YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Lou.2010.1080p.WEBRip.(CM).mp4

1.26 GB N/A video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Badrinath Ki Dulhania
6.4

မင်းသား Varun Dhawan နဲ့ မင်းသမီး Alia Bhatt တို့ရဲ့ ချစ်စရာဇာတ်ကားလေးပါ။ Badrinath Ki Dulhania ဆိုတာ မြန်မာလိုဆိုရင် ဘဒ်ရီနာသ့်ရဲ့ သတို့သမီးပေါ့ ဒါဆို ဘဒ်ရီနာ့သ် ကဘယ်သူလဲ? ဘဒ်ရီနာသ်က ဂျန်ဆလ်မြို့ရဲ့ မြို့မျက်နှာဖုံး ကျိကျိတက်သူဌေးကြီး အမ်ဘာနသ် ဘန်ဆလ်ရဲ့သား တစ်ယောက် ။ ဒါဆို သူ့သတို့သမီးအကြောင်း နည်းနည်းပြောမယ် သူ့သတို့သမီးဖြစ်ရဖို့က တော်တော်ကံကောင်းမှပဲ ဖြစ်မှာနော် ဘာကြောင့်လဲဆိုတော့ ဟိန္ဒူအယူဝါဒအရ ထိမ်းမြားလက်ထပ်ရင် သတို့သမီးရှင်ဘက်က သတို့သားကို အခန်းဝင်လက်ဖွဲ့ကြေးနဲ့ တင်တောင်းယူရတာဗျာ။ သတို့သမီးက ဘယ်လောက်ပဲ ပညာတတ်တတ် တော်တော် အချိန်တန် အိမ်ထောင်ကျပြီးရင် ဒိုး မီးဖိုချောင် ဒီစနစ် လင်ယောကျ်ားကို ဖြူသည် မဲသည် လာမပွါးနဲ့ ဒီလို မိန်းကလေးအခွင့်ရေးနည်းပါးတဲ့ လူ့အသိုင်းဝိုင်းမှာ အမှန်အကန်သူဌေးသားအတွက်ဆို အခန်းဝင်လက်ဖွဲ့ကြေးကလည်း မနည်းလောက်ပေဘူး ဒါပေမယ့် ဘဒ်ရီကတော့ အဖေစီစဉ်သမျှကို အသံမထွက်ဘဲ နာခံလာပေမယ့် မိတ်ဆွေ တစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဗီဒဟီဆိုတဲ့ ကောင်မလေးကို တွေ့တွေ့ချင်း စိတ်ဝင်စားခဲ့တယ်။ ဗီဒဟီကလည်း အမျိုးသမီးအခွင့်ရေးမပေးတဲ့ လူ့အသိုင်းဝိုင်းကို မုန်းလွန်းလို့ ကိုယ်ဘဝကိုယ်ရပ်တည်ဖို့ ကြိုးစားနေတဲ့အတွက် အိမ်ထောင်ပြုဖို့ဆိုတာ လုံးဝကို စိတ်မဝင်စားတဲ့ မိန်းကလေးတစ်ယောက်... ဘဒ်ရီအနေနဲ့ ဗီဒဟီကို သူ့သတို့သမီးဖြစ်အောင် ကြိုးစားနိုင်ပါ့မလားဆိုတာကတော့...။ (ဇာတ်လမ်းလေးကလည်း ကြည်နူးစရာတွေ, ဝမ်းနည်းစရာတွေ, မခံမရပ်နိုင်စရာလေးတွေနဲ့ အမှန်အကန် တင်ဆက်ထားတဲ့အတွက်ကြောင့် ဘောလိဝုဒ် ဒရမ်မာလေးတွေကို ကြိုက်တယ်ဆိုရင်ဖြင့် လက်မလွတ်သင့်ဘူးလို့ ထပ်ညွှန်းပါရစေ ) (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Zaw Htoo မှ ခံစားတင်ဆက်ထားပါတယ်။) File size…(8.4 GB)/(2.4 GB)/(999 MB) Quality….BluRay 4K HEVC/1080p/ DVDrip 720p Format…mkv/mp4 Duration….02:19:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Than Htike Zaw Translated by Zaw Htoo

Drama • Romance
6.4 2017 139 mins
Badrinath Ki Dulhania
The Jack in the Box: Awakening
6.4

ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။ ၂၀၁၉မှာလည်း Jack in the Box တစ်ကားထွက်ခဲ့ပြီး ဒီကားကတော့ ၂၀၁၉ကားရဲ့အဆက် ဒုတိယကားပါပဲ။ ၁၉ကားကိုလည်း မကြာခင် ကြည့်ကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 870MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.4 2022 89 mins
The Jack in the Box: Awakening
After Yang
6.5

