YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Love At Night E09 (720p) CM.mp4

283.07 MB N/A video/mp4 351 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fright Night
7

~ IMDb - 7/10, RT - 82%, Meta - 62% ~ 2011 မှာထွက်ခဲ့တဲ့ Fright Night ကားကို လူတော်တော်ကြိုက်ကြသလို တော်တော်များများလည်း ကြည့်ပြီးလောက်ကြပါပြီ။ ခုကားကတော့ အဲဒီ 2011 ကားရဲ့ မူလပထမ ကလပ်စစ်စာရင်းဝင် Fright Night ကားပါပဲ။ ဇာတ်ဝင်ခန်းတွေက Reboot ကားထက် တော်တော်လန့်စရာကောင်းတာတွေပါသလို Best Horror Film Award တွေကိုလည်းရရှိထားပါတယ်။ Classics တွေကို Remake တွေ ဘယ်လိုရိုက်ရိုက် ကျော်လို့မရနိုင်တဲ့အကြောင်း နောက်ထပ်ဥပမာတစ်ခုလို့လည်း တစ်ချို့က ဆိုကြတယ်။ ခေတ်ဟောင်းပေမဲ့လည်း အထူးပြုလုပ်ချက် Practical Effects တွေက သဘာဝကျကျနဲ့ ကျောချမ်းဖို့ကောင်းနေတယ်လို့လည်း ဆိုကြတယ်။ Fright Night ကားကို ကြိုက်ခဲ့ကြတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့၊ ပြန်ရိုက်ဗားရှင်းထက် အများကြီးပိုသာတဲ့ အော်ရီဂျင်နယ် Fright Night ကားတစ်ကားလို့ ရဲရဲကြီးပြောရဲပါတယ်။ သရဲကားတွေကို စွဲစွဲလမ်းလမ်းကြည့်တတ်တဲ့ ချာလီဘရူးစတားတို့ရဲ့ဘေးက ပြိုပျက်လုနီးပါးအိမ်တစ်လုံးကို အိမ်တွေပြန်ပြင်ရောင်းရင်း အသက်မွေးတဲ့ ဂျယ်ရီဒန်းဒရစ်ဂ်ျဆိုတဲ့လူ ပြောင်းလာခဲ့တယ်။ နေ့ခင်းဘက်တွေမှာ ပျောက်ချက်သားကောင်းနေတတ်ပြီး ညဘက်ကျမှမြင်ရတတ်တဲ့ ကိုလူချောဂျယ်ရီ ရောက်လာပြီးတဲ့နောက် ချာလီတို့နားတစ်ဝိုက်မှာ လက်သည်မပေါ်တဲ့ လူသတ်မှုတွေ တွေ့လာရရင်း တစ်ရက်မှာ အသတ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ဟာ အဲဒီနေ့မတိုင်ခင်က ဂျယ်ရီ့အိမ်ဆီ ရောက်လာတဲ့သူမှန်း ချာလီသတိထားမိသွားခဲ့တယ်။ အဲဒီလိုနဲ့ ဘေးအိမ်ကအနေအထားကို ချာလီသတိထားစောင့်ကြည့်ရင်း တစ်ညမှာတော့ ဂျယ်ရီဟာ တခြားမဟုတ်ဘဲ သူ့အသည်းစွဲရုပ်ရှင်တွေထဲကလို သွေးစုပ်ဖုတ်ကောင် ဖြစ်နေမှန်း ချာလီသိလိုက်ရတယ်။ ခက်တာက သူဒီလိုသိသွားတာကို ဂျယ်ရီကပါ သိရှိသွားပြီး သက်သေဖျောက်ဖို့ ချာလီကို အန္တရာယ်ပြုလာတဲ့နောက်မှာ ချာလီတစ်ယောက် သူ့အကြိုက်သရဲရုပ်ရှင်မင်းသား ပီတာဗင်းဆန့်ကို စစ်ကူခေါ်ပြီးတော့ သူချစ်ရသူတွေကို သွေးစုပ်ဖုတ်ကောင်အန္တရာယ်က ကယ်တင်ဖို့ ကြိုးစားရတော့တယ်။ Fright Night ကားတွေဟာ သူ့ရှေ့က ဂန္ထဝင်ကားတွေဖြစ်တဲ့ Nosferatu နဲ့ Dracula တို့လိုကားတွေကို မှီငြမ်းထားတဲ့ စတီဖင်ကင်းရဲ့ Salem's Lot ရဲ့ လွှမ်းမိုးမှုမကင်းခဲ့ပေမဲ့လည်း သူ့ကိုယ်တိုင်ကိုကလည်း အားကောင်းလေတော့ ဒီကားတွေရဲ့ အရိပ်အောက်မှာရှိနေပေမဲ့ Vampire ရုပ်ရှင်နဲ့ပတ်သက်တဲ့ အခြေခံအဆောက်အတည်တွေကိုလည်း ပိုအားကောင်းစေခဲ့ပါတယ်။ ဥပမာပြောရရင် နောက်ပိုင်း ကျွန်တော်တို့ငယ်ငယ်က ကြိုက်ကောင်းကြိုက်ခဲ့လောက်ကြဖူးတဲ့ The Vampire Diaries ဘာညာမှာ ဗမ်ပိုင်းယားတွေကို မဖိတ်ခေါ်ရင် ဝင်မရဘူးဆိုတဲ့ အချက်ကိုလည်း Fright Night က ပိုခိုင်မာစေခဲ့တယ်ပြောလည်း မမှားလောက်ပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 782MB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 46Min Genre - Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Comedy • Drama
7 1985 107 mins
Fright Night
Koati
7.1

