YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Love.Desttiny.S02E10.1080p.CM.mp4

1.12 GB N/A video/mp4 80 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Romantic Adventures
2

အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။ သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။ လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Drama • History • Romance
2 2023 89 mins
Romantic Adventures
Haw

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ “A Dog’s Purpose” တို့ “Hachi: A Dog's Tale” တို့လို ဝုတို့ရဲ့စွန့်စားခန်းတွေ ဝုနဲ့ဝုမိဘတွေကြားက သံယောဇဉ်ဖွဲ့ဇာတ်လမ်းမျိုးတွေကို အကြိုက်တွေ့သူတို့အတွက် ဂျပန်ဇာတ်လမ်းလေး “Haw” ဖြစ်ပါတယ်။ ဘယ်နေရာမှာမဆို ရှက်ကိုးရှက်ကန်းနဲ့တွန့်ဆုတ်နေတတ်တဲ့ကောင်လေးတစ်ယောက် နဲ့ မဟောင်နိုင်တဲ့ခွေးလေး “ဟောင်းဝ်” တို့ရဲ့ချစ်စဖွယ်ဇာတ်လမ်းလေးပေါ့။ ဇာတ်လမ်းအစမှာတည်းက တာမီအိုက ကိုယ်နဲ့လက်ထပ်ဖို့ မင်္ဂလာခန်းမမှာတောင် ငှါးထားပြီးတဲ့အခြေအနေမှာပဲ ရည်းစားကနောက်တစ်ယောက်နောက်ပါသွားလို့ စော်ပစ်ကောင်လေးဖြစ်ပြီး ကြေကွဲလူငယ်ဖြစ်နေရှာတာပါ။ ဒီလိုနဲ့ တာမီအို့ရဲ့အသည်းကွဲနေ့ရက်တွေဆီ ဖွေးဖွေးဖြူနေတဲ့အမွှေးတွေနဲ့ စွန့်ပစ်ခံခွေးလေး “ဟောင်းဝ်” ရောက်လာခဲ့တယ်။ “ဟောင်းဝ်” ဆိုပြီးနာမည်တွင်သွားတာကတော့ အရင်သခင်က အသံကြိုးတွေကိုဖြတ်ထားခဲ့တာမို့ ဟောင်တဲ့အခါ ပုံမှန်ခွေးတွေလို “ဝုတ်, ဝေါင်း” လို့အသံမထွက်နိုင်ဘဲ “ဟောင်းဝ်” လို့ပဲအသံထွက်တာမို့ပါ။ ဒီလိုနဲ့ အတိတ်ဆိုးကိုယ်စီနဲ့တစ်ယောက်နဲ့တစ်ကောင် အချင်းချင်းအမှီသဟဲပြုနေကြရင်း တစ်နေ့မှာ တာမီအိုတစ်ယောက် ဟောင်းဝ်ကိုပျောက်သွားခဲ့တယ်။ ရောက်ရာအရပ်မှာ လူတိုင်းဆီကို ပျော်ရွှင်မှုတွေယူဆောင်ပေးတဲ့ ခွေးလေး “ဟောင်းဝ်” တစ်ကောင် သခင်နဲ့ဝေးကွာနေတုန်း ဘယ်လိုစွန့်စားခန်းတွေဖွင့်ရဦးမလဲ .. တာမီအို့ဆီပြန်ရောက်လာဦးမလားဆိုတာကို ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.78GB | 853MB | 420MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... Aaron

