးမှာလဲ….။ ဒီလို Horror vibe မျိုးရမယ့်ကားလေးပါ…. ဇာတ်လမ်းအကျဥ်းကတော့ ခရစ်တစ်ယောက် သေဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဆီကနေ အထုပ်တစ်ထုပ်ရရှိခဲ့ပါတယ်…။ ထိုအထုပ်ထဲမှာ ဒီတိတ္ထိတွေအကြောင်းလေ့လာထားတာတွေ…၊ သက်သေတွေအစုံပါပဲ….။ ဒါတွေကို ဖြည်ထုတ်ကြည့်ရင်းကနေ ခရစ်တစ်ယောက် သူကိုယ်တိုင် အန္တရာယ်တောထဲ တိုးဝင်မှန်းမသိ တိုးဝင်မိသွားတဲ့အခါမှာတော့….။ File size…950MB / 336MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.1 2023
Older Gods
Mood Indigo
6.5

အရမ်းချမ်းသာပြီး ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တဲ့ သူဌေးလေးကိုလန်အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပါ။ ကုဋေရှစ်ဆယ်သူဌေးသားကိုမှ ပြင်သစ်ဗားရှင်းလေးလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ဒီကုဋေရှစ်ဆယ်သူဌေးသားက ကိုယ်တိုင်သုံးဖြုန်းလို့ကုန်တာမဟုတ်ဘဲ အချစ်ကြောင့်ကုန်တာမျိုးဆိုတော့ သူရဲကောင်းလေး‌ပေါ့… ကိုလန်က ဘဝမှာ အပူအပင်မရှိသက်သောင့်သက်သာနေနိုင်သလောက် ချစ်ရတဲ့သူတော့ရှိမနေပါဘူး၊ တစ်ရက် မိတ်ဆွေတစ်ယောက်ရဲ့ခွေးလေး မွေးနေ့ပါတီကိုသွားရင်း တွေ့ခဲ့တဲ့ ကလိုဝီကိုချစ်မိသွားပါတော့တယ်၊ နောက်ရက်မှာ ကလိုဝီနဲ့ အပြင်မှာတွေ့ပြီး အချစ်တွေကိုဝန်ခံလိုက်ချိန်မှာတော့ ကလိုဝီ့ဘက်ကလည်း လက်ခံခဲ့ပါတယ်။ ချစ်သူနှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့ညမှာပဲ ကလိုဝီ့အဆုတ်ထဲမှာပဒုမ္မာကြာပေါက်လို့ အိပ်ရာထဲလဲသွားပါတော့တယ်… မိန်းမကိုအရမ်းချစ်တဲ့ ကိုလန်တစ်ယောက် ဘယ်လိုမျိုး ကုပေးမလဲ… ကလိုဝီ့ရောဂါကရော သက်သာနိုင်ပါ့မလား ဆိုတာကို 2013 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb မှာ rating 6.5နဲ့ Rotten Tomatoes မှာ rating 61% ရရှိထားတဲ့ Mood Indigo ဆိုတဲ့ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင် File size… 2.84 GB / 1.24 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 10m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