အသစ်ထွက်ရှိလာတဲ့ Animation ကာတွန်းကားလေး တင်ဆက်လိုက်ပါတယ်... ဇာတ်လမ်းကတော့.... Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။ နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။ သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ... စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ File size…(1 GB)/(640 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:31:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Chit Tee , Htet Kyaw Myo

Fantasy
7.1 2021 92 mins
Koati
The Proposition
7

ဒါကတော့ western ကားလေးပါ။ Australia ရဲ့တရားဥပဒေစိုးမိုးမှုးအားနည်းသေးတဲ့၁၈၈၀ပြည့်နှစ်တွေမှာဇာတ်တည်ထားပါတယ်။ Charlie Burns ဟာနာမည်ကျော်ရာဇ၀တ်သားတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့သူနဲ့သူ့ညီကို ရဲတွေကပစ်ခတ်ဖမ်းဆီးလိုက်ပါတယ် ရဲဗိုလ်ကြီး Stanley က ချာလီသာ မုဒိန်းမှု၊လူသတ်မှုနဲ့အလိုရှိနေတဲ့ သူ့အကိုဖြစ်သူ Arthur Burns ကိုဖမ်းပေးနိုင်ရင် သူနဲ့သူ့ညီကိုလွှတ်ပေးမယ်၊မဖမ်းနိုင်ရင်တော့ သူ့ညီကိုကွပ်မျက်မယ်လို့ အကျပ်ကိုင်ပါတယ်။ချာလီက သဘောတူပြီ း သူနဲ့ကွဲနေတဲ့ ဆိုးသွမ်းလှတဲ့အကိုဖြစ်သူကို အရှာထွက်ရာကနေ ဒေသခံလူမည်းတွေ၊ကြေးစားတွေရန်ကိုပါရင်ဆိုင်ရပါတယ်။ File size…(1.6GB)/(864MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:44:00 Genre...Crime /Drama/ western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Thriller
7 2005 104 mins
The Proposition
Justice League
6.1

ဒါရိုက်တာ ဇက်ခ်စနိုင်ဒါရဲ့ လက်ရာဖြစ်ပြီး DC Comics စူပါဟီးရိုးတွေဖြစ်တဲ့ Batman, Superman, Wonder Woman, Flash, Aquaman နဲ့ Cyborg တို့ တစုတစည်း ပါဝင်ထားတာမို့ ပရိသတ်တွေ တပျော်ကြီး ရှုစား ရာမှာပါ စူပါမန်း သေဆုံးပြီးနောက် တစ်ကမ္ဘာလုံးပူဆွေးဝမ်းနည်းနေ ချိန်မှာ စူပါဗီလိန် Steppenwolf နဲ့  သူ့ရဲ့အပေါင်းအပါ Parade-mons တွေဟာ Mother Boxes တွေကို ရှာဖွေဖို့ ကမ္ဘာကိုပြန်လည်အခြေချခဲ့ပါတယ်။ Mother Box တွေရဲ့ သတင်းအစရဖို့ S.T.A.R Labs ရဲ့ ဝန်ထမ်းအတော်များများကို ဖမ်းဆီးခဲ့ကြတယ်။ အဲဒါနဲ့ ဘီလျံနာတစ် ယောက်ဖြစ်တဲ့ ဘရုစ်ဝိန်း (Bat-man) က လူစွမ်းကောင်းတွေစု စည်းပြီး Justice League ဆိုတဲ့ အဖွဲ့ဖွဲ့စည်းကာ Steppenwolf တို့ကို ပြန်လည်တိုက်ခိုက်နိုင်ဖို့ လုပ်ပါတော့တယ်။ Steppen-wolf တို့ကလည်း Mother Box ရဖို့ အသည်းအသန်ကြိုးပမ်းနေ ချိန်မှာ Batman ဦးဆောင်တဲ့ Justice League က စူပါဟီးရိုး တွေ ကမ္ဘာကို ဘယ်လိုကာကွယ်ကြမှာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဗီလိန်ဇာတ်ရုပ်၊ စူပါဟီးရိုး ဇာတ်ရုပ်တွေကိုပေါ်လွင်အောင် ချပြသလို Justice League ရဲ့ ဖြစ်တည်မှုကို အက်ရှင်ဇာတ်ကွက် အမိုက်စားတွေနဲ့အတူ ရှုစားရမှာ ပါ။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ နိုင်ငံတကာရော၊ ပြည်တွင်းရော အကောင်းအဆိုးဝေဖန်မှုတွေက အပြိုင်အဆိုင်ထွက်လာပေမယ့် အထူးပြုလုပ်ချက်တွေနဲ့ ဇာတ်လမ်းတင်ဆက်ပုံကြောင့် စူပါဟီးရိုးပရိသတ်တွေ အကြိုက်တွေ့မှာ သေချာပါတယ်။ အဓိကဇာတ်ဆောင်တွေက တော့ ဘရုစ်ဝိန်း (Batman) အဖြစ် ဘန်အက်ဖလက်၊ ကလပ်ကန့် (Superman) အဖြစ် ဟန်နရီကာ ဗီလ်၊ ဒိုင်ယာနာပရင့်စ် (Wonder Woman) အဖြစ် ဂဲလ်ဂါဒေါ့၊ ဘယ်ရီအယ်လန် (Flash) အဖြစ် အက်ဇ်ရာမစ်လာ၊ အာသာကာရီ (Aquaman) အဖြစ် ဂျေဆင်မိုမို ရာ၊ ဗစ်တာစတုန်း (Cyborg) အဖြစ် ရေးဖစ်ရှာတို့ ပါဝင်ထား ကြပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) (ဘာသာပြန်သူကတော့ Littleneo ဖြစ်ပါတယ်) File Size : (2.05 GB) , (1.10 GB) and (480 MB) Quality : Blu-Ray (1080p 5.1,720p,360p) Running Time : 2hr 00min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Littleneo Encode by Thanhtike Zaw