~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~ Directed By Kogonada A24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ Poetic ဖြစ်မှုကို အတော်သဘောကျခဲ့သလိုပဲ ဒီနှစ်လည်း အရမ်းအသိရမခက်ဘဲ ကိုင်းခွဲများတဲ့ After Yang ရဲ့ Poetic ဖြစ်မှုကို တော်တော်သဘောကျမိတယ်။ Poetic Cinema ကိုကြိုက်တဲ့သူတွေ ကျိန်းသေကြည့်ကိုကြည့်သင့်တဲ့ကားပါပဲ။ ဇာတ်အိမ်ကတော့ ကာလတစ်ခုမှာတည်ထားတယ်။ လူဖြူအမျိုးသားနဲ့ လူမဲအမျိုးသမီးလင်မယားက တရုတ်မလေးတစ်ယောက်ကို မွေးစားထားတယ်။ ပြောရရင် လူမဲ၊လူဖြူ၊အာရှမိသားစုပေါ့။ လူမျိုးရေးအရမ်းဆန်နေသလိုဖြစ်နေပေမဲ့ ဘာလို့တရုတ်မလေးကိုမှ မွေးစားထားလဲဆိုတဲ့အကြောင်းအရာကို ပေါ်‌လွင်အောင် လူဖြူအမျိုးသားရဲ့ ဇာတ်ကောင်ကို သေချာတည်ဆောက်ထားတာပါပဲ။ အကျိုးသင့်အကြောင်းသင့်ရှိတယ်လို့ ပြောရမယ်။ သူတို့က ဒီတရုတ်မလေးကို မွေးစားလိုက်ပေမဲ့ သူ့မူလဇာတိမျိုးရိုးဖြစ်တဲ့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုလည်းသိစေချင်တယ်။ ဘာလို့ သိစေချင်ရလဲဆိုတဲ့အချက်ကို ကိုင်းကူးကိုင်းဆက်လုပ်ထားတဲ့ အပင်တွေနဲ့ ဥပမာပြသွားတာလေးကလည်း တော်တော်လေးလှတာပါပဲ။ ကိုင်းဆက်ထားတဲ့ အကိုင်းဟာ သူလက်ရှိတည်နေတဲ့ သစ်ပင်နဲ့ ကြာလာရင် တစ်သားတည်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်သလို မူလဇာတိသစ်ပင်ကလည်း အရေးပါတယ်တဲ့။ တရုတ်ကလေးမလေးကို ‌မွေးစားထားတဲ့ မိဘ၂ယောက်ဟာ သူတို့ကိုယ်တိုင်ကလည်း မအားကြဘူး။ ကလေးကိုလည်း သူ့လူမျိုးယဉ်ကျေးမှုအကြောင်းသိစေချင်တော့ စက်ရုပ်လို့ ပြောလို့ရသလို စက်ရုပ်လို့ပြောလို့လည်းမရတဲ့ အရာတစ်ခုဝယ်ပေးလိုက်တယ်။ TECHNO-SAPIEN တဲ့။အလွယ်ပြောရရင် နည်းပညာနဲ့လုပ်ထားတဲ့လူသားပေါ့။ သူ့နာမည်က ယန်းပါ။ တရုတ်ပုံစံနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း အကုန်သိတဲ့ Techno ပေါ့။ ယန်းရဲ့အသိဉာဏ်က ထင်တာထက်မြင့်နေတော့ ယန်းဟာ ကလေးမလေးကို တရုတ်အကြောင်းသင်ပေးရုံတင်မဟုတ်ဘဲ အကိုတစ်ယောက်လိုပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကလေးမလေးကလည်း ယန်းကို အရမ်းအားကိုးပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ယန်း ရုတ်တရက်ကြီး ပါဝါကျသွားတယ်။ ဒီရုပ်ရှင်ဟာ ယန်းပါဝါပိတ်ကျသွားပြီးနောက်ပိုင်း သူတို့အခြေအနေကို ကျောရိုးတည်ပြီး ကိုင်းခွဲများစွာနဲ့ အတွေးပွားစရာပေးထားတဲ့ ရုပ်ရှင်ပါ။ After Yang လည်း Drive My Car လိုပဲ တစ်ခုထက်ပိုတဲ့ ရှု့ထောင့်ကနေ ကြည့်ရှုသူ စိတ်ကြိုက်ခံစားလို့ရတဲ့ ကားမျိုးဆိုတော့ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် အရာတွေများတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ကျွန်တော်တော်တော် သဘောကျသွားတယ်ပြောရမှာပဲ။ အထူးသဖြင့် တရုတ်လက်ဖက်ရည်ကြမ်းရဲ့ အရသာကိုခံစားတဲ့အခန်းတို့ လောင်ဇူးရဲ့ ဒဿနကို အကျယ်ဖွင့်ကြတဲ့ အခန်းတို့ သစ်တောထဲ Long take ရိုက်ထားတဲ့အိပ်မက်ဆန်ဆန်အခန်းတို့ပေါ့။ လူသားတွေရဲ့ ငါဗဟိုပြုဝါဒတို့ ကလေးမွေးစားရေးနဲ့ပက်သက်တဲ့အကြောင်းတို့ကတော့ ပုဂ္ဂလိက ခံစားချက်အရတော့ သိပ်မညိလိုက်ပါဘူး။ သို့ပေမဲ့ လွတ်လွတ်လပ်လပ် ခံစားလို့ရတဲ့ရုပ်ရှင်ဆိုတော့ ညိချင်တဲ့လူ ညိချင်တဲ့နေရာညိမှာပါပဲ။ ယန်းဟာ လူမဟုတ်တဲ့ လူသားနဲ့တူအောင်လုပ်ထားတဲ့ နည်းပညာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေရဲ့ ဘဝမှာ ယန်းဟာ လူသားတစ်ယောက်လို အရေးပါနေတယ်။ ကျွန်တော့်မှာလည်း လူသားမဟုတ်ပါဘဲ လူသားတစ်ယောက်လို သံယောဇဉ်တွယ်ရတဲ့ အရာတွေရှိခဲ့ဖူးတယ်။ အရုပ်လို့တောင်မသုံးချင်တဲ့ ဝက်ဝံလေး၂ကောင်ပေါ့။ အားလုံးမဟုတ်တောင် ဒီလိုမျိုးရှိတဲ့ လူတွေရှိကြမှာပါပဲ။ လူ့ခံစားချက်ဟာ သက်ရှိခြင်းသက်မဲ့ခြင်းနဲ့ မဆိုင်ပါဘူး။ ဘယ်လိုပဲဆိုဆို အချိန်တစ်ခုမှာတော့ အခြေအနေအကြောင်းကြောင်းနဲ့ လက်လွတ်ရတာပါပဲ။ ဒီလိုပဲ နေသားကျအောင်နေလာကြရတာပါပဲ။ ရုပ်ရှင်ထဲ သေချာမပြသွားပေမဲ့ ယန်းမရှိတော့တဲ့နောက်မှာ (After Yang) တရုတ်ကလေးမလေး မီခါဟာ ကျွန်တော်တို့လို့ပဲ ယန်းကို လက်လွတ်တတ်ဖို့ သင်ယူသွားရမှာပါပဲ။ တစ်ချို့ကပြောကြတယ်။ အရာရာမှာ အဆုံးသတ်မရှိဘူးတဲ့။ ပေါက်ဖတ်ရဲ့ အဆုံးသတ်ဟာ လိပ်ပြာရဲ့အစလို့ဆိုကြတယ်။ ရှိခြင်းရှိဖို့ မရှိခြင်းလည်းရှိရမယ်လို့တော့ ဆိုကြတာပါပဲ။ ပသို့ပဲဆိုဆို ဒီလောကကြီးမှာ ဘာမှမရှိတော့တဲ့ အဆုံးသတ်တွေလည်း ရှိကြတာပါပဲ။ After Yang ဟာ ယန်းရဲ့ အသစ်ပြန်ဖြစ်စရာမရှိတော့တဲ့ အဆုံးသတ်ကို လက်မခံနိုင်ရင်း လက်ခံလိုက်ရတဲ့သူတွေအကြောင်းပါပဲ။ After Yang ကို ကိန်းနဲ့ Sundance တို့လို နာမည်ကျော်ရုပ်ရှင်ပွဲတော်တွေမှာ ပွဲဦးထွက်ပြထားပြီး မတ်လ၄ရက်နေ့မှာ ရုံမှာရော Streaming ပလက်ဖောင်းတွေမှာရော ပြခဲ့ပါတယ်။ "Saying Goodbye to Yang" ဆိုတဲ့၀တ္တုတိုကို မှီငြမ်းပြီး ၂၀၁၇ရဲ့ အလှပဆုံးကားတွေထဲက တစ်ကားဖြစ်ခဲ့တဲ့ Columbus ကိုရိုက်ခဲ့တဲ့ Kogonada ကပဲ ရိုက်ကူးထားပါတယ်။ Poetic Cinema အရသာကို ကောင်းကောင်းရစေမယ့် Sci-Fi Drama ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 500MB Quality - Web-dl 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 36Min Genre - Drama, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 2021 96 mins
After Yang
The Fall
7.6