Drama • Science Fiction
null 2022
Haw
[18+] Tubero
5.8

ပေါ်လာဟာ သူ့အတူနေချစ်သူလိုဂန်နဲ့ မကြာခင်လက်ထပ်တော့မှာပါ။ သူတို့ကြားမှာပြဿနာတစ်ခုလိုဖြစ်နေတာကတော့ လိုဂန်ဟာ ရာဂရမ္မက်ကြီးတဲ့သူဖြစ်ပြီး ထမင်းစားခန်းထဲမှာ၊ ရေချိုးခန်းထဲမှာ၊ မီးဖိုချောင်ထဲမှာ ကြုံရင် ကြုံသလို ဂျိန်းချင်နေတာပါပဲ။ ပေါ်လာကတော့ ချစ်သူတစ်ယောက်အနေနဲ့ လိုဂန်ကို တစ်ခြားအရာတွေဆီကနေ စောင့်ရှောက်ရရင် တာဝန်ကျေပြီယူဆပြီး လိင်ဆိုင်ရာတပ်မက်မှုတော့နည်းပါတယ်။ တစ်နေ့တော့ လိုဂန်ကို သူ့သူငယ်ချင်းတွေနဲ့ ဂန်ဘန္တတရားကျင့်နေချိန်မှာ လက်ပူးလက်ကြပ်မိပြီး ပြဿနာတွေတက်ရာကနေ ပေါ်လာ့ဘက်က စိတ်မပါတဲ့ပုံစံကိုမပြင်ရင် လိုဂန်က Open relationship ပုံစံမျိုးသွားပြီး ဖြစ်ချင်တဲ့သူနဲ့ဖြစ်ချင်တိုင်းဖြစ်တော့မှာဖြစ်ကြောင်း စိန်ခေါ်ပါတော့တယ်။ အကျပ်ရိုက်နေတဲ့ပေါ်လာကို ကူညီလမ်းပြပေးမယ့်သူကတော့ အထူးပိုက်ပြင်သမားလေးဖြစ်တဲ့ ဂီမိုပါပဲ။ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဂီမိုကနေ ပေါ်လာရဲ့ကာမခလုတ်တွေကိုတစ်ခုချင်းဖွင့်ပြလိုက်တဲ့အချိန်မှာတော့ ပေါ်လာဟာ တစ်ဖက်က ငါ့ရဲ့ဝါသနာ၊ တစ်ဖက်မှာ ငါ့ရဲ့ဝမ်းစာတို့ကြားမှာဆိုပြီး နှစ်ဖက်ကြား ဗျာများဖို့ဖြစ်လာပါတော့တယ်။ ဂီမိုအဖြစ် အစွမ်းပြထားတဲ့သူကတော့ အားလုံးနဲ့မစိမ်းတဲ့ပင်တိုင်စံ Vince Rillon ဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာသစ်မင်းသမီးလေးနှစ်ယောက်ကို ပွဲဦးထွက်မိတ်ဆက်ထားပေးပြီး တစ်ယောက်ကတော့ တစ်တော့ဆယ်လီ / Cam girl လေးဖြစ်တဲ့ @jemmilton ပါပဲ။ အားလုံးပဲ အကြိုက်တွေ့ကြလိမ့်မယ်ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 885MB Quality - 1080p, 720p Format - mp4 Duration - 1H 58Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Thriller
5.8 2022 118 mins
[18+] Tubero
Thirteen Lives
7.9