Drama • Mystery
6.1 2017 120 mins
Justice League
Dream Wedding
5.6

Dream Wedding (2023) ================== ဇာတ်လမ်းကတော့ ရည်းစားမရှိဘဲ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီး ကံထူးသွားတဲ့အပျိုကြီး မမ အကြောင်းပါ။ မင်္ဂလာခန်းဝင်ပစ္စည်းတွေ ရောင်းတဲ့ အရောင်းပွဲတော်ကို ကိတ်နဲ့မီဂန်တို့ ညီအစ်မနှစ်ယောက် ရောက်လာကြပါတယ်။ နှစ်ပတ်နေရင် မင်္ဂလာဆောင်တော့မယ့် ညီမ ဖြစ်သူ မီဂန်အတွက်ဝယ်ဖို့ ခြမ်းဖို့ ရောက်လာကြတာပါ။ ကိတ်ကတော့ ညီမကို အဖော်လိုက်ပေးတဲ့ အပျိုကြီးမမပါ။ အရောင်းပွဲတော်မှာ မင်္ဂလာ ဆောင်ဖက်ရှင်ရှိုးပွဲအပြင် မင်္ဂလာဆောင်မယ့် စုံတွဲတွေကို ဒေါ်လာ (၁) သိန်းတန် အိပ်မက်၊ မင်္ဂလာပွဲကြီးမဲဖောက်ပေးမယ့် အစီအစဉ်လည်း ရှိနေပါတယ်။ အဲဒီမှာပဲ လက်သွက်ခြေသွက် မီဂန်က စိတ်မြန်လက်မြန်နဲ့ ကံစမ်းမဲထဲမှာ ကိတ်ရဲ့နာမည်ကို ထည့်လိုက်ပါတော့တယ်။ ထောင်ချီတဲ့ လူတွေထဲမှာ ကံထူးနိုင်ချေ မရှိဘူးဆိုပြီး ထည့်လိုက်ပေမဲ့ ကံကောင်းတာလား ကံဆိုး တာလား ပြောလို့ မရအောင်ကိုကံထူးရှင်ကြီး ဖြစ်သွားပါတော့တယ်။ အဲဒီနောက်မှာတော့ ဒေါ်လာ ၁ သိန်းတန် မင်္ဂလာပွဲကြီးရဲ့ ခံစားခွင့်တွေကို ခံစားနိုင်ဖို့ ကိတ်နဲ့ မီဂန်တို့ ဘယ်လိုတွေ ကြံဖန်ကြမလဲဆိုတာတော့ . . . (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size……….(1.71 GB) / (759 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Roman Nox Encoder……….SWM

Horror • Comedy • Drama • Thriller
5.6 2023 90 mins
Dream Wedding
Wedding for Money (Nunta pe bani)
7.1

မင်္ဂလာ‌ဆောင်သွားရတာမကြိုက်တဲ့ မီချာတစ်ယောက် ကိုယ်တိုင် မဖြစ်မနေမင်္ဂလာဆောင်ရမဲ့အခြေအ‌နေတစ်ခုကိုရောက်သွားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ? ဇာတ်လမ်းလေးကို မီချာက သူ့အဘွားကို ပြီးခဲ့တဲ့လတွေ‌အတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုပြော‌ပြနေတဲ့ပုံစံမျိုးနဲ့တင်ဆက်ထားပါတယ်။ မီချာက ငါးနှစ်လောက်အတူတွဲလာခဲ့တဲ့ချစ်သူနဲ့အတူ တစ်အိမ်တည်းနေပြီး ကားအရောင်းပြခန်းမှာအလုပ်လုပ်နေတဲ့သူဖြစ်တယ်။ တစ်နေ့မှာတော့ ကားဝယ်သူတစ်ယောက်အတွက် ကားသွားယူလာပေးရာကနေ လမ်းမှာမြောင်းထဲထိုးကျသွားတယ်။ ဝယ်သူက သူ့အတွက် ခရီးစရိတ်နဲ့ကားအတွက်ငွေပေးချေပြီးသားဖြစ်တာကြောင့် မီချာ့ခမျာ ပြန်မလျော်နိုင်ဘဲ အကြွေးတွေတင်သွားရော။ အဲလိုနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတုန်း မင်္ဂလာဆောင်ကပိုက်ဆံလက်ဖွဲ့တွေနဲ့ဆိုရင် အကြွေးပြန်ဆပ်လို့ရမယ်လို့အကြံရသွားပြီး မင်္ဂလာဆောင်ဖို့အတွက် အစီအစဉ်တွေဆွဲပါတော့တယ်… ဇာတ်ကားလေးက ဟာသဒရာမာကားတွေဖြစ်တာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမှာသေချာပါတယ်။ File size…(1.67 GB)/(928 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Settt Naing