နိုင်ငံပေါင်း ၂၈ နိုင်ငံမှာ ၄ နှစ်ကြာအောင် ရိုက်ခဲ့ပြီး ဆက်တင်မသုံးပဲ တကယ့်ရှုခင်းအလှအပ သဘာဝစစ်စစ်တွေနဲ့ Landscape အလန်းစားတွေ သုံးထားတဲ့ စိတ်ကူးယဉ် ဒရမ်မာကားကောင်းလေးပါ။ ရိုက်ထားတဲ့ Cinematography တွေဆိုလည်း ဓာတ်ပုံပညာတတ်စရာ မလိုပဲ မြင်လိုက်တာထက် မှင်သက်ရအောင်ထိ မိုက်တဲ့ ရိုက်ချက်တွေ Landscape အယူအဆတွေ မြင်ရမှာပါ။ ဒါတင်ပဲလား ရိုက်ချက်တွေ ရှုခင်းတွေကတော့ ဟုတ်ပါရဲ့ ဇာတ်လမ်းကျ ကောင်းရဲ့လားဆိုပြီးလည်း စိတ်ပူမနေနဲ့ ဇာတ်လမ်းလေးက ရိုးမလိုနဲ့ တင်ဆက်ပုံဆန်းပြီး IMDB မှာက 7.8 ရထားတယ် လူ ၁ သိန်းကျော်ပေးထားတာ Legit ဖြစ်ချက်ပဲ။ သရုပ်ဆောင်ထားတဲ့မင်းသားကလည်း ခပ်ဖြောင့်ဖြောင့် နဲ့ ဘဲကြီး Lee Pace နာမည်ကြီးဇာတ်ကောင်တွေ ပြောရရင် Gurdian of the Galaxy ပထမကားထဲက ဗီလိန် Ronan တို့ နောက်ပြီး Hobbit ထဲမှာ ပါမန်း Legolas ရဲ့ အဖေနေရာက Thranduil လုပ်ထားတာ ဒီထဲမှာလည်း သရုပ်ဆောင်ထားတာရှယ်၊ သူနဲ့ အပြိုင်ကြမ်းထားတဲ့ကလေးမကလည်း အရမ်းချစ်စရာကောင်းတာ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၂၀ ခုနှစ် လော့အိန်ဂျလိစ့်က သာသနာပြုဆေးရုံမှာ ရုပ်ရှင်စတန့်သမားတစ်ယောက် စတန့်လုပ်ရာ ကနေ ခြေကျိုးလို့ ဆေးရုံတင်ထားရတယ်။ အဲဒီဆေးရုံမှာလည်း လိမ္မော်သီးခူးရာကနေ လက်ကျိုးလို့ ရောက်လာတဲ့ ချစ်စရာကောင်မ လေးတစ်ယောက်လည်း ရှိတယ်၊ လူအများက ဝိုင်းချစ်ကြပြီး ဆေးရုံပတ်မွှေနေတဲ့ ကောင်မလေးပေါ့လေ။ တစ်ရက်ကျ ကောင်မလေး စာတစ်စောင် ဆော့လိုက်ရာကနေ စတန့်သမားဆီကို ရောက်သွားတော့ ပြန်ယူရင်း နှစ်ယောက်သား ခင်သွားခဲ့တယ်၊ စကားတွေပြောရင်းနဲ့ စတန့်သမားက ကောင်မလေးကို ပုံပြင်တွေ ပြောပြတာပေါ့။ အဲဒီပုံပြင် တွေကို ရှုခင်းအလှတွေနဲ့ ပုံဖော်ထားပြီး အမြင်တစ်မျိုးနဲ့ ပြသထားတယ်။ သူ့ ပုံပြင်လေးကကျတော့ အနယ်နယ်အရပ်ရပ်က လူမျိုးမတူတဲ့ လူ ၅ မျိုးက ကိုယ်စီနာကြည်းချက်ကြောင့် အကျင့်မကောင်းတဲ့ ဘုရင်ခံကြီးကို လက်စားချေဖို့ စွန့်စားခန်းထွက်ကြတဲ့ အကြောင်းပေါ့လေ။ ဒါပေမဲ့ ဒီလို ပုံပြင်တွေပြောပြီး စတန့်သမားက ကလေးမလေးကို ဘာခိုင်းချင်နေတာလဲ နောက်ကွယ်မှာရော ဘာတွေဖြစ်ခဲ့လို့ ဒီရောက်လာတာလဲ၊ ကောင်မလေးရော ဘာဆက်ဖြစ်မလဲဆိုပြီး ပုံပြင်လေးနဲ့အတူ သူတို့ နှစ်ယောက်ကြားက သံယောဇဉ်ကို ကြည့်ရမယ့် အပြင် ပြောနေတဲ့စွန့်စားခန်းအကြောင်းကိုလည်း ကြည့်ရှုရမယ့် ဒရမ်မာ စွန့်စားခန်း ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်း၊ သရုပ်ဆောင်ကောင်းတဲ့အပြင် ရှုခင်းအလှအပတွေကိုလည်း တဝကြီး ခံစားရလို့ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်ဗျာ။