~ IMDb - 7.9/10, Rotten Tomatoes - 88% ~ "Directed by Ron Howard" ထိုင်းမှာ ကလေး ၁၂ယောက်နဲ့ ဘောလုံးနည်းပြတစ်ယောက် ဂူထဲပိတ်မိတဲ့ သတင်းဟာ ဟိုးတုန်းက ဟိုးလေးတကျော်ပေါ့။ အဲဒီထဲ ရှမ်းအမေ မြန်မာနိုင်ငံသူရဲ့ ကလေးတောင်ပါပါတယ်။ ပထမဆယ်ရက်ထိ သူတို့ဆီမှာ ဘာစားစရာ ဘာရေမှ မရှိဘဲ ကယ်ဆယ်ရေးတွေရောက်တဲ့အထိ ရှင်အောင်နေနေခဲ့ကြတဲ့ စိတ်ရောကိုယ်ပါ သန်မာတဲ့ကလေး ၁၂ယောက်နဲ့ နည်းပြတစ်ယောက်ရဲ့အဖြစ်ကို ရှေ့နှစ်မှာ ဒိုကူမန်ထရီတစ်ကားထွက်ခဲ့ပြီး အဲဒီအရင်လည်းတစ်ကားထွက်ဖူးပေမဲ့ ဒီနေ့တစ်ရက်တည်းတင် နောက်၂ကားထွက်လာပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကတော့ မတူပါဘူး။ မတူဆို ဒါရိုက်တာက စပြောရမှာပဲ။ ဒါရိုက်တာက ရွန်ဟောင်းဝတ်။ 2001 မှာထွက်ခဲ့တဲ့ A Beautiful Mind ရုပ်ရှင်နဲ့ Best Picture, Best Director အပါအဝင် တခြားဆုတွေ တန်းစီရခဲ့တဲ့သူ။ တခြားကားကောင်းတွေအများကြီးလည်းရိုက်ထားတဲ့သူပါပဲ။ ဒီလိုလူက ဘာလို့ ဒီလိုကားရိုက်လဲ ဆိုတာတော့မသိပေမဲ့ ဒီကားလည်း IMDb - 7.9/10 , Rotten Tomatoes - 88% နဲ့ ရပ်တည်နေတာဆိုတော့ ပရိသတ်တွေရော ဝေဖန်ရေးသမားတွေရော သဘောကျတဲ့ရုပ်ရှင်လို့ပြောရမှာပါပဲ။ မင်းသားတွေကလည်း Colin Farrell တို့ Joel Edgerton တို့လို နာမည်ထက် အရည်အချင်းက ပိုသာနေတဲ့ မီးခဲပြာဖုံးတွေအပြင် Viggo Mortensen ကြီးပါပါသေးတယ်။ သူ့ကိုတော့ Lord of the Rings ထဲက အာရဂွန်အဖြစ် လူသိများပြီး တခြားကောင်းပေ့ဆိုတဲ့ ရုပ်ရှင်တွေမှာလည်း သရုပ်ဆောင်ထားတဲ့သူပါပဲ။ ဒါရိုက်တာရော မင်းသားတွေရောက အကောင်းကြိုက်တွေဆိုတော့ ဒီကား ကောင်းမကောင်းပြောဖို့မလိုပါဘူး။ အဆစ်အနေနဲ့ ထိုင်းရဲ့ နာမည်ကြီး Bad Genius ထဲက Teeradon Supapunpinyo ပါပါသေးတယ်။ (ဟာသပြောရရင်တော့ ဒီရုပ်ရှင်ထဲက Colin Farrell ရဲ့ဇာတ်ကောင်ဖြစ်တဲ့ John Volanthen က မစ္စတာဘင်းကြီး ရိုဝန်အက်ကင်ဆန်ကို သူ့နေရာက သရုပ်ဆောင်ခိုင်းဖို့ တောင်းဆိုခဲ့ပါသေးတယ်။ ရွန်ဟောင်းဝတ်ကြီးက ငါတို့အဲဒီလိုကားမျိုးရိုက်တာမဟုတ်ဘူးကွဆိုပြီး ငြင်းပြီး Colin Farrell ကိုရွေးလိုက်ပါတယ်။ Volanthen ကတော့ Colin ကို သိတောင်မသိပါဘူးတဲ့...) ရွန်ဟောင်း၀တ်ဟာ အနောက်ကလူပေမဲ့ အရှေ့အကြောင်းကို အဓိကထားပြီး ရိုက်တဲ့ကားမှာ အရှေ့တိုင်းယဉ်ကျေးမှု ထိုင်းယုံကြည်မှုကို မပစ်ပယ်ဘဲ သေချာထည့်သွင်းရိုက်ကူးခဲ့တာကိုလည်း ကျွန်တော်တို့ တွေ့နိုင်ပါတယ်။ နတ်ကိုင်သလိုလို ထင်နေကြတာမို့ နတ်ပုံကိုလည်း သေချာကြက်သီးထစဖွယ်ရိုကိခဲ့သလို ဆုတောင်းတာတို့ ကလေးတွေအတွက် အဆောင်ထည့်ပေးတာတို့ကို သေချာပြခဲ့သလို အင်္ဂလိပ်တွေရဲ့ တုံ့ပြန်ပုံကိုပါ သေချာပြခဲ့ပါတယ်။ တကယ့် ဝါရင့်ဆရာကျတဲ့ ဒါရိုက်တာပီသစွာ နှစ်ဖက်စလုံးကအမြင်ကို အခြေအနေတော်တော်များများမှာ ရိုက်ပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီအားလုံးသိပြီးသားဇာတ်ကို ရွန်ဟောင်းဝတ်ဟာ အတော်လေး အီမိုရှင်နယ်ဖြစ်အောင်ရိုက်ပြခဲ့သလို ဒီဖြစ်ရပ်မှာပါဝင်ကူညီခဲ့တဲ့ လယ်သမားအစ နိုင်ငံခြားသားအဆုံးရဲ့ အားထုတ်မှုတွေကိုလည်း တလေးတစားဖော်ပြထားခဲ့ပါတယ်။ ပရိသတ်အချို့က ဒါမျိုးမှ စူပါဟီးရိုးကားအစစ်ဆိုတဲ့ သဘောမျိုးတောင် ချီးကျူးကြပါတယ်။ လူကိုလူချင်းကူညီတာထက် စူပါဟီးရိုးဆန်တာ ရှိဦးမလား။ ထူးတာကတော့ မိဘတွေရဲ့ပူပန်မှုကို ဖော်ပြတဲ့နေရာမှာ မြန်မာနိုင်ငံသူ ထိုင်းမှာနေပြီး နိုင်ငံပျောက်နေတဲ့ ရှမ်းအမျိုးသမီးကိုပဲ အဓိကဖော်ပြထားခဲ့ပါတယ်။ အဆုံးမှာတော့ သူတို့ကို ထိုင်းဘက်က နိုင်ငံသားခံယူခွင့်ပေးခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ဒိုကူလား ရုပ်ရှင်လား မသည်းကွဲရလောက်အောင် ပီပြင်သလို Colin ကလည်း ဒီရုပ်ရှင်ကို ရိုက်ရင်းစိတ်မသက်မသာဖြစ်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ သေချာတာကတော့ ဒီဖြစ်ရပ်ကို သရုပ်ဖော်ခဲ့တဲ့ထဲ ရုပ်ရှင်တွေထဲ ဒီကားအကောင်းဆုံးဖြစ်ဖို့များသလို ကယ်ဆယ်သူတွေဘက်က စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ခရေစေ့တွင်းကျ ခံစားရမယ့် ရုပ်ရှင်လည်းဟုတ်ပါတယ်။ ကားအသစ်ထွက်ရင် ကြည့်ကိုကြည့်သင့်တဲ့ ဆရာ့ဆရာ ဒါရိုက်တာကြီးတွေထဲက တစ်ယောက်ရဲ့ လက်ရာဆိုတော့လည်း ဒီလောက်တော့ရှိမပေါ့။ ဒီရုပ်ရှင်ဟာ ၂၀၂၂ထဲ ခင်ဗျားကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ရာလောက်ကို စာရင်းလုပ်မယ်ဆို တစ်ဝက်လောက်မှာ ပါကိုပါနေမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.33GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 2H 27Min Genre - Action, Adventure, Biography Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Mystery • Thriller
7.9 2022 147 mins
Thirteen Lives
Cheppalani Undhi
7