Thriller
6.5 2013
Mood Indigo
Return to Sleepaway Camp

ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးကို Return to Sleepaway Camp(2008)ဆိုတဲ့ ဇာတ်ကားကောင်းလးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာ နွေရာသီလေ့ကျင့်ရေးစခန်းက ဖြစ်ပျက်ခဲ့တဲ့ လူသတ်မှု အကြောင်းကို အဓိကဇာတ်အိမ်တည်ရိုက်ကူးထားပြီး ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ဇာတ်ညွှန်းရေးဆရာလည်းဖြစ်တဲ့ Robert Hiltzikက ရိုက်ကူးပုံဖော်ထားပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်ကောင်လေး အာလန်အဖြစ် Michael Gibney,နွေရာသီလေ့ကျင့်ရေးစခန်းရဲ့ ပိုင်ရှင်ဖြစ်သူ ဖရန့်ခ်အဖြစ် Vincent Pastore,အကြံပေးခေါင်းဆောင်ရွန်နီအဖြစ် မင်းသားကြီးPaul DeAngeloနဲ့ ကာရန်အဖြစ်မင်းသမီး Erin Broderick ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းဟာ နွေရာသီလေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ ချဉ်ဖတ်ဖြစ်သူ အမြဲတမ်းအနိုင်ကျင့်ခံရတဲ့ အာလန်ဆိုတဲ့ ကောင်လေးတစ်ယောက် တစ်ရွာလုံးနဲ့ ငါ့ကြီးတော်ဖြစ်နေပုံနဲ့စတင်ထားပါတယ် အဲ့နောက်ထူးဆန်းစွာပဲ အာလန်ကိုအနိုင်ထက်စီးနင်းပြုကျင့်တဲ့ သူတွေဟာ တစ်ယောက်ပြီး တစ်ယောက်စပြီး အသတ်ခံရပါတယ် ပထမမီးဖိုချောင်အကူကောင်လေး မစ်ကီ နောက်ပြီးတစ်ယောက်ပြီးတစ်ယောက်တိုးပွားလာပေမယ့် သတ်တဲ့သူကိုအဖြေမထုတ်နိုင်ဖြစ်နေပါတယ် စခန်းရဲ့အကြံပေးခေါင်းဆောင်ဖြစ်တဲ့ ရွန်နီကတော့ အရင်ကစခန်းမှာ လူတွေကိုလိုက်သတ်ခဲ့တဲ့ အန်ဂျယ်လ်လာဆိုတဲ့ သူပြန်ရောက်နေပြီလို့ထထစ်ချပြောပေမယ့် ပိုင်ရှင်ဖရန်ခ့်ကတော့ မသိသလို ဟန်ဆောင်နေပါတယ် ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရတဲ့ အ ချိန်မှာတော့ လူသတ်သမားကိုစုံစမ်းကြပါတော့တယ် စခန်းကလူတွေ အားလုံးကတော့ လူသတ်သမားဟာ သူတို့ကိုအမြဲတမ်းကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ကောင်လေးပဲလို့ ယုံကြည့်နေကြပါတယ် ကြည့်ရှုသူပရိတ်သတ် ကြီးလည်း လူသတ်သမားကဘယ်သူဖြစ်မလဲ အနိုင်ကျင့်ခံရပြီးတိုင်း မင်းတို့အားလုံးကို ငါသတ်ပစ်မယ်လို့ အမြဲကြုံးဝါးနေတဲ့ အာလန်ဆိုတဲ့ ကောင်လေးလား အာလန်အနိုင်ကျင့်ခံရတဲ့ အချိန်တန်တိုင်းမှာပေါ်လာပြီး အာလန်ဖက်မှာ အမြဲတမ်းရပ်တည်ပေးနေတဲ့ ပီတီဆိုတဲ့ကောင်မလေးလား ဒါမှမဟုတ် ရွန်နီထထစ်ချယုံကြည်နေတဲ့ အန်ဂျယ်လ်လာဆိုတဲ့ ကောင်မလေး ဖြစ်မလားဆိုတာ ကိုဒီဇာတ်ကားလေးထဲမှာ လိုက်ပါခံစားစီးမျှော်ကြည့်ရှုရင်း ဖော်ထုတ်လိုက်ပါဦး ဒီဇာတ်ကားဟာ ဇာတ်ညွှန်းရေးဆရာရဲ့ မြှပ်ကွက်လှည့်ကွက် တွေကြောင့် ကြည့်ရှုသူပရိတ်သတ်ကြီးကို ဇာတ်လမ်းအစ အလယ် အဆုံး စွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားဟာ Comedy, Horror ,Mystery& Thriller အမျိုးအစားကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်တွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်…. File size…1.65 GB / 823 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

0 2008 86 mins
Return to Sleepaway Camp
The Brave One
6.7

ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့် ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ “Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူ အဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီး သိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့ လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာက အရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့ အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။ အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကို သင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲ ကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက် သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာ အခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကို စသတ်မိရာကနေပြီးတော့ သူ့အတွက်ကော နယူးယောက်မြို့သားတွေအတွက်ပါ အပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာ နယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ ဆက်ကြည့်လိုက်ကြပါဦး။ File size… 1.7 GB / 775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Crime / Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