Adventure • Animation • Family
7.6 2006 117 mins
The Fall
Collateral Beauty
7.2

ဒီရုပ်ရှင်ကားမှာ ဝီလ်စမစ် ကို အကြမ်းအရမ်း အနေနဲ့ တွေ့မြင်ရမှာမဟုတ်ပဲ ပုံစံတစ်မျိုး ထူးခြားစွာ မြင်တွေ့ရမှာပါ... ဟောင်းဝါ့ဒ် (ဝီလ်စမစ်) ဟာ စီးပွားရေး နယ်ပယ်မှာ အချိန် ၊ အချစ် ၊ သေခြင်းတရား ဆိုတဲ့ စကားလုံး သုံးခု နှင့် လူတွေ ရဲ့ စိတ်ကို ဖမ်းစားနိုင်တဲ့ စီးပွားရေး ပညာရှင် တစ်ယောက်ဖြစ်ပါတယ်... ဟောင်းဝါ့ဒ် နှင့် သူငယ်ချင်း ၃ ယောက်ဖြစ်သော ဝှစ် ၊ ကလဲယား ၊ ဆိုင်မွန် တို့ အတူ တကွ အောင်မြင်အောင် စီးပွားရေး လုပ်ငန်းကို ထူထောင်ခဲ့ပါတယ်.... သို့ပေမယ့်.... ၃ နှစ်ကြာပြီးနောက် ဟောင်းဝါဒ် ဟာ သူ့ရဲ့ သမီးငယ်လေး သေဆုံးသွားတဲ့ အချိန်ကစပြီး တစ်ယောက်ထဲ ငူငူ ငိုင်ငိုင် ဖြစ်ကာ အလုပ်ကိုလဲ စိတ်မဝင်စား မိမိကိုယ်ကိုယ်လဲ ဂရုမစိုက်ပဲ နေချင်သလိုနေခဲ့ပါတယ်... အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ဟာ ရုတ်တရက် ဆိုသလို ရပ်တန့်လိုက်တဲ့ အခါ စီးပွားရေးလုပ်ငန်းမှာလဲ အရှုံးပေါ် ရလဒ်တွေပဲ ဖြစ်ပေါ်လာခဲ့ပါတယ်... ဒါကြောင့် သူငယ်ချင်း လုပ်ဖော်ကိုင်ဖက် ဖြစ်သူ ဟောင်းဝါဒ် ကို အဲ့ဒီ စိတ်ဒဏ်ရာတွေကနေ ဆွဲထုတ်ဖို့အတွက် ဟောင်းဝါဒ် ရဲ့ သူငယ်ချင်းတွေက အချိန် ၊ အချစ် ၊ သေခြင်းတရား တို့ကို အပြင်မှာ စပြီး အကောင်အထည်ဖော်ကာ အသက်သွင်းပြီး သူတို့ သူငယ်ချင်း ဟောင်းဝဒ် ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်.... Thit San Khant