IMDb-8.6/10 လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ် အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ် တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီ ချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး File size…2.3GB / 1.08GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Taylor ~ BpL ~  Sai ThuRein

Drama • Romance • Science Fiction
7 2022
Cheppalani Undhi
Love Hotel
6.5

Love Hotel (1985) မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။ သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။ နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။ တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by s Encoded by RGB

Crime • Drama • Thriller
6.5 1985 88 mins
Love Hotel
Raging Flower

ဒီဇာတ်ကားကတော့ raging flower 2018 ရဲ့အဆက်ဖြစ်ပါတယ် ..၂၀၁၈ ကားကိုမကြည့်ရသေးရင်တော့ ဒီလင့်မှာ https://channelmyanmar.org/raging-flower-2018/ အရင်သွားကြည့်ဖို့အကြံပေးပါတယ်နော်။ တက္ကသိုလ်ကျောင်းသူ လေးယောက်နဲ့ ကျောင်းနားခံလိုက်ရတဲ့ လုံခြုံရေးကိုကြီးတစ်ယောက်တို့ ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒ၊ ရည်မှန်းချက်ကို အတူကြိုးစားဖော်ဆောင်တဲ့ ဇာတ်ကားလေးဖြစ်တယ်။ ကျောက်ကျီထုံ ရှောက်ရွှေ ချုံချုံ နဲ့ လင်ဖေး လို့ခေါ်တဲ့တက္ကသိုလ်ကျောင်းသူလေးယောက်ဟာ ဒိတ်ဒိတ်ကြဲတွေဖြစ်ကြတာနဲ့အညီ သူတို့ကိုရေချိုးခန်းထဲဓါတ်ပုံလိုက်ရိုက်တဲ့ကောင်ကို ရဲစခန်းအထိ ဆွဲခေါ်ပြီး ပို့လိုက်ပါတယ်။ ဒါပေမယ့် အဲဒီလူကို ရဲတွေက ချက်ချင်းပြန်လွှတ်ပေးလိုက်လို့ မသင်္ကာဖြစ်ကြပြီး အကြောင်းရင်းကိုစုံစမ်းကြပါတော့တယ်။ အဲဒီလူရဲ့အပြုအမူက ထူးဆန်းနေတာက တစ်ကြောင်း၊ သူနေတဲ့နေရာကလည်း မသင်္ကာစရာဖြစ်နေတာတစ်ကြောင်း ပိုပိုပြီး သံသယတွေများလာကြတာနဲ့ လမ်းမျက်နှာချင်းဆိုင်မှာ မာလာဟင်းရည်ဆိုင်ဖွင့်ပြီး ကိုယ့်စားရိတ်ကိုယ်စား လိုက်လံထောက်လှမ်းပါတော့တယ်။ ဒီလူတစ်စု ဘာပြစ်မှုတွေကျူးလွန်နေတာလဲ..ဘာလို့ရဲလက်ကလွတ်နေတာလဲဆိုတာကို ဖိုက်တာဂျက်မ ၄ ယောက်က သိုင်းနဲ့ဖြေရှင်းပေးမှာပါ။ File size…(1 GB)/(570 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:19:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi

Drama • History
0 2021
Raging Flower
God's Country Song
7.5

God's Country Song (2023) ဒီကားလေးကတော့ အရက်အလွန်အကျွံသောက်ပြီး ဒုက္ခရောက် ရုန်းကန်နေရတဲ့ နိုင်ငံကျော် အဆိုတော်တ်ယောက်အကြောင်းပါ။ ကန်ထရီးစတား နိုအာဘရိုင်ယန် တစ်ယောက် နာမည်ကြီးလာတာနဲ့အမျှ အတိတ်က အခြေအနေ နဲ့ အရက်စွဲလမ်းမှုက သူ ပန်းတိုင် ရောက်ဖို့ အတားအဆီးဖြစ်နေတာပါ။ ဒါပေမဲ့ သူ့အတွက် ရွေးချ့အတွကရှိသော ကိစ္စတခကိစကိုတော့ အရေးတကြီး လုပ်ရမှာပါ။ အဲဒီဆုံးဖြတ်ချက်တွေကိုတော့ သူ့ရအနီးအနားက လူတွေက စောင့်မျှော်နေပါတယ်။ သူ မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်နိုင်ပြီး ဘဝကို အောင်မြင်အောင် ဖြက်သန်းသွားနိုင်မလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်ပြီး ကြည့်လိုက်ကြရ‌အောင်ဗျာ။ ဒီဇာတ်ကားက ကန်ထရီးသီချင်းကြိုက်တဲ့သူ တော်တော်များများအတွက်တော့ တော်တော့်ကြိုက်ပါလိမ့်မယ်။ romance ကားကြိုက်တဲ့သူတွေလည်း အသေအချာ အကြိုက်တွေ့ပါလိမ့်မယ်။ ဇာတ်ကားက ကန်ထရီးသီချင်းတွေရယ် စွဲလမ်းမှုအကြောင်းတွေရယ် ဘာသာရေးရယ် အချစ်ရယ်ကို သေချာရောစပ်ချယ်မှုန်းပြသသွားလို့ ရင်ထဲ ထိမယ့် ကားကောင်း တစ်ကား ဖြစ်ပါလိမ့်မယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hetang ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p File size… 1.2GB | 639MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hetang Encoder ..... Aaron

Action • Crime • Drama
7.5 2023
God's Country Song
Sanju
7.3

ဂုဏ်သရေရှိ အမျိုးသမီး အမျိုးသားအပေါင်းတို့ ခင်ဗျာ ဒီနေ့ဟာဆိုရင် ကျွန်တော့်အတွက် အင်မတန်မှ ပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့တစ်နေ့ပါ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှာ ကျုပ်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထွက်ရှိမှာ မို့လို့ပါ ============================================ ကျွန်တော့်လောက် ကဏ္ဌစုံတဲ့လူ တစ်ယောက်ကို ဘယ်မှာမှတွေ့နိုင်ဖို့မရှိဘူးဗျ ကျွန်တော်က အရက်သမား၊ ဆေးသမား၊ မိန်းမပွေလွန်းတဲ့လူဗျ ဒါပေမဲ့ အကြမ်းဖက်သမားတော့ မဟုတ်ပါဘူး ============================================ AK 56 ရိုင်ဖယ်တွေလက်ဝယ်တွေ့ရှိမှု၊ RDX တွေရှိနေလားဆိုတဲ့ မေးခွန်းပေါင်းများစွာကြောင့် အများအမြင်မှာ အကြမ်းဖက်သမားတစ်ယောက်ဖြစ်နေတဲ့ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ဟာ ထောင်နန်းစံရတော့ပါမယ် အဲဒီအတွက်ကြောင့် ပြည်သူတွေကိုအမှန်တိုင်း သိစေဖို့ ရည်ရွယ်ပြီးနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်တဲ့ ဝင်နီ ဒိုက်(ဇ်)ကို သူ့ဘဝဇာတ်ကြောင်းရေးပေးဖို့ အကူညီတောင်းခဲ့ရပါတော့တယ် ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းက ဘာတွေလဲ ... တကယ်ပဲ သူက အကြမ်းဖက်သမား တစ်ယောက် ဟုတ်မဟုတ်ဆိုတာကိုတော့ ... ============================================ နာမည်ကျော်မင်းသားကြီး ဆန်ဂျေ ဒတ်ရဲ့ ဘဝဇာတ်ကြောင်းကို မင်းသား ရန်ဘီးကပူးရ်က အကောင်းဆုံးသရုပ်ဆောင်ထားပြီးပါလေသမျှ သရုပ်ဆောင်တိုင်းက ကဏ္ဌအသီးသီးကနေ အကောင်းဆုံးပုံဖေါ်ထားနိုင်လွန်းလို့ အင်မတန်မှ ကောင်းမွန်တဲ့ Bio, Drama ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ် ဒါရိုက်တာကလည်း 3 Idiots, PK နဲ့ Munna Bhai နှစ်ကားလုံးကို ရိုက်ကူးထားတဲ့ Rajkumar Hirani ဖြစ်နေတာကြောင့် ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံနေပါပြီ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်တွေ အနေနဲ့ IMDb 8.5/ 10 နဲ့ Rotten Tomatoes 50% အထိ ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းကိုတော့ ကိုဇော်ထူးရေးပေးထားတာပါ) (ဘာသာပြန်သူတွေကတော့ CM ရဲ့ အိန္ဒိယလိုင်းဆရာကြီးနှစ်ပါးဖြစ်တဲ့ ကိုဇော်ထူးနဲ့ ညီညီကိုးပါ) File Size : (1.2 GB) Quality : NF WEB-DL 720p Running Time : 2hr 35min Format : Mkv Genre : Biography , Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEB-DL.H264.DDP5.1.DTOne Translated by Zaw Htoo & Nyi Nyi KOe Encoded by Thanhtike Zaw