Horror • Thriller
6.7 2007 122 mins
The Brave One
The Verge of Death
6.7

The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10) ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်… သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်… အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်… အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်… ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ… နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ… ဒါပေမယ့် အရာမထင်ခဲ့ပါဘူး… ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Horror, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 542MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.7 2023
The Verge of Death
Angel-A
7

IMDb – 7/10 နာမည်ကျော်ရုပ်ရှင် Léon: The Professional(1994)ကို ရေးသားရိုက်ကူးခဲ့တဲ့ ဒါရိုက်တာLuc Bessonရဲ့ လက်ရာ ပြင်သစ်ဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အန်ဒရေဆိုတဲ့လူက အကြွေးနွံနစ်ပြီး အကြွေးရှင်တွေရဲ့ ခြိမ်းခြောက်မှုကိုခံနေရတဲ့သူတစ်ယောက်။ ဘယ်လောက်အကြွေးနွံနစ်ပြီး မွဲပြာကျနေပါ​စေ သူ့ကိုယ်သူ စီပွားရေးလုပ်ငန်းတွေ အများကြီးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ဆိုတာကတော့ ပါးစပ်ဖျားကမချပါဘူး။ တစ်ရက် အီဖယ်တာဝါပေါ်ကနေပါ ပစ်ချမဲ့အထိ ခြိမ်းခြောက်လာတဲ့ အကြွေးရှင်တွေကြောင့် လူ့လောကကြီးမှာ မနေချင်တော့ပါဘူးဆိုပြီး တံတားပေါ်ကနေခုန်ချမယ်အလုပ် အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နဲ့ အမျိုးသမီးလေးတစ်ယောက်ဘေးမှာပေါ်လာပါတယ်။ သူ့လိုပဲ မိန်းကလေးကလည်း တံတားပေါ်ကခုန်ချမလို့ပါ။သူ ခုန်မချခင် ဟိုက ခုန်ချသွားလို့ အန်ဒရေတစ်ယောက် ကယ်လိုက်ရပါသေးတယ်။ ဒီမှာပဲ မိန်းကလေးဖြစ်သူက အန်ဒရေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အန်ဒရေခိုင်းတာလုပ်ပါ့မယ်ဆိုပြီး အနားကနေ မခွာတော့ပါဘူး။ မိန်းကလေးရဲ့ အကူအညီနဲ့ အကြွေးတွေလိုက်ဆပ်ရာကနေ သိလိုက်ရတာက သူထင်သလို ဒုက္ခရောက်နေတဲ့ ကောင်မလေးမဟုတ်ဘဲ သူ့ကိုကယ်တင်ဖို့ ကောင်းကင်ဘုံကနေ နတ်သက်ကြွေလာတဲ့ အိန်ဂျယ်လေးတစ်ပါးဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ သူတို့နှစ်ယောက် ဘယ်လိုစခန်းသွားကြမလဲဆိုတာ ဒီပြင်သစ်ရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်) File size…(1.4 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Horror • Science Fiction • Thriller
7 2005
Angel-A
The Train of Death

သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကို အင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death (အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာ အပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက် အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကို ရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာ ရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက် ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦး ဘယ်လိုတွေဆက်လုပ်ကြမလဲ။ ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လို ကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီး ကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန် ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့…..။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