Action • Adventure • Fantasy
7.2 2016 97 mins
Collateral Beauty
Give Them Wings
6.2

Give them wings မွေးကတည်းက ဦးနှောက်အမြှေးပါးရောင်ကြောင့် မသန်မစွမ်းဖြစ်နေခဲ့ရတဲ့ Paul Hodgson ကိုယ်တိုင်ရေးသားခဲ့တဲ့ သူ့ဘ၀အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။ Paul ဟာမွေးကတည်းက မသန်မစွမ်းဖြစ်နေရပြီး လမ်း‌မလျှောက်နိုင်သလို စကားကိုလည်းပီသအောင်မပြောနိုင်ပါဘူး။ဒါပေမယ့် ဘ၀ကိုအရှုံးမပေးဘဲ အလုပ်ရအောင်ရှာနိုင်ခဲ့သလို ‌ရူးသွပ်တဲ့ဘောလုံးပရိသတ်တစ်‌ယောက်လည်းဖြစ်လာခဲ့ပါတယ်။ အမေဖြစ်သူက အားပေးသလောက် အဖေကသူ့အပေါ်ယုံကြည်ချက်မရှိပါဘူး။ဒါပေမယ့် သူ့အမေနဲ့သူငယ်ချင်းတို့ရဲ့ အားပေးမှုနဲ့ဘ၀မှာကြုံလာတဲ့အခက်အခဲမျိုးစုံကို လက်မလျှော့ဘဲ ကျော်လွှားနိုင်ခဲ့ပါတယ်။ Darlington FC ရဲ့အမာခံပရိသတ်ဖြစ်သူ Paul Hodgson ရဲ့ဖြစ်ရပ်မှန်ဘ၀အကြောင်းကို ရိုက်ကူးထားတာပါ။နာမည်ကြီး သရုပ်ဆောင်တွေမပါပေမယ့် ကောင်းမွန်စွာစွမ်းဆောင်ထားနိုင်တဲ့ British ကားလေးပါ။ File size…(1.33GB)/(714MB)/(462MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Drama
6.2 2021
Give Them Wings
Proof of Life
7

Proof of Life(2000) အညွှန်း *********************** ဒီဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာကြီး Taylor Hackord ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Russell Crowe, David Morse, Meg Ryan နဲ့ Pamela Reed တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ တယ်ရီသွန်း(Russell Crowe) ဟာ ပြန်ပေးဆွဲခြင်း ညှိနှိုင်းရေးသမားတစ်ဦးဖြစ်တယ်.. သူဟာ ထူးချွန်တဲ့သူဆိုပေမဲ့ တစ်ခါတစ်ရံ ဓားစာခံအသက်ရှင်ရေးဦးစားပေးပြီး စီစဉ်ထားတဲ့အတိုင်းမလုပ်ဘဲ သူစိတ်ကူးပေါက်ရာလုပ်တတ်တဲ့ အကျင့်ဆိုးတစ်ခုတော့ရှိတယ်.. တောင်အမေရိကမှာ ရေကာတာဆောက်ချင်နေတဲ့ ပီတာဘိုးမန်း(David Morse) ဟာ အကြမ်းဖက်အဖွဲ့ရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်.. အဲ့ဒီနောက် ပြန်ပေးဆွဲခြင်းညှိနှိုင်းရေးသမားဖြစ်သူ တယ်ရီသွန်း(Russell Crowe) တစ်ယောက်အန္တရယ်များလွန်းလှတဲ့ အခြေအနေကြားထဲက ဘယ်လိုကယ်တင်သွားမလဲဆိုတာတွေကိုတော့…. File Size : (3.0GB)(1.1GB) and (356MB) Quality : Blu-Ray1080p5.1ch ,720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae

Action • Comedy • Crime
7 2000
Proof of Life
She’s Dating the Gangster
7

She is Dating the Gangster IMDb 7/10 Romance and Drama “ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ” လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့ သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။ နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်း ချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီး သရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She’s Dating the Gangster ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာ သူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။ သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်း ဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊ သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊ သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။ Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/42 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.2 GB)/(1.2 GB) Quality…WEB-DL AMZ 1080p / 720p Format…mp4 Duration….01:53:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by San Thu Aung