7.1 2023 116 mins
Wedding for Money (Nunta pe bani)
The Taste of Things
7.6

The Taste of Things ( 2023 ) Directed by Tran Anh Hung ဗီယက်နမ်နွယ်ဖွား ပြင်သစ်ဒါရိုက်တာ Tran Anh Hungကို အနည်းဆုံးတော့ မူရာကာမိဝတ္တုကိုပြန်ရိုက်ထားတဲ့ Norwegian Wood ရုပ်ရှင်နဲ့ တော်တော်များများသိကြတယ်။ သူဟာ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင် The Scent of Green Papayaကစလို့ Cyclo, The Vertical Ray of the Sun , I Come with the Rain, Eternity, အခု ဒီနှစ်နောက်ဆုံးထွက်တဲ့ The Taste of Thingsအထိ ရိုက်သမျှကားတိုင်း အကုန်ကောင်းနေတဲ့ ဒါရိုက်တာလို့ပြောရမယ်။ အခု The Taste of Thingsနဲ့ Cannesမှာ Best Directorဆုလည်းရထားခဲ့တယ်။ The Taste of Thingsဟာ ပြင်သစ်ဒါရိုက်တာ ရိုက်တဲ့ ပြင်သစ်ရုပ်ရှင်ဖြစ်တဲ့အတွက် ဒီနှစ်ပြင်သစ်မှာ အော်စကာဆန်ခါတင်ဝင်ဖို့ စာရင်းတင်စရာ အဓိကရုပ်ရှင်၂ကားရှိခဲ့တယ်။ The Taste of Thingsနဲ့ Anatomy of a fallတို့ပါပဲ။ the taste of things ဟာ အော်စကာ Shortlistedထဲဝင်ခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ဆန်ခါတင်စာရင်းထဲ ပါမလာခဲ့ဘူး။ အင်တာနေရှင်နယ်ဖီးချားမှာ ပြင်သစ်ရုပ်ရှင်ဟာ ဆန်ခါတင်မဝင်ခဲ့ဘူး။ Anatomy of a fallကိုတော့ Bpထဲအထိ ကောက်ထည့်ထားတော့ သူ့သာရွေးခဲ့ရင်တော့ ဆန်ခါဝင်ဝင်သွားလောက်မှာပဲ။ တကယ်ပဲ ပြင်သစ်ဘက်က The Taste of Thingsကို Anatomy of a fallထက် ပိုကြိုက်လို့ရွေးတာလားတော့မသိနိုင်ပေမဲ့ Anatomy of a fallရဲ့ ဒါရိုက်တာ Justine Trietဟာ ကိန်းမှာ မိန့်ခွန်းပြောတဲ့အချိန် ပြင်သစ်အစိုးရကို ဝေဖန်ခဲ့လို့ ဒီလိုလုပ်တာလို့လည်း ကောလာဟလတွေထွက်နေခဲ့တယ်။ ဘာပဲပြောပြောပါ။ သူတို့ဘယ်လိုပဲတွေးတွေး ဒီရသမတူတဲ့ ရုပ်ရှင်၂ကားကို ဘယ်ကားပိုကောင်းလဲဆိုတာက ကြည့်တဲ့လူက ဘယ်လိုရုပ်ရှင်တွေကို ပိုသဘောကျလဲဆိုတဲ့အပေါ် မူတည်နေမှာဖြစ်သလို ဒီရုပ်ရှင်၂ကားလုံးဟာ ပြောင်မြောက်တဲ့ အနုပညာတွေဖြစ်နေတဲ့အတွက် ဘယ်ကားကပိုသာတယ်လို့ တစ်ကိုယ်ရေထင်မြင်ချက်ထက်ပိုပြီး အကဲဖြတ်ခွင့်လည်း ကျွန်တော်တို့မှာ ရှိမနေပါဘူး။ The Taste of Thingsက အချက်အပြုတ်ရုပ်ရှင်တစ်ကားပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကြုံနေကျ အချက်အပြုတ်ရုပ်ရှင်တွေနဲ့မတူတာက ဟင်းချက်တာကိုပြတာထက် ဟင်းစားတာကိုပြတာက ပိုအလေးသာနေတဲ့ တစ်ချက်ပဲ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ကိုယ်တိုင်ကိုက ပြိုင်ဘက်ကင်းစာဖိုမှူးတစ်ယောက်ဖြစ်ပေမဲ့ ချက်ရတာထက် စားရတာကို ပိုအားသန်တဲ့ ဇာတ်ကောင်မျိုးအဖြစ် ပုံဖော်ထားတယ်။ ရုပ်ရှင်အရတော့ ပြိုင်ဘက်ကင်းစာဖိုမှူးပေမဲ့ ဟင်းတော့မချက်တော့ပုံပါပဲ သူ့မိတ်ဆွေတွေအတွက်နဲ့ သူ့အတွက်သူကလွဲ မချက်ဘူး။ နောက် သူကိုယ်တိုင်ချက်တာကို ကျွန်တော်တို့ တော်တော်နဲ့ မြင်ရမှာမဟုတ်ဘူး။ သူက လျှာကဝေလို့ခေါ်တဲ့ အစားကောင်းကြိုက်တဲ့လူဖြစ်တဲ့ဘက်ကို