Crime • Drama
7.3 2018 161 mins
Sanju
To the Moon
5.8

To The Moon (2021) ဝေးလံခေါင်သီတဲ့ တောတွင်းတစ်နေရာမှာ ဆေးစွဲနေလို့ ပြုတ်ခဲ့တဲ့ မင်းသားပြုတ်တစ်ယောက်ဟာ ဆေးဖြတ်ဖို့ အားယူနေတယ်။ သူ့မိန်းမက သူ့ကို အားပေးရင်း သူကလည်း သူ့မိန်းမထဲကို အားတွေပြန်ပေးရင်း နေလာလိုက်တာ ကံဆိုးချင်တော့ သူ့ဆီက နှစ်ပေါင်းများစွာက မတွေ့ခဲ့ရတဲ့ သူ့အစ်ကို ရုတ်တရက်ကြီး ရောက်လာတယ်။ သူ့အစ်ကိုရဲ့နောက်ကြောင်းကိုတော့ မရှင်းထားဘူးပေမဲ့ သူ့အစ်ကိုက ရူးနေသလိုလို ဘာလိုလိုပဲ။ သူ့မိန်းမကိုပါ ဆိုက်ကိုသွင်းပြီး ရူး‌ကြောင်မူးကြောင်ဖြစ်အောင်လုပ် သူ့ဘက်အရခေါ်ဖို့ကြိုးစားနေတဲ့ သူ့အစ်ကိုရဲ့ ရူးကြောင်မူးကြောင်အကွက်တွေအောက်မှာ ဆေးဖြတ်ဖို့ကြိုးစားရင်း ရူးကြောင်မူးကြောင်ဖြစ်နေတဲ့ သူဟာ ရူးကြောင်မူးကြောင်အရာတွေနဲ့ ကြုံလာရတော့တယ်။ ဒီကားနဲ့ပဲ American Film Festival ဒါရိုက်တာ ဆုရထားတဲ့ ဒါရိုက်တာရဲ့ ကားသစ်လေးပါ။ ပုံမှန် Thriller ကားတစ်ကားထက်ပိုတဲ့ Ending တစ်ခုကို ခံစားရမယ့်အပြင် ကာရိုက်တာသုံးယောက်ကြားက Chemistry နဲ့ အားပြိုင်မှုကိုပါ ကောင်းကောင်းကြီး ခံစားကြပါလိမ့်မယ်။ Low Budget ပေမဲ့ အတော်လေးကို ကြည့်ရ အဆင်ပြေရုံတင်မက စိတ်ပါကျေနပ်မယ့် ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 635MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 1H 23Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Science Fiction • War
5.8 2021 81 mins
To the Moon
Paan Singh Tomar
8.2

Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%) ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။ စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ… နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် သူယုံကြည်ထားတဲ့ ဥပဒေဆိုတာက သူ့ကိုအကူအညီပေးမလာတဲ့အခါမှာတော့… စစ်ပြန်ကြီးဟာ လက်နက်ဆွဲကိုင်ပြီး အမှန်တရားအတွက် တိုက်ခိုက်ပါတော့တယ်။ “ကျွန်တော့်မှာ အပြေးပြိုင်ပွဲနဲ့ပတ်သက်လို့ စည်းကမ်းတခုရှိတယ်၊ ဘာလဲဆိုတော့ပြိုင်ပွဲစပြီဆိုတာနဲ့ နိုင်တာရှုံးတာ အဓိက မကျတော့ဘူး၊ ပန်းတိုင်ကိုရောက်ဖို့ အဓိကပဲ။အဲဒီလိုပဲ အခုတိုက်မယ့်တိုက်ပွဲကိုလဲ နိုင်တာရှုံးတာထက် ပြီးဆုံးအောင်တိုက်ခိုက်သွားမယ်”ဆိုတဲ့ နိုင်ငံ့ဂုဏ်ဆောင် စစ်သားအားကစားသမားတယောက်ဖြစ်ခဲ့ပေမယ့် ထိုက်တန်တဲ့ဘဝကိုမရခဲ့တဲ့ ပန်းဆင်းဂ်ရဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ “ဒီရုပ်ရှင်က သမိုင်းမှာအသိအမှတ်ပြုမခံရဘဲ ကိုယ့်ကိုယ်ကိုယ်စတေးသွားတဲ့ အိန္ဒိယအားကစားသမားများကို ရည်ညွှန်းပါတယ်” လို့ အဆုံးသတ်မှာ ဒါရိုက်တာက ဂုဏ်ပြုထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို V နဲ့ Thaik San တို့မှ တင်ဆက်ထားပါတယ်။)

8.2 2012
Paan Singh Tomar
Psycho-Pass: Providence
7

နာမည်ကျော် Psycho-Pass စီးရီးရဲ့ Stand Alone ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ Psycho-Pass ၁၀ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ IG Production ကနေ ထုတ်လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်က Psycho-Pass 3 စီးရီးနဲ့ ဆက်စပ်နေတယ် ဆိုပေမဲ့ ဇာတ်လမ်းက တစ်ခုသက်သက်လို ဖြစ်နေတာကြောင့် Sci-fi, Action ကြည့်ချင်နေတဲ့ Anime ဖန်တွေအတွက်တော့ အဆင်ပြေပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ခေတ်လွန်ကာလကို အခြေခံထားပါတယ် တစ်ကမ္ဘာလုံးက စစ်တွေဖြစ် ပျက်သုန်းကြနဲ့ ဂျပန်တစ်နိုင်ငံတည်းပဲ ထိန်းထိန်းသိမ်းသိမ်း ကျန်ရှိတော့တဲ့ ခေတ်လွန်လိုမျိုး။ လူတွေကိုလည်း သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ Psycho-Pass ဆိုပြီး ပြစ်မှုကျူးလွန်နိုင်ခြေ ရှိလား ဘာလားဆိုတာကို Sibyl System နဲ့ အလိုအလျောက် တွက်ချက်သုံးသပ်ပေးပြီး အဲဒီလူကို တရားစီရင်ပေးရတာမျိုးပဲ။ အဲဒီကမ္ဘာက ပြည်သူ့လုံခြုံရေးတပ်အဖွဲ့အကြောင်းကို ဦးတည်ထားတာပေါ့။ ဒီကားဇာတ်လမ်းမှာကျ လျှို့ဝှက်သင်္ဘောတစ်ခုနဲ့ ဂျပန်ကိုလာတဲ့ နိုင်ငံခြားပရော်ဖက်ဆာတစ်ယောက် အသတ်ခံလိုက်ရတယ်။ အသတ်ခံလိုက်ရတဲ့ အကြောင်းကလည်း သူ့ဆီက တန်ဖိုးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကို လိုချင်နေလို့။ အဲဒီ လုပ်ကြံသွားတဲ့ အဖွဲ့အစည်းဆိုတာကလည်း ရှိလို့ ရှိမှန်းတောင် မသိရတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု။ အဲဒီ ပြဿနာတွေကို မင်းသမီးဖြစ်တဲ့ Tsunemori Akane တစ်ယောက် သူ့အဖွဲ့နဲ့အတူ တချိန်က ဇာတ်လမ်းတွေရှိခဲ့ဖူးတဲ့ မင်းသား Kougami Shinya နဲ့အတူတူ ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာ Animation ကောင်းကောင်းနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ File Size : 2 GB, 930 MB Quality : WEB-DL 1080p / 720p Running Time : 2hr Format : Mp4 Genre : Action, Crime, Mystery, Sci-fi Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

Comedy • Action • Science Fiction • Fantasy
7 2023 121 mins
Psycho-Pass: Providence
Guna Guna Istri Muda
5