Action • Drama
7 2014
She’s Dating the Gangster
Being John Malkovich
7.7

ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။ သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ သူများရဲ့ ခန္ဓာကိုယ်ကို အပိုင်သိမ်းဖို့ ကြိုးစားရာက ဘယ်လိုဆက်ဖြစ်သွားမှာလဲဆိုတာ‌ကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…(1.7 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre…Drama, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Adventure • Romance • Drama
7.7 1999 113 mins
Being John Malkovich
From the Ashes
5.2

From the Ashes (2024) ဒီကားလေးကိုတော့ ဆော်ဒီအာရေဗျမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးသီးသန့်ကျောင်းတစ်ကျောင်း မီးလောင်တဲ့အကြောင်း ဖြစ်ပါတယ်။ မီးလောင်နေတုန်း ဆရာမတွေရော ကျောင်းသူတွေရော ဝရုန်းသုန်းကားတွေဖြစ်၊ အဲဒါအပြင်ကို စတိုခန်းထဲမှာပိတ်မိနေတဲ့ ကျောင်းရဲ့စံပြကျောင်းသူလေး အသက်သေဆုံးသွားတာကြောင့် ကျောင်းအုပ်ဆရာမကြီးက တရားခံရှာပုံတော်ဖွင့်တာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ သင်ခန်းစာတွေပါတဲ့ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီကားလေးက‌ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ တစ်နာရီခွဲစာအချိန်လေးမှာ ပေးချင်တဲ့မက်ဆေ့ဂ်တွေ သင်ခန်းစာတွေ တပြုံတခေါင်းကြီး ပြွတ်သိပ်ထည့်တာကို အားရပါးရကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 745MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 32Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.2 2024
From the Ashes
Strange Tales from a Chinese Studio: Pupil’s Language
5.7

တစ်ခါက ယုံအန်းမှာ ပန်းချီဆွဲတော်တဲ့ ဖန်းသုန်းလို့ခေါ်တဲ့ သခင်လေးတစ်ပါးရှိပါတယ် ။ သူက အိမ်ကအလုပ်တွေကိုကူညီလုပ်ပေးလေ့မရှိဘဲ အမြဲတမ်းဆောင်ကြာမြိုင်ပဲသွားသွားနေပြီး ဖခင်ဖြစ်သူဆီက အမြဲလိုလိုလိုက်အရိုက်ခံနေရတဲ့သူတစ်ယောက်ပေါ့ ။ တကယ်တော့ သူဆောင်ကြာမြိုင်ကိုသွားတာကလည်း အကြောင်းအရင်းရှိပါတယ် ဆောင်ကြာမြိုင်က မိန်းကလေးလင်အာကို စောင်းတီးခိုင်းပြီး သူကပန်းချီဆွဲဖို့ပါ ။ ဒါပေမဲ့ တစ်နေ့ကျ မိန်းကလေးလင်အာက သူ့ပုံတူပန်းချီကို မျက်စံမခြယ်ဖို့တားမြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ သခင်လေးဖန်းသုန်း အိမ်ပြန်ရောက်လာတဲ့ အခါမှာ သိချင်စိတ်နဲ့ မျက်စံကိုခြယ်သလိုက်ချိန်မှာတော့ မထင်မှတ်ထားပဲ နေရာမှာတင် မေ့လဲသွားခဲ့ပါတယ် ။ သခင်လေးဖန်းသုန်းမေ့လဲသွားတာက မိန်းကလေးလင်အာနဲ့သက်ဆိုင်နေမလား ? ယုံအန်းကလူပျောက်မှုတွေကတော့ ဘယ်သူနဲ့သက်ဆိုင်နေလဲ ? သခင်လေးဖန်းသုန်းရဲ့အိမ်က မွေးစားညီမလေးကရော သူ့အစ်ကိုရောဂါကုဖို့ ဘယ်လိုတွေစတေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင် ။

5.7 2024
Strange Tales from a Chinese Studio: Pupil’s Language
The Little Comedian
6.8