ပိုအားသန်ပြီး နည်းနာညွှန်ပြပေးပေမဲ့ တကယ်ချက်ရတဲ့ ထမင်းချက်ဟင်းချက်က သက်သက်ရှိနေတယ်။ ဒါရိုက်တာနဲ့ စီနီမာတိုဂရပ်ဖာလိုပေါ့။ အစားကောင်းအသောက်ကောင်းကြိုက်တဲ့လူဆိုတော့ သူနဲ့ အဲဒီထမင်းချက်မိန်းမက အမြဲအတူတူနေတယ်။ နှစ်ပေါင်း၂၀ကြာအောင် အတူတူနေလာပြီးတဲ့နောက် သံယောဇဉ်လည်းရှိလာသလို လိင်မှုကိစ္စတွေလည်း သူတို့ကြားမှာရှိလာခဲ့တယ်။ သူတို့ချင်း ချစ်မိလာခဲ့တယ်။ သူတို့ရဲ့ဆက်ဆံရေးကလည်း ဒီဇာတ်လမ်းရဲ့ အခရာတစ်ခုပေါ့။ တစ်နေ့သူ့ကို အူရားရှားက တော်ဝင်မင်းသားတစ်ပါးက ထမင်းစားဖိတ်လာတယ်။ သူ့စားဖိုမှူးရဲ့ လက်ရာကို လက်စွမ်းကြွားချင်တဲ့ပုံစံမျိုးပဲ။ ရေရေရာရာတောင်မပြထားဘူး။ ဒီတော့ သူနဲ့ သူ့မိတ်ဆွေတွေ ၈နာရီကြာစားရတဲ့ ဟိတ်ကြီးဟန်ကြီးနိုင်တဲ့ ဟင်းအမည်တွေ အချိုပွဲတွေ ဝိုင်တွေ တစ်မျိုးပြီးတစ်မျိုးဆက်တိုက်ချနေတဲ့ အဲဒီပွဲကို သွားစားကြတယ်။ ဟိတ်ကြီးဟန်ကြီးပေမဲ့ အနှစ်သာရမရှိလေတော့ လျှာကဝေတစ်အုပ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရတယ်ပေါ့။ ဒီနောက် သူက အဲဒီမင်းသားကို ထမင်းစားပြန်ဖိတ်ဖို့ကြံပြီး ဟင်းလျာမီနူးကို စဉ်းစားတယ်။ မင်းသားရဲ့ ထမင်းပွဲနဲ့ ဆန့်ကျင်ဘက်ပဲ သူ့ဟင်းလျာကတော့ ရိုးတာမှ တော်တော်ရိုးတဲ့ ဟိုးရှေးပဝေဏသီကတည်းက လယ်သမားကစလို့ ဘုရင်အဆုံး ပြင်သစ်တစ်နိုင်ငံလုံး စားကြတဲ့ နိုင်ငံတော်ဟင်းလျာလို့ခေါ်တဲ့ Pot-au-feu။ အဲဒီဟင်းလျာက တကယ်ဆိုရှင်းရှင်းလေးပဲ အသားနဲ့အရွက်ပြုတ်တွေရယ် ဟင်းရည်ရယ်ကိုပဲ တည်ခင်းပေးတာ။ ဒီလိုအရိုးရှင်းဆုံးဟင်းကိုမှ စားဖိုမှူးက တည်ခင်းတဲ့ ဇာတ်ကတော့ မဆန်းတော့ဘူး။ အချက်အပြုတ်ကားတော်တော်များများမှာ ကျွန်တော်တို့မြင်ဖူးပြီးသားပဲ ဒါပေမဲ့ အလှည့်အပြောင်းကတော့ မြင်နေကျမဟုတ်ခဲ့ဘူး။ ဒီဇာတ်ဟာ ပြောခဲ့သလို အချက်အပြုတ်ဇာတ်ပါပဲ။ ဒါပေမဲ့ အစားအသောက်ကို အရသာခံတဲ့ဇာတ်လို့ ပြောရင်တော့ ပိုမှန်ကောင်းမှန်လိမ့်မယ်။ ဟင်းလျာနာမည်တွေက ပြင်သစ်နာမည်တွေနိုင်းချင်းနဲ့မို့ ဟင်းလျာတော်တော်များများကတော့ ကျွန်တော်တို့ခေါင်းထဲရောက်သွားမှာမဟုတ်ပေမဲ့ သူအဓိကပြချင်တဲ့ ဟင်းလျာတွေကတော့ ကောင်းကောင်းကြီး ရောက်သွားပါလိမ့်မယ်။ The Taste of Thingsဟာ အရသာတွေအကြောင်း, အဲဒီအရသာတွေကို တန်ဖိုးထားတတ်တဲ့လူတွေအကြောင်း, အဲဒီအရသာတွေ ထွက်လာဖို့ ကြိုးပမ်းကြသူတွေအကြောင်းပါပဲ။ ဒီရုပ်ရှင်ထဲက ဥရောပဟင်းလျာတွေဟာ ကြည့်လိုက်ရင် ရိုးရှင်းပေမဲ့ ကျွန်တော်တို့ မြင်နေကျတွေမဟုတ်တော့ ဆန်းပြားတယ်လို့ ခံစားရတဲ့ဟင်းလျာတွေ အတွဲအစပ်တွေပါပဲ။ The Taste of Things ကိုယ်တိုင်ကလည်း ရိုးရှင်းပေမဲ့ ဆန်းပြားတယ်လို့ ခံစားရမယ့် အတွဲအစပ်ကို ပေးစွမ်းနိုင်မယ့် ရုပ်ရှင်လို့ပြောရပါလိမ့်မယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_( 2.5GB)/( 1.4GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:05:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