Guna Guna Istri Muda (2024) အိန်ဂျယ်ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဖြစ်ခဲ့ရပြီး သူ့အမေဖြစ်သူ ဆုံးပါးကာနီးမှာသွားတဲ့ ”လိုချင်တာတစ်ခုကို ဖြစ်တဲ့နည်းနဲ့ရအောင်ယူရမယ်” ဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်ကြိးပြင်းလာသူဖြစ်ပါတယ်။ အရွယ်ရောက်လာချိန်မှာတော့ ချစ်သူ ရွိုင်းကို ပစ်ပြီး အိမ်ထောင်သည်ရှူးဂါးဒက်ဒီကြီးဖြစ်တဲ့ ဘာဟန်ကိုအရရယူပြီး မယားပြိုင်အဖြစ်ခံယူခဲ့သလို ဘာဟန်ရဲ့တူဖြစ်တဲ့ လီယိုကိုလည်း သွေးသားဆန္ဒအတွက် တပ်မက်ပြီး အရယူဖို့ကြံပါတော့တယ်။ သူစွန့်ပစ်ခဲ့တဲ့ ချစ်သူဟောင်း ရွိုင်းရဲ့မိခင်က အစွမ်းထက်အောက်လမ်းဆရာမတစ်ဦးဖြစ်ပြီး သူ့သားအတွက် ကလဲ့စားချေဖို့ကြိုးစားချိန်မှာ အိန်ဂျယ်က အဘွားကြီးရဲ့ပျော့ကွက်ဖြစ်တဲ့ ရွိုင်းကိုချုပ်ကိုင်ပြီး လီယိုကို အရယူဖို့ကြိုးစားသလို ဘာဟန့်မယားကြိးဖြစ်တဲ့ ဗီဗီယန်ကိုပါ အောက်လမ်းအတတ်တွေနဲ့ဒုက္ခပေးဖို့ကြံစည်ပါတော့တယ်။ လတ်တလောခေတ်စားနေတဲ့ အလောင်ဇာတ်လမ်းတွေလို ဇာတ်အိမ်မျိုးကိုမှ အောက်လမ်းအတတ်တွေ မှော်ပညာပြိုင်ခန်းတွေနဲ့ထူးထူးခြားခြားရှူစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1 GB) / (680 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:37:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Horror • Thriller
5 2024 97 mins
Guna Guna Istri Muda
The Killing Fields
7.8

The Killing Fields (1984) IMDb Rating (7.8) / Rotten Tomatoes (93%) ဒီဇာတ်ကားလေးကတော့ 1984 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သတင်းထောက် Sydney Schanberg ရဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ကြုံတွေ့ခဲ့ရတဲ့ စစ်ပွဲတွေအကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ IMDb rating 7.8 အထိရရှိထားပြီး 1985 Oscar ဆုပေးပွဲမှာလည်း ဆု သုံးဆုအထိရရှိခဲ့သလို ဆုတွေအများကြီး ပတ်သိမ်းခဲ့တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ မင်းသားကြီး Sam Waterston နဲ့အတူ ကမ္ဘောဒီးယား သရုပ်ဆောင် Dr Haing S. Ngor တို့ အဓိက ပါဝင်ထားပြီးတော့ ဒါရိုက်တာ Roland Joffé ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း 1970 ပြည့်နှစ်အလွန်ကာလများအတွင်း ကမ္ဘောဒီးယား ပြည်တွင်းစစ်ကာလတွင် The NewYork Times သတင်းထောက်ဖြစ်သူ Sydney Schanberg ဟာ ဒေသခံ သတင်းထောက်ဖြစ်သူ Dith Pran နဲ့အတူ စစ်ပွဲ၏ ကြောက်မက်ဖွယ်ရာများ ကြေကွဲဖွယ်ရာ များကို သတင်းယူနေခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် 1975 ခုနှစ် အရောက်မှာတော့ အမေရိကန်တပ်ဖွဲ့များ ဆုတ်ခွါခဲ့ရတဲ့အခါ Dith Pran က မိသားစုကို လုံခြုံရာကို ပို့ပြီးတော့ Schanberg နဲ့ အတူ ကျန်နေခဲ့ပါတယ်။ သို့သော် ခမာနီတပ်တွေ ဖနွမ်းပင်မြို့ထဲကို ဝင်ရောက်လာတဲ့အခါ Schanberg မှာ ထွက်ခွါခွင့်ရသော်လည်း Dith Pran ဟာ ခမာနီများထံမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ Schanberg လည်း အမေရိကန်ကို ပြန်ရောက်ပြီးတဲ့နောက်မှာ Dith Pran ကို မနားမနေ ရှာဖွေခဲ့ရင်း နောက်ဆုံးမှာ သူတို့မိတ်ဆွေနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ပြန်တွေ့သွားမလားဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size… (3.2 GB) / (1.5 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Biography, Drama, History, War Duration…. 02:22:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Nay

7.8 1984 142 mins
The Killing Fields