The Little Comedian (2010) IMDb Rating (6.8) 2010 တုန်းက ထုတ်လွှင့်ခဲ့တဲ့ GDH Production ရဲ့ ဒီရုပ်ရှင်က Rating မြင့် Quality Product ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ *တော့*က သူတို့မျိုးရိုးစဉ်ဆက် လူရွှင်တော်လုပ်ကိုင်ခဲ့တဲ့ကြောင်းနဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြထားပါတယ်။ အသက် ၁၂နှစ်အရွယ် *တော့*ဟာ လူရွှင်တော်မျိုးရိုးကဖြစ်ပေမယ့် မည်သူ့ကိုမှ ရယ်အောင်မလုပ်နိုင်သူဖြစ်တဲ့အတွက်လည်း အားငယ်နေသူလည်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူကဲ့သို့ လူရွှင်တော်ဖြစ်ချင်ရှာသူ *တော့* တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဝက်ခြံပေါက်လာမှုအကြောင်းပြုပြီး အရေပြားအထူးကုဆရာဝန်လေးမချောချောလေးနဲ့ ဆုံတွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဆရာမချောချောလေးက သူပြောတဲ့ ဟာသအပေါ်မှာ သဘောကျပြီး ပြုံးရယ်ခဲ့တဲ့အတွက် ဟာသတွေ လုပ်နိုင်ဖို့ ပိုကြိုးစားပါတော့တယ်။ သူ့အပေါ် စာနာနားလည်ပေးတဲ့ အသက်အရွယ်ကွာခြားလွန်းတဲ့ ဆရာဝန်မလေးအပေါ် *တော့*တစ်ယောက် တွယ်တာမိသွားပါတယ်။ ဒီလိုနဲ့ ဆရာဝန်မလေးရဲ့စိတ်ဝင်စားမှုရအောင် သူ မတတ်စွမ်းတဲ့ ဟာသတွေနဲ့ကြိုးစားလုပ်ရင်း ချဉ်းကပ်ခဲ့ပါတယ်။ မနူးမနပ်အရွယ် အချစ်ကို မြည်းစမ်းချင်မိတဲ့သူ *တော့* ဖခင်ရဲ့ချစ်ခင်ဦးစားပေးမှုကို လိုချင်နေရှာတဲ့ *တော့* ချစ်ရသူတွေအတွက် မဆုတ်မနစ်ကြိုးစားတတ်တဲ့ *တော့* မိသားစု၊ သံယောဇဉ်၊ တွယ်တာမှုနဲ့ ဟာသသရုပ်ဖော်တင်ဆက်မှုတွေပါ ပေါင်းစုံပါဝင်နေပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးလူကြိုက်များတဲ့သရုပ်ဆောင်များအပြင် တက်သစ်စ ကလေးငယ်လေးများရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်မှုတွေပါ ကြည့်ရှုခံစားနိုင်မှာဖြစ်မှာတယ်.. (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Dao Phyo မှ တင်ဆက်ထားပါတယ်) File size…(1.4 GB) / (3.8 GB ) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:07:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dao Phyo

Comedy • Drama • Music
6.8 2010
The Little Comedian
In Her Place

In Her Place (2014) ******************* ဒီတစ်ခါမှာတော့ ဒရမ်မာတစ်လိုင်းဇာတ်အေးဇာတ်ငြိမ်လေးကြိုက်တဲ့ပရိသတ်တို့အတွက်… Drama, Adoption အမျိုးအစားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးထဲမှာတော့..Pyramid Game(2024)က အလုပ်ထွက်သွားတဲ့ဆရာမလေးနဲ့.. ဘဲ့ဟာရင်းရဲ့အဖွားအဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ Ahn Ji Hye၊ မင်းသမီးကြီး Yoon Da Kyung တို့အပြင်.. အခြားသောအနုပညာရှင်များဖြစ်ကြတဲ့ Gil Hae-Yeon, Chang Hwan Kim, Kim Gyeong-ikတို့… အဓိကပါဝင်ပြီး သရုပ်ဆောင်ထားကြပါတယ်။ Canadian Screen Awards မှာ nomination ဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပြီး… ကနေဒါရုပ်ရှင်ဒါရိုက်တာ Albert Shin ရဲ့လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————– ဆိုးလ်မြို့ပေါ်ကချမ်းသာတဲ့လင်မယားဟာ ကျေးလက်ဒေသလေးတစ်ခုမှာနေတဲ့… သားအမိဆီကိုလျှို့ဝှက်စွာရောက်ရှိလာကြပါတယ်။ အကြောင်းကတော့ ဆက်ကျော်သက်ကောင်မလေးရဲ့ကိုယ်ဝန်ကိုစောင့်ယူပြီး… ကလေးကိုမွေးစားကြဖို့အတွက်ပါ။ ကိုယ်ဝန်လွယ်ထားစဥ်တစ်လျှောက်လုံး.. အတူနေပြီးစောင့်ကြည့်လိုက်တဲ့အခါမှာတော့… သူတို့သဘောတူညီချက်တွေနဲ့ ကွဲလွဲနေတဲ့အပြင် ကောင်မလေးကလည်း တစ်ခုခုမှားယွင်းနေတာကိုသိလာတော့တယ်။ စီစဥ်ထားကြတဲ့အတိုင်းကလေးမွေးလာပြီး..ကိစ္စတွေအဆင်ချောစွာနဲ့ပြီးဆုံးသွားပါ့မလား။ ဘယ်လိုအလှည့်အပြောင်းဖြစ်လာဦးမလဲဆိုတာ…ကြည့်ရှုလိုက်ကြရအောင်နော်။ ဇာတ်လမ်းအညွှန်းကို HAN မှ ရေးသားပေးထားပါတယ် File size… 1.3 GB / 500 MB Quality…WEB-DL 1080p 720p Genres: Life, Drama, Family, Mature Duration: 1 hr 55 mins Subtitle….Myanmar Subtitle (Hard Sub) Translated By HAN Encoded By Heather Oo