7.6 2023 135 mins
The Taste of Things
The American Society of Magical Negroes

အမေရိကန်နိုင်ငံကို ကြည့်လိုက်ရင် အရမ်းပျော်စရာကောင်းပြီး တိုးတက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် တခြားနိုင်ငံတိုင်းက အားကျနေရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေပါတော့တယ်။ဒါပေမယ့် အဲ့လိုခေတ်မှီ တိုးတက်နေတဲ့နိုင်ငံမှာ အခုထက်ထိတိုင် မပျောက် ပျက်ဘဲ ကျန်ရှိနေသေးတဲ့အရာကတော့ Racist ဆိုတဲ့ လူမျိုးရေးခွဲခြားတဲ့ လူတွေပဲဖြစ်ပါတယ်။တခြားနိုင်ငံတွေ မှာလည်းရှိပေမဲ့ သူတို့နိုင်ငံရဲ့ လူဖြူလူမည်း ခွဲခြားမှုကတော့ အခုထက်ထိကို မဆွေးမြေ့ပဲ ကျန်ရှိနေသေးတဲ့ နာမည်ကြီး လူမျိုးရေး ခွဲခြားမှုပဲဖြစ်ပါတယ်။လူဖြူရဲတွေက လူမည်းတွေကို တွေ့တာနဲ့ ရန်ရှာတယ် ပစ်သတ်တယ်ဆိုတာတွေက သူတို့နိုင်ငံမှာ မထူးခြားတော့ပါဘူး။အဲ့လိုလူမျိုးရေးခွဲခြားမှုတွေ ပပျောက် သွားအောင် ကြိုးစားနေတဲ့လူတွေရှိပေမဲ့ အနည်းနဲ့အများတော့ ကျန်ရှိနေပါသေးတယ်။အဲ့ဒါကြောင့် အဲ့လိုလူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ပြီး လူမည်းတွေရဲ့ခံစားချက်တွေကို နားလည်အောင် ကွက်ကွက်ကွင်းကွင်းရိုက်ကူးပြသထားတဲ့ The American Society Of Magical Negroes ဆိုတဲ့ဇာတ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ အယ်ရန်ဆိုတဲ့ လူငယ်လူမည်းတစ်ယောက်ဟာ လူဖြူတွေကြားမှာ သွားလာ ဆက်ဆံရတိုင်း အမြဲတမ်းအနှိမ်ခံရပြီး ဘယ်သူ့ရဲ့ အသိအမှတ်ပြုခြင်းကိုမှလည်း မခံရသူ တစ်ဦးပါ။တစ်ညမှာ ဘယ်သူမှ အဖက်မလုပ်တဲ့ သူ့ရဲ့အနုပညာလက်ရာကို ပြခန်းမှာ ပြပြီး ပြန်လာတဲ့လမ်းမှာ လူဖြူတွေနဲ့ပြဿနာတက်တော့မလို ဖြစ်တုန်း တခြားလူမည်းအဖိုးကြီးတစ်ယောက်က ဝင်ကူညီပေးခဲ့လို့ အယ်ရန်တစ်ယောက် အထောင်းသက်သာသွားပါတော့တယ်။ နောက်တော့ အဲ့ဒီလူမည်းအဖိုးကြီးက သူ့ကိုအလုပ်တစ်ခု ကမ်းလှမ်းခဲ့ပါတယ်။အဲ့ဒီ အလုပ်ကတော့ ရိုးရိုးတန်းတန်း အလုပ်မဟုတ်ဘဲ ဇာတ်ကားနာမည်အတိုင်း မှော်ဝင်နီဂရိုး အမေရိကန် အဖွဲ့အစည်းမှာ ဝင်အလုပ်လုပ်ဖို့ပါပဲ။အဲ့ဒီအဖွဲ့ အစည်းရဲ့ အဓိကတာဝန်ကတော့ သူတို့လူမည်းတွေ လူဖြူတွေရဲ့ ရန်ပြုခြင်းတွေ ရန်လိုခြင်းတွေမခံရဖို့အတွက် မှော်ပညာနဲ့ ပေါင်းစပ်ပြီး လူဖြူတွေကိုစိတ်ချမ်းသာအောင်လုပ်ပေးရတာပါပဲ။ ကြားရတာ ထူးထူးဆန်းဆန်းကြီးတော့ ဖြစ်နေမယ်ဆိုပေမဲ့ တကယ်တမ်း ဇာတ်လမ်းကိုကြည့်လိုက်တဲ့အခါမှာ မှော်ပညာ အပိုင်းတွေကို ဖယ်လိုက်ရင်ကျန်တဲ့အရာတွေအားလုံးက ဖြစ်ရပ်မှန်တစ်ခုလိုတောင် ဖြစ်နေမှာပါ။ဒီတော့အထက်မှာ ပြောခဲ့တဲ့အတိုင်း ယနေ့တိုင်မပြီးဆုံးနိုင်သေးတဲ့ ပြဿနာ တစ်ခုကို အမြင်တစ်မျိုးနဲ့ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အတွက် ကောင်းတယ် မကောင်းဘူးကတော့ ကိုယ်တိုင်ပဲဝေဖန်ကြည့်ကြဖို့ပြောလိုက်ချင်ပါတယ်။ File size…1.66GB / 694MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action
0 2024 105 mins
The American Society of Magical Negroes
Ultraman: Rising
7.1

Ultraman:Rising ဇာတ်ကားဟာ ၂၀၂၄ ခုနှစ်ထွက် Netflix က ရိုက်ကူးထားတဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝ စူပါဟီးရိုး Ultraman animated ဇာတ်ကားပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝ Ultraman ကို မြင်နေကျ တိုက်ခိုက်တာချည်းပဲ မဟုတ်ဘဲ လူကြီးဆန်ဆန် family drama လေးနဲ့ပါ တွဲထားတာမို့ ဒါက ကလေးကားလို့တောင် မခေါ်နိုင်ပါဘူး။ ဇာတ်လမ်းလေးကို ပြောရရင်တော့ Ken Sato ဆိုတဲ့ ကျွန်တော်တို့ရဲ့ အဓိက ဇာတ်ကောင်က အိုလာတဲ့သူ့အဖေ အရင် Ultraman နေရာကို ဝင်ဖို့အတွက် သူ ဘေ့စ်ဘောနဲ့ အောင်မြင်နေတဲ့ အမေရိကန်ကနေ ဂျပန်ကို ပြန်လည် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ သူ ဂျပန်ပြန်ရောက်လာတဲ့ အချိန်မှာ သူ့ရဲ့ Ultraman တာဝန်၊ ဘေ့စ်ဘော ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ရဲ့ တာဝန်တွေ ပိနေတဲ့အချိန်မှာပဲ မထင်မှတ်ထားတဲ့ မိသားစုတာဝန်တွေပါ ရောက်လာတဲ့အခါမှာ သူ ဘယ်လို ဒီတာဝန်တွေကြား ရုန်းကန်ရမလဲ။ အဆုံးသတ်မှာ သူ့အတွက် ဘယ်လို ဇာတ်သိမ်းမှာလဲ။ သူ့ရဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေကရော ဘယ်လို ကူညီစောင့်ရှောက်ပေးနိုင်မှာလဲ စတာတွေကို အရမ်းမိုက်တဲ့ animation style နဲ့ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်က nostalgic feeling လေးပြန်ရဖို့ ကြည့်လိုက် ကြရအောင်နော်…. File size…2.34GB / 1.03GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama
7.1 2024
Ultraman: Rising
Kisspeptin Chronicles
6.7