0 2024
The Train of Death
Alien: Romulus
7.3

နာမည်ကျော် Alien ရုပ်ရှင်တွဲတွေထဲက နောက်ဆုံးထွက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ အချိန်ကာလအရတော့ Alien (1979) နဲ့ Aliens (1986) ကြားကာလပါပဲ။ Alien ရုပ်ရှင်အပြီး နှစ် ၂၀၊ Aliens ရုပ်ရှင်မလာခင် ၃၇ နှစ် အလိုပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်တွေကို အချိန်ကာလအတိုင်း ကြည့်ချင်ရင်တော့ Prometheus (2012) 2093 ခုနှစ် Alien: Covenant (2017) 2104 ခုနှစ် Alien (1979) 2122ခုနှစ် Alien: Romulus (2024) 2142 ခုနှစ် Aliens (1986) 2179 ခုနှစ် Alien³ (1992) 2179 ခုနှစ် Alien Resurrection (1997) 2381 ခုနှစ် ဆိုပြီး ဖြစ်ပျက်ခဲ့တဲ့အတိုင်း ကြည့်ရှုနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဝေးလန်း-ယူတာနီ ကုမ္ပဏီလက်အောက်မှာ စာချုပ်ကြောင့် ကျွန်တွေလို အလုပ်လုပ်ပေးနေရပြီး ဘယ်ကိုမှ သွားခွင့်မရှိတဲ့ အလုပ်သမားလူငယ်အုပ်စုလေးဟာ ယူဗာဂါဂြိုလ်ကို အရမ်း ထွက်သွားချင်နေကြပါတယ်။ တစ်နေ့မှာတော့ လူမရှိတော့တဲ့ ယာဉ်တစ်စီး မျောနေတာကိုတွေ့ပြီး အဲဒီယာဉ်ကို ခိုးပြီးတော့ ကိုလိုနီကနေ ထွက်ပြေးဖို့ စုပေါင်းကြိုုးစားချပါတယ်။ အဲဒီအထဲမှာ စက်လူသား အန်ဒီလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ယာဉ်ကနေ အေးခဲလောင်စာမလောက်လို့ နောက်ထပ် စခန်းပျက်တစ်ခုကို ကပ်ပြီး ဝင်ရှာမိလိုက်ချိန်မှာတော့ စခန်းထဲမှာ လူတွေသေပြီး ကျန်နေတဲ့ ကပ်ပါးကောင် ဂြိုလ်သားမျိုးစိတ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ အာကာသ သိပ္ပံ ဟော်ရာတွေရဲ့ ထုံးစံအတိုင်း လွတ်မြောက်ဖို့ ကြိုးစားရင်းနဲ့ ဘယ်သူတွေ သေကျန်ခဲ့မလဲ ဘယ်သူတွေ ရှင်ကျန်ခဲ့မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ File size…4.49GB /1.83GB / 978MB Quality…WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Mr.Anderson

7.3 2024 119 mins
Alien: Romulus
The Vigilante
4.7

The Vigilante (2023) ဂျက်စီကာဟာ အာဖဂန်မှာ တာဝန်ထမ်းဆောင်နေတဲ့ အထူးတပ်ဖွဲ့ဝင် မရိန်းတပ်သူလေး ဖြစ်ပါတယ်။ သူ့မှာ ၁၃နှစ်အရွယ် ညီမလေးတစ်ယောက်ရှိပြီး အဲဒီညီမလေး နာမည်က အေမီပါ။ သူကတော့ အကသမလေးဖြစ်ချင်လို့ အကသင်တန်းတက်နေပါတယ်။ အဖေနဲ့အမေ မရှိတော့ပြီမို့ ညီမတစ်ခုအစ်မတစ်ခု နေနေကြပါတယ်။ ဂျက်စီကာ အာဖဂန်က ပြန်လာတဲ့နေ့မှာ အေမီဟာ ဂျက်စီကာ့ကို လေဆိပ်ကိုလာကြိုပါတယ်။ ကားကြီးတစ်စီးဟာ အရှိန်အဟုန်ပြင်းစွာနဲ့ အေမီ့ကားကို ဖြတ်တိုက်ပြီး အဆိုပါကားပေါ်က ယောက်ျားတစ်ယောက်ဟာ အေမီ့ကို ခေါ်သွားပါတယ်။ အေမီ့ကိုခေါ်သွားတဲ့လူတွေကတော့ လူကုန်ကူးတဲ့ လိင်ကုန်သည်တွေဖြစ်ပြီး ၁၂နှစ် ၁၃နှစ်အရွယ်ကလေးတွေကို အဓိကထားပြီး ပါကင်ကြိုက်တဲ့ ဖောက်သည်တွေကို ရောင်းစားတာပါ။ ဒီရုပ်ရှင်မှာ ငရဲတွင်းထဲက အေမီနဲ့ တခြားကလေးတွေကို ဂျက်စီကာ ဘယ်လိုကယ်မလဲ စစ်ပြန်မလေးနဲ့ ကိုကိုလူကုန်ကူးသမားတို့ရဲ့ တိုက်ပွဲနဲ့အတူ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(700 MB) Quality….Web-rip 720p Format…. mp4 Genre….Action, Thriller Duration….01:42:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

4.7 2023 100 mins
The Vigilante