0 2014 115 mins
In Her Place
Kiss the Ground
8.1

“ဒါက ဘာသာရေးလည်းမဟုတ်သလို နိုင်ငံရေးလည်းမဟုတ်ပါဘူး ချစ်ခြင်း‌မေတ္တာပါ တစ်စုံတစ်ခု‌ကိုချစ်မြတ်နိုးပြီး တစ်စုံတစ်ယောက်ကိုချစ်ရင် သူတို့ကို နားလည်ချင်လာတယ် ဂရုစိုက်ပေးပြီး ကာကွယ်ပေးချင်လာတယ်” ဒီဇာတ်ကားထဲမှာတော့ ကမ္ဘာတစ်၀န်းက လေးစားအံသြဖို့ကောင်းတဲ့သူတွေကို တွေ့မြင်ရမှာပါ ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကြီးကို ထိန်းသိမ်းဖို့ ကာကွယ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားအဖြေရှာပြီး လုပ်ဆောင်နေကြသူတွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အတုယူဗဟုသုတဖြစ်ဖွယ်ကြည့်ရှူရမှာပါ တစ်ခေတ်တစ်ခါက ကြီးကျယ်မြင့်မြတ်တဲ့လူမှုအဖွဲ့အစည်းတွေ ပျောက်ကွယ်သွားခဲ့ကြတာ ဘာကြောင့်လဲ စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်ထားပြီးလုပ်ကိုင်ခဲ့ကြတဲ့နေရာတွေမှာ ဘာကြောင့်အရင်လို အလုပ်မဖြစ်တော့တာလဲ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ ဘယ်လိုပြသနာတွေကြုံနေရတာလဲ ကျွန်တော်တို့အတူ “Kiss The Ground”မှာ အဖြေရှာပြီး ကမ္ဘာမြေကြီးကို ချစ်တတ်ဖို့ ကာကွယ်တတ်ဖို့ လေ့လာကြည့်ကြရအောင် File Size : 2.8 GB, 1.4 GB Quality : WEB-DL 1080p / 720p Running Time : 1hr 24min Format : Mp4 Genre : Documentary Subtitle : Myanmar Subtitle (Hard Sub) Translated by : Mon Encode by : Thit San Khant

8.1 2020 85 mins
Kiss the Ground
A City of Sadness

၁၉၄၅ ခုနှစ် ဂျပန်တို စစ်ရှုးပြီးနောက် ထိုင်၀မ်ကျွန်းကို တရုတ်နိုင်ငံဆီပြန်အပ်ရချိန် ၅၁ နှစ်ကြာ ဂျပန်ပိုင်ဖြစ်ခဲ့တဲ့ ထိုင်၀မ်ဟာ ဂျပန်လက်ထဲက လွတ်မြောက်ခဲ့ရပေမဲ့ တခြားစစ်ပွဲတွေက ဆီးကြိုနေသေးတယ်။ အစိုးရအပြောင်းအလဲတွေကြောင့် ဖရိုဖရဲတွေဖြစ်နေတဲ့အချိန်မှာ ကံကြမ္မာဆိုးတွေကို တစ်ခုပြီးတစ်ခု ခါးစည်းခံရတဲ့ လင်းမိသားစု။ လင်းမိသားစုမှာ ‌သားယောကျာ်း ၄ ယောက်ထွန်းကားတယ်။ အကြီးဆုံးသားက အိမ်ထောင်ဦးစီးတာ၀န်ယူ၊ ဒုတိယမြောက်နဲ့တတိယမြောက်သားတွေက စစ်အတွင်းမှာ တပ်ထဲပါသွားခဲ့ပြီး ဒုတိယမြောက်သားက ဖိလစ်ပိုင်ကိုထွက်သွားခဲ့ရာကနေ စစ်ပွဲပြီးဆုံးသွားခဲ့ပေမဲ့ အိမ်ပြန်ရောက်မလာခဲ့။ တတိယမြောက်သားက စစ်ပွဲကရလာတဲ့စိတ်ဒဏ်ရာတွေကြောင့် တစ်ခါရူးရ၊ အိမ်ပြန်ရောက်ပြီး စစ်သားတွေနှိပ်စက်လို တစ်ခါပြန်ရူးရ၊ အငယ်ဆုံးသားလေးကတော့ ၈ နှစ်အရွယ်မှာ မတော်တဆဖြစ်ကာ နားကန်းခဲ့ရ။ ထိုင်၀မ်သားနဲ့ပြည်မသားတွေရဲ့ကြားက ပဋိပက္ခဖြစ်ပွားချိန် လင်းမိသာစုကြုံတွေ့ရဲ့အရာတွေကို လွမ်းမောဖွယ်တင်ဆက်ပြသပေးထားပါတယ်။ သမိုင်းနောက်ခံ စစ်အကြောင်းကိုရိုက်ထားပေမဲ့ ဒါရိုက်တာကြီး Huo Hsiao Hsein ရဲ့ထူးခြားပြောင်မြောက်ကာ သူမတူတဲ့စွမ်းရည်ကြောင့် လွမ်းဖွယ်အတိဖြစ်ကာ ဂန္တ၀င်မြောက်ခဲ့ရတယ်။ (ရုပ်ရှင်ကိုကြည့်ရှုခံစားပြီးလို soundtrack ကိုသဘောကျနှစ်ခြိုက်မိခဲ့သည်ရှိသော် – Soundtrack -S.E.N.S) File size…(2.2 GB)/(900 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Tragedy, Comedy, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Family • Adventure
0 1989 158 mins
A City of Sadness