Kisspeptin Chronicles (2023) ***************************** 2023 က ထွက်ရှိခဲ့ပေမဲ့ 2025 မှာပါ ရုံတင်ပြသခဲ့တဲ့ ဒီဂျပန်ဇာတ်ကားလေးဟာ မိန်းကလေးတစ်ယောက်ရဲ့ ငယ်စဉ်ဘဝအစ အရွယ်ရောက်သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် လူ‌အမျိုးမျိုး အတွေ့အကြုံအမျိုးမျိုး ကျော်ဖြတ်ခဲ့ပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ငယ်စဉ်တုန်းက ဖေဖေမေမေလုပ်တမ်းကစားခဲ့တဲ့ ရှိဂုဆာဆိုတဲ့ ကောင်မလေးက ဆယ်ကျော်သက်အရွယ်မှာ ပတ်ဝန်းကျင်က မှားနေတဲ့အရာတွေကို နားယောင်ပြီး “ကောင်လေးထားရင် ပိုလှလာတယ်”ဆိုတဲ့စကား‌ကို အမှန်ထင်ကာ ကောင်လေးရဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကျူရှင်ဆရာဆီကနေ အနှောင့်အသွားမလွတ်တဲ့ စကားတွေကို အပြောခံနေရပေမဲ့ အမှားအမှန် မဝေခွဲနိုင်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ ဒီလိုအရာတွေကို ပုံမှန်လို့ သဘောထားလိုက်ပါတယ်။ ကောလိပ်ရောက်ပြန်တော့လည်း ကိုယ့်ဘက်က အစစအရာရာကောင်းပေးပေမဲ့ သူ့ရဲ့ပညာရေးကို နှောင့်နှေးစေတယ်ဆိုတဲ့ အကြောင်းအရင်းနဲ့ ပညာဂုဏ်မမက်တဲ့ ကောင်လေးအိမ်ကနေ နှင်ချခံလိုက်ရပြန်ပါတယ်။ အလုပ်မှာလည်း အိမ်ထောင်ရှိမန်နေဂျာဆီက လိင်ပိုင်းဆိုင်ရာအရ မလွတ်တဲ့စကားတွေနဲ့ နှောင့်ယှက်ခံရပြီး ဒါတွေဟာ အလုပ်မှာ ပုံမှန်ဖြစ်တဲ့ အကြောင်းအရာတွေပါလို့ ဦးနှောက်ဆေးခံခဲ့ရပါသေးတယ်။ အမျိုးမျိုးသော ယောက်ျားတွေနဲ့ တွေ့ဆုံခဲ့ရပြီးနောက် ရှိဂုဆာရဲ့ ဘဝဟာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှူပေးကြပါဦးနော်။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.63GB / 667MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 49m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy Encoded by AHtet

Family • Comedy • Adventure
6.7 2023
Kisspeptin Chronicles
Alien Invasion: Rise of the Phoenix
5

ဇာတ်လမ်းအကျဉ်းကတော့ အဲလစ်နဲ့ဇွန်တို့ရဲ့အဖေ သိပ္ပံပညာရှင်ကြီးဟာဂြိုလ်သားကျူးကျော်မှုနဲ့ပက်သက်ပြီး တေသနတွေကိုတစိုက်မတ်မတ်ခဲ့ပေမယ့် လူအများကသူရဲ့သီအိုရီတွေ မှတ်တမ်းတွေကိုသိပ်မယုံကြဘူး။ အဲဒါကြောင့်ပဲ စိတ်ဓာတ်ကျကာကိုယ်ကိုယ်ကိုအဆုံးစီရင်သွားခဲ့တယ်။ အဲလစ်နဲ့ဇွန်တို့ကလည်းဖခင်ရဲ့ ရာကိုလိုက်နင်းပြီး အာကာသလေ့လာရေးကိုပဲအာရုံစိုက်ခဲ့တယ်။ ဇွန်ကတော့ PAX အာကာသယာဉ်မှာတာဝန်ထမ်းဆောင်နေပြီး လစ်ကတော့ မြေပြင်ထိန်းချုပ်ရေးစခန်းမှာလုပ်ကိုင်နေတယ်။ သူတို့အဖွဲ့ရဲ့အဓိကပရောဂျက်ဖြစ်တဲ့ ပစ္စည်းတွေသက်ရှိတွေကိုတစ်နေရာကနေတစ်နေရာကို Teleportation လုပ်ဖို့ပဲ။ နှစ်ပေါင်းများစွာအကြာလုပ်ကိုင်ပြီး ပထမဆုံးအကြိမ် တ္ထုပစ္စည်းလေးကို ကမ္ဘာမြေပြင်ကနေ PAX အာကာသယာဉ်ပေါ်ကိုလွှဲပြောင်းပေးမယ့်စမ်းသပ်ကိုလုပ်ဖို့အတွက် န္တာရကြီးထွက်လာကြခဲ့ကြတယ်။ လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ပြီးလွှဲပြောင်းပေးလိုက်တဲ့အခါကထွက်ပေါ်လာစွမ်းအင်တွေကြောင့် မထင်ထားမိတဲ့အတိတ်ကသတ္တဝါဆိုးကြီးလှုပ်နိုးမိလိုက်တဲ့အခါမှာတော့…… File Size… (1.11 GB) / ( 731 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 29m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML

5 2025 90 mins
Alien Invasion: Rise of the Phoenix
Graduation Heist 100 dni do matury
4.6

100 dni do matury (2025) ပိုလန်ရဲ့ နာမည်ကြီး YouTuber အဖွဲ့ Ekipa နဲ့ Genzie တို့ထုတ်လုပ်ထားတဲ့ ဟာသနဲ့ အက်ရှင်ပေါင်းစပ်ထားတဲ့ ဆယ်ကျော်သက်ရုပ်ရှင်တစ်ကားပါ။ ဒါရိုက်တာ Mikołaj Piszczan က ရိုက်ထားပြီး သရုပ်ဆောင်တွေထဲမှာ ပိုလန်ရဲ့ နာမည်ကြီး influencer တွေဖြစ်တဲ့ Bartek “Świeży” Laskowski (Kapsel အဖြစ်)၊ Hania Puchalska (HiHania)၊ Patryk Baran (Mortalcio) နဲ့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Małgorzata Foremniak၊ Piotr Głowacki၊ Jacek Koman တို့ ပါဝင်တယ်။ ဇာတ်လမ်းက Kapsel ဆိုတဲ့ ပါတီသွားတတ်တဲ့ ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်အကြောင်း။ သူ့အတွက် မာတာ (ပိုလန်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ) ထက် သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေရတာက ပိုအရေးကြီးတယ်။ ဒါပေမယ့် ကျောင်းပြီးရင် သူ့သူငယ်ချင်းတွေ လမ်းခွဲပြီး တက္ကသိုလ်တွေ သွားကြမယ်ဆိုတာ သိလိုက်ရတဲ့အခါ သူတို့ကို ထိန်းထားဖို့ အရူးကွက်တစ်ခုကို နင်းလိုက်ပါတယ်။ ဘာလဲဆိုတော့ ပညာရေးဝန်ကြီးဌာနရဲ့ စနစ်ထဲ ဟက်ဝင်ပြီး မာတာရလဒ်တွေကို ပြောင်းလဲပစ်မယ်ဆိုတဲ့ အစီအစဉ်ပေါ့။ ဒီအတွက် Kapsel က မာတာအောင်ဖို့ အလားအလာအနည်းဆုံးဖြစ်တဲ့ ကျောင်းသားတစ်စုနဲ့ သူ့ရဲ့ ရာဇဝတ်မှုနောက်ခံရှိတဲ့ ဆိုးပေတဲ့ အဘိုးနဲ့ ပေါင်းပြီး ဒီစီမံကိန်းကို အကောင်အထည်ဖော်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ စွန့်စားခန်းက ရယ်စရာ၊ စိတ်လှုပ်ရှားစရာနဲ့ ဗရုတ်သုတ်ခ အခိုက်အတန့်တွေနဲ့ ပြည့်နှက်လာတယ်။ ရုပ်ရှင်က ဆယ်ကျော်သက်တွေရဲ့ သူငယ်ချင်းဆက်ဆံရေး၊ လူကြီးဘဝထဲ ဝင်ရမှာကို ကြောက်ရွံ့နေတဲ့စိတ်၊ ရွေးချယ်မှုတွေအကြောင်း ပေါ့ပေါ့ပါးပါး ဖျော်ဖြေရင်း မက်ဆေ့ချ်တွေလည်း ပေးထားတယ်။ ရုပ်ရှင်က ၁ နာရီ ၅၀ မိနစ်ကြာ၊ ပိုလန်ဘာသာနဲ့ ရိုက်ထားပြီး ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅ မှာ ပိုလန်ရုံတွေမှာ ရုံတင်ခဲ့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size… (2 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Comedy Duration…. 01:52:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Min Khant

4.6 2025 111 mins
Graduation Heist 100 dni do matury
Kundannoorile Kulsitha Lahala
6.8

Kundannoorile Kulsitha Lahala (2024) “ကွန်ဒါနောရွာ အရှုပ်တော်ပုံ” ================================ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိ ဒါရိုက်တာ အက်ရှေးအာရှော့ခ်က ကိုင်တွယ်ထားတာဖြစ်ပြီး ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာထဲက ဗရုတ်သုတ်ခအဖြစ်အပျက်တွေကို ရိုက်ကူးပုံဖော်ထားတာပါ။ မာလျာလမ်လူမျိုးတွေနေကြတဲ့ ကွန်ဒါနောဆိုတဲ့ရွာတစ်ရွာမှာ အမျိုးသမီးအလုပ်ရအာမခံအဖွဲ့ နှစ်ဖွဲ့ရှိပါတယ်။ သူတို့ဟာ ဘာအဖွဲ့ညာအဖွဲ့ဆိုပြီး နာမည်တပ်ထားကြပေမဲ့ တကယ်တမ်းတော့ဘာအလုပ်မှမလုပ်ဘဲ ရွာထဲကကိစ္စတွေကို ကြမ်းပိုးကို လိပ်ဖြစ်တဲ့ထိ အတင်းအဖျင်းပတ်ပြောနေကြတာပါ။ သူတို့ရဲ့ မဟုတ်ကဟုတ်ကအတင်းတွေကြောင့် ပြဿနာတက်ကြတဲ့သူတွေလည်း မနည်းမနောပါပဲ။ အဲဒီလို မိန်းမကြီးတွေရဲ့ အတင်းအဖျင်းတွေကြောင့် ပြဿနာတွေကြုံနေရတဲ့ရွာထဲမှာ ထူးဆန်းစွာပဲ အတွင်းခံတွေ တစ်ထည်ပြီးတစ်ထည်ပျောက်လာကြတဲ့အခါမှာတော့…။ အတင်းပြောတဲ့ဘွားတော်တွေကြောင့် ဘယ်သူတွေ ဘယ်လိုတိုင်ပတ်မလဲ၊ အတွင်းခံတွေပျောက်တာ ဘယ်သူ့လက်ချက်လဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရ၊ ခွီကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Romance
6.8 2024 146 mins
Kundannoorile Kulsitha Lahala